Return to Video

သင့်စိတ်ဓာတ်ကျခြင်းကို ကြိတ်ပြီး မခံစားပါနဲ့။

  • 0:01 - 0:05
    ဒီစင်ပေါ်မှာ ဒီလူအားလုံး ရှေ့မှာ
  • 0:05 - 0:09
    နင်က ဘာလုပ်နေတာတုန်း။
  • 0:09 - 0:10
    (ရယ်သံများ)
  • 0:10 - 0:11
    ပြေးလေ။
  • 0:11 - 0:12
    (ရယ်သံများ)
  • 0:12 - 0:13
    အခု ပြေးတော့။
  • 0:15 - 0:18
    ဒါက ကျွန်မရဲ့ ပူပန်မှုက ပြောနေတဲ့ အသံပါ။
  • 0:19 - 0:21
    လုံးဝ ဘာမှ အမှားမှ မရှိတာတောင်မှ
  • 0:21 - 0:25
    ဒီလွန်ကဲတဲ့ စိတ်ဓာတ်ကျတဲ့ အသိကို
    တစ်ခါတစ်ခါ ကျွန်မ ရတယ်၊
  • 0:25 - 0:28
    ဒီနားမှာတင် အန္တရာယ်က
    ပုန်းအောင်းနေတာမျိုးပါ။
  • 0:29 - 0:31
    သိတဲ့အတိုင်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
  • 0:31 - 0:34
    အတိအကျမဟုတ်တဲ ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှု
  • 0:34 - 0:35
    ရောဂါပေါ်ခဲ့တယ်၊
  • 0:35 - 0:38
    မကြာခဏ ဒွန်တွဲနေတဲ့ အခြေအနေ နှစ်ခုပါ။
  • 0:38 - 0:42
    ကဲ ဘယ်သူ့ကိုမှ ပြောပြမှာမဟုတ်တဲ့
    ကာလတစ်ခုရှိခဲ့တယ်။
  • 0:42 - 0:45
    အထူးသဖြင့် ပရိတ်သတ်အများကြီး ရှေ့မှာပေါ့။
  • 0:45 - 0:46
    လူမည်းအမျိုသမီးတစ်ဦးအနေနဲ့
  • 0:46 - 0:50
    အောင်မြင်ဖို့ အထူးဒဏ်ခံနိုင်စွမ်းကို
    ဖွံ့ဖြိုးအောင် လုပ်ဖို့လိုခဲ့တယ်။
  • 0:50 - 0:52
    ကျွန်မရဲ့ လူ့အဖွဲ့အစည်းက လူအများစုလို
  • 0:52 - 0:56
    စိတ်ဓာတ်ကျမှုကို အားနည်းချက်ရဲ့
    လက္ခဏာ၊ စရိုက်ချွတ်ယွင်းချက်လို့
  • 0:56 - 0:57
    နားလည်မှုလွဲခဲ့တယ်။
  • 0:57 - 0:59
    ဒါပေမဲ့ ကျွန်မက အားနည်းသူမဟုတ်ဘူး
  • 0:59 - 1:01
    မြင့်မားတဲ့ အောင်မြင်သူပါ၊
  • 1:01 - 1:03
    Media Studies မှာ မဟာဘွဲ့ ရရှိခဲ့ပြီး
  • 1:03 - 1:07
    ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားလုပ်ငန်းတွေမှာ
    အလုပ်မှတ်တမ်းတွေ တသီကြီးရှိခဲ့တယ်။
  • 1:08 - 1:11
    အလုပ်ကြိုးစားမှုအတွက်
    Emmy Awards နှစ်ခုရှိထားပါတယ်။
  • 1:11 - 1:14
    သေချာတာပေါ့ ကျွန်မဟာ လုံးဝ
    ခြေပစ်လက်ပစ်ဖြစ်ခဲ့ပြီး
  • 1:14 - 1:17
    အရင်က နှစ်ခြိုက်ခဲ့တာတွေမှာ
    စိတ်ဝင်စားမှု ကင်းမဲ့ခဲ့တယ်၊
  • 1:17 - 1:18
    စားရုံသာစားပြီး
  • 1:18 - 1:20
