Return to Video

ကျွန်တော်တို့ မျက်လုံးတွေထဲက မျောနေတဲ့အရာတွေက ဘာတွေလဲ။ - Michael Mauser

  • 0:07 - 0:10
    ခင်ဗျားရဲ့ မျက်စိရှေ့မှာ တစုံတခု မျောနေတာ
    ခင်ဗျား သတိထားမိပါသလား။
  • 0:10 - 0:14
    အဲဒါဟာ လောက်ကောင်လေးလို ဒါမှမဟုတ်
    ထုတ်ချင်းပေါက် မြင်ရတဲ့ အစက်နဲ့ တူတတ်တယ်၊
  • 0:14 - 0:18
    အဲဒါကို အနီးကပ်ကြည့်ဖို့ ကြိုးစားတိုင်းမှာ
    ပျောက်သွားတတ်ပါတယ်၊
  • 0:18 - 0:21
    ခင်ဗျားက ကြည့်နေတဲ့နေရာကို
    ရွှေ့လိုက်တာနဲ့ ပြန်ပေါ်လာတတ်တယ်။
  • 0:21 - 0:24
    ဒါပေမဲ့ ခင်ဗျားရဲ့ မျက်လုံးတွေကို
    ဆေးဖို့ မလိုပါဘူး!
  • 0:24 - 0:28
    ခင်ဗျား မြင်နေရတဲ့ဟာကို
    သာမန်အားဖြင့် မျောနေတဲ့အရာလို့ ခေါ်ပါတယ်။
  • 0:28 - 0:33
    ခုနကအရာများအတွက် သိပ္ပံနည်းကျ အမည်က
    Muscae volitantes ဖြစ်ပါတယ်၊
  • 0:33 - 0:35
    လက်တင်ဘာသာနဲ့
    "ပျံနေကြတဲ့ ယင်များ" ဖြစ်ပါတယ်၊
  • 0:35 - 0:38
    အဲဒီအမည်နဲ့အညီ ၎င်းတို့ဟာ နည်းနည်းလေး
    နှောင့်ယှက်နိုင်ကြပါတယ်။
  • 0:38 - 0:42
    ဒါပေမဲ့ ၎င်းတို့ဟာ ပိုးကောင်လေးတွေ
    ဒါမှမဟုတ် ပြင်ပမှအရာများ လုံးဝမဟုတ်ကြပါ။
  • 0:42 - 0:45
    တကယ်တော့၊ ၎င်းတို့ဟာ သင့်မျက်ဆန်
    အတွင်းထဲမှာ ရှိနေကြတာပါ။
  • 0:45 - 0:49
    မျောနေတဲ့အရာတွေဟာ လှုပ်ရှားနေကြကာ
    ပုံစံပြောင်းနေတော့ အသက်ရှင်သလို ထင်ရပါတယ်၊
  • 0:49 - 0:51
    ဒါပေမဲ့ ရှင်နေတဲ့ အရာတွေ မဟုတ်ပါ။
  • 0:51 - 0:55
    မျောနေတာတွေဟာ ကျွန်ုပ်တို့ရဲ့ မျက်စိ
    နောက်ကွယ်ရှိ အလင်းကို အာရုံခံနိုင်တဲ့
  • 0:55 - 0:57
    မြင်လွှာပေါ်ကို အရိပ်ထိုးနေကြတဲ့
    သေးနုပ်တဲ့ အရာများပါ။
  • 0:57 - 1:00
    အဲဒါဟာ အသားမျှင်
    ဒါမှမဟုတ် သွေးနီဆဲလ်များရဲ့
  • 1:00 - 1:01
    အစအနများ၊
  • 1:01 - 1:03
    ဒါမှမဟုတ် အသားဓာတ် အစုများ ဖြစ်နိုင်ပါတယ်။
  • 1:03 - 1:06
    ၎င်းတို့ဟာ သင့်မျက်လုံးထဲမှာ
    ပြည့်လျက် ရှိနေတဲ့
  • 1:06 - 1:08
    မျက်ကြည်ရည်ထဲမှာ မျောနေကြတော့၊
  • 1:08 - 1:12
    သင့် မျက်လုံး လှုပ်ရှားတိုင်းမှာ
    မျောနေတဲ့အရာတွေလည်း လိုက်မျောနေတာပါ၊
  • 1:12 - 1:15
    ခင်ဗျားရဲ့ မျက်လုံး ရပ်လိုက်ချိန်မှာ
    နည်းနည်းလေး ခုန်ဆွနေသလို ခံစားရပါတယ်။
  • 1:15 - 1:19
    အဲဒီမျောနေတဲ့အရာတွေကို
    အချိန်အများစုမှာ အထင်ရှားမြင်ရခဲပါတယ်။
  • 1:19 - 1:23
