WEBVTT 00:00:06.919 --> 00:00:10.909 ဒီမှာပြောမှာကတော့ လိင်ဆက်ဆံပြီးမှုနောက်မှာ ကိုယ်ဝန်ရဖို့ ဘာတွေဖြစ်လာရမလဲဆိုတာပါ.. 00:00:10.909 --> 00:00:12.681 သုတ်ကောင်တွေ သားအိမ်လမ်းအတိုင် 00:00:12.681 --> 00:00:14.081 သားအိမ်ခေါင်းကို ဖြတ်ပြီးတော့ 00:00:14.081 --> 00:00:15.571 သားအိမ်ဆီ ရောက်အောင် 00:00:15.571 --> 00:00:18.211 သားအိမ်ပြွန်၂ခုထဲက တစ်ခုထဲကို ကူးဖြတ် ဝင်ရတယ်။ 00:00:18.211 --> 00:00:22.420 လစဉ်ကြွေတတ်တဲ့ မမျိုးဥက ပြွန်ထဲရှိနေခဲ့ရင် 00:00:22.420 --> 00:00:25.571 သုတ်ကောင်ဟာ မျိုးအောင်ဖို့ အခွင့်အလမ်းရှိတယ်။ 00:00:25.571 --> 00:00:28.489 ကိုယ်ဝန်တားနည်းတွေဟာ ဒီဖြစ်စဉ်ကို ဟန့်တားရန် ပြုစုစီမံထားတာပါ။ 00:00:28.489 --> 00:00:30.671 ၎င်းတို့ လုပ်ကိုင်ပုံ အခြေခံ ၃ နည်းရှိတယ်။ 00:00:30.671 --> 00:00:32.771 သုတ်ကောင်ကို ပိတ်ဆို့တယ်၊ 00:00:32.771 --> 00:00:35.630 သားအိမ်မရောက်ခင် သုတ်ကောင်ကို ဖျက်ဆီးတယ်၊ 00:00:35.630 --> 00:00:38.944 မျိုးဥတည်မှုကို တားဆီးတယ်။ 00:00:38.944 --> 00:00:41.683 ပိတ်ဆို့ခြင်းက အရိုးရှင်းဆုံးပဲ။ 00:00:41.683 --> 00:00:45.080 ကျား နဲ့ မ ကွန်ဒုံးတွေက သုတ်ကောင်ကို 00:00:45.080 --> 00:00:47.171 သားအိမ်နဲ့ ထိတွေ့မရအောင် တားဆီးတယ်။ 00:00:47.171 --> 00:00:50.871 အဲဒီလို တားဆီးမှုက၊ အခြားကိုယ်ဝန် တားနည်းတွေနဲ့မတူ၊ လိင်ကတဆင့်ကူးစက်တဲ့ 00:00:50.871 --> 00:00:55.441 ရောဂါတွေ ကူးမရအောင် ကာကွယ် ပေးနိုင်ပါသေးတယ်။ 00:00:55.441 --> 00:00:59.534 သားအိမ်ဝအဖုံး, သားအိမ်ဝအပိတ် နဲ့ ဆေးမြှုပ်တွေကတော့ 00:00:59.534 --> 00:01:04.632 သားအိမ်ခေါင်းမှာတပ်ဆင်ခြင်းဖြစ်ပြီး သားအိမ် ဝင်ပေါက်ကိုပိတ်ပေးတယ်။ 00:01:04.632 --> 00:01:08.060 အဲဒီလို ကိုယ်ဝန်တားနည်းတွေကို တားဆီးရေးနည်းတွေလို့ ခေါ်ကြပြီး 00:01:08.060 --> 00:01:09.881 ဒုတိယနည်းရဲ့ နမူတာ တစ်ခုဖြစ်တဲ့ 00:01:09.881 --> 00:01:13.072 ဖျက်ဆီးရေးနည်း၊ သုတ်သတ်ဆေးတွေနဲ့ တွဲသုံးလို့ရပါတယ်။ 00:01:13.072 --> 00:01:17.431 သုတ်သတ်ဆေးဆိုတာ သုတ်ကောင်ကို လှုပ်ရှား မရအောင် သတ်လိုက်တဲ့ ဓာတုပစ္စည်းပါ။ 00:01:17.431 --> 00:01:21.971 ယနေ့မှာ သုတ်ဆေးတွေက အမြှုပ်၊ ခရင်၊ ဂျယ်လီနဲ့ အတွင်းထဲပုံစံနဲ့ လာပါတယ်၊ 00:01:21.971 --> 00:01:26.461 မိန်းမကိုယ်ထဲမှာ ပျော်သွားတတ်တဲ့ ဖောက်ထွင်း မြင်နိုင်တဲ့ အပြားလဲ ရှိပါတယ်။ 00:01:26.461 --> 00:01:30.972 မဆက်ဆံမီမှာ ဒီပစ္စည်းတွေကို မိန်းမကိုယ်ထဲ ထည့်ရပါတယ်၊ 00:01:30.972 --> 00:01:34.252 ဒါမှမဟုတ် သားအိမ်ဝ အဖုံး၊ ကွန်ဒုံးနဲ့ တွဲပြီးတော့ လည်းသုံးနိုင်ပြီး 00:01:34.252 --> 00:01:36.202 ကာကွယ်မှုကို အားဖြည့်ပေးနိုင်သေးတယ်။ 00:01:36.202 --> 00:01:38.282 ကိုယ်ဝန်မရစေရန် တားဆီးတဲ့ တတိယအုပ်စု နည်းက 00:01:38.282 --> 00:01:42.772 သားအိမ်ထဲမှာ မျိုးဥတွေ ရင့်ကျက်မရအောင် တားဆီးလိုက်တာပါ။ 00:01:42.772 --> 00:01:45.922 သားအိမ်ပြွန်ထဲမှာ ဥမရှိဘူးဆိုရင်တော့ 00:01:45.922 --> 00:01:48.622 သုတ်ကောင်အတွက် မျိုးအောင်စရာ မရှိတော့ဘူးပေါ့။ 00:01:48.622 --> 00:01:50.102 ဟိုမုန်းသုံး ကိုယ်ဝန်တားနည်းတွေ၊ 00:01:50.102 --> 00:01:53.982 ဆေးလုံး၊ ကပ်ခွာ၊Depo ထိုးဆေးနဲ့ မိန်းမကိုယ်ထဲထည့်တဲ့ ကွင်းတွေ 00:01:53.982 --> 00:02:00.073 အားလုံးက ဖန်တီးထားတဲ့ Estrogen နဲ့ Progesterone ဟိုမုန်းတွေကိုထုတ်ပေးတယ်။ 00:02:00.073 --> 00:02:02.613 အဲဒီဟိုမုန်း မျိုးစုံတို့က မျိုးဥကြွေတာကို တားဆီးတယ် 00:02:02.613 --> 00:02:06.233 သားအိမ်ထဲမှာ မရင့်ကျက်သေးတဲ့ဥလေးကို ဘာနဲ့မှမထိတွေ့အောင် ထားတယ်။ 00:02:06.233 --> 00:02:10.253 ဖန်တီးထားတဲ့ progesterone ကို ပိုထိရောက်အောင် လုပ်ထားသေးတယ်၊ 00:02:10.253 --> 00:02:14.644 သားအိမ်ခေါင်းက အရိအချွဲတွေကို ထူပြစ်အောင် လုပ်ပေးခြင်းဖြင့် သုတ်ကောင်တွေ ကူးမရပါ။ 00:02:14.644 --> 00:02:18.354 တစ်ကြိမ်တည်း နည်းမျိုးစုံကို သုံးတဲ့ အခြား ကိုယ်ဝန်တားနည်းတွေလည်း ရှိပါသေးတယ် 00:02:18.354 --> 00:02:22.955 ဥပမာ၊ IUD တွေ ဒါမှမဟုတ် သားအိမ်ထဲ ထည့်ပစ္စည်းတွေထဲမှာ 00:02:22.955 --> 00:02:26.164 မျိုးဥကြွေတာကို တားတဲ့ ဟိုမုန်းတွေပါတယ်။ 00:02:26.164 --> 00:02:28.333 အချို့မှာ ကြေးနီပါလို့ 00:02:28.333 --> 00:02:32.969 သုတ်ကောင်ကိုသေစေပြီး သားအိမ်ထဲမှာ မျိုးဥ တွယ်ကပ်မှုကို ခက်ခဲစတေယ်။ 00:02:32.969 --> 00:02:35.284 တားဆီးမှု၊ ဖျက်ဆီးမှု ဒါမှမဟုတ် ဖိနှိပ်နည်းထဲက 00:02:35.284 --> 00:02:37.626 နည်းတစ်ခုဟာ အခြားနည်းထက် ပိုကောင်းပါသလား။ 00:02:37.626 --> 00:02:40.884 ခြားနားချက်တွေ ရှိပေမဲ့၊ တော်တော်မျာများက 00:02:40.884 --> 00:02:44.214 နည်းတစ်ခုစီကို သုံးရတာ ရလွယ်ကူပြီး အဆင်ပြေမှုပေါ်မှာ မူတည်ပါတယ်။ 00:02:44.214 --> 