ကိုယ်ဝန်တားနည်းတွေ အလုပ်လုပ်ကြပုံ
-
0:07 - 0:11ဒီမှာပြောမှာကတော့ လိင်ဆက်ဆံပြီးမှုနောက်မှာ
ကိုယ်ဝန်ရဖို့ ဘာတွေဖြစ်လာရမလဲဆိုတာပါ.. -
0:11 - 0:13သုတ်ကောင်တွေ သားအိမ်လမ်းအတိုင်
-
0:13 - 0:14သားအိမ်ခေါင်းကို ဖြတ်ပြီးတော့
-
0:14 - 0:16သားအိမ်ဆီ ရောက်အောင်
-
0:16 - 0:18သားအိမ်ပြွန်၂ခုထဲက တစ်ခုထဲကို
ကူးဖြတ် ဝင်ရတယ်။ -
0:18 - 0:22လစဉ်ကြွေတတ်တဲ့ မမျိုးဥက ပြွန်ထဲရှိနေခဲ့ရင်
-
0:22 - 0:26သုတ်ကောင်ဟာ မျိုးအောင်ဖို့
အခွင့်အလမ်းရှိတယ်။ -
0:26 - 0:28ကိုယ်ဝန်တားနည်းတွေဟာ ဒီဖြစ်စဉ်ကို
ဟန့်တားရန် ပြုစုစီမံထားတာပါ။ -
0:28 - 0:31၎င်းတို့ လုပ်ကိုင်ပုံ
အခြေခံ ၃ နည်းရှိတယ်။ -
0:31 - 0:33သုတ်ကောင်ကို ပိတ်ဆို့တယ်၊
-
0:33 - 0:36သားအိမ်မရောက်ခင် သုတ်ကောင်ကို ဖျက်ဆီးတယ်၊
-
0:36 - 0:39မျိုးဥတည်မှုကို တားဆီးတယ်။
-
0:39 - 0:42ပိတ်ဆို့ခြင်းက အရိုးရှင်းဆုံးပဲ။
-
0:42 - 0:45ကျား နဲ့ မ ကွန်ဒုံးတွေက သုတ်ကောင်ကို
-
0:45 - 0:47သားအိမ်နဲ့ ထိတွေ့မရအောင် တားဆီးတယ်။
-
0:47 - 0:51အဲဒီလို တားဆီးမှုက၊ အခြားကိုယ်ဝန်
တားနည်းတွေနဲ့မတူ၊ လိင်ကတဆင့်ကူးစက်တဲ့ -
0:51 - 0:55ရောဂါတွေ ကူးမရအောင် ကာကွယ်
ပေးနိုင်ပါသေးတယ်။ -
0:55 - 1:00သားအိမ်ဝအဖုံး, သားအိမ်ဝအပိတ် နဲ့
ဆေးမြှုပ်တွေကတော့ -
1:00 - 1:05သားအိမ်ခေါင်းမှာတပ်ဆင်ခြင်းဖြစ်ပြီး
သားအိမ် ဝင်ပေါက်ကိုပိတ်ပေးတယ်။ -
1:05 - 1:08အဲဒီလို ကိုယ်ဝန်တားနည်းတွေကို
တားဆီးရေးနည်းတွေလို့ ခေါ်ကြပြီး -
1:08 - 1:10ဒုတိယနည်းရဲ့ နမူတာ တစ်ခုဖြစ်တဲ့
-
1:10 - 1:13ဖျက်ဆီးရေးနည်း၊ သုတ်သတ်ဆေးတွေနဲ့
တွဲသုံးလို့ရပါတယ်။ -
1:13 - 1:17သုတ်သတ်ဆေးဆိုတာ သုတ်ကောင်ကို လှုပ်ရှား
မရအောင် သတ်လိုက်တဲ့ ဓာတုပစ္စည်းပါ။ -
1:17 - 1:22ယနေ့မှာ သုတ်ဆေးတွေက အမြှုပ်၊ ခရင်၊
ဂျယ်လီနဲ့ အတွင်းထဲပုံစံနဲ့ လာပါတယ်၊ -
1:22 - 1:26မိန်းမကိုယ်ထဲမှာ ပျော်သွားတတ်တဲ့
ဖောက်ထွင်း မြင်နိုင်တဲ့ အပြားလဲ ရှိပါတယ်။ -
1:26 - 1:31မဆက်ဆံမီမှာ ဒီပစ္စည်းတွေကို
မိန်းမကိုယ်ထဲ ထည့်ရပါတယ်၊ -
1:31 - 1:34ဒါမှမဟုတ် သားအိမ်ဝ အဖုံး၊ ကွန်ဒုံးနဲ့
တွဲပြီးတော့ လည်းသုံးနိုင်ပြီး -
1:34 - 1:36ကာကွယ်မှုကို အားဖြည့်ပေးနိုင်သေးတယ်။
-
1:36 - 1:38ကိုယ်ဝန်မရစေရန် တားဆီးတဲ့
တတိယအုပ်စု နည်းက -
1:38 - 1:43သားအိမ်ထဲမှာ မျိုးဥတွေ ရင့်ကျက်မရအောင်
