မျက်နှာကို စောင့်ကြည့်ရေးစနစ်နဲ့ ပတ်သက်ပြီး ကျုပ်တို့ သိထားသင့်တဲ့ အချက်များ
-
0:00 - 0:03ကိုယ်ရေးလုံခြုံမှုဆိုတာ ဆုံးရှုံးသွားပြီ
လို့ပြောဆိုသံကို ခင်ဗျားတို့ -
0:03 - 0:05ဘယ်နှစ်ဦးများ ကြားခဲ့ဘူးလဲ။
-
0:05 - 0:06လက်မြှောက်ကြပါ။
-
0:06 - 0:08ကျနော့ဆီမှာ ဝှက်စရာ ဘာမှမရှိလို့
ကိုယ်ရေးလုံခြုံမှုကို -
0:08 - 0:12ကျနော် ဂရုမစိုက်ပါဘူးလို့ ဆိုတာမျိုးကိုကော
ခင်ဗျားတို့ထဲက ဘယ်နှစ်ဦး ကြားခဲ့ဘူးလဲ။ -
0:13 - 0:14ပြောပြကြပါ။
-
0:14 - 0:15(ရယ်သံများ)
-
0:16 - 0:20အခုတော့၊ ခင်ဗျားတို့ထဲက လျှို့ဝှက်ကုဒ်
သွင်းရေး ဆော့ဝဲကို ဘယ်နှစ်ဦး သုံးကြလဲ။ -
0:20 - 0:21လက်မြှောက်ပြကြပါ။
-
0:21 - 0:25ဒါမှမဟုတ် အွန်လိုင်း အကောင့် ကာကွယ်ဖို့
စကားဝှက် သုံးကြလား။ -
0:26 - 0:29ဒါမှမဟုတ် ကိုယ့်အိမ်ထဲက ပြတင်းပေါက်မှာ
ကန့်လန့်ကာတွေ အမှောင်ချစရာတွေ သုံးကြလဲ။ -
0:29 - 0:31(ရယ်သံများ)
-
0:31 - 0:33အိုကေ၊ လူတိုင်းလိုလိုပါပဲ။
-
0:33 - 0:34(ရယ်သံများ)
-
0:35 - 0:37ကျုပ်တို့ ဘာဖြစ်လို့ အဲဒါတွေကို
လုပ်ကြတာလဲ။ -
0:37 - 0:38ကျနော့အထင်
-
0:38 - 0:41ခင်ဗျားတို့က ကိုယ့်လုံခြုံမှုကို
ဂရုစိုက်ကြလို့ပါ။ -
0:41 - 0:43ကိုယ်ရေး လုံခြုံမှု မရှိတော့ဘူး ဆိုတာ
အလကားစကားပါ။ -
0:43 - 0:47"သူတို့ဆီမှာ ဖုံးကွယ်စရာ ဘာမှမရှိ" ဒါမှ
မဟုတ် မှားတာ ဘာတစ်ခုမှ မလုပ်ခဲ့ဖူးလို့ -
0:47 - 0:48လူတွေက ကိုယ်ရေးလုံခြုံမှုကို
-
0:48 - 0:50ဂရုမစိုက်ကြဘူးဆိုတဲ့ ပြောဆိုမှုဟာ
-
0:50 - 0:51အလကား ပြောစကားပါ။
-
0:51 - 0:55ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့ ကျန်းမာရေး
မှတ်တမ်းကို အများပြည်သူ သိအောင် -
0:55 - 0:57အင်တာနက်မှတစ်ဆင့် ကမ္ဘာကြီး မြင်လာမှာကို
-
0:57 - 0:59ခင်ဗျားတို့ လိုချင်ကြမှာ
မဟုတ်ဘူး ထင်ပါတယ်။ -
0:59 - 1:03ဒါမှမဟုတ် ကိုယ့်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာ
ရှာဖွေမှုမှတ်တမ်းတွေလည်း အလားတူပါပဲ။ -
1:03 - 1:04ကျနော် သေချာပေါက် ပြောရဲတာက
-
1:04 - 1:08အစိုးရက ခင်ဗျားတို့ စိတ်ကူးတိုင်း အစိုးရ
ဗဟိုကွန်ပျူတာဆီကို ထုတ်လွှင့်ပေးဖို့ -
1:08 - 1:13ခင်ဗျားတို့ ဦးနှောက်ထဲ
ချစ်ပ် ထည့်ချင်တယ် ဆိုရင် -
1:13 - 1:14ခင်ဗျားတို့ ငြင်းကွယ်ကြမှာပါ။
-
1:14 - 1:17(ရယ်သံများ)
-
1:17 - 1:19ခင်ဗျားတို့က လူသားတိုင်းလိုပဲ
ကိုယ်ရေးလုံခြုံမှုကို -
1:20 - 1:21ဂရုစိုက်ကြလို့ပါ။
-
1:21 - 1:24ကျုပ်တို့ ကမ္ဘာကြီး ပြောင်းလဲနေတာ မြန်တယ်။
-
1:24 - 1:28ကိုယ်ရေးလုံခြုံမှု ဆိုတာ ဘာလဲ၊ အဲဒါ
အရေးကြီးတာ ဘာကြောင့်လဲဆိုင်ရာ -
1:28 - 1:31နားလည်မှုတွေဟာ ဒီနေ့တွင်
တော်တော့ကို ရှုပ်ထွေးလှပါတယ်။ -
1:32 - 1:34ကိုယ်ရေးလုံခြုံမှုဟာ
လျှို့ဝှက်ချက် မဟုတ်ဘူး။ -
