WEBVTT 00:00:00.000 --> 00:00:03.279 ကိုယ်ရေးလုံခြုံမှုဆိုတာ ဆုံးရှုံးသွားပြီ လို့ပြောဆိုသံကို ခင်ဗျားတို့ 00:00:03.279 --> 00:00:04.645 ဘယ်နှစ်ဦးများ ကြားခဲ့ဘူးလဲ။ 00:00:04.645 --> 00:00:05.795 လက်မြှောက်ကြပါ။ 00:00:05.849 --> 00:00:08.453 ကျနော့ဆီမှာ ဝှက်စရာ ဘာမှမရှိလို့ ကိုယ်ရေးလုံခြုံမှုကို 00:00:08.453 --> 00:00:12.267 ကျနော် ဂရုမစိုက်ပါဘူးလို့ ဆိုတာမျိုးကိုကော ခင်ဗျားတို့ထဲက ဘယ်နှစ်ဦး ကြားခဲ့ဘူးလဲ။ 00:00:12.665 --> 00:00:13.825 ပြောပြကြပါ။ 00:00:13.849 --> 00:00:15.291 (ရယ်သံများ) 00:00:15.721 --> 00:00:19.977 အခုတော့၊ ခင်ဗျားတို့ထဲက လျှို့ဝှက်ကုဒ် သွင်းရေး ဆော့ဝဲကို ဘယ်နှစ်ဦး သုံးကြလဲ။ 00:00:20.283 --> 00:00:21.434 လက်မြှောက်ပြကြပါ။ 00:00:21.458 --> 00:00:24.805 ဒါမှမဟုတ် အွန်လိုင်း အကောင့် ကာကွယ်ဖို့ စကားဝှက် သုံးကြလား။ 00:00:25.529 --> 00:00:29.449 ဒါမှမဟုတ် ကိုယ့်အိမ်ထဲက ပြတင်းပေါက်မှာ ကန့်လန့်ကာတွေ အမှောင်ချစရာတွေ သုံးကြလဲ။ 00:00:29.473 --> 00:00:31.029 (ရယ်သံများ) 00:00:31.053 --> 00:00:33.086 အိုကေ၊ လူတိုင်းလိုလိုပါပဲ။ 00:00:33.110 --> 00:00:34.260 (ရယ်သံများ) 00:00:34.752 --> 00:00:36.752 ကျုပ်တို့ ဘာဖြစ်လို့ အဲဒါတွေကို လုပ်ကြတာလဲ။ 00:00:37.165 --> 00:00:38.316 ကျနော့အထင် 00:00:38.340 --> 00:00:40.728 ခင်ဗျားတို့က ကိုယ့်လုံခြုံမှုကို ဂရုစိုက်ကြလို့ပါ။ 00:00:40.728 --> 00:00:43.080 ကိုယ်ရေး လုံခြုံမှု မရှိတော့ဘူး ဆိုတာ အလကားစကားပါ။ 00:00:43.080 --> 00:00:46.747 "သူတို့ဆီမှာ ဖုံးကွယ်စရာ ဘာမှမရှိ" ဒါမှ မဟုတ် မှားတာ ဘာတစ်ခုမှ မလုပ်ခဲ့ဖူးလို့ 00:00:46.747 --> 00:00:48.237 လူတွေက ကိုယ်ရေးလုံခြုံမှုကို 00:00:48.261 --> 00:00:49.903 ဂရုမစိုက်ကြဘူးဆိုတဲ့ ပြောဆိုမှုဟာ 00:00:49.927 --> 00:00:51.170 အလကား ပြောစကားပါ။ 00:00:51.183 --> 00:00:55.246 ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့ ကျန်းမာရေး မှတ်တမ်းကို အများပြည်သူ သိအောင် 00:00:55.246 --> 00:00:57.232 အင်တာနက်မှတစ်ဆင့် ကမ္ဘာကြီး မြင်လာမှာကို 00:00:57.232 --> 00:00:59.468 ခင်ဗျားတို့ လိုချင်ကြမှာ မဟုတ်ဘူး ထင်ပါတယ်။ 00:00:59.468 --> 00:01:03.158 ဒါမှမဟုတ် ကိုယ့်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာ ရှာဖွေမှုမှတ်တမ်းတွေလည်း အလားတူပါပဲ။ 00:01:03.158 --> 00:01:04.475 ကျနော် သေချာပေါက် ပြောရဲတာက 00:01:04.475 --> 00:01:08.193 အစိုးရက ခင်ဗျားတို့ စိတ်ကူးတိုင်း အစိုးရ ဗဟိုကွန်ပျူတာဆီကို ထုတ်လွှင့်ပေးဖို့ 00:01:08.217 --> 00:01:12.855 ခင်ဗျားတို့ ဦးနှောက်ထဲ ချစ်ပ် ထည့်ချင်တယ် ဆိုရင် 00:01:12.879 --> 00:01:14.364 ခင်ဗျားတို့ ငြင်းကွယ်ကြမှာပါ။ 00:01:14.388 --> 00:01:16.823 (ရယ်သံများ) 00:01:16.847 --> 00:01:19.345 ခင်ဗျားတို့က လူသားတိုင်းလိုပဲ ကိုယ်ရေးလုံခြုံမှုကို 00:01:19.654 --> 00:01:21.187 ဂရုစိုက်ကြလို့ပါ။ 00:01:21.347 --> 00:01:24.091 ကျုပ်တို့ ကမ္ဘာကြီး ပြောင်းလဲနေတာ မြန်တယ်။ 00:01:24.395 --> 00:01:28.228 ကိုယ်ရေးလုံခြုံမှု ဆိုတာ ဘာလဲ၊ အဲဒါ အရေးကြီးတာ ဘာကြောင့်လဲဆိုင်ရာ 00:01:28.252 --> 00:01:31.394 နားလည်မှုတွေဟာ ဒီနေ့တွင် တော်တော့ကို ရှုပ်ထွေးလှပါတယ်။ 00:01:31.620 --> 00:01:34.124 ကိုယ်ရေးလုံခြုံမှုဟာ လျှို့ဝှက်ချက် မဟုတ်ဘူး။ 00:01:34.490 --> 00:01:35.656 အဲဒါက ထိန်းချုပ်မှုပါ။ 00:01:36.817 --> 00:01:40.737 ဆရာဝန်နဲ့ တွေ့တဲ့အခါ ကျနော်ဟာ ကျနော့ခန္ဓာ ကိုယ်နဲ့ ကျန်းမာရေး အချက်အလက်တွေကို 00:01:40.761 --> 00:01:43.237 ပေးပေမဲ့၊ သူဟာ အဲဒီလို အချက်အလက်တွေကို 00:01:43.261 --> 00:01:46.371 ကျနော့မိဘတွေ ကလေးတွေ ဒါမှမဟုတ် ကျနော့အကြီးအကဲကို 00:01:46.395 --> 00:01:48.521 မျှဝေပေးမှာ မဟုတ်ဘူးလို့ မျှော်လင့်ထားတယ်။ 00:01:49.065 --> 00:01:52.124 အဲဒီ အချက်အလက်တွေဟာ ကိုယ်ရေးပါ၊ လျှို့ဝှက်ချက် မဟုတ်ဘူး။ 00:01:53.085 --> 00:01:56.342 အဲဒီလို အချက်အလက်တွေကို ဘယ်လိုဝေမျှမှာကို ကျနော် ထိန်းချုပ်နိုင်တယ်။ 00:01:56.456 --> 00:02:00.375 ကိုယ်ရေးလုံခြုံမှုက တစ်ဘက်နဲ့ ဘေးကင်းမှုက တစ်ဘက်တို့ အကြားမှာ အခြေခံကျတဲ့ 00:02:00.549 --> 00:02:02.631 တင်းမာမှုရှိတွေ ရှိနေတဲ့ အကြောင်း ဒီခေတ်မှာ 00:02:02.655 --> 00:02:04.678 လူတွေ ပြောဆိုကြတာ ခင်ဗျားတို့ ကြားဘူးမှာပါ။ 00:02:04.678 --> 00:02:08.280 တကယ့်တော့ ကျုပ်တို့ရဲ့ ကိုယ်ရေးလုံခြုံမှု မြှင့်တင်ပေးတဲ့ နည်းပညာတွေဟာ 00:02:08.280 --> 00:02:10.372 ကျုပ်တို့ရဲ့ ဘေကင်းမှုကိုလည်း မြှင့်ပေးကြတယ်။ 00:02:10.372 --> 00:02:12.543 ခြံစည်းရိုးတွေ၊ တံခါးသော့ခလောက်တွေ၊ 00:02:12.567 --> 00:02:15.320 ပြတင်းပေါက်ပေါ်က ကန့်လန့်ကာတွေ၊ စကားဝှက်တွေ၊ 00:02:15.344 --> 00:02:17.882 လျှို့ဝှက်ကုဒ်သွင်းရေး ဆော့ဝဲတွေကို စဉ်းစားကြည့်ကြပါ။ 00:02:17.882 --> 00:02:19.037 အဲဒီနည်းပညာတွေ အားလုံးဟာ 00:02:19.037 --> 00:02:23.362 ကျုပ်တို့ရဲ့ ကိုယ်ရေးရဲ့ လုံခြုံမှုကိုရော ဘေးကင်းမှုကိုပါ ကာကွယ်ပေးကြတယ်။ 00:02:24.910 --> 00:02:28.403 စောင့်ကြည့်ရေး ကွန်ရက်ကျတော့ ဘာကိုမှ ကာကွယ်မပေးပါဘူး။ 00:02:29.126 --> 00:02:30.652 လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက 00:02:30.676 --> 00:02:33.597 ဖက်ဒရယ်အစိုးရက The Privacy and Civil Liberties Oversight Board 00:02:33.621 --> 00:02:36.557 ကို ပါရဂူများတစ်စုဖြင့် ဖွဲ့ပေးခဲ့ပြီး 00:02:36.581 --> 00:02:39.363 ၉/၁၁ နောက်ပိုင်း အစိုးရရဲ့ စောင့်ကြည့်ရေး အစီအစဉ်တွေနဲ့ 00:02:39.363 --> 00:02:42.033 စောင့်ကြည့်ရေး ကွန်ရက် အစီအစဉ်တွေကို စစ်ဆေးခိုင်းခဲ့တယ်။ 00:02:42.307 --> 00:02:45.442 အဲဒီပါရဂူတွေက စောင့်ကြည့်ရေး ကွန်ရက်ကနေပြီး 00:02:45.466 --> 00:02:49.250 ဘေးကင်းမှုကို မြှင့်တင်ပေးခဲ့တာ၊ အကြမ်း ဖက်ရေး လုပ်ရပ်ကို ဖေါ်ထုတ်ခဲ့တာ 00:02:49.274 --> 00:02:52.141 ဒါမှမဟုတ် ရပ်စဲပစ်ခဲ့တာကို သာဓက တစ်ခုမှ ရှာမတွေ့ခဲ့ပါဘူး။ 00:02:52.248 --> 00:02:55.129 ဒါပေမဲ့ အဲဒီက အချက်အလက်တွေ အသုံးဝင်ခဲ့တာ တစ်ခုတော့ ရှိခဲ့တယ်။ 00:02:55.584 --> 00:02:59.431 NSA ၀န်ထမ်းများအား သူတို့ရဲ့အချစ်ရေး ကိစ္စတွေကို ထောက်လှမ်းခွင့် ပြုခဲ့တာပါ။ 00:02:59.455 --> 00:03:00.596 (ရယ်သံများ) 00:03:00.620 --> 