မိခင်နို့အကြောင်း ကျွန်ုပ်တို့ မသိတာတွေ
-
0:01 - 0:04မိခင်နို့ဖြင့် တိုက်ကျွေးမှုဟာ အခမဲ့
ဆိုတာ ရှင်တို့ ကြားဖူးရဲ့လား။ -
0:05 - 0:06(ရယ်မောသံများ)
-
0:06 - 0:09ဟုတ်ကဲ့၊ အဲဒါ စိတ်ဝင်စားစရာပါပဲ၊
-
0:09 - 0:14မိခင်ရဲ့ အချိန်နဲ့ စွမ်းအင်ကို ကျွန်ပ်တို့
တန်ဖိုးမထားဘူးဆိုရင် အခမဲ့ပေါ့လေ။ -
0:15 - 0:20ဘယ်မိခင်ဟာမဆို၊ သူမကိုယ်ထဲမှာ နို့ရည်
ထုတ်လုပ်ပေးရန် အချိန်နဲ့ စွမ်းအင်တွေကို -
0:20 - 0:22ဘယ်လောက် သုံးရမှန်း ပြောပြနိုင်ပါတယ်--
-
0:22 - 0:24ကိုယ့်ကိုကိုယ် အရည်ဖျော်ပေးရတာပါ--
-
0:24 - 0:26(ရယ်မောသံများ)
-
0:26 - 0:29နုနယ်သေးတဲ့ ကလေးကို
တိုက်ကျွေးဖို့ အတွက်ပါ။ -
0:29 - 0:31(ရယ်မောသံများ)
-
0:31 - 0:34နို့တိုက်သတ္တဝါမှန်ရင်
နို့ကို စို့ကြရပါတယ်။ -
0:35 - 0:37Arizona State University တွင်
-
0:37 - 0:39Comparative Lactation Lab မှာ
-
0:39 - 0:42ကျွန်မဟာ မိခင်နို့ရဲ့ ရှုပ်ထွေးမှုကို
နားလည်နိုင်ရန်နဲ့ -
0:42 - 0:45၎င်းက ကလေးရဲ့ ဖွံ့ဖြိုးမှုကို
အကျိုးပြုပေးပုံကို နားလည်ရန် -
0:45 - 0:47မိခင်နို့အား ဖွဲ့စည်းပါဝင်မှုကို
ဖေါ်ထုတ်နေသူပါ။ -
0:49 - 0:51အရေးကြီးဆုံး ကျွန်မ နားလည်လိုက်ရတာက
-
0:52 - 0:57မိခင်နဲ့ ကလေးတွေကို ကူညီဖို့ ကျွန်ုပ်တို့
လုပ်ပေးတာ မလုံလောက်တာကိုပါ။ -
0:57 - 1:00မိခင်များနဲ့ ကလေးတွေရှေ့မှာ ကျွန်မတို့
တာဝန် မကျေရင်၊ -
1:00 - 1:03ကျွန်မတို့ဟာ မိခင်နဲ့ ကလေးတွေကို
ချစ်ကြသူတို့ အားလုံး၊ -
1:04 - 1:07ဖခင်များ၊ လုပ်ဘက်များ၊ အဖိုးအဖွားများ၊
အဒေါ်များ၊ မိတ်ဆွေများ၊ -
1:07 - 1:11ဆွေမျိုးရင်းခြား စသဖြင့် လူမှုကွန်ရက်ထဲ
ပါဝင်ကြသူတို့ရှေ့မှာ တာဝန်မကျေမှုပါပဲ။ -
1:12 - 1:17ဖြေရှင်းနည်း ရိုးရိုးတွေ၊ ကြွေးကြော်ချက်
ရိုးရိုးလေးတွေကို စွန့်ပစ်လျက် အသေးစိတ် -
1:17 - 1:19အချက်တွေကို စဉ်းစားရမယ့် အချိန်ပါ။
-
1:20 - 1:22အဲဒီ အသေးစိတ်ကလေးကိုမှ ကျွန်မာ
-
1:22 - 1:25စောစီးစွာ နားလည်မိတာ သိပ်ကို
ကံကောင်းခဲ့တယ်၊ -