1:34 - 1:36အဲဒါက ထိန်းချုပ်မှုပါ။
-
1:37 - 1:41ဆရာဝန်နဲ့ တွေ့တဲ့အခါ ကျနော်ဟာ ကျနော့ခန္ဓာ
ကိုယ်နဲ့ ကျန်းမာရေး အချက်အလက်တွေကို -
1:41 - 1:43ပေးပေမဲ့၊ သူဟာ အဲဒီလို အချက်အလက်တွေကို
-
1:43 - 1:46ကျနော့မိဘတွေ ကလေးတွေ ဒါမှမဟုတ်
ကျနော့အကြီးအကဲကို -
1:46 - 1:49မျှဝေပေးမှာ မဟုတ်ဘူးလို့ မျှော်လင့်ထားတယ်။
-
1:49 - 1:52အဲဒီ အချက်အလက်တွေဟာ ကိုယ်ရေးပါ၊
လျှို့ဝှက်ချက် မဟုတ်ဘူး။ -
1:53 - 1:56အဲဒီလို အချက်အလက်တွေကို ဘယ်လိုဝေမျှမှာကို
ကျနော် ထိန်းချုပ်နိုင်တယ်။ -
1:56 - 2:00ကိုယ်ရေးလုံခြုံမှုက တစ်ဘက်နဲ့ ဘေးကင်းမှုက
တစ်ဘက်တို့ အကြားမှာ အခြေခံကျတဲ့ -
2:01 - 2:03တင်းမာမှုရှိတွေ ရှိနေတဲ့
အကြောင်း ဒီခေတ်မှာ -
2:03 - 2:05လူတွေ ပြောဆိုကြတာ
ခင်ဗျားတို့ ကြားဘူးမှာပါ။ -
2:05 - 2:08တကယ့်တော့ ကျုပ်တို့ရဲ့ ကိုယ်ရေးလုံခြုံမှု
မြှင့်တင်ပေးတဲ့ နည်းပညာတွေဟာ -
2:08 - 2:10ကျုပ်တို့ရဲ့ ဘေကင်းမှုကိုလည်း
မြှင့်ပေးကြတယ်။ -
2:10 - 2:13ခြံစည်းရိုးတွေ၊ တံခါးသော့ခလောက်တွေ၊
-
2:13 - 2:15ပြတင်းပေါက်ပေါ်က
ကန့်လန့်ကာတွေ၊ စကားဝှက်တွေ၊ -
2:15 - 2:18လျှို့ဝှက်ကုဒ်သွင်းရေး ဆော့ဝဲတွေကို
စဉ်းစားကြည့်ကြပါ။ -
2:18 - 2:19အဲဒီနည်းပညာတွေ အားလုံးဟာ
-
2:19 - 2:23ကျုပ်တို့ရဲ့ ကိုယ်ရေးရဲ့ လုံခြုံမှုကိုရော
ဘေးကင်းမှုကိုပါ ကာကွယ်ပေးကြတယ်။ -
2:25 - 2:28စောင့်ကြည့်ရေး ကွန်ရက်ကျတော့
ဘာကိုမှ ကာကွယ်မပေးပါဘူး။ -
2:29 - 2:31လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက
-
2:31 - 2:34ဖက်ဒရယ်အစိုးရက The Privacy and
Civil Liberties Oversight Board -
2:34 - 2:37ကို ပါရဂူများတစ်စုဖြင့် ဖွဲ့ပေးခဲ့ပြီး
-
2:37 - 2:39၉/၁၁ နောက်ပိုင်း အစိုးရရဲ့
စောင့်ကြည့်ရေး အစီအစဉ်တွေနဲ့ -
2:39 - 2:42စောင့်ကြည့်ရေး ကွန်ရက် အစီအစဉ်တွေကို
စစ်ဆေးခိုင်းခဲ့တယ်။ -
2:42 - 2:45အဲဒီပါရဂူတွေက စောင့်ကြည့်ရေး
ကွန်ရက်ကနေပြီး -
2:45 - 2:49ဘေးကင်းမှုကို မြှင့်တင်ပေးခဲ့တာ၊ အကြမ်း
ဖက်ရေး လုပ်ရပ်ကို ဖေါ်ထုတ်ခဲ့တာ -
2:49 - 2:52ဒါမှမဟုတ် ရပ်စဲပစ်ခဲ့တာကို
သာဓက တစ်ခုမှ ရှာမတွေ့ခဲ့ပါဘူး။ -
2:52 - 2:55ဒါပေမဲ့ အဲဒီက အချက်အလက်တွေ
အသုံးဝင်ခဲ့တာ တစ်ခုတော့ ရှိခဲ့တယ်။ -
2:56 - 2:59NSA ၀န်ထမ်းများအား သူတို့ရဲ့အချစ်ရေး
ကိစ္စတွေကို ထောက်လှမ်းခွင့် ပြုခဲ့တာပါ။ -
2:59 - 3:01(ရယ်သံများ)
-
3:01 - 3:02(ပရိသတ်- ဝိုး။ )
-
3:02 - 3:04နောက်ဥပမာတစ်ခုက အိမ်နဲ့ ပိုနီးစပ်တယ်။
-
3:04 - 3:07အခု အမေရိကန်ပြည်ထောင်စုနဲ့ တစ်ကမ္ဘလုံးမှာ
ပြည်သူ သန်းချီတို့ဟာ -
3:07 - 3:10အင်တာနက်နဲ့ ချိတ်ဆက်ရတဲ့
စောင့်ကြည့်ရေး ကင်မရာလို -
3:10 - 3:12"စမတ်အိမ်" လို့ ခေါ်တဲ့
ကိရိယာတွေကို ဝယ်သုံးလာကြတယ်။ -
3:13 - 3:16ဒါပေမဲ့ ကျုပ်တို့ သိထားသလို
