“မျှော်လင့်ချက်က ဖိတ်ကြားနေတယ်” Tsutomu UEMATSU, TEDxSapporo
-
0:04 - 0:09(လက်ခုပ်သံများ)
-
0:13 - 0:14ဟုတ်ကဲ့ အားလုံးပဲ
-
0:14 - 0:16မင်္ဂလာပါ။
-
0:16 - 0:17(မင်္ဂလာပါ။)
-
0:17 - 0:19ခုမှပဲ စိတ်လှုပ်ရှားနေတာ ပြေသွားတော့တယ်။
-
0:20 - 0:22ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာက
-
0:22 - 0:24“မျှော်လင့်ချက်က ဖိတ်ကြားနေတယ်”
ဖြစ်ပါတယ်။ -
0:24 - 0:27ကျွန်တော် အလယ်တန်းကျောင်းတုန်းက
ကျွန်တော့်အမေ ပြောခဲ့တဲ့စကားပါ။ -
0:27 - 0:30“ကိုယ်မျှော်လင့်ရင် တကယ်ဖြစ်လာမယ်“
အဓိပ္ပါယ်ပါ -
0:30 - 0:32မျှော်လင့်ချက်ကို မဆုံးရှုံးမိရန်
အရေးကြီးပါတယ်။ -
0:32 - 0:36ဒီဟောပြောချက်ဖြင့် မိတ်ဆွေ
ဖြစ်လာကြမယ်ဆိုရင် သိပ်ကောင်းမှာပါ့။ -
0:36 - 0:39ကျွန်တော်တို့ မိတ်ဆွေတွေ ဖြစ်လာမယ်လို့
မျှော်လင့်ပါတယ်။ -
0:39 - 0:43လွန်ခဲ့တဲ့ ၄၇ နှစ်တုန်းက
ကျွန်တော့်ကို မွေးဖွားခဲ့ပါတယ်။ -
0:43 - 0:44ကျွန်တော့် နာမည်က Uematsu Tsutomu ပါ။
-
0:44 - 0:48ကျွန်တော်ဟာ ဟော့ကိုင်းဒိုး အလယ်ပိုင်းရှိ
အာကဘိရ မြို့မှာ -
0:48 - 0:51ကျွန်တော့ တစ်သက်တာမှာ ပထမဦးဆုံး
ကုမ္ပဏီကို လုပ်ကိုင်နေပါတယ်။ -
0:51 - 0:54ကျွန်တော်တို့ဟာ စွန့်ပစ်ပစ္စည်း
ပြန်ပြီးသုံးရန် -
0:54 - 0:57လျှပ်စစ်သံလိုက်တွေကို ထုတ်လုပ်ကြပါတယ်။
-
0:57 - 1:00အာကာသ ဒုံးပျံများကိုလည်း ထုတ်လုပ်နိုင်တယ်။
-
1:00 - 1:03ကျွန်တော်တို့ဟာ ဒုံးပျံများကို
အပြည့်အစုံ ဆောက်လုပ်လျက် -
1:03 - 1:06ဂြိုလ်တုတွေကို ဖန်တီးပြီး အာကာသသို့
-
1:06 - 1:10လွှတ်တင်နိုင်တဲ့
ကျွမ်းကျင်မှုတွေ ရှိပါတယ်။ -
1:10 - 1:13ကျွန်တော်တို့ဆီမှာ ရှိတဲ့ စမ်းသပ်ရေး
ကိရိယာ ဆိုရင် -
1:13 - 1:16တကမ္ဘာလုံးမှာ လေးလုံးသာ ရှိတဲ့အထဲက
ဂျပန်နိုင်ငံထဲက တစ်လုံးပါ။ -
1:16 - 1:20၎င်းဟာ ကမ္ဘာ့ဆွဲငင်အားကို သုညဖြစ်အောင်
လုပ်နိုင်ရာ အာကာသထဲက အတိုင်းပါပဲ။ -
1:20 - 1:23အဲဒါကို ဘယ်မှာမှ ဝယ်မရနိုင်ခဲ့လို့
ကိုယ့်ဘာသာ တီထွင်ခဲ့ကြရပါတယ်။ -
1:23 - 1:27ဒါပေမဲ့ အာကာသ အင်ဂျင်နီယာ လုပ်ငန်းဟာ
ကျွန်တော့ စိတ်ကူးမဟုတ်ခဲ့ပါဘူး။ -
1:27 - 1:30ဒါတွေက ကျွန်တော့်အတွက် စိတ်ကူး
အကောင်အထည်ဖော်ရေး နည်းလမ်းတွေပါ။ -
