အကြမ်းမဖက်တဲ့နည်းဖြင့် တိုက်ခိုက်ခြင်း
-
0:00 - 0:04စစ်ပွဲတွေကို တားဆီးကူညီဖို့
ရာစုဝက်အတွင်းမှာ -
0:04 - 0:08ကြိုးပမ်းရင်း ကျွန်မစိတ်ထဲမှ ထွက်မသွားတဲ့
မေးခွန်းရှိတယ်၊ -
0:08 - 0:12အင်မတန် ပြင်းထန်တဲ့ အင်အားကို
တန်ပြန်လျက်အင်အားကို -
0:12 - 0:15မသုံးပဲနဲ့ ဘယ်လို ရင်ဆိုင်ကြမလဲ။
-
0:15 - 0:18လူမဆန်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ၊
-
0:18 - 0:21ကလေးတစ်ဦး ကစားကွင်းမှာ
အနိုင်ကျင့်သူကို ရင်ဆိုင်တာပဲဖြစ်ဖြစ်၊ -
0:21 - 0:22ပြည်တွင်း အကြမ်းဖက်မှုပဲ ဖြစ်ဖြစ်၊
-
0:22 - 0:25ဒီနေ့ Syria ရဲ့ လမ်းတွေပေါ်မှာ
ရင်ဆိုင်နေရတဲ့ -
0:25 - 0:28တင့်ကားတွေ၊ အမြှောက်ဆန်တွေပဲ ဖြစ်ဖြစ်
-
0:28 - 0:31အထိရောက်ဆုံး လုပ်ဖို့အရာက ဘာလဲ။
-
0:31 - 0:34ပြန်တိုက်မလား၊ အလျှော့ပေးမလား။
-
0:34 - 0:37အင်အားပိုသုံးမလား။
-
0:37 - 0:41ဒီမေးခွန်းဖြစ်တဲ့ "အနိုင်ကျင့်သူတစ်ဦးကို
-
0:41 - 0:45လူရမ်းကား ဖြစ်မလာစေပဲ ဘယ်လို ရင်ဆိုင်မလဲ"
-
0:45 - 0:48ဆိုတာဟာ ကလေးဘဝထဲက ကျွန်မနဲ့အတူ ရှိခဲ့တာပါ။
-
0:48 - 0:50ကျွန်မ ၁၃ နှစ်လောက်တုန်းက
အစက်အပြောက်ထနေတဲ့ -
0:50 - 0:55အဖြူအမည်း တီဗီကို မျက်စိက မခွာတမ်း
ကြည့်နေတာကို မှတ်မိသေးတယ်။ -
0:55 - 1:00ဆိုဗီယက်တင့်ကားတွေ ဘူဒါပတ်စ် ကို
လှိမ့်ဝင်အလာ -
1:00 - 1:03ကျွန်မထက် အရမ်းကြီးတဲ့ ကလေးတွေဟာ
-
1:03 - 1:05တင့်ကားတွေဆီ စုံပစ်ဝင်နေကြပြီး
-
1:05 - 1:07အပြုံလိုက်ကြီး အသေခံနေကြတယ်။
-
1:07 - 1:11ကျွန်မလည်း အပေါ်ထပ်ကို ပြေးတက်ပြီး
ကိုယ့်သေတ္တာကို ထုပ်ပိုးတော့တာပေါ့။ -
1:11 - 1:14အမေတက်လာပြီး ပြောတာက
" ဟဲ့ နင်ဘာတွေလုပ်နေတာတုန်း" -
1:14 - 1:16ကျွန်မက " ဘူဒါပတ်စ် သွားမလို့ပါ။"
-
1:16 - 1:19ပြီးတော့ အမေက " ဘာအတွက်တုန်း အေ။"
-
1:19 - 1:21ကျွန်မက "အဲဒီမှာ ကလေးတွေ အသေခံနေကြတယ်။
-
1:21 - 1:23ဆိုးဆိုးဝါးဝါး တစ်ခုတော့ ဖြစ်နေတယ်။"
-
1:23 - 1:25ဒီတော့သူမက " ဒီလောက် မရူးစမ်းပါနဲ့ အေ။"
-
1:25 - 1:27ဒါနဲ့ ကျွန်မ စငိုပါလေရော။
-
1:27 - 1:29ဒါကို သူမ သိတော့ ပြောတာက
-
1:29 - 1:31"ကောင်းပြီ၊ ဒါဟာ အရေးပါကြီးပေမဲ့
-
1:31 - 1:34နင်ဟာ ကူညီပေးဖို့ ငယ်လွန်းပါတယ်။
-
1:34 - 1:37သင်ပေးဖို့လိုတယ်၊ ငါကူညီပါ့မယ်။
-
1:37 - 1:39ဒါပေမဲ့ နင့်သေတ္တာကို ရှင်းလိုက်ဦး။"
-
1:39 - 1:42ဒီလိုနဲ့ ကျွန်မ လေ့ကျင့်လိုက်ပြီး
-
1:42 - 1:46ကျွန်မရဲ့ အသက် ၂၀ အများစုကို
အာဖရိကမှာ သွား အလုပ်လုပ်ခဲ့တယ်။ -
1:46 - 1:50ဒါပေမဲ့ ကျွန်မသဘောပေါက်ခဲ့တာက
ကျွန်မတကယ် သိဖို့လိုတာကို -