အင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ -
3:16 - 3:18စက်ပစ္စည်းမှန်သမျှကို ဟက်ခ်လုပ်နိုင်ပါတယ်။
-
3:19 - 3:20ဒီတော့ ဟက်ခ်လုပ်သူက
-
3:20 - 3:24ခင်ဗျားတို့ရဲ့ အင်တာနက်ချိတ်ထားတဲ့
စောင့်ကြည့်ရေး ကင်မရာထဲ ဝင်နိုင်ရင် -
3:24 - 3:26ခင်ဗျားတို့ မိသားစု သွားလာတာကို
စောင့်ကြည့်နိုင်ပြီး -
3:26 - 3:29တိုက်ခိုက်ဖို့ အဆင်ပြေတဲ့
အချိန်ကို သိကြမယ်။ -
3:30 - 3:32အဝေးကနေပြီး ဟက်ခ်လုပ်မရတာက ဘာလဲ သိကြလား။
-
3:32 - 3:34ကန့်လန့်ကာတွေပါ။
-
3:34 - 3:35(ရယ်သံများ)
-
3:35 - 3:36ခြံစည်းရိုးတွေပါ။
-
3:36 - 3:37တံခါးသော့ခလောက်တွေပါ။
-
3:37 - 3:38(ရယ်သံများ)
-
3:38 - 3:41ကိုယ်ရေးလုံခြုံမှုဟာ ဘေးကင်းမှုရဲ့
ရန်သူမဟုတ်ဘူး။ -
3:41 - 3:43အဲဒါက ၎င်းကို အာမခံပေးတာပါ။
-
3:44 - 3:48ဒါပေမဲ့ ကျုပ်တို့ဟာ နေ့စဉ် အပြင်းအထန်
ရင်ဆိုင်ကြရတဲ့ ဝါဒဖြန့်မှုက -
3:48 - 3:52ကျုပ်တို့ စောင့်ကြည့်ရေး အစီအစဉ်များအတွက်
ကျုပ်တို့ရဲ့ ကိုယ်ရေးလုံခြုံမှု အချို့နဲ့ -
3:52 - 3:54ဖလှယ်ပေးဖို့ လိုအပ်ကြောင်း နားချလိုကြတယ်။
-
3:55 - 3:59အဲဒီလို နည်းပညာများထဲမှာ မျက်နှာကို
စောင့်ကြည့်ရေး စနစ်ကအန္တရာယ်အများဆုံးပါ။ -
4:00 - 4:05ဒီနေ့တွင် အစိုးရတွေက အဲဒီ နည်းပညာတွေကို
အသုံးချနေကြတာ နှစ်မျိုး ရှိပါတယ်။ -
4:05 - 4:07တစ်ခုက မျက်နှာကို သိမှတ်မှုပါ။
-
4:07 - 4:10လူတစ်ဦးဦးကို ပုံရိပ်ထဲမှ ဖေါ်ထုတ်ယူမှုပါ။
-
4:10 - 4:12ဒုတိယကျတော့ မျက်နှာကို စောင့်ကြည့်မှုပါ။
-
4:12 - 4:14အဲဒါကို စောင့်ကြည့်ရေး ကင်မရာ
ကွန်ရက်များနဲ့ -
4:14 - 4:17ဒေတာဘေ့စ်တွေနဲ့ ချိန်ညှိသုံးပါတယ်။
-
4:17 - 4:21ပြည်သူအားလုံးရဲ့ လှုပ်ရှားမှုတွေ၊
-
4:21 - 4:23အလေ့အကျင့်တွေနဲ့
အသင်းအဖွဲ့တွေကို မှတ်တမ်းတင်ပြီး၊ -
4:23 - 4:27လိုရာကို ချက်ချင်းကြည့်နိုင်တဲ့ ဒစ်ဂျစ်တယ်
ကားချပ်ကြီးကို ဖန်တီးပါတယ်။ -
4:27 - 4:29အဲဒါကို panopticon လို့ ခေါ်ပါတယ်။
-
4:29 - 4:33ဗဟိုမှာ ရှိနေကြတဲ့ အစောင့်အချို့တို့က
ပတ်ပတ်လည်ရှိ အကျဉ်းခန်းများထဲ -
4:33 - 4:37ဖြစ်ပျက်နေတာကို စောင့်ကြည့်ရနိုင်တဲ့
ထောင်ကို အဲဒီလို ခေါ်ကြတာပါ။ -
4:37 - 4:42အဲဒီ အကျဉ်းခန်းထဲ နေထိုင်နေသူတို့က
အစောင့်မျှော်စင်ထဲကို ကြည့်မရနိုင်ပါဘူး၊ -
4:42 - 4:46ဒါပေမဲ့ အစောင့်တွေကျတော့ အကျဉ်းခန်းထဲက
တစ်လက်မစီကို ကြည့်နိုင်ကြတယ်။ -
4:47 - 4:49အဲဒီထောင်မျိုးရဲ့ စိတ်ကူးက
-
4:49 - 4:51အကျဉ်းခန်းများထဲက လူတွေက
-
4:51 - 4:54သူတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေတာ
ဒါမှမဟုတ် စောင့်ကြည့်နိုင်တာကို -
4:54 - 4:55သိထားတဲ့ နောက်မှာ၊
-
4:55 - 4:57သတိထား ပြုမူကြရမှာပါ။
-
4:57 - 5:01အဲဒီအတိုင်းပဲ မျက်နှာကို
စောင့်ကြည့်မှုက ဗဟို အာဏာပိုင်အား၊ -