    အိပ်မပျော်တာကို ရုန်းကန်ကာ
  • 1:20 - 1:23
    အထီးကျန်ပြီး ကုန်ခန်းနေခဲ့တယ်။
  • 1:24 - 1:25
    ဒါပေမဲ့ စိတ်ဓာတ်ကျတာကရော၊
  • 1:25 - 1:26
    နိုး၊ ကျွန်မ မဟုတ်ဘူး။
  • 1:28 - 1:30
    ဒါကို ဝန်မခံခင် သီတင်းပတ်ချီ ကြာခဲ့တယ်။
  • 1:30 - 1:32
    ဒါပေမဲ့ ဆရာဝန်ပြောတာ မှန်တယ်၊
  • 1:32 - 1:33
    ကျွန်မ စိတ်ဓာတ်ကျခဲ့တာပါ။
  • 1:33 - 1:37
    ဒါပေမဲ့ ကျွန်မရဲ့ ရောဂါတွေ့ရှိမှုကို
    ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။
  • 1:38 - 1:39
    ကျွန်မက အရမ်းရှက်တတ်တာလေ။
  • 1:39 - 1:42
    ကျွန်မမှာ စိတ်ဓာတ်ကျခွင့် ရှိတယ်လို့
    မထင်ခဲ့ဘူး။
  • 1:42 - 1:44
    ကျွန်မမှာ ချစ်စရာမိသားစု
  • 1:44 - 1:47
    အောင်မြင်တဲ့ အလုပ်နဲ့
    အခွင့်ထူးခံ ဘဝတစ်ခုရှိတယ်။
  • 1:48 - 1:50
    သက်သာသွားနိုင်အောင်
    ဒီတိုင်းပြည်မှာ ကျွန်မဘိုးဘွားတွေ
  • 1:50 - 1:53
    ဖြတ်သန်းခဲ့တဲ့ ပြောမထွက်နိုင်အောင်
    ဆိုးဝါးတဲ့
  • 1:53 - 1:55
    အနိဋ္ဌာရုံတွေအကြောင်း တွေးတဲ့အခါ
  • 1:55 - 1:57
    ရှက်တာက ပိုတောင်နက်ရှိုင်းလာတယ်။
  • 1:57 - 1:59
    သူတို့ရဲ့ ပခုံးတွေပေါ် ကျွန်မရပ်နေခဲ့တယ်။
  • 1:59 - 2:01
    ဒါတွေကို ဘယ်လို လွှတ်ချပစ်နိုင်လဲ
  • 2:01 - 2:03
    ခေါင်းကိုမော့ထားပြီး
  • 2:03 - 2:06
    မျက်နှာမှာ ပြုံးထားကာ
  • 2:06 - 2:08
    တစ်ယောက်ကိုမှ မပြောပြဘူး။
  • 2:10 - 2:14
    ၂၀၁၃ ဇူလိုင်လ ၄ ရက်မှာ
  • 2:14 - 2:17
    ကျွန်မရဲ့ ကမ္ဘာဟာ ပြိုကျခဲ့တယ်။
  • 2:17 - 2:20
    ဒါက အမေ့ဆီက ဖုန်းခေါ်ဆိုခဲ့တဲ့နေ့ပါ၊
  • 2:20 - 2:25
    ကျွန်မကို ပြောနေတာက ၂၂ နှစ်သား
    ကျွန်မတူ Paul စိတ်ဓာတ်ကျမှုနဲ့
  • 2:25 - 2:27
    ပူပန်မှုကို နှစ်ချီ
    ရုန်းကန်နေပြီး ဘဝဆုံးသွားပြီတဲ့။
  • 2:29 - 2:32
    ကျွန်မခံစားရတဲ့ စိတ်ထိခိုက်မှုကို
    ဖော်ပြနိုင်တဲ့ စကားလုံး မရှိဘူး။
  • 2:33 - 2:34
    Paul နဲ့ အရမ်း ရင်းနီးပေမဲ့
  • 2:34 - 2:36
    သူဒီလောက် နာကျင်ခဲ့မှန်း ကျွန်မ မသိခဲ့ဘူး။
  • 2:37 - 2:40
    ကျွန်မတို့တစ်ယောက်ကမှ ကျွန်မတို့
    ရုန်းကန်မှုတွေ အကြောင်း မပြောဖြစ်ခဲ့ဘူး။
  • 2:40 - 2:42
    ရှက်တာနဲ့ အမည်းစက်က
    နှစ်ဦးစလုံးကို တိတ်စေတယ်။
