ကြိုးခုန်တဲ့ကြိုးက ၎င်းရဲ့ စည်းချက်ရလာပုံ။
-
0:00 - 0:03သင်လုပ်တာမှန်ရင် ဒီလိုအသံထွက်လိမ့်မယ်။
-
0:03 - 0:07တစ် တက်၊ တစ် တက်၊ တစ် တက်၊
တစ် တက်၊ တစ် တက်၊ တစ် တက်။ -
0:07 - 0:08လုပ်တာမှားရင်တော့ ဒီလိုအသံပါ။
-
0:08 - 0:10တစ် တက်၊ တစ် တက်၊ တစ် တက်။
-
0:10 - 0:13[ ပစ္စည်း သေးသေး၊ စိတ်ကူး ကြီးကြီး]
-
0:14 - 0:15[Kyra Gaunt ကြိုးခုန်နေသည်]
-
0:16 - 0:20ခုန်ကြိုးဟာ ဒီလောက်ရိုးရှင်းတဲ့
အရာဝတ္ထုတစ်ခုပါ။ -
0:20 - 0:23ကြိုးကနေ၊ အဝတ်တန်းကနေ၊
ဘန်ချည်ကြိုးကနေ လုပ်လို့ရတယ်။ -
0:23 - 0:25၎င်းမှာ ဆိုရရင် အတွန့်တစ်ခုပါတယ်။
(ရယ်သံများ) -
0:25 - 0:27ဘယ်လို့သရုပ်ဖော်ရမလဲ သိပ်မသေချာပါဘူး။
-
0:27 - 0:29အရေးကြီးတာက ၎င်းမှာ အလေးချိန်တစ်ခုရှိပြီး
-
0:29 - 0:33ကျာပွတ်သံလိုမျိုး အသံရှိတာပါ။
-
0:33 - 0:37ခုန်ကြိုးရဲ့ ဇာစ်မြစ်က ဘာဆိုတာ
မရှင်းလင်းပါဘူး။ -
0:37 - 0:41ရှေးဟောင်း အီဂျစ် ဖိုနီးဆီးယားမှာ
စခဲ့တယ်လို့ အထောက်အထားရှိပြီး -
0:41 - 0:45နောက်တော့ မြောက်အမေရိကကို ဒတ်ခ်ျ
အခြေချသူတွေနဲ့ ပါသွားတာ အဖြစ်နိုင်ဆုံးပါ။ -
0:45 - 0:49ကြိုးဟာ ကြီးမားတဲ့ အရာဖြစ်လာခဲ့တာက
အမျိုးသမီးတွေ အင်္ကျှးတွေ အတိုင်းပိုကျလာကာ -
0:49 - 0:52ဘောင်းဘီတွေရှိလာတဲ့အခါပါ။
-
0:52 - 0:55ဒီလိုနဲ့ ကောင်မလေးတွေဟာ
ကြိုးခုန် လာနိုင်ခဲ့တယ်၊ -
0:55 - 0:57အကြောင်းက သူတို့စကတ်တွေဟာ
ကြိုးတွေနဲ့ မညိတော့လို့ပါ။ -
0:57 - 1:01ကလေးထိန်းဆရာမတွေဟာ သူတို့ထိန်းတဲ့
ကလေးတွေကို ကြိုးခုန် လေ့ကျင့်ပေးတယ်။ -
1:01 - 1:04အရင်က တောင်ပိုင်းမတိုင်မီ ကျွန်ပြုခံရတဲ့
အာဖရိကန် ကလေးတွေတောင် -
1:04 - 1:06ကြိုးခုန်ကြသေးတယ်။
-
1:06 - 1:11၁၉၅၀ နှစ်လွန်တွေမှာ Harlem Bronx Brooklyn
.Queens မှာရှိတဲ့ လူသွားစင်္ကြံပေါ်မှာ -
1:11 - 1:15မိန်းကလေးအတော်များများ ကြိုးခုန်တာ
တွေနိုင်ပါတယ်။ -
1:15 - 1:19တစ်ခါတစ်လေမှာ ကြိုးနှစ်ချောင်းယူပြီး
ဒါတွေကို တစ်ချောင်းတည်းအဖြစ် ပြောင်းပေမဲ့ -
1:19 - 1:23ခွဲလိုက်ကာ ကြက်ဥခေါက်တံလို
တစ်ယောက်အပေါ် တစ်ယောက် လှည့်ပေးနိုင်တယ်။ -
1:23 - 1:25ကြိုးခုန်ခြင်းဟာ အချိန်မျဉ်းလို
မှန်မှန်ဖြစ်နေတယ်။ -
1:25 - 1:27တစ်၊ တစ်၊ တစ်၊ တစ်--
-