1:50 - 1:52သင်တန်းတွေကနေ မရနိုင်ဘူးဆိုတာပါ။
-
1:52 - 1:55အကြမ်းဖက်တာဟာ ဘယ်လို၊ ဖိနှိပ်မှုဟာ
-
1:55 - 1:59ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို
နားလည်ချင်ခဲ့တယ်။ -
1:59 - 2:04အဲဒီကတည်းက ကျွန်မ ရှာဖွေတွေ့ရှိတာက၊
-
2:04 - 2:08အနိုင်ကျင့်သူတွေဟာ အကြမ်းဖက်တာကို
နည်း ၃ နည်းနဲ့ အသုံးပြုတယ်။ -
2:08 - 2:13ခြိမ်းခြောက်ဖို့ နိုင်ငံရေး
အကြမ်းဖက်မှုကို သုံးတယ်။ -
2:13 - 2:19အထိတ်တလန့်ဖြစ်ဖို့ ရုပ်ပိုင်းဆိုင်ရာ
အကြမ်းဖက်မှုသုံးတယ်။ -
2:19 - 2:26စိတ်ယိမ်းယိုင်သွားဖို့ စိတ်ပိုင်း (သို့)
စိတ်ခံစားမှုဆိုင်ရာ အကြမ်းဖက်မှုသုံးတယ်။ -
2:26 - 2:29ပြီးတော့ အင်မတန်ရှားပါးတဲ့ ကိစ္စအချို့မှာ
-
2:29 - 2:33ပိုပြီး အကြမ်းဖက်တာကို သုံးကြတယ်။
-
2:33 - 2:39နယ်လ်ဆင် မန်ဒဲလား ဟာ အကြမ်းဖက်တာကို
ယုံကြည်ရင်းနဲ့ ထောင်ကျခဲ့ပြီး -
2:39 - 2:41နောက် ၂ရ နှစ်အကြာမှာ
-
2:41 - 2:43သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေဟာ
-
2:43 - 2:45တဖြည်းဖြည်း၊ ဂရုတစိုက်နဲ့
-
2:45 - 2:50သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို ကမ္ဘာပေါ်
မှာ အရက်စက်ဆုံး အစိုးရတွေထဲက -
2:50 - 2:54တစ်ခုလို့သိထားတဲ့ အစိုးရကို ဒီမိုကရေစီ
အသွင်ပြောင်းဖို့ လိုအပ်တဲ့ မယုံနိုင်စရာ -
2:54 - 2:56ကျွမ်းကျင်မှုတွေကို သွေးယူခဲ့တယ်။
-
2:56 - 3:01ဒါကို အကြမ်းမဖက်ရေးကို လုံးဝ
ရည်စူးချက်နဲ့ လုပ်ခဲ့ကြတယ်။ -
3:01 - 3:08အင်အားကို အင်အားသုံး ဆန့်ကျင်တာဟာ
-
3:08 - 3:13အလုပ်မဖြစ်ဘူးဆိုတာ နားလည်ခဲ့ကြတယ်။
-
3:13 - 3:15ဒီတော့ အလုပ်လုပ်တာက ဘာလဲ။
-
3:15 - 3:19တကယ်ကို အလုပ်ဖြစ်တဲ့နည်းပေါင်း
ဒါဇင်ဝက်လောက်ကို စုလိုက်တယ်။ -
3:19 - 3:21တကယ်တော့ အလုပ်ဖြစ်ပြီး၊
-
3:21 - 3:23ထိရောက်တာတွေ အများကြီး ရှိပါသေးတယ်။
-
3:23 - 3:25ပထမဆုံးတစ်ခုက
-
3:25 - 3:27ဖြစ်ဖို့လိုတဲ့ အပြောင်းအလဲကို ဟောဒီမှာ
-
3:27 - 3:31ဖြစ်ဖို့လိုတာပါ။ ကျွန်မ ကိုယ်ရဲ့
အတွင်းမှာလေ။ -
3:31 - 3:36ဒါဟာ ကျွန်မထိန်းချုပ်ထားတဲ့ ဖိနှိပ်မှုကို
-
3:36 - 3:38ကျွန်မရဲ့ တုံပြန်မှု၊ ကျွန်မရဲ့
သဘောထားဖြစ်ပြီး -
3:38 - 3:41ကျွန်မလုပ်နိုင်တာ တစ်ခုခုပါ။
-
3:41 - 3:45ကျွန်မ ဖွံ့ဖြိုးဖို့ လိုအပ်တာက ဒါလုပ်ဖို့
ကိုယ့်ကိုယ်ကို အသိရှိဖို့ပါ။ -
3:45 - 3:47ဆိုလိုတာက ကိုယ်ပြိုလဲတဲ့အခါ
ဘယ်လို အရှိန်မပျက် -
3:47 - 3:50ဆက်လုပ်ရမယ်ဆိုတာ သိဖို့လိုတာပါ။
-
3:50 - 3:54ကိုယ့်ရဲ့ အထင်ကြီးစရာ အချက်တွေ ဘယ်မှာ၊
-
3:54 - 3:57ကိုယ့်ရဲ့ ပိုအားနည်းတဲ့အချက်တွေက ဘယ်မှာ
