Return to Video

အသက်ရှူသင့်ပုံ | Belisa Vranich | TEDxManhattanBeach

  • 0:12 - 0:14
    အသက်ကို နက်ရှိုင်းစွာ ရှူလိုက်ကြပါ။
  • 0:14 - 0:16
    ဟုတ်ကဲ့၊ အခုကို ရှူကြပါ။
  • 0:16 - 0:19
    ထိုင်ခုံနောက်ကျောကို မှီနေရာမှ
    ဆန့်ထွက်လိုက်ပါ။
  • 0:19 - 0:23
    ဖြောင့်မတ်စွာ ထိုင်နေရင်း
    တဝကြီး ရှူသွင်းကြပါ၊ အပြည့် ရှူသွင်းကြပါ။
  • 0:23 - 0:25
    အဲဒီနောက် မှုတ်ထုတ်လိုက်ကြပါ။
  • 0:25 - 0:29
    တချိန်လုံး နက်ရှိုင်းစွာ ရှူသွင်းလိုက်၊
    ပြီးတော့ မှုတ်ထုတ်နေကြပါ။
  • 0:29 - 0:32
    အသက်ကို ရှူသွင်းနေစဉ် နည်းနည်းလေး
    အရပ်ရှည်ထွက်လာသလို ခံစားမိကြလား။
  • 0:32 - 0:33
    ဟုတ်တယ် နော်။
  • 0:33 - 0:35
    အရပ်မြင့်လာပြီး ဆန့်ထွက်လာတာကို၊
  • 0:35 - 0:37
    မှုတ်ထုတ်ချိန်မှာ
    ပြန်ပြီး နိမ့်ကျသွားသလိုလဲ။
  • 0:37 - 0:39
    ကျွန်မ အဲဒါကို မြင်နိုင်ပါတယ်။
  • 0:39 - 0:43
    အဲဒီလို ခံစားရရင်၊ ရှင်တို့ဟာ
    "ဒေါင်လိုက် အသက်ရှူသူ"တွေပါ။
  • 0:43 - 0:49
    ဝမ်းနည်းစရာ ကောင်းတာက အဲဒါ ဇီဝဖွဲ့စည်းမှု
    အရ မဖြစ်သင့်တဲ့ အသက်ရှူမှုမျိုးပါ။
  • 0:49 - 0:52
    ရှင်တို့ဟာ ကိုယ့်ခန္ဓာကိုယ်နဲ့
    စည်းချက်မကိုက်ဘဲ အသက်ရှူနေကြတာပါ။
  • 0:52 - 0:56
    ဒါပေမဲ့ လူဆယ်ယောက်ထဲမှာ
    ကိုးယောက်က အဲဒီလို အသက်ရှူကြတာပါ။
  • 0:56 - 0:59
    အဲဒီလို ဒေါင်လိုက် အသက်ရှူတဲ့အခါ
    ဖြစ်ပျက်ပုံက ဒီလိုရှိပါတယ်။
  • 0:59 - 1:04
    ပထမဦးဆုံးက ရှင်တို့ရဲ့ လည်ပင်းနဲ့ ပခုံး
    ကြွက်သားတွေကို လွန်ကဲစွာ အသုံးပြုမှုပါ။
  • 1:04 - 1:08
    ရှင်တို့ရဲ့ လည်ပင်းနဲ့ ပခုံးကြွက်သားတွေဟာ
    အသက်ရှူရေး ကြွက်သားများ မဟုတ်ကြပါ။
  • 1:08 - 1:10
    အဲဒီလို လှုပ်ရှားမှုဟာ
    မသိမသာလေး ဖြစ်ပေမဲ့၊
  • 1:10 - 1:13
    ကျွန်ုပ်တို့ဟာ နေ့စဉ် အကြိမ်ထောင်ချီ
    လုပ်ကိုင်ကြရပါတယ်၊
  • 1:13 - 1:18
    တစ်နှစ်ကို အကြိမ် သန်းပေါင်းများစွာ၊
    နှစ်စဉ် လုပ်ကိုင်ကြရပါတယ်။
  • 1:18 - 1:20
    ဒီတော့ ရှင်တို့ရဲ့ လည်ပင်းနဲ့
    ပခုံး ကိုက်ခဲနေရင် -
  • 1:20 - 1:21
    မသိမသာ ကိုက်ခဲနေရေင် -
  • 1:21 - 1:24
    ကားကြောင့်ပါ၊ ကွန်ပျူတာကြောင့်ပါ
    အပြစ်ဖို့နိုင်ပေမဲ့၊
  • 1:24 - 1:27
