< Return to Video

ငြိမ်းချမ်းဖို့ ဘယ်လိုလုပ်ကြမလဲ။ စိတ်ဆိုးလိုက်ပါ။

  • 0:01 - 0:06
    ဒီနေ့ ကျွန်တော် ဒေါသအကြောင်း
    ပြောမယ်။
  • 0:09 - 0:11
    ကျွန်တော့်အသက် ၁၁တုန်းက
  • 0:11 - 0:14
    ကျွန်တော့်သူငယ်ချင်းအချို့
    သူတို့မိဘတွေ ဖတ်စာအုပ်ဖိုး မတတ်နိုင်လို့
  • 0:14 - 0:19
    ကျောင်းကိုစွန့်ခွာသွား
    တာကိုမြင်တော့
  • 0:19 - 0:21
    ကျွန်တော်အရမ်းကိုဒေါသဖြစ်ခဲ့တယ်။
  • 0:23 - 0:26
    ကျွန်တော် အရမ်းကိုဒေါသ ဖြစ်ခဲ့တယ်။
  • 0:26 - 0:31
    မျှော်လင့်ချက်ကုန်နေတဲ့ကျွန်ဖြစ်သူ
    ဖခင်တဦးရဲ့ ကျဉ်းကြပ်တဲ့အခြေနေကြောင့်
  • 0:31 - 0:36
    သမီးကိုပြည့်တန်ဆာအဖြစ်
    ရောက်တော့မယ့် အကြောင်းကိုကြားတော့လဲ
  • 0:36 - 0:39
    ကျွန်တော် ဒေါသဖြစ်ခဲ့တယ်။
  • 0:40 - 0:43
    အသက် ၅၀ မှာတော့
  • 0:43 - 0:48
    လမ်းပေါ်မှာကျွန်တော့ သားနှင့်အတူ
  • 0:48 - 0:51
    သွေးအိုင်ထဲမှာ လဲလျောင်းနေခဲ့တော့လည်း
  • 0:51 - 0:53
    ကျွန်တော် ဒေါသဖြစ်ခဲ့တယ်။
  • 0:55 - 1:00
    ဘမိတ်ဆွေတို့ရေ ဒေါသဟာမကောင်းဘူးလို့
    ရာစုများစွာထဲက သင်ကြားခဲ့ရတယ်။
  • 1:01 - 1:03
    ကျွန်တော်တို့ရဲ့ မိဘ၊ ဆရာ၊ ဘုန်းတော်ကြီးများ --
  • 1:03 - 1:09
    အားလုံးက ဒေါသကိုဘယ်လိုမျိုသိပ်
    ထိန်းသိမ်းရမယ် ဆိုတာသင်ကြားပေးကြတယ်။
  • 1:12 - 1:14
    ဒါပေမဲ့ဘာေကြာင့်လဲလို့
    မေးချင်တယ်။
  • 1:16 - 1:21
    ဘာကြောင့်ကျွန်ုပ်တို့အမျက်ဒေါသ
    ကိုလူ့အဖွဲ့အစည်းရဲ့ကောင်း မှုအတွက်
  • 1:21 - 1:22
    ပြောင်းလွှဲအသုံးမချနိုင်တာလဲ။
    ကျွန်ုပ်တို့အမျက်ဒေါသ တွေကိုသုံးပြီး
  • 1:22 - 1:26
    ပြောင်းလွှဲအသုံးမချနိုင်တာလဲ။
    ကျွန်ုပ်တို့အမျက်ဒေါသ တွေကိုသုံးပြီး
  • 1:30 - 1:32
    ကျွန်တော်ဒါလုပ်ဖို့ကြိုးစားခဲ့တယ်။
  • 1:34 - 1:36
    မိတ်ဆွေတို့၊
  • 1:37 - 1:43
    ကျွန်တော့်ရဲ့ အကောင်းဆုံး စိတ်ကူးတွေက
    ဒေါသထွက်တဲ့အချိန်မှာ ပေါ်လာတတ်တယ်။
  • 1:44 - 1:54
    အသက် ၃၅ မှာသော့ခတ်ထားပြီး
    ထောင်သေးသေးလေးမှာ ထိုင်နေရစဉ်က
  • 1:55 - 1:57
    တညလုံးဒေါသထွက်ခဲ့တယ်။
  • 1:58 - 2:01
    ဒါပေမဲ့ ဒီမှာ စိတ်ကူးကောင်းလေး
    မွေးဖွားလာတယ်။
  • 2:01 - 2:04
    ဒီအကြောင်းကိုတော်ကြာမှ
    ပြန်ကောက်မယ်။
  • 2:04 - 2:11
    ကျွန်တော် နာမည်ရလာတဲ့
    ပုံပြင်လေးနှင့် စပါရစေ။
  • 2:13 - 2:18
    ကျွန်တော် ကလေးဘဝတည်းက
    မဟတ္တမဂန္ဓီကြီးကို အထူး လေးစားသူဖြစ်ပါတယ်။
  • 2:19 - 2:24
    ဂန္ဓီကြီးက အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး
    လှုပ်ရှားမှုကို ဦးဆောင်တိုက်ခဲ့တယ်။
  • 2:25 - 2:27
    ဒါပေမဲ့ ပိုအရေးကြီးတာက
  • 2:27 - 2:34
    ကျွန်တော်တို့ကို အားနည်းထိခိုက်လွယ်တဲ့
