Rosa Parks ရဲ့ ဖုံးကွယ်နေတဲ့ ဘဝ။ Riché D. Richardson
-
0:08 - 0:13၁၉၄၄ Montgomery Bus မှာ ကြမ္မာငင်တဲ့
ဆုံးဖြတ်ချက်မတိုင်ခင် ၁၁ နှစ်မှာ -
0:13 - 0:16Rosa Parks ဟာ ဆိုးယုတ်တဲ့ ပြစ်မှုတစ်ခုကို
စုံစမ်းနေတာပါ။ -
0:16 - 0:18အသားအရောင်ရှိတဲ့ လူတွေရဲ့ တိုးတက်ရေးအတွက်
-
0:18 - 0:20အမျိုးသား အဖွဲ့အစည်း ကိုယ်စားလှယ်အနေနဲ့
-
0:20 - 0:24လူဖြူ ခြောက်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ
စော်ကားခံရတဲ့ အမျိုးသမီးငယ် -
0:24 - 0:28Recy Taylor နဲ့ တွေ့ဆုံဖို့ ကျေးလက်
Alabama ကို သူ ခရီးထွက်ခဲ့တယ်။ -
0:28 - 0:31သူတို့ထဲက တစ်ယောက်တောင် အပြစ်ရှိနေတဲ့
Alabama ခုံအဖွဲ့ကို -
0:31 - 0:33ယုံကြည်စေဖို့က
အတော်တော့ ခက်မယ်ဆိုပေမဲ့ -
0:33 - 0:35Rosa ကတော့ မမှုခဲ့ဘူး။
-
0:35 - 0:37တရားရုံးမှာ Recy ကို ကာကွယ်ဖို့
ကော်မီတီတစ်ခု ဖွဲ့စည်းတယ်၊ -
0:37 - 0:39မီဒီယာကို သက်သေခံချက်နဲ့ လွှမ်းကာ
-
0:39 - 0:41တောင်ပိုင်းအနှံ့မှာ ကန့်ကွက်မှုတွေကို
အစပျိုးစေတယ် -
0:41 - 0:44ခုံရုံးက ကျူးလွန်သူတွေကို
စွဲချက်တင်ဖို့ပျက်တော့ -
0:44 - 0:47Parks ဟာ အုပ်ချုပ်ရေးမှူးကို
ဧရာမ ခုံသမာဓိသစ်ဖွဲ့ဖို့ တောင်းဆိုတယ်။ -
0:47 - 0:51သူ ရေးတာက "ကျွန်မတို့ နိုင်ငံသားတွေအတွက်
တန်းတူ တရားမျှတမှု ရှိတယ်ဆိုတာကို -
0:51 - 0:55Alabama သားတွေကို အသိပေးဖို့
ရှင်တို့ ပျက်ကွက်မှာ မဟုတ်တာ ကျွန်မသိတယ်။" -
0:55 - 0:59ဘဝတစ်လျှောက်လုံး Rosa Parks ဟာ လူမျိုးရေး
အကြမ်းဖက်မှုနဲ့ ပြစ်မှုကျူးလွန်သူတွေကို -
0:59 - 1:02ကာကွယ်ပေးတဲ့ ဘက်လိုက်တဲ့ စနစ်တွေကို
အကြိမ်ကြိမ် စိန်ခေါ်ခဲ့တယ်။ -
1:02 - 1:05ဒါပေမဲ့ ဒီလုပ်ရပ်က ဧရာမ စွန့်စားမှုနဲ့
-
1:05 - 1:08ပုဂ္ဂိုလ်ရေးစွန့်လွှတ်မှုတစ်ခု ဖြစ်ခဲ့တယ်။
-
1:08 - 1:14၁၉၁၃ မှာ မွေးတဲ့ Rosa ကို အမေနဲ့အဖိုးအဖွား
က ကျေးလက် Alabama မှာ ပျိုးထောင်ခဲ့တယ်။ -
1:14 - 1:19ဒါပေမဲ့ ဒီချစ်၈ရာအိမ် အပြင်မှာ လူမျိုးရေး
အကြမ်းဖက်မှု လောင်းရိပ်ရှည်တစ်ခုနေတယ်။ -
1:19 - 1:22မကြာခဏဆိုသလို Ku Klux Klan
က သူတို့အိမ်ကို ဖြတ်မောင်းသွားပြီး -
1:22 - 1:26Jim Crow ဥပဒေတွေက အများသုံး
နေရာတွေကို ခွဲခြားထားတယ်။ -
1:26 - 1:30သူ အသက် ၁၉ နှစ်မှာ Montgomery မှာ