    အဓိကနဲ့ အရေးကြီးဆုံး အကြောင်းရင်းက
    ရှင်တို့ရဲ့ အသက်ရှူပုံပါ။
  • 1:27 - 1:31
    ဒုတိယအချက်က ရှင်တို့ဟာ ရှင်တို့ အဆုတ်ရဲ့
    အပေါ်ပိုင်းကိုသာ သုံးနေကြပါတယ်။
  • 1:31 - 1:35
    အဆုတ်ရဲ့ အကြီးမားဆုံးနဲ့ အောက်စီဂျင်
    အကြွယ်ဝဆုံး အပိုင်းက ဘယ်မှာလဲ။
  • 1:35 - 1:37
    အောက်ပိုင်း ဒီနေရာမှာပါ။
  • 1:37 - 1:39
    ရှင်တို့ရဲ့ လက်တွေကို ယူပြီး
    ဒီမှာ ချကိုင်ထားပါ။
  • 1:39 - 1:43
    အဲဒီဆီ၊ ဒီနေရာ အောက်ပိုင်းမှာ။ ရှင်တို့
    အဆုတ်ရဲ့ အကြီးဆုံး၊ သိပ်သည်းဆုံး နေရာလေ။
  • 1:43 - 1:46
    ရှင်တို့ ဒေါင်လိုက် အသက်ရှူစဉ်
    အဲဒကို ရှင်တို့ အသုံးပြုကြသလား။
  • 1:46 - 1:47
    မသုံးကြပါ။
  • 1:47 - 1:51
    အဲဒါကြောင့် ရှင်တို့ဟာ လက်တွေ့တွင်
    နည်းနည်းနဲ့ အကြိမ်များစွာ ရှူကြရပါတယ်။
  • 1:51 - 1:54
    ကိုယ်လိုနေတဲ့ လေကို ရုယူရန်
    အမြန် ရှူသွင်းမှုမျိုးပါ။
  • 1:55 - 1:58
    စိတ်ပညာရှင် ဖြစ်တဲ့ ကျွန်မအတွက်
    အံ့အားသင့်စရာ အကောင်းဆုံးက-
  • 1:59 - 2:02
    ရှင်တို့ရဲ့ နောက်ကျောမှ ဦးခေါင်းဆီက၏
    သွားတဲ့ vagus ဆိုတဲ့ အာရုံကြောပါ၊
  • 2:02 - 2:04
    ၎င်းဟာ တကိုယ်လုံးအနှံ့ ကူးဖြတ်ထားပါတယ်။
  • 2:04 - 2:06
    "Vagus" က လက်တင်ဘာသာအရ
    "လည်ပတ်နေသူ" ဖြစ်ပါတယ်။
  • 2:06 - 2:09
    တကယ်ပါပဲ၊ ၎င်းဟာ ရှင်တို့ရဲ့
    ခန္ဓာကို တစ်ခုလုံးကို ကူးဖြတ်လျက်၊
  • 2:09 - 2:13
    ဦးနှောက်အတွက် ခံစားမှုဆိုင်ရာ
    အချက်ပြမှုတွေကို လိုက်စုစည်းနေတာပါ။
  • 2:13 - 2:15
    ခုနက ပြောတဲ့ ရှင်တို့ရဲ့
    ဒေါင်လိုက်အသက်ရှုမှုမှာ၊
  • 2:15 - 2:18
    vagus အာရုံကြော အလိုလိုနေရင်း
  • 2:18 - 2:22
    ရှင်တို့ကို တိုက်ရမလား၊ ထွက်ပြေးရမလား
    ဆိုပြီး ဖိစီးလာစေပါတယ်။
  • 2:22 - 2:24
    အဲဒါ ရှင်တို့ရဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့
    မသက်ဆိုင်ပါ-
  • 2:24 - 2:27
    ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ကောင်းနေနေ-
  • 2:27 - 2:30
    ရှင်တို့အတွက် တိုက်ရမလား၊
    ထွက်ပြေးရမလား ဆိုတာမျိုးပါ။
  • 2:30 - 2:34
    ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ အဲဒီအချက်ကြောင့်
    ကျွန်မး အသက်ရှူမှုကို စိတ်ဝင်စားလာခဲ့တယ်။
