[Script Info] Title: [Events] Format: Layer, Start, End, Style, Name, MarginL, MarginR, MarginV, Effect, Text Dialogue: 0,0:00:00.00,0:00:04.00,Default,,0000,0000,0000,,ကဲ၊ ခင်ဗျားဟာ အမေရိကမှာရှိတဲ့ တစ်နေရာရာက လမ်းတစ်ခုပေါ်မှာ ရပ်နေပြီး \N Dialogue: 0,0:00:04.00,0:00:07.00,Default,,0000,0000,0000,,ဂျပန်လူမျိုးတစ်ယောက်က ခင်ဗျားကို "တစ်ဆိတ်လောက်ဗျာ၊ \N Dialogue: 0,0:00:07.00,0:00:09.00,Default,,0000,0000,0000,,ဒီအဆောက်အဦကြီးရဲ့ နာမည်က ဘာလဲဗျ" လို့မေးလိုက်တယ်လို့ ဆိုပါစို့ဗျာ။ Dialogue: 0,0:00:09.00,0:00:13.00,Default,,0000,0000,0000,,နောက်ပြီး ခင်ဗျားဖြေလိုက်တာက "စိတ်တော့မကောင်းဘူးဗျာ။ ဒါက အုတ်(က်)လမ်း၊ ဟိုဟာက အန်းလ်(မ်)လမ်း။ Dialogue: 0,0:00:13.00,0:00:15.00,Default,,0000,0000,0000,,ဒါက(၂၆)လမ်း၊ ဟိုဟာက )၂၇)လမ်းပါ" လို့လေ။\N Dialogue: 0,0:00:15.00,0:00:17.00,Default,,0000,0000,0000,,သူပြောတာက "ကောင်းပါပြီဗျာ။ ဟို အဆောက်အဦကြီးရဲ့ နာမည်ကဘာလဲဗျ"တဲ့။ Dialogue: 0,0:00:17.00,0:00:20.00,Default,,0000,0000,0000,,ခင်ဗျားက "ဟုတ်ပါပြီဗျာ၊ အဆောက်အဦးတွေမှာ နာမည်တွေ မရှိဘူးဗျ။ Dialogue: 0,0:00:20.00,0:00:22.00,Default,,0000,0000,0000,,အဆောက်အဦတွေဆိုတာဟာ လမ်းတွေကြားမှာရှိတဲ့ Dialogue: 0,0:00:22.00,0:00:24.00,Default,,0000,0000,0000,,အမည်ပေးမထားတဲ့ နေရာလွတ်တွေပါဗျာ" လို့ပြောလိုက်တယ်။\N Dialogue: 0,0:00:24.00,0:00:28.00,Default,,0000,0000,0000,,သူထွက်သွားတယ်၊ နည်းနည်း စိတ်ရှုပ်ထွေးသွားပြီး စိတ်ပျက်လက်ပျက်နဲ့ပေါ့ဗျာ။ Dialogue: 0,0:00:28.00,0:00:31.00,Default,,0000,0000,0000,,ကဲ အခုတော့ ခင်ဗျားဟာ ဂျပန်မှာရှိတဲ့ တစ်နေရာရာက လမ်းတစ်ခုပေါ်မှာ ရပ်နေပြီး Dialogue: 0,0:00:31.00,0:00:33.00,Default,,0000,0000,0000,,ခင်ဗျားဘေးနားမှာရပ်နေသူဘက်ကို လှည့်ပြီး Dialogue: 0,0:00:33.00,0:00:35.00,Default,,0000,0000,0000,,"တစ်ဆိတ်လောက်ဗျာ၊ ဒီလမ်းရဲ့ နာမည်က ဘာလဲဗျ" လို့မေးလိုက်တယ် ဆိုပါတော့ဗျာ။ \N Dialogue: 0,0:00:35.00,0:00:39.00,Default,,0000,0000,0000,,သူတို့ပြောတာက " အိုး၊ ကောင်းပါပြီ၊ ဟိုအဆောက်အဦက နံပါတ်(၁၇)၊ ဒီအဆောက်ဦက နံပါတ်(၁၆)ပါ"တဲ့။\N Dialogue: 0,0:00:39.00,0:00:42.00,Default,,0000,0000,0000,,ဒီတော့ ခင်ဗျားက "ကောင်းပါပြီ၊ ဒီလမ်းရဲ့ နာမည်က ဘာလဲဗျ" လို့ပြောလိုက်တယ်။ Dialogue: 0,0:00:42.00,0:00:44.00,Default,,0000,0000,0000,,နောက်ပြီး သူတို့ပြောလိုက်တာက "ဟုတ်ပါပြီဗျ၊ Dialogue: 0,0:00:44.00,0:00:46.00,Default,,0000,0000,0000,,လမ်းတွေမှာ နာမည်တွေမရှိကြဘူးဗျ၊ Dialogue: 0,0:00:46.00,0:00:50.00,Default,,0000,0000,0000,,ဒီမှာ ဂူးဂဲ(လ်)မြေပုံကို ကြည့်လိုက်ပါဦး။ အဆောက်အဦ နံပါတ် (၁၄)၊(၁၅)၊(၁၆)၊(၁၇)၊(၁၈)(၁၉)။ Dialogue: 0,0:00:50.00,0:00:52.00,Default,,0000,0000,0000,,ဒီအဆောက်အဦတွေ အကုန်လုံးမှာ နာမည်တွေရှိတယ်ဗျ။ Dialogue: 0,0:00:52.00,0:00:56.00,Default,,0000,0000,0000,,လမ်းတွေဆိုတာကတော့ အဆောက်အဦတွေကြားက အမည်ပေးမထားတဲ့ နေရာလပ်တွေပဲဗျို့"လို့လေ။\N Dialogue: 0,0:00:56.00,0:00:59.00,Default,,0000,0000,0000,,ဒီအချိန်မှာ ခင်ဗျားပြောလိုက်တာက "ကောင်းပြီလေ၊ ဒီလိုဆိုရင် ခင်ဗျားရဲ့ အိမ်လိပ်စာကို ခင်ဗျား ဘယ်လိုသိနိူင်မလဲဗျ"လို့ပေါ့။ Dialogue: 0,0:00:59.00,0:01:02.00,Default,,0000,0000,0000,,သူပြောတာကတော့ "ကောင်းပြီဗျာ၊ ဒါက အလွယ်လေးပါ၊ဒါက အမှတ်(၈)ခရိုင်၊ Dialogue: 0,0:01:02.00,0:01:05.00,Default,,0000,0000,0000,,တိုက်အမှတ်(၁၇)၊ အိမ်အမှတ် (၁)လေဗျာ"တဲ့။\N Dialogue: 0,0:01:05.00,0:01:07.00,Default,,0000,0000,0000,,ခင်ဗျားပြောလိုက်တာက "ကောင်းပါပြီ၊ ဒါပေမဲ့ အနီးပတ်ဝန်းကျင်တစ်ဝိုက် လမ်းလျှောက်သွားတုန်း Dialogue: 0,0:01:07.00,0:01:09.00,Default,,0000,0000,0000,,ကျွန်တော် သတိထားမိခဲ့တာကတော့ဗျာ အိမ်နံပါတ်တွေက အစဉ်လိုက်မဟုတ်ဘူးဗျ"လို့ပေါ့။ Dialogue: 0,0:01:09.00,0:01:12.00,Default,,0000,0000,0000,,သူပြောတာက ဟာဗျာ အစဉ်လိုက်ပါဗျ။ သူတို့ဆောက်ခဲ့တဲ့ အစဉ်အတိုင်းသွားပါတယ်ဗျာ။ Dialogue: 0,0:01:12.00,0:01:15.00,Default,,0000,0000,0000,,အဆောက်ဦအကွက်တစ်ခုပေါ်မှာ အရင်ဆောက်ခဲ့တဲ့ အိမ်က အိမ်နံပါတ်(၁)ပေါ့ဗျ။ Dialogue: 0,0:01:15.00,0:01:18.00,Default,,0000,0000,0000,,ဒုတိယဆောက်ခဲ့တဲ့ အိမ်က အိမ်နံပါတ်(၂)လေဗျာ။ Dialogue: 0,0:01:18.00,0:01:20.00,Default,,0000,0000,0000,,တတိယကတော့ နံပါတ် (၃)ပေါ့ဗျာ။ လွယ်ပါတယ်ဗျာ။ အရှင်းကြီးပဲဟာကို။\N Dialogue: 0,0:01:20.00,0:01:23.00,Default,,0000,0000,0000,,ဒီတော့ဗျာ၊ ကျွန်တော်နှစ်သက်မိတာက တစ်ခါတစ်လေကျတော့ Dialogue: 0,0:01:23.00,0:01:25.00,Default,,0000,0000,0000,,ကမ္ဘာကြီးရဲ့ ဆန့်ကျင်ဘက်အခြမ်းကို သွားဖို့လိုအပ်တယ်ဆိုတာကိုပါ။ Dialogue: 0,0:01:25.00,0:01:27.00,Default,,0000,0000,0000,,ကျွန်တော်တို့မှာရှိနေခဲ့တယ်ဆိုတာကိုတောင် မသိခဲ့တဲ့ ယူဆချက်တွေကို နားလည်သဘောပေါက်ဖို့အတွက် Dialogue: 0,0:01:27.00,0:01:30.00,Default,,0000,0000,0000,,ပြီးတော့ ဒါတွေရဲ့ ဆန့်ကျင်ဘက်တွေဟာလည်း မှန်ကန်ကောင်း မှန်ကန်နိုင်တယ်ဆိုတာကို နားလည်သဘောပေါက်ဖို့အတွက်ပေါ့ဗျာ။ Dialogue: 0,0:01:30.00,0:01:32.00,Default,,0000,0000,0000,,ဒီတော့ ဥပမာအနေနဲ့ပေါ့ဗျာ၊ တရုတ်ပြည်မှာ \N\N\N\N Dialogue: 0,0:01:32.00,0:01:35.00,Default,,0000,0000,0000,,သူတို့ရဲအလုပ်ဟာ ခင်ဗျားတို့ကို