1:27 - 1:31ဒီအပေါ်မှာ ကာရံတွေ စည်းချက်တွေ၊
သံချပ်တွေ ထပ်ပေါင်းနိုင်ပါတယ်။ -
1:31 - 1:33ဒီကြိုးတွေဟာ အိမ်နီးနားချင်းဆိုတာထက်
-
1:33 - 1:35အများကြီး ကြီးကျယ်တာတစ်ခုကို
-
1:35 - 1:37ဆက်လုပ်နိုင်ရှိတဲ့
နေရာတစ်ခု ဖန်တီးပေးတယ်။ -
1:38 - 1:41Double Dutch ခုန်ကြိုးက လူမည်းအမျိုးသမီး
တွေအတွက် အစွမ်းရှိတဲ့ယဉ်ကျေးမှု သညာ -
1:41 - 1:42အထောက်အထား ဖြစ်ကျန်တယ်
-
1:42 - 1:45၁၉၅၀ ကနေ ၁၉၇၀ နှစ်လွန်တွေပြန်ကြည့်ရင်
-
1:45 - 1:47ကောင်မလေးတွေကို
အားကစားလုပ်ခွင့် မပေးခဲ့ဘူး။ -
1:47 - 1:50ကောင်လေးတွေက ဘေ့စ်ဘော၊ ဘက်စကက်ဘောနဲ့
ဘောလုံးကစာပြီး -
1:50 - 1:51ကောင်မလေးတွေ ခွင့်မပြုဘူး။
-
1:51 - 1:54အများကြီး ပြောင်းလဲခဲ့ပြီး
ဒါပေမဲ့ အဲဒီခေတ်မှာ -
1:54 - 1:56ကောင်မလေးတွေ ကွင်းကို
စိုးမိုးခဲ့မယ် -
1:56 - 1:58ကောင်လေးတွေနဲ့ မဆိုင်တာ
သေချာအောင် လုပ်ခဲ့မယ်။ -
1:58 - 2:00ဒါဟာ သူတို့ရဲ့နေရာ၊
မိန်းကလေး အစွမ်းရှိတဲ့နေရာ -
2:00 - 2:02သူတို့တွေ တောက်ပဖို့ နေရာပါ။
-
2:02 - 2:04ကောင်လေးတွေအတွက်လို့လည်း
ထင်တာက -
2:04 - 2:05ကောင်လေးတွေ ကြားလို့ပါ
-
2:06 - 2:08ဒါကြောင့် ဟစ်ဟော့ပ်ပညာရှင်
များစွာဟာ လူမည်းမလေးတွေ -
2:08 - 2:11ကစားတဲ့ သီချင်းတွေမှာ ကြားခဲ့တာတွေကနေ
နမူနာကောက်ယူကြတာ ထင်ပါတယ်။ -
2:11 - 2:14(သံပြိုင်ဆို) အေးစက်၊ ကဲကဲလေး လှုပ်
ကျွမ်းလှန်တာလို လုပ်လိုက် -
2:14 - 2:17Filet-O-Fish, Quarter Pounder
အာလူးကြော် ရေခဲ အေးစက် ကဲကဲ လှုပ် -
2:17 - 2:19ခုန်တတ်သလိုမျိုး ခုန်လိုက်
-
2:19 - 2:23Nelly ရဲ့ "Country Grammar" ဂရမ်မီဆုရတဲ့
လုံးချင်းဓာတ်ပြားဖြစ်ခဲ့တဲ့ အကြောင်းက -
2:23 - 2:25လူတွေသိပြီးသားဖြစ်လို့ပါ။
-
2:25 - 2:29"Range Rover တစ်စီးကနေ မင်းရဲ့လမ်းထဲ
ငါတို့ဆင်းလာနေတယ် ကလေးရေ" -
2:29 - 2:32ဒါက "ဆင်း၊ ဆင်း ကလေးရေ၊ ဆင်း၊ ဆင်း
ရိုလာကိုစတာာ ချစ် ချစ်စရာ ကလေးရေ၊ -
2:32 - 2:35မင်းကို ဘယ်တော့မှ မစွန့်လွှတ်ဘူး" ရဲ့အစပါ။
-
2:35 - 2:38လူမည်းမြိုပြ အသိုင်းအဝိုင်းမှာ
ကြီးပြင်းခဲ့သူတွေ -
2:38 - 2:40ဒီဂီတကို သိကြလိမ့်တယ်။
-
2:40 - 2:42ဒီတော့ ဒါက တကယ်ကို ပေါက်သွားတယ်။
-
2:43 - 2:47Double Dutch ကြိုးခုန်ကစားခြင်းက