-
3:57 - 3:58ဘယ်အချိန်မှာ လက်လျှော့ရမလဲ။
-
3:58 - 4:03ဘာအတွက် ကိုယ်ရပ်တည်မလဲ။
-
4:03 - 4:08အလေးအနက် ဆင်ခြင်ခြင်း (သို့)
မိမိကိုယ်ကို စစ်ဆေးခြင်းဟာ -
4:08 - 4:11နည်းလမ်းတွေထဲက တစ်ခု ထပ်ပြောရရင်
တစ်နည်းတည်းမဟုတ်ဘူး -
4:11 - 4:12အတွင်းအားကိုရယူဖို့
-
4:12 - 4:16နည်းလမ်းတွေထဲက တစ်ခုပါ။
-
4:16 - 4:19ကျွန်မရဲ့ သူရဲကောင်းက.. Satish's လိုမျိုး
-
4:19 - 4:22မြန်မာပြည်က အောင်ဆန်းစုကြည်ပါ။
-
4:22 - 4:25သူမဟာ ရန်ကုန် လမ်းတွေပေါ်က
ကန့်ကွက်ပွဲတစ်ခုမှာ -
4:25 - 4:28ကျောင်းသားတစ်စုကို ဦးဆောင်နေခဲ့တာပါ။
-
4:28 - 4:32သူတို့တွေဟာ လမ်းထောင့်ကိုလာပြီး
စက်သေနတ် တစ်သီကြီးကို ရင်ဆိုင်ပါတယ်။ -
4:32 - 4:33သူမ ချက်ချင်း နားလည်တာက
-
4:33 - 4:37သေနတ်မောင်းတွေပေါ်မှာ တုန်ယင်နေတဲ့
လက်ချောင်းတွေနဲ့ စစ်သားတွေဟာ -
4:37 - 4:43သူမနောက်က ကျောင်းသားဆန့်ကျင်
သူတွေထက် ပိုလန့်နေတာကိုပါ။ -
4:43 - 4:45ဒါပေမဲ့ သူမက ကျောင်းသားတွေကို
ထိုင်ခိုင်းလိုက်ပါတယ်။ -
4:45 - 4:53နောက်ပြီး တည်ငြိမ်လှတဲ့ ၊ ပြတ်သားလှတဲ့
ပထမဆုံး သေနတ် -
4:53 - 4:56တည့်တည့်ကိုသွားနိုင်လောက်တဲ့ လုံးဝ
-
4:56 - 5:00အကြောက်တရား ကင်းမှုနဲ့ ရှေ့ကို
တက်သွားလိုက်ပြီး -
5:00 - 5:04သူမရဲ့လက်ကို သေနတ်ပေါ်
တင်လိုက်ကာ နိမ့်ချလိုက်ပါတယ်။ -
5:09 - 5:12တစ်ယောက်မှ အပစ်သတ် မခံရဘူးလေ။
-
5:12 - 5:16ဒီတော့ ကြောက်ရွံ့မှုကို ထိန်းချုပ်နိုင်
ခြင်းက စက်သေနတ်တွေကို -
5:16 - 5:18ရင်ဆိုင်နိုင်ရုံမက လမ်းထဲမှာ
ဓားတစ်ချောင်းနဲ့ -
5:18 - 5:23တိုက်ခိုက်တာကြုံရင်လဲ တတ်နိုင်ပါတယ်။
-
5:23 - 5:25ဒါပေမဲ့ လေ့ကျင့်ဖို့တော့ လိုတာပေါ့နော်။
-
5:25 - 5:27ဒီတော့ ကျွန်မတို့ရဲ့ ကြောက်ရွံ့မှုကရော။
-
5:27 - 5:32ကျွန်မှာ ဂါထာလေးတစ်ပုဒ် ရှိတယ်။
-
5:32 - 5:35ကျွန်မရဲ့ အကြောက်တရားဟာ ကျွန်မ ကျွေးတဲ့
-
5:35 - 5:37စွမ်းအင်ပေါ်မှာ ဝဖြိုးလာတယ်။
-
5:37 - 5:40ပြီးတော့ အရမ်း ကြီးထွားလာရင်
-
5:40 - 5:42ဒါက ဖြစ်တတ်တာပါ။
-
5:42 - 5:46ဒီတော့ မနက် ၃ နာရီ ရောဂါလက္ခဏာစုကို
အားလုံး သိကြပါတယ်။ -
5:46 - 5:49ကိုယ်တွေး ပူနေတဲ့ တစ်ခုခုက
ကိုယ့်ကို နှိုးတဲ့အခါမှာပေါ့၊ -
5:49 - 5:52လူအများကြီးတွေ့ဖူးတယ်၊
-
5:52 - 5:55တစ်နာရီလောက် လူးလိုက်၊ လှိမ့်လိုက်နဲ့လေ၊
-
5:55 - 5:57ဒါက ပို ပို ဆိုးလာတော့
-
5:57 - 6:00၄ နာရီရောက်ရော အဲလောက်ကြီးတဲ့
သတ္တဝါကြီးကြောင့် -
6:00 - 6:02ကိုယ်ဟာ ခေါင်းအုံးနဲ့ ပိညပ်နေတာလေ။
-
6:02 - 6:04တစ်ခုတည်းသော လုပ်စရာက အိပ်ရာထပြီး
