တသီးတသန့်နေတတ်သူတစ်ဦးဖြစ်ခြင်းဟာ ကောင်းတဲ့အရာတစ်ခုပါ။ Crystal Robello | TEDxStMaryCSSchool
-
0:09 - 0:12ဒီနေ့ ဒီနေရာမှာ ကျွန်မ
မဟုတ်တာမျိုး ဖြစ်ဖို့ ကြိုးစားနေတယ်။ -
0:13 - 0:16အခုဆို အဲဒါကို ကျွန်မ ကြိုးစား
နေခဲ့တာ နှစ်နှစ်ကြာသွားပါပြီ။ -
0:16 - 0:19TED Talk တစ်ခုရေး၊
ကျွန်မစိတ်ကူးတွေကို မျှဝေ၊ -
0:19 - 0:21ဒီလိုလူစုကြီးရှေ့မှာဟောပြောဖို့ပါ။
-
0:22 - 0:26သင်တို့အတော်များများ တွေးနေမိလောက်တာကို
သိပါတယ် "သူ နည်းနည်း ရှက်နေပုံပဲ။" -
0:26 - 0:28ဖြစ်နိုင်တာက "သူက လွယ်လွယ်နဲ့
ကြောက်ရွံ့တာ ဖြစ်လောက်တယ်။" -
0:29 - 0:34ဟုတ်ကဲ့၊ အားလုံး ရာနှုန်းပြည့်မှန်ပါတယ်၊
ဒါပေမဲ့ ဘာလို့လဲ။ -
0:34 - 0:38ရိုးရိုးလေး ဖြေရရင့်၊
ကျွန်မက တသီးတသန့်နေတတ်သူပါ။ -
0:38 - 0:40ဒီတော့ တသီးတသန့်နေတတ်သူဆိုတာ ဘာလဲ။
-
0:40 - 0:44တသီးတသန့်နေတတ်သူက တိတ်ဆိတ်
သူ၊ စကားအများကြီး ပြောတာ မကြိုက်သူပါ၊ -
0:44 - 0:46သူ့အတွေးတွေကို အများစု
သူတို့ဘာသာ သိမ်းထားချင်သူပါ။ -
0:46 - 0:50အိမ်ကိုပြန်၊ အနားယူကာ တွေးဖို့
အချိန်ရှိတဲ့လူမျိုးပါ။ -
0:50 - 0:54ဒါပေမဲ့ ဖော်ရွေ၊ ရွှင်ပျတဲ့လူဟာ တသီးတသန့်
နေတတ်သူမဖြစ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ -
0:54 - 0:57သူတို့ဘာသာရှိဖို့ တိတ်ဆိတ်တဲ့အချိန်ကို
နှစ်သက်နေသရွေ့ -
0:57 - 1:00အတိုင်းအတာတစ်ခုအထိတော့
တသီးတသန့်နေတတ်သူပါ။ -
1:01 - 1:03ဒီတော့ ဒီဟောပြောချက်မှာ
ပြောချင်တဲ့ အဓိကအရာက -
1:03 - 1:07တသီးတသန့်နေတတ်သူဖြစ်တာဟာ
မှားယွင်းတာမရှိဘူးဆိုတာပါ။ -
1:07 - 1:10ဒါပေမဲ့လည်း လူအဖွဲ့အစည်းက
ဒီလို မမြင်ကြဘူး။ -
1:10 - 1:14လူ့အဖွဲ့အစည်းက တသီးတသန့်နေတတ်သူ
ဖြစ်တာဟာ အဆိုးဆုံးအရာဖြစ်နိုင်ပြီး -
1:14 - 1:16လူတိုင်းဟာ ဘွင်းဘွင်းဖြစ်ချင်သင့်တာလို့
ကျွန်မတို့ကိုသင်ပေးတယ်။ -
1:16 - 1:21ဖော်ရွေ၊ ရွှင်ပျတာဟာ ကောင်းပြီး ရှက်တာ၊
နှုတ်ဆိတ်တာဟာဆိုးတယ်လို့ အပြောခံရတယ်။ -
1:22 - 1:25မူလတန်းကျောင်းမှာ လက်တွေထောင်၊
အတန်းမှာ ပါဝင်ဆွေးနွေး၊ -
