< Return to Video

စာရေးသားမှုကို တီထွင်ခဲ့တာ ဘယ်သူလဲ။- မက်သယူး ၀င်ကလား

  • 0:14 - 0:16
    စာရေးမှုကို ဘယ်သူက တီထွင်ခဲ့တာလဲ။
  • 0:16 - 0:19
    လူသားတို့ဟာ တစ်ယောက်နဲ့တစ်ယောက် စကားပြောလာခဲ့ကြတာဟာ
  • 0:19 - 0:21
    နှစ်ပေါင်း ထောင်သောင်းနဲ့ချီ ကြာလာခဲ့ပြီနဲ့ တူပါတယ်
  • 0:21 - 0:23
    ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စကားလုံးတွေကို စာအဖြစ် ရေးလာကြတာ
  • 0:23 - 0:25
    နှစ်ပေါင်း ၅၀၀၀ ခန့်မျှသာ ရှိပါသေးတယ်။
  • 0:25 - 0:27
    အဲဒီ မတိုင်ခင်တုန်းက၊ ကျွန်တော်တို့ဟာ မှတ်သားလိုတာကို
  • 0:27 - 0:29
    ပုံများ နဲ့ ဇယားပုံများကို သုံးပြီး
  • 0:29 - 0:30
    မြေအိုးများ သို့မဟုတ် ဂူနံရံများ ပေါ်မှာ
  • 0:30 - 0:32
    ဒါမှမဟုတ် အဝတ်စများထဲမှာ ထည့်သွင်းရက်လုပ်ခဲ့ကြပါတယ်။
  • 0:32 - 0:36
    အဲဒီလို အနုပညာ လှုံ့ဆော်မှုများက အရေးအသားဆီကို ဦးတည်ခဲ့တဲ့ လမ်းစပါပဲ။
  • 0:36 - 0:38
    အခု ကျွန်တော်တို့က အင်္ဂလိပ်စာကို ရေးရာတွင် သုံးကြတဲ့ စာစနစ်ဟာ
  • 0:38 - 0:40
    တကယ်ကျတော့ စူမေရီယန် (Sumerian)ယဉ်ကျေးမှုထဲ
  • 0:40 - 0:45
    ဘီစီ ၄၅၀၀ နှင့် ဘီစီ ၁၇၅၀ အကြားမှာ စတင်ခဲ့ခြင်း ဖြစ်ကာ
  • 0:45 - 0:49
    ဒီနေ့ ကျွန်တော်တို့က အီရတ် နှင့် ဆီးရီးယား နိုင်ငံများအဖြစ် သိကြတဲ့ မီဆိုပိုတေးမီယား နေရာမှာပါ။
  • 0:49 - 0:51
    စူမီးရီယန် လူမျိုးတို့ဟာ သူတို့ရဲ့ ရောင်းဝယ်မှုကိစ္စတွေကို
  • 0:51 - 0:56
    ရွှံ့နဲ့ လုပ်ထားတဲ့ ဆိတ်၊ မြည်း နှင့် နွားတွေရဲ့

