WEBVTT 00:00:00.560 --> 00:00:03.719 မိခင်နို့ဖြင့် တိုက်ကျွေးမှုဟာ အခမဲ့ ဆိုတာ ရှင်တို့ ကြားဖူးရဲ့လား။ NOTE Paragraph 00:00:05.266 --> 00:00:06.416 (ရယ်မောသံများ) NOTE Paragraph 00:00:06.440 --> 00:00:08.656 ဟုတ်ကဲ့၊ အဲဒါ စိတ်ဝင်စားစရာပါပဲ၊ 00:00:08.680 --> 00:00:13.760 မိခင်ရဲ့ အချိန်နဲ့ စွမ်းအင်ကို ကျွန်ပ်တို့ တန်ဖိုးမထားဘူးဆိုရင် အခမဲ့ပေါ့လေ။ 00:00:15.120 --> 00:00:19.696 ဘယ်မိခင်ဟာမဆို၊ သူမကိုယ်ထဲမှာ နို့ရည် ထုတ်လုပ်ပေးရန် အချိန်နဲ့ စွမ်းအင်တွေကို 00:00:19.720 --> 00:00:21.656 ဘယ်လောက် သုံးရမှန်း ပြောပြနိုင်ပါတယ်-- 00:00:21.680 --> 00:00:24.216 ကိုယ့်ကိုကိုယ် အရည်ဖျော်ပေးရတာပါ-- NOTE Paragraph 00:00:24.240 --> 00:00:25.816 (ရယ်မောသံများ) NOTE Paragraph 00:00:25.840 --> 00:00:28.720 နုနယ်သေးတဲ့ ကလေးကို တိုက်ကျွေးဖို့ အတွက်ပါ။ NOTE Paragraph 00:00:29.120 --> 00:00:31.336 (ရယ်မောသံများ) NOTE Paragraph 00:00:31.360 --> 00:00:33.680 နို့တိုက်သတ္တဝါမှန်ရင် နို့ကို စို့ကြရပါတယ်။ 00:00:35.400 --> 00:00:37.296 Arizona State University တွင် 00:00:37.320 --> 00:00:39.256 Comparative Lactation Lab မှာ 00:00:39.280 --> 00:00:42.056 ကျွန်မဟာ မိခင်နို့ရဲ့ ရှုပ်ထွေးမှုကို နားလည်နိုင်ရန်နဲ့ 00:00:42.080 --> 00:00:45.056 ၎င်းက ကလေးရဲ့ ဖွံ့ဖြိုးမှုကို အကျိုးပြုပေးပုံကို နားလည်ရန် 00:00:45.080 --> 00:00:47.480 မိခင်နို့အား ဖွဲ့စည်းပါဝင်မှုကို ဖေါ်ထုတ်နေသူပါ။ 00:00:48.720 --> 00:00:51.080 အရေးကြီးဆုံး ကျွန်မ နားလည်လိုက်ရတာက 00:00:51.540 --> 00:00:56.650 မိခင်နဲ့ ကလေးတွေကို ကူညီဖို့ ကျွန်ုပ်တို့ လုပ်ပေးတာ မလုံလောက်တာကိုပါ။ 00:00:56.850 --> 00:00:59.896 မိခင်များနဲ့ ကလေးတွေရှေ့မှာ ကျွန်မတို့ တာဝန် မကျေရင်၊ 00:00:59.920 --> 00:01:03.280 ကျွန်မတို့ဟာ မိခင်နဲ့ ကလေးတွေကို ချစ်ကြသူတို့ အားလုံး၊ 00:01:04.080 --> 00:01:07.256 ဖခင်များ၊ လုပ်ဘက်များ၊ အဖိုးအဖွားများ၊ အဒေါ်များ၊ မိတ်ဆွေများ၊ 00:01:07.280 --> 00:01:11.360 ဆွေမျိုးရင်းခြား စသဖြင့် လူမှုကွန်ရက်ထဲ ပါဝင်ကြသူတို့ရှေ့မှာ တာဝန်မကျေမှုပါပဲ။ 00:01:12.480 --> 00:01:17.216 ဖြေရှင်းနည်း ရိုးရိုးတွေ၊ ကြွေးကြော်ချက် ရိုးရိုးလေးတွေကို