00:02:48.064 ဥပမာ၊ အမျိုးသားကွန်ဒုံးဆိုရင် လူတိုင်းက စနစ်တကျသုံးမယ်ဆိုရင် 00:02:48.064 --> 00:02:50.055 ၉၈% အကျိုးသက်ရောက်မှုရှိတယ်။ 00:02:50.055 --> 00:02:55.056 အဲဒီ ၉၈% ဆိုတာ စုံတွဲ၁၀၀ က တစ်နှစ်လုံး ကွန်ဒုံးကို မှန်ကန်စွာ သုံးရင် 00:02:55.056 --> 00:02:57.475 အမျိူးသမီး၂ ယောက်က ကိုယ်ဝန်ရနိုင်တာကို ဆိုလိုတာပါ။ 00:02:57.475 --> 00:03:02.845 ဒါပေမဲ့ လူတိုင်းက ၎င်းတို့ကို မှန်ကန်စွာ မသုံးတတ်လို့ လက်တွေ့ ၈၂%ပဲ အကျိုးရှိပါတယ်။ 00:03:02.845 --> 00:03:07.028 အခြားနည်းတွေ၊ ကပ်ခွာနဲ့ ဆေးလုံးတွေကတော့ ၉၉% ထိရောက်မှုပါတယ်၊ 00:03:07.028 --> 00:03:08.575 သေချာသုံးရင်ပေါ့။ 00:03:08.575 --> 00:03:11.504 လက်တွေ့မှာ ၉၁%ပဲ အကျိုးရှိတယ်။ 00:03:11.504 --> 00:03:15.572 သုတ်သတ်ဆေးက သေချာသုံးရင်တောင် ၈၅%ပဲ ထိရေားက်တယ်၊ 00:03:15.572 --> 00:03:19.096 ပုံမှန်သုံးသူအတွက် ကျတော့ ၇၁% လောက်ပဲ ထရောက်မှု ရှိတယ်။ 00:03:19.096 --> 00:03:23.576 ကိုယ်ဝန်တားနည်း ရွေးရာမှာ နောက်အရေးကြီး စဉ်းစားစရာကတော့ ဘေးထွက်ဆိုးကျိုးပါ။ 00:03:23.576 --> 00:03:26.756 များသောအားဖြင့် အမျိုးသမီးတွေမှာ ပိုထိခိုက်တယ် 00:03:26.756 --> 00:03:30.526 ဟိုမုန်းနည်းလမ်းတွေက ခေါင်းကိုက်တာ၊ 00:03:30.526 --> 00:03:31.356 ပျို့အန်တာနဲ့ 00:03:31.356 --> 00:03:32.968 သွေးပေါင် တက်တာတွေဖြစ်တတ်တယ်။ 00:03:32.968 --> 00:03:35.056 အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက် ကွာကြသေးတယ်။ 00:03:35.056 --> 00:03:38.606 ဒါကြောင့် ဒီနည်းလမ်းတွေအတွက် ဆရာဝန်က ညွှန်းဖို့လိုတယ်။ 00:03:38.606 --> 00:03:41.486 ကိုယ်ဝန်တားနည်း ရွေးတယ်ဆိုတာ လူတစ်ဦးရဲ့ ရွေးချယ်မှုပါ၊ 00:03:41.486 --> 00:03:44.725 သင့် အတွက်အခုအကောင်းဆုံးက နောင်တွင် ပြောင်းချင် ပြောင်းသွားနိုင်တယ်။ 00:03:44.725 --> 00:03:47.477 သိပ္ပံပညာရှင်တွေကလည်း နည်းအသစ်ကို ရှာနေကြတယ်၊ 00:03:47.477 --> 00:03:51.306 ဥပမာ၊ ယောင်္ကျားတွေမှာ သုတ်ကောင် ထုတ်မှုကို တားဆီးမယ့် ဆေးလုံး။ 00:03:51.306 --> 00:03:53.766 ဒီအတောအတွင်းမှာတော့ သုတ်ကောင် ကိုပိတ်ဆို့ဖို့ 00:03:53.766 --> 00:03:55.116 ရွေးချယ်စရာ တချို့ရှိတယ်၊ 00:03:55.116 --> 00:03:56.136 ဖျက်ဆီးဖို့ ဒါမှမဟုတ် 00:03:56.136 --> 00:03:59.096 မျိုးဥတွေကို တားထားပြီး ဘယ်လိုမှ တွေ့မရအောင် လုပ်ထားဖို့ပါ။