ခပ်ကြောင်ကြောင်လား၊ မတူကွဲပြားတာပဲလား။
-
0:00 - 0:04ကဲ၊ ခင်ဗျားဟာ အမေရိကမှာရှိတဲ့ တစ်နေရာရာက လမ်းတစ်ခုပေါ်မှာ ရပ်နေပြီး
-
0:04 - 0:07ဂျပန်လူမျိုးတစ်ယောက်က ခင်ဗျားကို "တစ်ဆိတ်လောက်ဗျာ၊
-
0:07 - 0:09ဒီအဆောက်အဦကြီးရဲ့ နာမည်က ဘာလဲဗျ" လို့မေးလိုက်တယ်လို့ ဆိုပါစို့ဗျာ။
-
0:09 - 0:13နောက်ပြီး ခင်ဗျားဖြေလိုက်တာက "စိတ်တော့မကောင်းဘူးဗျာ။ ဒါက အုတ်(က်)လမ်း၊ ဟိုဟာက အန်းလ်(မ်)လမ်း။
-
0:13 - 0:15ဒါက(၂၆)လမ်း၊ ဟိုဟာက )၂၇)လမ်းပါ" လို့လေ။
-
0:15 - 0:17သူပြောတာက "ကောင်းပါပြီဗျာ။ ဟို အဆောက်အဦကြီးရဲ့ နာမည်ကဘာလဲဗျ"တဲ့။
-
0:17 - 0:20ခင်ဗျားက "ဟုတ်ပါပြီဗျာ၊ အဆောက်အဦးတွေမှာ နာမည်တွေ မရှိဘူးဗျ။
-
0:20 - 0:22အဆောက်အဦတွေဆိုတာဟာ လမ်းတွေကြားမှာရှိတဲ့
-
0:22 - 0:24အမည်ပေးမထားတဲ့ နေရာလွတ်တွေပါဗျာ" လို့ပြောလိုက်တယ်။
-
0:24 - 0:28သူထွက်သွားတယ်၊ နည်းနည်း စိတ်ရှုပ်ထွေးသွားပြီး စိတ်ပျက်လက်ပျက်နဲ့ပေါ့ဗျာ။
-
0:28 - 0:31ကဲ အခုတော့ ခင်ဗျားဟာ ဂျပန်မှာရှိတဲ့ တစ်နေရာရာက လမ်းတစ်ခုပေါ်မှာ ရပ်နေပြီး
-
0:31 - 0:33ခင်ဗျားဘေးနားမှာရပ်နေသူဘက်ကို လှည့်ပြီး
-
0:33 - 0:35"တစ်ဆိတ်လောက်ဗျာ၊ ဒီလမ်းရဲ့ နာမည်က ဘာလဲဗျ" လို့မေးလိုက်တယ် ဆိုပါတော့ဗျာ။
-
0:35 - 0:39သူတို့ပြောတာက " အိုး၊ ကောင်းပါပြီ၊ ဟိုအဆောက်အဦက နံပါတ်(၁၇)၊ ဒီအဆောက်ဦက နံပါတ်(၁၆)ပါ"တဲ့။
-
0:39 - 0:42ဒီတော့ ခင်ဗျားက "ကောင်းပါပြီ၊ ဒီလမ်းရဲ့ နာမည်က ဘာလဲဗျ" လို့ပြောလိုက်တယ်။
-
0:42 - 0:44နောက်ပြီး သူတို့ပြောလိုက်တာက "ဟုတ်ပါပြီဗျ၊
-
0:44 - 0:46လမ်းတွေမှာ နာမည်တွေမရှိကြဘူးဗျ၊
-
0:46 - 0:50ဒီမှာ ဂူးဂဲ(လ်)မြေပုံကို ကြည့်လိုက်ပါဦး။ အဆောက်အဦ နံပါတ် (၁၄)၊(၁၅)၊(၁၆)၊(၁၇)၊(၁၈)(၁၉)။
-
0:50 - 0:52ဒီအဆောက်အဦတွေ အကုန်လုံးမှာ နာမည်တွေရှိတယ်ဗျ။
-
0:52 - 0:56လမ်းတွေဆိုတာကတော့ အဆောက်အဦတွေကြားက အမည်ပေးမထားတဲ့ နေရာလပ်တွေပဲဗျို့"လို့လေ။
-
0:56 - 0:59ဒီအချိန်မှာ ခင်ဗျားပြောလိုက်တာက "ကောင်းပြီလေ၊ ဒီလိုဆိုရင် ခင်ဗျားရဲ့ အိမ်လိပ်စာကို ခင်ဗျား ဘယ်လိုသိနိူင်မလဲဗျ"လို့ပေါ့။
-
