WEBVTT 00:00:00.000 --> 00:00:04.000 ကဲ၊ ခင်ဗျားဟာ အမေရိကမှာရှိတဲ့ တစ်နေရာရာက လမ်းတစ်ခုပေါ်မှာ ရပ်နေပြီး 00:00:04.000 --> 00:00:07.000 ဂျပန်လူမျိုးတစ်ယောက်က ခင်ဗျားကို "တစ်ဆိတ်လောက်ဗျာ၊ NOTE Paragraph 00:00:07.000 --> 00:00:09.000 ဒီအဆောက်အဦကြီးရဲ့ နာမည်က ဘာလဲဗျ" လို့မေးလိုက်တယ်လို့ ဆိုပါစို့ဗျာ။ NOTE Paragraph 00:00:09.000 --> 00:00:13.000 နောက်ပြီး ခင်ဗျားဖြေလိုက်တာက "စိတ်တော့မကောင်းဘူးဗျာ။ ဒါက အုတ်(က်)လမ်း၊ ဟိုဟာက အန်းလ်(မ်)လမ်း။ 00:00:13.000 --> 00:00:15.000 ဒါက(၂၆)လမ်း၊ ဟိုဟာက )၂၇)လမ်းပါ" လို့လေ။ NOTE Paragraph 00:00:15.000 --> 00:00:17.000 သူပြောတာက "ကောင်းပါပြီဗျာ။ ဟို အဆောက်အဦကြီးရဲ့ နာမည်ကဘာလဲဗျ"တဲ့။ NOTE Paragraph 00:00:17.000 --> 00:00:20.000 ခင်ဗျားက "ဟုတ်ပါပြီဗျာ၊ အဆောက်အဦးတွေမှာ နာမည်တွေ မရှိဘူးဗျ။ 00:00:20.000 --> 00:00:22.000 အဆောက်အဦတွေဆိုတာဟာ လမ်းတွေကြားမှာရှိတဲ့ 00:00:22.000 --> 00:00:24.000 အမည်ပေးမထားတဲ့ နေရာလွတ်တွေပါဗျာ" လို့ပြောလိုက်တယ်။ NOTE Paragraph 00:00:24.000 --> 00:00:28.000 သူထွက်သွားတယ်၊ နည်းနည်း စိတ်ရှုပ်ထွေးသွားပြီး စိတ်ပျက်လက်ပျက်နဲ့ပေါ့ဗျာ။ NOTE Paragraph 00:00:28.000 --> 00:00:31.000 ကဲ အခုတော့ ခင်ဗျားဟာ ဂျပန်မှာရှိတဲ့ တစ်နေရာရာက လမ်းတစ်ခုပေါ်မှာ ရပ်နေပြီး 00:00:31.000 --> 00:00:33.000 ခင်ဗျားဘေးနားမှာရပ်နေသူဘက်ကို လှည့်ပြီး NOTE Paragraph 00:00:33.000 --> 00:00:35.000 "တစ်ဆိတ်လောက်ဗျာ၊ ဒီလမ်းရဲ့ နာမည်က ဘာလဲဗျ" လို့မေးလိုက်တယ် ဆိုပါတော့ဗျာ။ NOTE Paragraph 00:00:35.000 --> 00:00:39.000 သူတို့ပြောတာက " အိုး၊ ကောင်းပါပြီ၊ ဟိုအဆောက်အဦက နံပါတ်(၁၇)၊ ဒီအဆောက်ဦက နံပါတ်(၁၆)ပါ"တဲ့။ NOTE Paragraph 00:00:39.000 --> 00:00:42.000 ဒီတော့ ခင်ဗျားက "ကောင်းပါပြီ၊ ဒီလမ်းရဲ့ နာမည်က ဘာလဲဗျ" လို့ပြောလိုက်တယ်။ NOTE Paragraph 00:00:42.000 --> 00:00:44.000 နောက်ပြီး သူတို့ပြောလိုက်တာက "ဟုတ်ပါပြီဗျ၊ 00:00:44.000 --> 00:00:46.000 လမ်းတွေမှာ နာမည်တွေမရှိကြဘူးဗျ၊ 00:00:46.000 --> 00:00:50.000 ဒီမှာ ဂူးဂဲ(လ်)မြေပုံကို