    ၎င်းတို့ မြင်လွှာနဲ့ နီးကပ်လေလေ
    ပိုပြီးမြင်ရလေ ဖြစ်ပါတယ်၊
  • 1:23 - 1:26
    အဲဒါဟာ ဦးခေါင်းအထက်မှာ မီးလုံးရှိနေချိန်မှာ
    ဆွဲဆန့်ထားတဲ့ ခင်ဗျားရဲ့ လက်ဟာ
  • 1:26 - 1:29
    စားပွဲနဲ့ နီးလေလေ အရိပ်ဟာ
    ပိုပြတ်သားလေလေနဲ့ တူပါတယ်။
  • 1:29 - 1:32
    ပြီးတော့ ခင်ဗျားဟာ တပြေးညီရှိကာ တောက်ပနေတဲ့
    မျက်နှာပြင်ကို ကြည့်နေချိန်မှာ
  • 1:32 - 1:35
    မျောနေတဲ့အရာတွေကို ပိုပြီး မြင်လွယ်တတ်ပါတယ်၊
  • 1:35 - 1:36
    ဘာမှမရှိတဲ့ ကွန်ပျူတာ စခရင်လို၊
  • 1:36 - 1:37
    ဆီးနှင်းဖြူလို၊
  • 1:37 - 1:39
    ဒါမှမဟုတ် ကြည်လင်တဲ့ ကောင်းကင်လို၊
  • 1:39 - 1:43
    နောက်ခံဟာ တပြေးညီဖြစ်နေလို့
    ၎င်းတို့ကို လွယ်ကူထင်ရှားစွာ မြင်နိုင်တယ်။
  • 1:43 - 1:47
    အလင်းဟာ တောက်ပလေလေ
    မျက်စိသူငယ်အိမ်ဟာ ပိုကျုံ့လေလေ ဖြစ်လို့ပါ။
  • 1:47 - 1:51
    အဲဒါဟာ ကြီးမားတဲ့ အလင်းပေးပစ္စည်းအစား
  • 1:51 - 1:53
    မီးလုံးတစ်လုံးတည်းကို ထွန်းပေးတာနဲ့
    သွားတူပါတယ်၊
  • 1:53 - 1:56
    အဲဒီလို အရိပ်ဟာ ပိုပြီး ပြတ်သားလာမှာပါ။
  • 1:56 - 1:59
    ဒီနေရာမှာ မျောနေတဲ့ အရာတွေလိုပဲ ထင်ရပေမဲ့
  • 1:59 - 2:02
    ၎င်းတို့နဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့
    နောက် အရာတခု ရှိပါသေးတယ်။
  • 2:02 - 2:05
    တောက်ပလှတဲ့ ကောင်းကင်ပြာဆီကို
    ခင်ဗျားကြည့်နေစဉ်
  • 2:05 - 2:07
    မြင်ရတတ်တဲ့ အလင်း အစက်အပျောက်များကို
    ပြောနေတာပါ၊
  • 2:07 - 2:12
    အဲဒါကိုတော့ blue field entoptic
    ဖြစ်ရပ်လို့ ခေါ်ပါတယ်။
  • 2:12 - 2:15
    အဲဒါဟာ မျောနေတဲ့အရာတွေ မြင်ရမှုရဲ့
    ပြောင်းပြန်သဘောကို ဆောင်ပါတယ်။
  • 2:15 - 2:18
    ဒီကိစ္စထဲမှာ ကျွန်တော်တို့ မြင်ရတာက
    အရိပ်တွေ မဟုတ်ဘဲ
  • 2:18 - 2:22
    သင့် မြင်လွှာဆီကို အလင်းကို ဖြတ်ခွင့်ပြုတဲ့
    မျောနေတဲ့ ပြူတင်းပေါက်ကလေးတွေပါ။
  • 2:22 - 2:25
    အဲဒီလို ပြူတင်းပေါက်တွေဟာ
    သွေးဖြူဆဲလ်တွေကြောင့် ပေါ်လာကြကာ
  • 2:25 - 2:29
    ကျွန်တော်တို့ရဲ့ မြင်လွှာ မျက်နှာပြင် တလျှောက်က
    ဆံချည်မျှင်သွေးကြောများထဲ ရွေ့ရှားနေတာပါ။
  • 2:29 - 2:33
    အဲဒီ leukocyte များဟာ ကြီးလွန်းလို့
    ဆံချည်မျှင်သွေးကြောများကို ပိတ်ဆို့နိုင်ပါတယ်၊
  • 2:33 - 2:37
    ၎င်းတို့ရဲ့ ရှေ့မှာ ပွင့်လာစေတဲ့