ဒီသီချင်းတွေ ထိန်းသိမ်းဖို့ ကူညီပေးခဲ့ပြီး -
2:47 - 2:51ဒါနဲ့ လိုက်တဲ့ သံချပ်တွေ၊ အမူအရာတွေကို
ထိန်းသိမ်းဖို့ ကူညီခဲ့ပါတယ်။ -
2:51 - 2:55ဒါက "kinetic orality" လို့ ကျွန်တော်
ခေါ်တဲ့ ပါးစပ်စကားနဲ့ -
2:55 - 2:57ကိုယ်စကားနဲ့ အရမ်းလိုက်ဖက်ပါတယ်။
-
2:57 - 3:00ဒါက မျိုးဆက်တွေကို လက်ဆင့်ကမ်းခံရတဲ့
အရာပါ။ -
3:00 - 3:03တစ်နည်းနည်းတော့ ကြိုးဟာ ဒါကို
ကူသယ်ပေးတဲ့ အရာပါ။ -
3:04 - 3:07မှတ်ဉာဏ်ကို သယ်ဆောင်ဖို့ အရာဝတ္ထုတစ်ခုခု
သင် လိုအပ်ပါတယ်။ -
3:07 - 3:11ဒီတော့ ခုန်ကြိုးတစ်ချောင်းကို
အရာမျိုးစုံမှာ အသုံးပြုနိုင်ပါတယ်။ -
3:11 - 3:12ယဉ်ကျေးမှုတွေ ဖြတ်သန်းသွားတယ်။
-
3:12 - 3:16လူေတွဟာ လှုပ်ရှားဖို့လိုတာကြောင့်
တာရှည်ခံတာလို့ ထင်ပါတယ်။ -
3:17 - 3:22တစ်ခါတစ်လေ အရိုးဆုံး အရာဝတ္ထုတွေဟာ အဆန်း
သစ်ဆုံး အသုံးတွေ ဖန်တီးနိုင်တယ်ထင်ပါတယ်။
- Title:
- ကြိုးခုန်တဲ့ကြိုးက ၎င်းရဲ့ စည်းချက်ရလာပုံ။
- Speaker:
- Kyra Gaunt
- Description:
-
"ဆင်း၊ ဆင်း ကလေးရေ၊ ဆင်း၊ ဆင်း ရိုလာကိုစတာ" ဟစ်ဟော့ပ်ဂီတဟာ Double Dutch ဘုရင်မ အတော်များများကို ကျေးဇူတင်ရပါတယ်။ မတူညီတဲ့ ယဉ်ကျေးမှုများရဲ့ ဂီတလေ့လာမှုပညာရှင် Kyra Gaunt ကနေပြီး ကြိုးခုန်တဲ့ကြိုးရဲ့ စိတ်ဝင်စားစရာ သမိုင်းရဲ့ ခရီးစဉ်တစ်ခုကို ကျွန်တော်တို့ကို ခေါ်ဆောင်သွားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TED Series
- Duration:
- 03:35
sann tint approved Burmese subtitles for How the jump rope got its rhythm | ||
Myo Aung accepted Burmese subtitles for How the jump rope got its rhythm | ||
Myo Aung edited Burmese subtitles for How the jump rope got its rhythm | ||
sann tint edited Burmese subtitles for How the jump rope got its rhythm | ||
sann tint edited Burmese subtitles for How the jump rope got its rhythm | ||
sann tint edited Burmese subtitles for How the jump rope got its rhythm | ||
sann tint edited Burmese subtitles for How the jump rope got its rhythm | ||
sann tint edited Burmese subtitles for How the jump rope got its rhythm |