1:25 - 1:29မဟုတ်ရင် အမှတ်လျှော့မယ်လို့
အပြောခံရတယ်။ -
1:29 - 1:33နှစ်စဉ် မိဘ၊ ဆရာ တွေ့ဆုံပွဲတွေမှာ
ကျွန်မမိဘတွေ ကြားကြားနေရတာက -
1:33 - 1:36"ရှင့်သမီးက သိပ်ရှက်တတ်တယ်၊
ပို ပွင့်ပွင့်လင်းလင်းပြောဖို့လိုတယ်။" -
1:37 - 1:40ကျွန်မရဲ့သဘောထားကို ဖြစ်နိုင်သမျှ
မျှဝေဖို့ အပြောခံရတယ်။ -
1:40 - 1:44တသီးတသန့်သမားဆိုတော့
ရယူဖို့ အတော် ခက်ခဲတဲ့ စံတွေပါ။ -
1:44 - 1:48ဒါကြောင့် TED Ed Club မှာ လွန်ခဲ့တဲ့
နှစ်နှစ်က ပါဝင်ခဲ့တယ်။ -
1:48 - 1:52ကျွန်မ မရှက်တတ်ဘူးဆိုတာ ကိုယ်တိုင်သာမက
လူတိုင်းကို သက်သေပြဖို့ပါ။ -
1:52 - 1:55လူတိုင်းလုပ်နေသလိုပဲ
ဟောပြောချက်တစ်ခု ကျွန်မရေးနိုင်တယ်။ -
1:55 - 1:57သိပ် မကြီးကျယ်ပါဘူး။
-
1:58 - 2:02ပြဿနာ နည်းနည်က ဟောပြောချက်
မရေးဖူးတာပါ။ -
2:03 - 2:06ကျွန်မ ဒီကမ္ဘာနဲ့ မျှဝေချင်စိတ်ရှိတဲ့
တကယ် ထက်သန်တဲ့ -
2:06 - 2:09အကြောင်းအရာက
စိတ်ကူးမှာ ပေါ်မလာနိုင်ခဲ့ဘူး၊။ -
2:10 - 2:11အစည်းအဝေးတိုင်း ကျွန်မတက်ပြီး
-
2:11 - 2:14ရွယ်တူတွေ သူတို့ဟောပြောချက်တွေ
ဆက်လက်ချဲ့ထွင်တာ ကြည့်တယ်၊ -
2:14 - 2:17ကျွန်မကိုကျွန်မ အားမလိုအားမရဖြစ်ခဲ့တယ်။
-
2:17 - 2:21ဘာလို့ သူတို့က စိတ်ကူးတွေကို အစောကြီး
မျှနိုင်ပြီး ငါကျတော့ တစ်ခုမှပေါ်မလာတာလဲ။ -
2:21 - 2:26အခု ပြန်ကြည့်လိုက်တော့
ကျွန်မမှာ ထက်သန်မှုတွေ ရှိတာသိတယ်။ -
2:26 - 2:30လောကအမြင်တွေရှိတယ်၊
ထင်မြင်ချက်တွေရှိတယ်။ -
2:30 - 2:34တသီးတသန့်နေသူဖြစ်လို့
တစ်ခုကိုမှ မမျှဝေချင်ခဲ့တာပဲ။ -
2:35 - 2:37ဒါပေမဲ့ ဒါနဲ့ပတ်သက်ပြီး မှားနေလို့လား။
-
2:38 - 2:43စာရင်းတွေအရ အမေရိကန်လူဦးရေရဲ့ ၅၀ %
ဟာ တသီးတသန့် နေတတ်သူတွေ ဖြစ်ကြတယ်။ -
2:43 - 2:49ဒီတော့ လူမှုအဖွဲအစည်းက အမေရိကန် ၅၀ %
လူသန်း ၁၆၀ ခန့်ကို ပြောနေတာက -
2:49 - 2:51လက်ခံဖို့၊ အောင်မြင်ဖို့၊ ပျော်ရွှင်ဖို့
-
2:51 - 2:55သူတို့ဘယ်သူဖြစ်နေတာကို ပြောင်းဖို့လိုတယ်၊
-
2:55 - 2:56မှတ်ထားပါ၊
-
2:56 - 2:59တသီးတသန့်နေသူတွေရဲ့ ဒီအုပ်စုကြီးထဲမှာ
ဒီလိုလူတွေပါပါတယ်၊ -