0:59 - 1:02သူပြောတာကတော့ "ကောင်းပြီဗျာ၊ ဒါက အလွယ်လေးပါ၊ဒါက အမှတ်(၈)ခရိုင်၊
-
1:02 - 1:05တိုက်အမှတ်(၁၇)၊ အိမ်အမှတ် (၁)လေဗျာ"တဲ့။
-
1:05 - 1:07ခင်ဗျားပြောလိုက်တာက "ကောင်းပါပြီ၊ ဒါပေမဲ့ အနီးပတ်ဝန်းကျင်တစ်ဝိုက် လမ်းလျှောက်သွားတုန်း
-
1:07 - 1:09ကျွန်တော် သတိထားမိခဲ့တာကတော့ဗျာ အိမ်နံပါတ်တွေက အစဉ်လိုက်မဟုတ်ဘူးဗျ"လို့ပေါ့။
-
1:09 - 1:12သူပြောတာက ဟာဗျာ အစဉ်လိုက်ပါဗျ။ သူတို့ဆောက်ခဲ့တဲ့ အစဉ်အတိုင်းသွားပါတယ်ဗျာ။
-
1:12 - 1:15အဆောက်ဦအကွက်တစ်ခုပေါ်မှာ အရင်ဆောက်ခဲ့တဲ့ အိမ်က အိမ်နံပါတ်(၁)ပေါ့ဗျ။
-
1:15 - 1:18ဒုတိယဆောက်ခဲ့တဲ့ အိမ်က အိမ်နံပါတ်(၂)လေဗျာ။
-
1:18 - 1:20တတိယကတော့ နံပါတ် (၃)ပေါ့ဗျာ။ လွယ်ပါတယ်ဗျာ။ အရှင်းကြီးပဲဟာကို။
-
1:20 - 1:23ဒီတော့ဗျာ၊ ကျွန်တော်နှစ်သက်မိတာက တစ်ခါတစ်လေကျတော့
-
1:23 - 1:25ကမ္ဘာကြီးရဲ့ ဆန့်ကျင်ဘက်အခြမ်းကို သွားဖို့လိုအပ်တယ်ဆိုတာကိုပါ။
-
1:25 - 1:27ကျွန်တော်တို့မှာရှိနေခဲ့တယ်ဆိုတာကိုတောင် မသိခဲ့တဲ့ ယူဆချက်တွေကို နားလည်သဘောပေါက်ဖို့အတွက်
-
1:27 - 1:30ပြီးတော့ ဒါတွေရဲ့ ဆန့်ကျင်ဘက်တွေဟာလည်း မှန်ကန်ကောင်း မှန်ကန်နိုင်တယ်ဆိုတာကို နားလည်သဘောပေါက်ဖို့အတွက်ပေါ့ဗျာ။
-
1:30 - 1:32ဒီတော့ ဥပမာအနေနဲ့ပေါ့ဗျာ၊ တရုတ်ပြည်မှာ
-
1:32 - 1:35သူတို့ရဲအလုပ်ဟာ ခင်ဗျားတို့ကို ကျန်းမာစေဖို့ လို့ ယုံကြည်ကြတဲ့ ဆရာဝန်တွေရှိပါတယ်။
-
1:35 - 1:37ခင်ဗျားအနေနဲ့ ကျန်းကျန်းမာမာနဲ့ရှိတဲ့ လတွေမှာ သူတို့ကို ငွေပေးကြပြီး၊
-
1:37 - 1:39ခင်ဗျား နေမကောင်းဖြစ်တဲ့အခါမှာ သူတို့ကို ခင်ဗျား ပေးဖို့မလိုဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပျက်ကွက်လို့လေ။
-
1:39 - 1:41ခင်ဗျား ကျန်းမာတဲ့အချိန်မှာ သူတို့ ချမ်းသာနေကြပါတယ်၊ နေမကောင်းတဲ့ အချိန်မှာ မဟုတ်ဘူးနော်။
-
1:41 - 1:44(လက်ခုပ်သံများ)
-
1:44 - 1:46ဂီတအများစုမှာ ပထမ စည်းချက်ကို
-
1:46 - 1:50အကျစည်းချက်အဖြစ် ကျွန်တော်တို့မှတ်ယူကြပါတယ်။ တေးသွားရဲ့ အစမှာ ၁၊၂၊၃၊၄။
-
1:50 - 1:52ဒါပေမဲ့ အနောက်အာဖရိက ဂီတမှာကျတော့ "တစ်" ဆိုတာကို
-
1:52 - 1:54တေးသွားရဲ့ အဆုံးသတ်အဖြစ် ယူမှတ်ကြပါတယ်။
-