စွန့်ပစ်လျက် အသေးစိတ် 00:01:17.240 --> 00:01:18.960 အချက်တွေကို စဉ်းစားရမယ့် အချိန်ပါ။ NOTE Paragraph 00:01:20.200 --> 00:01:21.776 အဲဒီ အသေးစိတ်ကလေးကိုမှ ကျွန်မာ 00:01:21.800 --> 00:01:25.456 စောစီးစွာ နားလည်မိတာ သိပ်ကို ကံကောင်းခဲ့တယ်၊ 00:01:25.480 --> 00:01:27.520 သတင်းစာဆရာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ 00:01:28.560 --> 00:01:29.856 မေးခံလိုက်ရတာက၊ 00:01:29.880 --> 00:01:33.160 “မိခင်ဟာ သူ့ကလေးကို ဘယ်လောက်ကြာ နို့တိုက်သင့်ပါသလဲ။” 00:01:36.040 --> 00:01:39.920 သူမေးလိုက်တဲ့ထဲက “သင့်သလဲ” ဆိုတဲ့ စကားလုံးက ကျွန်မကို စဉ်းစားလာစေခဲ့တယ်။ 00:01:40.640 --> 00:01:44.960 မိခင် အနေနဲ့ သူ့ကလေးကို ဘာလုပ်သင့်တယ် ဆိုတာကို ကျွန်မ ဘယ်တော့မှ မပြောနိုင်ပါ။ NOTE Paragraph 00:01:46.800 --> 00:01:48.576 မိခင်နို့ဟာ အစားအစာ၊ ဆေးဝါး နဲ့ 00:01:48.600 --> 00:01:53.256 အချက်ပြမှု ဖြစ်လို့ ကလေးဟာ အသက်ရှင် ရပ်တည်လာနိုင်တာပါ။ 00:01:53.280 --> 00:01:54.496 နို့စို့ ကလေးငယ်များအတွက် 00:01:54.520 --> 00:01:56.456 မိခင်နို့ဟာ လိုတာအားလုံးပါတဲ့ ဓာတ်စာပါပဲ၊ 00:01:56.480 --> 00:01:59.056 ကလေးခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ဆောက်လုပ်ရေး ဘလောက်တွေ၊ 00:01:59.080 --> 00:02:00.456 ဦးနှောက်ကို ပုံသွင်းဖို့ နဲ့ 00:02:00.480 --> 00:02:03.100 လှုပ်ရှားမှုတွေကို ဖြည့်ဆည်းပေးဖို့ လိုတာကို ပေးပါတယ်။ 00:02:03.360 --> 00:02:05.776 ပြီးတော့ မိခင်နို့ဟာ ကလေးရဲ့ အူမထဲမှာ နေထိုင်ကြတဲ့ 00:02:05.800 --> 00:02:08.240 ပိုးမွှားတွေကိုလည်း အစာကျွေးပေးသေးတယ်။ 00:02:08.290 --> 00:02:10.536 မိခင်တွေဟာ နှစ်ယောက်စာ စားသောက်နေကြရုံသာမက၊ 00:02:10.560 --> 00:02:13.140 သူတို့ဟာ နှစ်ဦးမှ ထရီလီယံများ အတွက် စားကြရတာပါ။ 00:02:14.130 --> 00:02:18.000 ရောဂါဖြစ်စေတဲ့ အရာများအား တိုက်ခိုက်ရေး ကိုယ်ခံအားကိုလည်း မိခင်နို့က ပေးတယ်၊ 00:02:19.000 --> 00:02:24.000 မိခင်နို့ဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကို လမ်းညွှန် ပေးတဲ့ ဟော်မုန်းကိုလည်း စီမံတယ်။ NOTE Paragraph 00:02:24.500 --> 00:02:26.100 ဒါပေမဲ့ မကြာမီ နှစ်များတွင်း 00:02:26.100 --> 00:02:28.456 ကျွန်မတို့ဟာ နို့ကို အလကား