1:25 - 1:28သတင်းစာဆရာနဲ့ ပြုလုပ်ခဲ့တဲ့
အင်တာဗျူးမှာ -
1:29 - 1:30မေးခံလိုက်ရတာက၊
-
1:30 - 1:33“မိခင်ဟာ သူ့ကလေးကို ဘယ်လောက်ကြာ
နို့တိုက်သင့်ပါသလဲ။” -
1:36 - 1:40သူမေးလိုက်တဲ့ထဲက “သင့်သလဲ” ဆိုတဲ့
စကားလုံးက ကျွန်မကို စဉ်းစားလာစေခဲ့တယ်။ -
1:41 - 1:45မိခင် အနေနဲ့ သူ့ကလေးကို ဘာလုပ်သင့်တယ်
ဆိုတာကို ကျွန်မ ဘယ်တော့မှ မပြောနိုင်ပါ။ -
1:47 - 1:49မိခင်နို့ဟာ အစားအစာ၊ ဆေးဝါး နဲ့
-
1:49 - 1:53အချက်ပြမှု ဖြစ်လို့ ကလေးဟာ အသက်ရှင်
ရပ်တည်လာနိုင်တာပါ။ -
1:53 - 1:54နို့စို့ ကလေးငယ်များအတွက်
-
1:55 - 1:56မိခင်နို့ဟာ လိုတာအားလုံးပါတဲ့
ဓာတ်စာပါပဲ၊ -
1:56 - 1:59ကလေးခန္ဓာကိုယ် အတွက် လိုအပ်တဲ့
ဆောက်လုပ်ရေး ဘလောက်တွေ၊ -
1:59 - 2:00ဦးနှောက်ကို ပုံသွင်းဖို့ နဲ့
-
2:00 - 2:03လှုပ်ရှားမှုတွေကို ဖြည့်ဆည်းပေးဖို့
လိုတာကို ပေးပါတယ်။ -
2:03 - 2:06ပြီးတော့ မိခင်နို့ဟာ ကလေးရဲ့
အူမထဲမှာ နေထိုင်ကြတဲ့ -
2:06 - 2:08ပိုးမွှားတွေကိုလည်း အစာကျွေးပေးသေးတယ်။
-
2:08 - 2:11မိခင်တွေဟာ နှစ်ယောက်စာ
စားသောက်နေကြရုံသာမက၊ -
2:11 - 2:13သူတို့ဟာ နှစ်ဦးမှ ထရီလီယံများ
အတွက် စားကြရတာပါ။ -
2:14 - 2:18ရောဂါဖြစ်စေတဲ့ အရာများအား တိုက်ခိုက်ရေး
ကိုယ်ခံအားကိုလည်း မိခင်နို့က ပေးတယ်၊ -
2:19 - 2:24မိခင်နို့ဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကို
လမ်းညွှန် ပေးတဲ့ ဟော်မုန်းကိုလည်း စီမံတယ်။ -
2:24 - 2:26ဒါပေမဲ့ မကြာမီ နှစ်များတွင်း
-
2:26 - 2:28ကျွန်မတို့ဟာ နို့ကို အလကား
ရသလို မြင်လာကြတယ်။ -
2:28 - 2:31ကျွန်မတို့ရဲ့ တနည်းတဖုံ ပြောင်းလာခဲ့တယ်။
-
2:31 - 2:37ပုံမှန်၊ မွှောထားတာ၊ ပိုးသတ်ထားတာ၊
ထုပ်ထားတာ၊ အမှုန့်လုပ်ထားတာ၊ -
2:37 - 2:40အနံ့ထည့်ထားတာ၊ ဖေါ်မြူလာနဲ့ လုပ်ထားတာ
ဆိုပြီး ခေါ်ဝေါ်လာကြတယ်။ -
2:40 - 2:43ကျွန်မတို့ဟာ လူသားရဲ့ ကောင်းကျိုးဖြစ်တဲ့
နို့ကို စွန့်ပစ်လိုက်ကြကာ -
2:43 - 2:45အခြားအရာတွေကို ဦးစားပေး လေ့လာလာကြတယ်။
-
2:47 - 2:48Washington DC ရှိတဲ့