00:03:01.921 (ပရိသတ်- ဝိုး။ ) 00:03:01.921 --> 00:03:04.321 နောက်ဥပမာတစ်ခုက အိမ်နဲ့ ပိုနီးစပ်တယ်။ 00:03:04.456 --> 00:03:07.464 အခု အမေရိကန်ပြည်ထောင်စုနဲ့ တစ်ကမ္ဘလုံးမှာ ပြည်သူ သန်းချီတို့ဟာ 00:03:07.488 --> 00:03:09.776 အင်တာနက်နဲ့ ချိတ်ဆက်ရတဲ့ စောင့်ကြည့်ရေး ကင်မရာလို 00:03:09.800 --> 00:03:12.363 "စမတ်အိမ်" လို့ ခေါ်တဲ့ ကိရိယာတွေကို ဝယ်သုံးလာကြတယ်။ 00:03:12.712 --> 00:03:15.974 ဒါပေမဲ့ ကျုပ်တို့ သိထားသလို အင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ 00:03:15.998 --> 00:03:18.288 စက်ပစ္စည်းမှန်သမျှကို ဟက်ခ်လုပ်နိုင်ပါတယ်။ 00:03:18.514 --> 00:03:20.228 ဒီတော့ ဟက်ခ်လုပ်သူက 00:03:20.252 --> 00:03:23.554 ခင်ဗျားတို့ရဲ့ အင်တာနက်ချိတ်ထားတဲ့ စောင့်ကြည့်ရေး ကင်မရာထဲ ဝင်နိုင်ရင် 00:03:23.578 --> 00:03:26.276 ခင်ဗျားတို့ မိသားစု သွားလာတာကို စောင့်ကြည့်နိုင်ပြီး 00:03:26.300 --> 00:03:28.978 တိုက်ခိုက်ဖို့ အဆင်ပြေတဲ့ အချိန်ကို သိကြမယ်။ 00:03:29.553 --> 00:03:31.862 အဝေးကနေပြီး ဟက်ခ်လုပ်မရတာက ဘာလဲ သိကြလား။ 00:03:32.418 --> 00:03:33.574 ကန့်လန့်ကာတွေပါ။ 00:03:33.598 --> 00:03:34.599 (ရယ်သံများ) 00:03:34.623 --> 00:03:36.037 ခြံစည်းရိုးတွေပါ။ 00:03:36.061 --> 00:03:37.221 တံခါးသော့ခလောက်တွေပါ။ 00:03:37.245 --> 00:03:38.386 (ရယ်သံများ) 00:03:38.410 --> 00:03:40.756 ကိုယ်ရေးလုံခြုံမှုဟာ ဘေးကင်းမှုရဲ့ ရန်သူမဟုတ်ဘူး။ 00:03:41.113 --> 00:03:42.565 အဲဒါက ၎င်းကို အာမခံပေးတာပါ။ 00:03:44.129 --> 00:03:48.114 ဒါပေမဲ့ ကျုပ်တို့ဟာ နေ့စဉ် အပြင်းအထန် ရင်ဆိုင်ကြရတဲ့ ဝါဒဖြန့်မှုက 00:03:48.138 --> 00:03:52.228 ကျုပ်တို့ စောင့်ကြည့်ရေး အစီအစဉ်များအတွက် ကျုပ်တို့ရဲ့ ကိုယ်ရေးလုံခြုံမှု အချို့နဲ့ 00:03:52.252 --> 00:03:54.252 ဖလှယ်ပေးဖို့ လိုအပ်​ကြောင်း နားချလိုကြတယ်။ 00:03:55.085 --> 00:03:59.084 အဲဒီလို နည်းပညာများထဲမှာ မျက်နှာကို စောင့်ကြည့်ရေး စနစ်ကအန္တရာယ်အများဆုံးပါ။ 00:03:59.966 --> 00:04:05.133 ဒီနေ့တွင် အစိုးရတွေက အဲဒီ နည်းပညာတွေကို အသုံးချနေကြတာ နှစ်မျိုး ရှိပါတယ်။ 00:04:05.157 --> 00:04:06.910 တစ်ခုက မျက်နှာကို သိမှတ်မှုပါ။ 00:04:07.243 --> 00:04:09.514 လူတစ်ဦးဦးကို ပုံရိပ်ထဲမှ ဖေါ်ထုတ်ယူမှုပါ။ 00:04:09.538 --> 00:04:12.371 ဒုတိယကျတော့ မျက်နှာကို စောင့်ကြည့်မှုပါ။ 00:04:12.395 --> 00:04:14.450 အဲဒါကို စောင့်ကြည့်ရေး ကင်မရာ ကွန်ရက်များနဲ့ 00:04:14.474 --> 00:04:17.330 ဒေတာဘေ့စ်တွေနဲ့ ချိန်ညှိသုံးပါတယ်။ 00:04:17.354 --> 00:04:20.831 ပြည်သူအားလုံးရဲ့ လှုပ်ရှားမှုတွေ၊ 00:04:20.855 --> 00:04:23.260 အလေ့အကျင့်တွေနဲ့ အသင်းအဖွဲ့တွေကို မှတ်တမ်းတင်ပြီး၊ 00:04:23.284 --> 00:04:26.596 လိုရာကို ချက်ချင်းကြည့်နိုင်တဲ့ ဒစ်ဂျစ်တယ် ကားချပ်ကြီးကို ဖန်တီးပါတယ်။ 00:04:26.903 --> 00:04:28.760 အဲဒါကို panopticon လို့ ခေါ်ပါတယ်။ 00:04:28.784 --> 00:04:33.006 ဗဟိုမှာ ရှိနေကြတဲ့ အစောင့်အချို့တို့က ပတ်ပတ်လည်ရှိ အကျဉ်းခန်းများထဲ 00:04:33.030 --> 00:04:36.974 ဖြစ်ပျက်နေတာကို