5:01 - 5:03ဒီကိစ္စထဲမှာ နိုင်ငံတော်အား
-
5:03 - 5:06အများပြည်သူ နေရာတွေမှာ လှုပ်ရှားတာကို၊
အသင်းအဖွဲ့ထဲ ပါဝင်တာကို -
5:06 - 5:08ထိန်းချုပ် စောင့်ကြည့်ခွင့် ပေးပါလိမ့်မယ်။
-
5:08 - 5:09အဲဒါက လက်တွေ့ဘဝထဲ ဖြစ်လာမှာက
-
5:09 - 5:11ဒီလိုပါ။
-
5:11 - 5:14အခုကိစ္စထဲမှာ စောင့်ကြည့်မယ့်သူက
မျှော်စင်ထဲက အစောင့် မဟုတ်ဘဲ -
5:14 - 5:17ထောက်လှမ်းရေးဌာနမှ
ဆန်းစစ်လေ့လာမယ့် ပုလိပ်ပါ။ -
5:17 - 5:20ထောင်ထဲမှာလို နံရံများဖြင့် ဘောင်ခတ်မထားဘဲ
-
5:20 - 5:23နေရာတိုင်း၊ အချိန်ကာလတိုင်းမှာ လူတိုင်းကို
-
5:23 - 5:25ဖက်စုံမှ စောင့်ကြည့်နေမှာပါ။
-
5:25 - 5:27လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းထဲမှာ
-
5:28 - 5:30ဒါဟာ ကျုပ်တို့အတွက် ထိတ်လန့်စရာကြီးပါ။
-
5:30 - 5:34ဆယ်စုနှစ် အတော်ကြာ ကျုပ်တို့ ကြည့်ခဲ့ကြတဲ့
ပုလိပ်ရုပ်ရှင်များထဲမှာ -
5:34 - 5:36မျက်နှာကို စောင့်ကြည့်ရေးလို နည်းပညာတွေက
-
5:36 - 5:40အများပြည်သူ ကောင်းကျိုးအတွက်ပါလို့
အယူအဆကို တင်ပြဖို့ ကြိုးစားခဲ့ကြတယ်။ -
5:40 - 5:43ဒါပေမဲ့ လက်တွေ့ဘဝဟာ
ပုလိပ် ဇာတ်လမ်းမျိုး မဟုတ်ဘူး။ -
5:44 - 5:46လူဆိုးတွေက အမြဲတမ်း အဲဒီလို မလုပ်ကြဘူး၊
-
5:46 - 5:49ပိုလိပ်တွေဟာ လူကောင်းတွေပါလို့
သေချာပေါက် ပြောမရပါဘူး၊ -
5:49 - 5:52ပြီးတော့ နည်းပညာကလည်း
အမြဲတမ်း အလုပ်မဖြစ်ပါဘူး။ -
5:52 - 5:54Steve Talley ရဲ့ အမှုကို
ယူကြည့်နိုင်ပါတယ်၊ -
5:55 - 5:57Colorado မှ ဘဏ္ဍာရေး ဆန်းစစ်သူပါ။
-
5:57 - 6:01၂၀၁၅ ခုနှစ်တွင် မျက်နှာ သိမှတ်ရေး
စနစ်တစ်ခုရဲ့ အမှားကြောင့် -
6:01 - 6:04Talley ကို ဘဏ်လုယက်မှုဖြင့်
ဖမ်းခဲ့ကြပါတယ်။ -
6:04 - 6:06Talley ဟာ မရမရ တိုက်ပွဲဝင်ခဲ့လို့
-
6:06 - 6:09နောက်ဆုံးမှာ ဒီစွဲချက်တွေ
မဟုတ်မှန်ကြောင်း ထုချေနိုင်ခဲ့တယ်၊ -
6:09 - 6:11ဒါပေမဲ့ အစိုးရကနဲ့ အမှုကို ရင်ဆိုင်နေရစဉ်
-
6:11 - 6:15သူဟာ သူ့အိမ်၊ သူ့အလုပ်နဲ့
ကလေးတွေကို ဆုံးရှုံးခဲ့ရပါတယ်။ -
6:15 - 6:17Steve Talley ရဲ့ အဖြစ်က
နည်းပညာ ချွတ်ယွင်းသွားရင် -
6:18 - 6:20ဘာတွေ ဖြစ်လာနိုင်ကြောင်း သာဓကကောင်းပါ။
-
6:21 - 6:25တကယ်တော့ မျက်နှာကို စောင့်ကြည့်မှုက
သူတို့ ကြော်ငြာတာကို ကြောက်စရာပါ။ -
6:26 - 6:29ခင်ဗျားတို့ စဉ်းစားကြည့်ဖို့၊
အစိုးရအေဂျင်စီ အနေနဲ့ -
6:29 - 6:32Alcoholics Anonymous meeting
ပြုလုပ်တဲ့ အဆောက်အအုံ အနီးမှာ -
6:32 - 6:36စောင့်ကြည့်ရေး ကင်မရာကို
ထားရှိချင်မှာ သိပ်ကို သေချာတယ်။ -
6:36 - 6:38သူတို့ဟာ အဲဒီကင်မရာကို
-
6:38 - 6:41မျက်နှာ စောင့်ကြည့်ရေးစနစ်နဲ့ ဒေတာဘေ့စ်နဲ့
ဆက်သွယ်ပေးလိုက်ပြီး -
6:41 - 6:43ခလုတ်နှိပ်လိုက်တာနဲ့ အရက်စွဲမှုအတွက်
-
6:43 - 6:47ကုသမှုခံယူလိုကြတဲ့