2:59 - 3:06Elton John, Emma Watson, Michael Jordan,
89. Audrey Hepburn, Albert Einstein -
3:06 - 3:11ပြီးတော့ မယုံနိုင်အောင် စေ့ဆော်မှုပေးတဲ့
နောက်အများကြီးရှိပါသေးတယ်။ -
3:11 - 3:15ရည်မှန်းချက်တွေ အောင်မြင်ဖို၊
ပျော်ရွှင်ဖို့ တသီးတသန့်ဖြစ်တာက -
3:15 - 3:18ဒီလူတစ်ယောက်ယောက်ကို
တားဆီးခဲ့ဖူးတယ်လို့ထင်လား။ -
3:18 - 3:19မတားဆီးခဲ့ဖူးပါဘူး။
-
3:19 - 3:22သင်တို့အများအပြားဟာ
ခေါင်းဆောင်ဖြစ်နိုင်ရက်သားနဲ့ -
3:22 - 3:26ဘာလို့နောက်လိုက်ဖြစ်တာလဲလို့
တစ်လျှောက်လုံး အပြောခံခဲ့ဖူးလောက်တယ်။ -
3:26 - 3:30ဒါပေမဲ့ ခေါင်းဆောင်တိုင်းဟာ
နောက်လိုက်လိုတယ်ဆိုတာကျတော့ရော။ -
3:30 - 3:34ကနေဒါရဲ့ဝန်ကြီးချုပ် Mr. Justin Trudeau
ကို ကြည့်ပါ၊ -
3:34 - 3:37လူတွေရဲ့ထောက်ခံမှုမပါပဲ ဒီနေ့
သူ ဒီနေရာမှာ ရှိနိုင်မယ် ထင်လား။ -
3:38 - 3:42နောက်လိုက်တွေက မှန်ကန်တဲ့ ခေါင်းဆောင်ကို
ပြဌာန်းပေးတာကြောင့် လူတိုင်းသာ -
3:42 - 3:46ခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားနေရင်
အစစ်အမှန် အောင်မြင်မှာမဟုတ်ဘူး။ -
3:47 - 3:50ဒါပေမဲ့ တသီးတသန့်နေသူဟာ
ခေါင်းဆောင်မဖြစ်နိုင်ဘူး ပြောဖို့မဟုတ်ပါ။ -
3:50 - 3:55Abraham Lincoln, Rosa Parks နဲ့
Gandh ကိုကြည့်ပါ။ -
3:55 - 4:00မယုံနိုင်စရာ စေ့ဆော်ပေးတဲ့ ခေါင်းဆောင်တွေ၊
တသီးတသန့်နေသူတွေပါ။ -
4:01 - 4:03စီးပွားရေးလုပ်ငန်းခွင်မှာ
-
4:03 - 4:06ကုမ္ပဏီတစ်ခုရဲ့ CEO က
တသီးတသန့်နေသူကို ကြည့်ပြီး ပြောမှာက -
4:06 - 4:10"သူတို့ စိတ်ကူးတွေကို မမျှဝေတော့ဘူဆိုရင်
ကျုပ်အတွက် အသုံးမကျတော့ဘူး။" -
4:10 - 4:11ကဲ၊ ဘာဆိုတာ မှန်းကြည့်ပါလား။
-
4:11 - 4:13ဒီကုမ္ပဏီတွေဟာ အခွင့်ကောင်းလွတ်နေတယ်။
-
4:14 - 4:18တသီးတသန့်နေတတ်သူတွေဟာ
အုပ်စုလေးတွေနဲ့ တဦးချင်းမှာ -
4:18 - 4:21စွယ်စုံရ၊ တာဝန်သိတတ်ပြီး အလုပ်
ကောင်းကောင်းလုပ်တယ်လို့ သိထားကြတယ်။ -
4:22 - 4:25ဒီတော့ တသီးတသန့်နေသူဖြစ်ခြင်းဟာ
ဒါကို မှန်ကန်စွာ မြင်နေသရွေ့တော့ -
4:25 - 4:27သင်ဘယ်လို ပျော်ရွှင်ပုံမယ်၊ အောင်မြင်မယ်
-