-
6:04 - 6:06လက်ဖက်ရည် တစ်ခွက်လောက်ဖျော်၊
-
6:06 - 6:11ဘေးမှာ ကလေးတစ်ယောက်ရှိနေသလို
ကြောက်ရွံ့ခြင်းနဲ့ အတူထိုင်လိုက်ရုံပဲ -
6:11 - 6:14သင်ဟာ လူကြီးပါ။
-
6:14 - 6:16ကြောက်ရွံ့မှုက ကလေးလေ။
-
6:16 - 6:17ကြောက်ရွံ့မှုကို စကားပြောပြီး
-
6:17 - 6:20သူလိုချင်တာ၊ သူလိုအပ်တာ မေးလိုက်ပါ။
-
6:20 - 6:25ဒါက ဘယ်လို ပိုကောင်းအောင် လုပ်နိုင်မှာလဲ။
-
6:25 - 6:27ကလေးက ဘယ်လို ပိုအားကောင်း နိုင်မလဲ။
-
6:27 - 6:28အစီအစဉ်တစ်ခု သင် လုပ်ပေါ့။
-
6:28 - 6:30သင်က " ကောင်းပြီ၊ ငါတို့ ပြန်အိပ်တော့မယ်။
-
6:30 - 6:34၇ နာရီခွဲမှာ ငါတို့ အိပ်ရာထမယ်၊
ငါတို့လုပ်မှာ ဒါပဲလေ။" -
6:34 - 6:40ကျွန်မမှာ အဲဒီလိုဖြစ်စဉ် တစ်ခု တနင်္ဂနွေ
မနက် ၃ နာရီမှာ ကြုံခဲ့တယ်။ -
6:40 - 6:44ရှင်တို့ကို ပြောဖို့လာရာမှာ ကြောက်စိတ်နဲ့
မဝံ့မရဲ့ ဖြစ်ခဲ့တာပေါ့။ -
6:44 - 6:46(ရယ်သံများ)
-
6:46 - 6:47ဒီတော့ ကျွန်မလုပ်ခဲ့တာက
-
6:47 - 6:51အိပ်ရာကထ၊ လက်ဖက်ရည်ဖျော်၊
ဒီစိတ်နဲ့ ထိုင်လိုက်တယ်၊ ဒါပဲလုပ်ပြီး -
6:51 - 6:55ဒီမှာရောက်နေတယ်၊ တစ်စိတ်တစ်ဒေသ
မဝံ့မရဲ ဖြစ်နေသေးပေမဲ့ ဒီမှာ ရှိနေပြီ၊ -
6:55 - 7:00(လက်ခုပ်သံများ)
-
7:00 - 7:02ဒီတော့ ဒါက ကြောက်စိတ်၊ ဒေါသကျတော့ရော။
-
7:02 - 7:07တရားမမျှတမှု ရှိရာမှာ ဒေါသဆိုတာရှိတယ်။
-
7:07 - 7:10ဒါပေမဲ့ ဒေါသဟာ ဓာတ်ဆီလိုပဲလေ၊
-
7:10 - 7:13ဒါကို ဘေးပတ်ဝန်းကျင်မှာ ဖြန်းလိုက်ပြီး
တစ်ယောက်ယောက်က မီးခြစ်လိုက်ရင် -
7:13 - 7:15တဟုန်းဟုန်း တောက်ရောလေ။
-
7:15 - 7:20ဒါပေမဲ့ ဒေါသက အင်ဂျင်လို၊ အင်ဂျင်ထဲမှာ
အားပြင်းတယ်၊ -
7:20 - 7:24ဒေါသကို အင်ဂျင်ထဲထည့်နိုင်ရင်၊
-
7:24 - 7:26ရှေ့ကို မောင်းပေးနိုင်တယ်လေ။
-
7:26 - 7:29ကြောက်စရာ ကာလတွေကို ဖြတ်ကျော်စေပြီး
-
7:29 - 7:33တကယ့်အတွင်းအားကို ပေးနိုင်တယ်လေ။
-
7:33 - 7:36ဒါကို နျူးကလီးယား လက်နက်
မူဝါဒချမှတ်သူတွေနဲ့ -
7:36 - 7:38လုပ်တဲ့ ကျွန်မ အလုပ်ထဲမှာ သင်ယူခဲ့တာပါ။
-
7:38 - 7:41အကြောင်းက အစမှာ ကျွန်မဟာ ဒါတွေက
ကျွန်မတို့ကို ထိတွေ့နေတဲ့ -
7:41 - 7:44အန္တရာယ်တွေ နာကြည်းလွန်းတော့
-
7:44 - 7:50ငြင်းခုံ၊ အပြစ်တင်ပြီး သူတို့ကို
မှားအောင်လုပ်တယ်လေ။ -
7:50 - 7:52လုံးဝကို မထိရောက်ဘူး။
-
7:52 - 7:56ပြောင်းလဲခြင်းအတွက် ဆွေးနွေးမှုတစ်ခုကို
တိုးတက်အောင်လုပ်ဖို့ရာမှာ -
7:56 - 7:58ကျွန်မတို့ရဲ့ ဒေါသကို ကိုင်တွယ်ဖို့လိုတယ်။
-
7:58 - 8:03ဒီဟာနဲ့ ဒေါသဖြစ်တာ ကိစ္စမရှိပါဘူး။
-
8:03 - 8:05ဒီကိစ္စမှာတော့ နျူးကလီးယား လက်နက်တွေပေါ့..