  • 2:34 - 2:40
    လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်မ
    နိုးလာတော့ မေးရိုးဟာ တအား ကိုက်ခဲနေခဲ့တယ်။
  • 2:40 - 2:42
    ကျွန်မဟာ သွားကုဆရာဝန်ကို သွားပြရပါတယ်။
  • 2:42 - 2:45
    အဲဒီမှာ ကိုယ်က မကြားချင်ဆုံး
    စကားလုံးတွေကို ကြားခဲ့ရပါတယ်။
  • 2:45 - 2:48
    "ခင်ဗျားဆီမှာ သွားကုမှု အာမခံ ရှိပါသလား။"
  • 2:48 - 2:49
    (ရယ်သံများ)
  • 2:49 - 2:50
    ကျွန်မဆီမှာ မရှိခဲ့ပါ။
  • 2:50 - 2:53
    ပြီးတော့ ဆန္ဒပြင်းပြသူ ပုံစံအေ ဖြစ်တော့၊
    ကျွန်မဟာ သွားတွေကို ကြိတ်နေခဲ့ရုံသာမက
  • 2:53 - 2:55
    ၎င်းတို့ကို ချေမှုန်းပစ်နေခဲ့ပါတယ်။
  • 2:55 - 2:57
    အဲဒါနဲ့ ဒေါ်လာ ထောင်ချီ
    ကုန်သွားပြီးလို့
  • 2:57 - 3:01
    ကျွန်မ ကျွန်မရဲ့ ဖိစီးမှုကို မထိန်းချုပ်
    နိုင်တာကို၊ ဖိစီးမှုက ကျွန်မကို
  • 3:01 - 3:03
    ထိန်းချုပ်နေခဲ့တာကို နားလည်မိတယ်။
  • 3:03 - 3:05
    အဲဒါကမှ အပြောင်းအလဲကို ဖန်တီးပေးခဲ့တယ်။
  • 3:05 - 3:08
    ကျွန်မဟာ ယောဂ အတန်းတွေ
    တက်မှုဖြင့် စတင်ခဲ့တယ်၊
  • 3:08 - 3:11
    သင်တန်း စစချင်း ကျွန်မတို့ဟာ
    အသက်ရှူရေး လေ့ကျင့်ခန်းတွေ လုပ်ခဲ့ရတယ်။
  • 3:11 - 3:14
    ကျွန်မဟာ kapalabhati၊ ujjayi စတဲ့
    အသုံးအနှုန်းတွေကို ကြားခဲ့ရတယ်။
  • 3:14 - 3:18
    ကျွန်မတို့ နှာခေါင်းပေါက် တစ်ခုမှ အသက်ရှူ၊
    ပြီးတော့ နောက်တစ်ပေါက်မှ ရှူခဲ့ရတယ်၊
  • 3:18 - 3:20
    အသက်ရှုမှု အောင့်ရတာလည်း ပါခဲ့တယ်။
  • 3:20 - 3:23
    ကျွန်မ စိတ်ဝင်စားလာမိကာ
    ဆက်ပြီး လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။
  • 3:23 - 3:26
    တွေ့သမျှ သင်တန်းကို တက်ခဲ့ပြီး၊
    တွေ့တဲ့ စာအုပ်တိုင်းကို ဖတ်ခဲ့တယ်၊
  • 3:26 - 3:28
    သိပ္ပံဆောင်းပါးတိုင်းကို ဖတ်ရှုခဲ့တယ်။
  • 3:28 - 3:33
    ကျွန်မဟာ gong baths နဲ့ chakra ထိန်းညှိမှု
    အတန်းတွေကို တက်ခဲ့တယ်။
  • 3:34 - 3:39
    ဆဲလ်ဖြင့် အသက်ရှူမှု၊ အောက်စီဂျင် ဖလှယ်မှု
    နှုန်းအကြောင်း ဆောင်းပါးတွေ ဖတ်ခဲ့တယ်။
  • 3:39 - 3:43
    မီးဖွားစဉ်၊ ရေငုပ်စဉ်၊ သီချင်းဆိုစဉ်နဲ့
    စစ်ရေးလေ့ကျင့်စဉ်
  • 3:43 - 3:47
    အသက်ရှူမှု အကြောင်းကို လေ့လာခဲ့တယ်။
  • 3:47 - 3:51