အခြေချပြီး လူမျိုးရေး တရားမမျှတမှုမှာ -
1:30 - 1:33သူ့ရဲ့ တိုးလာနေတဲ့ ဒေါသကို မျှဝေသူ
ဆံသသမား Raymond Parks နဲ့ လက်ထပ်တယ်။ -
1:33 - 1:37သူဟာ NAACP ရဲ့ ဒေသဆိုင်ရာအသင်းနဲ့
ပါဝင် ပတ်သက်တယေ -
1:37 - 1:40နှိပ်စက်တာ ကြောက်တဲ့အတွက် အများက
ရှောင်ရှားကြတဲ့ ကဏ္ဍတစ်ခုပါ။ -
1:40 - 1:43ပထမ Raymond ဟာ
လှုပ်ရှားမှုရဲ့ဖြစ်လာနိုင်တဲ့ ဘေးတွေကနေ -
1:43 - 1:45Rosa ကို ဘေးကင်းအောင်ထားဖို့
စိတ်ထက်သန်ခဲ့တယ်။ -
1:45 - 1:50ဒါပေမဲ့ အာဖရိကန်အမေရိကန်တွေပေါ် ပြဌာန်းတဲ့
ကန့်သတ်ချက်တွေမှာ ပိုပြီး ဒေါသဖြစ်လာတော့ -
1:50 - 1:52သူ လက်ပိုက်ကြည့်မနေနိုင်တော့ဘူး။
-
1:52 - 1:56၁၉၄၃ မှာ NAACP မှာ တရားဝင်
ပူးပေါင်းလိုက်တဲ့အခါ -
1:56 - 2:01Montgomery အသင်းမှာ မိန်းမဆိုလို့
Parks နဲ့ Johnnie Rebecca Carr ပဲရှိတယ်။ -
2:01 - 2:04သူတို့ရဲ့အစည်းအဝေးတွေအတွက်
မှတ်တမ်းတွေ စတင်ရေးမှတ်ပြီး -
2:04 - 2:07မကြာခင် အသင်းရဲ့အတွင်းရေးမှူးအဖြစ်
ရွေးချယ်ခံရတာ ဖြစ်သွားတယ်။ -
2:07 - 2:09သူ့ရဲ့ လျှို့ဝှက် နှစ်ဘဝကို
တရားဝင် စတင်ခြင်းပါ။ -
2:09 - 2:14နေ့ဘက်မှာ သူ့အမေနဲ့ ခင်ပွန်းကို ထောက်ပံ့
ဖို့ အပ်ချုပ်သမအဖြစ် အလုပ်လုပ်တယ်။ -
2:14 - 2:19ညဘက်မှာ များစွာသော ပြည်သူ့ရပိုင်ခွင့်
အမှုတွေကို သုတေသနလုပ်၊ မှတ်တမ်းတင်တယ်။ -
2:19 - 2:23ဒေသတွင်း မူဝါဒ အငြင်းပွားမှုမှ ထင်ပေါ်တဲ့
လူသတ်မှုတွေနဲ့ အမုန်း အမှုတွေအထိပါ။ -
2:23 - 2:26အတွင်းရေးမှူးအဖြစ် ပြင်းထန်တဲ့
စီရင်မှု၊ အာဖရိကန် -
2:26 - 2:31အမေရိကန်တွေအပေါ် မကြာခဏသုံးတဲ့ မှားတဲ့
စွပ်စွဲချက်တွေနဲ့ စည်းရုံးပွဲတွေကို -
2:31 - 2:36ရင်ဆိုင်ပြီး Montgomeryအသင်းကိုယ်စား
ပြည်သူ တုံ့ပြန်မှုတွေကို ပြင်ဆင်တယ်။ -
2:36 - 2:40ဥပဒေရေးရာ အလုပ်အပြင် Parks ဟာ
ပါရမီထူးတဲ့ ဒေသတွင်း အကွက်ဆင်တတ်သူပါ။ -
2:40 - 2:44NAACP လူငယ် အတိုင်ပင်ခံအဖွဲ့
အကြံပေးအဖြစ်နဲ့ -
2:44 - 2:47လူငယ်တွေကို မဲပေသူ စာရင်းသွင်းခြင်းနဲ့
လူဖြူတွေအတွက်သာဖြစ်တဲ့ -
2:47 - 2:50စာကြည့်တိုက်တွေအပါအဝင် ခွဲခြားရေး စနစ်
တွေကို လမ်းညွှန်ကူညီပေးခဲ့တယ်။ -
2:50 - 2:53NAACP မျက်နှာဖုံးကနေ Parks ဟာ
-
2:53 - 2:57လျှို့ဝှက်တဲ့ ပြည်သူ့ရပိုင်ခွင့်လှုပ်ရှား