1:31 - 1:35လွန်ခဲ့တဲ့ ၄၇ နှစ်တုန်းက
ကျွန်တော့်ကို မွေးခဲ့ပါတယ်။ -
1:35 - 1:39ငယ်ငယ်တုန်းက အဖွားက ကျွန်တော့်ကို
အဖိုးတန် စကားကို ပြောခဲ့ပါတယ်။ -
1:39 - 1:43ဟော့ကိုင်းဒိုးမြောက်ပိုင်းရှိ
ဆာခါလင် ကျွန်းမှာ အဖွားဟာ -
1:43 - 1:45ကားကုမ္ပဏီ တစ်ခုထောင်ထားပြီး
-
1:45 - 1:48ကြိုးစားလုပ်ခဲပြီး အတော်ကြာလာတော့
ငွေစုဆောင်းမိခဲ့ပါတယ်။ -
1:48 - 1:53ဒါပေမဲ့ ၁၉၄၅ ခုနှစ်မှာ ဆိုဗီယက်တပ်တွေ
ရုတ်တရက် ဆာခါလင်ကို တိုက်ခဲ့ကြတယ်။ -
1:53 - 1:54လူအတော်များများ အသတ်ခံလိုက်ကြရတယ်။
-
1:54 - 1:56အဖွားရဲ့ စုငွေတွေဟာလည်း
-
1:56 - 1:59စက္ကူစုတ်အဖြစ်ကို ရောက်သွားတာကို
အဖွားက နားလည်လိုက်တယ်။ -
1:59 - 2:02ဒါကြောင့် အဖွားက ငယ်သေးတဲ့
ကျွန်တော့် ပြောခဲ့တာက၊ -
2:02 - 2:04“ငွေဆိုတာ အဓိပ္ပါယ်မရှိဘူး၊
တန်ဘိုးပြောင်းနိုင်တယ်။ -
2:04 - 2:06ငွေရှိရင် မစုဘဲနဲ့ စာအုပ်တွေကို ဝယ်။
-
2:06 - 2:08ကိုယ်ဖတ်ရသမျှကို မှတ်ထား။
-
2:08 - 2:10အဲဒါကို ဘယ်သူကမှ မင်းထံမှ မယူနိုင်ဘူး။
-
2:10 - 2:12ဒါက အသစ်တစ်ခု ဖြစ်ပေါ်လာမှာပါ။”
ဆိုပြီး သင်ခဲ့တယ်။ -
2:12 - 2:15အဲဒီလိုနည်းနဲ့ ကျွန်တော်ဟာ
စာဖတ် ဝါသနာကြီးသူ ဖြစ်လာတယ်။ -
2:15 - 2:17ကျွန်တော့ဆီမှာ သိပ်ချစ်တဲ့
အဖိုးလည်း ရှိခဲ့ပါတယ်။ -
2:17 - 2:20ထောင်ထောင်မောင်းမောင်းနဲ့
ကြင်နာတတ်တဲ့အဖိုးပါ။ -
2:20 - 2:22ကျွန်တော်နဲ့အဖိုးရဲ့ အမှတ်ရဆုံး
ဖြစ်ရပ်ကတော့ -
2:22 - 2:24အပိုလို အာကာသယာဉ် လပေါ် ဆင်းတာကို
-
2:24 - 2:26သူနဲ့အတူတူ တီဗွီကြည့်ခဲ့ရခြင်းပါပဲ။
-
2:26 - 2:28မကြုံစဖူး ပုံစံမျိုးနဲ့
အဖိုးပျော်ရွှင်နေတာ မှတ်မိတယ်။ -
2:28 - 2:30“ကြည့်စမ်း…ကြည့်စမ်းမြေး။
-
2:30 - 2:32“ကြည့်စမ်း…ကြည့်စမ်းမြေး။
-
2:32 - 2:33လူတွေ လပေါ်ကို ရောက်ပြီကွ။
-
2:33 - 2:35မင်းလည်း အဲဒါကို လုပ်နိုင်တာပေါ့”
-
2:35 - 2:37ဆိုပြီး သိပ်ကို ပျော်နေခဲ့ပါတယ်။
-
2:37 - 2:40သူအဲ့လောက် ပျော်တာကို
တစ်ခါမှ မတွေ့ဖူးခဲ့တော့ -
2:40 - 2:42သူ ပြုံးနေတာကို ထပ်ပြီး
တွေ့ချင်မိခဲ့ပါတယ်။ -
2:42 - 2:44အဲဒါနဲ့ ကျွန်တော် စာအုပ်ဆိုင်ကို
-
2:44 - 2:47သွားတိုင်းမှာ လေယာဉ်၊ ဒုံးပျံအကြောင်း