    အစိတ်အပိုင်းတွေ
  • 2:34 - 2:38
    အဆင်းရဲဆုံး လူတွေကို ဂုဏ်သိက္ခာ၊
    လေးစားမှုနှင့်အတူ ဆက်ဆံရန် သင်ပေးခဲ့တယ်။
  • 2:40 - 2:45
    ဒါကြောင့် အိန္ဒိယဟာ ၁၉၆၉ ခုနှစ်မှာ
  • 2:45 - 2:48
    မဟတ္တမဂန္ဒီရဲ့
    ဖွားမြင်ခြင်း ရာစုနှစ်ကို ကျင်းပချိန်မှာ --
  • 2:48 - 2:50
    ကျွန်တော့် အသက် ၁၅ နှစ်ရှိပြီ
  • 2:50 - 2:52
    ကျွန်တော် စိတ်ကူးတခုရခဲ့တယ်။
  • 2:54 - 2:57
    ကျွန်တော်တို့တခြားနည်းနှင့်
    မကျင်းပနိုင်ဘူးလား။။
  • 2:57 - 3:03
    ကျွန်တော်သိတယ်၊ ခင်ဗျားတို့
    တော်တော်များများ လည်းသိကြမှာပါပဲ။
  • 3:03 - 3:11
    အိန္ဒိယမှာ လူအများအပြားဟာ ဇာတ်အနိမ့်ဆုံး
    အပိုင်းမှာမွေးဖွားကြတယ်။
  • 3:12 - 3:15
    နောက်သူတို့ဟာ ထိတွေ့မရနိုင်သူများလို
    ဆက်ဆံခံရတယ်
  • 3:15 - 3:17
    ဒီလူတွေက---
  • 3:17 - 3:21
    ဘုရားကျောင်းတွေထဲ ပေးသွားဖို့မစဉ်းစားနှင့်
  • 3:21 - 3:28
    သူတို့ကဇာတ်မြင့်သူတွေရဲ့
    အိမ်တွေ ဆိုင်တွေကိုတောင် မသွားနိုင်ဘူး။
  • 3:28 - 3:34
    ကျွန်တော့်မြို့ က ဇာတ်စနစ်နှင့်
    ထိတွေ့မရနိုင်သူတွေ အကြောင်းတွေ
  • 3:34 - 3:38
    နောက် ဂန္ဒီကြီးရဲ့ကြိုက်ဆုံး စံတွေအကြောင်း
  • 3:38 - 3:40
    ပြောဆိုနေတဲ့ ခေါင်ဆောင်တွေကို
    အတော်ကိုသဘောကျခဲ့တယ်။
  • 3:42 - 3:45
    ဒီစကားတွေ စိတ်ဓာတ်ထကြွလာကာ အပယ်ခံလူစုကို
    အစားအစာတွေ ချက်ခိုင်းပြီး
  • 3:45 - 3:51
    ဒီလူတွေကို ဖိတ်ခေါ်ကျွေးမွေးခြင်းဖြင့်
  • 3:51 - 3:55
    စံနမူနာလေးတင်ရအောင်
    ဆိုတဲ့စိတ်ကူးရလာတယ်။
  • 3:55 - 4:00
    အပယ်ခံလို့ဆိုတဲ့ ဇာတ်နိမ့်တွေဆီသွားပြီး
    သူတို့တွေကို
  • 4:01 - 4:06
    နားချခဲ့ပေမဲ့ သူတို့အတွက်တော့
    ဒါဟာ တွေးလို့ကိုမရနိူင်တာပါ။
  • 4:06 - 4:10
    သူတို့ကကျွန်တော့်ကို "မဟုတ်ဘူး၊ မဟုတ်ဘူး
    ဒါမဖြစ်နိုင်ဘူး။တစ်ခါမှ မဖြစ်ခဲ့ဘူး။"
  • 4:11 - 4:13
    ကျွန်တော်က "ဒီခေါင်ဆောင်တွေကို ကြည့်စမ်းပါ
  • 4:13 - 4:15
    သူတို့ဘယ်ေလာက် မြင့်မြတ်လဲ၊
    အပယ်ခံဆိုတာကို သူတို့ဆန့်ကျင်ကြတယ်။
  • 4:15 - 4:18
    ဘယ်သူလာလာ မလာလာ သူတို့လာမယ်။
    ကျွန်တော်တို့ စံတင်နိုင်မယ်။"
  • 4:21 - 4:27
    ဒီလူတွေက ကျွန်တော်က အတော်နုံအတယ်
    လို့ထင်ကြတယ်။
  • 4:28 - 4:31
    နောက်ဆုံးတော့ လက်ခံလိုက်ကြတယ်။
  • 4:31 - 4:36
    သူငယ်ချင်းများတွေနဲ့ စက်ဘီးစီးပြီး နိုင်ငံရေး
    ခေါင်းဆောင်တွေကိုလိုက်ဖိတ်တယ်။
  • 4:38 - 4:41
    ကျွန်တော်ပျော်မြူးခဲ့တယ်၊ မဟုတ်ဘူး
    သူတို့တဦးချင်းနှင့်တွေ့ပြီး
  • 4:41 - 4:46
    သူတို့ကလည်း လာဖို့သဘောတူကြတော့
    အားရမိတယ်လို့ ခံစားရတယ်၊
  • 4:47 - 4:50
    တွေးမိလိုက်တာက "ကောင်းတဲ့အကြံပဲ
    တို့တွေ စံတင်နိုင်တော့မယ်။
