ဒီမှာပြောမှာကတော့ လိင်ဆက်ဆံပြီးမှုနောက်မှာ ကိုယ်ဝန်ရဖို့ ဘာတွေဖြစ်လာရမလဲဆိုတာပါ.. သုတ်ကောင်တွေ သားအိမ်လမ်းအတိုင် သားအိမ်ခေါင်းကို ဖြတ်ပြီးတော့ သားအိမ်ဆီ ရောက်အောင် သားအိမ်ပြွန်၂ခုထဲက တစ်ခုထဲကို ကူးဖြတ် ဝင်ရတယ်။ လစဉ်ကြွေတတ်တဲ့ မမျိုးဥက ပြွန်ထဲရှိနေခဲ့ရင် သုတ်ကောင်ဟာ မျိုးအောင်ဖို့ အခွင့်အလမ်းရှိတယ်။ ကိုယ်ဝန်တားနည်းတွေဟာ ဒီဖြစ်စဉ်ကို ဟန့်တားရန် ပြုစုစီမံထားတာပါ။ ၎င်းတို့ လုပ်ကိုင်ပုံ အခြေခံ ၃ နည်းရှိတယ်။ သုတ်ကောင်ကို ပိတ်ဆို့တယ်၊ သားအိမ်မရောက်ခင် သုတ်ကောင်ကို ဖျက်ဆီးတယ်၊ မျိုးဥတည်မှုကို တားဆီးတယ်။ ပိတ်ဆို့ခြင်းက အရိုးရှင်းဆုံးပဲ။ ကျား နဲ့ မ ကွန်ဒုံးတွေက သုတ်ကောင်ကို သားအိမ်နဲ့ ထိတွေ့မရအောင် တားဆီးတယ်။ အဲဒီလို တားဆီးမှုက၊ အခြားကိုယ်ဝန် တားနည်းတွေနဲ့မတူ၊ လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေ ကူးမရအောင် ကာကွယ် ပေးနိုင်ပါသေးတယ်။ သားအိမ်ဝအဖုံး, သားအိမ်ဝအပိတ် နဲ့ ဆေးမြှုပ်တွေကတော့ သားအိမ်ခေါင်းမှာတပ်ဆင်ခြင်းဖြစ်ပြီး သားအိမ် ဝင်ပေါက်ကိုပိတ်ပေးတယ်။ အဲဒီလို ကိုယ်ဝန်တားနည်းတွေကို တားဆီးရေးနည်းတွေလို့ ခေါ်ကြပြီး ဒုတိယနည်းရဲ့ နမူတာ တစ်ခုဖြစ်တဲ့ ဖျက်ဆီးရေးနည်း၊ သုတ်သတ်ဆေးတွေနဲ့ တွဲသုံးလို့ရပါတယ်။ သုတ်သတ်ဆေးဆိုတာ သုတ်ကောင်ကို လှုပ်ရှား မရအောင် သတ်လိုက်တဲ့ ဓာတုပစ္စည်းပါ။ ယနေ့မှာ သုတ်ဆေးတွေက အမြှုပ်၊ ခရင်၊ ဂျယ်လီနဲ့ အတွင်းထဲပုံစံနဲ့ လာပါတယ်၊ မိန်းမကိုယ်ထဲမှာ ပျော်သွားတတ်တဲ့ ဖောက်ထွင်း မြင်နိုင်တဲ့ အပြားလဲ ရှိပါတယ်။ မဆက်ဆံမီမှာ ဒီပစ္စည်းတွေကို မိန်းမကိုယ်ထဲ ထည့်ရပါတယ်၊ ဒါမှမဟုတ် သားအိမ်ဝ အဖုံး၊ ကွန်ဒုံးနဲ့ တွဲပြီးတော့ လည်းသုံးနိုင်ပြီး ကာကွယ်မှုကို အားဖြည့်ပေးနိုင်သေးတယ်။ ကိုယ်ဝန်မရစေရန် တားဆီးတဲ့ တတိယအုပ်စု နည်းက သားအိမ်ထဲမှာ မျိုးဥတွေ ရင့်ကျက်မရအောင် တားဆီးလိုက်တာပါ။ သားအိမ်ပြွန်ထဲမှာ ဥမရှိဘူးဆိုရင်တော့ သုတ်ကောင်အတွက် မျိုးအောင်စရာ မရှိတော့ဘူးပေါ့။ ဟိုမုန်းသုံး ကိုယ်ဝန်တားနည်းတွေ၊ ဆေးလုံး၊ ကပ်ခွာ၊Depo ထိုးဆေးနဲ့ မိန်းမကိုယ်ထဲထည့်တဲ့ ကွင်းတွေ အားလုံးက ဖန်တီးထားတဲ့ Estrogen နဲ့ Progesterone ဟိုမုန်းတွေကိုထုတ်ပေးတယ်။ အဲဒီဟိုမုန်း မျိုးစုံတို့က မျိုးဥကြွေတာကို တားဆီးတယ် သားအိမ်ထဲမှာ မရင့်ကျက်သေးတဲ့ဥလေးကို