မှုတွေကို ပွင့်လင်းအောင် ကြိုးပမ်းတယ်။ -
2:57 - 3:00ပြည်သူ့ ဖီဆန်မှု သင်တန်းကို
ထောက်ခံအားပေးပြီး -
3:00 - 3:05လူမျိုးရေး အကြမ်းဖက်မှုကို ဗြောင်ပြောဆို
ခဲ့တယ်။အထူးသဖြင့် Emmet Till လူသတ်မှုပါ။ -
3:05 - 3:09၁၉၅၅ မှာ လူမျိုးရေးခွဲခြားတဲ့ ဘတ်စ်ကား
တစ်စီးရဲ့ နောက်ကို ရွှေ့ဖို့ ငြင်းဆန်မှုက -
3:09 - 3:13သူမျှော်လင့်တဲ့ အောက်ခြေလူတန်းစား
လှုပ်ရှားမှုတွေ စဖို့ကူညီတယ်။ -
3:13 - 3:16Parks ရဲ့ အမျိုးသမီး တစ်ကိုယ်တော်
ကန့်ကွက်မှုအတွက် ဖမ်းဆီး၊ထောင်ချခံရတယ်။ -
3:16 - 3:18ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေက
သူ့ကို လာတွေ့ခဲ့တယ်။ -
3:18 - 3:22သူတို့ အတူစုပြီး နှစ်ဆယ့်လေးနာရီ
ဘတ်စ်ကား သပိတ်တစ်ခု စီစဉ်ခဲ့တယ်။ -
3:22 - 3:26ဒါက သုံးရာ တစ်ဆယ့်
ရှစ်ရက် ကြာခဲ့တယ်။ -
3:26 - 3:30Park ရဲ့ ရိုးရိုး လုပ်ဆောင်မှုက တည်စ ပြည်
သူ့ရပိုင်ခွင့်လှုပ်ရှားမှုကို အမျိုးသားရေး -
3:30 - 3:31လှုပ်ရှားမှုဆီ ပြောင်းခဲ့တယ်။
-
3:31 - 3:35တရားရုံးချုပ်က အများသုံးယာဉ် အသား
အရောင်ခွဲခြားမှုဖျက်သိမ်းခြင်းကို၊ -
3:35 - 3:39ထောက်ခံ စီရင်ချက်ချတော့
၁၉၅၆ မှာ သပိတ်ပြီးသွားတယ်။ -
3:39 - 3:42ဒါပေမဲ့ ဒီလှုပ်ရှားမှု အောင်ပွဲက
အများကြီး ပေးဆပ်လိုက်ရတယ်။ -
3:42 - 3:46Rosa ဟာ လှုံ့ဆော်ပွဲတစ်လျှောက်လုံး
ရက်စက်တဲ့ အသေ ခြိမ်းခြောက်မှုတွေ -
3:46 - 3:50ရနေခဲ့ပြီး သူ့ရဲ့ နိုင်ငံရေး နာမည်ကြောင့်
Montgomery မှာ အလုပ် ရှာမတွေ့နိုင်ခဲ့ဘူး။ -
3:50 - 3:55၁၉၅၇ မှာ Detroit ကို ပြောင်းပြီး
လွှတ်တော်အမတ် John Conyers က -
3:55 - 3:58သူ့ရဲ့တိုးလာတဲ့ ပြည်သူ့အခွင့်အရေး
လှုံ့ဆော်ပွဲတွေကို -
3:58 - 4:00ကူညီဖို့ အလုပ်မခန့်ခင်
အပ်ချုပ်သမအဖြစ် ဆက်လုပ်ခဲ့တယ်။ -
4:00 - 4:03လူမျိုးရေး မညီမျှမှုကို ဆန့်ကျင်ရာမှာ
အမြဲ နိုးကြားနေတဲ့ -
4:03 - 4:06Parks ဟာ နောင် နှစ် ၄၀ ကြာ ဆက်လက်
တက်ကြွနေခဲ့တယ်။ -
4:06 - 4:08သူဟာ စာအုပ်များစွာ ရေးခဲ့တယ်။
-
4:08 - 4:11အခြား တက်ကြွလှုပ်ရှားသူတွေကို ကူညီဖို့
နိုင်ငံအနှံ့ ခရီးထွက် ဟောပြောတယ်။ -
4:11 - 4:15သွားလေသူ ခင်ပွန်းကို အမှတ်တရအဖြစ်
လူငယ်တွေရဲ့ ပညာရေးအတွက် -
4:15 - 4:17အသင်းအဖွဲ့တစ်ခု တည်ထောင်ခဲ့တယ်။
-
4:17 - 4:21ယနေ့မှာတော့ Rosa Parks ကို အာဏာအရှိဆုံး