-
2:48 - 2:50National Institutes of Health မှာ
-
2:50 - 2:52ဆောင်းပါးပေါင်း ၂၅ သန်းရှိနေတဲ့
-
2:53 - 2:55National Library of Medicine ထဲတွင်၊
-
2:55 - 3:00အသက်ရှင်မှု သိပ္ပံပညာနဲ့ ဇီဝကျန်းမာရေး
သုတေသနများထဲ ရောက်ရှိနေကြတယ်။ -
3:00 - 3:03အဲဒီ ဒေတာဘေ့စ်ကို ရှာကြည့်ရန်
သော့ချက် စကားလုံးတွေကို သုံးနိုင်တယ်၊ -
3:03 - 3:05ကျွန်မတို့ အဲဒီလို လုပ်ကြည့်ရင်၊
-
3:05 - 3:08ကိုယ်ဝန် အကြောင်း ဆောင်းပါး
တစ်သန်းခန့် တွေ့မြင်ကြရမယ်၊ -
3:09 - 3:12ဒါပေမဲ့ မိခင်နို့နဲ့ နို့ရည်လိုက်ခြင်း
အကြောင်းကျတော့ နည်းပါတယ်။ -
3:13 - 3:17ကျွန်မတို့က မိခင်နို့ အကြောင်း ဆောင်းပါး
အရေအတွက် လေ့လာကြည့်မယ်ဆိုရင်၊ -
3:17 - 3:22ကော်ဖီ၊ ဝိုင်အရက် နဲ့ ခရမ်းချဉ်သီး
အကြောင်းကို ကျွန်မ ပိုသိတာ တွေ့နိုင်တယ်။ -
3:22 - 3:23(ရယ်မောသံများ)
-
3:25 - 3:28ယောက်ျားအင်္ဂါ မတောင့်ရခြင်း အကြောင်းကို
နှစ်ဆလောက် ပိုသိနေကြတယ်။ -
3:28 - 3:30(ရယ်မောသံများ)
-
3:32 - 3:35အဲဒီအကြောင်းတွေကို မသိသင့်ဘူးလို့
ကျွန်မ မဆိုလိုချင်ပါ-- -
3:35 - 3:38သိပ္ပံပညာရှင် တစ်ဦးအနေနဲ့ အားလုံးကို
သိသင့်တယ်လို့ ယူဆပါတယ်။ -
3:38 - 3:40ဒါပေမဲ့ မိခင်နို့ အကြောင်းကို ဒီလောက်
-
3:40 - 3:42(ရယ်မောသံများ)
-
3:42 - 3:43ဒီလောက်နည်းပြီး သိခြင်းဟာ--
-
3:43 - 3:46မွေးခါစ နို့တိုက်သတ္တဝါ ဦးစွာ စားသုံးရတဲ့
ပထမံ အရည် အကြောင်း သိမှုဟာ -
3:46 - 3:48ကျွန်မတို့အတွက် မကျေနပ်စရာကြီးပါ။
-
3:48 - 3:52ခြုံပြောရရင်၊ အမျိုးသမီး ၁၀ ဦးမှာ ၉ ဦးဟာ
တစ်သက်မှာ အနည်းဆုံး ကလေး တစ်ယောက် မွေးတယ်။ -
3:52 - 3:57ဒီတော့ နှစ်စဉ်တိုင်း ကလေး ၁၃၀ သန်း
မွေးနေတဲ့ သဘောပါပဲ။ -
3:57 - 4:01အဲဒီ မိခင်များနဲ့ ကလေးများကို အကောင်းဆုံး
သိပ္ပံပညာရှင်များက လုပ်ကျွေးရမယ်။ -
4:01 - 4:05မကြာမီက သိလာရတဲ့ သုတေသနများအရ
မိခင်နို့ဟာ ခန္ဓာကို ကြီးထွားစေရုံသမာက၊ -
4:05 - 4:08အာရုံကြော ဖွံ့ဖြိုးမှုကိုပါ
ပုံသွင်းပေးလျက် အားအင် ဖြည့်တင်းပေးတယ်။ -