  • 4:50 - 4:54
    လူ့အသိုင်းအဝိုင်းမှာ အပြောင်းအလဲ
    တို့လုပ်နိုင်တော့မယ်။
  • 4:55 - 4:57
    ထိုနေ့ကိုရောက်လာတယ်။
  • 4:58 - 5:03
    ဒီအပယ်ခံတွေအားလုံး အမျိုးသ္မီး၃ဦး
    အမျိုးသား၂ဦး
  • 5:03 - 5:07
    လာဖို့ သဘောတူထားတယ်။
  • 5:07 - 5:13
    မှတ်မိသေးတယ်၊ ဝတ်ကောင်းစားလှတွေ
    သူတို့တွေဝတ်လာတယ်။
  • 5:14 - 5:17
    အိုးခွက်အသစ်တွေလည်း သယ်ဆောင်လာတယ်။
  • 5:18 - 5:20
    ရေလည်း အခါတရာလောက် ချိုးခဲ့ကြတယ်။
  • 5:20 - 5:23
    ဒါဟာ သူတို့အတွက် စဉ်းစားလို့တောင်မရဘူး။
  • 5:23 - 5:26
    ဒါကပြောင်းလဲခြင်း တစ်ဒင်္ဂဖြစ်တယ်။
  • 5:27 - 5:30
    သူတို့စုကြတယ်၊ အစားအသောက်တွေလဲ
    ချက်ပြုတ်ပြီးသွားပြီ။
  • 5:30 - 5:33
    ခုနှစ်နာရီထိုးပြီ။
  • 5:33 - 5:36
    ရှစ်နာရီ --ကျွန်တော်တို့ ဆက်ဆောင့်နေတယ်။
  • 5:36 - 5:41
    ဘာကြောင့်လဲဆို ခေါင်းဆောင်ကြီးတွေ
    နောက်ကျတာမဆန်းပါဘူး။
  • 5:41 - 5:43
    နောက်တစ်နာရီလောက်
  • 5:43 - 5:50
    ၈နာရီထိုးပြီးကျွန်တော်တို့စက်ဘီးတွေနဲ့
    ခေါင်းဆောင်ကြီးတွေအိမ်တွေကို
  • 5:50 - 5:52
    သတိပေးဖို့ လိုက်သွားကြတယ်။
  • 5:54 - 5:59
    ခေါင်းဆောင်တစ်ဦးရဲ့ ဇနီးက
  • 5:59 - 6:04
    "ဝမ်းနည်းပါတယ်။ သူခေါင်းကိုက်နေလို့
    လာနိုင်မယ်မထင်ဘူး
  • 6:04 - 6:06
    နောက်ခေါင်းဆောင်တစ်ဦးထံ
    လိုက်သွားတယ်။
  • 6:06 - 6:10
    သူ့ဇနီးက "အေးအေးမင်းသွားလိုက်
    သူအသေအချာလာမယ်။
  • 6:11 - 6:15
    ဒီတော့ ကျွန်တော်ထင်လိုက်တယ်၊
    ညစာစားပွဲက ဖြစ်တော့ဖြစ်မယ်
  • 6:15 - 6:20
    သိပ်မကြီးကျယ်ရင်နေမယ်။
  • 6:21 - 6:27
    ကျင်းပမယ့်နေရာ ဖြစ်တဲ အသစ်ဆာက်ထားတဲ့
    မဟတ္တမဂန္ဒီ ပန်းခြံကိုပြန်သွားတယ်။
  • 6:29 - 6:30
    အခု ၁၀ နာရီထိုးပြီ။
  • 6:31 - 6:35
    ဘယ်ခေါင်ဆောင်မှ ပေါ်မလာဘူး။
  • 6:36 - 6:39
    ဒါကျွန်တော့်ကို ဒေါသထွက်စေတယ်။
  • 6:40 - 6:47
    ကျွန်တော် မဟတ္တမဂန္ဒီ ရုပ်တုကို
    မှီပြီးရပ်နေတယ်
  • 6:50 - 6:54
    ကျွန်တော် စိတ်ခံစားမှု ခန်းခြောက်နေတယ် -
    မဟုတ်ဘူးမောပန်း နေတယ်။
  • 6:57 - 7:02
    နောက်အစားအစာတွေ ခင်းကျင်းထားတဲ့
    နေရာမှာ ထိုင်ချလိုက်တယ်။
  • 7:06 - 7:08
    ကျွန်တော့် စိတ်ခံစားမှု ထိန်းထားတယ်။
  • 7:08 - 7:12
    ဒါပေမဲ့ ပထမတလုတ်ကို စားလိုက်ရင်ဘဲ
  • 7:12 - 7:15
    မျက်ရည်တွေ ကျလာတယ်။
  • 7:15 - 7:20
    နောက်ရုတ်တရက် ကျွန်တော့်ပခုံးပေါ်မှာ
    တစ်ဦးတယောက်ရဲ့ လက်ကို ခံစားရတယ်။
  • 7:20 - 7:26
    အပယ်ခံ အသိုင်းအဝိုင်းမှ အမျိုးသမီး
    တစ်ဦးရဲ့ အနာရောဂါငြိမ်းစေတဲ့
  • 7:26 - 7:30
    မိခင်ရဲ့ထိတွေ့ မှုဖြစ်နေတယ်။ နောက်သူမက
    "Kailash မင်းဘာလို့ ငိုနေတာလဲ?"