စောင့်ကြည့်ရနိုင်တဲ့ ထောင်ကို အဲဒီလို ခေါ်ကြတာပါ။ 00:04:37.482 --> 00:04:42.149 အဲဒီ အကျဉ်းခန်းထဲ နေထိုင်နေသူတို့က အစောင့်မျှော်စင်ထဲကို ကြည့်မရနိုင်ပါဘူး၊ 00:04:42.173 --> 00:04:45.839 ဒါပေမဲ့ အစောင့်တွေကျတော့ အကျဉ်းခန်းထဲက တစ်လက်မစီကို ကြည့်နိုင်ကြတယ်။ 00:04:47.268 --> 00:04:49.323 အဲဒီထောင်မျိုးရဲ့ စိတ်ကူးက 00:04:49.347 --> 00:04:50.572 အကျဉ်းခန်းများထဲက လူတွေက 00:04:50.572 --> 00:04:53.895 သူတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေတာ ဒါမှမဟုတ် စောင့်ကြည့်နိုင်တာကို 00:04:53.919 --> 00:04:55.379 သိထားတဲ့ နောက်မှာ၊ 00:04:55.403 --> 00:04:57.371 သတိထား ပြုမူကြရမှာပါ။ 00:04:57.395 --> 00:05:01.169 အဲဒီအတိုင်းပဲ မျက်နှာကို စောင့်ကြည့်မှုက ဗဟို အာဏာပိုင်အား၊ 00:05:01.193 --> 00:05:02.997 ဒီကိစ္စထဲမှာ နိုင်ငံတော်အား 00:05:02.997 --> 00:05:05.978 အများပြည်သူ နေရာတွေမှာ လှုပ်ရှားတာကို၊ အသင်းအဖွဲ့ထဲ ပါဝင်တာကို 00:05:05.978 --> 00:05:08.053 ထိန်းချုပ် စောင့်ကြည့်ခွင့် ပေးပါလိမ့်မယ်။ 00:05:08.053 --> 00:05:09.450 အဲဒါက လက်တွေ့ဘဝထဲ ဖြစ်လာမှာက 00:05:09.474 --> 00:05:10.706 ဒီလိုပါ။ 00:05:10.706 --> 00:05:13.672 အခုကိစ္စထဲမှာ စောင့်ကြည့်မယ့်သူက မျှော်စင်ထဲက အစောင့် မဟုတ်ဘဲ 00:05:13.696 --> 00:05:16.974 ထောက်လှမ်းရေးဌာနမှ ဆန်းစစ်လေ့လာမယ့် ပုလိပ်ပါ။ 00:05:16.974 --> 00:05:20.124 ထောင်ထဲမှာလို နံရံများဖြင့် ဘောင်ခတ်မထားဘဲ 00:05:20.329 --> 00:05:22.562 နေရာတိုင်း၊ အချိန်ကာလတိုင်းမှာ လူတိုင်းကို 00:05:22.586 --> 00:05:25.077 ဖက်စုံမှ စောင့်ကြည့်နေမှာပါ။ 00:05:25.439 --> 00:05:27.498 လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းထဲမှာ 00:05:27.522 --> 00:05:29.926 ဒါဟာ ကျုပ်တို့အတွက် ထိတ်လန့်စရာကြီးပါ။ 00:05:30.007 --> 00:05:33.557 ဆယ်စုနှစ် အတော်ကြာ ကျုပ်တို့ ကြည့်ခဲ့ကြတဲ့ ပုလိပ်ရုပ်ရှင်များထဲမှာ 00:05:33.841 --> 00:05:36.063 မျက်နှာကို စောင့်ကြည့်ရေးလို နည်းပညာတွေက 00:05:36.087 --> 00:05:39.827 အများပြည်သူ ကောင်းကျိုးအတွက်ပါလို့ အယူအဆကို တင်ပြဖို့ ကြိုးစားခဲ့ကြတယ်။ 00:05:40.269 --> 00:05:42.809 ဒါပေမဲ့ လက်တွေ့ဘဝဟာ ပုလိပ် ဇာတ်လမ်းမျိုး မဟုတ်ဘူး။ 00:05:44.149 --> 00:05:46.117 လူဆိုးတွေက အမြဲတမ်း အဲဒီလို မလုပ်ကြဘူး၊ 00:05:46.141 --> 00:05:49.410 ပိုလိပ်တွေဟာ လူကောင်းတွေပါလို့ သေချာပေါက် ပြောမရပါဘူး၊ 00:05:49.434 --> 00:05:52.034 ပြီးတော့ နည်းပညာကလည်း အမြဲတမ်း အလုပ်မဖြစ်ပါဘူး။ 00:05:52.192 --> 00:05:54.498 Steve Talley ရဲ့ အမှုကို ယူကြည့်နိုင်ပါတယ်၊ 00:05:54.522 --> 00:05:57.014 Colorado မှ ဘဏ္ဍာရေး ဆန်းစစ်သူပါ။ 00:05:57.038 --> 00:06:00.943 ၂၀၁၅ ခုနှစ်တွင် မျက်နှာ သိမှတ်ရေး စနစ်တစ်ခုရဲ့ အမှားကြောင့် 00:06:00.967 --> 00:06:04.255 Talley ကို ဘဏ်လုယက်မှုဖြင့် ဖမ်းခဲ့ကြပါတယ်။ 00:06:04.255 --> 00:06:06.058 Talley ဟာ မရမရ တိုက်ပွဲဝင်ခဲ့လို့ 00:06:06.058 --> 00:06:08.918 နောက်ဆုံးမှာ ဒီစွဲချက်တွေ မဟုတ်မှန်ကြောင်း ထုချေနိုင်ခဲ့တယ်၊ 00:06:08.918 --> 