4:27 - 4:30ဆိုတာအပေါ် သက်ရောက်မှုမရှိဘူး။
-
4:30 - 4:32သင့်ကိုယ်သင် တသီးတသန့်နေသူလို့မြင်ပြီး
-
4:32 - 4:34ဒါဟာ လောကမှာ အဆိုးဆုံး အရာလို့ထင်ရင်တော့
-
4:34 - 4:37ဘယ်တော့မှ သင့်ကိုယ်သင်
ပျော်ရွှင်တော့မှာ မဟုတ်ဘဲ -
4:37 - 4:40လူ့အဖွဲ့အစည်းနဲ့ ကိုက်ညီဖို့
အတောမသတ် ပြောင်းလဲဖို့ကြိုးစားနေရမှာပါ။ -
4:41 - 4:44ဒါပေမဲ့ တသီးတသန့်နေသူလို့
ကိုယ့်ကိုယ်ကို လက်ခံကာ ပျော်တယ်ဆိုရင် -
4:44 - 4:46သင့်ရည်မှန်းချက်တွေ
-
4:46 - 4:49အောင်မြင်ဖို့နဲ့ သင်လိုချင်တာရဖို့
ဘာမှခက်မှာမဟုတ်ပါ။ -
4:50 - 4:55အားလုံးခြုံကြည့်ရင် တသီးတသန့်နေသူ
ဖြစ်ခြင်းမှာ လုံးဝ အမှာအယွင်းမရှိဘူး။ -
4:55 - 4:56လူမှုအဖွဲ့အစည်းက ဘာပြောပြော
-
4:56 - 5:01သင်ဘယ်သူဆိုတာကို ပြောင်းဖို့မလိုဘူး၊
တသီးတသန့်နေသူဖြစ်တာဟာ ထူးကဲလို့ပါ။ -
5:01 - 5:04အဆုံးမသတ်ခင် Quiet ဆိုတဲ့ စာအုပ်မှ
ကိုးကားချက်နဲ့နိဂုံးချုပ်ချင်တယ်။ -
5:04 - 5:07Susan Cain ရဲ့ ပြောဆိုတာ တားမရနိုင်တဲ့
ကမ္ဘာတစ်ခုထဲက -
5:07 - 5:10တသီးတသန့်နေသူတွေရဲ့အစွမ်းပါ။
-
5:10 - 5:14ဘဝအတွက် လျှို့ဝှက်ချက်က မှန်ကန်တဲ့
အလင်းရောင်မှာ သင့်ကိုယ်သင်ထားဖို့ပါ။ -
5:14 - 5:19တစ်ချို့အတွက် Broadway မီးမောင်းတစ်ခုပါ၊
အခြားသူတွေအတွက် မီးထွန်းထားတဲ့ စာရေးခုံပါ။ -
5:19 - 5:24ဒီတော့ နောက်တစ်ခါ သိပ်အများကြီး
မပါဝင်တဲ့ အတန်းရဲ့နောက်ဘက်မှာ -
5:24 - 5:26တိတ်နေတဲ့ ကလေးကိုမြင်ရင်
-
5:26 - 5:27သင်တို့ကို တွေးကြည်စေချင်တာက
-
5:27 - 5:31"နောက်ထပ် ဘယ်ကြီးမြတ်တဲ့ အရာတွေကို
သူတို့ တွေးမိကြမှာပါလိမ့်"လို့ပါ။ -
5:31 - 5:32ကျေးဇူးတင်ပါတယ်။
-
5:32 - 5:34(လက်ခုပ်သံများ)
- Title:
- တသီးတသန့်နေတတ်သူတစ်ဦးဖြစ်ခြင်းဟာ ကောင်းတဲ့အရာတစ်ခုပါ။ Crystal Robello | TEDxStMaryCSSchool
- Description:
-
ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx
တွင် ပိုလေ့လာနိုင်ပါတယ်။
