သင်လုပ်တာမှန်ရင် ဒီလိုအသံထွက်လိမ့်မယ်။
တစ် တက်၊ တစ် တက်၊ တစ် တက်၊
တစ် တက်၊ တစ် တက်၊ တစ် တက်။
လုပ်တာမှားရင်တော့ ဒီလိုအသံပါ။
တစ် တက်၊ တစ် တက်၊ တစ် တက်။
[ ပစ္စည်း သေးသေး၊ စိတ်ကူး ကြီးကြီး]
[Kyra Gaunt ကြိုးခုန်နေသည်]
ခုန်ကြိုးဟာ ဒီလောက်ရိုးရှင်းတဲ့
အရာဝတ္ထုတစ်ခုပါ။
ကြိုးကနေ၊ အဝတ်တန်းကနေ၊
ဘန်ချည်ကြိုးကနေ လုပ်လို့ရတယ်။
၎င်းမှာ ဆိုရရင် အတွန့်တစ်ခုပါတယ်။
(ရယ်သံများ)
ဘယ်လို့သရုပ်ဖော်ရမလဲ သိပ်မသေချာပါဘူး။
အရေးကြီးတာက ၎င်းမှာ အလေးချိန်တစ်ခုရှိပြီး
ကျာပွတ်သံလိုမျိုး အသံရှိတာပါ။
ခုန်ကြိုးရဲ့ ဇာစ်မြစ်က ဘာဆိုတာ
မရှင်းလင်းပါဘူး။
ရှေးဟောင်း အီဂျစ် ဖိုနီးဆီးယားမှာ
စခဲ့တယ်လို့ အထောက်အထားရှိပြီး
နောက်တော့ မြောက်အမေရိကကို ဒတ်ခ်ျ
အခြေချသူတွေနဲ့ ပါသွားတာ အဖြစ်နိုင်ဆုံးပါ။
ကြိုးဟာ ကြီးမားတဲ့ အရာဖြစ်လာခဲ့တာက
အမျိုးသမီးတွေ အင်္ကျှးတွေ အတိုင်းပိုကျလာကာ
ဘောင်းဘီတွေရှိလာတဲ့အခါပါ။
ဒီလိုနဲ့ ကောင်မလေးတွေဟာ
ကြိုးခုန် လာနိုင်ခဲ့တယ်၊
အကြောင်းက သူတို့စကတ်တွေဟာ
ကြိုးတွေနဲ့ မညိတော့လို့ပါ။
ကလေးထိန်းဆရာမတွေဟာ သူတို့ထိန်းတဲ့
ကလေးတွေကို ကြိုးခုန် လေ့ကျင့်ပေးတယ်။
အရင်က တောင်ပိုင်းမတိုင်မီ ကျွန်ပြုခံရတဲ့
အာဖရိကန် ကလေးတွေတောင်
ကြိုးခုန်ကြသေးတယ်။
၁၉၅၀ နှစ်လွန်တွေမှာ Harlem Bronx Brooklyn
.Queens မှာရှိတဲ့ လူသွားစင်္ကြံပေါ်မှာ
မိန်းကလေးအတော်များများ ကြိုးခုန်တာ
တွေနိုင်ပါတယ်။
တစ်ခါတစ်လေမှာ ကြိုးနှစ်ချောင်းယူပြီး
ဒါတွေကို တစ်ချောင်းတည်းအဖြစ် ပြောင်းပေမဲ့
ခွဲလိုက်ကာ ကြက်ဥခေါက်တံလို
တစ်ယောက်အပေါ် တစ်ယောက် လှည့်ပေးနိုင်တယ်။
ကြိုးခုန်ခြင်းဟာ အချိန်မျဉ်းလို
မှန်မှန်ဖြစ်နေတယ်။
တစ်၊ တစ်၊ တစ်၊ တစ်--
ဒီအပေါ်မှာ ကာရံတွေ စည်းချက်တွေ၊
သံချပ်တွေ ထပ်ပေါင်းနိုင်ပါတယ်။
ဒီကြိုးတွေဟာ အိမ်နီးနားချင်းဆိုတာထက်
အများကြီး ကြီးကျယ်တာတစ်ခုကို
ဆက်လုပ်နိုင်ရှိတဲ့
နေရာတစ်ခု ဖန်တီးပေးတယ်။
Double Dutch ခုန်ကြိုးက လူမည်းအမျိုးသမီး
တွေအတွက် အစွမ်းရှိတဲ့ယဉ်ကျေးမှု သညာ
အထောက်အထား ဖြစ်ကျန်တယ်
၁၉၅၀ ကနေ ၁၉၇၀ နှစ်လွန်တွေပြန်ကြည့်ရင်