ရသလို မြင်လာကြတယ်။ 00:02:28.480 --> 00:02:31.456 ကျွန်မတို့ရဲ့ တနည်းတဖုံ ပြောင်းလာခဲ့တယ်။ 00:02:31.480 --> 00:02:36.616 ပုံမှန်၊ မွှောထားတာ၊ ပိုးသတ်ထားတာ၊ ထုပ်ထားတာ၊ အမှုန့်လုပ်ထားတာ၊ 00:02:36.640 --> 00:02:39.600 အနံ့ထည့်ထားတာ၊ ဖေါ်မြူလာနဲ့ လုပ်ထားတာ ဆိုပြီး ခေါ်ဝေါ်လာကြတယ်။ 00:02:39.710 --> 00:02:42.856 ကျွန်မတို့ဟာ လူသားရဲ့ ကောင်းကျိုးဖြစ်တဲ့ နို့ကို စွန့်ပစ်လိုက်ကြကာ 00:02:42.880 --> 00:02:44.920 အခြားအရာတွေကို ဦးစားပေး လေ့လာလာကြတယ်။ NOTE Paragraph 00:02:46.560 --> 00:02:48.296 Washington DC ရှိတဲ့ 00:02:48.320 --> 00:02:49.936 National Institutes of Health မှာ 00:02:49.960 --> 00:02:51.800 ဆောင်းပါးပေါင်း ၂၅ သန်းရှိနေတဲ့ 00:02:52.520 --> 00:02:55.256 National Library of Medicine ထဲတွင်၊ 00:02:55.280 --> 00:02:59.520 အသက်ရှင်မှု သိပ္ပံပညာနဲ့ ဇီဝကျန်းမာရေး သုတေသနများထဲ ရောက်ရှိနေကြတယ်။ 00:02:59.640 --> 00:03:03.100 အဲဒီ ဒေတာဘေ့စ်ကို ရှာကြည့်ရန် သော့ချက် စကားလုံးတွေကို သုံးနိုင်တယ်၊ 00:03:03.100 --> 00:03:04.736 ကျွန်မတို့ အဲဒီလို လုပ်ကြည့်ရင်၊ 00:03:04.760 --> 00:03:07.840 ကိုယ်ဝန် အကြောင်း ဆောင်းပါး တစ်သန်းခန့် တွေ့မြင်ကြရမယ်၊ 00:03:08.640 --> 00:03:12.000 ဒါပေမဲ့ မိခင်နို့နဲ့ နို့ရည်လိုက်ခြင်း အကြောင်းကျတော့ နည်းပါတယ်။ 00:03:12.840 --> 00:03:16.840 ကျွန်မတို့က မိခင်နို့ အကြောင်း ဆောင်းပါး အရေအတွက် လေ့လာကြည့်မယ်ဆိုရင်၊ 00:03:17.480 --> 00:03:21.976 ကော်ဖီ၊ ဝိုင်အရက် နဲ့ ခရမ်းချဉ်သီး အကြောင်းကို ကျွန်မ ပိုသိတာ တွေ့နိုင်တယ်။ NOTE Paragraph 00:03:22.000 --> 00:03:23.200 (ရယ်မောသံများ) NOTE Paragraph 00:03:24.520 --> 00:03:28.216 ယောက်ျားအင်္ဂါ မတောင့်ရခြင်း အကြောင်းကို နှစ်ဆလောက် ပိုသိနေကြတယ်။ NOTE Paragraph 00:03:28.240 --> 00:03:29.760 (ရယ်မောသံများ) NOTE Paragraph 00:03:32.020 --> 00:03:34.680 အဲဒီအကြောင်းတွေကို မသိသင့်ဘူးလို့ ကျွန်မ မဆိုလိုချင်ပါ-- 00:03:34.680 --> 00:03:37.536 သိပ္ပံပညာရှင် တစ်ဦးအနေနဲ့ အားလုံးကို သိသင့်တယ်လို့ ယူဆပါတယ်။ 00:03:37.560 --> 00:03:39.896 ဒါပေမဲ့ မိခင်နို့ အကြောင်းကို ဒီလောက် NOTE Paragraph 00:03:39.920 --> 00:03:41.696 (ရယ်မောသံများ) NOTE Paragraph 00:03:41.720 --> 00:03:43.016 ဒီလောက်နည်းပြီး သိခြင်းဟာ-- 00:03:43.040 --> 00:03:46.346 မွေးခါစ နို့တိုက်သတ္တဝါ ဦးစွာ စားသုံးရတဲ့ ပထမံ အရည် အကြောင်း သိမှုဟာ 00:03:46.346 --> 00:03:47.960 ကျွန်မတို့အတွက် မကျေနပ်စရာကြီးပါ။ 00:03:47.960 --> 00:03:52.456 ခြုံပြောရရင်၊ အမျိုးသမီး ၁၀ ဦးမှာ ၉ ဦးဟာ တစ်သက်မှာ အနည်းဆုံး ကလေး တစ်ယောက် မွေးတယ်။ 00:03:52.480 --> 00:03:56.936 ဒီတော့ နှစ်စဉ်တိုင်း ကလေး ၁၃၀ သန်း မွေးနေတဲ့ သဘောပါပဲ။ 00:03:56.960 --> 00:04:00.550 အဲဒီ မိခင်များနဲ့ ကလေးများကို အကောင်းဆုံး သိပ္ပံပညာရှင်များက လုပ်ကျွေးရမယ်။ NOTE Paragraph 00:04:01.080 --> 00:04:04.736 မကြာမီက သိလာရတဲ့ သုတေသနများအရ မိခင်နို့ဟာ ခန္ဓာကို ကြီးထွားစေရုံသမာက၊ 00:04:04.760 --> 00:04:08.000 အာရုံကြော ဖွံ့ဖြိုးမှုကိုပါ ပုံသွင်းပေးလျက် အားအင် ဖြည့်တင်းပေးတယ်။ 00:04:08.800 --> 00:04:11.816 ၂၀၁၅ ခုနှစ်တွင် သုတေသီများက 00:04:11.840 --> 00:04:14.816 မိခင်နို့နဲ့ ကလေးရဲ့ တံတွေးဟာ၊ အထူးသဖြင့် 00:04:14.840 --> 00:04:16.896 ကလေးရဲ့ တံတွေးဟာ 00:04:16.920 --> 00:04:20.736 ဓာတုပြုမှုကို ဖန်တီးပေးကာ hydrogen peroxide ကို ထုတ်ပေးခြင်းဖြင့် အဆိပ်သင့် 00:04:20.760 --> 00:04:22.520 ပိုးတွေကို သတ်ပစ်နိုင်တာ တွေ့ခဲ့တယ်။ 00:04:23.410 --> 00:04:26.056 လူတွေနဲ့ အခြားနို့တိုက် သတ္တဝါတွေကို လေ့လာမှုများမှ 00:04:26.080 --> 00:04:29.496 သားအတွက် ဒါမှမဟုတ် သမီးအတွက် ထုတ်လွှတ်ပေးတဲ့ နို့ရဲ့ ဖေါ်မြူလာဟာ 00:04:29.520 --> 00:04:32.640 မတူကွဲပြားနိုင်တာကို သိရှိလာကြရပါတယ်။ 00:04:33.240 --> 00:04:36.660 မွေးခါစ ကလေးတွေကို အပြင်းအထန် ကုသပေးရတဲ့ ဌာနမှာ သုံးတဲ့ အလှူရှင်နို့ 00:04:36.660 --> 00:04:39.176 ဒါမှမဟုတ် ဆိုင်တွေမှာ ရောင်းတဲ့ ဖေါ်မြူလာနို့ကျတော့ 00:04:39.200 --> 00:04:41.520 အားလုံးအတွက် တစ်ပုံစံတည်းပါ။ 00:04:41.960 --> 00:04:46.216 ယောက်ျားလေးတွေ၊ မိန်းကလေးတွေ မတူညီတဲ့ နှုန်းဖြင့် ဒါမှမဟုတ် မတူကွဲပြားစွာ 00:04:46.240 --> 00:04:47.456 ကြီးထွားလာနိုင်တာကို 00:04:47.480 --> 00:04:49.200 မိခင်နို့က အဲဒါကို ညှိပေးပုံရတယ်။ NOTE Paragraph 00:04:50.200 --> 00:04:52.136 မိခင်ဆီမှာ အဲဒီလို အချက်ပေးမှု