ဒီနေ့ ကျွန်တော် ဒေါသအကြောင်း ပြောမယ်။ ကျွန်တော့်အသက် ၁၁တုန်းက ကျွန်တော့်သူငယ်ချင်းအချို့ သူတို့မိဘတွေ ဖတ်စာအုပ်ဖိုး မတတ်နိုင်လို့ ကျောင်းကိုစွန့်ခွာသွား တာကိုမြင်တော့ ကျွန်တော်အရမ်းကိုဒေါသဖြစ်ခဲ့တယ်။ ကျွန်တော် အရမ်းကိုဒေါသ ဖြစ်ခဲ့တယ်။ မျှော်လင့်ချက်ကုန်နေတဲ့ကျွန်ဖြစ်သူ ဖခင်တဦးရဲ့ ကျဉ်းကြပ်တဲ့အခြေနေကြောင့် သမီးကိုပြည့်တန်ဆာအဖြစ် ရောက်တော့မယ့် အကြောင်းကိုကြားတော့လဲ ကျွန်တော် ဒေါသဖြစ်ခဲ့တယ်။ အသက် ၅၀ မှာတော့ လမ်းပေါ်မှာကျွန်တော့ သားနှင့်အတူ သွေးအိုင်ထဲမှာ လဲလျောင်းနေခဲ့တော့လည်း ကျွန်တော် ဒေါသဖြစ်ခဲ့တယ်။ ဘမိတ်ဆွေတို့ရေ ဒေါသဟာမကောင်းဘူးလို့ ရာစုများစွာထဲက သင်ကြားခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ မိဘ၊ ဆရာ၊ ဘုန်းတော်ကြီးများ -- အားလုံးက ဒေါသကိုဘယ်လိုမျိုသိပ် ထိန်းသိမ်းရမယ် ဆိုတာသင်ကြားပေးကြတယ်။ ဒါပေမဲ့ဘာေကြာင့်လဲလို့ မေးချင်တယ်။ ဘာကြောင့်ကျွန်ုပ်တို့အမျက်ဒေါသ ကိုလူ့အဖွဲ့အစည်းရဲ့ကောင်း မှုအတွက် ပြောင်းလွှဲအသုံးမချနိုင်တာလဲ။ ကျွန်ုပ်တို့အမျက်ဒေါသ တွေကိုသုံးပြီး ပြောင်းလွှဲအသုံးမချနိုင်တာလဲ။ ကျွန်ုပ်တို့အမျက်ဒေါသ တွေကိုသုံးပြီး ကျွန်တော်ဒါလုပ်ဖို့ကြိုးစားခဲ့တယ်။ မိတ်ဆွေတို့၊ ကျွန်တော့်ရဲ့ အကောင်းဆုံး စိတ်ကူးတွေက ဒေါသထွက်တဲ့အချိန်မှာ ပေါ်လာတတ်တယ်။ အသက် ၃၅ မှာသော့ခတ်ထားပြီး ထောင်သေးသေးလေးမှာ ထိုင်နေရစဉ်က တညလုံးဒေါသထွက်ခဲ့တယ်။ ဒါပေမဲ့ ဒီမှာ စိတ်ကူးကောင်းလေး မွေးဖွားလာတယ်။ ဒီအကြောင်းကိုတော်ကြာမှ ပြန်ကောက်မယ်။ ကျွန်တော် နာမည်ရလာတဲ့ ပုံပြင်လေးနှင့် စပါရစေ။ ကျွန်တော် ကလေးဘဝတည်းက မဟတ္တမဂန္ဓီကြီးကို အထူး လေးစားသူဖြစ်ပါတယ်။ ဂန္ဓီကြီးက အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုကို ဦးဆောင်တိုက်ခဲ့တယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက ကျွန်တော်တို့ကို အားနည်းထိခိုက်လွယ်တဲ့ အစိတ်အပိုင်းတွေ အဆင်းရဲဆုံး လူတွေကို ဂုဏ်သိက္ခာ၊ လေးစားမှုနှင့်အတူ ဆက်ဆံရန် သင်ပေးခဲ့တယ်။ ဒါကြောင့် အိန္ဒိယဟာ ၁၉၆၉ ခုနှစ်မှာ မဟတ္တမဂန္ဒီရဲ့ ဖွားမြင်ခြင်း ရာစုနှစ်ကို ကျင်းပချိန်မှာ -- ကျွန်တော့် အသက် ၁၅ နှစ်ရှိပြီ ကျွန်တော် စိတ်ကူးတခုရခဲ့တယ်။ ကျွန်တော်တို့တခြားနည်းနှင့် မကျင်းပနိုင်ဘူးလား။။ ကျွန်တော်သိတယ်၊ ခင်ဗျားတို့ တော်တော်များများ လည်းသိကြမှာပါပဲ။ အိန္ဒိယမှာ လူအများအပြားဟာ ဇာတ်အနိမ့်ဆုံး အပိုင်းမှာမွေးဖွားကြတယ်။ နောက်သူတို့ဟာ ထိတွေ့မရနိုင်သူများလို ဆက်ဆံခံရတယ် ဒီလူတွေက--- ဘုရားကျောင်းတွေထဲ ပေးသွားဖို့မစဉ်းစားနှင့် သူတို့ကဇာတ်မြင့်သူတွေရဲ့ အိမ်တွေ ဆိုင်တွေကိုတောင် မသွားနိုင်ဘူး။ ကျွန်တော့်မြို့ က ဇာတ်စနစ်နှင့် ထိတွေ့မရနိုင်သူတွေ အကြောင်းတွေ နောက် ဂန္ဒီကြီးရဲ့ကြိုက်ဆုံး စံတွေအကြောင်း ပြောဆိုနေတဲ့ ခေါင်ဆောင်တွေကို အတော်ကိုသဘောကျခဲ့တယ်။ ဒီစကားတွေ စိတ်ဓာတ်ထကြွလာကာ အပယ်ခံလူစုကို အစားအစာတွေ ချက်ခိုင်းပြီး ဒီလူတွေကို ဖိတ်ခေါ်ကျွေးမွေးခြင်းဖြင့် စံနမူနာလေးတင်ရအောင် ဆိုတဲ့စိတ်ကူးရလာတယ်။ အပယ်ခံလို့ဆိုတဲ့ ဇာတ်နိမ့်တွေဆီသွားပြီး သူတို့တွေကို နားချခဲ့ပေမဲ့ သူတို့အတွက်တော့ ဒါဟာ တွေးလို့ကိုမရနိူင်တာပါ။ သူတို့ကကျွန်တော့်ကို "မဟုတ်ဘူး၊ မဟုတ်ဘူး ဒါမဖြစ်နိုင်ဘူး။တစ်ခါမှ မဖြစ်ခဲ့ဘူး။" ကျွန်တော်က "ဒီခေါင်ဆောင်တွေကို ကြည့်စမ်းပါ သူတို့ဘယ်ေလာက် မြင့်မြတ်လဲ၊ အပယ်ခံဆိုတာကို သူတို့ဆန့်ကျင်ကြတယ်။ ဘယ်သူလာလာ မလာလာ သူတို့လာမယ်။ ကျွန်တော်တို့ စံတင်နိုင်မယ်။" ဒီလူတွေက ကျွန်တော်က အတော်နုံအတယ် လို့ထင်ကြတယ်။ နောက်ဆုံးတော့ လက်ခံလိုက်ကြတယ်။ သူငယ်ချင်းများတွေနဲ့ စက်ဘီးစီးပြီး နိုင်ငံရေး ခေါင်းဆောင်တွေကိုလိုက်ဖိတ်တယ်။ ကျွန်တော်ပျော်မြူးခဲ့တယ်၊ မဟုတ်ဘူး သူတို့တဦးချင်းနှင့်တွေ့ပြီး သူတို့ကလည်း လာဖို့သဘောတူကြတော့ အားရမိတယ်လို့ ခံစားရတယ်၊ တွေးမိလိုက်တာက "ကောင်းတဲ့အကြံပဲ တို့တွေ စံတင်နိုင်တော့မယ်။ လူ့အသိုင်းအဝိုင်းမှာ အပြောင်းအလဲ တို့လုပ်နိုင်တော့မယ်။ ထိုနေ့ကိုရောက်လာတယ်။ ဒီအပယ်ခံတွေအားလုံး အမျိုးသ္မီး၃ဦး အမျိုးသား၂ဦး လာဖို့ သဘောတူထားတယ်။ မှတ်မိသေးတယ်၊ ဝတ်ကောင်းစားလှတွေ သူတို့တွေဝတ်လာတယ်။ အိုးခွက်အသစ်တွေလည်း သယ်ဆောင်လာတယ်။ ရေလည်း အခါတရာလောက် ချိုးခဲ့ကြတယ်။ ဒါဟာ သူတို့အတွက် စဉ်းစားလို့တောင်မရဘူး။ ဒါကပြောင်းလဲခြင်း တစ်ဒင်္ဂဖြစ်တယ်။ သူတို့စုကြတယ်၊ အစားအသောက်တွေလဲ ချက်ပြုတ်ပြီးသွားပြီ။ ခုနှစ်နာရီထိုးပြီ။ ရှစ်နာရီ --ကျွန်တော်တို့ ဆက်ဆောင့်နေတယ်။ ဘာကြောင့်လဲဆို ခေါင်းဆောင်ကြီးတွေ နောက်ကျတာမဆန်းပါဘူး။ နောက်တစ်နာရီလောက် ၈နာရီထိုးပြီးကျွန်တော်တို့စက်ဘီးတွေနဲ့ ခေါင်းဆောင်ကြီးတွေအိမ်တွေကို သတိပေးဖို့ လိုက်သွားကြတယ်။ ခေါင်းဆောင်တစ်ဦးရဲ့ ဇနီးက "ဝမ်းနည်းပါတယ်။ သူခေါင်းကိုက်နေလို့ လာနိုင်မယ်မထင်ဘူး နောက်ခေါင်းဆောင်တစ်ဦးထံ လိုက်သွားတယ်။ သူ့ဇနီးက "အေးအေးမင်းသွားလိုက် သူအသေအချာလာမယ်။ ဒီတော့ ကျွန်တော်ထင်လိုက်တယ်၊ ညစာစားပွဲက ဖြစ်တော့ဖြစ်မယ် သိပ်မကြီးကျယ်ရင်နေမယ်။ ကျင်းပမယ့်နေရာ ဖြစ်တဲ အသစ်ဆာက်ထားတဲ့ မဟတ္တမဂန္ဒီ ပန်းခြံကိုပြန်သွားတယ်။ အခု ၁၀ နာရီထိုးပြီ။ ဘယ်ခေါင်ဆောင်မှ ပေါ်မလာဘူး။ ဒါကျွန်တော့်ကို ဒေါသထွက်စေတယ်။ ကျွန်တော် မဟတ္တမဂန္ဒီ ရုပ်တုကို မှီပြီးရပ်နေတယ် ကျွန်တော် စိတ်ခံစားမှု ခန်းခြောက်နေတယ် - မဟုတ်ဘူးမောပန်း နေတယ်။ နောက်အစားအစာတွေ ခင်းကျင်းထားတဲ့ နေရာမှာ ထိုင်ချလိုက်တယ်။ ကျွန်တော့် စိတ်ခံစားမှု ထိန်းထားတယ်။ ဒါပေမဲ့ ပထမတလုတ်ကို စားလိုက်ရင်ဘဲ မျက်ရည်တွေ ကျလာတယ်။ နောက်ရုတ်တရက် ကျွန်တော့်ပခုံးပေါ်မှာ တစ်ဦးတယောက်ရဲ့ လက်ကို ခံစားရတယ်။ အပယ်ခံ အသိုင်းအဝိုင်းမှ အမျိုးသမီး တစ်ဦးရဲ့ အနာရောဂါငြိမ်းစေတဲ့ မိခင်ရဲ့ထိတွေ့ မှုဖြစ်နေတယ်။ နောက်သူမက "Kailash မင်းဘာလို့ ငိုနေတာလဲ?" မင်းလုပ်စရာ ရှိတာလုပ်ပြီးပြီ အပယ်ခံတွေချက်တဲ့ အစားအစာတွေစားပြီးပြီ ဒါဟာ တို့မှတ်မိသလောက် တခါမှမဖြစ်ခဲ့ဘူး" သူမက "မင်းဒီနေ့နိုင်တယ်" မိတ်ဆွေတို့ရေ၊ သူမမှန်ပါတယ်။ ကျွန်တော်သန်းခေါင်ကျော်လောက်မှ အိမ်ပြန်ရောက်တယ် နောက်ကျွန်တော်တို့အိမ်ဝင်းထဲမှာ ဇာတ်မြင့် သက်ကြီးလူကြီး အချို့ထိုင်နေတာတွေ့ပြီး တော်တော် အံ့အားသင့်သွားတယ် ကျွန်တော့်အမေနဲ့အသက်ကြီးတဲ့ အမျိုသ္မီးတွေ ငိုကြွေးပြီး ဒီသက်ကြီးရွယ်အိုတွေကို တောင်းပန်နေကြတယ်။ ဘာကြောင့်လဲဆို မိသားစုတစုလုံးကို ပယ်ထုတ်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့လို့လေ။ နောက် စဉ်းစားလို့ရသလောက် မိသားစုလိုက် ဇာတ်ထဲကထုတ်ပစ်တာဟာ အကြီးမားဆုံး လူမှုရေးပြစ်ဒဏ်ဖြစ်ပါတယ်။ တနည်း ကျွန်တော့်ကိုပဲ အပြစ်ပေးဖို့ သဘောတူခဲ့ပြီး သန့်စင်ခြင်းလုပ်တာက ပြစ်ဒဏ်ပေါ့။ အဓိပ္ပါယ်က ကျွန်တော့်ဇာတိမြို့ ကနေ မိုင် ၆၀၀ ဝေးတဲ့ ဂင်္ဂါ မြစ်ကရေထဲသန့်ရှင်း စင်ကြယ်အောင် နှစ်ရမယ်။ ထို့နောက်ဘုန်းတော်ကြီး ၁၀၁ ပါးအတွက်ပွဲ စီမံပေးပြီး သူတို့ ခြေထောက်များဆေးပြီး ထိုရေကိုသောက်ရမယ်။ ဒါဟာ အဓိပ္ပါယ်လုံးဝမရှိဘူး။ နောက်ကျွန်တော်ဒီပြစ်ဒဏ်ကို လက်ခံဖို့ငြင်းလိုက်တယ်။ သူတို့ကျွန်တော်ကိုဘယ်လို ဒါဏ်ခတ်သလဲ? ကျွန်တော့်ကို ကိုယ်ပိုင်မီးဖိုချောင်နဲ့ထမင်း စားခန်းသို့ ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့တယ်။ ကျွန်တော့်အိုးခွက် ပန်းကန်တွေကိုခွဲထားတယ်။ ထိုညက ကျွန်တော် ဒေါသဖြစ်ခဲ့တယ်။ ကျွန်တော့်ကို ဇာတ်ထဲက ထုတ်ပယ်ချင်တယ်။ ဒါပေမဲ့ ထိုညက ကျွန်တော် ဒီဇာတ်စနစ် တခုလုံးကို ထုတ်ပယ်လိုက်တယ်။ (သြဘာသံများ) ဒါလုပ်နိုင်ဖို့ရာ ပထမဆုံး မိသားစုအမည် သို့မဟုတ် မျိုးရိုးအမည်ကို ပြောင်းဖို့ဘဲ ဘာကြောင့်လဲဆို အိန္ဒိယမှာ မိသားစုအမည် များက ဇာတ်အမည်ဖြစ်လို့ဘဲ။ ဒီတော့ ကျွန်တော့် အမည်ကို ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်အနည်းငယ်ကြာတော့ ကိုယ့်ကိုယ်ကို အမည်အသစ်ပေးလိုက်တယ်- Satyarthi, အဓိပ္ပါယ်က "အမှန်တရားကိုရှာဖွေသူ" (သြဘာသံများ) အဲဒါက ကျွန်တော့်ရဲ့ ပုံသဏ္ဍာန်ပြောင်းသွားတဲ့ အမျက်ဒေါသရဲ့ အစဘဲ။ မိတ်ဆွေများ သင်တို့အထဲက တစ်ဦးတယောက်က များပြောနိုင်မလား ကျွန်တော် ကလေး အခွင့်အရေးလှုပ်ရှားသူ မဖြစ်မီ ဘာလုပ်နေခဲ့လဲဆိုတာ။ တစ်ယောက်ယောက်များ သိမလား။ မသိဘူး။ ကျွန်တော်က အင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာ လုပ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်သင်ယူတာက စွမ်းအင်ကို ဘယ်လို လောင်ကျွမ်းနေတဲ့မီး၊ မီးသွေးများ အခန်းများ အတွင်းမှ နျူကလီးယား ပေါက်ကွဲမှုများ ပြင်းထန်စွာလှုပ်ရှားထကြွ နေတဲ့မြစ်ရေ စီးကြောင်း များ ခက်ထန်ကြမ်းကြုတ်သော လေများကို အလင်းသို့ ပြောင်းပြီး သန်းပေါင်းများစွာသော ဘဝများ ပြောင်းလဲနိုင်ကြောင်း။ ကျွန်တော် ဘယ်လို မချုပ်တည်း မရနိုင်တဲ့ စွမ်းအင်ပုံစံကိုလည်း လူ့အဖွဲ့အစည်း ပိုမိုကောင်းမွန်ဖို့ အသုံးချနိုင်ကြောင်း သင်ရတယ်။ ဒီတော့ ကျွန်တော် အချုပ်ခံ ခဲ့ရတဲ့ပုံပြင်ကို ပြန်ကောက်မယ်။ ကလေးတဒါဇင်ကို ကျွန်ဘဝမှလွတ်ပေးပြီး သူတို့မိဘတွေ လက်အပ်တာကို ကျွန်တော် အရမ်းကို ပျော်နေပါတယ် ကလေးတယောက်ကို လွတ်ပေးပြီး ရရှိသော ပျော်ရွှင်မှုကို ရှင်းမပြတတ်ဘူး။ ကျွန်တော် အရမ်းကို ပျော်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဇာတိမြို့ ဒေလီကို ပြန်ဖို့ရထားကို စောင့်ဆိုင်းနေခိုက် ဒါဇင်ချီတဲ့ ကလေးတွေ ရောက်လာနေတာ မြင်ရတယ်။ သူတို့ကို တယောက်ယောက်က ကုန်ကူးနေတာ၊ ကျွန်တော် ဒီလူတွေကို တားလိုက်တယ်။ ရဲကို တိုင်လိုက်တယ်။ ဒီတော့ ဒီရဲတွေက ကျွန်တော့်ကို မကူညီတဲ့အပြင် ဒီသေးကွေးတဲ့ အချုပ်ခန်းထဲကို တိရစ္ဆာန်တကောင်လို ပစ်သွင်းလိုက်တယ်။ နောက် ဒါက ဒေါသည ဖြစ်ခဲ့ပြီး