    ပန်းပုပုံသေးသေးလေးတွေကို သုံးပြီး မှတ်သားခဲ့ကြပါတယ်။
  • 0:56 - 0:58
    အဲဒီနောက်မှာ ရွှံ့ပြားတွေပေါ်မှာ ပြားချပ်နေတဲ့ ဇယားပုံစံမျိုးနဲ့ ရေးမှတ်ရင်
  • 0:58 - 1:00
    ပို့လို့တောင် အဆင်ပြေတာကို သူတို့ တွေ့လာကြပါတယ်။
  • 1:00 - 1:04
    ဥပမာ၊ ဒီ သင်္ကေတဟာ "တောင်များ" ကိုဆိုလိုပါတယ်၊
  • 1:04 - 1:06
    ဟောဒါကျတော့ "ဦးခေါင်း" ပါ။
  • 1:06 - 1:08
    ဦးခေါင်းထဲက ပါးစပ်ရဲ့ နေရာကို အထူးအလေးပေး ဖေါ်ပြထားလို့
  • 1:08 - 1:10
    "ပါးစပ်"ကိုဆိုလိုမှန်းထင်ရှားပါတယ်။
  • 1:10 - 1:13
    ပါးစပ်ကို ရေနဲ့ ပေါင်းပေးလိုက်တော့ "သောက်တယ်" ဖြစ်လာပါတယ်၊
  • 1:13 - 1:16
    ပါးစပ်ကို ပေါင်မုန့်နဲ့ ပေါင်းပေးလိုက်တော့ "စားတယ်" သဘော ဖြစ်လာပါတယ်။
  • 1:16 - 1:17
    အဲဒီနောက်မှာ နွားရဲ့ သင်္ကေတကို ထည့်ပေးလိုက်တော့
  • 1:17 - 1:19
    "နွားကိုစားတယ်" ဖြစ်လာပါတယ်။
  • 1:19 - 1:21
    ကြည့်ကြပါ ဒါဟာ စာရေးခြင်း တီထွင်မှုပါပဲ။
  • 1:21 - 1:22
    ဒါပေမဲ့ စကားလုံး တချို့ရဲ့ အဓိပ္ပါယ်တွေကို
  • 1:22 - 1:25
    ခုနက သင်္ကေတတွေနဲ့ ဖေါ်ပြဖို့ ခဲယဉ်းခဲ့ပါတယ်။
  • 1:25 - 1:28
    "တောင်တွေ အကြားက နွား"ကို ကျွန်တော်တို့ဘယ်လိုလုပ် ရေးဆွဲကြမလဲ။
  • 1:28 - 1:30
    ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဆိုလိုချင်တာကို ပုံဆွဲလိုက်ခြင်းဟာ
  • 1:30 - 1:33
    အနုပညာ ဖြစ်ပြီး စာရေးမှု မဟုတ်နိုင်တာကို မှတ်ထားပါဦး
  • 1:33 - 1:34
    စာရေးသားမှုပါလို့ ပြောနိုင်ဖို့အတွက် ဆိုရင်
  • 1:34 - 1:37
    သင်္ကေတ တစ်ခုဟာ စကားလုံးတစ်လုံးကို ကိုယ်စားပြုရန် လိုပါတယ်။
  • 1:37 - 1:40
    ခင်ဗျားတို့ ဒါကို ဖတ်ကြည့်နိုင်ကြပါသလား။
  • 1:40 - 1:43
    အဲဒါဟာ ဝီလျံ ရှိတ်စပီယားရဲ့ နာမည်ကြီး ဟမ်လက် ဆိုတဲ့ လက်ရာထဲက စာသားပါ။
  • 1:43 - 1:46
    "လုပ်သင့် မလုပ်သင့်" ဆိုတဲ့ စာကြောင်းလေ။
  • 1:46 - 1:49
    အဲဒီပြဿနာကိုလည်း စူမီးရီယန် လူမျိုးတွေ ဖြေရှင်းခဲ့ကြပုံက ဒီလိုပါ။
  • 1:49 - 1:52
    နွား အပေါင်း ရေ အပေါင်း တောင် ( နွား + ရေ + တောင်) တဲ့ဗျ
  • 1:52 - 1:55
    ဒါနဲ့ ဒီနေရာမှာ ရေ က ဘယ်လိုလုပ် ပါလာရတာလဲလို့စောဒကတက်စရာ ရှိနိုင်ပါတယ်။
  • 1:55 - 1:57
    ဖြစ်ချင်တော့၊ စူမီးရီယန် လူမျိုးတွေရဲ့ ရေဆိုတဲ့ စကားလုံးဟာ
  • 1:57 - 2:00
    သူတို့ဘာသာစကားအရ "အကြား" ဆိုတာနဲ့ အသံထွက်ပုံဆင်တူခဲ့ပါတယ်၊
  • 2:00 - 2:03
    အဲဒါကြောင့်မို့လို့ " တောင်များ အကြားက နွား" ဖြစ်လာတာပါ။
  • 2:03 - 2:06
    ဘာသာဗေဒ ပညာရှင်တွေက ဒါကို ပဟေဠိ ပုံစံ ရေးသားမှုလို့ ခေါ်ပါတယ်။
  • 2:06 - 2:08
    ဒီတော့ အခုမြင်နိုင်ကြသလို စူမီးရီယန်တို့ဟာ
  • 2:08 - 2:10
    လိုချင်တဲ့ အဓိပ္ပါယ်တွေကို
    သင်္ကေတများမှတစ်ဆင့် ဘယ်လို ရေးမလဲ
  • 2:10 - 2:12
    ပြီးတော့ အသံတချို့ကို ဘယ်လို ဖေါ်ပြပေးမလဲ ဆိုတာကို သိရှိခဲ့ကြလို့
  • 2:12 - 2:15
    စူမီးရီယန် တို့ဟာ သူတို့ရဲ့ အရေးအသား ဝေါဟာရများကို တိုးချဲ့နိုင်ခဲ့ကြပါတယ်။
  • 2:15 - 2:17
    တဖြည်းဖြည်းနဲ့ အသံအတွက် သင်္ကေတများကို
  • 2:17 - 2:18
    ပိုပြီး မကြာခဏ သုံးလာကြကာ
  • 2:18 - 2:20
    အဓိပ္ပါယ်များအတွက်
    သင်္ကေတတွေကိုကျတော့ အသုံး နည်းနည်းလာခဲ့ပါတယ်။