တားဆီးလိုက်တာပါ။ -
1:43 - 1:46သားအိမ်ပြွန်ထဲမှာ ဥမရှိဘူးဆိုရင်တော့
-
1:46 - 1:49သုတ်ကောင်အတွက် မျိုးအောင်စရာ
မရှိတော့ဘူးပေါ့။ -
1:49 - 1:50ဟိုမုန်းသုံး ကိုယ်ဝန်တားနည်းတွေ၊
-
1:50 - 1:54ဆေးလုံး၊ ကပ်ခွာ၊Depo ထိုးဆေးနဲ့
မိန်းမကိုယ်ထဲထည့်တဲ့ ကွင်းတွေ -
1:54 - 2:00အားလုံးက ဖန်တီးထားတဲ့ Estrogen နဲ့
Progesterone ဟိုမုန်းတွေကိုထုတ်ပေးတယ်။ -
2:00 - 2:03အဲဒီဟိုမုန်း မျိုးစုံတို့က
မျိုးဥကြွေတာကို တားဆီးတယ် -
2:03 - 2:06သားအိမ်ထဲမှာ မရင့်ကျက်သေးတဲ့ဥလေးကို
ဘာနဲ့မှမထိတွေ့အောင် ထားတယ်။ -
2:06 - 2:10ဖန်တီးထားတဲ့ progesterone ကို
ပိုထိရောက်အောင် လုပ်ထားသေးတယ်၊ -
2:10 - 2:15သားအိမ်ခေါင်းက အရိအချွဲတွေကို ထူပြစ်အောင်
လုပ်ပေးခြင်းဖြင့် သုတ်ကောင်တွေ ကူးမရပါ။ -
2:15 - 2:18တစ်ကြိမ်တည်း နည်းမျိုးစုံကို သုံးတဲ့
အခြား ကိုယ်ဝန်တားနည်းတွေလည်း ရှိပါသေးတယ် -
2:18 - 2:23ဥပမာ၊ IUD တွေ ဒါမှမဟုတ်
သားအိမ်ထဲ ထည့်ပစ္စည်းတွေထဲမှာ -
2:23 - 2:26မျိုးဥကြွေတာကို တားတဲ့ ဟိုမုန်းတွေပါတယ်။
-
2:26 - 2:28အချို့မှာ ကြေးနီပါလို့
-
2:28 - 2:33သုတ်ကောင်ကိုသေစေပြီး သားအိမ်ထဲမှာ မျိုးဥ
တွယ်ကပ်မှုကို ခက်ခဲစတေယ်။ -
2:33 - 2:35တားဆီးမှု၊ ဖျက်ဆီးမှု ဒါမှမဟုတ်
ဖိနှိပ်နည်းထဲက -
2:35 - 2:38နည်းတစ်ခုဟာ အခြားနည်းထက် ပိုကောင်းပါသလား။
-
2:38 - 2:41ခြားနားချက်တွေ ရှိပေမဲ့၊ တော်တော်မျာများက
-
2:41 - 2:44နည်းတစ်ခုစီကို သုံးရတာ ရလွယ်ကူပြီး
အဆင်ပြေမှုပေါ်မှာ မူတည်ပါတယ်။ -
2:44 - 2:48ဥပမာ၊ အမျိုးသားကွန်ဒုံးဆိုရင်
လူတိုင်းက စနစ်တကျသုံးမယ်ဆိုရင် -
2:48 - 2:50၉၈% အကျိုးသက်ရောက်မှုရှိတယ်။
-
2:50 - 2:55အဲဒီ ၉၈% ဆိုတာ စုံတွဲ၁၀၀ က တစ်နှစ်လုံး
ကွန်ဒုံးကို မှန်ကန်စွာ သုံးရင် -
2:55 - 2:57အမျိူးသမီး၂ ယောက်က
ကိုယ်ဝန်ရနိုင်တာကို ဆိုလိုတာပါ။ -
2:57 - 3:03ဒါပေမဲ့ လူတိုင်းက ၎င်းတို့ကို မှန်ကန်စွာ
မသုံးတတ်လို့ လက်တွေ့ ၈၂%ပဲ အကျိုးရှိပါတယ်။ -
3:03 - 3:07အခြားနည်းတွေ၊ ကပ်ခွာနဲ့ ဆေးလုံးတွေကတော့
၉၉% ထိရောက်မှုပါတယ်၊ -
3:07 - 3:09သေချာသုံးရင်ပေါ့။
-
3:09 - 3:12လက်တွေ့မှာ ၉၁%ပဲ အကျိုးရှိတယ်။
-
3:12 - 3:16သုတ်သတ်ဆေးက သေချာသုံးရင်တောင်
၈၅%ပဲ ထိရေားက်တယ်၊ -
3:16 - 3:19ပုံမှန်သုံးသူအတွက် ကျတော့ ၇၁% လောက်ပဲ
ထရောက်မှု ရှိတယ်။ -