    ကျွန်မအတွက် စိုးရိမ်စရာ အကောင်းဆုံးအချက်က
    ကျွန်မ ပတ်ဝန်းကို လေ့လာကြည့်တော့၊
  • 3:51 - 3:55
    ကျွန်မ သိခဲ့တဲ့ လူတိုင်းလိုလို
    အသက်ရှူပုံ မမှန်ခဲ့ခြင်းပါပဲ။
  • 3:55 - 3:58
    ဆေးဖက် သုတေသနရဲ့ အဆိုအရ-
  • 3:58 - 4:02
    အသက်ရှူမှုဟာ
    ကျွန်မတို့ရဲ့ အိပ်စက်မှု၊ နောက်ကျော၊
  • 4:02 - 4:07
    အစာခြေမှု၊ မှတ်ဉာဏ်၊ စိုးရိမ်ပူပန်မှုစတဲ့
  • 4:07 - 4:08
    အရာမျိုးစုံအပေါ် သက်ရောက်ပါတယ်။
  • 4:08 - 4:12
    အစာပြွန်နဲ့ တင်ပါးဆုံ ကြမ်းပြင်လို
    ကျွန်မတို့ မသိရှိကြတဲ့ ခန္ဓာကိုယ်
  • 4:12 - 4:15
    အစိတ်အပိုင်း တွေကိုတောင်
    သက်ရောက်မှု ရှိပါတယ်။
  • 4:15 - 4:18
    ၎င်းဟာ ခန္ဓာကိုယ် တဝမ်းလုံးမှာ
    ကမောက်ကမ ဖြစ်သွားစေနိုင်တယ်။
  • 4:18 - 4:23
    ၎င်းဟာ ကျွန်မတို့ရဲ့ ကိုယ်ခံအားစနစ်၊
    adrenal ဂလင်း၊ အချဉ်ဓာတ်ကို သက်ရောက်ပါတယ်။
  • 4:25 - 4:30
    အဲဒါနဲ့ ကျွန်မ လေ့လာခဲ့တာတွေကို စနစ်
    တကျစုစည်းလျက် စပြီး ပို့ချလာခဲ့ပါတယ်။
  • 4:30 - 4:33
    ကျွန်မဆီ ဖုန်းဆက်လာတဲ့ လူတွေက
    ဘယ်သူတွေ ထင်ကြပါသလဲ။
  • 4:34 - 4:36
    ဘဝ ကောင်းစာရေး အဖွဲ့အစည်းထဲက သူတွေများလား။
  • 4:36 - 4:38
    ခေတ်သစ် သမားတွေများလား။
  • 4:38 - 4:39
    မဟုတ်ပါ။
  • 4:40 - 4:42
    SWAT၊ Homeland Security၊
  • 4:42 - 4:45
    DEA နယ်ခြားမျဉ်း ကင်းလှည့်အဖွဲ့၊
  • 4:45 - 4:47
    စစ်တပ်နဲ့ ဥပဒေ လွှမ်းမိုးရေး အဖွဲ့။
  • 4:49 - 4:51
    ကျွန်မတို့ဟာ အသက်ရှူမှု
    အရေးပါတာကို သိပါတယ်။
  • 4:52 - 4:57
    ယောဂီများက ကျွန်မတို့ မွေးချိန်မှာ အသက်ရှု
    နိုင်မယ့် ပမာဏ သတ်မှတ်ပြီးသားလို့ ဆိုတယ်။
  • 4:57 - 5:00
    ကျွန်မတို့ အသက်ရှူမြန်ရင် ဘဝသက်တာ
    တိုပါလိမ့်မည်၊
  • 5:00 - 5:05
    အသက်ကို နက်ရှိုင်းကြာမြင့်စွာ ရှူမယ်ဆိုရင်
    အသက်များစွာ ရှည်ပါလိမ့်မည်။
  • 5:05 - 5:07
    အဲဒီနောက် နှစ်ပေါင်း ၄၀၀၀ အကြာတွင်၊
  • 5:07 - 5:11
    Framingham သုတေသနမှ တွေ့လိုက်တာက
    အသက်ရှူမှုဟာ
  • 5:11 - 5:16
    အသက်ရှည်မှုကို ဟောပေးနိုင်တဲ့
    ပမာဏ ဖြစ်လျက်
  • 5:16 - 5:18
    အသက်ရှည်မှုနဲ့ ကျန်းမာရေးကို
    ဆုံးဖြတ်ပေးတယ်။
  • 5:20 - 5:22
    ရှင်တို့ တွေးထင်မိတာကို ကျွန်မ သိပါတယ်။