00:06:11.032 ဒါပေမဲ့ အစိုးရကနဲ့ အမှုကို ရင်ဆိုင်နေရစဉ် 00:06:11.056 --> 00:06:14.567 သူဟာ သူ့အိမ်၊ သူ့အလုပ်နဲ့ ကလေးတွေကို ဆုံးရှုံးခဲ့ရပါတယ်။ 00:06:14.699 --> 00:06:17.316 Steve Talley ရဲ့ အဖြစ်က နည်းပညာ ချွတ်ယွင်းသွားရင် 00:06:17.642 --> 00:06:20.143 ဘာတွေ ဖြစ်လာနိုင်ကြောင်း သာဓကကောင်းပါ။ 00:06:21.219 --> 00:06:25.467 တကယ်တော့ မျက်နှာကို စောင့်ကြည့်မှုက သူတို့ ကြော်ငြာတာကို ကြောက်စရာပါ။ 00:06:25.685 --> 00:06:28.503 ခင်ဗျားတို့ စဉ်းစားကြည့်ဖို့၊ အစိုးရအေဂျင်စီ အနေနဲ့ 00:06:29.057 --> 00:06:32.160 Alcoholics Anonymous meeting ပြုလုပ်တဲ့ အဆောက်အအုံ အနီးမှာ 00:06:32.184 --> 00:06:36.128 စောင့်ကြည့်ရေး ကင်မရာကို ထားရှိချင်မှာ သိပ်ကို သေချာတယ်။ 00:06:36.404 --> 00:06:37.926 သူတို့ဟာ အဲဒီကင်မရာကို 00:06:38.270 --> 00:06:41.392 မျက်နှာ စောင့်ကြည့်ရေးစနစ်နဲ့ ဒေတာဘေ့စ်နဲ့ ဆက်သွယ်ပေးလိုက်ပြီး 00:06:41.416 --> 00:06:43.343 ခလုတ်နှိပ်လိုက်တာနဲ့ အရက်စွဲမှုအတွက် 00:06:43.367 --> 00:06:46.587 ကုသမှုခံယူလိုကြတဲ့ လူတိုင်းရဲ့ မှတ်တမ်းကို ရယူနိုင်မှာပါ။ 00:06:47.254 --> 00:06:49.561 ပြီးတော့ အစိုးရအဖွဲ့အစည်း တစ်ခုခုက 00:06:49.805 --> 00:06:52.434 အဲဒီနည်းပညာကို အသုံးပြုပြီး အမျိုးသမီး လူထုချီတက်ပွဲထဲ 00:06:52.598 --> 00:06:55.429 ပါဝင်ခဲ့သူတွေ ဒါမှမဟုတ် Black Lives Matter ကန့်ကွက်ပွဲထဲ 00:06:55.593 --> 00:06:58.216 ပါဝင်သူတွေကို အလွယ်တကူ အလိုအလျောက် ဖေါ်ထုတ်နိုင်မှာပါ။ 00:06:59.163 --> 00:07:03.044 နည်းပညာစက်မှုလုပ်ငန်း ကိုယ်၌ကိုက ဒီပြဿနာရဲ့ လေးနက်မှုကို နားလည်ကြတယ်။ 00:07:03.910 --> 00:07:08.300 Microsoft ဥက္ကဌ Brad Smith ကတောင် စွက်ဖက်ပေးရန် ကွန်ဂရက်အား ပန်ကြားခဲ့ရတယ်။ 00:07:09.188 --> 00:07:10.570 Google ဘက်မှနေပြီးတော့ 00:07:10.594 --> 00:07:14.196 လူသားနဲ့ လူ့ရပိုင်ခွင့်များဆိုင်ရာ စိုးရိမ်စရာတွေ ရှိနေလို့ 00:07:14.220 --> 00:07:17.767 မျက်နှာ စောင့်ကြည့်ရေး ထုတ်ကုန်ကို တင်ပို့ပေးရန် ငြင်းကွယ်ခဲ့ပါတယ်။ 00:07:18.514 --> 00:07:20.114 အဲဒါတွေဟာ ကောင်းတဲ့ အချက်တွေပါ။ 00:07:20.240 --> 00:07:22.381 ဘာဖြစ်လို့လဲ ဆိုတော့ နောက်ဆုံးကျရင်၊ 00:07:22.475 --> 00:07:25.976 ကျုပ်တို့ရဲ့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို ကာကွယ်ပေးရေးဟာ 00:07:26.000 --> 00:07:28.127 ကော်ပိုရိတ် အကျိုးအမြတ်ထက် ပိုအရေးကြီးလို့ပါ။ 00:07:28.608 --> 00:07:31.420 ACLU မှနေပြီး တစ်မျိုးသားလုံး လှုံဆော်ပွဲကြီးအဖြစ် 00:07:31.444 --> 00:07:33.372 အန္တရာယ်များတဲ့ အဲဒီနည်းပညာ လက်ခံမှုကို 00:07:33.396 --> 00:07:35.727 အစိုးရအား ဘရိတ်အုပ်ပေးရန် ဆော်သြော်ခဲ့ခြင်းက 00:07:35.751 --> 00:07:39.180 ပြည်သူလူထု အကြားမှာ ခိုင်လုံတဲ့ မေးခွန်းတွေ ထုတ်လာစေခဲ့ပါတယ်။ 00:07:39.327 --> 00:07:42.993 ဒီနည်းပညာကို အန္တရာယ်ဖြစ်လာစေတဲ့ အဓိကအချက်က ဘာလဲ။ 00:07:43.211 --> 00:07:46.028 အဲဒါကို ကျုပ်တို့ ဘာဖြစ်လို့ ညှိနှိုင်း မရနိုင်တာလဲ။ 00:07:46.052 --> 00:07:48.220 အခုလို သတိပေး တပ်လှန့်နေရတာ ဘာကြောင့်လဲ။ 