3:19 - 3:24ကိုယ်ဝန်တားနည်း ရွေးရာမှာ နောက်အရေးကြီး
စဉ်းစားစရာကတော့ ဘေးထွက်ဆိုးကျိုးပါ။ -
3:24 - 3:27များသောအားဖြင့်
အမျိုးသမီးတွေမှာ ပိုထိခိုက်တယ် -
3:27 - 3:31ဟိုမုန်းနည်းလမ်းတွေက ခေါင်းကိုက်တာ၊
-
3:31 - 3:31ပျို့အန်တာနဲ့
-
3:31 - 3:33သွေးပေါင် တက်တာတွေဖြစ်တတ်တယ်။
-
3:33 - 3:35အမျိုးသမီးတစ်ယောက်နဲ့
တစ်ယောက် ကွာကြသေးတယ်။ -
3:35 - 3:39ဒါကြောင့် ဒီနည်းလမ်းတွေအတွက်
ဆရာဝန်က ညွှန်းဖို့လိုတယ်။ -
3:39 - 3:41ကိုယ်ဝန်တားနည်း ရွေးတယ်ဆိုတာ
လူတစ်ဦးရဲ့ ရွေးချယ်မှုပါ၊ -
3:41 - 3:45သင့် အတွက်အခုအကောင်းဆုံးက နောင်တွင်
ပြောင်းချင် ပြောင်းသွားနိုင်တယ်။ -
3:45 - 3:47သိပ္ပံပညာရှင်တွေကလည်း
နည်းအသစ်ကို ရှာနေကြတယ်၊ -
3:47 - 3:51ဥပမာ၊ ယောင်္ကျားတွေမှာ သုတ်ကောင်
ထုတ်မှုကို တားဆီးမယ့် ဆေးလုံး။ -
3:51 - 3:54ဒီအတောအတွင်းမှာတော့
သုတ်ကောင် ကိုပိတ်ဆို့ဖို့ -
3:54 - 3:55ရွေးချယ်စရာ တချို့ရှိတယ်၊
-
3:55 - 3:56ဖျက်ဆီးဖို့ ဒါမှမဟုတ်
-
3:56 - 3:59မျိုးဥတွေကို တားထားပြီး
ဘယ်လိုမှ တွေ့မရအောင် လုပ်ထားဖို့ပါ။
- Title:
- ကိုယ်ဝန်တားနည်းတွေ အလုပ်လုပ်ကြပုံ
- Speaker:
- NWHunter
- Description:
-
ကိုယ်ဝန်တားနည်းတွေကို ကလေးမရအောင် အခြေခံနည်း ၃နည်းနဲ့ ပြုစုစီမံကြပါတယ်။
သုတ်ကောင်တွေကိုပိတ်ဆို့မယ်၊ သုတ်ကောင်ကို သားအိမ်မရောက်ခင်ဖျက်ဆီးမယ်
ဒါမှမဟုတ် မျိုးဥမတည်မှုကို တားဆီးမယ်။ အဲဒီလို မဟာဗျူဟာ တစ်ခုဟာ အခြားတစ်ခုထက် ပိုကောင်းပါသလား။ ပြီးတော့ တစ်ခုချင် အလုပ်လုပ်ပုံက ဘယ်လိုများလဲ။ NWHunter က ကိုယ်ဝန်တားနည်း တစ်မျိုးစီ အလုပ်လုပ်ပုံကို တင်ပြထားပါတယ်။ - Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 04:21
![]() |
sann tint approved Burmese subtitles for How do contraceptives work? | |
![]() |
Myo Aung accepted Burmese subtitles for How do contraceptives work? | |
![]() |
Myo Aung edited Burmese subtitles for How do contraceptives work? | |
![]() |
Myo Aung edited Burmese subtitles for How do contraceptives work? | |
![]() |
Myo Aung edited Burmese subtitles for How do contraceptives work? | |
![]() |
Nyein Chan Ko Ko edited Burmese subtitles for How do contraceptives work? |