4:09 - 4:12၂၀၁၅ ခုနှစ်တွင် သုတေသီများက
-
4:12 - 4:15မိခင်နို့နဲ့ ကလေးရဲ့ တံတွေးဟာ၊
အထူးသဖြင့် -
4:15 - 4:17ကလေးရဲ့ တံတွေးဟာ
-
4:17 - 4:21ဓာတုပြုမှုကို ဖန်တီးပေးကာ hydrogen
peroxide ကို ထုတ်ပေးခြင်းဖြင့် အဆိပ်သင့် -
4:21 - 4:23ပိုးတွေကို သတ်ပစ်နိုင်တာ တွေ့ခဲ့တယ်။
-
4:23 - 4:26လူတွေနဲ့ အခြားနို့တိုက် သတ္တဝါတွေကို
လေ့လာမှုများမှ -
4:26 - 4:29သားအတွက် ဒါမှမဟုတ် သမီးအတွက်
ထုတ်လွှတ်ပေးတဲ့ နို့ရဲ့ ဖေါ်မြူလာဟာ -
4:30 - 4:33မတူကွဲပြားနိုင်တာကို သိရှိလာကြရပါတယ်။
-
4:33 - 4:37မွေးခါစ ကလေးတွေကို အပြင်းအထန်
ကုသပေးရတဲ့ ဌာနမှာ သုံးတဲ့ အလှူရှင်နို့ -
4:37 - 4:39ဒါမှမဟုတ် ဆိုင်တွေမှာ ရောင်းတဲ့
ဖေါ်မြူလာနို့ကျတော့ -
4:39 - 4:42အားလုံးအတွက် တစ်ပုံစံတည်းပါ။
-
4:42 - 4:46ယောက်ျားလေးတွေ၊ မိန်းကလေးတွေ မတူညီတဲ့
နှုန်းဖြင့် ဒါမှမဟုတ် မတူကွဲပြားစွာ -
4:46 - 4:47ကြီးထွားလာနိုင်တာကို
-
4:47 - 4:49မိခင်နို့က အဲဒါကို ညှိပေးပုံရတယ်။
-
4:50 - 4:52မိခင်ဆီမှာ အဲဒီလို အချက်ပေးမှု ရှိပြီး
-
4:52 - 4:56မိခင် အများစုတို့ဟာ ကလေးတွေကို
နို့တိုက်လိုကြပါတယ်၊ -
4:56 - 4:58ဒါပေမဲ့ တော်တော်များများက နို့တိုက်ရေး
ပန်းတိုင် မမှီကြပါ။ -
5:00 - 5:02အဲဒါဟာ သူတို့ရဲ့ အပြစ်မဟုတ်ပါ၊
-
5:02 - 5:03ကျွန်မတို့ရဲ့ အပြစ်ပါ။
-
5:04 - 5:08ဝလွန်းခြင်း၊ အင်ဒိုခရိုင်း ပြဿနာများ၊
-
5:08 - 5:10ဗိုက်ခွဲမွေးခြင်း နဲ့ အချိန်စော မွေးခြင်း
-
5:10 - 5:13အများသိ ကျန်းမာရေး အခြေအနေများဟာ
နို့ရည်ရဲ့ ဇီဝသဘောကို ထိခိုက်စေနိုင်တယ်။ -
5:13 - 5:17ပြီးတော့ အမျိုးသမီး အများအပြားထံတွင်
အားကိုးလို့ရတဲ့ ဆေးကုခန်း အကူအညီ မရှိပါ။ -
5:18 - 5:19လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက
-
5:19 - 5:23ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့
UNICEF တို့က ဆေးရုံတွေ -
5:23 - 5:25ကလေးအတွက် အဆင်ပြေမှုရှိရန်
သတ်မှတ်ချက်တွေကို ချမှတ်ခဲ့တယ်။ -