ရှိပြီး 00:04:52.160 --> 00:04:55.576 မိခင် အများစုတို့ဟာ ကလေးတွေကို နို့တိုက်လိုကြပါတယ်၊ 00:04:55.600 --> 00:04:58.440 ဒါပေမဲ့ တော်တော်များများက နို့တိုက်ရေး ပန်းတိုင် မမှီကြပါ။ 00:04:59.520 --> 00:05:01.616 အဲဒါဟာ သူတို့ရဲ့ အပြစ်မဟုတ်ပါ၊ 00:05:01.640 --> 00:05:03.080 ကျွန်မတို့ရဲ့ အပြစ်ပါ။ 00:05:03.760 --> 00:05:07.960 ဝလွန်းခြင်း၊ အင်ဒိုခရိုင်း ပြဿနာများ၊ 00:05:07.960 --> 00:05:09.976 ဗိုက်ခွဲမွေးခြင်း နဲ့ အချိန်စော မွေးခြင်း 00:05:10.000 --> 00:05:13.460 အများသိ ကျန်းမာရေး အခြေအနေများဟာ နို့ရည်ရဲ့ ဇီဝသဘောကို ထိခိုက်စေနိုင်တယ်။ 00:05:13.460 --> 00:05:17.320 ပြီးတော့ အမျိုးသမီး အများအပြားထံတွင် အားကိုးလို့ရတဲ့ ဆေးကုခန်း အကူအညီ မရှိပါ။ NOTE Paragraph 00:05:17.520 --> 00:05:18.896 လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက 00:05:18.920 --> 00:05:22.650 ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ UNICEF တို့က ဆေးရုံတွေ 00:05:22.650 --> 00:05:25.376 ကလေးအတွက် အဆင်ပြေမှုရှိရန် သတ်မှတ်ချက်တွေကို ချမှတ်ခဲ့တယ်။ 00:05:25.400 --> 00:05:29.216 မိခင်နဲ့ကလေးတို့ သံယောဇဉ် ခိုင်မြဲလာရေးကို ကလေးနို့တိုက်ပေးရေးကို ထောက်ကူပေးမယ့် 00:05:29.240 --> 00:05:30.560 အခြေအနေများ ပြဌာန်းခဲ့တယ်။ 00:05:31.480 --> 00:05:34.856 ဒီနေ့တွင် အမေရိက ပြည်ထောင်စုမှာ မွေးတဲ့ ကလေး ငါးဦးထဲက တစ်ဦးသာလျှင် 00:05:34.880 --> 00:05:37.410 အဲဒီလို ကလေးကို တန်ဖိုးထားတဲ့ ဆေးရုံမှာ မွေးတာပါ။ 00:05:38.930 --> 00:05:40.330 အဲဒါကမှ ပြဿနာကြီးပါ၊ 00:05:40.330 --> 00:05:43.336 မိခင်များဟာ နို့ရည် တိုက်နေရတဲ့ မိနစ်များ၊ နာရီများ၊ နေ့များမှာ 00:05:43.360 --> 00:05:47.416 ပြဿနာတွေ များစွာကို ရင်ဆိုင်နေကြရတာပါ။ 00:05:47.440 --> 00:05:49.936 သူတို့ဟာ နို့ရည် မှန်မှန် ထွက်လာရေးကို ရုန်းကန်းရတယ်၊ 00:05:49.960 --> 00:05:51.176 နာကျင်မှု၊ 00:05:51.200 --> 00:05:52.416 နို့ရည်ကို ညှစ်ထုတ်ပေးရန် 00:05:52.440 --> 00:05:54.610 နို့တိုက်ရခြင်းရဲ့ သဘာဝကို နားလည်ဖို့ မလွယ်ပါ။ 00:05:55.000 --> 00:05:59.496 အဲဒီမိခင်များဟာ ပညာသားပါပါ အကူအညီတွေကို အဲဒီဖြစ်စဉ်များကို 00:05:59.520 --> 00:06:01.720 သိနားလည်ကြတဲ့ ဝန်ထမ်းများထံမှ ရထိုက်ပါတယ်။ NOTE Paragraph 00:06:02.480 --> 00:06:06.000 မိခင်တွေဟာ အဲဒီလို ပြဿနာတွေကို ရုန်းကန်ရင်း ငိုသံပါတဲ့ အသံနဲ့ 00:06:06.880 --> 00:06:09.280 ကျွန်မကို ဖုန်းခေါ် ပြောပြကြပါတယ်။ 00:06:11.400 --> 00:06:12.600 “ဘာမှ လုပ်လို့ မရဘူး။ 00:06:13.240 --> 00:06:15.896 သဘာဝ အလျောက် ဒါကို ကျွန်မ လုပ်တတ်ရမယ် ထင်ရတယ်။ 00:06:15.920 --> 00:06:17.160 ဘာဖြစ်လို့ မရတာလဲ။” 00:06:18.240 --> 00:06:21.080 တစ်ခုခုဟာ ရှေးခေတ်ကတည်းက ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာခဲ့လို့ 00:06:21.840 --> 00:06:24.800 အဲဒါလွယ်တယ် ဒါမှမဟုတ် ကျွန်မတို့ တော်ကြရမယ်လို့ ပြောမရနိုင်ပါ။ 00:06:25.560 --> 00:06:28.216 အလားတူ ရှေးခေတ်က ဆင့်ကဲဖြစ်ပျက်လတာ နောက်တစ်ခုကို သိလား။ NOTE Paragraph 00:06:28.240 --> 00:06:30.520 (ရယ်မောသံများ) NOTE Paragraph 00:06:32.200 --> 00:06:33.496 လိင်စပ်ယှက်မှုပေါ့။ 00:06:33.520 --> 00:06:36.456 အဲဒီမှာလည်း ကျွန်မတို့ အားလုံး တော်မယ် လုံးဝ မျှော်လင့် မရပါ။ NOTE Paragraph 00:06:36.480 --> 00:06:38.640 (ရယ်မောသံများ) NOTE Paragraph 00:06:39.480 --> 00:06:44.016 ဆေးကုဝန်ထမ်းတွေဟာ နို့ထွက်ရေးကို ကလေးအား တို့တိုက်ရေးကို ဘယ်လိုနည်းနဲ့ 00:06:44.040 --> 00:06:46.056 အကောင်းဆုံး ကူညီပေးရမှာကို ဆက်တိုက် 00:06:46.080 --> 00:06:49.200 သင်ယူထားမှသာ ထိုက်တန်စွာ ကူညီပေးနိုင်ကြတာပါ။ 00:06:49.840 --> 00:06:52.056 အဲဒီလို အဆက်မပြတ် ပညာသင်ယူမှု စည်းရုံးပေးရန်၊ 00:06:52.080 --> 00:06:54.536 ကျွန်မတို့ဟာ သက်ရှိဘဝ နဲ့ လူမှုရေး သိပ္ပံပညာဆိုင်ရာ 00:06:54.536 --> 00:06:57.736 သုတေသနတွေထဲမှာ အဲဒါကို နှစ်မြှုပ်ထည့်သွင်းပေးရန် လိုတယ်၊ 00:06:57.760 --> 00:06:59.456 မကြာခဏဆိုသလို 00:06:59.480 --> 00:07:00.760 သမိုင်းလာ အနာတရဖြစ်မှုနဲ့ 00:07:01.640 --> 00:07:05.056 အကြွင်းမဲ့ ခံယူချက်များဟာ မိခင်သစ် နဲ့ သူမအား ဆေးကုပေးကြသူတို့ 00:07:05.080 --> 00:07:08.600 အကြားမှာ နေရာယူ ဟန့်တားနေတတ်လို့ပါ။ 00:07:09.680 --> 00:07:11.280 လူရဲ့ခန္ဓာကိုယ်ဟာ နိုင်ငံရေးပါ။ 00:07:12.760 --> 00:07:16.456 မိခင်နို့တိုက်မှုအား ကူညီပေးမှု နေရာတိုင်းမှာ မရှိလျှင် 00:07:16.480 --> 00:07:18.360 အဲဒါဟာ မကောင်းနိုင်တော့ပါ။ 00:07:19.120 --> 00:07:22.096 ပြီးတော့ အမေရိကန် ပြည်ထောင်စုလို နိုင်ငံမှာ သားဖွားခွင့် 00:07:22.120 --> 00:07:27.136 မရှိဘူးဆိုတာ့ မိခင်တွေ အလုပ်ကို ပြန်ဆင်းဖို့ ရှိနေတာလည်း ထည့်တွက်ရမယ်။ 00:07:27.160 --> 00:07:31.320 မိခင်များဟာ ကလေးကို မွေးပြီးလို့ ရက်ပိုင်း အတွင်းမှာကို အလုပ်ပြန်ဆင်းဖို့ လိုတတ်တယ်။ NOTE Paragraph 00:07:32.400 --> 00:07:35.736 ကျွန်မတို့က မိခင်များအား နို့တိုက်ကြရန် အားပေး တိုက်တွန်းနေကြပေမဲ့ 00:07:35.760 --> 00:07:39.096 မိခင်နဲ့ကလေး အကြား ခိုင်မာတဲ့ သံယောဇဉ် ချိတ်တွယ်လာဖို့အတွက် 00:07:39.120 --> 00:07:41.896 ကလေးတွေကို မိခင်မှ နို့တိုက်နိုင်ကြဖို့ ပံ့ပိုး ကူညီမှုတွေ 00:07:41.920 --> 00:07:44.576 လုပ်ငန်းဆောင်တာတွေကို စည်းရုံးမပေးကြရင် 00:07:44.600 --> 00:07:46.040 ဘာများ အဓိပ္ပါယ် ရှိနိုင်မလဲ။ 00:07:46.680 --> 00:07:48.680 ဘယ်လိုမှ အဓိပ္ပါယ် မရှိနိုင်ပါ။ 00:07:50.810 --> 00:07:53.180 ဥပဒေပြု အမတ်တွေ နဲ့ သူတို့ကို ရွေးပေးကြတဲ့ 00:07:53.180 --> 00:07:55.416 ရှင်တို့လို မဲပေးကြသူတွေကို ကျွန်မ မေးလိုပါတယ်။ 00:07:55.440 --> 00:08:00.136 အလုပ်နေရာကို ဖန်တီးပေးကြသူတွေ၊ အလုပ်သမား စည်းကမ်းတွေကို ဆွေးနွေးသူတွေ၊ 00:08:00.160 --> 00:08:02.610 အလုပ်သမားတွေ နဲ့ အစုရှင်တွေကို ကျွန်မ မေးလိုပါတယ်။ 00:08:03.360 --> 00:08:07.296 ကျွန်မတို့ အားလုံးဟာ လူ့အဖွဲ့အစည်းထဲက ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် တာဝန်ရှိပြီး 00:08:07.320 --> 00:08:10.280 အဲဒါကို လက်လှမ်းမှီရန် အားလုံး ပါဝင်ရမယ့် အခန်းကဏ္ဍတွေ ရှိတယ်။ 00:08:11.200 --> 00:08:14.280 မိခင်နို့တိုက်မှုဟာ လူသားရဲ့ ကျန်းမာရေး မြှင့်တင်မှု တစ်ပိုင်းပါ။ 00:08:15.000 --> 00:08:19.016 NICU တွင်၊ ကလေးဟာ စောပြီး မွေးခဲ့မယ် ဒါမှမဟုတ် ဒဏ်ရာ၇ထားတယ်၊ 00:08:19.040 --> 00:08:22.760 မိခင်နို့ ဒါမှမဟုတ် အစားထိုးနိုင်မယ့် ဇီဝတက်ကြွတဲ့ အစားအဟာ သိပ်အရေးကြီးတယ်။ 00:08:23.360 --> 00:08:24.776 ကူးစက်ရောဂါ ဖြစ်ပွားနိုင်မယ့် 00:08:24.800 --> 00:08:28.016 အန္တရာယ်များ ရှိတဲ့ ပတ်ဝန်းကျင် သို့မဟုတ် ဂေဟာ စနစ်ထဲတွင် 00:08:28.040 --> 00:08:30.496 မိခင်နို့ဟာ အထူးတလည် ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။ 