စာအုပ်တွေကို ယူလာတတ်တယ်။ -
2:47 - 2:50အဲ့လိုအချိန်မှာ အဖိုးက ကျွန်တော့်ခေါင်းကို
အသာပွတ်ပေးပြီး -
2:50 - 2:51ချီးမွမ်းတော့တယ်။
-
2:51 - 2:53အဖိုးပျော်တာကို တွေ့ချင်တာနဲ့ပဲ
ကျွန်တော်ဟာ -
2:53 - 2:56လေယာဉ်နဲ့ ဒုံးပျံတွေကို တက်မောင်းမယ်လို့
ထင်မိ ပါတယ်။ -
2:56 - 3:00အဲ့ဒီနောက်မှာ စာအုပ်ကောင်းတွေ
အမျိုးမျိုးကို ဖတ်ခဲ့ရပါတယ်။ -
3:00 - 3:04အလယ်တန်းရောက်တော့
ကျွန်တော့် စိတ်ကူးအိပ်မက်က -
3:04 - 3:07လေယာဉ်ပျံ၊ ဒုံးပျံနဲ့ဆိုင်တဲ့အလုပ်ကို
လုပ်မယ်ဆိုတာပါ။ -
3:07 - 3:09ကိုယ့်စိတ်ကူးနဲ့ ကြိုးပမ်း လေ့လာခဲ့ပါတယ်။
-
3:10 - 3:13ဒါပေမဲ့ ဆရာက ကျွန်တော့ကို ပြောခဲ့တာက၊
-
3:14 - 3:18“ဒီလို စိတ်ကူးယဉ်တွေ မပြောနဲ့၊
စာမေးပွဲဖြေနိုင်ဖို့ စာကျက်စမ်းပါ” -
3:18 - 3:20ကျွန်တော်က လေယာဉ်၊ ဒုံးပျံအကြောင်းကို
-
3:20 - 3:21စိတ်ဝင်တစား လေ့လာခဲ့ပေမဲ့
-
3:21 - 3:24ကျောင်းစာကို ပစ်ထားခဲ့ပြီး
ဘာမှ မလုပ်ခဲ့တာ အမှန်ပါပဲ။ -
3:24 - 3:26ဆရာက ထပ်ပြောပါသေးတယ်၊
-
3:27 - 3:30“အာကာသနဲ့ ဆိုင်တာမျိုးကို စတင်ရန်
-
3:30 - 3:33ကိုယ်က သိပ်ကို တော်ရန် လိုတဲ့အပြင်
အကုန်အကျ များတယ်။ -
3:33 - 3:34ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စမျိုးပဲ။
-
3:34 - 3:37မင်း လုပ်လို့ မရနိုင်ပါဘူး။” ပြောပါတယ်။
-
3:37 - 3:39ကျွန်တော် တော်တော့်ကို
ဝမ်းနည်းသွားတယ်။ -
3:39 - 3:41အဲဒီ့နောက် ကိုယ့်ကိုကို မေးမိတယ်။
-
3:42 - 3:44“အိပ်မက် ဆိုတာ ဘာပါလိမ့်။”
-
3:45 - 3:48ကိုယ်လုပ်နိုင်တာကိုပဲ ကျွန်တော်တို့
အိပ်မက်ရမှာလား။ -
3:48 - 3:51ဒါပေမဲ့ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာကို
အဆုံးအဖြတ် -
3:51 - 3:52အဆုံးအဖြတ်ပေးနိုင်လဲ ဆိုပြီးတွေးမိတယ်။
-
3:52 - 3:54စမ်းမကြည့်ဘဲ ဘယ်သူမှာ မသိနိုင်တဲ့ကိစ္စကို
-
3:54 - 3:58မလုပ်ဖူးသေးတဲ့ လူတွေက အဆုံးအဖြတ်ပေးတာ
ထူးဆန်း မနေပေဘူးလား။ -
3:59 - 4:02အခု ကိုယ်မလုပ်နိုင်တာကို
စိတ်ကူးအနေနဲ့ လိုက်စားသင့်လား။ -
4:02 - 4:04လိုက်စားသင့်တယ်လို့
ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ -
4:04 - 4:06ဒါပေမဲ့ သူတို့က သဘောတူကြပုံ မရဘူး။
-