  • 2:44 - 2:48
    အခု ဘေးဆိုးကို ရင်ဆိုင်ဖို့ ကျွန်မနည်းလမ်း
    က ထိပ်တိုက် ရင်ဆိုင်ဖို့ပါ။
  • 2:48 - 2:51
    ဒါနဲ့ နောက်နှစ်နှစ် စိတ်ဓာတ်ကျမှုနဲ့
    ပူပန်မှုအကြောင်း သုတေသနပြုကာ
  • 2:51 - 2:54
    ကုန်ဆုံးခဲ့ပြီး တွေ့လိုက်တာက အဲ့ဖွယ်သရဲပါ။
  • 2:55 - 2:57
    စိတ်ဓာတ်ကျခြင်းဟာ ကမ္ဘာမှာ နာဖျားမှုနဲ့
  • 2:57 - 3:02
    မသန်မစွမ်းဖြစ်မှုရဲ့ အဓိအက အကြောင်းရင်း
    လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က
  • 3:02 - 3:03
    အစီရင်ခံပါတယ်။
  • 3:04 - 3:07
    စိတ်ဓာတ်ကျခြင်းရဲ့ တိကျတဲ့
    အကြောင်းရင်းက မရှင်းလင်းပေမဲ့
  • 3:07 - 3:10
    သုတေသနက ညွှန်းတာက
    စိတ်ဖောက်ပြန်မှုအဖြစ်ဆုံးဟာ
  • 3:10 - 3:12
    အနည်းဆုံး အပိုင်းလိုက် ဖြစ်ပေါ်တယ်၊
  • 3:12 - 3:15
    ဦးနှောက်မှာရှိတဲ့ ဓာတု မညီမျှမှုနဲ့
  • 3:15 - 3:19
    (သို့) ငုပ်နေတဲ့ ဗီဇ အထုံကြောင့်ပါ။
  • 3:19 - 3:21
    ဒီတော့ ဒါကို ခါထုတ်လို့မရဘူးပေါ့။
  • 3:23 - 3:25
    အမေရိကန် လူမည်းတွေအတွက်
  • 3:25 - 3:29
    လူမျိုးကြီးဝါဒနဲ့ လူမှုစီးပွားရေး
    ကွာဟချက်လို စိတ်ဖိအားပေးမှုတွေဟာ
  • 3:29 - 3:34
    ၎င်းတို့ကို စိတ်ဖောက်ပြန်မှုရောဂါဖြစ်တာရဲ့
    ၂၀% ပိုများကြီးမားတဲ့ အန္တရာယ်ဖြစ်စေတယ်
  • 3:34 - 3:36
    ဒါပေမဲ့ အမေရိကန် လူဖြူတွေရဲ့
    ထက်ဝက်နှုန်းလောက်ပဲ
  • 3:36 - 3:39
    စိတ်ကျန်းမားရေး ဝန်ဆောင်မှု ရယူပါတယ်။
  • 3:40 - 3:42
    အကြောင်းပြချက်တစ်ခုက အမည်းစက်ပါ၊
  • 3:42 - 3:49
    အမေရိကန် လူမည်း ၆၃% က စိတ်ဓာတ်ကျတာကို
    အားနည်းချက်လို့ အထင်မှားကြတယ်။
  • 3:50 - 3:54
    ဝမ်းနည်းစရာက လူမည်း ကလေးတွေကြားမှာ
    ကိုယ်ကိုယ်ကို သတ်သေမှုကနှုန်းက
  • 3:54 - 3:57
    လွန်ခဲ့တဲ့ နှစ် ၂၀ မှာ နှစ်ဆဖြစ်ခဲ့တယ်။
  • 3:58 - 4:00
    ကဲ ဒီမှာတော့ သတင်းကောင်းပါ၊
  • 4:01 - 4:05
    စိတ်ဓာတ်ကျမှုကို ရုန်းကန်နေတဲ့
    လူတွေရဲ့ ၇၀% ဟာ ကုထုံး၊ ကုသမှု၊
  • 4:05 - 4:08
    ဆေးဝါးတွေနဲ့ တိုးတက် ကောင်းမွန်လာမယ်။
  • 4:09 - 4:11
    ဒီသတင်း စွဲကိုင်ပြီး
  • 4:11 - 4:13
    ကျွန်မ ဆုံးဖြတ်ချက်ချလိုက်တာက
  • 4:13 - 4:16
    ငါ နှုတ်ဆိတ် မနေတော့ဘူး၊
  • 4:17 - 4:19