  • 7:32 - 7:34
    မင်းလုပ်စရာ ရှိတာလုပ်ပြီးပြီ
  • 7:34 - 7:37
    အပယ်ခံတွေချက်တဲ့ အစားအစာတွေစားပြီးပြီ
  • 7:37 - 7:40
    ဒါဟာ တို့မှတ်မိသလောက်
    တခါမှမဖြစ်ခဲ့ဘူး"
  • 7:41 - 7:46
    သူမက "မင်းဒီနေ့နိုင်တယ်"
  • 7:46 - 7:51
    မိတ်ဆွေတို့ရေ၊ သူမမှန်ပါတယ်။
  • 7:52 - 7:56
    ကျွန်တော်သန်းခေါင်ကျော်လောက်မှ
    အိမ်ပြန်ရောက်တယ်
  • 7:56 - 8:00
    နောက်ကျွန်တော်တို့အိမ်ဝင်းထဲမှာ
    ဇာတ်မြင့် သက်ကြီးလူကြီး
  • 8:00 - 8:03
    အချို့ထိုင်နေတာတွေ့ပြီး
    တော်တော် အံ့အားသင့်သွားတယ်
  • 8:03 - 8:06
    ကျွန်တော့်အမေနဲ့အသက်ကြီးတဲ့
    အမျိုသ္မီးတွေ ငိုကြွေးပြီး
  • 8:06 - 8:10
    ဒီသက်ကြီးရွယ်အိုတွေကို
    တောင်းပန်နေကြတယ်။
  • 8:10 - 8:13
    ဘာကြောင့်လဲဆို မိသားစုတစုလုံးကို
    ပယ်ထုတ်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့လို့လေ။
  • 8:14 - 8:19
    နောက် စဉ်းစားလို့ရသလောက် မိသားစုလိုက်
    ဇာတ်ထဲကထုတ်ပစ်တာဟာ
  • 8:19 - 8:22
    အကြီးမားဆုံး လူမှုရေးပြစ်ဒဏ်ဖြစ်ပါတယ်။
  • 8:24 - 8:29
    တနည်း ကျွန်တော့်ကိုပဲ အပြစ်ပေးဖို့
    သဘောတူခဲ့ပြီး သန့်စင်ခြင်းလုပ်တာက ပြစ်ဒဏ်ပေါ့။
  • 8:29 - 8:33
    အဓိပ္ပါယ်က ကျွန်တော့်ဇာတိမြို့
    ကနေ မိုင် ၆၀၀ ဝေးတဲ့
  • 8:33 - 8:37
    ဂင်္ဂါ မြစ်ကရေထဲသန့်ရှင်း
    စင်ကြယ်အောင် နှစ်ရမယ်။
  • 8:37 - 8:42
    ထို့နောက်ဘုန်းတော်ကြီး
    ၁၀၁ ပါးအတွက်ပွဲ စီမံပေးပြီး
  • 8:42 - 8:45
    သူတို့ ခြေထောက်များဆေးပြီး
    ထိုရေကိုသောက်ရမယ်။
  • 8:47 - 8:50
    ဒါဟာ အဓိပ္ပါယ်လုံးဝမရှိဘူး။
  • 8:50 - 8:52
    နောက်ကျွန်တော်ဒီပြစ်ဒဏ်ကို
    လက်ခံဖို့ငြင်းလိုက်တယ်။
  • 8:53 - 8:55
    သူတို့ကျွန်တော်ကိုဘယ်လို
    ဒါဏ်ခတ်သလဲ?
  • 8:55 - 9:01
    ကျွန်တော့်ကို ကိုယ်ပိုင်မီးဖိုချောင်နဲ့ထမင်း
    စားခန်းသို့ ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့တယ်။
  • 9:01 - 9:04
    ကျွန်တော့်အိုးခွက်
    ပန်းကန်တွေကိုခွဲထားတယ်။
  • 9:04 - 9:09
    ထိုညက ကျွန်တော် ဒေါသဖြစ်ခဲ့တယ်။
    ကျွန်တော့်ကို ဇာတ်ထဲက ထုတ်ပယ်ချင်တယ်။
  • 9:11 - 9:15
    ဒါပေမဲ့ ထိုညက ကျွန်တော် ဒီဇာတ်စနစ်
    တခုလုံးကို ထုတ်ပယ်လိုက်တယ်။
  • 9:16 - 9:20
    (သြဘာသံများ)
  • 9:21 - 9:26
    ဒါလုပ်နိုင်ဖို့ရာ ပထမဆုံး
  • 9:26 - 9:28
    မိသားစုအမည် သို့မဟုတ်
    မျိုးရိုးအမည်ကို ပြောင်းဖို့ဘဲ
  • 9:28 - 9:32
    ဘာကြောင့်လဲဆို အိန္ဒိယမှာ မိသားစုအမည်
    များက ဇာတ်အမည်ဖြစ်လို့ဘဲ။
  • 9:32 - 9:34
    ဒီတော့ ကျွန်တော့် အမည်ကို
    ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။
  • 9:34 - 9:41
    နောက်အနည်းငယ်ကြာတော့ ကိုယ့်ကိုယ်ကို
    အမည်အသစ်ပေးလိုက်တယ်- Satyarthi,
  • 9:41 - 9:44
    အဓိပ္ပါယ်က "အမှန်တရားကိုရှာဖွေသူ"
  • 9:45 - 9:49
    (သြဘာသံများ)
  • 9:49 - 9:53
    အဲဒါက ကျွန်တော့်ရဲ့ ပုံသဏ္ဍာန်ပြောင်းသွားတဲ့
    အမျက်ဒေါသရဲ့ အစဘဲ။
  • 9:54 - 9:57
    မိတ်ဆွေများ သင်တို့အထဲက
    တစ်ဦးတယောက်က များပြောနိုင်မလား
  • 9:57 - 10:02
    ကျွန်တော် ကလေး အခွင့်အရေးလှုပ်ရှားသူ