  • 5:22 - 5:25
    "ကျွန်တော် အသက်ရှူတာ မှားတယ်
    ဆိုတာ ဘယ်လိုများ ဖြစ်နိုင်လဲ။"
  • 5:26 - 5:28
    စိတ်မပူပါနဲ့၊ အဲဒါအားလုံး
    ခင်ဗျားတို့ အပြစ် မဟုတ်ပါ။
  • 5:28 - 5:32
    ကျွန်မတို့ အသက် ငါးနှစ်မှ ဆယ်နှစ်အတွင်း
    အသက်ရှူပုံက ခန္ဓာကိုယ် အောက်ပိုင်းမှနေပြီး
  • 5:32 - 5:35
    အပေါ်ပိုင်းဆီကို ပြောင်းလဲသွားတတ်ပါတယ်။
  • 5:35 - 5:38
    အဲဒီလို ဖြစ်ပျက်ရတာ
    အကြောင်းတွေ အများကြီးရှိပါတယ်။
  • 5:38 - 5:43
    နံပါတ်တစ်က ကျွန်မတို့ ကျောင်းတက်ကြရပြီး
    အချိန်အတော်ကြာ ထိုင်လာရပါတယ်။
  • 5:43 - 5:46
    ထိုင်မှုက ကိုယ်ဟန်အနေအထားကို
    ပြောင်းစေလျက် အသက်ရှူမှုကို ပြောင်းစေတယ်။
  • 5:47 - 5:50
    ရှင်တို့ ဆရာဝန်ဆီသွားရင် နားကျပ်နဲ့
    ဒီနေရာကို နားထောင်တယ်။
  • 5:51 - 5:53
    သူတို့က "အသက်ပြင်းပြင်းရှူပါ"
    လို့ ပြောရင်၊
  • 5:53 - 5:56
    "အင်း၊ ငါ့အဆုတ်က ဒီမှာရှိတယ်"လို့
    ထင်လာတယ်။
  • 5:58 - 6:01
    တစ်ယောက်ယော်က ရှင်တို့ ဗိုက်ကို လက်နဲ့
    ထိုးလျက် ဝလိုက်တာလို့ ပြောကြတယ်၊
  • 6:03 - 6:07
    အဲဒီလိုနည်းဖြင့် နှစ်တွေ ကြာလာတာနဲ့အမျှ
    ပြဿနာတွေ စုစည်းလာကြပါတယ်။
  • 6:07 - 6:11
    အခုလို အရွယ်ရောက် လူကြီးဖြစ်တာတောင်
    အဲဒါတွေကို ရင်ဆိုင်နေရတုန်းပါပဲ။
  • 6:11 - 6:14
    ကိုယ့်ကိုကိုယ် နည်းနည်းလေး ပိန်နေသလို
    ထင်မှတ်စေချင်လို့ပါ၊
  • 6:14 - 6:16
    အဲဒါဟာ ကြောက်ရွံ့မှုအား
    တုံ့ပြန်တဲ့ စိတ်ခံစားမှု တစ်မျိုးပါ၊
  • 6:16 - 6:19
    အဲဒါက ကိုယ့်ကိုကိုယ် ထွက်ပြေးရန် ဒါမှမဟုတ်
  • 6:19 - 6:22
    တိုက်ခိုက်ရန် ပြင်ဆင်ထားဖို့
    လှုံ့ဆော်ချက်နဲ့ တူပါတယ်။
  • 6:22 - 6:24
    ကိုယ့်ဗိုက်ကြွက်သွားတွေကို တောင့်ထားမှုက
  • 6:24 - 6:28
    ကျွန်ုပ်တို့ကို ပိုကြံ့ခိုင်စေတယ်ဆိုတဲ့
    ပုံပြင်ကို ကျွန်မတို့ ယုံကြည့်ကြလို့ပါ။
  • 6:28 - 6:32
    ဒီတော့ အသက်ရှူမှုဟာ ရှင်တို့ ခန္ဓာကိုယ်ရဲ့
    အထက်ပိုင်း တက်ဖို့မှလွဲပြီး ရွေးစရာ မရှိဘဲ
  • 6:32 - 6:35
    ဒေါင်လိုက်ရှုမှု ဖြစ်လာပါတော့တယ်။
  • 6:35 - 6:37
    ဒီတော့ ကိုယ် ဘာလုပ်သင့်လဲ။
  • 6:38 - 6:43
    ကိုယ့်အနားရှိ ကလေးငယ်၊ ရှင်တို့ရဲ့ ခွေး၊
    ကြောင်၊ ငါးကိုတောင် လေ့လာကြည့်ကြပါ။
  • 6:43 - 6:48
    အသက်ရှူစဉ် ခန္ဓာကိုယ် အလယ်ပိုင်းကို
    ချဲ့လိုက် ကျုံ့လိုက် လုပ်ကြပါတယ်။
  • 6:48 - 6:52
    ပြီးတော့ ရင်ဝမ်းခြား ကြွက်သားတွေကို
    ကျွန်မတို့ ကောင်းကောင်း နားမလည်ကြလို့
  • 6:52 - 6:54
    အသက်ရှူမှုနဲ့ ပတ်သက်ပြီး
    ယူဆချက်တွေ လွဲမှားလာရတာပါ။
  • 6:54 - 6:56
    အဲဒါဟာ အတွင်းပိုင်းရှိ ကြွက်သားပါ၊
  • 6:56 - 6:59
    ၎င်းဟာ ဒီမှာ ပြသထားတဲ့ လိုင်းနီ
    တစ်လျှောက်မှာ တည်ရှိနေပြီး
  • 6:59 - 7:03
    လက်တွေ့တွင် ၎င်းဟာ Starship Enterprise နဲ့
    ပိုတူကာ
  • 7:03 - 7:06
    ကြီးမားလှတဲ့ အဲဒီကြွက်သားဟာ ကျွန်မတို့
    ခန္ဓာကိုယ်ရဲ့ ခလယ်တည့်တည့်နေရာပါ။
  • 7:06 - 7:10
    ကျွန်မတို့ရဲ့ ရင်အုပ်အခေါင်းကို အစာခြေရေး
    အင်္ဂါများနဲ့ ခြားပေးထားတယ်။
  • 7:10 - 7:14
    ရှင်တို့က ခွင့်ပြုမယ်ဆိုရင်၊ ကောင်းမွန်စွာ
    အသက်ရှူနိုင်ဖို့အတွက် ၎င်းကို အဲဒီနေရာမှာ
  • 7:14 - 7:15
    ထားရှိပေးထားတာပါ။
  • 7:15 - 7:18
    ဒီတော့ ရင်ဝမ်းခြား ကြွက်သားနဲ့
    အကျွမ်းတဝင် ဖြစ်ဖို့ လိုပါတယ်။
  • 7:18 - 7:19
    အခုတော့၊ ရှင်တို့ရဲ့ လက်ချောင်းတွေကို
  • 7:19 - 7:22
    ဒီနေရာ တည့်တည့်၊ ရင်ညွန့်ရိုးမှာ
    ထားပါ။ အိုကေလား။
  • 7:22 - 7:25
    လက်ချောင်းတွေဖြင့် နံရိုးတွေရဲ့
    အောက်ဖက်ကို ဆင်းသွားပါ။
  • 7:25 - 7:26
    ဆက် သွားရင်း ဒီနေရာ အရောက် သွားကြမယ်။
  • 7:26 - 7:32
    နံရိုးတွေဟာ ရှင်တို့ရဲ့ ရင်ညွန့်ရိုးနဲ့
    လက်ကိုင်သဖွယ် ချိတ်ဆက်နေပါတယ်။
  • 7:32 - 7:37
    အသက်ရှူသွင်းရင် ၎င်းတို့ဟာ
    ဘေးတိုက် အပြင်ဖက်ကို ရွေ့ကြမယ်။
  • 7:38 - 7:41
    ရှူထုတ်ချိန်မှာ၊ ၎င်းတို့ဟာ
    ခန္ဓာကိုယ်နှင့်အတူ ကျုံ့လာကြမယ်။
  • 7:41 - 7:45
    ခန္ဓာကိုယ်ဟာ သိပ်ကို လှပတဲ့ စက်ကြီးပါပဲ။
  • 7:47 - 7:52
    ဒါပေမဲ့ ကျွန်မတို့ရဲ့ ကျန်းမာရေးအတွက်
    သိပ်ကို အချက်အချာကျတဲ့ ဒီအရာကို၊
  • 7:53 - 7:58
    အထူးသဖြင့် ကွန်ပျူတာတွေရဲ့ စခရင်တွေ၊
    လက်မှာကိုင်ရတဲ့ ကိရိယာတွေ၊ ကြည့်ရှုနေစဉ်
  • 7:59 - 8:03
    အနည်းငယ်မျှသော
    လေကို ရှူသွင်းကြချိန်မျိုးမှာ၊
  • 8:03 - 8:08
    နည်းနည်းရှူမှုနဲ့ နည်းနည်းရှူထုတ်မှု၊
    လုံးဝမရှူနိုင်ချိန်မှာ ပြန်အာရုံစိုက်ရမယ်။
