မိခင်နို့ဖြင့် တိုက်ကျွေးမှုဟာ အခမဲ့ ဆိုတာ ရှင်တို့ ကြားဖူးရဲ့လား။ (ရယ်မောသံများ) ဟုတ်ကဲ့၊ အဲဒါ စိတ်ဝင်စားစရာပါပဲ၊ မိခင်ရဲ့ အချိန်နဲ့ စွမ်းအင်ကို ကျွန်ပ်တို့ တန်ဖိုးမထားဘူးဆိုရင် အခမဲ့ပေါ့လေ။ ဘယ်မိခင်ဟာမဆို၊ သူမကိုယ်ထဲမှာ နို့ရည် ထုတ်လုပ်ပေးရန် အချိန်နဲ့ စွမ်းအင်တွေကို ဘယ်လောက် သုံးရမှန်း ပြောပြနိုင်ပါတယ်-- ကိုယ့်ကိုကိုယ် အရည်ဖျော်ပေးရတာပါ-- (ရယ်မောသံများ) နုနယ်သေးတဲ့ ကလေးကို တိုက်ကျွေးဖို့ အတွက်ပါ။ (ရယ်မောသံများ) နို့တိုက်သတ္တဝါမှန်ရင် နို့ကို စို့ကြရပါတယ်။ Arizona State University တွင် Comparative Lactation Lab မှာ ကျွန်မဟာ မိခင်နို့ရဲ့ ရှုပ်ထွေးမှုကို နားလည်နိုင်ရန်နဲ့ ၎င်းက ကလေးရဲ့ ဖွံ့ဖြိုးမှုကို အကျိုးပြုပေးပုံကို နားလည်ရန် မိခင်နို့အား ဖွဲ့စည်းပါဝင်မှုကို ဖေါ်ထုတ်နေသူပါ။ အရေးကြီးဆုံး ကျွန်မ နားလည်လိုက်ရတာက မိခင်နဲ့ ကလေးတွေကို ကူညီဖို့ ကျွန်ုပ်တို့ လုပ်ပေးတာ မလုံလောက်တာကိုပါ။ မိခင်များနဲ့ ကလေးတွေရှေ့မှာ ကျွန်မတို့ တာဝန် မကျေရင်၊ ကျွန်မတို့ဟာ မိခင်နဲ့ ကလေးတွေကို ချစ်ကြသူတို့ အားလုံး၊ ဖခင်များ၊ လုပ်ဘက်များ၊ အဖိုးအဖွားများ၊ အဒေါ်များ၊ မိတ်ဆွေများ၊ ဆွေမျိုးရင်းခြား စသဖြင့် လူမှုကွန်ရက်ထဲ ပါဝင်ကြသူတို့ရှေ့မှာ တာဝန်မကျေမှုပါပဲ။ ဖြေရှင်းနည်း ရိုးရိုးတွေ၊ ကြွေးကြော်ချက် ရိုးရိုးလေးတွေကို စွန့်ပစ်လျက် အသေးစိတ် အချက်တွေကို စဉ်းစားရမယ့် အချိန်ပါ။ အဲဒီ အသေးစိတ်ကလေးကိုမှ ကျွန်မာ စောစီးစွာ နားလည်မိတာ သိပ်ကို ကံကောင်းခဲ့တယ်၊ သတင်းစာဆရာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မေးခံလိုက်ရတာက၊ “မိခင်ဟာ သူ့ကလေးကို ဘယ်လောက်ကြာ နို့တိုက်သင့်ပါသလဲ။” သူမေးလိုက်တဲ့ထဲက “သင့်သလဲ” ဆိုတဲ့ စကားလုံးက ကျွန်မကို စဉ်းစားလာစေခဲ့တယ်။ မိခင် အနေနဲ့ သူ့ကလေးကို ဘာလုပ်သင့်တယ် ဆိုတာကို ကျွန်မ ဘယ်တော့မှ မပြောနိုင်ပါ။ မိခင်နို့ဟာ အစားအစာ၊ ဆေးဝါး နဲ့ အချက်ပြမှု ဖြစ်လို့ ကလေးဟာ အသက်ရှင် ရပ်တည်လာနိုင်တာပါ။ နို့စို့ ကလေးငယ်များအတွက် မိခင်နို့ဟာ လိုတာအားလုံးပါတဲ့ ဓာတ်စာပါပဲ၊ ကလေးခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ဆောက်လုပ်ရေး ဘလောက်တွေ၊ ဦးနှောက်ကို ပုံသွင်းဖို့ နဲ့ လှုပ်ရှားမှုတွေကို ဖြည့်ဆည်းပေးဖို့ လိုတာကို ပေးပါတယ်။ ပြီးတော့ မိခင်နို့ဟာ ကလေးရဲ့ အူမထဲမှာ နေထိုင်ကြတဲ့ ပိုးမွှားတွေကိုလည်း အစာကျွေးပေးသေးတယ်။ မိခင်တွေဟာ နှစ်ယောက်စာ စားသောက်နေကြရုံသာမက၊ သူတို့ဟာ နှစ်ဦးမှ ထရီလီယံများ အတွက် စားကြရတာပါ။ ရောဂါဖြစ်စေတဲ့ အရာများအား တိုက်ခိုက်ရေး ကိုယ်ခံအားကိုလည်း မိခင်နို့က ပေးတယ်၊ မိခင်နို့ဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကို လမ်းညွှန် ပေးတဲ့ ဟော်မုန်းကိုလည်း စီမံတယ်။ ဒါပေမဲ့ မကြာမီ နှစ်များတွင်း ကျွန်မတို့ဟာ နို့ကို အလကား ရသလို မြင်လာကြတယ်။ ကျွန်မတို့ရဲ့ တနည်းတဖုံ ပြောင်းလာခဲ့တယ်။ ပုံမှန်၊ မွှောထားတာ၊ ပိုးသတ်ထားတာ၊ ထုပ်ထားတာ၊ အမှုန့်လုပ်ထားတာ၊ အနံ့ထည့်ထားတာ၊ ဖေါ်မြူလာနဲ့ လုပ်ထားတာ ဆိုပြီး ခေါ်ဝေါ်လာကြတယ်။ ကျွန်မတို့ဟာ လူသားရဲ့ ကောင်းကျိုးဖြစ်တဲ့ နို့ကို စွန့်ပစ်လိုက်ကြကာ အခြားအရာတွေကို ဦးစားပေး လေ့လာလာကြတယ်။ Washington DC ရှိတဲ့ National Institutes of Health မှာ ဆောင်းပါးပေါင်း ၂၅ သန်းရှိနေတဲ့ National Library of Medicine ထဲတွင်၊ အသက်ရှင်မှု သိပ္ပံပညာနဲ့ ဇီဝကျန်းမာရေး သုတေသနများထဲ ရောက်ရှိနေကြတယ်။ အဲဒီ ဒေတာဘေ့စ်ကို ရှာကြည့်ရန် သော့ချက် စကားလုံးတွေကို သုံးနိုင်တယ်၊ ကျွန်မတို့ အဲဒီလို လုပ်ကြည့်ရင်၊ ကိုယ်ဝန် အကြောင်း ဆောင်းပါး တစ်သန်းခန့် တွေ့မြင်ကြရမယ်၊ ဒါပေမဲ့ မိခင်နို့နဲ့ နို့ရည်လိုက်ခြင်း အကြောင်းကျတော့ နည်းပါတယ်။ ကျွန်မတို့က မိခင်နို့ အကြောင်း ဆောင်းပါး အရေအတွက် လေ့လာကြည့်မယ်ဆိုရင်၊ ကော်ဖီ၊ ဝိုင်အရက် နဲ့ ခရမ်းချဉ်သီး အကြောင်းကို ကျွန်မ ပိုသိတာ တွေ့နိုင်တယ်။ (ရယ်မောသံများ) ယောက်ျားအင်္ဂါ မတောင့်ရခြင်း အကြောင်းကို နှစ်ဆလောက် ပိုသိနေကြတယ်။ (ရယ်မောသံများ) အဲဒီအကြောင်းတွေကို မသိသင့်ဘူးလို့ ကျွန်မ မဆိုလိုချင်ပါ-- သိပ္ပံပညာရှင် တစ်ဦးအနေနဲ့ အားလုံးကို သိသင့်တယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ မိခင်နို့ အကြောင်းကို ဒီလောက် (ရယ်မောသံများ) ဒီလောက်နည်းပြီး သိခြင်းဟာ-- မွေးခါစ နို့တိုက်သတ္တဝါ ဦးစွာ စားသုံးရတဲ့ ပထမံ အရည် အကြောင်း သိမှုဟာ ကျွန်မတို့အတွက် မကျေနပ်စရာကြီးပါ။ ခြုံပြောရရင်၊ အမျိုးသမီး ၁၀ ဦးမှာ ၉ ဦးဟာ တစ်သက်မှာ အနည်းဆုံး ကလေး တစ်ယောက် မွေးတယ်။ ဒီတော့ နှစ်စဉ်တိုင်း ကလေး ၁၃၀ သန်း မွေးနေတဲ့ သဘောပါပဲ။ အဲဒီ မိခင်များနဲ့ ကလေးများကို အကောင်းဆုံး သိပ္ပံပညာရှင်များက လုပ်ကျွေးရမယ်။ မကြာမီက သိလာရတဲ့ သုတေသနများအရ မိခင်နို့ဟာ ခန္ဓာကို ကြီးထွားစေရုံသမာက၊ အာရုံကြော ဖွံ့ဖြိုးမှုကိုပါ ပုံသွင်းပေးလျက် အားအင် ဖြည့်တင်းပေးတယ်။ ၂၀၁၅ ခုနှစ်တွင် သုတေသီများက မိခင်နို့နဲ့ ကလေးရဲ့ တံတွေးဟာ၊ အထူးသဖြင့် ကလေးရဲ့ တံတွေးဟာ ဓာတုပြုမှုကို ဖန်တီးပေးကာ hydrogen peroxide ကို ထုတ်ပေးခြင်းဖြင့် အဆိပ်သင့် ပိုးတွေကို သတ်ပစ်နိုင်တာ တွေ့ခဲ့တယ်။ လူတွေနဲ့ အခြားနို့တိုက် သတ္တဝါတွေကို လေ့လာမှုများမှ သားအတွက် ဒါမှမဟုတ် သမီးအတွက် ထုတ်လွှတ်ပေးတဲ့ နို့ရဲ့ ဖေါ်မြူလာဟာ မတူကွဲပြားနိုင်တာကို သိရှိလာကြရပါတယ်။ မွေးခါစ ကလေးတွေကို အပြင်းအထန် ကုသပေးရတဲ့ ဌာနမှာ သုံးတဲ့ အလှူရှင်နို့ ဒါမှမဟုတ် ဆိုင်တွေမှာ ရောင်းတဲ့ ဖေါ်မြူလာနို့ကျတော့ အားလုံးအတွက် တစ်ပုံစံတည်းပါ။ ယောက်ျားလေးတွေ၊ မိန်းကလေးတွေ မတူညီတဲ့ နှုန်းဖြင့် ဒါမှမဟုတ် မတူကွဲပြားစွာ ကြီးထွားလာနိုင်တာကို မိခင်နို့က အဲဒါကို ညှိပေးပုံရတယ်။ မိခင်ဆီမှာ အဲဒီလို အချက်ပေးမှု ရှိပြီး မိခင် အများစုတို့ဟာ ကလေးတွေကို