-
8:05 - 8:09ဒါပေမဲ့ လူတွေကို ဒေါသဖြစ်တာကျတော့
သုံးမရတော့ဘူးလေ။ -
8:09 - 8:11သူတို့တွေဟာ ကျွန်မတို့လို လူသားတွေပဲလေ။
-
8:11 - 8:14သူတို့ထင်တဲ့ အကောင်းဆုံးကို လုပ်နေတာပဲလေ။
-
8:14 - 8:18ဒါကတော့ သူတို့နဲ့ဆွေးနွေးဖို့ အခြေခံပါ။
-
8:18 - 8:21ဒီတော့ ဒါက တတိယ တစ်ခု၊ ဒေါသပါ။
-
8:21 - 8:22ဒါက ကျွန်မကို ယနေ့ လောကမှာ
-
8:22 - 8:25ဆက်ဖြစ်တာတွေရဲ့ (သို့) ဆက်ဖြစ်မယ်လို့
သိမြင်တဲ့ ချက်ကျရာဆီ -
8:25 - 8:26ခေါ်သွားတယ်။
-
8:26 - 8:30ဒါကတော့ ပြီးခဲ့တဲ့ ရာစုနှစ်ဟာ အာဏာကို
အထက်ကနေ အောက် ထိန်းချုပ်တာပါ။ -
8:30 - 8:35လူတွေကို ဘာလုပ်ဖို့ ပြောနေတဲ့
အစိုးရတွေ ရှိခဲ့တုန်းပါ။ -
8:35 - 8:37ဒီရာစုမှာတော့ အပြောင်းအလဲ ရှိတယ်။
-
8:37 - 8:41အောက်ကနေ အထက် (သို့) အခြေခံကျတဲ့ မာဏာပေါ့။
-
8:41 - 8:44ကွန်ကရစ်က ထိုးထွက်လာတဲ့ မှိုပွင့်လိုပေါ့။
-
8:44 - 8:51Bundy ခုနကပြောသလို
အပြောင်းလဲဖြစ်ထွန်းဖို့ -
8:51 - 8:53မိုင်တွေချီပြီး လူတွေကို
တွဲဆက်ထားသလိုပေါ့။ -
8:53 - 8:57Peace Direct အဖွဲ့ အစောကြီး သတိထားမိတာက
-
8:57 - 9:01အရမ်းကို ပြင်းထန်တဲ့ ပဋိပက္ခဖြစ်တဲ့
ဒေသက လူတွေဟာ -
9:01 - 9:03ဘာလုပ်ဖို့လိုတာ သိတယ်ဆိုတာပါ။
-
9:03 - 9:05ဘာကို အကောင်းဆုံး လုပ်ဖို့ဆိုတာ
သူတို့သိတယ်။ -
9:05 - 9:09ဒါနဲ့ Peace Direct က ဒါကိုလုပ်ဖို့
သူတို့နောက်က ရပ်တည်တယ်။ -
9:09 - 9:11သူတို့လုပ်နေတဲ့ အမျိုးအစားက
-
9:11 - 9:14စစ်မှုထမ်းကနေ နှုတ်ထွက်ခြင်း၊
-
9:14 - 9:17စီးပွားရေးကို ပြန်တည်ဆောက်ခြင်း၊
-
9:17 - 9:19ဒုက္ခသည်တွေကို ပြန်နေရာချခြင်း၊
-
9:19 - 9:24ကလေးစစ်သားတွေကို ပြန်လွှတ်ပေးတာတောင်ပါတယ်။
-
9:24 - 9:27ဒါကိုလုပ်ဖို့ နေ့တိုင်းနီးပါး
သူတို့ အသက်တွေကို -
9:27 - 9:30ရင်းဖို့ လိုပါတယ်။
-
9:30 - 9:34သူတို့ သဘောပေါက် ထားတာက
-
9:34 - 9:39သူတို့လုပ်ဆောင်တဲ့ အခြေအနေတွေမှာ
အကြမ်းဖက်နည်းကို သုံးတာဟာ -
9:39 - 9:44လူတွေ အချင်းချင်း ဆက်သွယ်၊ ပြန်လည်
-
9:44 - 9:46တည်ဆောက်တဲ့ နည်းတွေ သုံးတာထက်
-
9:46 - 9:52လူသားဆန်မှု နည်းပါးရုံမက
ထိရောက်မှုလည်း ပိုနည်းတယ် ဆိုတာပါ။ -
9:52 - 9:56ပြီးတော့ U.S စစ်တပ်ဟာ နောက်ဆုံးမှာ
-
9:56 - 10:03ဒါကို စတင်တော့မယ်လို့ ထင်မိတယ်။
-
10:03 - 10:06အခုလက်ရှိအထိ သူတို့ရဲ့
တန်ပြန် အကြမ်းဖက်မှုဟာ -
10:06 - 10:11ဘာဖြစ်နေနေ သောင်းကျန်းသူ
ဟူသမျှကို သတ်ဖို့ဖြစ်ကာ -
10:11 - 10:14လမ်းမှာ အရပ်သားတွေပါသွားရင်တော့
-