    plasma နေရာကို ဖန်တီးပေးပါတယ်။
  • 2:37 - 2:39
    သွေးဖြူဆဲလ် နေရာတွေကို အပြာရောင် အလင်းဟာ
  • 2:39 - 2:42
    ဆံချည်မျှင်သွေးကြောများထဲက ပုံမှန်
    အနီးရောင်ဆဲလ်များနဲ့စာပါက
  • 2:42 - 2:45
    ထုတ်ချင်းပေါက် ဖြတ်သွားနိုင်တာမို့လို့၊
  • 2:45 - 2:48
    အဲဒီ နေရာတွေမှာ ကျွန်တော်တို့ဟာ ရွေ့ရှားနေတဲ့
    အလင်းစက်ကလေးတွေကို မြင်ကြရတာပါ၊
  • 2:48 - 2:53
    ဆံချည်မျှင်သွေးကြောများရဲ့ လမ်းကြောင်းနဲ့တူကာ
    ကျွန်တော်တို့ သွေးခုန်နှုန်းနဲ့အညီ ရွေ့ရှားပါတယ်။
  • 2:53 - 2:55
    သိပ်ကိုကောင်းတဲ့ အခြေအနေမျိုးထဲမှာဆိုရင်၊
  • 2:55 - 2:59
    ခင်ဗျားတို့ဟာ အဲဒီအစက်ရဲ့ နောက်က
    အမည်းရောင် အမြီးကိုတောင် မြင်နိုင်မှာပါ။
  • 2:59 - 3:03
    အဲဒါဟာ leukocyte ရဲ့နောက်မှာ
    စုပုံနေတဲ့ သွေးနီဆဲလ်တွေပါ။
  • 3:03 - 3:08
    တချို့သော သိပ္ပံပြတိုက်တွေမှာ
    အပြာရောင် စခရင်ပါတဲ့ ပြခန်းရှိတတ်ပါတယ်၊
  • 3:08 - 3:13
    အဲဒီမှာ ပုံမှန်နဲ့စာပါက ခုနက ကောင်းကင်ပြင်
    တောက်ပတဲ့ အစက်ကလေးတွေကို မြင်နိုင်တယ်။
  • 3:13 - 3:17
    လူတိုင်းရဲ့ မျက်လုံးတွေဟာ အဲဒီလို
    ဖြစ်ပျက်မှုတွေကို မြင်တွေ့နိုင်ပေမဲ့၊
  • 3:17 - 3:19
    အရေအတွက် နဲ့ ပုံစံတွေကတော့ ကွဲပြားနိုင်ပါတယ်။
  • 3:19 - 3:20
    မျောနေတဲ့ အရာတွေဆိုရင်၊
  • 3:20 - 3:24
    ကျွန်တော်တို့ရဲ့ ဦးနှောက်က အကျင့်ရ
    လျစ်လျူရှုတတ်တာမို့ သတိမထားမိကြပါဘူး။
  • 3:24 - 3:26
    ဒါပေမဲ့၊ သိပ်ကို များပြားလှတဲ့
  • 3:26 - 3:29
    ဒါမှမဟုတ် ကြီးမားတဲ့ မျော်နေတဲ့အရာတွေကို
    မြင်နေရတယ်ဆိုရင်တော့
  • 3:29 - 3:34
    လေးနက်တဲ့ အခြေအနေကို ထောက်ပြမှုဖြစ်ကာ
    ချက်ချင်း ဆရာဝန်နဲ့ ပြသရန် လိုအပ်မှာပါ။
  • 3:34 - 3:38
    တကယ်တော့ အချိန်တော်တော်များများမှာဆိုရင်
    entoptic ဖြစ်ရပ်၊
  • 3:38 - 3:40
    တနည်း မျောနေတဲ့အရာတွေ နဲ့ ကောင်းကင်ပြာထဲက
    အလင်းအစက်ကလေးတွေဟာဖြင့်၊
  • 3:40 - 3:44
    ကျွန်တော်တို့ ဘာတွေကို မြင်နေတယ်လို့
    ထင်မှတ်မှုဟာ
  • 3:44 - 3:47
    ကျွန်တော်တို့ရဲ့ ဇီဝဗေဒ နဲ့ စိတ်အပေါ်မှာရော
  • 3:47 - 3:50
    ပြင်ပကမ္ဘာအပေါ်မှာပါ မှီခိုနေရတာကို
    ကျွန်တော်တို့အား သတိပေးမှုသက်သက်မျှပါ။
Title:
ကျွန်တော်တို့ မျက်လုံးတွေထဲက မျောနေတဲ့အရာတွေက ဘာတွေလဲ။ - Michael Mauser
Speaker:
Michael Mauser
Description:

သင်ခန်းစာ အပြည့်ကို ကြည့်ရန်: http://ed.ted.com/lessons/what-are-those-floaty-things-in-your-eye-michael-mauser

တခါတရံမှာ၊ ကြည်လင်တဲ့ ကောင်းကင်ပြာ ဒါမှမဟုတ် ကွန်ပျူတာရဲ့ ဗလာ စခရင်လို တပြေးညီရှိကာ တောက်ပတဲ့ နောက်ခံတခုရဲ့ ရှေ့မှောက်မှာ သင်ဟာ သင်ရဲ့ မြင်ကွင်းထဲမှာ အရာတွေ မျောနေကြတာကို မြင်ရနိုင်ပါတယ်။ အဲဒီလို မျော်နေကြတဲ့ အရာတွေက ဘာတွေများလဲ၊ ကျွန်တော်တို့ အဲဒါတွေကို ဘယ်လိုလုပ် မြင်နေကြရတာလဲ? အဲဒီလို မျောနေတဲ့ အရာတွေ မြင်ရခြင်း ဖြစ်ရပ်ကို Michael Mauser ရှင်းပြထားပါတယ်။

Michael Mauser ရဲ့ သင်ခန်းစာကို Reflective Films မှ လှုပ်ရှားသက်ဝင်အောင် ရိုက်ပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:05

Burmese subtitles

Revisions