  • 2:20 - 2:22
    စာရေးစနစ်ဟာ ကျစ်လစ်သိပ်သည်းလာကာ
  • 2:22 - 2:24
    အသံထွက်လို့ရတဲ့ အက္ခရာစဉ် သဘောကို ဆောင်လာပါတယ်၊
  • 2:24 - 2:26
    ကျွန်တော်တို့က ကျူနီဖောင်းစာ လို့ခေါ်ကြတဲ့ဟာပါပဲ။
  • 2:26 - 2:29
    အကာဒီယန် နဲ့ ဆီးရီးယားတို့လို ယဉ်ကျေးမှု တော်တော်များများကလည်း
  • 2:29 - 2:31
    အဲဒီ စူမီးရီယန် တီထွင်မှုကို အခြေခံပြီး
  • 2:31 - 2:33
    သူတို့ရဲ့ ကိုယ်ပိုင် စာရေးစနစ်တွေကို တီထွင်လာခဲ့ကြပါတယ်။
  • 2:33 - 2:34
    "Epic of Gilgamesh" နဲ့
  • 2:34 - 2:35
    "Code of Hammurabi" ဆိုတဲ့ ရှေးစာအုပ်တွေကို
  • 2:35 - 2:38
    ခုနက ကျူနီဖောင်းစာမျိုးတွေနဲ့ ရေးထားတာပါ။
  • 2:38 - 2:39
    အဲဒီ စာရေးသားနည်းက ပျံ့နှံ့လာတာနဲ့ အမျှ
  • 2:39 - 2:41
    အဲဒီ သင်္ကေတတွေဟာ ဂရိကို ရောက်လာကြပါတယ်
  • 2:41 - 2:45
    အဲဒီလိုနည်းဖြင့် ကမ္ဘာပေါ်က အသုံးအများဆုံး အက္ခရာများ ဖြစ်လာခဲ့ကြပါတယ်။
  • 2:45 - 2:47
    ဒါပေမဲ့ စူမီးရီယားဟာ ကမ္ဘာကြီးပေါ်မှာ
  • 2:47 - 2:48
    စာရေးသားမှု တီထွင်နိုင်ခဲ့တဲ့ တစ်ခုတည်းသော ဒေသ မဟုတ်ခဲ့ပါဘူးခင်ဗျာ
  • 2:48 - 2:50
    ရှေးခေတ် အီဂျစ်လူမျိုးတွေကလည်း သူတို့ရဲ့ အရုပ်စာကို ပြီးတော့ အက္ခရာပေါင်းစပ် ရေးနည်းစနစ်ကို.
  • 2:50 - 2:54
    ခုနက ပြောခဲ့တဲ့ ဘီစီ 3500 ဝန်းကျင်မှာပဲ တီထွင်ခဲ့ကြပါတယ်။
  • 2:54 - 2:57
    အဲဒါ့အပြင် တရုတ်နိုင်ငံထဲမှာလည်း ဘီစီ 1500 ခန့်မှာစာရေးသားမှုကို
  • 2:57 - 2:59
    သူတို့ဘာသာသူတို့ တီထွင်ခဲ့ကြသေးပါတယ်။
  • 2:59 - 3:02
    ၎င်းဟာ အဲဒီကနေပြီး အရှေ့တောင်အာရှဆီကို ပျံ့နှံ့သွားပါတယ်။
  • 3:02 - 3:05
    နောက်ဆုံး တစ်ခုကို ပြောရလျှင် အမေရိက အလယ်ပိုင်းမာယာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုကျတော့
  • 3:05 - 3:09
    သူတို့ရဲ့ ဒီဇိုင်းပုံစာတွေကို ထွင်းထုခဲ့ကြတာ အေဒီ 300 နှစ်ထဲ ဖြစ်ခဲ့ပါတယ်။
  • 3:09 - 3:12
    ဒီတော့ စာရေးမှုကို ဘယ်သူက တီထွင်ခဲ့တာလဲ ဆိုတဲ့ မေးခွန်း ဖြေရပါက
  • 3:12 - 3:13
    စူမီးရီယန် လူမျိုးတွေ၊
  • 3:13 - 3:14
    အီဂျစ်လူမျိုးတွေ၊
  • 3:14 - 3:15
    တရုတ်လူမျိုးတွေ၊
  • 3:15 - 3:17
    ပြီးတော့ မာယာ လူမျိုးများဆိုပြီး သေချာပေါက် ပြောနိုင်ပါတယ်။
  • 3:17 - 3:18
    တကယ့်တကယ်ကျတော့ ကျွန်တော်တို့ ကမ္ဘာကြီးပေါ်မှာ
  • 3:18 - 3:20
    ဒီနေ့ အသုံးပြုနေကြတဲ့ စာရေးစနစ် အားလုံးတို့ကို နောက်ကြောင်းခြေရာခံကြည့်မယ်ဆိုရင်
  • 3:20 - 3:23
    စူမီးရီယား သို့မဟုတ် တရုတ်နိုင်ငံကို ရောက်လာမှာပါ။
  • 3:23 - 3:26
    ကမ္ဘာကြီးရဲ့ အခြားဒေသများမှာပါ
  • 3:26 - 3:27
    စာရေးစနစ်ကို တီထွင်ခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။
  • 3:27 - 3:29
    အင်ဒူးစ် ချိုင့်ဝှမ်းဒေသမှာ ရှေးဟောင်း ကမ္မည်းထိုးထားတဲ့ စာတွေနဲ့
  • 3:29 - 3:32
    ရာပါ နူယီ (Rapa Nui) ယဉ်ကျေးမှုများကိုလည်း
    ရှာတွေ့ထားတာ ရှိပါတယ်
  • 3:32 - 3:34
    အခုထက်ထိ ဘယ်သူမှာမှ အဲဒါတွေကို အဓိပ္ပါယ် မဖွင့်နိုင်သေးပါဘူး
  • 3:34 - 3:36
    ခင်ဗျားတို့ထဲက တစ်ယောက်ယောက်ကများ စမ်းကြည့်ချင်သလား။
Title:
စာရေးသားမှုကို တီထွင်ခဲ့တာ ဘယ်သူလဲ။- မက်သယူး ၀င်ကလား
Description:

သင်ခန်းစာကို အပြည့်အစုံကို ကြည့်ချင်လျှင်: http://ed.ted.com/lessons/who-invented-writing-matthew-winkler

စကားပြောမှု စတင်ခဲ့ခြင်းဟာ စာရေးသားမှုထက်ကို နှစ်ပေါင်း ထောင်သောင်းချီ စောခဲ့ပါတယ်။ စာရေးသားမှုကို တီထွင်လိုက်တဲ့ နောက်ပိုင်း ဒီနေ့ ရှိနေကြသမျှ စာရေးသားမှု စနစ်အားလုံးတို့ကို နောက်ကြောင်း ခြေရာခံကြည့်မယ်ဆိုရင် စူမီးရီယန် နဲ့ တရုတ် ဆိုတဲ့ ယဉ်ကျေးမှု နှစ်ခုဆီကို ရောက်လာမှာပါ။ မက်သယူး ၀င်ကလားက စူမေရီယန်တို့ရဲ့ ကျူနီဖောင်းစာ ဆင့်ကဲ ပြောင်းလဲတိုးတက်လာပုံကို ဆန်းစစ်လျက် ပထမဦးဆုံးသော သင်္ကေတများကို ရေးခဲ့ကြခြင်း နှင့် အဓိပ္ပါယ်ကို ရေးဆွဲလာနိုင်ခြင်း အဆင့်နှစ်ခုရဲ့ ခြားနားချက်ကို ရှင်းပြထားပါတယ်။

မက်သယူး ၀င်ကလားရဲ့ သင်ခန်းစာကို TED-Ed မှ ရုပ်ရှင်အဖြစ် ဖန်တီးပေးခဲ့သည်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
03:52

Burmese subtitles

Revisions