4:06 - 4:09လူကြီးတွေကို ကျွန်တော် ကြောက်လန့်မိပါတယ်။
-
4:09 - 4:12“သိပ်မကြိုးစားဘူးဆိုရင်၊ ကျောင်း
ကောင်းကို ဝင်နိုင်မှာ မဟုတ်ဘဲ -
4:12 - 4:15အလုပ်ကောင်း ရမှာ မဟုတ်ဘူး။
မင်းတော်တော့ကို ခက်မယ်။” ဆိုတာမျိုး။ -
4:15 - 4:17ကျွန်တော် ကျောင်းမှာ အမှတ်မကောင်းခဲ့ပါဘူး။
-
4:17 - 4:19ဒီတော့ ကျွန်တော် စိတ်ပူပြီးမေးခဲ့ပါတယ်။
-
4:19 - 4:22“အလုပ်လုပ်ဖို့ ကောင်းတဲ့
ကုမ္ပဏီဆိုတာ ဘယ်လိုဟာလဲ။” -
4:22 - 4:24ဒီတော့ လူကြီးတွေက ပြန်ဖြေပါတယ်။
-
4:24 - 4:27စိတ်ချရပြီး သက်သက်သာသာနဲ့ လုပ်ကိုင်ရင်း
ငွေရှာရနိုင်တဲ့ကုမ္ပဏီ မျိုးပေါ့တဲ့။ -
4:28 - 4:30ကျွန်တော် နားမလည်နိုင်ခဲ့ပါဘူး။
-
4:30 - 4:35ကိုယ်က လေ့လာလေလေ ကိုယ့်စွမ်းရည်ဟာ
မြင့်တက်လာလေ ဖြစ်တယ်။ -
4:35 - 4:38ဒါပေမဲ့၊ ကျွန်တော် လေ့လာဖို့ လိုတာက
စွမ်းရည်ကို ပြန်သုံးရန်အတွက် မဟုတ်ဘဲ -
4:38 - 4:41သက်သက်သာသာ အလုပ်လုပ်ကိုင်ရန်
အတွက် ဖြစ်နေတယ်။ -
4:41 - 4:44ဒါနဲ့ စဉ်းစားမိတာက၊
“ကျွန်တော် စာကို သင်ဖို့ လိုသလား။” -
4:46 - 4:48ဒါပေမဲ့ ကိုယ့်မှာ ငွေရှိရင်
ကောင်းတဲ့ အရာတွေ ရယူနိုင်မယ်။ -
4:49 - 4:49ဥပမာ ဆိုပါစို့...
-
4:50 - 4:51(ရယ်မောသံများ)
-
4:51 - 4:52ကား အကောင်းစားကြီး။
-
4:53 - 4:55(လက်ခုပ်သံများ)
-
4:55 - 4:56အဲ့ဒါ ကျွန်တော့် ကားမဟုတ်ပါဘူး။
-
4:57 - 4:58အခြားသူရဲ့ ကားပါ။
-
4:58 - 5:01(ရယ်မောသံများ)
-
5:01 - 5:05ကိုယ်က သူဌေးမို့လို့
ဒီလိုကားမျိုး ဝယ်နိုင်လား။ -
5:06 - 5:08လုံးဝ....မဟုတ်ဘူး မဟုတ်လား။
-
5:08 - 5:11တစ်ယောက်ယောက်က ကြိုးစားအားထုတ်ပြီး
ဖန်တီးပေးလိုက်တဲ့ အဲဒီကားကို -
5:11 - 5:15ကျွန်တော်တို့ ငွေပေးချေပြီး ဝယ်နိုင်ပါတယ်။
-
5:15 - 5:16ပိုကောင်းတဲ့ ပစ္စည်းတွေထုတ်ရန်
-
5:16 - 5:19အားသွန်ခွန်စိုက် သုတေသနတွေလုပ်ပြီး
ကြိုးစားသူတွေ ရှိနေလို့ -
5:19 - 5:22ကျွန်တော်တို့အား ရောင်းနိုင်လို့
ကျွန်တော်တို့ ဝယ်ယူနိုင်တာပါ။ -
5:22 - 5:25တကယ်တော့ ငွေဟာ အရေးမကြီးပါ။
-
5:25 - 5:27ငွေစိုက်ထုတ်ရန် လိုတဲ့ စိတ်ကူးအိပ်မက်၊
-
5:27 - 5:30ငွေမရှိရင် ဖြစ်မလာနိုင်တဲ့ စိတ်ကူး
အိပ်မက်ဆိုတာဟာ -
5:30 - 5:34တကယ်တော့၊ တစ်ယောက်ယောက်က