    မဖြစ်မီ ဘာလုပ်နေခဲ့လဲဆိုတာ။
  • 10:02 - 10:04
    တစ်ယောက်ယောက်များ သိမလား။
  • 10:05 - 10:06
    မသိဘူး။
  • 10:06 - 10:13
    ကျွန်တော်က အင်ဂျင်နီယာ၊
    လျှပ်စစ်အင်ဂျင်နီယာ လုပ်ခဲ့ပါတယ်။
  • 10:13 - 10:18
    ပြီးတော့ ကျွန်တော်သင်ယူတာက
    စွမ်းအင်ကို ဘယ်လို
  • 10:18 - 10:22
    လောင်ကျွမ်းနေတဲ့မီး၊ မီးသွေးများ
  • 10:22 - 10:26
    အခန်းများ အတွင်းမှ
    နျူကလီးယား ပေါက်ကွဲမှုများ
  • 10:26 - 10:29
    ပြင်းထန်စွာလှုပ်ရှားထကြွ
    နေတဲ့မြစ်ရေ စီးကြောင်း များ
  • 10:29 - 10:33
    ခက်ထန်ကြမ်းကြုတ်သော လေများကို
  • 10:33 - 10:38
    အလင်းသို့ ပြောင်းပြီး သန်းပေါင်းများစွာသော
    ဘဝများ ပြောင်းလဲနိုင်ကြောင်း။
  • 10:39 - 10:43
    ကျွန်တော် ဘယ်လို မချုပ်တည်း
    မရနိုင်တဲ့ စွမ်းအင်ပုံစံကိုလည်း
  • 10:43 - 10:48
    လူ့အဖွဲ့အစည်း ပိုမိုကောင်းမွန်ဖို့
    အသုံးချနိုင်ကြောင်း သင်ရတယ်။
  • 10:53 - 11:00
    ဒီတော့ ကျွန်တော် အချုပ်ခံ
    ခဲ့ရတဲ့ပုံပြင်ကို ပြန်ကောက်မယ်။
  • 11:00 - 11:04
    ကလေးတဒါဇင်ကို ကျွန်ဘဝမှလွတ်ပေးပြီး
    သူတို့မိဘတွေ လက်အပ်တာကို
  • 11:04 - 11:07
    ကျွန်တော် အရမ်းကို ပျော်နေပါတယ်
  • 11:07 - 11:10
    ကလေးတယောက်ကို လွတ်ပေးပြီး
    ရရှိသော ပျော်ရွှင်မှုကို ရှင်းမပြတတ်ဘူး။
  • 11:11 - 11:12
    ကျွန်တော် အရမ်းကို ပျော်ပါတယ်။
  • 11:13 - 11:19
    ဒါပေမဲ့ ကျွန်တော့်ဇာတိမြို့ ဒေလီကို
    ပြန်ဖို့ရထားကို စောင့်ဆိုင်းနေခိုက်
  • 11:19 - 11:22
    ဒါဇင်ချီတဲ့ ကလေးတွေ
    ရောက်လာနေတာ မြင်ရတယ်။
  • 11:22 - 11:26
    သူတို့ကို တယောက်ယောက်က
    ကုန်ကူးနေတာ၊
  • 11:26 - 11:28
    ကျွန်တော် ဒီလူတွေကို တားလိုက်တယ်။
  • 11:28 - 11:31
    ရဲကို တိုင်လိုက်တယ်။
  • 11:31 - 11:35
    ဒီတော့ ဒီရဲတွေက ကျွန်တော့်ကို
    မကူညီတဲ့အပြင်
  • 11:35 - 11:41
    ဒီသေးကွေးတဲ့ အချုပ်ခန်းထဲကို
    တိရစ္ဆာန်တကောင်လို ပစ်သွင်းလိုက်တယ်။
  • 11:42 - 11:43
    နောက် ဒါက ဒေါသည ဖြစ်ခဲ့ပြီး
  • 11:43 - 11:47
    အလင်းလက်ဆုံးနှင့်အကြီးမားဆုံး
    စိတ်ကူးမွေးဖွားလာတယ်။
  • 11:48 - 11:53
    စဉ်းစားကြည့်တယ်ဗျ၊ ငါ ၁၀ ယောက်ကို လွှတ်ပေးရင်
    နောက် ၅၀ ပိုပူးပေါင်းလိမ့်မယ်။
  • 11:53 - 11:55
    ဒါမပြီးသေးဘူး
  • 11:55 - 11:57
    ကျွန်တော် စားသုံးသူတွေရဲ့
    အင်အားကိုသိတယ်
  • 11:57 - 12:01
    နောက် ကျွန်တော် သင်တို့ကို
    ပြောပါရစေ ဒါက ပထမဆုံးအချိန်
  • 12:01 - 12:06
    ကျွန်တော် သို့မဟုတ် တကမ္ဘာလုံးမှာ
    တိုက်ပွဲစတင်ခဲ့တာ
  • 12:06 - 12:10
    စားသုံးသူပညာပေးရန်နှင့် ပို၍ခံစားစေရန်၊
  • 12:10 - 12:15
    နောက် ကလေးလုပ်အားကင်းတဲ့
    ကော်ဇောဝယ်လိုအားကိုဖန်တီးရန်က
  • 12:16 - 12:19
    ဥရောပ နှင့် အမေရိကမှာ
    ကျွန်တော်တို့ အောင်မြင်တဲ့ကြပြီး
  • 12:19 - 12:24
    ကလေးအလုပ်သမားများ
    တောင်အာရှနိုင်ငံများတွင်
  • 12:24 - 12:27
    ၈၀ ရာခိုင်နှုန်း ကျဆင်းလာတဲ့
    ရလဒ်ဖြစ်ပါတယ်
  • 12:27 - 12:30
    (သြဘာသံများ)
  • 12:33 - 12:39
    ဒါမက ပထမဆုံး စားသုံးသူရဲ့ အင်အား
    သို့မဟုတ်စားသုံးသူ စစ်ဆင်ရေးက
  • 12:39 - 12:44
    အခြားနိုင်ငံများ နှင့် အခြားစက်မှု
    လုပ်ငန်းများတွင် ကြီးထွားလာတယ်။
  • 12:44 - 12:49
    ချောကလက်၊ ပန်းသီး၊ ဖိနပ် -
    ဒါတွေထက် ကျော်လွန်သွားပြီ။
  • 12:51 - 12:53
    ၁၁ နှစ်အရွယ်က
    ကျွန်တော့် ဒေါသကြောင့်
  • 12:53 - 12:58
    ကလေးတိုင်းအတွက် ပညာရေး ဘယ်လောက်
    အရေးပါတယ် ဆိုတာသိလာတယ်။
  • 12:58 - 13:06
    တစ်ပတ်ရစ် စာအုပ်တွေစုပြီး အဆင်းရဲဆုံး
    ကလေးတွေကို ပေးဖို့စိတ်ကူးရလာတယ်။
  • 13:06 - 13:09
    ကျွန်တော် ၁၁ နှစ်အရွယ်မှာ
    စာအုပ်ဘဏ် ဖန်တီးခဲ့တယ်။
  • 13:11 - 13:12
    ဒါပေမဲ့ ကျွန်တော်ရပ်မသွားဘူး။
  • 13:12 - 13:14
    နောက်ပိုင်းမှာ ကျွန်တော်
  • 13:14 - 13:19
    ကမ္ဘာ့အကြီးဆုံး တစ်ခုတည်းသော အရပ်ဘက်
    လူ့အဖွဲ့အစည်း ပညာရေးအတွက် -
  • 13:19 - 13:22
    လှုံ့ဆော်ရေး ပူးတွဲတည်ထောင်ခဲ့ပါတယ်။
  • 13:22 - 13:27
    ဒါကပညာရေးသို့
    ဦးတည်စဉ်းစား တွေးခေါ်ခြင်းကို
  • 13:27 - 13:29
    ပေးကမ်းခြင်းအသွင်မှ လူ့အခွင့်အရေး
    အသွင်သို့ ကူပြောင်းပေးခဲ့တယ်။
  • 13:29 - 13:34
    နောက် ဒါက ကျောင်းအပြင်သို့
    ရောက်နေတဲ့ ကလေး ဦးရေကို
  • 13:34 - 13:38
    ၁၅ နှစ် အတွင်း တဝက်လျှော့ချရေးကို
    အခိုင်အမာ ကူညီပေးခဲ့တယ်။
  • 13:38 - 13:42
    (သြဘာသံများ)
  • 13:44 - 13:47
    ကျွန်တော် ၂၇ နှစ်အရွယ်က ဒေါသကြောင့်
  • 13:47 - 13:52
    ပြည့်တန်ဆာ အိမ်သို့ရောင်းချခံရမယ့်
    မိန်းကလေးကို ကယ်တင်ဖို့
  • 13:52 - 13:57
    ကျွန်တော့်ကို စိတ်ကူးတခုပေးခဲ့တယ်
  • 13:57 - 14:01
    ဗျူဟာအသစ်သုံးပြီး ဝင်ရောက်စီးနင်းမှုနှင့်
    ကယ်ဆယ်ရေးများ လုပ်ရန်။
  • 14:01 - 14:04
    ကလေးငယ်များကို ကျွန်ဘဝကလွှတ်ပေးရန်။
  • 14:05 - 14:11
    ဒါက ၁၀ ယောက်၊ အယောက်၂၀ မကပါ။
    ဒီလောက် ကံကောင်းတာကို ဂုဏ်ယူတယ်
  • 14:11 - 14:17
    ဒါပေမဲ့ကျွန်တော်နှင့်လုပ်ဖော်ကိုင်ဖက်တွေ
    ကလေး ၈၃၀၀၀ ကျေးကျွန်ဘဝမှ ကယ်နိုင်ခဲ့ပြီး
  • 14:17 - 14:20
    သူတို့မိခင်တွေ မိသားစုတွေထံ
    ပြန်လွှဲအပ်နိုင်ခဲ့တယ်။
  • 14:20 - 14:23
    (သြဘာသံများ)
  • 14:26 - 14:28
    ကမ္ဘာလုံးဆိုင်ရာ မူဝါဒများ
    လိုအပ်နေတာ ကျွန်တော်သိခဲ့တယ်။
  • 14:28 - 14:31
    ကမ္ဘာတစ်ဝှမ်း ကလေး အလုပ်သမား
    ဆန့်ကျင်ရေး ချီတက်ပွဲတွေ စီစဉ်ခဲ့တယ်။
  • 14:31 - 14:37
    နောက် ဒါက ကလေးများရဲ့
    အဆိုးဆုံးပုံစံများမှ ကာကွယ်ပေးရန်
  • 14:37 - 14:41
    အပြည်ပြည်ဆိုင်ရာ စည်းဝေးခြင်း
    အသစ်တစ်ခုကို စစေခဲ့တယ်။
  • 14:42 - 14:46
    အဲဒါရဲ့ အခိုင်မာဆုံး ရလဒ်က ကမ္ဘာလုံး
    ကကလေးလုပ်သား အရေအတွက်ဟာ
  • 14:46 - 14:52
    လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း သုံးပုံတစ်ပုံ
    လျော့နည်းသွားတယ်။
  • 14:52 - 14:56
    (သြဘာသံများ)
  • 14:56 - 15:00
    ဒီတော့ကိစ္စ တခုချင်းများဟာ
  • 15:00 - 15:04
    ဒေါသက စခဲ့တယ်
  • 15:04 - 15:06
    ကျွန်တော်ဒါကို
    စိတ်ကူးအဖြစ် ပြောင်းလဲပြီး
  • 15:06 - 15:10
    နောက် လုပ်ဆောင်ချက်။
  • 15:10 - 15:12
    ဒီတော့ ဒေါသ -နောက်ဘာလဲ?