လူတိုင်းရဲ့ မှတ်တမ်းကို ရယူနိုင်မှာပါ။ -
6:47 - 6:50ပြီးတော့ အစိုးရအဖွဲ့အစည်း တစ်ခုခုက
-
6:50 - 6:52အဲဒီနည်းပညာကို အသုံးပြုပြီး
အမျိုးသမီး လူထုချီတက်ပွဲထဲ -
6:53 - 6:55ပါဝင်ခဲ့သူတွေ ဒါမှမဟုတ်
Black Lives Matter ကန့်ကွက်ပွဲထဲ -
6:56 - 6:58ပါဝင်သူတွေကို အလွယ်တကူ
အလိုအလျောက် ဖေါ်ထုတ်နိုင်မှာပါ။ -
6:59 - 7:03နည်းပညာစက်မှုလုပ်ငန်း ကိုယ်၌ကိုက
ဒီပြဿနာရဲ့ လေးနက်မှုကို နားလည်ကြတယ်။ -
7:04 - 7:08Microsoft ဥက္ကဌ Brad Smith ကတောင်
စွက်ဖက်ပေးရန် ကွန်ဂရက်အား ပန်ကြားခဲ့ရတယ်။ -
7:09 - 7:11Google ဘက်မှနေပြီးတော့
-
7:11 - 7:14လူသားနဲ့ လူ့ရပိုင်ခွင့်များဆိုင်ရာ
စိုးရိမ်စရာတွေ ရှိနေလို့ -
7:14 - 7:18မျက်နှာ စောင့်ကြည့်ရေး ထုတ်ကုန်ကို
တင်ပို့ပေးရန် ငြင်းကွယ်ခဲ့ပါတယ်။ -
7:19 - 7:20အဲဒါတွေဟာ ကောင်းတဲ့ အချက်တွေပါ။
-
7:20 - 7:22ဘာဖြစ်လို့လဲ ဆိုတော့ နောက်ဆုံးကျရင်၊
-
7:22 - 7:26ကျုပ်တို့ရဲ့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို
ကာကွယ်ပေးရေးဟာ -
7:26 - 7:28ကော်ပိုရိတ် အကျိုးအမြတ်ထက်
ပိုအရေးကြီးလို့ပါ။ -
7:29 - 7:31ACLU မှနေပြီး တစ်မျိုးသားလုံး
လှုံဆော်ပွဲကြီးအဖြစ် -
7:31 - 7:33အန္တရာယ်များတဲ့ အဲဒီနည်းပညာ လက်ခံမှုကို
-
7:33 - 7:36အစိုးရအား ဘရိတ်အုပ်ပေးရန်
ဆော်သြော်ခဲ့ခြင်းက -
7:36 - 7:39ပြည်သူလူထု အကြားမှာ ခိုင်လုံတဲ့
မေးခွန်းတွေ ထုတ်လာစေခဲ့ပါတယ်။ -
7:39 - 7:43ဒီနည်းပညာကို အန္တရာယ်ဖြစ်လာစေတဲ့
အဓိကအချက်က ဘာလဲ။ -
7:43 - 7:46အဲဒါကို ကျုပ်တို့ ဘာဖြစ်လို့
ညှိနှိုင်း မရနိုင်တာလဲ။ -
7:46 - 7:48အခုလို သတိပေး တပ်လှန့်နေရတာ ဘာကြောင့်လဲ။
-
7:49 - 7:54မျက်နှာကို စောင့်ကြည့်မှုက အန္တရာယ်ဖြစ်လာ
ရတာ ထူးခြားတဲ့ အကြောင်းရင်း နှစ်ခု ရှိတယ်။ -
7:54 - 7:57တစ်ခုက နည်းပညာကိုယ်၌ရဲ့ သဘာဝပါ။
-
7:57 - 8:00ဒုတိယက ကျုပ်တို့ရဲ့ စနစ်ထဲမှာ
-
8:00 - 8:04အဲဒါကို အစိုးရကနေပြီး
အလွဲသုံးစား မလုပ်စေရကြောင်း -
8:04 - 8:05အာမခံပေးနိုင်မယ့် စောင့်ကြပ်ရေးနဲ့
-
8:05 - 8:09တာဝန်ခံယူရေး ယန္တရားတွေ
အခြေခံအရကို မရှိကြလို့ပါ။ -
8:11 - 8:15ပထမအချက်အနေနဲ့၊ မျက်နှာ
စောင့်ကြည့်မှုက အရင်တုန်းက မရှိခဲ့ဖူးတဲ့ -
8:15 - 8:18ဘာမှမကျန်အားလုံးကို
စောင့်ကြည့်မှု ပုံစံပါ။ -
8:18 - 8:22လူတိုင်းရဲ့
သူငယ်ချင်းအိမ် သွားလည်တာ၊ -
8:22 - 8:24အစိုးရရုံး တစ်ခု၊
-
8:24 - 8:26ဝတ်ပြုတဲ့ နေရာ၊
-
8:26 - 8:27ကြိုစီစဉ်ထားတဲ့ မိဘတွေ့ဆုံပွဲ၊
-
8:27 - 8:29ဆေးခြောက်ဆိုင်၊
-
8:29 - 8:30ဝစ်လစ်စားလစ် ဖျော်ဖြေပွဲကို သွားမှု၊
-
8:31 - 8:35အများပြည်သူ အကြား လူတိုင်း လှုပ်ရှားပုံ၊
အပြုအမူ နဲ့ အသင်းအဖွဲ့ထဲ ပါဝင်မှုကို -
8:35 - 8:37မှတ်တမ်းတင်ပြီး စာရင်း လုပ်ထားမယ်၊
-
8:37 - 8:39တစ်ရက်တစ်လေအတွက် မဟုတ်ဘဲ၊ နေ့စဉ်နေ့တိုင်း၊