    မိသားစုရဲ့ ကောင်ချီးနဲ့အတူ
  • 4:19 - 4:20
    အမျိုးသား ပြောဆိုဆွေးနွေးမှုတစ်ခု
  • 4:20 - 4:23
    အစပျိုးဖို့ မျှော်လင့်ချက်တွေနဲ့
    ကျွန်မဇာတ်လမ်းကို မျှဝေမယ်။
  • 4:24 - 4:27
    မိတ်ဆွေတစ်ဦးဖြစ်တဲ့ Kelly Pierre-Louis က
  • 4:27 - 4:29
    "အားကောင်းတာက တို့ကို သတ်နေတာ"တဲ့။
  • 4:31 - 4:32
    သူမ ပြောတာမှန်တယ်။
  • 4:32 - 4:36
    အားကောင်းလှတဲ့ လူမည်းအမျိုးသမီးတွေနဲ့
    မဟာ ပုရိသ လူမည်းအမျိုးသားတွေရဲ့
  • 4:36 - 4:38
    ရိုးအီနေတဲ့ ဇာတ်လမ်းဟောင်းတွေကို
  • 4:38 - 4:40
    အနားပေးဖို့ လိုပါတယ်၊
  • 4:40 - 4:43
    သူတို့တွေဟာ ဘယ်နှစ်ကြိမ် အလဲထိုးချခံရခံရ
  • 4:43 - 4:45
    ဒါကို ခါချကာ ဦးလည်မသုန် ကြိုးပမ်းသူတွေပါ။
  • 4:46 - 4:49
    ခံစားချက်တွေရှိခြင်းဟာ
    အားနည်းချက်မဟုတ်ဘူး။
  • 4:51 - 4:52
    ခံစားချက်တွေက ကျွန်မတို့
    လူသားဖြစ်တာပါ။
  • 4:53 - 4:55
    ကျွန်မတို့ လူသားဆန်မှုကို ငြင်းပယ်တဲ့အခါ
  • 4:55 - 4:57
    အတွင်းမှာ ခံစားမှု ဗလာကျင်း ကျန်ခဲ့ပြီး
  • 4:57 - 5:00
    ဒီဟာကွက်ကိုဖြည့်ဖို့ မိမိဘာသာ ဆေးကုဖို့
    နည်းလမ်းတွေ ရှာနေခြင်းပါ
  • 5:01 - 5:03
    ကျွန်မရဲ့ ဆေးဝါးက မြင့်မားတဲ့
    အောင်မြင်မှုပါ။
  • 5:04 - 5:08
    ဒီနေ့တွေမှာ ကျွန်မဇာတ်လမ်းကို ပွင့်လင်းစွာ
    မျှဝေပြီး အခြားသူတွေကို
  • 5:08 - 5:10
    သူတို့ဇာတ်လမ်းတွေကိုလည်း
    မျှဝေခိုင်းပါတယ်။
  • 5:10 - 5:12
    ကျွန်မ ယုံကြည်တာက
  • 5:12 - 5:14
    ကြိတ်ပြီး ခံစားနေလောက်မယ့်သူတွေ လိုတာက
  • 5:14 - 5:17
    သူတို့တွေချည်းမဟုတ်တာ သိဖို့နဲ့
  • 5:17 - 5:18
    အကူအညီနဲ့ဆို
  • 5:18 - 5:20
    သူတို့သက်သာနိုင်တာ သိဖို့ပါ။
  • 5:20 - 5:22
    အခု ကျွန်မမှာ ရုန်းကန်မှုတွေ ရှိဆဲပါ၊
  • 5:22 - 5:24
    အထူးသဖြင့် ပူပန်မှုနဲ့ပါ၊
  • 5:24 - 5:26
    ဒါပေမဲ့ နေ့စဉ် တရားထိုင်ခြင်း၊
  • 5:26 - 5:31
    ယောဂနဲ့ အတော်အသင့် ကျန်းမားတဲ့
    အဟာရကနေ ဒါကို ကိုင်တွယ်နိုင်ပါတယ်။
  • 5:31 - 5:32
    (ရယ်သံများ)
  • 5:32 - 5:34
    အရာတွေဟာ ချာလပတ်
    စလည်လာတယ်လို့ ခံစားရရင်
  • 5:34 - 5:36
    ကျွန်မရဲ့ အထူးကု Dawn Armstrong
    လို့ခေါ်တဲ့