00:07:49.236 --> 00:07:53.648 မျက်နှာကို စောင့်ကြည့်မှုက အန္တရာယ်ဖြစ်လာ ရတာ ထူးခြားတဲ့ အကြောင်းရင်း နှစ်ခု ရှိတယ်။ 00:07:54.133 --> 00:07:57.307 တစ်ခုက နည်းပညာကိုယ်၌ရဲ့ သဘာဝပါ။ 00:07:57.331 --> 00:07:59.603 ဒုတိယက ကျုပ်တို့ရဲ့ စနစ်ထဲမှာ 00:07:59.627 --> 00:08:03.577 အဲဒါကို အစိုးရကနေပြီး အလွဲသုံးစား မလုပ်စေရကြောင်း 00:08:03.577 --> 00:08:05.467 အာမခံပေးနိုင်မယ့် စောင့်ကြပ်ရေးနဲ့ 00:08:05.491 --> 00:08:09.093 တာဝန်ခံယူရေး ယန္တရားတွေ အခြေခံအရကို မရှိကြလို့ပါ။ 00:08:10.562 --> 00:08:15.474 ပထမအချက်အနေနဲ့၊ မျက်နှာ စောင့်ကြည့်မှုက အရင်တုန်းက မရှိခဲ့ဖူးတဲ့ 00:08:15.498 --> 00:08:17.695 ဘာမှမကျန်အားလုံးကို စောင့်ကြည့်မှု ပုံစံပါ။ 00:08:18.006 --> 00:08:21.966 လူတိုင်းရဲ့ သူငယ်ချင်းအိမ် သွားလည်တာ၊ 00:08:21.990 --> 00:08:23.553 အစိုးရရုံး တစ်ခု၊ 00:08:23.577 --> 00:08:25.654 ဝတ်ပြုတဲ့ နေရာ၊ 00:08:25.654 --> 00:08:27.101 ကြိုစီစဉ်ထားတဲ့ မိဘတွေ့ဆုံပွဲ၊ 00:08:27.125 --> 00:08:28.625 ဆေးခြောက်ဆိုင်၊ 00:08:28.649 --> 00:08:30.436 ဝစ်လစ်စားလစ် ဖျော်ဖြေပွဲကို သွားမှု၊ 00:08:30.958 --> 00:08:35.275 အများပြည်သူ အကြား လူတိုင်း လှုပ်ရှားပုံ၊ အပြုအမူ နဲ့ အသင်းအဖွဲ့ထဲ ပါဝင်မှုကို 00:08:35.299 --> 00:08:36.934 မှတ်တမ်းတင်ပြီး စာရင်း လုပ်ထားမယ်၊ 00:08:36.958 --> 00:08:39.323 တစ်ရက်တစ်လေအတွက် မဟုတ်ဘဲ၊ နေ့စဉ်နေ့တိုင်း၊ 00:08:39.347 --> 00:08:41.922 ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ပြုလုပ်နိုင်မှာပါ။ 00:08:42.276 --> 00:08:44.828 အဲဒီလို လူတွေအားလုံးကို စောင့်ကြည့်မှုဟာ 00:08:44.828 --> 00:08:48.474 အခြေခံမူအရကိုက လွတ်လပ်တဲ့ လူ့အဖွဲ့ အစည်းထဲ နေထိုင်မှုကို ခြိမ်းခြောက်မှုပါ။ 00:08:48.498 --> 00:08:51.871 ကျုပ်တို့ရဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့ထဲ ပါဝင်ခွင့်၊ 00:08:51.871 --> 00:08:52.870 ဘာသာရေးလွတ်လပ်ခွင့်၊ 00:08:52.870 --> 00:08:54.313 စာနယ်ဇင်း လွတ်လပ်ခွင့်၊ 00:08:54.313 --> 00:08:55.947 ကျုပ်တို့ရဲ့ ကိုယ်ရေး လုံခြုံမှု၊ 00:08:55.947 --> 00:08:58.235 ဒါမှမဟုတ် တစ်ယောက်တည်း အထီးကျန်လျက် နေခွင့်တွေပါ။ 00:08:58.235 --> 00:08:59.445 ခင်ဗျားတို့က 00:08:59.445 --> 00:09:03.410 "အလကားပါ၊ အစိုးရက ကျုပ်တို့ကို ထောက်လှမ်း နိုင်တဲ့ နည်းတွေအများကြီးပါ။" ထင်နိုင်တယ်။ 00:09:03.410 --> 00:09:04.507 အဲဒါ မှန်ပါတယ်။ 00:09:04.531 --> 00:09:07.588 အစိုးရက ကျုပ်တို့ရဲ့ ဆဲလ်ဖုန်းများမှ တစ်ဆင့် ​ခြေရာခံနိုင်ပါတယ်၊ 00:09:07.588 --> 00:09:10.040 ဒါပေမဲ့ ကျုပ်တို့ ကိုယ်ဝန်ဖျက်ချဖို့ လိုတယ်၊ 00:09:10.040 --> 00:09:12.450 ဒါမှမဟုတ် နိုင်ငံရေးအစည်းအဝေးကို တက်ချင်တယ်၊ 00:09:12.474 --> 00:09:16.752 ဒါမှမဟုတ် နေမကောင်းဘူးလို့ ဖုန်းဆက်လိုက်ကာ ကစားချင်တယ်၊ ဆိပ်ကမ်းဆီ သွားချင်ရင်... 