10:14 - 10:18"နှစ်ဦးနှစ်ဖက် ထိခိုက်မှုလို့ ရေးသားပါတယ်။
-
10:18 - 10:25ဒါဟာ အာဖဂန်နစ္စတန်ရဲ့ လူတွေအတွက်
-
10:25 - 10:27ဒေါသထွက်စရာ၊ အရှက်ရစရာ ဖြစ်လွန်းလို့
-
10:27 - 10:32အယ်ကေးဒါး တပ်သားသစ် စုစောင်းတာဟာ
အရမ်းလွယ် သွားစေတယ်လေ။ -
10:32 - 10:35ဥပမာ Koran ကျမ်းကို မီးရှို့တာကြောင့်
-
10:35 - 10:37လူတွေဟာ အရမ်း စက်ဆုပ်တဲ့အခါမှာပေါ့။
-
10:37 - 10:40ဒီတော့ စစ်သည်တွေကို လေ့ကျင့်ပေးတာ
ပြောင်းဖို့လိုပါတယ်။ -
10:40 - 10:45ပြောင်းလဲဖို့ အစပြုတဲ့ လက္ခဏာတွေ
ရှိနေတယ်လို့ ထင်ပါတယ်။ -
10:45 - 10:48ဒီမှာတော့ ဗြိတိသျှ စစ်တပ်က
အမြဲတမ်း အပုံကြီးသာပါတယ်။ -
10:48 - 10:54ဒါပေမဲ့ သူတို့အတွက် အချက်ပြတာယူဖို့
ကြီးကျယ်တဲ့ နမူနာတစ်ခု ရှိပြီး -
10:54 - 10:57ဒါကတော့ အရမ်းတော်တဲ့
Chris Hughes လို့ခေါ်တဲ့ -
10:57 - 10:59အမေရိကန် ဒုဗိုလ်မှုကြီးပါ။
-
10:59 - 11:03သူဟာ တကယ်တော့ အီရတ်က
Najaf ရဲ့လမ်းတွေပေါ်ကို -
11:03 - 11:05ဦးဆောင်နေတာဖြစ်ပြီး
-
11:05 - 11:10ဘေးတစ်ဘက် တစ်ချက် လမ်းတွေကနေ
ရုတ်တရက် လူတွေ ပြုံထွက်လာပြီး၊ -
11:10 - 11:15ဒေါသတကြီးနဲ့ အော်ဟစ်ကြကာ
-
11:15 - 11:19ပတ်ဝိုင်းလိုက်တယ်၊ အရမ်းထိတ်လန့်နေတဲ့
လူငယ် စစ်သည်တွေဟာ ဘာဆက်ဖြစ်မှာကို -
11:19 - 11:22မသိကြတော့ဘူး၊ အာရပ်စကားလည်း မပြောတတ်နဲ့လေ။
-
11:22 - 11:26ဒီတော့ Chris Hughes က လူအုပ်ထဲဝင်လာပြီး
-
11:26 - 11:30ခေါင်းပေါ်က လက်နက်ကို မြေကိုစိုက်ထားကာ
-
11:30 - 11:31ပြောတာက "ဒူးထောက်လိုက်ကြ"တဲ့။
-
11:31 - 11:34ဒါနဲ့ ကျောပိုးအိတ်တွေ၊ ကျည်ကာတွေနဲ့
-
11:34 - 11:37စစ်သားကြီးတွေဟာ
-
11:37 - 11:41မြေကြီးပေါ်မှာ ဒယီးဒယိုင်ဖြစ်သွားတယ်။
-
11:41 - 11:47နောက် ပကတိ တိတ်ဆိတ်သွားတယ်။
-
11:47 - 11:50၂ မိနစ်လောက်အကြာမှာတော့
-
11:50 - 11:54လူတွေအသီးသီးဟာ ဘေးကို ရှဲသွားကာ
အိမ်ပြန်သွားကြတယ်။ -
11:54 - 12:00ဒါက ကျွန်မအတွက်တော့ ပညာသားပါတဲ့
လုပ်ဆောင်ချက်ပါ။ -
12:00 - 12:04အခိုက်အတန့်အတွင်းမှာ သူလုပ်ခဲ့တာပါ။
-
12:04 - 12:10အခုတော့ ဒါဟာ နေရာတိုင်းမှာ
ဖြစ်နေပါတယ်။ -
12:10 - 12:12ကျွန်မပြောတာ မယုံဘူးလား။
-
12:12 - 12:15လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်မှာ ဘာဖြစ်လို့
-
12:15 - 12:20များပြားလှတဲ့ အာဏာရှင်စနစ်တွေ
ပြိုလဲကုန်တာလဲလို့ -
12:20 - 12:23ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ဖူးလား။
-
12:23 - 12:28အာဏာရှင် စနစ်တွေဖြစ်တဲ့