ကျန်းမာစေဖို့ လို့ ယုံကြည်ကြတဲ့ ဆရာဝန်တွေရှိပါတယ်။ Dialogue: 0,0:01:35.00,0:01:37.00,Default,,0000,0000,0000,,ခင်ဗျားအနေနဲ့ ကျန်းကျန်းမာမာနဲ့ရှိတဲ့ လတွေမှာ သူတို့ကို ငွေပေးကြပြီး၊ Dialogue: 0,0:01:37.00,0:01:39.00,Default,,0000,0000,0000,,ခင်ဗျား နေမကောင်းဖြစ်တဲ့အခါမှာ သူတို့ကို ခင်ဗျား ပေးဖို့မလိုဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပျက်ကွက်လို့လေ။ Dialogue: 0,0:01:39.00,0:01:41.00,Default,,0000,0000,0000,,ခင်ဗျား ကျန်းမာတဲ့အချိန်မှာ သူတို့ ချမ်းသာနေကြပါတယ်၊ နေမကောင်းတဲ့ အချိန်မှာ မဟုတ်ဘူးနော်။ Dialogue: 0,0:01:41.00,0:01:44.00,Default,,0000,0000,0000,,(လက်ခုပ်သံများ) Dialogue: 0,0:01:44.00,0:01:46.00,Default,,0000,0000,0000,,ဂီတအများစုမှာ ပထမ စည်းချက်ကို Dialogue: 0,0:01:46.00,0:01:50.00,Default,,0000,0000,0000,,အကျစည်းချက်အဖြစ် ကျွန်တော်တို့မှတ်ယူကြပါတယ်။ တေးသွားရဲ့ အစမှာ ၁၊၂၊၃၊၄။ Dialogue: 0,0:01:50.00,0:01:52.00,Default,,0000,0000,0000,,ဒါပေမဲ့ အနောက်အာဖရိက ဂီတမှာကျတော့ "တစ်" ဆိုတာကို Dialogue: 0,0:01:52.00,0:01:54.00,Default,,0000,0000,0000,,တေးသွားရဲ့ အဆုံးသတ်အဖြစ် ယူမှတ်ကြပါတယ်။ Dialogue: 0,0:01:54.00,0:01:56.00,Default,,0000,0000,0000,,ဝါကျတစ်ကြောင်းအဆုံးက ပုဒ်မလိုပဲပေါ့။ Dialogue: 0,0:01:56.00,0:01:58.00,Default,,0000,0000,0000,,ဒီတော့ ဒါကို ခင်ဗျားတို့ တေးသွားထဲမှာတင် ကြားတာမဟုတ်ပဲ သူတို့ ဂီတစည်းချက်ရေတွက်ပုံလည်းပါပါတယ်။ Dialogue: 0,0:01:58.00,0:02:01.00,Default,,0000,0000,0000,,နှစ်၊ သုံး၊ လေး၊ တစ်။\N Dialogue: 0,0:02:01.00,0:02:04.00,Default,,0000,0000,0000,,နောက်ပြီး ဒီမြေပုံလည်းပဲ တိကျပါတယ်ဗျာ။ Dialogue: 0,0:02:04.00,0:02:06.00,Default,,0000,0000,0000,,(ရယ်သံများ) Dialogue: 0,0:02:06.00,0:02:09.00,Default,,0000,0000,0000,,ဆိုရိုးလေးတစ်ခုရှိတာကတော့ "အိန္ဒိယနိူင်ငံနဲ့ ပတ်သက်ပြီး ဘာပဲဖြစ်ဖြစ် ၏ Dialogue: 0,0:02:09.00,0:02:11.00,Default,,0000,0000,0000,,သင်ပြောနိူင်သမျှ ဖြစ်ရပ်မှန်ဟာ ဆန့်ကျင်ဘက်အနေနဲ့လည်းမှန်ပါတယ်"တဲ့။ Dialogue: 0,0:02:11.00,0:02:13.00,Default,,0000,0000,0000,,ဒါကြောင့်မို့လို့ TED မှာပဲဖြစ်ဖြစ်၊ တခြားဘယ်နေရာမှာပဲဖြစ်ဖြစ် Dialogue: 0,0:02:13.00,0:02:16.00,Default,,0000,0000,0000,,ခင်ဗျားမှာ ရှိသမျှ၊ ကြားသမျှ ထူးခြားပြောင်မြောက်တဲ့ ဘယ်စိတ်ကူးတွေမဆိုပေါ့ဗျာ၊ Dialogue: 0,0:02:16.00,0:02:18.00,Default,,0000,0000,0000,,ဆန့်ကျင်ဖက်အနေနဲ့လည်း မှန်နေနိူင်တယ်ဆိုတာကို မမေ့ကြပါနဲ့ဗျာ။ Dialogue: 0,0:02:18.00,0:02:20.00,Default,,0000,0000,0000,,ကျေးဇူးအများကြီးတင်ပါတယ်။