00:08:30.520 --> 00:08:34.135 မုန်တိုင်း နဲ့ မြေငလျင်တို့လို အရေးပေါ် အခြေအနေမျိုးမှာ၊ 00:08:34.159 --> 00:08:35.655 လျှပ်စစ် မီး ပြတ်တောက်နေရင်၊ 00:08:35.679 --> 00:08:37.655 သောက်သုံးနိုင်တဲ့ ရေ မရှိတဲ့ အခါမျိုးမှာ၊ 00:08:37.679 --> 00:08:40.480 မိခင်နို့ဖြင့် ကလေးတွေကို တိုက်ကျွေးကါ ရေဓာတ်ရှိစေနိုင်တယ်။ 00:08:42.360 --> 00:08:45.056 ပြီးတော့ လူသားတစ်ရပ်လုံးဆိုင်ရာ အကြပ်အတည်းများထဲမှာ 00:08:45.080 --> 00:08:47.280 စစ်မက်ဇုံတွေမှ မိခင်တွေ ပြေးရှောင်နေရချိန်မှာ 00:08:48.240 --> 00:08:53.760 အစက်အနည်းငယ်မျှသော မိခင်နို့ဟာ ကလေးတွေကို ကပ်ဘေးမှ ကယ်ပေးနိုင်တယ်။ NOTE Paragraph 00:08:55.480 --> 00:09:00.216 မိခင်နို့ကို သိရှိနားလည်ရာတွင် မိခင်များနဲ့ မူဝါဒ ချမှတ်ပေးကြသူတို့အား 00:09:00.240 --> 00:09:01.950 အသိပေးခြင်းနဲ့တင် မပြီးနိုင်ပါ။ 00:09:01.950 --> 00:09:05.176 မိခင်နို့ဖြင့် တိုက်နိုင်စွမ်း မရှိကြတဲ့ ဒါမှမဟုတ် မတိုက်နိုင်ကြတဲ့ 00:09:05.200 --> 00:09:07.976 မိခင်များအတွက် အကောင်းဆုံး ဖေါ်မြူလာများကို ထုတ်လုပ် 00:09:08.000 --> 00:09:11.600 ပေးနိုင်ရန် မိခင်နို့ထဲမှာ အရေးကြီးတဲ့ အချက်ကဘာလဲကို နားလည်ရန် လိုသေးတယ်။ 00:09:11.600 --> 00:09:14.766 မတူကွဲပြားကြတဲ့ မိခင်များအား နည်းလမ်း အမျိုးမျိုးဖြင့် ကလေးတွေကို 00:09:14.766 --> 00:09:17.576 မွေးထုတ်ကြရာတွင် ကူညီပေးနိုင်ရန် ကျွန်မတို့ လုပ်ပေးနိုင်တဲ့ 00:09:17.600 --> 00:09:19.320 ပိုကောင်းတဲ့ နည်းလမ်း ရှိပါတယ်။ NOTE Paragraph 00:09:20.680 --> 00:09:22.536 တစ်ကမ္ဘာလုံးမှာ အမျိုးသမီးတွေက 00:09:22.560 --> 00:09:26.216 နိုင်ငံရေး၊ လူမှုရေး နဲ့ စီးပွားရေး တန်းတူညီမျှရေးအတွက် ရုန်းကန်နေချိန်မှာ၊ 00:09:26.240 --> 00:09:28.776 ကျွန်မတို့ အားလုံးဟာ မိခင်ဖြစ်ရမှုကို 00:09:28.800 --> 00:09:34.016 အမျိုးသမီးများရဲ့ ဗဟိုအကျဆုံး၊ အခရာအကျဆုံး အချက်အဖြစ် မဟုတ်ဘဲ၊ အမျိုးသမီးတွေကို 00:09:34.040 --> 00:09:38.520 အံ့ဩဖွယ် ဖြစ်လာအောင် လုပ်ပေးတဲ့ လက္ခဏာ တစ်ရပ်အဖြစ် ပြန်လည် မြှင့်တင်ပေးကြပါစို့။ NOTE Paragraph 00:09:39.080 --> 00:09:40.280 အချိန်တန်ပါပြီ။ NOTE Paragraph 00:09:41.040 --> 00:09:46.443 (လက်ခုပ်တီးသံများ)