ဘာနဲ့မှမထိတွေ့အောင် ထားတယ်။ ဖန်တီးထားတဲ့ progesterone ကို ပိုထိရောက်အောင် လုပ်ထားသေးတယ်၊ သားအိမ်ခေါင်းက အရိအချွဲတွေကို ထူပြစ်အောင် လုပ်ပေးခြင်းဖြင့် သုတ်ကောင်တွေ ကူးမရပါ။ တစ်ကြိမ်တည်း နည်းမျိုးစုံကို သုံးတဲ့ အခြား ကိုယ်ဝန်တားနည်းတွေလည်း ရှိပါသေးတယ် ဥပမာ၊ IUD တွေ ဒါမှမဟုတ် သားအိမ်ထဲ ထည့်ပစ္စည်းတွေထဲမှာ မျိုးဥကြွေတာကို တားတဲ့ ဟိုမုန်းတွေပါတယ်။ အချို့မှာ ကြေးနီပါလို့ သုတ်ကောင်ကိုသေစေပြီး သားအိမ်ထဲမှာ မျိုးဥ တွယ်ကပ်မှုကို ခက်ခဲစတေယ်။ တားဆီးမှု၊ ဖျက်ဆီးမှု ဒါမှမဟုတ် ဖိနှိပ်နည်းထဲက နည်းတစ်ခုဟာ အခြားနည်းထက် ပိုကောင်းပါသလား။ ခြားနားချက်တွေ ရှိပေမဲ့၊ တော်တော်မျာများက နည်းတစ်ခုစီကို သုံးရတာ ရလွယ်ကူပြီး အဆင်ပြေမှုပေါ်မှာ မူတည်ပါတယ်။ ဥပမာ၊ အမျိုးသားကွန်ဒုံးဆိုရင် လူတိုင်းက စနစ်တကျသုံးမယ်ဆိုရင် ၉၈% အကျိုးသက်ရောက်မှုရှိတယ်။ အဲဒီ ၉၈% ဆိုတာ စုံတွဲ၁၀၀ က တစ်နှစ်လုံး ကွန်ဒုံးကို မှန်ကန်စွာ သုံးရင် အမျိူးသမီး၂ ယောက်က ကိုယ်ဝန်ရနိုင်တာကို ဆိုလိုတာပါ။ ဒါပေမဲ့ လူတိုင်းက ၎င်းတို့ကို မှန်ကန်စွာ မသုံးတတ်လို့ လက်တွေ့ ၈၂%ပဲ အကျိုးရှိပါတယ်။ အခြားနည်းတွေ၊ ကပ်ခွာနဲ့ ဆေးလုံးတွေကတော့ ၉၉% ထိရောက်မှုပါတယ်၊ သေချာသုံးရင်ပေါ့။ လက်တွေ့မှာ ၉၁%ပဲ အကျိုးရှိတယ်။ သုတ်သတ်ဆေးက သေချာသုံးရင်တောင် ၈၅%ပဲ ထိရေားက်တယ်၊ ပုံမှန်သုံးသူအတွက် ကျတော့ ၇၁% လောက်ပဲ ထရောက်မှု ရှိတယ်။ ကိုယ်ဝန်တားနည်း ရွေးရာမှာ နောက်အရေးကြီး စဉ်းစားစရာကတော့ ဘေးထွက်ဆိုးကျိုးပါ။ များသောအားဖြင့် အမျိုးသမီးတွေမှာ ပိုထိခိုက်တယ် ဟိုမုန်းနည်းလမ်းတွေက ခေါင်းကိုက်တာ၊ ပျို့အန်တာနဲ့ သွေးပေါင် တက်တာတွေဖြစ်တတ်တယ်။ အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက် ကွာကြသေးတယ်။ ဒါကြောင့် ဒီနည်းလမ်းတွေအတွက် ဆရာဝန်က ညွှန်းဖို့လိုတယ်။ ကိုယ်ဝန်တားနည်း ရွေးတယ်ဆိုတာ လူတစ်ဦးရဲ့ ရွေးချယ်မှုပါ၊ သင့် အတွက်အခုအကောင်းဆုံးက နောင်တွင် ပြောင်းချင် ပြောင်းသွားနိုင်တယ်။ သိပ္ပံပညာရှင်တွေကလည်း နည်းအသစ်ကို ရှာနေကြတယ်၊ ဥပမာ၊ ယောင်္ကျားတွေမှာ သုတ်ကောင် ထုတ်မှုကို တားဆီးမယ့် ဆေးလုံး။ ဒီအတောအတွင်းမှာတော့ သုတ်ကောင် ကိုပိတ်ဆို့ဖို့ ရွေးချယ်စရာ တချို့ရှိတယ်၊ ဖျက်ဆီးဖို့ ဒါမှမဟုတ် မျိုးဥတွေကို တားထားပြီး ဘယ်လိုမှ တွေ့မရအောင် လုပ်ထားဖို့ပါ။