  • 15:12 - 15:15
    စိတ်ကူး နောက် ---
  • 15:15 - 15:16
    ပရိသတ်များ - လုပ်ဆောင်ချက်။
  • 15:16 - 15:21
    K Si: ဒေါသ၊ စိတ်ကူး၊လုပ်ဆောင်ချက်
    ဒါကိုလုပ်ဖို့ကြိုးစားတယ်။
  • 15:22 - 15:25
    ဒေါသက စွမ်းအား၊
    ဒေါသက အင်အား
  • 15:25 - 15:28
    နောက် သဘာဝတရား နိယာမက
    အဲဒီလို စွမ်းအင်ဖြစ်ပါတယ်။
  • 15:28 - 15:33
    ဘယ်တော့မှ ဖန်းတီးလို့မရ ဘယ်တော့မှ
    မပျောက်ကွယ်နိုင်၊ မဖျက်ဆီးနိုင်ဘူး။
  • 15:33 - 15:40
    ဒီတော့ ဒေါသရဲ့ စွမ်းအင်ကို
    ဘာ့ကြောင့် ပြောင်းလဲပြီး
  • 15:40 - 15:44
    ပိုကောင်း၊ လှပတဲ့ကမ္ဘာ ပိုတရားမျှတ၊ တန်းတူ
    ကမ္ဘာကို ဖန်တီးဖို့ မသုံးစွဲနိုင်တာလဲ။
  • 15:45 - 15:47
    အမျက်ဒေါသက သင်တို့
    အသီးအသီးအတွင်း၌ ရှိတယ်။
  • 15:47 - 15:53
    လျှို့ဝှက်ချက်တစ်ခု စက္ကန့်အနည်းငယ်
    အတွက်သင်တို့နှင့် မျှဝေမယ်။
  • 15:53 - 16:01
    အကယ်၍ ကျွန်တော်တို့ဟာ
    အတ္တများရဲ့ ကျဉ်းမြောင်းသောအခွံ နှင့်
  • 16:01 - 16:05
    တစ်ကိုယ်ကောင်းဆန်သော
    စက်ဝိုင်းတွင်း ချုပ်ထားကြလျှင်
  • 16:05 - 16:13
    ဒီ ဒေါသတွေမှ အမုန်းတရား၊ အကြမ်းဖက်မှု၊
    လက်စားချေမှု၊ ဖျက်ဆီးခြင်းတွေ ဖြစ်လာမယ်။
  • 16:14 - 16:17
    ဒါပေမဲ့ကျွန်တော်တို့
    ဒီစက်ဝိုင်းတွေကိုချိုးဖျက်နိုင်ခဲ့ရင်
  • 16:17 - 16:22
    ဒီအမျက်ဒေါသတွေကို
    အင်အားသို့ ပြောင်းလဲနိုင်မယ်။
  • 16:22 - 16:27
    ကျွန်တော်တို့ရဲ့ အခြေခံ သနားကရုဏာကို
    သုံးပြီး ထိုစက်ဝိုင်းကိုချိုးဖျက်နိုင်ပြီး
  • 16:27 - 16:31
    ကမ္ဘာနှင့်ချိတ်ဆက်၍ ဒီလောကကို
    ကရုဏာနှင့် ပိုကောင်းစေနိုင်တယ်။
  • 16:31 - 16:34
    ဒီဒေါသကိုဘဲ ပြောင်းလဲနိုင်တယ်။
  • 16:34 - 16:39
    အဲဒီတော့ ကျွန်တော့် ချစ်လှတဲ့မိတ်ဆွေ မောင်နှမများ
    နိုဘယ်စု ရှင်တဦး အနေနှင့် တဖန်
  • 16:40 - 16:43
    ကျွန်တော် သင်တို့ကို ဒေါသဖြစ်ရန်
    တိုက်တွန်းနေတယ်။
  • 16:44 - 16:47
    ကျွန်တော် သင်တို့ကိုဒေါသဖြစ်ရန်
    တိုက်တွန်းနေတယ်။
  • 16:48 - 16:52
    နောက် ကျွန်တော်တို့ အထဲက
    ဒေါသအထွက်ဆုံး သူက
  • 16:52 - 17:00
    ဒေါသကို စိတ်ကူးနှင့်လက်တွေ့လုပ်ဆောင်မှုသို့
    အသွင်ပြောင်းနိုင်သူဖြစ်မယ်။
  • 17:00 - 17:02
    ကျေးဇူးအများကြီးတင်ပါတယ်။
  • 17:02 - 17:06
    (သြဘာသံများ)
  • 17:15 - 17:19
    CA: ခင်ဗျားဟာ နှစ်ပေါင်းများစွာ အခြားသူတွေ
    အတွက် လုံ့ဆော်မှုများဖြစ်စေခဲ့ပြီးပါပြီ။
  • 17:19 - 17:22
    ခင်ဗျာကို ဘယ်သူ သို့မဟုတ် ဘာက
    လုံ့ဆော်မှုများ ဖြစ်စေတာလဲ?