နို့တိုက်လိုကြပါတယ်၊ ဒါပေမဲ့ တော်တော်များများက နို့တိုက်ရေး ပန်းတိုင် မမှီကြပါ။ အဲဒါဟာ သူတို့ရဲ့ အပြစ်မဟုတ်ပါ၊ ကျွန်မတို့ရဲ့ အပြစ်ပါ။ ဝလွန်းခြင်း၊ အင်ဒိုခရိုင်း ပြဿနာများ၊ ဗိုက်ခွဲမွေးခြင်း နဲ့ အချိန်စော မွေးခြင်း အများသိ ကျန်းမာရေး အခြေအနေများဟာ နို့ရည်ရဲ့ ဇီဝသဘောကို ထိခိုက်စေနိုင်တယ်။ ပြီးတော့ အမျိုးသမီး အများအပြားထံတွင် အားကိုးလို့ရတဲ့ ဆေးကုခန်း အကူအညီ မရှိပါ။ လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ UNICEF တို့က ဆေးရုံတွေ ကလေးအတွက် အဆင်ပြေမှုရှိရန် သတ်မှတ်ချက်တွေကို ချမှတ်ခဲ့တယ်။ မိခင်နဲ့ကလေးတို့ သံယောဇဉ် ခိုင်မြဲလာရေးကို ကလေးနို့တိုက်ပေးရေးကို ထောက်ကူပေးမယ့် အခြေအနေများ ပြဌာန်းခဲ့တယ်။ ဒီနေ့တွင် အမေရိက ပြည်ထောင်စုမှာ မွေးတဲ့ ကလေး ငါးဦးထဲက တစ်ဦးသာလျှင် အဲဒီလို ကလေးကို တန်ဖိုးထားတဲ့ ဆေးရုံမှာ မွေးတာပါ။ အဲဒါကမှ ပြဿနာကြီးပါ၊ မိခင်များဟာ နို့ရည် တိုက်နေရတဲ့ မိနစ်များ၊ နာရီများ၊ နေ့များမှာ ပြဿနာတွေ များစွာကို ရင်ဆိုင်နေကြရတာပါ။ သူတို့ဟာ နို့ရည် မှန်မှန် ထွက်လာရေးကို ရုန်းကန်းရတယ်၊ နာကျင်မှု၊ နို့ရည်ကို ညှစ်ထုတ်ပေးရန် နို့တိုက်ရခြင်းရဲ့ သဘာဝကို နားလည်ဖို့ မလွယ်ပါ။ အဲဒီမိခင်များဟာ ပညာသားပါပါ အကူအညီတွေကို အဲဒီဖြစ်စဉ်များကို သိနားလည်ကြတဲ့ ဝန်ထမ်းများထံမှ ရထိုက်ပါတယ်။ မိခင်တွေဟာ အဲဒီလို ပြဿနာတွေကို ရုန်းကန်ရင်း ငိုသံပါတဲ့ အသံနဲ့ ကျွန်မကို ဖုန်းခေါ် ပြောပြကြပါတယ်။ “ဘာမှ လုပ်လို့ မရဘူး။ သဘာဝ အလျောက် ဒါကို ကျွန်မ လုပ်တတ်ရမယ် ထင်ရတယ်။ ဘာဖြစ်လို့ မရတာလဲ။” တစ်ခုခုဟာ ရှေးခေတ်ကတည်းက ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာခဲ့လို့ အဲဒါလွယ်တယ် ဒါမှမဟုတ် ကျွန်မတို့ တော်ကြရမယ်လို့ ပြောမရနိုင်ပါ။ အလားတူ ရှေးခေတ်က ဆင့်ကဲဖြစ်ပျက်လတာ နောက်တစ်ခုကို သိလား။ (ရယ်မောသံများ) လိင်စပ်ယှက်မှုပေါ့။ အဲဒီမှာလည်း ကျွန်မတို့ အားလုံး တော်မယ် လုံးဝ မျှော်လင့် မရပါ။ (ရယ်မောသံများ) ဆေးကုဝန်ထမ်းတွေဟာ နို့ထွက်ရေးကို ကလေးအား တို့တိုက်ရေးကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ကူညီပေးရမှာကို ဆက်တိုက် သင်ယူထားမှသာ ထိုက်တန်စွာ ကူညီပေးနိုင်ကြတာပါ။ အဲဒီလို အဆက်မပြတ် ပညာသင်ယူမှု စည်းရုံးပေးရန်၊ ကျွန်မတို့ဟာ သက်ရှိဘဝ နဲ့ လူမှုရေး သိပ္ပံပညာဆိုင်ရာ သုတေသနတွေထဲမှာ အဲဒါကို နှစ်မြှုပ်ထည့်သွင်းပေးရန် လိုတယ်၊ မကြာခဏဆိုသလို သမိုင်းလာ အနာတရဖြစ်မှုနဲ့ အကြွင်းမဲ့ ခံယူချက်များဟာ မိခင်သစ် နဲ့ သူမအား ဆေးကုပေးကြသူတို့ အကြားမှာ နေရာယူ ဟန့်တားနေတတ်လို့ပါ။ လူရဲ့ခန္ဓာကိုယ်ဟာ နိုင်ငံရေးပါ။ မိခင်နို့တိုက်မှုအား ကူညီပေးမှု နေရာတိုင်းမှာ မရှိလျှင် အဲဒါဟာ မကောင်းနိုင်တော့ပါ။ ပြီးတော့ အမေရိကန် ပြည်ထောင်စုလို နိုင်ငံမှာ သားဖွားခွင့် မရှိဘူးဆိုတာ့ မိခင်တွေ အလုပ်ကို ပြန်ဆင်းဖို့ ရှိနေတာလည်း ထည့်တွက်ရမယ်။ မိခင်များဟာ ကလေးကို မွေးပြီးလို့ ရက်ပိုင်း အတွင်းမှာကို အလုပ်ပြန်ဆင်းဖို့ လိုတတ်တယ်။ ကျွန်မတို့က မိခင်များအား နို့တိုက်ကြရန် အားပေး တိုက်တွန်းနေကြပေမဲ့ မိခင်နဲ့ကလေး အကြား ခိုင်မာတဲ့ သံယောဇဉ် ချိတ်တွယ်လာဖို့အတွက် ကလေးတွေကို မိခင်မှ နို့တိုက်နိုင်ကြဖို့ ပံ့ပိုး ကူညီမှုတွေ လုပ်ငန်းဆောင်တာတွေကို စည်းရုံးမပေးကြရင် ဘာများ အဓိပ္ပါယ် ရှိနိုင်မလဲ။ ဘယ်လိုမှ အဓိပ္ပါယ် မရှိနိုင်ပါ။ ဥပဒေပြု အမတ်တွေ နဲ့ သူတို့ကို ရွေးပေးကြတဲ့ ရှင်တို့လို မဲပေးကြသူတွေကို ကျွန်မ မေးလိုပါတယ်။ အလုပ်နေရာကို ဖန်တီးပေးကြသူတွေ၊ အလုပ်သမား စည်းကမ်းတွေကို ဆွေးနွေးသူတွေ၊ အလုပ်သမားတွေ နဲ့ အစုရှင်တွေကို ကျွန်မ မေးလိုပါတယ်။ ကျွန်မတို့ အားလုံးဟာ လူ့အဖွဲ့အစည်းထဲက ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် တာဝန်ရှိပြီး အဲဒါကို လက်လှမ်းမှီရန် အားလုံး ပါဝင်ရမယ့် အခန်းကဏ္ဍတွေ ရှိတယ်။ မိခင်နို့တိုက်မှုဟာ လူသားရဲ့ ကျန်းမာရေး မြှင့်တင်မှု တစ်ပိုင်းပါ။ NICU တွင်၊ ကလေးဟာ စောပြီး မွေးခဲ့မယ် ဒါမှမဟုတ် ဒဏ်ရာ၇ထားတယ်၊ မိခင်နို့ ဒါမှမဟုတ် အစားထိုးနိုင်မယ့် ဇီဝတက်ကြွတဲ့ အစားအဟာ သိပ်အရေးကြီးတယ်။ ကူးစက်ရောဂါ ဖြစ်ပွားနိုင်မယ့် အန္တရာယ်များ ရှိတဲ့ ပတ်ဝန်းကျင် သို့မဟုတ် ဂေဟာ စနစ်ထဲတွင် မိခင်နို့ဟာ အထူးတလည် ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။ မုန်တိုင်း နဲ့ မြေငလျင်တို့လို အရေးပေါ် အခြေအနေမျိုးမှာ၊ လျှပ်စစ် မီး ပြတ်တောက်နေရင်၊ သောက်သုံးနိုင်တဲ့ ရေ မရှိတဲ့ အခါမျိုးမှာ၊ မိခင်နို့ဖြင့် ကလေးတွေကို တိုက်ကျွေးကါ ရေဓာတ်ရှိစေနိုင်တယ်။ ပြီးတော့ လူသားတစ်ရပ်လုံးဆိုင်ရာ အကြပ်အတည်းများထဲမှာ စစ်မက်ဇုံတွေမှ မိခင်တွေ ပြေးရှောင်နေရချိန်မှာ အစက်အနည်းငယ်မျှသော မိခင်နို့ဟာ ကလေးတွေကို ကပ်ဘေးမှ ကယ်ပေးနိုင်တယ်။ မိခင်နို့ကို သိရှိနားလည်ရာတွင် မိခင်များနဲ့ မူဝါဒ ချမှတ်ပေးကြသူတို့အား အသိပေးခြင်းနဲ့တင် မပြီးနိုင်ပါ။ မိခင်နို့ဖြင့် တိုက်နိုင်စွမ်း မရှိကြတဲ့ ဒါမှမဟုတ် မတိုက်နိုင်ကြတဲ့ မိခင်များအတွက် အကောင်းဆုံး ဖေါ်မြူလာများကို ထုတ်လုပ် ပေးနိုင်ရန် မိခင်နို့ထဲမှာ အရေးကြီးတဲ့ အချက်ကဘာလဲကို နားလည်ရန် လိုသေးတယ်။ မတူကွဲပြားကြတဲ့ မိခင်များအား နည်းလမ်း အမျိုးမျိုးဖြင့် ကလေးတွေကို မွေးထုတ်ကြရာတွင် ကူညီပေးနိုင်ရန် ကျွန်မတို့ လုပ်ပေးနိုင်တဲ့ ပိုကောင်းတဲ့ နည်းလမ်း ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ အမျိုးသမီးတွေက နိုင်ငံရေး၊ လူမှုရေး နဲ့ စီးပွားရေး တန်းတူညီမျှရေးအတွက် ရုန်းကန်နေချိန်မှာ၊ ကျွန်မတို့ အားလုံးဟာ မိခင်ဖြစ်ရမှုကို အမျိုးသမီးများရဲ့ ဗဟိုအကျဆုံး၊ အခရာအကျဆုံး အချက်အဖြစ် မဟုတ်ဘဲ၊ အမျိုးသမီးတွေကို အံ့ဩဖွယ် ဖြစ်လာအောင် လုပ်ပေးတဲ့ လက္ခဏာ တစ်ရပ်အဖြစ် ပြန်လည် မြှင့်တင်ပေးကြပါစို့။ အချိန်တန်ပါပြီ။ (လက်ခုပ်တီးသံများ)