  • 8:08 - 8:09
    ကောင်းပြီ၊ အဲဒါကို ပြင်ကြမယ်။
  • 8:09 - 8:12
    ထိုင်ခုံနောက်ကျောကို မှီနေရာမှ
    ဆန့်ထွက်လာကြပါ။
  • 8:12 - 8:12
    လာကြပါ။
  • 8:12 - 8:15
    ရှင်တို့ ကုလားထိုင်ရှေ့နားမှာ
    ရွှေ့ထိုင်ပါ။ ကောင်းပြီ။
  • 8:15 - 8:17
    ကျွန်မတို့ အသက်ရှူမှု လေ့ကျင့်မယ်။
  • 8:17 - 8:18
    Rock and Roll လို့ ခေါ်ပါတယ်။
  • 8:18 - 8:20
    ရှင်တို့ရဲ့ လက်တွေကို ဗိုက်ပေါ် တင်ထားပါ။
  • 8:20 - 8:23
    ရှင်တို့ရဲ့ ရင်ဝမ်းခြားကြွက်သား
    စပါဝင်လာစေရန်
  • 8:23 - 8:25
    ကျွန်မတို့ဟာ လေ့ကျင့်ခန်းကို
    ခပ်ကြမ်းကြမ်း လုပ်ကြရမယ်။
  • 8:25 - 8:28
    အဲဒါကြောင့် ရှင်တို့ နည်းနည်းလေး
    ခေါင်းမူးသလို ခံစားရနိုင်တယ်။
  • 8:28 - 8:29
    ပျော်စရာကြီးနော်။
  • 8:29 - 8:30
    (ရယ်သံများ)
  • 8:30 - 8:33
    ရှေ့ကို ညွတ်လိုက်ကြပါ။ အသက်ရှူသွင်းရင်း
    ဗိုက် လှုပ်ရှားပါစေ။ အသင့်ဘဲလား။
  • 8:33 - 8:38
    ရှေ့ကို ညွတ် အသက်ရှူရင်း ဆန့်ထွက်လိုက်ပါ၊
    မှုတ်ထုတ်ရင်း ကျုံ့လျက် ကျောကို ခုံးပေးပါ။
  • 8:38 - 8:41
    ဗိုက်အတွင်းသားဟာ ကျောရိုးနဲ့ ကပ်လာပါစေ။
  • 8:41 - 8:42
    ဗိုက်ကြွက်သွားတွေ သုံးပါ။
  • 8:42 - 8:45
    ရှူသွင်း၊ ရှေ့ကို ညွတ်ပေး၊
    ဗိုက်ဖေါင်းလာပါစေ။
  • 8:45 - 8:46
    အဲဒါ ဆန့်ထုတ်ပစ်ပါ။
  • 8:46 - 8:48
    မှုတ်ထုတ်၊ ညှစ်၊
    ရှိသမျှလေကို အပြင်ကို ထုတ်ပစ်။
  • 8:48 - 8:51
    ရှင်တို့ရဲ့ ပခုံးတွေကို ဖြေလျော့ထားပါ၊
    ဒီထဲ မပါဝင်အပ်ပါ။
  • 8:51 - 8:55
    တဝကြီး ရှုသွင်း၊ ဆန့်ထုတ်။
    မှုတ်ထုတ်၊ ညှစ်ထုတ်။
  • 8:55 - 8:58
    ရှေ့ကို ဆန့်ထုတ်လိုက်၊ ပြန်ဆုတ်လိုက်။
  • 8:58 - 9:00
    ရှင်တို့ဟာ အခုတော့ ဘေးတိုက်
    အသက်ရှူနေကြပါပြီ။
  • 9:00 - 9:02
    ကျွန်မတို့ အသက်ရှူလေ့ကျင့်ခန်း လုပ်နေတာပါ။
  • 9:02 - 9:05
    ဒါက ရေတွက်ရင်း အသက်ရှူနည်းပါ။
    စစ်တပ်ထံမှ လာတဲ့နည်းပါ။
  • 9:05 - 9:08
    အဲဒါဟာ ကျွန်မ အကြိုက်ဆုံး၊
    နည်းဗျူဟာ အသက်ရှူမှုပါ။
  • 9:08 - 9:11
    အခုတော့ ရှင်တို့ဟာ လေးအထိ အသက်ရှူသွင်း၊
    လေးအထိ မှုတ်ထုတ်၊
  • 9:11 - 9:13
    ခြောက်အထိ မှုတ်ထုတ်၊ နှစ်အထိ အောင့်ထား။
  • 9:13 - 9:16