-
8:39 - 8:42ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ပြုလုပ်နိုင်မှာပါ။
-
8:42 - 8:45အဲဒီလို လူတွေအားလုံးကို စောင့်ကြည့်မှုဟာ
-
8:45 - 8:48အခြေခံမူအရကိုက လွတ်လပ်တဲ့ လူ့အဖွဲ့
အစည်းထဲ နေထိုင်မှုကို ခြိမ်းခြောက်မှုပါ။ -
8:48 - 8:52ကျုပ်တို့ရဲ့ လွတ်လပ်စွာပြောဆိုခွင့်၊
လွတ်လပ်စွာ အသင်းအဖွဲ့ထဲ ပါဝင်ခွင့်၊ -
8:52 - 8:53ဘာသာရေးလွတ်လပ်ခွင့်၊
-
8:53 - 8:54စာနယ်ဇင်း လွတ်လပ်ခွင့်၊
-
8:54 - 8:56ကျုပ်တို့ရဲ့ ကိုယ်ရေး လုံခြုံမှု၊
-
8:56 - 8:58ဒါမှမဟုတ် တစ်ယောက်တည်း
အထီးကျန်လျက် နေခွင့်တွေပါ။ -
8:58 - 8:59ခင်ဗျားတို့က
-
8:59 - 9:03"အလကားပါ၊ အစိုးရက ကျုပ်တို့ကို ထောက်လှမ်း
နိုင်တဲ့ နည်းတွေအများကြီးပါ။" ထင်နိုင်တယ်။ -
9:03 - 9:05အဲဒါ မှန်ပါတယ်။
-
9:05 - 9:08အစိုးရက ကျုပ်တို့ရဲ့ ဆဲလ်ဖုန်းများမှ
တစ်ဆင့် ခြေရာခံနိုင်ပါတယ်၊ -
9:08 - 9:10ဒါပေမဲ့ ကျုပ်တို့
ကိုယ်ဝန်ဖျက်ချဖို့ လိုတယ်၊ -
9:10 - 9:12ဒါမှမဟုတ် နိုင်ငံရေးအစည်းအဝေးကို
တက်ချင်တယ်၊ -
9:12 - 9:17ဒါမှမဟုတ် နေမကောင်းဘူးလို့ ဖုန်းဆက်လိုက်ကာ
ကစားချင်တယ်၊ ဆိပ်ကမ်းဆီ သွားချင်ရင်... -
9:17 - 9:18(ရယ်သံများ)
-
9:18 - 9:21ကျုပ် ဖုန်းကို
အိမ်မှာ ချန်ထားနိုင်ခဲ့ပါတယ်။ -
9:21 - 9:23ကျနော်ဟာ ကိုယ့်မျက်နှာကို
အိမ်မှာ ထားမရနိုင်ဘူး။ -
9:23 - 9:27အဲဒီအချက်က ဒုတိယ အဓိက စိုးရိမ်ချက်ဆီကို
ခေါ်ဆောင်လာပါတယ်- -
9:28 - 9:31ကျုပ်တို့ဟာ ဒီနည်းပညာကို အနှစ်သာရပါပါ
ဘယ်လို ညှိနှိုင်းပေးနိုင်ကြမလဲ။ -
9:31 - 9:35ဒီနေ့တွင် လွန်ခဲ့တဲ့ အပတ်တုန်းက ကျနော်
ဘယ်မှာ ရှိခဲ့သလို သိချင်ရင်၊ -
9:36 - 9:41သူတို့ဟာ အတိတ်ဆီ သွားနိုင်တဲ့ စက်ဖြင့်
ကျနော့်ကို လိုက်ရှာ မကြည့်နိုင်ကြဘူး။ -
9:41 - 9:43ပြီးတော့ ဒေသခံ ပုလိပ်တွေ ဆိုပါစို့၊
-
9:44 - 9:47ခြေရာခံ သိမ်းဆည်းပေးတဲ့
ဗဟိုစနစ် မရှိပါဘူး၊ -
9:47 - 9:50တစ်နေ့နေ့တွင် လိုအပ်လာခဲ့ရင်
သုံးနိုင်ဖို့ လူတိုင်းရဲ့ -
9:50 - 9:54သွားလာလှုပ်ရှားမှုတွေကို စာရင်းနဲ့
မှတ်ထားတာမျိုး သူတို့ဆီမှာ မရှိပါဘူး။ -
9:54 - 9:57ဒီနေ့တွင် အစိုးရက လွန်ခဲ့တဲ့ အပတ်တုန်းက
ကျနော် ဘယ်မှာ ရှိခဲ့သလို သိချင်ရင်၊ -
9:57 - 9:59လွန်ခဲ့တဲ့ တစ်ပတ်၊
တစ်နှစ်တုန်းက ဆိုပါစို့၊ -
9:59 - 10:02သူတို့ဟာ တရားရုံးကို သွားပြီး
ဝရမ်းယူရပါမယ်၊ -
10:02 - 10:04ပြီးရင် အဲဒီ၀ရမ်းကို
ကျုပ်ရဲ့ ဖုန်းကုမ္ပဏီကို ပြရမယ်၊ -
10:04 - 10:08တကယ်တော့၊ ကျုပ်ကုမ္ပဏီဟာ ငွေရေးကြေးရေး
ကြောင့် ကျနော့ကို ကာကွယပေးရမယ့်သူပါ။ -
10:08 - 10:11ဒါပေမဲ့ မျက်နှာ စောင့်ကြည့်ရေး
စနစ်နဲ့ ကျတော့၊ -
10:11 - 10:13အဲဒီလို ကန့်သတ်ချက်တွေ မရှိတော့ဘူး။
-
10:13 - 10:18ပြီးတော့ အဲဒီနည်းပညာကို အစိုးရကိုယ်၌က