ကြည့်လိုက်ပါဦး။ အဆောက်အဦ နံပါတ် (၁၄)၊(၁၅)၊(၁၆)၊(၁၇)၊(၁၈)(၁၉)။ 00:00:50.000 --> 00:00:52.000 ဒီအဆောက်အဦတွေ အကုန်လုံးမှာ နာမည်တွေရှိတယ်ဗျ။ 00:00:52.000 --> 00:00:56.000 လမ်းတွေဆိုတာကတော့ အဆောက်အဦတွေကြားက အမည်ပေးမထားတဲ့ နေရာလပ်တွေပဲဗျို့"လို့လေ။ NOTE Paragraph 00:00:56.000 --> 00:00:59.000 ဒီအချိန်မှာ ခင်ဗျားပြောလိုက်တာက "ကောင်းပြီလေ၊ ဒီလိုဆိုရင် ခင်ဗျားရဲ့ အိမ်လိပ်စာကို ခင်ဗျား ဘယ်လိုသိနိူင်မလဲဗျ"လို့ပေါ့။ NOTE Paragraph 00:00:59.000 --> 00:01:02.000 သူပြောတာကတော့ "ကောင်းပြီဗျာ၊ ဒါက အလွယ်လေးပါ၊ဒါက အမှတ်(၈)ခရိုင်၊ 00:01:02.000 --> 00:01:05.000 တိုက်အမှတ်(၁၇)၊ အိမ်အမှတ် (၁)လေဗျာ"တဲ့။ NOTE Paragraph 00:01:05.000 --> 00:01:07.000 ခင်ဗျားပြောလိုက်တာက "ကောင်းပါပြီ၊ ဒါပေမဲ့ အနီးပတ်ဝန်းကျင်တစ်ဝိုက် လမ်းလျှောက်သွားတုန်း 00:01:07.000 --> 00:01:09.000 ကျွန်တော် သတိထားမိခဲ့တာကတော့ဗျာ အိမ်နံပါတ်တွေက အစဉ်လိုက်မဟုတ်ဘူးဗျ"လို့ပေါ့။ NOTE Paragraph 00:01:09.000 --> 00:01:12.000 သူပြောတာက ဟာဗျာ အစဉ်လိုက်ပါဗျ။ သူတို့ဆောက်ခဲ့တဲ့ အစဉ်အတိုင်းသွားပါတယ်ဗျာ။ 00:01:12.000 --> 00:01:15.000 အဆောက်ဦအကွက်တစ်ခုပေါ်မှာ အရင်ဆောက်ခဲ့တဲ့ အိမ်က အိမ်နံပါတ်(၁)ပေါ့ဗျ။ 00:01:15.000 --> 00:01:18.000 ဒုတိယဆောက်ခဲ့တဲ့ အိမ်က အိမ်နံပါတ်(၂)လေဗျာ။ 00:01:18.000 --> 00:01:20.000 တတိယကတော့ နံပါတ် (၃)ပေါ့ဗျာ။ လွယ်ပါတယ်ဗျာ။ အရှင်းကြီးပဲဟာကို။ NOTE Paragraph 00:01:20.000 --> 00:01:23.000 ဒီတော့ဗျာ၊ ကျွန်တော်နှစ်သက်မိတာက တစ်ခါတစ်လေကျတော့ 00:01:23.000 --> 00:01:25.000 ကမ္ဘာကြီးရဲ့ ဆန့်ကျင်ဘက်အခြမ်းကို သွားဖို့လိုအပ်တယ်ဆိုတာကိုပါ။ 00:01:25.000 --> 00:01:27.000 ကျွန်တော်တို့မှာရှိနေခဲ့တယ်ဆိုတာကိုတောင် မသိခဲ့တဲ့ ယူဆချက်တွေကို နားလည်သဘောပေါက်ဖို့အတွက် 00:01:27.000 --> 00:01:30.000 ပြီးတော့ ဒါတွေရဲ့ ဆန့်ကျင်ဘက်တွေဟာလည်း မှန်ကန်ကောင်း မှန်ကန်နိုင်တယ်ဆိုတာကို နားလည်သဘောပေါက်ဖို့အတွက်ပေါ့ဗျာ။ NOTE Paragraph 00:01:30.000 --> 00:01:32.000 ဒီတော့ ဥပမာအနေနဲ့ပေါ့ဗျာ၊ တရုတ်ပြည်မှာ 00:01:32.000 --> 00:01:35.000 