  • 5:36 - 5:39
    တက်ကြွတဲ့ လူမည်း အမျိုးသမီး
    ကိုတွေ့ဖို့ ချိန်းဆိုပါတယ်။
  • 5:39 - 5:41
    သူမဟာ ဖြေသိမ့်နိုင်တယ်လို့ ကျွန်မထင်တဲ့
  • 5:41 - 5:44
    ဟာသဉာဏ်နဲ့ ကျွမ်းဝင်မှုရှိသူပါ။
  • 5:45 - 5:47
    ကျွန်မရဲ့တူလေးအတွက် အဲဒီကို
  • 5:47 - 5:49
    မရောက်နိုင်ခဲ့တာကို အမြဲ နောင်တရနေမှာပါ။
  • 5:50 - 5:52
    ဒါပေမဲ့ အရိုးသားဆုံး မျှော်လင့်ချက်က
  • 5:53 - 5:56
    ကိုယ်သင်ယူခဲ့တဲ့ သင်ခန်းစာတွေက
    အခြားသူတွေကို စေ့ဆော်ပေးနိုင်တာပါ
  • 5:59 - 6:02
    ဘဝဆိုတာ လှပပါတယ်။
  • 6:03 - 6:04
    တစ်ခါတစ်လေကျတော့ ရှုပ်ပွေနေပြီး
  • 6:04 - 6:06
    ဒါက အမြဲ ကြိုမသိနိုင်တာပါ။
  • 6:07 - 6:08
    ဒါပေမဲ့ သင့်ကိုကူညီဖို့
  • 6:08 - 6:11
    သင့်ရဲ့ အထောက်အပံ့စနစ်ရှိရင်
    အားလုံး အဆင်ပြေသွားပါလိမ့်မယ်။
  • 6:12 - 6:14
    မျှော်လင့်တာက သင့်ရဲ့ဝန်ထုပ်က
    အဆမတန် လေးလာရင်
  • 6:14 - 6:16
    အကူအညီလည်း သင်တောင်းရမှာပဲလေ။
  • 6:16 - 6:17
    ကျေးဇူးတင်ပါတယ်။
  • 6:17 - 6:20
    (လက်ခုပ်သံများ)
Title:
သင့်စိတ်ဓာတ်ကျခြင်းကို ကြိတ်ပြီး မခံစားပါနဲ့။
Speaker:
Nikki Webber Allen
Description:

ခံစားမှုတွေရှိခြင်းဟာ အားနည်းမှုရဲ့ လက္ခဏာတစ်ရပ်မဟုတ်ပါ၊ ၎င်းတို့ဟာ ကျွန်ုပ်တို့ လူသားတွေလို့ ဆိုလိုတာပါလို့ ထုတ်လုပ်သူနဲ့ လှုပ်ရှားရေးသမား Nikki Webber Allen ကဆိုပါတယ်။ စိတ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှု ရောဂါစစ်တမ်း တွေ့ရှိပြီးတာတောင်မှ Webber Allen ဟာ သူမနဲ့ရင်းနှီးတဲ့ အခြား သူတွေ ဟာလည်း ခံစားနေရပုံကို လှစ်ဟပြတဲ့ မိသားစု အဖြစ်ဆိုးတစ်ခုကို သိရတဲ့အထိတိုင် သူမရဲ့ အခြေအနေကို လျှို့ဝှက်ထားရင်း တစ်စုံတစ်ယောက်ကို ပြောပြဖို့ ရှက်တတ်လွန်းသူပါ။
စိတ်ကျန်းမာရေး အကြောင်း ဒီအရေးပါတဲ့ ဟောပြောချက်ထဲမှာ သူမဟာ သူမရဲ့ ရုန်းကန်မှုအကြောင်း ပွင့်လင်းစွာ ပြောပြထားပါတယ်။ ဘာကြောင့် အသားအရောင်ရှိတဲ့ လူမှုအဖွဲ့အစည်းတွေဟာ စိတ်ဓာတ်ကျခြင်းကို အားနည်းချက်တစ်ခုအဖြစ် လှည့်စားပြီး ဝေဒနာခံစားနေရသူတွေကို အကူအညီရခြင်းကနေ တားဆီးနေတဲ့ အမည်းစက်ကို ပျက်ပြယ်အောင်လုပ်ရမယ်ဆိုတာပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:35

Burmese subtitles

Revisions