WEBVTT 00:00:06.830 --> 00:00:10.448 ခင်ဗျားရဲ့ မျက်စိရှေ့မှာ တစုံတခု မျောနေတာ ခင်ဗျား သတိထားမိပါသလား။ 00:00:10.448 --> 00:00:14.085 အဲဒါဟာ လောက်ကောင်လေးလို ဒါမှမဟုတ် ထုတ်ချင်းပေါက် မြင်ရတဲ့ အစက်နဲ့ တူတတ်တယ်၊ 00:00:14.085 --> 00:00:18.076 အဲဒါကို အနီးကပ်ကြည့်ဖို့ ကြိုးစားတိုင်းမှာ ပျောက်သွားတတ်ပါတယ်၊ 00:00:18.076 --> 00:00:21.297 ခင်ဗျားက ကြည့်နေတဲ့နေရာကို ရွှေ့လိုက်တာနဲ့ ပြန်ပေါ်လာတတ်တယ်။ 00:00:21.297 --> 00:00:23.816 ဒါပေမဲ့ ခင်ဗျားရဲ့ မျက်လုံးတွေကို ဆေးဖို့ မလိုပါဘူး! 00:00:23.816 --> 00:00:28.451 ခင်ဗျား မြင်နေရတဲ့ဟာကို သာမန်အားဖြင့် မျောနေတဲ့အရာလို့ ခေါ်ပါတယ်။ 00:00:28.451 --> 00:00:32.616 ခုနကအရာများအတွက် သိပ္ပံနည်းကျ အမည်က Muscae volitantes ဖြစ်ပါတယ်၊ 00:00:32.616 --> 00:00:34.779 လက်တင်ဘာသာနဲ့ "ပျံနေကြတဲ့ ယင်များ" ဖြစ်ပါတယ်၊ 00:00:34.779 --> 00:00:37.933 အဲဒီအမည်နဲ့အညီ ၎င်းတို့ဟာ နည်းနည်းလေး နှောင့်ယှက်နိုင်ကြပါတယ်။ 00:00:37.933 --> 00:00:42.069 ဒါပေမဲ့ ၎င်းတို့ဟာ ပိုးကောင်လေးတွေ ဒါမှမဟုတ် ပြင်ပမှအရာများ လုံးဝမဟုတ်ကြပါ။ 00:00:42.069 --> 00:00:44.989 တကယ်တော့၊ ၎င်းတို့ဟာ သင့်မျက်ဆန် အတွင်းထဲမှာ ရှိနေကြတာပါ။ 00:00:44.989 --> 00:00:48.766 မျောနေတဲ့အရာတွေဟာ လှုပ်ရှားနေကြကာ ပုံစံပြောင်းနေတော့ အသက်ရှင်သလို ထင်ရပါတယ်၊ 00:00:48.766 --> 00:00:50.832 ဒါပေမဲ့ ရှင်နေတဲ့ အရာတွေ မဟုတ်ပါ။ 00:00:50.832 --> 00:00:54.673 မျောနေတာတွေဟာ ကျွန်ုပ်တို့ရဲ့ မျက်စိ နောက်ကွယ်ရှိ အလင်းကို အာရုံခံနိုင်တဲ့ 00:00:54.673 --> 00:00:57.230 မြင်လွှာပေါ်ကို အရိပ်ထိုးနေကြတဲ့ သေးနုပ်တဲ့ အရာများပါ။ 00:00:57.230 --> 00:00:59.684 အဲဒါဟာ အသားမျှင် ဒါမှမဟုတ် သွေးနီဆဲလ်များရဲ့ 00:00:59.684 --> 00:01:00.586 အစအနများ၊ 00:01:00.586 --> 00:01:02.705 ဒါမှမဟုတ် အသားဓာတ် အစုများ ဖြစ်နိုင်ပါတယ်။ 00:01:02.705 --> 00:01:06.230 ၎င်းတို့ဟာ သင့်မျက်လုံးထဲမှာ ပြည့်လျက် ရှိနေတဲ့ 00:01:06.230 --> 00:01:08.321 မျက်ကြည်ရည်ထဲမှာ မျောနေကြတော့၊ 00:01:08.321 --> 00:01:11.604 သင့် မျက်လုံး လှုပ်ရှားတိုင်းမှာ မျောနေတဲ့အရာတွေလည်း လိုက်မျောနေတာပါ၊ 00:01:11.604 --> 00:01:15.142 ခင်ဗျားရဲ့ မျက်လုံး ရပ်လိုက်ချိန်မှာ နည်းနည်းလေး ခုန်ဆွနေသလို ခံစားရပါတယ်။ 00:01:15.142 --> 00:01:19.460 အဲဒီမျောနေတဲ့အရာတွေကို အချိန်အများစုမှာ အထင်ရှားမြင်ရခဲပါတယ်။ 00:01:19.460 --> 00:01:22.735 ၎င်းတို့ မြင်လွှာနဲ့ နီးကပ်လေလေ ပိုပြီးမြင်ရလေ ဖြစ်ပါတယ်၊ 00:01:22.735 --> 00:01:26.241 အဲဒါဟာ ဦးခေါင်းအထက်မှာ မီးလုံးရှိနေချိန်မှာ ဆွဲဆန့်ထားတဲ့ ခင်ဗျားရဲ့ လက်ဟာ 00:01:26.241 --> 00:01:28.805 စားပွဲနဲ့ နီးလေလေ အရိပ်ဟာ ပိုပြတ်သားလေလေနဲ့ တူပါတယ်။ 00:01:28.805 --> 00:01:31.604 ပြီးတော့ ခင်ဗျားဟာ တပြေးညီရှိကာ တောက်ပနေတဲ့ မျက်နှာပြင်ကို ကြည့်နေချိန်မှာ 00:01:31.604 --> 00:01:34.606 မျောနေတဲ့အရာတွေကို ပိုပြီး မြင်လွယ်တတ်ပါတယ်၊ 00:01:34.606 --> 00:01:36.243 ဘာမှမရှိတဲ့ ကွန်ပျူတာ စခရင်လို၊ 00:01:36.243 --> 00:01:37.190 ဆီးနှင်းဖြူလို၊ 00:01:37.190 --> 00:01:38.838 ဒါမှမဟုတ် ကြည်လင်တဲ့ ကောင်းကင်လို၊ 00:01:38.838 --> 00:01:43.107 နောက်ခံဟာ တပြေးညီဖြစ်နေလို့ ၎င်းတို့ကို လွယ်ကူထင်ရှားစွာ မြင်နိုင်တယ်။ 00:01:43.107 --> 00:01:46.785 အလင်းဟာ တောက်ပလေလေ မျက်စိသူငယ်အိမ်ဟာ ပိုကျုံ့လေလေ ဖြစ်လို့ပါ။ 00:01:46.785 --> 00:01:50.722 အဲဒါဟာ ကြီးမားတဲ့ အလင်းပေးပစ္စည်းအစား 00:01:50.722 --> 00:01:53.042 မီးလုံးတစ်လုံးတည်းကို ထွန်းပေးတာနဲ့ သွားတူပါတယ်၊ 00:01:53.042 --> 00:01:56.189 အဲဒီလို အရိပ်ဟာ ပိုပြီး ပြတ်သားလာမှာပါ။ 00:01:56.189 --> 00:01:59.408 ဒီနေရာမှာ မျောနေတဲ့ အရာတွေလိုပဲ ထင်ရပေမဲ့ 00:01:59.408 --> 00:02:02.382 ၎င်းတို့နဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ နောက် အရာတခု ရှိပါသေးတယ်။ 00:02:02.382 --> 00:02:04.784 တောက်ပလှတဲ့ ကောင်းကင်ပြာဆီကို ခင်ဗျားကြည့်နေစဉ် 00:02:04.784 --> 00:02:07.001 မြင်ရတတ်တဲ့ အလင်း အစက်အပျောက်များကို ပြောနေတာပါ၊ 00:02:07.001 --> 00:02:12.273 အဲဒါကိုတော့ blue field entoptic ဖြစ်ရပ်လို့ ခေါ်ပါတယ်။ 00:02:12.273 --> 00:02:15.274 အဲဒါဟာ မျောနေတဲ့အရာတွေ မြင်ရမှုရဲ့ ပြောင်းပြန်သဘောကို ဆောင်ပါတယ်။ 00:02:15.274 --> 00:02:17.602 ဒီကိစ္စထဲမှာ ကျွန်တော်တို့ မြင်ရတာက အရိပ်တွေ မဟုတ်ဘဲ 00:02:17.602 --> 00:02:21.982 သင့် မြင်လွှာဆီကို အလင်းကို ဖြတ်ခွင့်ပြုတဲ့ မျောနေတဲ့ ပြူတင်းပေါက်ကလေးတွေပါ။ 00:02:21.982 --> 00:02:24.820 အဲဒီလို ပြူတင်းပေါက်တွေဟာ သွေးဖြူဆဲလ်တွေကြောင့် ပေါ်လာကြကာ 00:02:24.820 --> 00:02:28.635 ကျွန်တော်တို့ရဲ့ မြင်လွှာ မျက်နှာပြင် တလျှောက်က ဆံချည်မျှင်သွေးကြောများထဲ ရွေ့ရှားနေတာပါ။ 00:02:28.635 --> 00:02:32.777 အဲဒီ leukocyte များဟာ ကြီးလွန်းလို့ ဆံချည်မျှင်သွေးကြောများကို ပိတ်ဆို့နိုင်ပါတယ်၊ 00:02:32.777 --> 