1 00:00:06,830 --> 00:00:10,448 ခင်ဗျားရဲ့ မျက်စိရှေ့မှာ တစုံတခု မျောနေတာ ခင်ဗျား သတိထားမိပါသလား။ 2 00:00:10,448 --> 00:00:14,085 အဲဒါဟာ လောက်ကောင်လေးလို ဒါမှမဟုတ် ထုတ်ချင်းပေါက် မြင်ရတဲ့ အစက်နဲ့ တူတတ်တယ်၊ 3 00:00:14,085 --> 00:00:18,076 အဲဒါကို အနီးကပ်ကြည့်ဖို့ ကြိုးစားတိုင်းမှာ ပျောက်သွားတတ်ပါတယ်၊ 4 00:00:18,076 --> 00:00:21,297 ခင်ဗျားက ကြည့်နေတဲ့နေရာကို ရွှေ့လိုက်တာနဲ့ ပြန်ပေါ်လာတတ်တယ်။ 5 00:00:21,297 --> 00:00:23,816 ဒါပေမဲ့ ခင်ဗျားရဲ့ မျက်လုံးတွေကို ဆေးဖို့ မလိုပါဘူး! 6 00:00:23,816 --> 00:00:28,451 ခင်ဗျား မြင်နေရတဲ့ဟာကို သာမန်အားဖြင့် မျောနေတဲ့အရာလို့ ခေါ်ပါတယ်။ 7 00:00:28,451 --> 00:00:32,616 ခုနကအရာများအတွက် သိပ္ပံနည်းကျ အမည်က Muscae volitantes ဖြစ်ပါတယ်၊ 8 00:00:32,616 --> 00:00:34,779 လက်တင်ဘာသာနဲ့ "ပျံနေကြတဲ့ ယင်များ" ဖြစ်ပါတယ်၊ 9 00:00:34,779 --> 00:00:37,933 အဲဒီအမည်နဲ့အညီ ၎င်းတို့ဟာ နည်းနည်းလေး နှောင့်ယှက်နိုင်ကြပါတယ်။ 10 00:00:37,933 --> 00:00:42,069 ဒါပေမဲ့ ၎င်းတို့ဟာ ပိုးကောင်လေးတွေ ဒါမှမဟုတ် ပြင်ပမှအရာများ လုံးဝမဟုတ်ကြပါ။ 11 00:00:42,069 --> 00:00:44,989 တကယ်တော့၊ ၎င်းတို့ဟာ သင့်မျက်ဆန် အတွင်းထဲမှာ ရှိနေကြတာပါ။ 12 00:00:44,989 --> 00:00:48,766 မျောနေတဲ့အရာတွေဟာ လှုပ်ရှားနေကြကာ ပုံစံပြောင်းနေတော့ အသက်ရှင်သလို ထင်ရပါတယ်၊ 13 00:00:48,766 --> 00:00:50,832 ဒါပေမဲ့ ရှင်နေတဲ့ အရာတွေ မဟုတ်ပါ။ 14 00:00:50,832 --> 00:00:54,673 မျောနေတာတွေဟာ ကျွန်ုပ်တို့ရဲ့ မျက်စိ နောက်ကွယ်ရှိ အလင်းကို အာရုံခံနိုင်တဲ့ 15 00:00:54,673 --> 00:00:57,230 မြင်လွှာပေါ်ကို အရိပ်ထိုးနေကြတဲ့ သေးနုပ်တဲ့ အရာများပါ။ 16 00:00:57,230 --> 00:00:59,684 အဲဒါဟာ အသားမျှင် ဒါမှမဟုတ် သွေးနီဆဲလ်များရဲ့ 17 00:00:59,684 --> 00:01:00,586 အစအနများ၊ 18 00:01:00,586 --> 00:01:02,705 ဒါမှမဟုတ် အသားဓာတ် အစုများ ဖြစ်နိုင်ပါတယ်။ 19 00:01:02,705 --> 00:01:06,230 ၎င်းတို့ဟာ သင့်မျက်လုံးထဲမှာ ပြည့်လျက် ရှိနေတဲ့ 20 00:01:06,230 --> 00:01:08,321 မျက်ကြည်ရည်ထဲမှာ မျောနေကြတော့၊ 21 00:01:08,321 --> 00:01:11,604 သင့် မျက်လုံး လှုပ်ရှားတိုင်းမှာ မျောနေတဲ့အရာတွေလည်း လိုက်မျောနေတာပါ၊ 22 00:01:11,604 --> 00:01:15,142 ခင်ဗျားရဲ့ မျက်လုံး ရပ်လိုက်ချိန်မှာ နည်းနည်းလေး ခုန်ဆွနေသလို ခံစားရပါတယ်။ 23 00:01:15,142 --> 00:01:19,460 အဲဒီမျောနေတဲ့အရာတွေကို အချိန်အများစုမှာ အထင်ရှားမြင်ရခဲပါတယ်။ 24 00:01:19,460 --> 00:01:22,735 ၎င်းတို့ မြင်လွှာနဲ့ နီးကပ်လေလေ ပိုပြီးမြင်ရလေ ဖြစ်ပါတယ်၊ 25 00:01:22,735 --> 00:01:26,241 အဲဒါဟာ ဦးခေါင်းအထက်မှာ မီးလုံးရှိနေချိန်မှာ ဆွဲဆန့်ထားတဲ့ ခင်ဗျားရဲ့ လက်ဟာ 26 00:01:26,241 --> 00:01:28,805 စားပွဲနဲ့ နီးလေလေ အရိပ်ဟာ ပိုပြတ်သားလေလေနဲ့ တူပါတယ်။ 27 00:01:28,805 --> 00:01:31,604 ပြီးတော့ ခင်ဗျားဟာ တပြေးညီရှိကာ တောက်ပနေတဲ့ မျက်နှာပြင်ကို ကြည့်နေချိန်မှာ 28 00:01:31,604 --> 00:01:34,606 မျောနေတဲ့အရာတွေကို ပိုပြီး မြင်လွယ်တတ်ပါတယ်၊ 29 00:01:34,606 --> 00:01:36,243 ဘာမှမရှိတဲ့ ကွန်ပျူတာ စခရင်လို၊ 30 00:01:36,243 --> 00:01:37,190 ဆီးနှင်းဖြူလို၊ 31 00:01:37,190 --> 00:01:38,838 ဒါမှမဟုတ် ကြည်လင်တဲ့ ကောင်းကင်လို၊ 32 00:01:38,838 --> 00:01:43,107 နောက်ခံဟာ တပြေးညီဖြစ်နေလို့ ၎င်းတို့ကို လွယ်ကူထင်ရှားစွာ မြင်နိုင်တယ်။ 33 00:01:43,107 --> 00:01:46,785 အလင်းဟာ တောက်ပလေလေ မျက်စိသူငယ်အိမ်ဟာ ပိုကျုံ့လေလေ ဖြစ်လို့ပါ။ 34 00:01:46,785 --> 00:01:50,722 အဲဒါဟာ ကြီးမားတဲ့ အလင်းပေးပစ္စည်းအစား 35 00:01:50,722 --> 00:01:53,042 မီးလုံးတစ်လုံးတည်းကို ထွန်းပေးတာနဲ့ သွားတူပါတယ်၊ 36 00:01:53,042 --> 00:01:56,189 အဲဒီလို အရိပ်ဟာ ပိုပြီး ပြတ်သားလာမှာပါ။ 37 00:01:56,189 --> 00:01:59,408 ဒီနေရာမှာ မျောနေတဲ့ အရာတွေလိုပဲ ထင်ရပေမဲ့ 38 00:01:59,408 --> 00:02:02,382 ၎င်းတို့နဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ နောက် အရာတခု ရှိပါသေးတယ်။ 39 00:02:02,382 --> 00:02:04,784 တောက်ပလှတဲ့ ကောင်းကင်ပြာဆီကို ခင်ဗျားကြည့်နေစဉ် 40 00:02:04,784 --> 00:02:07,001 မြင်ရတတ်တဲ့ အလင်း အစက်အပျောက်များကို ပြောနေတာပါ၊ 41 00:02:07,001 --> 00:02:12,273 အဲဒါကိုတော့ blue field entoptic ဖြစ်ရပ်လို့ ခေါ်ပါတယ်။ 42 00:02:12,273 --> 00:02:15,274 အဲဒါဟာ မျောနေတဲ့အရာတွေ မြင်ရမှုရဲ့ ပြောင်းပြန်သဘောကို ဆောင်ပါတယ်။ 43 00:02:15,274 --> 00:02:17,602 ဒီကိစ္စထဲမှာ ကျွန်တော်တို့ မြင်ရတာက အရိပ်တွေ မဟုတ်ဘဲ 44 00:02:17,602 --> 00:02:21,982 သင့် မြင်လွှာဆီကို အလင်းကို ဖြတ်ခွင့်ပြုတဲ့ မျောနေတဲ့ ပြူတင်းပေါက်ကလေးတွေပါ။ 45 00:02:21,982 --> 00:02:24,820 အဲဒီလို ပြူတင်းပေါက်တွေဟာ သွေးဖြူဆဲလ်တွေကြောင့် ပေါ်လာကြကာ 46 00:02:24,820 --> 00:02:28,635 ကျွန်တော်တို့ရဲ့ မြင်လွှာ မျက်နှာပြင် တလျှောက်က ဆံချည်မျှင်သွေးကြောများထဲ ရွေ့ရှားနေတာပါ။ 47 00:02:28,635 --> 00:02:32,777 အဲဒီ leukocyte များဟာ ကြီးလွန်းလို့ ဆံချည်မျှင်သွေးကြောများကို ပိတ်ဆို့နိုင်ပါတယ်၊ 48 00:02:32,777 --> 