    ကျွန်မတို့ အတူတူ လုပ်ကြမယ်။
    အသင့်ဘဲလား။ အိုကေ။
  • 9:16 - 9:19
    ရှူသွင်းမယ်း - နှစ်၊ သုံး၊ လေး -
  • 9:19 - 9:22
    အောင့်ထားမယ် - နှစ်၊ သုံး၊ လေး -
  • 9:22 - 9:26
    မှုတ်ထုတ်မယ် - နှစ်၊
    သုံး၊ လေး၊ ငါး၊ ခြောက် -
  • 9:26 - 9:27
    စောင့်မယ် - နှစ်။
  • 9:27 - 9:30
    ရှူသွင်းမယ်း - နှစ်၊ သုံး၊ လေး -
  • 9:30 - 9:33
    အောင့်ထားမယ် - နှစ်၊ သုံး၊ လေး -
  • 9:33 - 9:37
    မှုတ်ထုတ်မယ် - နှစ်၊ သုံး၊
    လေး၊ ငါး၊ ခြောက် -
  • 9:37 - 9:38
    စောင့်မယ် - နှစ်။
  • 9:38 - 9:42
    ရှူသွင်းမယ်း - နှစ်၊ သုံး၊ လေး -
  • 9:42 - 9:45
    အောင့်ထားမယ် - နှစ်၊ သုံး၊ လေး -
  • 9:45 - 9:50
    မှုတ်ထုတ်မယ် - နှစ်၊ သုံး၊
    လေး၊ ငါး၊ ခြောက် -
  • 9:50 - 9:51
    စောင့်မယ် - နှစ်။
  • 9:51 - 9:55
    ရှင်တို့ရဲ့ မျက်စိကို ပိတ်လိုက်ကြပါ၊
    နှစ်၊ သုံး၊ လေး -
  • 9:55 - 9:58
    အောင့်ထားမယ် - နှစ်၊ သုံး၊ လေး -
  • 9:58 - 10:03
    မှုတ်ထုတ်မယ် - နှစ်၊ သုံး၊
    လေး၊ ငါး၊ ခြောက် -
  • 10:03 - 10:05
    စောင့်မယ် - နှစ်။
  • 10:05 - 10:06
    ရှေ့ကို ညွတ်ပေးပါ။
  • 10:06 - 10:10
    ရှူသွင်းရင်း ရှေဆက်ပြီး ကိုယ့်ဘာသာကိုယ်
    လှပပြီး ဇီဝဗေဒအရ
  • 10:10 - 10:16
    မှန်ကန်တဲ့ ခန္ဓာကိုယ် အောက်ပိုင်း
    ဘေးတိုက် အသက်ရှူမှုကို ပြုလုပ်ကြပါ။
  • 10:17 - 10:18
    ကျေးဇူးတင်ပါတယ်။
  • 10:18 - 10:20
    (လက်ခုပ်သံများ)
Title:
အသက်ရှူသင့်ပုံ | Belisa Vranich | TEDxManhattanBeach
Description:

ဒီဟောပြောချက်ကို TED တွေ့ဆုံပွဲ ပုံစံကိုသုံးထားပေမဲ့ ဒေသခံ အဖွဲ့အစည်းမှ စည်းရုံးကျင်းပခဲ့တဲ့ TEDx အခမ်းအနားမှာ ပြုလုပ်ခဲ့တာပါ။ ပိုပြီး သိရှိချင်ရင် http://ted.com/tedx မှာ လေ့လာနိုင်ပါတယ်။

အသက်ရှူမှုဟာ အသက်ရှင်မှုအတွက် သိပ်ကို အရေးပါလှပေမဲ့၊ ကျွန်ုပ်တို့ အများစုဟာ မှားယွင်းစွာ အသက်ရှူနေကြပပါတယ်။ စိတ်ပညာရှင်နဲ့ အသက်ရှူမှုဆိုင်ရာ ပါရဂူဖြစ်သူ Dr. Belisa Vranich က အသက်ရှူမှုဆိုင်ရာ အံ့အားသင့်ဖွယ် အချက်တချို့ကို မျှဝေထားပြီး ဘယ်လို မှန်ကန်စွာ အသက်ရှူသင့်ကြောင်းကို သင်ပြပေးပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
10:26

Burmese subtitles

Revisions