0:00:06.830,0:00:10.448 ခင်ဗျားရဲ့ မျက်စိရှေ့မှာ တစုံတခု မျောနေတာ[br]ခင်ဗျား သတိထားမိပါသလား။ 0:00:10.448,0:00:14.085 အဲဒါဟာ လောက်ကောင်လေးလို ဒါမှမဟုတ်[br]ထုတ်ချင်းပေါက် မြင်ရတဲ့ အစက်နဲ့ တူတတ်တယ်၊ 0:00:14.085,0:00:18.076 အဲဒါကို အနီးကပ်ကြည့်ဖို့ ကြိုးစားတိုင်းမှာ[br]ပျောက်သွားတတ်ပါတယ်၊ 0:00:18.076,0:00:21.297 ခင်ဗျားက ကြည့်နေတဲ့နေရာကို[br]ရွှေ့လိုက်တာနဲ့ ပြန်ပေါ်လာတတ်တယ်။ 0:00:21.297,0:00:23.816 ဒါပေမဲ့ ခင်ဗျားရဲ့ မျက်လုံးတွေကို[br]ဆေးဖို့ မလိုပါဘူး! 0:00:23.816,0:00:28.451 ခင်ဗျား မြင်နေရတဲ့ဟာကို[br]သာမန်အားဖြင့် မျောနေတဲ့အရာလို့ ခေါ်ပါတယ်။ 0:00:28.451,0:00:32.616 ခုနကအရာများအတွက် သိပ္ပံနည်းကျ အမည်က[br]Muscae volitantes ဖြစ်ပါတယ်၊ 0:00:32.616,0:00:34.779 လက်တင်ဘာသာနဲ့ [br]"ပျံနေကြတဲ့ ယင်များ" ဖြစ်ပါတယ်၊ 0:00:34.779,0:00:37.933 အဲဒီအမည်နဲ့အညီ ၎င်းတို့ဟာ နည်းနည်းလေး[br]နှောင့်ယှက်နိုင်ကြပါတယ်။ 0:00:37.933,0:00:42.069 ဒါပေမဲ့ ၎င်းတို့ဟာ ပိုးကောင်လေးတွေ [br]ဒါမှမဟုတ် ပြင်ပမှအရာများ လုံးဝမဟုတ်ကြပါ။ 0:00:42.069,0:00:44.989 တကယ်တော့၊ ၎င်းတို့ဟာ သင့်မျက်ဆန် [br]အတွင်းထဲမှာ ရှိနေကြတာပါ။ 0:00:44.989,0:00:48.766 မျောနေတဲ့အရာတွေဟာ လှုပ်ရှားနေကြကာ [br]ပုံစံပြောင်းနေတော့ အသက်ရှင်သလို ထင်ရပါတယ်၊ 0:00:48.766,0:00:50.832 ဒါပေမဲ့ ရှင်နေတဲ့ အရာတွေ မဟုတ်ပါ။ 0:00:50.832,0:00:54.673 မျောနေတာတွေဟာ ကျွန်ုပ်တို့ရဲ့ မျက်စိ[br]နောက်ကွယ်ရှိ အလင်းကို အာရုံခံနိုင်တဲ့ 0:00:54.673,0:00:57.230 မြင်လွှာပေါ်ကို အရိပ်ထိုးနေကြတဲ့[br]သေးနုပ်တဲ့ အရာများပါ။ 0:00:57.230,0:00:59.684 အဲဒါဟာ အသားမျှင် [br]ဒါမှမဟုတ် သွေးနီဆဲလ်များရဲ့ 0:00:59.684,0:01:00.586 အစအနများ၊ 0:01:00.586,0:01:02.705 ဒါမှမဟုတ် အသားဓာတ် အစုများ ဖြစ်နိုင်ပါတယ်။ 0:01:02.705,0:01:06.230 ၎င်းတို့ဟာ သင့်မျက်လုံးထဲမှာ[br]ပြည့်လျက် ရှိနေတဲ့ 0:01:06.230,0:01:08.321 မျက်ကြည်ရည်ထဲမှာ မျောနေကြတော့၊ 0:01:08.321,0:01:11.604 သင့် မျက်လုံး လှုပ်ရှားတိုင်းမှာ[br]မျောနေတဲ့အရာတွေလည်း လိုက်မျောနေတာပါ၊ 0:01:11.604,0:01:15.142 ခင်ဗျားရဲ့ မျက်လုံး ရပ်လိုက်ချိန်မှာ[br]နည်းနည်းလေး ခုန်ဆွနေသလို ခံစားရပါတယ်။ 0:01:15.142,0:01:19.460 အဲဒီမျောနေတဲ့အရာတွေကို[br]အချိန်အများစုမှာ အထင်ရှားမြင်ရခဲပါတယ်။ 0:01:19.460,0:01:22.735 ၎င်းတို့ မြင်လွှာနဲ့ နီးကပ်လေလေ[br]ပိုပြီးမြင်ရလေ ဖြစ်ပါတယ်၊ 0:01:22.735,0:01:26.241 အဲဒါဟာ ဦးခေါင်းအထက်မှာ မီးလုံးရှိနေချိန်မှာ[br]ဆွဲဆန့်ထားတဲ့ ခင်ဗျားရဲ့ လက်ဟာ 0:01:26.241,0:01:28.805 စားပွဲနဲ့ နီးလေလေ အရိပ်ဟာ[br]ပိုပြတ်သားလေလေနဲ့ တူပါတယ်။ 0:01:28.805,0:01:31.604 ပြီးတော့ ခင်ဗျားဟာ တပြေးညီရှိကာ တောက်ပနေတဲ့[br]မျက်နှာပြင်ကို ကြည့်နေချိန်မှာ 0:01:31.604,0:01:34.606 မျောနေတဲ့အရာတွေကို ပိုပြီး မြင်လွယ်တတ်ပါတယ်၊ 0:01:34.606,0:01:36.243 ဘာမှမရှိတဲ့ ကွန်ပျူတာ စခရင်လို၊ 0:01:36.243,0:01:37.190 ဆီးနှင်းဖြူလို၊ 0:01:37.190,0:01:38.838 ဒါမှမဟုတ် ကြည်လင်တဲ့ ကောင်းကင်လို၊ 0:01:38.838,0:01:43.107 နောက်ခံဟာ တပြေးညီဖြစ်နေလို့[br]၎င်းတို့ကို လွယ်ကူထင်ရှားစွာ မြင်နိုင်တယ်။ 0:01:43.107,0:01:46.785 အလင်းဟာ တောက်ပလေလေ[br]မျက်စိသူငယ်အိမ်ဟာ ပိုကျုံ့လေလေ ဖြစ်လို့ပါ။ 0:01:46.785,0:01:50.722 အဲဒါဟာ ကြီးမားတဲ့ အလင်းပေးပစ္စည်းအစား 0:01:50.722,0:01:53.042 မီးလုံးတစ်လုံးတည်းကို ထွန်းပေးတာနဲ့ [br]သွားတူပါတယ်၊ 0:01:53.042,0:01:56.189 အဲဒီလို အရိပ်ဟာ ပိုပြီး ပြတ်သားလာမှာပါ။ 0:01:56.189,0:01:59.408 ဒီနေရာမှာ မျောနေတဲ့ အရာတွေလိုပဲ ထင်ရပေမဲ့ 0:01:59.408,0:02:02.382 ၎င်းတို့နဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ [br]နောက် အရာတခု ရှိပါသေးတယ်။ 0:02:02.382,0:02:04.784 တောက်ပလှတဲ့ ကောင်းကင်ပြာဆီကို [br]ခင်ဗျားကြည့်နေစဉ် 0:02:04.784,0:02:07.001 မြင်ရတတ်တဲ့ အလင်း အစက်အပျောက်များကို [br]ပြောနေတာပါ၊ 0:02:07.001,0:02:12.273 အဲဒါကိုတော့ blue field entoptic [br]ဖြစ်ရပ်လို့ ခေါ်ပါတယ်။ 0:02:12.273,0:02:15.274 အဲဒါဟာ မျောနေတဲ့အရာတွေ မြင်ရမှုရဲ့[br]ပြောင်းပြန်သဘောကို ဆောင်ပါတယ်။ 0:02:15.274,0:02:17.602 ဒီကိစ္စထဲမှာ ကျွန်တော်တို့ မြင်ရတာက[br]အရိပ်တွေ မဟုတ်ဘဲ 0:02:17.602,0:02:21.982 သင့် မြင်လွှာဆီကို အလင်းကို ဖြတ်ခွင့်ပြုတဲ့[br]မျောနေတဲ့ ပြူတင်းပေါက်ကလေးတွေပါ။ 0:02:21.982,0:02:24.820 အဲဒီလို ပြူတင်းပေါက်တွေဟာ[br]သွေးဖြူဆဲလ်တွေကြောင့် ပေါ်လာကြကာ 0:02:24.820,0:02:28.635 ကျွန်တော်တို့ရဲ့ မြင်လွှာ မျက်နှာပြင် တလျှောက်က[br]ဆံချည်မျှင်သွေးကြောများထဲ ရွေ့ရှားနေတာပါ။ 0:02:28.635,0:02:32.777 အဲဒီ leukocyte များဟာ ကြီးလွန်းလို့[br]ဆံချည်မျှင်သွေးကြောများကို ပိတ်ဆို့နိုင်ပါတယ်၊ 0:02:32.777,0:02:37.132 ၎င်းတို့ရဲ့ ရှေ့မှာ ပွင့်လာစေတဲ့[br]plasma နေရာကို ဖန်တီးပေးပါတယ်။ 0:02:37.132,0:02:39.076 သွေးဖြူဆဲလ် နေရာတွေကို အပြာရောင် အလင်းဟာ 0:02:39.076,0:02:42.010 ဆံချည်မျှင်သွေးကြောများထဲက ပုံမှန်[br]အနီးရောင်ဆဲလ်များနဲ့စာပါက 0:02:42.010,0:02:44.985 ထုတ်ချင်းပေါက် ဖြတ်သွားနိုင်တာမို့လို့၊ 0:02:44.985,0:02:48.065 အဲဒီ နေရာတွေမှာ ကျွန်တော်တို့ဟာ ရွေ့ရှားနေတဲ့[br]အလင်းစက်ကလေးတွေကို မြင်ကြရတာပါ၊ 0:02:48.065,0:02:52.630 ဆံချည်မျှင်သွေးကြောများရဲ့ လမ်းကြောင်းနဲ့တူကာ[br]ကျွန်တော်တို့ သွေးခုန်နှုန်းနဲ့အညီ ရွေ့ရှားပါတယ်။ 0:02:52.630,0:02:54.810 သိပ်ကိုကောင်းတဲ့ အခြေအနေမျိုးထဲမှာဆိုရင်၊ 0:02:54.810,0:02:58.936 ခင်ဗျားတို့ဟာ အဲဒီအစက်ရဲ့ နောက်က[br]အမည်းရောင် အမြီးကိုတောင် မြင်နိုင်မှာပါ။ 0:02:58.936,0:03:03.362 အဲဒါဟာ leukocyte ရဲ့နောက်မှာ[br]စုပုံနေတဲ့ သွေးနီဆဲလ်တွေပါ။ 0:03:03.362,0:03:07.703 တချို့သော သိပ္ပံပြတိုက်တွေမှာ[br]အပြာရောင် စခရင်ပါတဲ့ ပြခန်းရှိတတ်ပါတယ်၊ 0:03:07.703,0:03:13.132 အဲဒီမှာ ပုံမှန်နဲ့စာပါက ခုနက ကောင်းကင်ပြင်[br]တောက်ပတဲ့ အစက်ကလေးတွေကို မြင်နိုင်တယ်။ 0:03:13.132,0:03:16.629 လူတိုင်းရဲ့ မျက်လုံးတွေဟာ အဲဒီလို [br]ဖြစ်ပျက်မှုတွေကို မြင်တွေ့နိုင်ပေမဲ့၊ 0:03:16.629,0:03:18.823 အရေအတွက် နဲ့ ပုံစံတွေကတော့ ကွဲပြားနိုင်ပါတယ်။ 0:03:18.823,0:03:20.339 မျောနေတဲ့ အရာတွေဆိုရင်၊ 0:03:20.339,0:03:24.175 ကျွန်တော်တို့ရဲ့ ဦးနှောက်က အကျင့်ရ[br]လျစ်လျူရှုတတ်တာမို့ သတိမထားမိကြပါဘူး။ 0:03:24.175,0:03:26.109 ဒါပေမဲ့၊ သိပ်ကို များပြားလှတဲ့ 0:03:26.109,0:03:29.069 ဒါမှမဟုတ် ကြီးမားတဲ့ မျော်နေတဲ့အရာတွေကို[br]မြင်နေရတယ်ဆိုရင်တော့ 0:03:29.069,0:03:34.493 လေးနက်တဲ့ အခြေအနေကို ထောက်ပြမှုဖြစ်ကာ[br]ချက်ချင်း ဆရာဝန်နဲ့ ပြသရန် လိုအပ်မှာပါ။ 0:03:34.493,0:03:37.621 တကယ်တော့ အချိန်တော်တော်များများမှာဆိုရင်[br]entoptic ဖြစ်ရပ်၊ 0:03:37.621,0:03:40.234 တနည်း မျောနေတဲ့အရာတွေ နဲ့ ကောင်းကင်ပြာထဲက[br]အလင်းအစက်ကလေးတွေဟာဖြင့်၊ 0:03:40.234,0:03:43.647 ကျွန်တော်တို့ ဘာတွေကို မြင်နေတယ်လို့[br]ထင်မှတ်မှုဟာ 0:03:43.647,0:03:46.790 ကျွန်တော်တို့ရဲ့ ဇီဝဗေဒ နဲ့ စိတ်အပေါ်မှာရော 0:03:46.790,0:03:49.501 ပြင်ပကမ္ဘာအပေါ်မှာပါ မှီခိုနေရတာကို[br]ကျွန်တော်တို့အား သတိပေးမှုသက်သက်မျှပါ။