အလင်းလက်ဆုံးနှင့်အကြီးမားဆုံး စိတ်ကူးမွေးဖွားလာတယ်။ စဉ်းစားကြည့်တယ်ဗျ၊ ငါ ၁၀ ယောက်ကို လွှတ်ပေးရင် နောက် ၅၀ ပိုပူးပေါင်းလိမ့်မယ်။ ဒါမပြီးသေးဘူး ကျွန်တော် စားသုံးသူတွေရဲ့ အင်အားကိုသိတယ် နောက် ကျွန်တော် သင်တို့ကို ပြောပါရစေ ဒါက ပထမဆုံးအချိန် ကျွန်တော် သို့မဟုတ် တကမ္ဘာလုံးမှာ တိုက်ပွဲစတင်ခဲ့တာ စားသုံးသူပညာပေးရန်နှင့် ပို၍ခံစားစေရန်၊ နောက် ကလေးလုပ်အားကင်းတဲ့ ကော်ဇောဝယ်လိုအားကိုဖန်တီးရန်က ဥရောပ နှင့် အမေရိကမှာ ကျွန်တော်တို့ အောင်မြင်တဲ့ကြပြီး ကလေးအလုပ်သမားများ တောင်အာရှနိုင်ငံများတွင် ၈၀ ရာခိုင်နှုန်း ကျဆင်းလာတဲ့ ရလဒ်ဖြစ်ပါတယ် (သြဘာသံများ) ဒါမက ပထမဆုံး စားသုံးသူရဲ့ အင်အား သို့မဟုတ်စားသုံးသူ စစ်ဆင်ရေးက အခြားနိုင်ငံများ နှင့် အခြားစက်မှု လုပ်ငန်းများတွင် ကြီးထွားလာတယ်။ ချောကလက်၊ ပန်းသီး၊ ဖိနပ် - ဒါတွေထက် ကျော်လွန်သွားပြီ။ ၁၁ နှစ်အရွယ်က ကျွန်တော့် ဒေါသကြောင့် ကလေးတိုင်းအတွက် ပညာရေး ဘယ်လောက် အရေးပါတယ် ဆိုတာသိလာတယ်။ တစ်ပတ်ရစ် စာအုပ်တွေစုပြီး အဆင်းရဲဆုံး ကလေးတွေကို ပေးဖို့စိတ်ကူးရလာတယ်။ ကျွန်တော် ၁၁ နှစ်အရွယ်မှာ စာအုပ်ဘဏ် ဖန်တီးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ရပ်မသွားဘူး။ နောက်ပိုင်းမှာ ကျွန်တော် ကမ္ဘာ့အကြီးဆုံး တစ်ခုတည်းသော အရပ်ဘက် လူ့အဖွဲ့အစည်း ပညာရေးအတွက် - လှုံ့ဆော်ရေး ပူးတွဲတည်ထောင်ခဲ့ပါတယ်။ ဒါကပညာရေးသို့ ဦးတည်စဉ်းစား တွေးခေါ်ခြင်းကို ပေးကမ်းခြင်းအသွင်မှ လူ့အခွင့်အရေး အသွင်သို့ ကူပြောင်းပေးခဲ့တယ်။ နောက် ဒါက ကျောင်းအပြင်သို့ ရောက်နေတဲ့ ကလေး ဦးရေကို ၁၅ နှစ် အတွင်း တဝက်လျှော့ချရေးကို အခိုင်အမာ ကူညီပေးခဲ့တယ်။ (သြဘာသံများ) ကျွန်တော် ၂၇ နှစ်အရွယ်က ဒေါသကြောင့် ပြည့်တန်ဆာ အိမ်သို့ရောင်းချခံရမယ့် မိန်းကလေးကို ကယ်တင်ဖို့ ကျွန်တော့်ကို စိတ်ကူးတခုပေးခဲ့တယ် ဗျူဟာအသစ်သုံးပြီး ဝင်ရောက်စီးနင်းမှုနှင့် ကယ်ဆယ်ရေးများ လုပ်ရန်။ ကလေးငယ်များကို ကျွန်ဘဝကလွှတ်ပေးရန်။ ဒါက ၁၀ ယောက်၊ အယောက်၂၀ မကပါ။ ဒီလောက် ကံကောင်းတာကို ဂုဏ်ယူတယ် ဒါပေမဲ့ကျွန်တော်နှင့်လုပ်ဖော်ကိုင်ဖက်တွေ ကလေး ၈၃၀၀၀ ကျေးကျွန်ဘဝမှ ကယ်နိုင်ခဲ့ပြီး သူတို့မိခင်တွေ မိသားစုတွေထံ ပြန်လွှဲအပ်နိုင်ခဲ့တယ်။ (သြဘာသံများ) ကမ္ဘာလုံးဆိုင်ရာ မူဝါဒများ လိုအပ်နေတာ ကျွန်တော်သိခဲ့တယ်။ ကမ္ဘာတစ်ဝှမ်း ကလေး အလုပ်သမား ဆန့်ကျင်ရေး ချီတက်ပွဲတွေ စီစဉ်ခဲ့တယ်။ နောက် ဒါက ကလေးများရဲ့ အဆိုးဆုံးပုံစံများမှ ကာကွယ်ပေးရန် အပြည်ပြည်ဆိုင်ရာ စည်းဝေးခြင်း အသစ်တစ်ခုကို စစေခဲ့တယ်။ အဲဒါရဲ့ အခိုင်မာဆုံး ရလဒ်က ကမ္ဘာလုံး ကကလေးလုပ်သား အရေအတွက်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း သုံးပုံတစ်ပုံ လျော့နည်းသွားတယ်။ (သြဘာသံများ) ဒီတော့ကိစ္စ တခုချင်းများဟာ ဒေါသက စခဲ့တယ် ကျွန်တော်ဒါကို စိတ်ကူးအဖြစ် ပြောင်းလဲပြီး နောက် လုပ်ဆောင်ချက်။ ဒီတော့ ဒေါသ -နောက်ဘာလဲ? စိတ်ကူး နောက် --- ပရိသတ်များ - လုပ်ဆောင်ချက်။ K Si: ဒေါသ၊ စိတ်ကူး၊လုပ်ဆောင်ချက် ဒါကိုလုပ်ဖို့ကြိုးစားတယ်။ ဒေါသက စွမ်းအား၊ ဒေါသက အင်အား နောက် သဘာဝတရား နိယာမက အဲဒီလို စွမ်းအင်ဖြစ်ပါတယ်။ ဘယ်တော့မှ ဖန်းတီးလို့မရ ဘယ်တော့မှ မပျောက်ကွယ်နိုင်၊ မဖျက်ဆီးနိုင်ဘူး။ ဒီတော့ ဒေါသရဲ့ စွမ်းအင်ကို ဘာ့ကြောင့် ပြောင်းလဲပြီး ပိုကောင်း၊ လှပတဲ့ကမ္ဘာ ပိုတရားမျှတ၊ တန်းတူ ကမ္ဘာကို ဖန်တီးဖို့ မသုံးစွဲနိုင်တာလဲ။ အမျက်ဒေါသက သင်တို့ အသီးအသီးအတွင်း၌ ရှိတယ်။ လျှို့ဝှက်ချက်တစ်ခု စက္ကန့်အနည်းငယ် အတွက်သင်တို့နှင့် မျှဝေမယ်။ အကယ်၍ ကျွန်တော်တို့ဟာ အတ္တများရဲ့ ကျဉ်းမြောင်းသောအခွံ နှင့် တစ်ကိုယ်ကောင်းဆန်သော စက်ဝိုင်းတွင်း ချုပ်ထားကြလျှင် ဒီ ဒေါသတွေမှ အမုန်းတရား၊ အကြမ်းဖက်မှု၊ လက်စားချေမှု၊ ဖျက်ဆီးခြင်းတွေ ဖြစ်လာမယ်။ ဒါပေမဲ့ကျွန်တော်တို့ ဒီစက်ဝိုင်းတွေကိုချိုးဖျက်နိုင်ခဲ့ရင် ဒီအမျက်ဒေါသတွေကို အင်အားသို့ ပြောင်းလဲနိုင်မယ်။ ကျွန်တော်တို့ရဲ့ အခြေခံ သနားကရုဏာကို သုံးပြီး ထိုစက်ဝိုင်းကိုချိုးဖျက်နိုင်ပြီး ကမ္ဘာနှင့်ချိတ်ဆက်၍ ဒီလောကကို ကရုဏာနှင့် ပိုကောင်းစေနိုင်တယ်။ ဒီဒေါသကိုဘဲ ပြောင်းလဲနိုင်တယ်။ အဲဒီတော့ ကျွန်တော့် ချစ်လှတဲ့မိတ်ဆွေ မောင်နှမများ နိုဘယ်စု ရှင်တဦး အနေနှင့် တဖန် ကျွန်တော် သင်တို့ကို ဒေါသဖြစ်ရန် တိုက်တွန်းနေတယ်။ ကျွန်တော် သင်တို့ကိုဒေါသဖြစ်ရန် တိုက်တွန်းနေတယ်။ နောက် ကျွန်တော်တို့ အထဲက ဒေါသအထွက်ဆုံး သူက ဒေါသကို စိတ်ကူးနှင့်လက်တွေ့လုပ်ဆောင်မှုသို့ အသွင်ပြောင်းနိုင်သူဖြစ်မယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ (သြဘာသံများ) CA: ခင်ဗျားဟာ နှစ်ပေါင်းများစွာ အခြားသူတွေ အတွက် လုံ့ဆော်မှုများဖြစ်စေခဲ့ပြီးပါပြီ။ ခင်ဗျာကို ဘယ်သူ သို့မဟုတ် ဘာက လုံ့ဆော်မှုများ ဖြစ်စေတာလဲ? KS မေးခွန်ကောင်းလေးပါ။ Chris, ကျွန်တော်ခင်ဗျားကိုပြောပါရစေ၊ ဒါကအမှန်တရားဘဲ ကျွန်တော် ကလေး တယောက်ကို လွတ်ပေးတိုင်း မိခင်ထံ ပြန်ရောက်မယ်ဆိုတဲ့ မျှော်လင့်ချက်အကုန်လုံးကို ဆုံးရှုံးခဲ့ရသူ ကလေးရဲ့ ပထမဆုံးအပြုံး နောက် သူမရဲ့ သားသ္မီးများ သူမ ပေါင်ပေါ်မှာ ပြန်လာထိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်အကုန်လုံးကို ဆုံးရှုံးခဲ့တဲ့ ထိုမိခင် သူတို့စိတ်ခံစားမှုများ ဖြစ်လာပြီးနောက် သူမရဲ့ ပါးပြင်ပေါ်ကို လှိမ့်ဆင်းလာတဲ့ ဝမ်းသာလို့ကျတဲ့ ပထမမျက်ရည် ဒါတွေက ဘုရားသခင်ရဲ့ ရုပ်သွင်ကို တစေ့တစောင်း မြင်ရတယ်-အကြီးမားဆုံး လှုံ့ဆော်မှုပါ။ ပြောခဲ့သလို ဘယ်လောက် ကံကောင်းလဲ တစ်ခါမဟုတ် အခါပေါင်ထောင်ပေါင်းများစွာ ကျွန်တော့်ဘုရားကို ဒီကေလေးတွေရဲ့ မျက် နှာတွေပေါ်မှာ သက်သေမြင်ခဲ့တယ်။ နောက်သူတို့က ကျွန်တော့်ရဲ့ အကြီးမားဆုံး လှုံ့ဆော်မှုဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)