00:02:37.132 ၎င်းတို့ရဲ့ ရှေ့မှာ ပွင့်လာစေတဲ့ plasma နေရာကို ဖန်တီးပေးပါတယ်။ 00:02:37.132 --> 00:02:39.076 သွေးဖြူဆဲလ် နေရာတွေကို အပြာရောင် အလင်းဟာ 00:02:39.076 --> 00:02:42.010 ဆံချည်မျှင်သွေးကြောများထဲက ပုံမှန် အနီးရောင်ဆဲလ်များနဲ့စာပါက 00:02:42.010 --> 00:02:44.985 ထုတ်ချင်းပေါက် ဖြတ်သွားနိုင်တာမို့လို့၊ 00:02:44.985 --> 00:02:48.065 အဲဒီ နေရာတွေမှာ ကျွန်တော်တို့ဟာ ရွေ့ရှားနေတဲ့ အလင်းစက်ကလေးတွေကို မြင်ကြရတာပါ၊ 00:02:48.065 --> 00:02:52.630 ဆံချည်မျှင်သွေးကြောများရဲ့ လမ်းကြောင်းနဲ့တူကာ ကျွန်တော်တို့ သွေးခုန်နှုန်းနဲ့အညီ ရွေ့ရှားပါတယ်။ 00:02:52.630 --> 00:02:54.810 သိပ်ကိုကောင်းတဲ့ အခြေအနေမျိုးထဲမှာဆိုရင်၊ 00:02:54.810 --> 00:02:58.936 ခင်ဗျားတို့ဟာ အဲဒီအစက်ရဲ့ နောက်က အမည်းရောင် အမြီးကိုတောင် မြင်နိုင်မှာပါ။ 00:02:58.936 --> 00:03:03.362 အဲဒါဟာ leukocyte ရဲ့နောက်မှာ စုပုံနေတဲ့ သွေးနီဆဲလ်တွေပါ။ 00:03:03.362 --> 00:03:07.703 တချို့သော သိပ္ပံပြတိုက်တွေမှာ အပြာရောင် စခရင်ပါတဲ့ ပြခန်းရှိတတ်ပါတယ်၊ 00:03:07.703 --> 00:03:13.132 အဲဒီမှာ ပုံမှန်နဲ့စာပါက ခုနက ကောင်းကင်ပြင် တောက်ပတဲ့ အစက်ကလေးတွေကို မြင်နိုင်တယ်။ 00:03:13.132 --> 00:03:16.629 လူတိုင်းရဲ့ မျက်လုံးတွေဟာ အဲဒီလို ဖြစ်ပျက်မှုတွေကို မြင်တွေ့နိုင်ပေမဲ့၊ 00:03:16.629 --> 00:03:18.823 အရေအတွက် နဲ့ ပုံစံတွေကတော့ ကွဲပြားနိုင်ပါတယ်။ 00:03:18.823 --> 00:03:20.339 မျောနေတဲ့ အရာတွေဆိုရင်၊ 00:03:20.339 --> 00:03:24.175 ကျွန်တော်တို့ရဲ့ ဦးနှောက်က အကျင့်ရ လျစ်လျူရှုတတ်တာမို့ သတိမထားမိကြပါဘူး။ 00:03:24.175 --> 00:03:26.109 ဒါပေမဲ့၊ သိပ်ကို များပြားလှတဲ့ 00:03:26.109 --> 00:03:29.069 ဒါမှမဟုတ် ကြီးမားတဲ့ မျော်နေတဲ့အရာတွေကို မြင်နေရတယ်ဆိုရင်တော့ 00:03:29.069 --> 00:03:34.493 လေးနက်တဲ့ အခြေအနေကို ထောက်ပြမှုဖြစ်ကာ ချက်ချင်း ဆရာဝန်နဲ့ ပြသရန် လိုအပ်မှာပါ။ 00:03:34.493 --> 00:03:37.621 တကယ်တော့ အချိန်တော်တော်များများမှာဆိုရင် entoptic ဖြစ်ရပ်၊ 00:03:37.621 --> 00:03:40.234 တနည်း မျောနေတဲ့အရာတွေ နဲ့ ကောင်းကင်ပြာထဲက အလင်းအစက်ကလေးတွေဟာဖြင့်၊ 00:03:40.234 --> 00:03:43.647 ကျွန်တော်တို့ ဘာတွေကို မြင်နေတယ်လို့ ထင်မှတ်မှုဟာ 00:03:43.647 --> 00:03:46.790 ကျွန်တော်တို့ရဲ့ ဇီဝဗေဒ နဲ့ စိတ်အပေါ်မှာရော 00:03:46.790 --> 00:03:49.501 ပြင်ပကမ္ဘာအပေါ်မှာပါ မှီခိုနေရတာကို ကျွန်တော်တို့အား သတိပေးမှုသက်သက်မျှပါ။