သူတို့ရဲအလုပ်ဟာ ခင်ဗျားတို့ကို ကျန်းမာစေဖို့ လို့ ယုံကြည်ကြတဲ့ ဆရာဝန်တွေရှိပါတယ်။ 00:01:35.000 --> 00:01:37.000 ခင်ဗျားအနေနဲ့ ကျန်းကျန်းမာမာနဲ့ရှိတဲ့ လတွေမှာ သူတို့ကို ငွေပေးကြပြီး၊ 00:01:37.000 --> 00:01:39.000 ခင်ဗျား နေမကောင်းဖြစ်တဲ့အခါမှာ သူတို့ကို ခင်ဗျား ပေးဖို့မလိုဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပျက်ကွက်လို့လေ။ 00:01:39.000 --> 00:01:41.000 ခင်ဗျား ကျန်းမာတဲ့အချိန်မှာ သူတို့ ချမ်းသာနေကြပါတယ်၊ နေမကောင်းတဲ့ အချိန်မှာ မဟုတ်ဘူးနော်။ 00:01:41.000 --> 00:01:44.000 (လက်ခုပ်သံများ) NOTE Paragraph 00:01:44.000 --> 00:01:46.000 ဂီတအများစုမှာ ပထမ စည်းချက်ကို 00:01:46.000 --> 00:01:50.000 အကျစည်းချက်အဖြစ် ကျွန်တော်တို့မှတ်ယူကြပါတယ်။ တေးသွားရဲ့ အစမှာ ၁၊၂၊၃၊၄။ 00:01:50.000 --> 00:01:52.000 ဒါပေမဲ့ အနောက်အာဖရိက ဂီတမှာကျတော့ "တစ်" ဆိုတာကို 00:01:52.000 --> 00:01:54.000 တေးသွားရဲ့ အဆုံးသတ်အဖြစ် ယူမှတ်ကြပါတယ်။ 00:01:54.000 --> 00:01:56.000 ဝါကျတစ်ကြောင်းအဆုံးက ပုဒ်မလိုပဲပေါ့။ 00:01:56.000 --> 00:01:58.000 ဒီတော့ ဒါကို ခင်ဗျားတို့ တေးသွားထဲမှာတင် ကြားတာမဟုတ်ပဲ သူတို့ ဂီတစည်းချက်ရေတွက်ပုံလည်းပါပါတယ်။ 00:01:58.000 --> 00:02:01.000 နှစ်၊ သုံး၊ လေး၊ တစ်။ NOTE Paragraph 00:02:01.000 --> 00:02:04.000 နောက်ပြီး ဒီမြေပုံလည်းပဲ တိကျပါတယ်ဗျာ။ 00:02:04.000 --> 00:02:06.000 (ရယ်သံများ) NOTE Paragraph 00:02:06.000 --> 00:02:09.000 ဆိုရိုးလေးတစ်ခုရှိတာကတော့ "အိန္ဒိယနိူင်ငံနဲ့ ပတ်သက်ပြီး ဘာပဲဖြစ်ဖြစ် ၏ 00:02:09.000 --> 00:02:11.000 သင်ပြောနိူင်သမျှ ဖြစ်ရပ်မှန်ဟာ ဆန့်ကျင်ဘက်အနေနဲ့လည်းမှန်ပါတယ်"တဲ့။ 00:02:11.000 --> 00:02:13.000 ဒါကြောင့်မို့လို့ TED မှာပဲဖြစ်ဖြစ်၊ တခြားဘယ်နေရာမှာပဲဖြစ်ဖြစ် 00:02:13.000 --> 00:02:16.000 ခင်ဗျားမှာ ရှိသမျှ၊ ကြားသမျှ ထူးခြားပြောင်မြောက်တဲ့ ဘယ်စိတ်ကူးတွေမဆိုပေါ့ဗျာ၊ 00:02:16.000 --> 00:02:18.000 ဆန့်ကျင်ဖက်အနေနဲ့လည်း မှန်နေနိူင်တယ်ဆိုတာကို မမေ့ကြပါနဲ့ဗျာ။ 00:02:18.000 --> 00:02:20.000 ကျေးဇူးအများကြီးတင်ပါတယ်။