ချက်ကိုစလိုဗေးကီးယား၊ အရှေ့ဂျာမဏီ၊ -
12:28 - 12:32အက်စတိုးနီးယား၊ လတ်ဗီယား၊ လီသူးယေးနီးယား၊
-
12:32 - 12:35မာလီ၊ မာဒါဂါးစကား၊
-
12:35 - 12:39ပိုလန်၊ ဖိလစ်ပိုင်
-
12:39 - 12:44ဆားဗီယား၊ စလိုဗေးနီးယား
ဆက်ပြောလို့ရသေးတယ်၊ -
12:44 - 12:49ပြီးတော့ အခုတူနီးရှားနဲ့ အီဂျစ်
နိုင်ငံတွေပါ။ -
12:49 - 12:53ပြီးတော့ မဖြစ်သေးတာ ရှိသေးတယ်။
-
12:53 - 12:56အများစုဟာ ဘော့စ်တွန်က
အသက် ၈၀ အဖိုးအို -
12:56 - 13:00Gene Sharp ရေးသားတဲ့
စာအုပ်တစ်အုပ်ကြောင့်ပါ။ -
13:00 - 13:04သူက "အာဏာရှင်စနစ်မှသည် ဒီမိုကရေစီသို့"
လို့ခေါ်တဲ့ အကြမ်းမဖက်တဲ့နည်း -
13:04 - 13:10၈၁ နည်း ပါတဲ့စာအုပ်တစ်အုပ် ရေးခဲ့တယ်။
-
13:10 - 13:12ဒါကို ဘာသာပေါင်း ၂၅ ဘာသာခုနဲ့ ပြန်ဆိုပြီး
-
13:12 - 13:14ကမ္ဘာတစ်လွှား ပြန့်နှံ့သွားတယ်။
-
13:14 - 13:21ဒါကို နေရာတိုင်းက လူကြီး၊ လူငယ်
မရွေး အသုံးပြုကြတယ်။ -
13:21 - 13:26အကြောင်းက ဒါက အလုပ်ဖြစ်ပြီး ထိရောက်လို့ပါ။
-
13:26 - 13:31ဒီတော့ ဒါက ကျွန်မကို မျှော်လင့်ချက်
ပေးတဲ့ အရာပါ။ -
13:31 - 13:35မျှော်လင့်ချက်တင်မဟုတ်ဘူး၊ အခုဖြစ်နေတဲ့
အရမ်း အကောင်းမြင်မှုကိုလည်းပေးပါတယ်။ -
13:35 - 13:39အကြောင်းက နောက်ဆုံး လူသားတွေ
ဟာ ဒါကို ရလာနေလို့ပါ။ -
13:39 - 13:46ကျွန်မရဲ့ မေးခွန်းကိုဖြေဖို့
လက်တွေ့ကျတဲ့၊ ဆောင်ရွက်လို့ရတဲ့ -
13:46 - 13:48နည်းနာတွေကို ရနေပါတယ်။
-
13:48 - 13:54အနိုင်ကျင့်သူတစ်ယောက်ကို လူရမ်းကား
ဖြစ်မလာစေပဲ ဘယ်လို ရင်ဆိုင်မလဲ။ -
13:54 - 13:59ကျွန်မ အနှစ်ချုပ်ထားတဲ့ ကျွမ်းကျင်မှု
တွေကို သုံးနေပါတယ်။ -
13:59 - 14:02အတွင်းအား၊ ကိုယ့်ကိုယ်ကို သိစေခြင်းကရတဲ့
အတွင်းအားဖွံ့ဖြိုးမှု၊ -
14:02 - 14:06ကိုယ့်ရဲ့ ကြောက်စိတ်ကို
အသိအမှတ်ပြုပြီး ဒါနဲ့ အလုပ်လုပ်ဖို့၊ -
14:06 - 14:10ဒေါသကို လောင်စာအဖြစ် သုံးဖို့၊
-
14:10 - 14:12သူများတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊
-
14:12 - 14:14သူများတွေနဲ့ အတူတကွ စုရုံးကြဖို့၊
-
14:14 - 14:16သတ္တိရှိဖို့နဲ့
-
14:16 - 14:23အရေးအကြီးဆုံးက တက်ကြွတဲ့
အကြမ်းမဖက်ရေးကို ကျင့်သုံးဖို့ပါ။ -
14:23 - 14:27အခုတော့ အကြမ်းမဖက်ရေးဆိုတာကို
ယုံကြည်တာတင် မဟုတ်ပဲ -
14:27 - 14:30ယုံတယ်လို့ကို မဆိုရလောက်အောင် ဖြစ်နေပါတယ်။
-
14:30 - 14:34ဒါက နေရာတိုင်းမှာ ဘယ်လို အလုပ်
ဖြစ်တယ် ဆိုတဲ့သက်သေကို မြင်ရပါတယ်။ -
14:34 - 14:40နောက်ပြီး ကျွန်မတို့ သာမန်လူတွေဟာ
-