ကောင်မလေးတွေကို
အားကစားလုပ်ခွင့် မပေးခဲ့ဘူး။
ကောင်လေးတွေက ဘေ့စ်ဘော၊ ဘက်စကက်ဘောနဲ့
ဘောလုံးကစာပြီး
ကောင်မလေးတွေ ခွင့်မပြုဘူး။
အများကြီး ပြောင်းလဲခဲ့ပြီး
ဒါပေမဲ့ အဲဒီခေတ်မှာ
ကောင်မလေးတွေ ကွင်းကို
စိုးမိုးခဲ့မယ်
ကောင်လေးတွေနဲ့ မဆိုင်တာ
သေချာအောင် လုပ်ခဲ့မယ်။
ဒါဟာ သူတို့ရဲ့နေရာ၊
မိန်းကလေး အစွမ်းရှိတဲ့နေရာ
သူတို့တွေ တောက်ပဖို့ နေရာပါ။
ကောင်လေးတွေအတွက်လို့လည်း
ထင်တာက
ကောင်လေးတွေ ကြားလို့ပါ
ဒါကြောင့် ဟစ်ဟော့ပ်ပညာရှင်
များစွာဟာ လူမည်းမလေးတွေ
ကစားတဲ့ သီချင်းတွေမှာ ကြားခဲ့တာတွေကနေ
နမူနာကောက်ယူကြတာ ထင်ပါတယ်။
(သံပြိုင်ဆို) အေးစက်၊ ကဲကဲလေး လှုပ်
ကျွမ်းလှန်တာလို လုပ်လိုက်
Filet-O-Fish, Quarter Pounder
အာလူးကြော် ရေခဲ အေးစက် ကဲကဲ လှုပ်
ခုန်တတ်သလိုမျိုး ခုန်လိုက်
Nelly ရဲ့ "Country Grammar" ဂရမ်မီဆုရတဲ့
လုံးချင်းဓာတ်ပြားဖြစ်ခဲ့တဲ့ အကြောင်းက
လူတွေသိပြီးသားဖြစ်လို့ပါ။
"Range Rover တစ်စီးကနေ မင်းရဲ့လမ်းထဲ
ငါတို့ဆင်းလာနေတယ် ကလေးရေ"
ဒါက "ဆင်း၊ ဆင်း ကလေးရေ၊ ဆင်း၊ ဆင်း
ရိုလာကိုစတာာ ချစ် ချစ်စရာ ကလေးရေ၊
မင်းကို ဘယ်တော့မှ မစွန့်လွှတ်ဘူး" ရဲ့အစပါ။
လူမည်းမြိုပြ အသိုင်းအဝိုင်းမှာ
ကြီးပြင်းခဲ့သူတွေ
ဒီဂီတကို သိကြလိမ့်တယ်။
ဒီတော့ ဒါက တကယ်ကို ပေါက်သွားတယ်။
Double Dutch ကြိုးခုန်ကစားခြင်းက
ဒီသီချင်းတွေ ထိန်းသိမ်းဖို့ ကူညီပေးခဲ့ပြီး
ဒါနဲ့ လိုက်တဲ့ သံချပ်တွေ၊ အမူအရာတွေကို
ထိန်းသိမ်းဖို့ ကူညီခဲ့ပါတယ်။
ဒါက "kinetic orality" လို့ ကျွန်တော်
ခေါ်တဲ့ ပါးစပ်စကားနဲ့
ကိုယ်စကားနဲ့ အရမ်းလိုက်ဖက်ပါတယ်။
ဒါက မျိုးဆက်တွေကို လက်ဆင့်ကမ်းခံရတဲ့
အရာပါ။
တစ်နည်းနည်းတော့ ကြိုးဟာ ဒါကို
ကူသယ်ပေးတဲ့ အရာပါ။
မှတ်ဉာဏ်ကို သယ်ဆောင်ဖို့ အရာဝတ္ထုတစ်ခုခု
သင် လိုအပ်ပါတယ်။
ဒီတော့ ခုန်ကြိုးတစ်ချောင်းကို
အရာမျိုးစုံမှာ အသုံးပြုနိုင်ပါတယ်။
ယဉ်ကျေးမှုတွေ ဖြတ်သန်းသွားတယ်။
လူေတွဟာ လှုပ်ရှားဖို့လိုတာကြောင့်
တာရှည်ခံတာလို့ ထင်ပါတယ်။
တစ်ခါတစ်လေ အရိုးဆုံး အရာဝတ္ထုတွေဟာ အဆန်း
သစ်ဆုံး အသုံးတွေ ဖန်တီးနိုင်တယ်ထင်ပါတယ်။