5:25 - 5:29မိခင်နဲ့ကလေးတို့ သံယောဇဉ် ခိုင်မြဲလာရေးကို
ကလေးနို့တိုက်ပေးရေးကို ထောက်ကူပေးမယ့် -
5:29 - 5:31အခြေအနေများ ပြဌာန်းခဲ့တယ်။
-
5:31 - 5:35ဒီနေ့တွင် အမေရိက ပြည်ထောင်စုမှာ မွေးတဲ့
ကလေး ငါးဦးထဲက တစ်ဦးသာလျှင် -
5:35 - 5:37အဲဒီလို ကလေးကို တန်ဖိုးထားတဲ့
ဆေးရုံမှာ မွေးတာပါ။ -
5:39 - 5:40အဲဒါကမှ ပြဿနာကြီးပါ၊
-
5:40 - 5:43မိခင်များဟာ နို့ရည် တိုက်နေရတဲ့
မိနစ်များ၊ နာရီများ၊ နေ့များမှာ -
5:43 - 5:47ပြဿနာတွေ များစွာကို ရင်ဆိုင်နေကြရတာပါ။
-
5:47 - 5:50သူတို့ဟာ နို့ရည် မှန်မှန် ထွက်လာရေးကို
ရုန်းကန်းရတယ်၊ -
5:50 - 5:51နာကျင်မှု၊
-
5:51 - 5:52နို့ရည်ကို ညှစ်ထုတ်ပေးရန်
-
5:52 - 5:55နို့တိုက်ရခြင်းရဲ့ သဘာဝကို
နားလည်ဖို့ မလွယ်ပါ။ -
5:55 - 5:59အဲဒီမိခင်များဟာ ပညာသားပါပါ
အကူအညီတွေကို အဲဒီဖြစ်စဉ်များကို -
6:00 - 6:02သိနားလည်ကြတဲ့ ဝန်ထမ်းများထံမှ
ရထိုက်ပါတယ်။ -
6:02 - 6:06မိခင်တွေဟာ အဲဒီလို ပြဿနာတွေကို
ရုန်းကန်ရင်း ငိုသံပါတဲ့ အသံနဲ့ -
6:07 - 6:09ကျွန်မကို ဖုန်းခေါ် ပြောပြကြပါတယ်။
-
6:11 - 6:13“ဘာမှ လုပ်လို့ မရဘူး။
-
6:13 - 6:16သဘာဝ အလျောက် ဒါကို ကျွန်မ
လုပ်တတ်ရမယ် ထင်ရတယ်။ -
6:16 - 6:17ဘာဖြစ်လို့ မရတာလဲ။”
-
6:18 - 6:21တစ်ခုခုဟာ ရှေးခေတ်ကတည်းက
ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာခဲ့လို့ -
6:22 - 6:25အဲဒါလွယ်တယ် ဒါမှမဟုတ် ကျွန်မတို့
တော်ကြရမယ်လို့ ပြောမရနိုင်ပါ။ -
6:26 - 6:28အလားတူ ရှေးခေတ်က ဆင့်ကဲဖြစ်ပျက်လတာ
နောက်တစ်ခုကို သိလား။ -
6:28 - 6:31(ရယ်မောသံများ)
-
6:32 - 6:33လိင်စပ်ယှက်မှုပေါ့။
-
6:34 - 6:36အဲဒီမှာလည်း ကျွန်မတို့ အားလုံး တော်မယ်
လုံးဝ မျှော်လင့် မရပါ။ -
6:36 - 6:39(ရယ်မောသံများ)
-
6:39 - 6:44ဆေးကုဝန်ထမ်းတွေဟာ နို့ထွက်ရေးကို
ကလေးအား တို့တိုက်ရေးကို ဘယ်လိုနည်းနဲ့ -
6:44 - 6:46အကောင်းဆုံး ကူညီပေးရမှာကို ဆက်တိုက်
-
6:46 - 6:49သင်ယူထားမှသာ ထိုက်တန်စွာ
ကူညီပေးနိုင်ကြတာပါ။ -
6:50 - 6:52အဲဒီလို အဆက်မပြတ်