ရာနှုန်းပြည့် ချုပ်ကိုင်ထားတယ်။ -
10:19 - 10:23ဒီတော့ ဒီလိုအခြေအနေထဲမှာ
၀ရမ်းဆိုတာ လိုအပ်ဦးမလား။ -
10:23 - 10:25အစိုးရ ဟာ တရားရုံးကို သွားပြီး
-
10:25 - 10:27ဝရမ်းကို ရယူပြီး
-
10:27 - 10:29အဲဒီ ဝရမ်းကို ကိုယ့်ကိုကိုယ် ပြမှာလား။
-
10:29 - 10:32အဲဒါက၊ ဘာနဲ့တူလဲ ဆိုတော့၊ ကျနော်က
ခင်ဗျားကို ကျုပ်ရဲ့ ဒိုင်ယာရီကို ပေးရင်း၊ -
10:32 - 10:35"မင်းဒါကို ထာဝရ သိမ်းထားနိုင်တယ်၊
-
10:35 - 10:38ဒါပေမဲ့ ငါ့ခွင့်မပြုရင် အဲဒါ မဖတ်ရဘူး။"
ပြောတာနဲ့ တူပါမယ်။ -
10:38 - 10:40ဒီတော့ ကျုပ်တို့ ဘာလုပ်နိုင်ကြလဲ။
-
10:40 - 10:43အစိုးရကနေပြီး မျက်နှာကို
စောင့်ကြည့်မှုကို သုံးလာမယ့် -
10:43 - 10:47ခြိမ်းခြောက်မှု အတွက်
တစ်ခုတည်းသောအဖြေက -
10:47 - 10:51ပြည်သူတို့ရဲ့ ယုံကြည်မှုကို ချိုးဖောက်မယ့်
လုပ်ပိုင်ခွင့်ကို အစိုးရအား ငြင်းပယ်ရန်ပါ၊ -
10:51 - 10:54အိမ်တိုင်းမှာ စောင့်ကြည့်ရေး
ကွန်ရက် ဆောက်လုပ်ပိုင်ခွင့်ကို -
10:54 - 10:57ငြင်းပယ်လိုက်ရန် ဖြစ်ပါတယ်။
-
10:58 - 11:00ကျုပ်တို့ လုပ်နေတာ အဲဒီလို အတိအကျပါပဲ။
-
11:01 - 11:04ACLU ဟာ အန္တရာယ်များတဲ့ ဒီနည်းပညာကို
အစိုးရမှ အသုံးပြုမှုကို -
11:04 - 11:07ဘရိတ်အုပ်ပေးရန် တနိုင်ငံလုံးမှာ
လှုံ့ဆော် ဆင်နွဲမှု တစ်စိတ်တစ်ပိုင်းပါ။ -
11:07 - 11:10ကျုပ်တို့ အောင်မြင်ခဲ့တဲ့
ကိစ္စတွေ ရှိပါတယ်၊ -
11:10 - 11:12San Francisco မှ Somerville၊
Massachusetts အထိ -
11:12 - 11:15ကျုပ်တို့ဟာ မြူနီစပယ်မှနေပြီး
-
11:15 - 11:17အဲဒီနည်းပညာ အစိုးရမှ သုံးမှာကို
တားမြစ်နိုင်ခဲ့ကြပြီ။ -
11:17 - 11:20ပြီးတော့ ဒီ Massachusetts
အသိုင်းအဝိုင်းများနဲ့ -
11:20 - 11:21နိုင်ငံ့တဝမ်းမှာလည်း
-
11:21 - 11:23အလားတူ တားဆီးရေးကို ဆွေးနွေးနေကြပါပြီ။
-
11:23 - 11:26ဒီလှုပ်ရှားမှုဟာ မအောင်မြင်နိုင်ဘူးလို့
ပြောသူတွေ ရှိပါတယ်။ -
11:26 - 11:28တကယ်တော့ အဲဒီလို ထင်မြင် ပြောဆိုနေကြတာက၊
-
11:28 - 11:30အဲဒီ နည်းပညာတွေ ရှိနေကြပြီ၊
-
11:30 - 11:33အစိုးရဟာ အဲဒါတွေကို အခြေအနေမျိုးစုံထဲမှာ
-
11:33 - 11:36အသုံးပြုသွားမှာပါ။
-
11:37 - 11:40ကိုယ်ရေး လုံခြုံမှု
ချုပ်ငြိမ်းသွားပြီးပေါ့။ -
11:40 - 11:42အဲဒီလို ပြောဆိုနေကြပါတယ်။
-
11:42 - 11:45ဒါပေမဲ့၊ ကျနော်ကတော့
အဲဒီလို ပြောဆိုမှုကို လက်မခံပါဘူး။ -
11:45 - 11:47ခင်ဗျားတို့လည်း လက်မခံသင့်ပါဘူး။
-
11:48 - 11:52ဒီနေ့ ၂၁ ရာစုထဲတွင် ကျုပ်တို့ရဲ့
လွတ်လပ်မှု ဘောင်တွေကို -
11:52 - 11:56Jeff Bezos ဒါမှမဟုတ် FBI မှ ဆုံးဖြတ်
ပေးမှာကို ကျုပ်တို့ ခွင့်မပြုနိုင်ပါဘူး။ -
11:56 - 11:59ကျုပ်တို့ဟာ ဒီမိုကရေစီစနစ်ထဲ
နေထိုင်ရိုး မှန်ပါက၊ -
11:59 - 12:02ကျုပ်တို့ဟာ ယာဉ်မောင်းရဲ့
နေရာမှာ ထိုင်နေကြရင်၊ -