  • 17:23 - 17:24
    KS မေးခွန်ကောင်းလေးပါ။
  • 17:24 - 17:28
    Chris, ကျွန်တော်ခင်ဗျားကိုပြောပါရစေ၊
    ဒါကအမှန်တရားဘဲ
  • 17:28 - 17:33
    ကျွန်တော် ကလေး တယောက်ကို
    လွတ်ပေးတိုင်း
  • 17:33 - 17:37
    မိခင်ထံ ပြန်ရောက်မယ်ဆိုတဲ့
    မျှော်လင့်ချက်အကုန်လုံးကို
  • 17:37 - 17:41
    ဆုံးရှုံးခဲ့ရသူ ကလေးရဲ့ ပထမဆုံးအပြုံး
  • 17:41 - 17:44
    နောက် သူမရဲ့ သားသ္မီးများ သူမ
    ပေါင်ပေါ်မှာ ပြန်လာထိုင်မယ်ဆိုတဲ့
  • 17:44 - 17:51
    မျှော်လင့်ချက်အကုန်လုံးကို
    ဆုံးရှုံးခဲ့တဲ့ ထိုမိခင်
  • 17:51 - 17:53
    သူတို့စိတ်ခံစားမှုများ ဖြစ်လာပြီးနောက်
  • 17:53 - 17:58
    သူမရဲ့ ပါးပြင်ပေါ်ကို လှိမ့်ဆင်းလာတဲ့
    ဝမ်းသာလို့ကျတဲ့ ပထမမျက်ရည်
  • 17:58 - 18:01
    ဒါတွေက ဘုရားသခင်ရဲ့ ရုပ်သွင်ကို တစေ့တစောင်း
    မြင်ရတယ်-အကြီးမားဆုံး လှုံ့ဆော်မှုပါ။
  • 18:01 - 18:06
    ပြောခဲ့သလို ဘယ်လောက် ကံကောင်းလဲ
    တစ်ခါမဟုတ် အခါပေါင်ထောင်ပေါင်းများစွာ
  • 18:06 - 18:10
    ကျွန်တော့်ဘုရားကို ဒီကေလေးတွေရဲ့
    မျက် နှာတွေပေါ်မှာ သက်သေမြင်ခဲ့တယ်။
  • 18:10 - 18:12
    နောက်သူတို့က ကျွန်တော့်ရဲ့
    အကြီးမားဆုံး လှုံ့ဆော်မှုဖြစ်ပါတယ်။
  • 18:12 - 18:14
    ကျေးဇူးတင်ပါတယ်။
  • 18:14 - 18:16
    (သြဘာသံများ)
Title:
ငြိမ်းချမ်းဖို့ ဘယ်လိုလုပ်ကြမလဲ။ စိတ်ဆိုးလိုက်ပါ။
Speaker:
Kailash Satyarthi
Description:

အိန္ဒိယနိုင်ငံက ဇာတ်မြင့်အသိုင်းအဝိုင်းကနေ မွေးဖွားလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ကလေးငယ်ပေါင်း ၈၃၀၀၀ ကို ကျွန်ပြုမှုကနေ ဘယ်လိုများလွတ်မြောက်စေခဲ့ပါလိမ့်။ နိုဘယ်ဆုရှင် Kailash Satyarthi ကနေ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်ဖို့ ပြောင်းလဲချင်သူတွေအတွက် အံ့ဩဖွယ်ရာ အကြံပေးချက်တစ်ခုကို ကမ်းလှမ်းထားပါတယ်။ တရားမျှတမှုမရှိတာကို ဒေါသထွက်လိုက်ပါတဲ့လေ။ ဒီဩဇာလွှမ်းတဲ့ ဟောပြောချက်ထဲမှာ တစ်သက်တာလုံး ငြိမ်းချမ်းမှုဟာ တစ်သက်တာလုံး ဒေါသထွက်မှုကနေ ဘယ်လိုရုန်းကန်အားသတ္တိရှိတယ်ဆိုတာကို ပြဆိုထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
18:29
  • I just reedited it now !

  • Thank you, Saya Sann Tint. I got confused. I think another one has gone without title and description. May I request you to do the needful. Shall be careful in future.
    Kyi Kyi

Burmese subtitles

Revisions