လူတွေနဲ့ မူဝါဒတွေကို -
4:21 - 4:24ကြိမ်းမောင်းခဲ့တဲ့ လူမျိုးရေး ပုဂ္ဂိုလ်
တစ်ဦးအဖြစ် အမှတ်ရကြတယ်။ -
4:24 - 4:27လုပ်ဆောင်ဖို့ သူ့ရဲ့ခေါ်သံက
ဆက်လက် ပဲ့တင်ထပ်နေတယ်။ -
4:27 - 4:30"လုပ်ကိုလုပ်ရမှာကို သိခြင်းက
ကြောက်စိတ်ကို ဖယ်ရှားပေးတယ်။"
- Title:
- Rosa Parks ရဲ့ ဖုံးကွယ်နေတဲ့ ဘဝ။ Riché D. Richardson
- Speaker:
- Riché D. Richardson
- Description:
-
သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/the-hidden-life-of-rosa-parks-riche-d-richardson တွင် ကြည့်ရှုပါ။
သူ့ဘဝတစ်လျှောက်လုံးမှာ Rosa Parks ဟာ လူမျိုးရေး အကြမ်းဖက်မှုနဲ့ ၎င်းရဲ့ ပြစ်မှုကျူးလွန်သူတွေကို ကာကွယ်ပေးတဲ့ ဘက်လိုက်တဲ့ စနစ်တွေကို အကြိမ်ကြိမ် စိန်ခေါ်ခဲ့တယ်။ လူမျိုးရေးခွဲခြားတဲ့ ဘတ်စ်ကားတစ်စီးရဲ့ နောက်ကို ရွှေ့ပေးဖို့ သူ့ရဲ့ငြင်းဆန်မှုက ၃၈၁ ရက်ကြာ သပိတ်မှောက်မှုတစ်ခုကို အစပျိုးခဲ့ပြီး ပြည်သူ့ရပိုင်ခွင့် လှုပ်ရှားမှုကို အမျိုးသား လှုပ်ရှားမှုတစ်ခုအဖြစ် အသွင်ပြောင်းဖို့ ကူညီခဲ့တယ်။ ဒါပေမဲ့ ဒီလုပ်ရပ်က ဧရာမ စွန့်စားမှုတစ်ခုနဲ့ ကိုယ်ရေးကိုယ်တာ စွန့်လွှတ်မှုတစ်ခု ဖြစ်လာခဲ့တယ်။ Riché D. Richardson ကနေပြီး Rosa Parks ရဲ့ဘဝကို အသေးစိတ်ဖေါ်ပြထားပါတယ်။
သင်ခန်းစာကို Riché D. Richardson က ဖန်တီးပြီး Eido က ရိုက်ကူးထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 04:39
![]() |
sann tint approved Burmese subtitles for The hidden life of Rosa Parks | |
![]() |
Myo Aung accepted Burmese subtitles for The hidden life of Rosa Parks | |
![]() |
Myo Aung edited Burmese subtitles for The hidden life of Rosa Parks | |
![]() |
sann tint edited Burmese subtitles for The hidden life of Rosa Parks | |
![]() |
sann tint edited Burmese subtitles for The hidden life of Rosa Parks | |
![]() |
sann tint edited Burmese subtitles for The hidden life of Rosa Parks | |
![]() |
sann tint edited Burmese subtitles for The hidden life of Rosa Parks | |
![]() |
sann tint edited Burmese subtitles for The hidden life of Rosa Parks |