၁၉၄၄ Montgomery Bus မှာ ကြမ္မာငင်တဲ့ ဆုံးဖြတ်ချက်မတိုင်ခင် ၁၁ နှစ်မှာ Rosa Parks ဟာ ဆိုးယုတ်တဲ့ ပြစ်မှုတစ်ခုကို စုံစမ်းနေတာပါ။ အသားအရောင်ရှိတဲ့ လူတွေရဲ့ တိုးတက်ရေးအတွက် အမျိုးသား အဖွဲ့အစည်း ကိုယ်စားလှယ်အနေနဲ့ လူဖြူ ခြောက်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အမျိုးသမီးငယ် Recy Taylor နဲ့ တွေ့ဆုံဖို့ ကျေးလက် Alabama ကို သူ ခရီးထွက်ခဲ့တယ်။ သူတို့ထဲက တစ်ယောက်တောင် အပြစ်ရှိနေတဲ့ Alabama ခုံအဖွဲ့ကို ယုံကြည်စေဖို့က အတော်တော့ ခက်မယ်ဆိုပေမဲ့ Rosa ကတော့ မမှုခဲ့ဘူး။ တရားရုံးမှာ Recy ကို ကာကွယ်ဖို့ ကော်မီတီတစ်ခု ဖွဲ့စည်းတယ်၊ မီဒီယာကို သက်သေခံချက်နဲ့ လွှမ်းကာ တောင်ပိုင်းအနှံ့မှာ ကန့်ကွက်မှုတွေကို အစပျိုးစေတယ် ခုံရုံးက ကျူးလွန်သူတွေကို စွဲချက်တင်ဖို့ပျက်တော့ Parks ဟာ အုပ်ချုပ်ရေးမှူးကို ဧရာမ ခုံသမာဓိသစ်ဖွဲ့ဖို့ တောင်းဆိုတယ်။ သူ ရေးတာက "ကျွန်မတို့ နိုင်ငံသားတွေအတွက် တန်းတူ တရားမျှတမှု ရှိတယ်ဆိုတာကို Alabama သားတွေကို အသိပေးဖို့ ရှင်တို့ ပျက်ကွက်မှာ မဟုတ်တာ ကျွန်မသိတယ်။" ဘဝတစ်လျှောက်လုံး Rosa Parks ဟာ လူမျိုးရေး အကြမ်းဖက်မှုနဲ့ ပြစ်မှုကျူးလွန်သူတွေကို ကာကွယ်ပေးတဲ့ ဘက်လိုက်တဲ့ စနစ်တွေကို အကြိမ်ကြိမ် စိန်ခေါ်ခဲ့တယ်။ ဒါပေမဲ့ ဒီလုပ်ရပ်က ဧရာမ စွန့်စားမှုနဲ့ ပုဂ္ဂိုလ်ရေးစွန့်လွှတ်မှုတစ်ခု ဖြစ်ခဲ့တယ်။ ၁၉၁၃ မှာ မွေးတဲ့ Rosa ကို အမေနဲ့အဖိုးအဖွား က ကျေးလက် Alabama မှာ ပျိုးထောင်ခဲ့တယ်။ ဒါပေမဲ့ ဒီချစ်၈ရာအိမ် အပြင်မှာ လူမျိုးရေး အကြမ်းဖက်မှု လောင်းရိပ်ရှည်တစ်ခ​ုနေတယ်။ မကြာခဏဆိုသလို Ku Klux Klan က သူတို့အိမ်ကို ဖြတ်မောင်းသွားပြီး Jim Crow ဥပဒေတွေက အများသုံး နေရာတွေကို ခွဲခြားထားတယ်။ သူ အသက် ၁၉ နှစ်မှာ Montgomery မှာ အခြေချပြီး လူမျိုးရေး တရားမမျှတမှုမှာ သူ့ရဲ့ တိုးလာနေတဲ့ ဒေါသကို မျှဝ​ေသူ ဆံသသမား Raymond Parks နဲ့ လက်ထပ်တယ်။ သူဟာ NAACP ရဲ့ ဒေသဆိုင်ရာအသင်းနဲ့ ပါဝင် ပတ်သက်တယ​ေ နှိပ်စက်တာ ကြောက်တဲ့အတွက် အများက ရှောင်ရှားကြတဲ့ ကဏ္ဍတစ်ခုပါ။ ပထမ Raymond ဟာ လှုပ်ရှားမှုရဲ့ဖြစ်လာနိုင်တဲ့ ဘေးတွေကနေ Rosa ကို ဘေးကင်းအောင်ထားဖို့ စိတ်ထက်သန်ခဲ့တယ်။ ဒါပေမဲ့ အာဖရိကန်အမေရိကန်တွေပေါ် ပြဌာန်းတဲ့ ကန့်သတ်ချက်တွေမှာ ပိုပြီး ဒေါသဖြစ်လာတော့ သူ လက်ပိုက်ကြည့်မနေနိုင်တော့ဘူး။ ၁၉၄၃ မှာ NAACP မှာ တရားဝင် ပူးပေါင်းလိုက်တဲ့အခါ Montgomery အသင်းမှာ မိန်းမဆိုလို့ Parks နဲ့ Johnnie Rebecca Carr ပဲရှိတယ်။ သူတို့ရဲ့အစည်းအဝေးတွေအတွက် မှတ်တမ်းတွေ စတင်ရေးမှတ်ပြီး မကြာခင် အသင်းရဲ့အတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရတာ ဖြစ်သွားတယ်။ သူ့ရဲ့ လျှို့ဝှက် နှစ်ဘဝကို တရားဝင် စတင်ခြင်းပါ။ နေ့ဘက်မှာ သူ့အမေနဲ့ ခင်ပွန်းကို ထောက်ပံ့ ဖို့ အပ်ချုပ်သမအဖြစ် အလုပ်လုပ်တယ်။ ညဘက်မှာ များစွာသော ပြည်သူ့ရပိုင်ခွင့် အမှုတွေကို သုတေသနလုပ်၊ မှတ်တမ်းတင်တယ်။ ဒေသတွင်း မူဝါဒ အငြင်းပွားမှုမှ ထင်ပေါ်တဲ့ လူသတ်မှုတွေနဲ့ အမုန်း အမှုတွေအထိပါ။ အတွင်းရေးမှူးအဖြစ် ပြင်းထန်တဲ့ စီရင်မှု၊ အာဖရိကန် အမေရိကန်တွေအပေါ် မကြာခဏသုံးတဲ့ မှာ​းတဲ့ စွပ်စွဲချက်တွေနဲ့ စည်းရုံးပွဲတွေကို ရင်ဆိုင်ပြီး Montgomeryအသင်းကိုယ်စား ပြည်သူ တုံ့ပြန်မှုတွေကို ပြင်ဆင်တယ်။ ဥပဒေရေးရာ အလုပ်အပြင် Parks ဟာ ပါရမီထူးတဲ့ ဒေသတွင်း အကွက်ဆင်တတ်သူပါ။ NAACP လူငယ် အတိုင်ပင်ခံအဖွဲ့ အကြံပေးအဖြစ်နဲ့ လူငယ်တွေကို မဲပေသူ စာရင်းသွင်းခြင်းနဲ့ လူဖြူတွေအတွက်သာဖြစ်တဲ့ စာကြည့်တိုက်တွေအပါအဝင် ခွဲခြားရေး စနစ် တွေကို လမ်းညွှန်ကူညီပေးခဲ့တယ်။ NAACP မျက်နှာဖုံးကနေ Parks ဟာ လျှို့ဝှက်တဲ့ ပြည်သူ့ရပိုင်ခွင့်လှုပ်ရှား မှုတွေကို ပွင့်လင်းအောင် ကြိုးပမ်းတယ်။ ပြည်သူ့ ဖီဆန်မှု သင်တန်းကို ထောက်ခံအားပေးပြီး လူမျိုးရေး အကြမ်းဖက်မှုကို ဗြောင်ပြောဆို ခဲ့တယ်။အထူးသဖြင့် Emmet Till လူသတ်မှုပါ။ ၁၉၅၅ မှာ လူမျိုးရေးခွဲခြားတဲ့ ဘတ်စ်ကား တစ်စီးရဲ့ နောက်ကို ရွှေ့ဖို့ ငြင်းဆန်မှုက သူမျှော်လင့်တဲ့ အောက်ခြေလူတန်းစား လှုပ်ရှားမှုတွေ စဖို့ကူညီတယ်။ Parks ရဲ့ အမျိုးသမီး တစ်ကိုယ်တော် ကန့်ကွက်မှုအတွက် ဖမ်းဆီး၊ထောင်ချခံရတယ်။ ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေက သူ့ကို လာတွေ့ခဲ့တယ်။ သူတို့ အတူစုပြီး နှစ်ဆယ့်လေးနာရီ ဘတ်စ်ကား သပိတ်တစ်ခု စီစဉ်ခဲ့တယ်။ ဒါက သုံးရာ တစ်ဆယ့် ရှစ်ရက် ကြာခဲ့တယ်။ Park ရဲ့ ရိုးရိုး လုပ်ဆောင်မှုက တည်စ ပြည် သူ့ရပိုင်ခွင့်လှုပ်ရှားမှုကို အမျိုးသားရေး လှုပ်ရှားမှုဆီ ပြောင်းခဲ့တယ်။ တရားရုံးချုပ်က အများသုံးယာဉ် အသား အရောင်ခွဲခြားမှုဖျက်သိမ်းခြင်းကို၊ ထောက်ခံ စီရင်ချက်ချတော့ ၁၉၅၆ မှာ သပိတ်ပြီးသွားတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှု အောင်ပွဲက အများကြီး ပေးဆပ်လိုက်ရတယ်။ Rosa ဟာ လှုံ့ဆော်ပွဲတစ်လျှောက်လုံး ရက်စက်တဲ့ အသေ ခြိမ်းခြောက်မှုတွေ ရနေခဲ့ပြီး သူ့ရဲ့ နိုင်ငံရေး နာမည်ကြောင့် Montgomery မှာ အလုပ် ရှာမတွေ့နိုင်ခဲ့ဘူး။ ၁၉၅၇ မှာ Detroit ကို ပြောင်းပြီး လွှတ်တော်အမတ် John Conyers က သူ့ရဲ့တိုးလာတဲ့ ပြည်သူ့အခွင့်အရေး လှုံ့ဆော်ပွဲတွေကို ကူညီဖို့ အလုပ်မခန့်ခင် အပ်ချုပ်သမအဖြစ် ဆက်လုပ်ခဲ့တယ်။ လူမျိုးရေး မညီမျှမှုကို ဆန့်ကျင်ရာမှာ အမြဲ နိုးကြားနေတဲ့ Parks ဟာ နောင် နှစ် ၄၀ ကြာ ဆက်လက် တက်ကြွနေခဲ့တယ်။ သူဟာ စာအုပ်များစွာ ရေးခဲ့တယ်။ အခြား တက်ကြွလှုပ်ရှားသူတွေကို ကူညီဖို့ နိုင်ငံအနှံ့ ခရီးထွက် ဟောပြောတယ်။ သွားလေသူ ခင်ပွန်းကို အမှတ်တရအဖြစ် လူငယ်တွေရဲ့ ပညာရေးအတွက် အသင်းအဖွဲ့တစ်ခု တည်ထောင်ခဲ့တယ်။ ယနေ့မှာတော့ Rosa Parks ကို အာဏာအရှိဆုံး လူတွေနဲ့ မူဝါဒတွေကို ကြိမ်းမောင်းခဲ့တဲ့ လူမျိုးရေး ပုဂ္ဂိုလ် တစ်ဦးအဖြစ် အမှတ်ရကြတယ်။ လုပ်ဆောင်ဖို့ သူ့ရဲ့ခေါ်သံက ဆက်လက် ပဲ့တင်ထပ်နေတယ်။ "လုပ်ကိုလုပ်ရမှာကို သိခြင်းက ကြောက်စိတ်ကို ဖယ်ရှားပေးတယ်။"