1:54 - 1:56ဝါကျတစ်ကြောင်းအဆုံးက ပုဒ်မလိုပဲပေါ့။
-
1:56 - 1:58ဒီတော့ ဒါကို ခင်ဗျားတို့ တေးသွားထဲမှာတင် ကြားတာမဟုတ်ပဲ သူတို့ ဂီတစည်းချက်ရေတွက်ပုံလည်းပါပါတယ်။
-
1:58 - 2:01နှစ်၊ သုံး၊ လေး၊ တစ်။
-
2:01 - 2:04နောက်ပြီး ဒီမြေပုံလည်းပဲ တိကျပါတယ်ဗျာ။
-
2:04 - 2:06(ရယ်သံများ)
-
2:06 - 2:09ဆိုရိုးလေးတစ်ခုရှိတာကတော့ "အိန္ဒိယနိူင်ငံနဲ့ ပတ်သက်ပြီး ဘာပဲဖြစ်ဖြစ် ၏
-
2:09 - 2:11သင်ပြောနိူင်သမျှ ဖြစ်ရပ်မှန်ဟာ ဆန့်ကျင်ဘက်အနေနဲ့လည်းမှန်ပါတယ်"တဲ့။
-
2:11 - 2:13ဒါကြောင့်မို့လို့ TED မှာပဲဖြစ်ဖြစ်၊ တခြားဘယ်နေရာမှာပဲဖြစ်ဖြစ်
-
2:13 - 2:16ခင်ဗျားမှာ ရှိသမျှ၊ ကြားသမျှ ထူးခြားပြောင်မြောက်တဲ့ ဘယ်စိတ်ကူးတွေမဆိုပေါ့ဗျာ၊
-
2:16 - 2:18ဆန့်ကျင်ဖက်အနေနဲ့လည်း မှန်နေနိူင်တယ်ဆိုတာကို မမေ့ကြပါနဲ့ဗျာ။
-
2:18 - 2:20ကျေးဇူးအများကြီးတင်ပါတယ်။
- Title:
- ခပ်ကြောင်ကြောင်လား၊ မတူကွဲပြားတာပဲလား။
- Speaker:
- ဒီရက် ဆီဗား(စ်) (Derek Sivers)
- Description:
-
ဆိုရိုးကလေးက "အရာရာတိုင်းမှာ ပြောင်းပြန်ဘက်အနေအထား ရှိစမြဲပဲ" လို့ဆိုပါတယ်။ (၂)မိနစ်ကာလအတွင်းမှာ ဒီရက် ဆီဗား(စ်)က သင်တို့ မျှော်လင့်မရနိုင်တဲ့ နည်းလမ်းအနည်းငယ်ကို ပြသထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 02:21
sann tint commented on Burmese subtitles for Weird, or just different? | ||
Myo Aung approved Burmese subtitles for Weird, or just different? | ||
Myo Aung commented on Burmese subtitles for Weird, or just different? | ||
Myo Aung accepted Burmese subtitles for Weird, or just different? | ||
Myo Aung edited Burmese subtitles for Weird, or just different? | ||
Myo Aung edited Burmese subtitles for Weird, or just different? | ||
Myo Aung edited Burmese subtitles for Weird, or just different? | ||
Myo Aung commented on Burmese subtitles for Weird, or just different? |
Myo Aung
It is really true!
Myo Aung
It is now done!
sann tint
Thank you very much !