ပညာသင်ယူမှု စည်းရုံးပေးရန်၊ -
6:52 - 6:55ကျွန်မတို့ဟာ သက်ရှိဘဝ နဲ့ လူမှုရေး
သိပ္ပံပညာဆိုင်ရာ -
6:55 - 6:58သုတေသနတွေထဲမှာ အဲဒါကို
နှစ်မြှုပ်ထည့်သွင်းပေးရန် လိုတယ်၊ -
6:58 - 6:59မကြာခဏဆိုသလို
-
6:59 - 7:01သမိုင်းလာ အနာတရဖြစ်မှုနဲ့
-
7:02 - 7:05အကြွင်းမဲ့ ခံယူချက်များဟာ
မိခင်သစ် နဲ့ သူမအား ဆေးကုပေးကြသူတို့ -
7:05 - 7:09အကြားမှာ နေရာယူ ဟန့်တားနေတတ်လို့ပါ။
-
7:10 - 7:11လူရဲ့ခန္ဓာကိုယ်ဟာ နိုင်ငံရေးပါ။
-
7:13 - 7:16မိခင်နို့တိုက်မှုအား ကူညီပေးမှု
နေရာတိုင်းမှာ မရှိလျှင် -
7:16 - 7:18အဲဒါဟာ မကောင်းနိုင်တော့ပါ။
-
7:19 - 7:22ပြီးတော့ အမေရိကန် ပြည်ထောင်စုလို
နိုင်ငံမှာ သားဖွားခွင့် -
7:22 - 7:27မရှိဘူးဆိုတာ့ မိခင်တွေ အလုပ်ကို
ပြန်ဆင်းဖို့ ရှိနေတာလည်း ထည့်တွက်ရမယ်။ -
7:27 - 7:31မိခင်များဟာ ကလေးကို မွေးပြီးလို့ ရက်ပိုင်း
အတွင်းမှာကို အလုပ်ပြန်ဆင်းဖို့ လိုတတ်တယ်။ -
7:32 - 7:36ကျွန်မတို့က မိခင်များအား နို့တိုက်ကြရန်
အားပေး တိုက်တွန်းနေကြပေမဲ့ -
7:36 - 7:39မိခင်နဲ့ကလေး အကြား ခိုင်မာတဲ့ သံယောဇဉ်
ချိတ်တွယ်လာဖို့အတွက် -
7:39 - 7:42ကလေးတွေကို မိခင်မှ နို့တိုက်နိုင်ကြဖို့
ပံ့ပိုး ကူညီမှုတွေ -
7:42 - 7:45လုပ်ငန်းဆောင်တာတွေကို
စည်းရုံးမပေးကြရင် -
7:45 - 7:46ဘာများ အဓိပ္ပါယ် ရှိနိုင်မလဲ။
-
7:47 - 7:49ဘယ်လိုမှ အဓိပ္ပါယ် မရှိနိုင်ပါ။
-
7:51 - 7:53ဥပဒေပြု အမတ်တွေ နဲ့ သူတို့ကို ရွေးပေးကြတဲ့
-
7:53 - 7:55ရှင်တို့လို မဲပေးကြသူတွေကို
ကျွန်မ မေးလိုပါတယ်။ -
7:55 - 8:00အလုပ်နေရာကို ဖန်တီးပေးကြသူတွေ၊
အလုပ်သမား စည်းကမ်းတွေကို ဆွေးနွေးသူတွေ၊ -
8:00 - 8:03အလုပ်သမားတွေ နဲ့ အစုရှင်တွေကို
ကျွန်မ မေးလိုပါတယ်။ -
8:03 - 8:07ကျွန်မတို့ အားလုံးဟာ လူ့အဖွဲ့အစည်းထဲက
ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် တာဝန်ရှိပြီး -
8:07 - 8:10အဲဒါကို လက်လှမ်းမှီရန် အားလုံး
ပါဝင်ရမယ့် အခန်းကဏ္ဍတွေ ရှိတယ်။ -