အမေရိကန်လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းဟာ တသီးတသန့်နေတတ်သူများ ဖြစ်ကြပါတယ်။ သိုပေမဲ့လည်း လူမှုအဖွဲ့အစည်းဟာ ဒီစကာလုံးအပေါ်မှာ အပျက်သဘော အမည်းစက်တစ်ခုတင်ထးကြပါတယ်။ Crystal Robello ကနေပြီး သူမရဲ့ဟောပြောချက်မှာ ၁၂ တန်း ကျောင်းသူ ယနေ့လူ့အဖွဲအစည်းမှာ တသီးတသန့်နေတတ်သူ တစ်ဦးဖြစ်ခြင်းရဲ့ ရုန်ကန်မှုတွေပေါ်က ထိုးထွင်အမြင်နဲ့အတူ ဒါနဲ့ပတ်သက်ပြီး မှားယွင်းမှုမရှိတာကို ပြသဖို့ အကြောင်းပြချက်တွေကိုလည်း ပေးထားပါတယ်။ သူမကနေပြီး တသီးတသန့်နေတတ်သူတွေရဲ့ ရှုထောင့်တွေကို အပျက်သဘောမေးနေကြတာကို စိန်ခေါ်ထားပြီး အပျက်သဘော ဆောင်တာတွေမရှိဘူးဆိုတာ သက်သေပြဖို့ ကြိုးစားထားပါတယ်။ Crystal ဟာ ကိုယ်ကိုယ်တိုင်ရဲ့ အရှိအတိုင်းကို လက်ခံကြဖို့ အခြားသူတွေတွေကို စေ့ဆော်ပေးဖို့ မျှော်လင့်ပါတယ်။ - Video Language:
- English
- Team:
closed TED
- Project:
- TEDxTalks
- Duration:
- 05:42
![]() |
sann tint approved Burmese subtitles for Being an Introvert is a Good Thing | Crystal Robello | TEDxStMaryCSSchool | |
![]() |
Myo Aung accepted Burmese subtitles for Being an Introvert is a Good Thing | Crystal Robello | TEDxStMaryCSSchool | |
![]() |
Myo Aung edited Burmese subtitles for Being an Introvert is a Good Thing | Crystal Robello | TEDxStMaryCSSchool | |
![]() |
sann tint edited Burmese subtitles for Being an Introvert is a Good Thing | Crystal Robello | TEDxStMaryCSSchool | |
![]() |
sann tint edited Burmese subtitles for Being an Introvert is a Good Thing | Crystal Robello | TEDxStMaryCSSchool | |
![]() |
sann tint edited Burmese subtitles for Being an Introvert is a Good Thing | Crystal Robello | TEDxStMaryCSSchool | |
![]() |
sann tint edited Burmese subtitles for Being an Introvert is a Good Thing | Crystal Robello | TEDxStMaryCSSchool | |
![]() |
sann tint edited Burmese subtitles for Being an Introvert is a Good Thing | Crystal Robello | TEDxStMaryCSSchool |