12:02 - 12:04ကျုပ်တို့ရဲ့ စုပေါင်း အနာဂတ်ကို
ပုံသွင်းပေးကြရမှာပါ။ -
12:04 - 12:06ကျုပ်တို့ အခုဆို လမ်းခွကို
ရောက်ရှိနေကြတာပါ။ -
12:06 - 12:09ကျုပ်တို့ဟာ ပုံမှန်အတိုင်း လုပ်ငန်းတွေကို
ဆက်လုပ်ကိုင်ကြရင်း၊ -
12:10 - 12:14အဲဒီလို နည်းပညာတွေကို မစစ်ဆေးဘဲ ကျုပ်တို့
ရပ်ရွာ၊ လမ်းမှာ၊ ကျုပ်တို့ရဲ ကျောင်းတွေမှာ -
12:14 - 12:17လက်ခံ တပ်ဆင်ခွင့် ပြုနိုင်ကြတယ်၊
-
12:17 - 12:22ဒါမှမဟုတ်ဘဲ ဒီနေ့တွင်
ရဲဝံ့တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီး -
12:22 - 12:26မျက်နှာကို စောင့်ကြည့်ရေး စနစ်ကို အစိုးရမှ
မသုံးနိုင်အောင် ရပ်တန့်ပစ်လျက် -
12:26 - 12:28ကျုပ်တို့ရဲ့ ကိုယ်ရေးလုံခြုံမှုကို
ကာကွယ်ဖို့ အားထုတ်ကြရမယ်။ -
12:28 - 12:31ကျုပ်တို့ အားလုံးအတွက်
ပိုမို လုံခြုံပြီး လွတ်လပ်မယ့် -
12:31 - 12:33အနာဂတ်ကို တည်ဆောက်နိုင်ကြပါတယ်။
-
12:33 - 12:34ကျေးဇူးတင်ပါတယ်။
-
12:34 - 12:36(လက်ခုပ်သံများနှင့် ချီးကျူးသံများ)
- Title:
- မျက်နှာကို စောင့်ကြည့်ရေးစနစ်နဲ့ ပတ်သက်ပြီး ကျုပ်တို့ သိထားသင့်တဲ့ အချက်များ
- Speaker:
- Kade Crockford
- Description:
-
ကျုပ်တို့ရဲ့ ကိုယ်ရေးလုံခြုံမှုဟာ ချုပ်ငြိမ်းမသွားသေးပါဘူး၊ ဒါပေမဲ့ မျက်နှာကို စောင့်ကြည့်ရေး စနစ်က အဲဒါကို အဆုံးသတ်ပစ်နိုင်ပါတယ်လို့ ပြည်သူ့ရပိုင်ခွင့်များကို အကျိုးဆောင်ပေးသူ Kade Crockford က သတိပေးပါတယ်။ ကျုပ်တို့ရဲ့ မျက်လုံးတွေကို ဖွင့်ပေးမယ့် ဒီဟောပြောချက်ထဲမှာ Kade ကနေပြီး နေရာတိုင်းကို ထိုးဖောက်ဝင်နိုင်တဲ့ အဲဒီနည်းပညာဟာ၊ မကြာခဏဆိုသလို ချွတ်ချော်မှုတွေ ရှိတာတောင်၊ လူတွေကို မသိရစေဘဲနဲ့ ခြေရာခံ စောင့်ကြည့်နိုင်မှုက ကျုပ်တို့ရဲ့ အခြေခံအကျဆုံး ရပိုင်ခွင့်တွေကို မကြုံစဖူး ခြိမ်းခြောက်မှုကြီး ဖြစ်တာကို ရှင်းပြထားပါတယ်။ သိပ်နောက်မကျသွားမီ အဲဒါကို အစိုးရအား တားမြစ်ပစ်ရန် ဘယ်လို အားထုတ်သင့်ကြောင်းကို လေ့လာကြည့်ကြပါ။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 12:49
![]() |
Myo Aung approved Burmese subtitles for What you need to know about face surveillance | |
![]() |
Myo Aung edited Burmese subtitles for What you need to know about face surveillance | |
![]() |
Sanda Aung accepted Burmese subtitles for What you need to know about face surveillance | |
![]() |
Sanda Aung edited Burmese subtitles for What you need to know about face surveillance | |
![]() |
Myo Aung edited Burmese subtitles for What you need to know about face surveillance | |
![]() |
Myo Aung edited Burmese subtitles for What you need to know about face surveillance |