00:02:37,132 ၎င်းတို့ရဲ့ ရှေ့မှာ ပွင့်လာစေတဲ့ plasma နေရာကို ဖန်တီးပေးပါတယ်။ 49 00:02:37,132 --> 00:02:39,076 သွေးဖြူဆဲလ် နေရာတွေကို အပြာရောင် အလင်းဟာ 50 00:02:39,076 --> 00:02:42,010 ဆံချည်မျှင်သွေးကြောများထဲက ပုံမှန် အနီးရောင်ဆဲလ်များနဲ့စာပါက 51 00:02:42,010 --> 00:02:44,985 ထုတ်ချင်းပေါက် ဖြတ်သွားနိုင်တာမို့လို့၊ 52 00:02:44,985 --> 00:02:48,065 အဲဒီ နေရာတွေမှာ ကျွန်တော်တို့ဟာ ရွေ့ရှားနေတဲ့ အလင်းစက်ကလေးတွေကို မြင်ကြရတာပါ၊ 53 00:02:48,065 --> 00:02:52,630 ဆံချည်မျှင်သွေးကြောများရဲ့ လမ်းကြောင်းနဲ့တူကာ ကျွန်တော်တို့ သွေးခုန်နှုန်းနဲ့အညီ ရွေ့ရှားပါတယ်။ 54 00:02:52,630 --> 00:02:54,810 သိပ်ကိုကောင်းတဲ့ အခြေအနေမျိုးထဲမှာဆိုရင်၊ 55 00:02:54,810 --> 00:02:58,936 ခင်ဗျားတို့ဟာ အဲဒီအစက်ရဲ့ နောက်က အမည်းရောင် အမြီးကိုတောင် မြင်နိုင်မှာပါ။ 56 00:02:58,936 --> 00:03:03,362 အဲဒါဟာ leukocyte ရဲ့နောက်မှာ စုပုံနေတဲ့ သွေးနီဆဲလ်တွေပါ။ 57 00:03:03,362 --> 00:03:07,703 တချို့သော သိပ္ပံပြတိုက်တွေမှာ အပြာရောင် စခရင်ပါတဲ့ ပြခန်းရှိတတ်ပါတယ်၊ 58 00:03:07,703 --> 00:03:13,132 အဲဒီမှာ ပုံမှန်နဲ့စာပါက ခုနက ကောင်းကင်ပြင် တောက်ပတဲ့ အစက်ကလေးတွေကို မြင်နိုင်တယ်။ 59 00:03:13,132 --> 00:03:16,629 လူတိုင်းရဲ့ မျက်လုံးတွေဟာ အဲဒီလို ဖြစ်ပျက်မှုတွေကို မြင်တွေ့နိုင်ပေမဲ့၊ 60 00:03:16,629 --> 00:03:18,823 အရေအတွက် နဲ့ ပုံစံတွေကတော့ ကွဲပြားနိုင်ပါတယ်။ 61 00:03:18,823 --> 00:03:20,339 မျောနေတဲ့ အရာတွေဆိုရင်၊ 62 00:03:20,339 --> 00:03:24,175 ကျွန်တော်တို့ရဲ့ ဦးနှောက်က အကျင့်ရ လျစ်လျူရှုတတ်တာမို့ သတိမထားမိကြပါဘူး။ 63 00:03:24,175 --> 00:03:26,109 ဒါပေမဲ့၊ သိပ်ကို များပြားလှတဲ့ 64 00:03:26,109 --> 00:03:29,069 ဒါမှမဟုတ် ကြီးမားတဲ့ မျော်နေတဲ့အရာတွေကို မြင်နေရတယ်ဆိုရင်တော့ 65 00:03:29,069 --> 00:03:34,493 လေးနက်တဲ့ အခြေအနေကို ထောက်ပြမှုဖြစ်ကာ ချက်ချင်း ဆရာဝန်နဲ့ ပြသရန် လိုအပ်မှာပါ။ 66 00:03:34,493 --> 00:03:37,621 တကယ်တော့ အချိန်တော်တော်များများမှာဆိုရင် entoptic ဖြစ်ရပ်၊ 67 00:03:37,621 --> 00:03:40,234 တနည်း မျောနေတဲ့အရာတွေ နဲ့ ကောင်းကင်ပြာထဲက အလင်းအစက်ကလေးတွေဟာဖြင့်၊ 68 00:03:40,234 --> 00:03:43,647 ကျွန်တော်တို့ ဘာတွေကို မြင်နေတယ်လို့ ထင်မှတ်မှုဟာ 69 00:03:43,647 --> 00:03:46,790 ကျွန်တော်တို့ရဲ့ ဇီဝဗေဒ နဲ့ စိတ်အပေါ်မှာရော 70 00:03:46,790 --> 00:03:49,501 ပြင်ပကမ္ဘာအပေါ်မှာပါ မှီခိုနေရတာကို ကျွန်တော်တို့အား သတိပေးမှုသက်သက်မျှပါ။