14:40 - 14:46အောင်ဆန်းစုကြည်၊ ဂန္ဓီနဲ့ မန်ဒဲလ်လားတို့
လုပ်ခဲ့သလို လုပ်နိုင်ပါတယ်။ -
14:46 - 14:49သွေးစွန်းမှု အများဆုံးလို့ လူတွေသိတဲ့
-
14:49 - 14:54ရာစုနှစ်ကို အဆုံးသတ်နိုင်ပါတယ်။
-
14:54 - 15:02ကျွန်မတို့ နှလုံးသားတွေကို
ဖွင့်လိုက်ကြရင်းနဲ့ ဖိနှိပ်မှုကို -
15:02 - 15:04ကျော်လွှားဖို့ စုစည်းနိုင်ပါတယ်။
-
15:04 - 15:10ဒီ မယုံနိုင်လောက်စရာ သန္နိဋ္ဌာန်ကိုလည်း
ခိုင်မာအောင်လုပ်ရင်းပေါ့။ -
15:10 - 15:15ဒီနှလုံးသားပွင့်လင်းမှုဟာ မနေ့က ဒီကိုရောက်
ကတည်းက ဒီစုရုံးနေတဲ့ အဖွဲ့အစည်းတစ်ခုလုံး -
15:15 - 15:19အတွင်းမှာ ကျွန်မတွေ့ကြုံခံစားရတာနဲ့
ထပ်တူထပ်မျှပါပဲ ရှင်။ -
15:19 - 15:21ကျေးဇူးတင်ပါတယ်။
-
15:21 - 15:26(လက်ခုပ်သံများ)
- Title:
- အကြမ်းမဖက်တဲ့နည်းဖြင့် တိုက်ခိုက်ခြင်း
- Speaker:
- Scilla Elworthy
- Description:
-
အနိုင်ကျင့်သူတစ်ယောက်ကို လူရမ်းကား ဖြစ်မလာစေပဲ ဘယ်လို ရင်ဆိုင်မလဲ။ ပညာသားပါပြီး ခံစားချက်ပါတဲ့ ဒီဟောပြောချက်ထဲမှာ ငြိမ်းချမ်းရေး လှုပ်ရှားသူ Scilla Elworthy ကနေပြီး ကျွန်တော်တို့တွေ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို ပုံစံထုတ်ပြထားပါတယ်။ နိုင်ငံများ အနေနဲ့ရော တစ်ဦးချင်း အနေနဲ့ပါ အင်မတန် ပြင်းထန်တဲ့ အင်အားကို တန်ပြန်အင်အားမသုံးပဲနဲ့ တိုက်ခိုက်ဖို့ပါ။ အကြမ်း မဖက်တဲ့နည်းဟာ ဘာကြောင့်၊ ဘယ်လိုပုံ အလုပ်လုပ်တယ်ဆိုတာကို ဖြေဆိုဖို့ သူမဟာ သမိုင်းဝင် သူရဲကောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ မဟတ္တမ ဂန္ဒီ၊ နယ်လ်ဆင် မန်ဒဲလား တို့ကို သူတို့ရဲ့ ငြိမ်းချမ်းတဲ့ ဆန့်ကျင်မှုတွေကို မောင်းနှင်ပေးတဲ့ ကိုယ်ရေးဆိုင်ရာ ဒဿနတွေကို သတိရစေလိုက်ပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 15:47
Myo Aung approved Burmese subtitles for Fighting with non-violence | ||
Myo Aung edited Burmese subtitles for Fighting with non-violence | ||
Myo Aung edited Burmese subtitles for Fighting with non-violence | ||
Myo Aung edited Burmese subtitles for Fighting with non-violence | ||
Myo Aung accepted Burmese subtitles for Fighting with non-violence | ||
Myo Aung edited Burmese subtitles for Fighting with non-violence | ||
Myo Aung edited Burmese subtitles for Fighting with non-violence | ||
sann tint edited Burmese subtitles for Fighting with non-violence |