8:11 - 8:14မိခင်နို့တိုက်မှုဟာ လူသားရဲ့ ကျန်းမာရေး
မြှင့်တင်မှု တစ်ပိုင်းပါ။ -
8:15 - 8:19NICU တွင်၊ ကလေးဟာ စောပြီး မွေးခဲ့မယ်
ဒါမှမဟုတ် ဒဏ်ရာ၇ထားတယ်၊ -
8:19 - 8:23မိခင်နို့ ဒါမှမဟုတ် အစားထိုးနိုင်မယ့်
ဇီဝတက်ကြွတဲ့ အစားအဟာ သိပ်အရေးကြီးတယ်။ -
8:23 - 8:25ကူးစက်ရောဂါ ဖြစ်ပွားနိုင်မယ့်
-
8:25 - 8:28အန္တရာယ်များ ရှိတဲ့ ပတ်ဝန်းကျင် သို့မဟုတ်
ဂေဟာ စနစ်ထဲတွင် -
8:28 - 8:30မိခင်နို့ဟာ အထူးတလည် ကာကွယ်
ပေးနိုင်စွမ်း ရှိပါတယ်။ -
8:31 - 8:34မုန်တိုင်း နဲ့ မြေငလျင်တို့လို
အရေးပေါ် အခြေအနေမျိုးမှာ၊ -
8:34 - 8:36လျှပ်စစ် မီး ပြတ်တောက်နေရင်၊
-
8:36 - 8:38သောက်သုံးနိုင်တဲ့ ရေ မရှိတဲ့ အခါမျိုးမှာ၊
-
8:38 - 8:40မိခင်နို့ဖြင့် ကလေးတွေကို တိုက်ကျွေးကါ
ရေဓာတ်ရှိစေနိုင်တယ်။ -
8:42 - 8:45ပြီးတော့ လူသားတစ်ရပ်လုံးဆိုင်ရာ
အကြပ်အတည်းများထဲမှာ -
8:45 - 8:47စစ်မက်ဇုံတွေမှ မိခင်တွေ
ပြေးရှောင်နေရချိန်မှာ -
8:48 - 8:54အစက်အနည်းငယ်မျှသော မိခင်နို့ဟာ
ကလေးတွေကို ကပ်ဘေးမှ ကယ်ပေးနိုင်တယ်။ -
8:55 - 9:00မိခင်နို့ကို သိရှိနားလည်ရာတွင်
မိခင်များနဲ့ မူဝါဒ ချမှတ်ပေးကြသူတို့အား -
9:00 - 9:02အသိပေးခြင်းနဲ့တင် မပြီးနိုင်ပါ။
-
9:02 - 9:05မိခင်နို့ဖြင့် တိုက်နိုင်စွမ်း မရှိကြတဲ့
ဒါမှမဟုတ် မတိုက်နိုင်ကြတဲ့ -
9:05 - 9:08မိခင်များအတွက် အကောင်းဆုံး
ဖေါ်မြူလာများကို ထုတ်လုပ် -
9:08 - 9:12ပေးနိုင်ရန် မိခင်နို့ထဲမှာ အရေးကြီးတဲ့
အချက်ကဘာလဲကို နားလည်ရန် လိုသေးတယ်။ -
9:12 - 9:15မတူကွဲပြားကြတဲ့ မိခင်များအား
နည်းလမ်း အမျိုးမျိုးဖြင့် ကလေးတွေကို -
9:15 - 9:18မွေးထုတ်ကြရာတွင် ကူညီပေးနိုင်ရန်
ကျွန်မတို့ လုပ်ပေးနိုင်တဲ့ -
9:18 - 9:19ပိုကောင်းတဲ့ နည်းလမ်း ရှိပါတယ်။
-
9:21 - 9:23တစ်ကမ္ဘာလုံးမှာ အမျိုးသမီးတွေက
-
9:23 - 9:26နိုင်ငံရေး၊ လူမှုရေး နဲ့ စီးပွားရေး
တန်းတူညီမျှရေးအတွက် ရုန်းကန်နေချိန်မှာ၊ -
9:26 - 9:29ကျွန်မတို့ အားလုံးဟာ မိခင်ဖြစ်ရမှုကို
-
9:29 - 9:34အမျိုးသမီးများရဲ့ ဗဟိုအကျဆုံး၊ အခရာအကျဆုံး