00:09:16.776 --> 00:09:18.117 (ရယ်သံများ) 00:09:18.141 --> 00:09:20.654 ကျုပ် ဖုန်းကို အိမ်မှာ ချန်ထားနိုင်ခဲ့ပါတယ်။ 00:09:21.101 --> 00:09:23.355 ကျနော်ဟာ ကိုယ့်မျက်နှာကို အိမ်မှာ ထားမရနိုင်ဘူး။ 00:09:23.465 --> 00:09:26.864 အဲဒီအချက်က ဒုတိယ အဓိက စိုးရိမ်ချက်ဆီကို ခေါ်ဆောင်လာပါတယ်- 00:09:27.728 --> 00:09:31.055 ကျုပ်တို့ဟာ ဒီနည်းပညာကို အနှစ်သာရပါပါ ဘယ်လို ညှိနှိုင်းပေးနိုင်ကြမလဲ။ 00:09:31.055 --> 00:09:34.769 ဒီနေ့တွင် လွန်ခဲ့တဲ့ အပတ်တုန်းက ကျနော် ဘယ်မှာ ရှိခဲ့သလို သိချင်ရင်၊ 00:09:36.053 --> 00:09:40.577 သူတို့ဟာ အတိတ်ဆီ သွားနိုင်တဲ့ စက်ဖြင့် ကျနော့်ကို လိုက်ရှာ မကြည့်နိုင်ကြဘူး။ 00:09:40.625 --> 00:09:43.361 ပြီးတော့ ဒေသခံ ပုလိပ်တွေ ဆိုပါစို့၊ 00:09:43.625 --> 00:09:46.918 ခြေရာခံ သိမ်းဆည်းပေးတဲ့ ဗဟိုစနစ် မရှိပါဘူး၊ 00:09:46.918 --> 00:09:50.034 တစ်နေ့နေ့တွင် လိုအပ်လာခဲ့ရင် သုံးနိုင်ဖို့ လူတိုင်းရဲ့ 00:09:50.038 --> 00:09:53.615 သွားလာလှုပ်ရှားမှုတွေကို စာရင်းနဲ့ မှတ်ထားတာမျိုး သူတို့ဆီမှာ မရှိပါဘူး။ 00:09:53.615 --> 00:09:57.145 ဒီနေ့တွင် အစိုးရက လွန်ခဲ့တဲ့ အပတ်တုန်းက ကျနော် ဘယ်မှာ ရှိခဲ့သလို သိချင်ရင်၊ 00:09:57.145 --> 00:09:59.240 လွန်ခဲ့တဲ့ တစ်ပတ်၊ တစ်နှစ်တုန်းက ဆိုပါစို့၊ 00:09:59.240 --> 00:10:01.600 သူတို့ဟာ တရားရုံးကို သွားပြီး ဝရမ်းယူရပါမယ်၊ 00:10:01.702 --> 00:10:04.212 ပြီးရင် အဲဒီ၀ရမ်းကို ကျုပ်ရဲ့ ဖုန်းကုမ္ပဏီကို ပြရမယ်၊ 00:10:04.236 --> 00:10:07.848 တကယ်တော့၊ ကျုပ်ကုမ္ပဏီဟာ ငွေရေးကြေးရေး ကြောင့် ကျနော့ကို ကာကွယပေးရမယ့်သူပါ။ 00:10:08.067 --> 00:10:10.654 ဒါပေမဲ့ မျက်နှာ စောင့်ကြည့်ရေး စနစ်နဲ့ ကျတော့၊ 00:10:10.678 --> 00:10:12.733 အဲဒီလို ကန့်သတ်ချက်တွေ မရှိတော့ဘူး။ 00:10:13.226 --> 00:10:17.846 ပြီးတော့ အဲဒီနည်းပညာကို အစိုးရကိုယ်၌က ရာနှုန်းပြည့် ချုပ်ကိုင်ထားတယ်။ 00:10:19.363 --> 00:10:23.330 ဒီတော့ ဒီလိုအခြေအနေထဲမှာ ၀ရမ်းဆိုတာ လိုအပ်ဦးမလား။ 00:10:23.330 --> 00:10:25.330 အစိုးရ ဟာ တရားရုံးကို သွားပြီး 00:10:25.371 --> 00:10:26.537 ဝရမ်းကို ရယူပြီး 00:10:26.591 --> 00:10:28.606 အဲဒီ ဝရမ်းကို ကိုယ့်ကိုကိုယ် ပြမှာလား။ 00:10:28.606 --> 00:10:32.125 အဲဒါက၊ ဘာနဲ့တူလဲ ဆိုတော့၊ ကျနော်က ခင်ဗျားကို ကျုပ်ရဲ့ ဒိုင်ယာရီကို ပေးရင်း၊ 00:10:32.149 --> 00:10:34.744 "မင်းဒါကို ထာဝရ သိမ်းထားနိုင်တယ်၊ 00:10:34.768 --> 00:10:37.696 ဒါပေမဲ့ ငါ့ခွင့်မပြုရင် အဲဒါ မဖတ်ရဘူး။" ပြောတာနဲ့ တူပါမယ်။ 00:10:38.102 --> 00:10:40.022 ဒီတော့ ကျုပ်တို့ ဘာလုပ်နိုင်ကြလဲ။ 00:10:40.351 --> 00:10:43.353 အစိုးရကနေပြီး မျက်နှာကို စောင့်ကြည့်မှုကို သုံးလာမယ့် 00:10:43.377 --> 00:10:46.808 ခြိမ်းခြောက်မှု အတွက် တစ်ခုတည်းသောအဖြေက 00:10:46.832 --> 00:10:51.030 ပြည်သူတို့ရဲ့ ယုံကြည်မှုကို ချိုးဖောက်မယ့် လုပ်ပိုင်ခွင့်ကို အစိုးရအား ငြင်းပယ်ရန်ပါ၊ 00:10:51.030 --> 00:10:53.878 အိမ်တိုင်းမှာ စောင့်ကြည့်ရေး ကွန်ရက် ဆောက်လုပ်ပိုင်ခွင့်ကို 00:10:53.902 --> 00:10:57.137 ငြင်းပယ်လိုက်ရန် ဖြစ်ပါတယ်။ 00:10:57.711 --> 00:10:59.719 ကျုပ်တို့ လုပ်နေတာ အဲဒီလို အတိအကျပါပဲ။ 00:11:00.567 --> 00:11:03.836 ACLU ဟာ အန္တရာယ်များတဲ့ ဒီနည်းပညာကို အစိုးရမှ အသုံးပြုမှုကို 