အချက်အဖြစ် မဟုတ်ဘဲ၊ အမျိုးသမီးတွေကို -
9:34 - 9:39အံ့ဩဖွယ် ဖြစ်လာအောင် လုပ်ပေးတဲ့ လက္ခဏာ
တစ်ရပ်အဖြစ် ပြန်လည် မြှင့်တင်ပေးကြပါစို့။ -
9:39 - 9:40အချိန်တန်ပါပြီ။
-
9:41 - 9:46(လက်ခုပ်တီးသံများ)
- Title:
- မိခင်နို့အကြောင်း ကျွန်ုပ်တို့ မသိတာတွေ
- Speaker:
- Katie Hinde
- Description:
-
မိခင်ရဲ့ နို့ဟာ ကလေးတွေရဲ့ ခန္ဓာကိုယ်ကို ကြီးထွားလာစေတယ်၊ အာရုံကြော ဖွံ့ဖြိုးမှုကို ဖြည့်တင်းပေးတယ်၊ အရေးပါတဲ့ ကိုယ်ခံအားကို အားဖြည့်ပေးပြီး အစာရေစာ ရှားပါးမှု နှင့် ရောဂါဘယများမှ ကာကွယ်ပေးတယ် ဆိုတော့၊ ဘာေကြာင့် သိပ္ပံပညာဟာ ခရမ်းချဉ်သီးတွေ အကြောင်းကို မိခင်နို့ထက် ပိုပြီး သိရှိနေရတာလဲ။ Katie Hinde က အသက်ကို မွေထုတ်ပေးတဲ့ နက်နဲရှုပ်ထွေးလှတဲ့ အဲဒီ အရာ အကြောင်းကို အတွင်းကျ ဖေါ်ထုတ် တင်ပြထားပြီး မိခင်နို့ကို ကျွန်ုပ်တို့ အနေနဲ့ ပိုပြီး ကောင်းမွန်စွာ နားလည်လာနိုင်ရန် သိပ္ပံပညာဘက်မှ ဖြည့်ပေးရန် လိုအပ်နေသေးတဲ့ ဟာကွက်တွေ အကြောင်းကို ဆွေးနွေးထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 09:59
![]() |
sann tint accepted Burmese subtitles for What we don't know about mother's milk | |
![]() |
sann tint edited Burmese subtitles for What we don't know about mother's milk | |
![]() |
sann tint edited Burmese subtitles for What we don't know about mother's milk | |
![]() |
Myo Aung edited Burmese subtitles for What we don't know about mother's milk | |
![]() |
Myo Aung edited Burmese subtitles for What we don't know about mother's milk | |
![]() |
Myo Aung edited Burmese subtitles for What we don't know about mother's milk | |
![]() |
Myo Aung edited Burmese subtitles for What we don't know about mother's milk | |
![]() |
Myo Aung edited Burmese subtitles for What we don't know about mother's milk |