00:11:03.836 --> 00:11:07.176 ဘရိတ်အုပ်ပေးရန် တနိုင်ငံလုံးမှာ လှုံ့ဆော် ဆင်နွဲမှု တစ်စိတ်တစ်ပိုင်းပါ။ 00:11:07.176 --> 00:11:09.583 ကျုပ်တို့ အောင်မြင်ခဲ့တဲ့ ကိစ္စတွေ ရှိပါတယ်၊ 00:11:09.607 --> 00:11:12.341 San Francisco မှ Somerville၊ Massachusetts အထိ 00:11:12.341 --> 00:11:14.632 ကျုပ်တို့ဟာ မြူနီစပယ်မှနေပြီး 00:11:14.632 --> 00:11:17.142 အဲဒီနည်းပညာ အစိုးရမှ သုံးမှာကို တားမြစ်နိုင်ခဲ့ကြပြီ။ 00:11:17.166 --> 00:11:19.714 ပြီးတော့ ဒီ Massachusetts အသိုင်းအဝိုင်းများနဲ့ 00:11:19.738 --> 00:11:20.927 နိုင်ငံ့တဝမ်းမှာလည်း 00:11:20.951 --> 00:11:22.986 အလားတူ တားဆီးရေးကို ဆွေးနွေးနေကြပါပြီ။ 00:11:22.986 --> 00:11:26.220 ဒီလှုပ်ရှားမှုဟာ မအောင်မြင်နိုင်ဘူးလို့ ပြောသူတွေ ရှိပါတယ်။ 00:11:26.220 --> 00:11:28.256 တကယ်တော့ အဲဒီလို ထင်မြင် ပြောဆိုနေကြတာက၊ 00:11:28.280 --> 00:11:30.355 အဲဒီ နည်းပညာတွေ ရှိနေကြပြီ၊ 00:11:30.379 --> 00:11:33.466 အစိုးရဟာ အဲဒါတွေကို အခြေအနေမျိုးစုံထဲမှာ 00:11:33.490 --> 00:11:35.934 အသုံးပြုသွားမှာပါ။ 00:11:37.030 --> 00:11:39.603 ကိုယ်ရေး လုံခြုံမှု ချုပ်ငြိမ်းသွားပြီးပေါ့။ 00:11:40.388 --> 00:11:41.854 အဲဒီလို ပြောဆိုနေကြပါတယ်။ 00:11:42.290 --> 00:11:45.340 ဒါပေမဲ့၊ ကျနော်ကတော့ အဲဒီလို ပြောဆိုမှုကို လက်မခံပါဘူး။ 00:11:45.364 --> 00:11:47.380 ခင်ဗျားတို့လည်း လက်မခံသင့်ပါဘူး။ 00:11:48.214 --> 00:11:52.007 ဒီနေ့ ၂၁ ရာစုထဲတွင် ကျုပ်တို့ရဲ့ လွတ်လပ်မှု ဘောင်တွေကို 00:11:52.031 --> 00:11:56.190 Jeff Bezos ဒါမှမဟုတ် FBI မှ ဆုံးဖြတ် ပေးမှာကို ကျုပ်တို့ ခွင့်မပြုနိုင်ပါဘူး။ 00:11:56.190 --> 00:11:58.969 ကျုပ်တို့ဟာ ဒီမိုကရေစီစနစ်ထဲ နေထိုင်ရိုး မှန်ပါက၊ 00:11:59.266 --> 00:12:01.585 ကျုပ်တို့ဟာ ယာဉ်မောင်းရဲ့ နေရာမှာ ထိုင်နေကြရင်၊ 00:12:01.609 --> 00:12:04.129 ကျုပ်တို့ရဲ့ စုပေါင်း အနာဂတ်ကို ပုံသွင်းပေးကြရမှာပါ။ 00:12:04.264 --> 00:12:06.375 ကျုပ်တို့ အခုဆို လမ်းခွကို ရောက်ရှိနေကြတာပါ။ 00:12:06.375 --> 00:12:09.308 ကျုပ်တို့ဟာ ပုံမှန်အတိုင်း လုပ်ငန်းတွေကို ဆက်လုပ်ကိုင်ကြရင်း၊ 00:12:09.847 --> 00:12:13.854 အဲဒီလို နည်းပညာတွေကို မစစ်ဆေးဘဲ ကျုပ်တို့ ရပ်ရွာ၊ လမ်းမှာ၊ ကျုပ်တို့ရဲ ကျောင်းတွေမှာ 00:12:13.878 --> 00:12:17.195 လက်ခံ တပ်ဆင်ခွင့် ပြုနိုင်ကြတယ်၊ 00:12:17.219 --> 00:12:22.108 ဒါမှမဟုတ်ဘဲ ဒီနေ့တွင် ရဲဝံ့တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီး 00:12:22.132 --> 00:12:25.585 မျက်နှာကို စောင့်ကြည့်ရေး စနစ်ကို အစိုးရမှ မသုံးနိုင်အောင် ရပ်တန့်ပစ်လျက် 00:12:25.585 --> 00:12:28.490 ကျုပ်တို့ရဲ့ ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ဖို့ အားထုတ်ကြရမယ်။ 00:12:28.490 --> 00:12:30.997 ကျုပ်တို့ အားလုံးအတွက် ပိုမို လုံခြုံပြီး လွတ်လပ်မယ့် 00:12:30.997 --> 00:12:32.568 အနာဂတ်ကို တည်ဆောက်နိုင်ကြပါတယ်။ 00:12:32.592 --> 00:12:33.743 ကျေးဇူးတင်ပါတယ်။ 00:12:33.767 --> 00:12:36.194 (လက်ခုပ်သံများနှင့် ချီးကျူးသံများ)