ကမ်းလှမ်းတဲ့ ဝန်ဆောင်မှုမျှသာပါ။ -
5:34 - 5:36ကိုယ် အိပ်မက်လာခဲ့တာက အဲဒါပါပဲ။
-
5:36 - 5:41ပြီးတော့၊ တစ်ခုခု ကိုယ်ဘာသာ မလုပ်နိုင်ရင်
သူများ လုပ်ပေးမှာကို စောင့်ရတယ်။ -
5:41 - 5:44အဲဒါကြောင့်မို့ ကျွန်တော်တို့ဟာ
နေထိုင်ဖို့ ငွေတွေ တိုးတိုး လိုတယ်။ -
5:45 - 5:48ကောင်းပြီ၊ ကိုယ်က
အဲဒါကို စီမံနိုင်ပြီ ဆိုပါစို့။ -
5:48 - 5:49ကိုယ် လုပ်နိုင်တာ များလေလေ၊
-
5:49 - 5:51သူများကို တိုးတိုး ကူညီပေးနိုင်လေပါ။
-
5:51 - 5:53ကိုယ့်အလုပ်က အဲဒါ ဖြစ်နိုင်ပါတယ်။
-
5:53 - 5:57ကျွန်တော်တို့ အသက်ရှင် နေရခြင်းအတွက်
အရေးကြီးတဲ့ အချက်က -
5:57 - 6:00အရင်တုန်းက မလုပ်နိုင်ခဲ့တာတွေကို
နောက်ဆုံးမှာ လုပ်နိုင်ခြင်းပဲလို့ ထင်တယ်။ -
6:00 - 6:03အဲဒါဟာ ကျွန်တော်တို့ အတွက်
အံ့အားသင့်စရာ ဖြစ်နိုင်ပါတယ်။ -
6:03 - 6:06“အခု မလုပ်နိုင်သေးတာကို
လုပ်ဖို့ အားထုတ်မှု ကမှ -
6:06 - 6:08စိတ်ကူးအိပ်မက် ဖြစ်တယ်လို့
ကျွန်တော် ယုံကြည်တယ်။” -
6:12 - 6:15ကိုယ် သိပ်မက်မောတဲ့ အရာတွေကို
လိုက်လုပ်ရန် ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ -
6:16 - 6:19ဒါပေမဲ့၊ ကျွန်တော့် ဝန်းကျင်က ဘယ်သူမှ
သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ -
6:19 - 6:21မိဘတွေတောင် ကျွန်တော့ကို နားမလည်ခဲ့ကြပါ။
-
6:22 - 6:24“ဒါတွေလုပ်လို့ရမှာ မင်းသေချာရဲ့လား။”
-
6:24 - 6:25”အဲဒါ အဓိပ္ပါယ် မရှိဘူး၊ မဟုတ်လား။”
-
6:25 - 6:27”မင်းက ကြွားချင်တာလား။”
အပြောခံခဲ့ရတယ်။ -
6:27 - 6:29ကျွန်တော် အထီးကျန် ဖြစ်လာခဲ့ပါတယ်။
-
6:29 - 6:33ကိုယ်ကြိုက်တဲ့အကြောင်းကို သူများကို
ပြောမပြနိုင်ခဲ့ပါ။ -
6:33 - 6:36ဒါပေမဲ့၊ ကျွန်တော့်ကို ကူညီပေးခဲ့သူတွေ
ရှိခဲ့ကြပါတယ်။ -
6:36 - 6:39စာအုပ်ထဲက ပုဂ္ဂိုလ်တွေပါ။
-
6:39 - 6:42Wright ညီအကိုများ နဲ့ Edison တို့ပါ။
-
6:44 - 6:46ကျွန်တော့လိုပဲ သူတို့ကိုလည်း
ဘယ်သူမှ နားမလည်ခဲ့ကြပါ၊ -
6:46 - 6:48သူတို့ကို ကူပေးခဲ့သူ ဘယ်သူမှာမှ မရှိခဲ့ပါ။
-
6:48 - 6:51ဒါပေမဲ့၊ သူတို့ဟာ အစွမ်းကုန်
ကြိုးစားနေခဲ့ကြပါတယ်။ -
6:51 - 6:54အဲဒီလို ပုဂ္ဂိုလ်ကြီးတွေက
ကျွန်တော့်ကို ကူညီပေးခဲ့ကြတယ်။ -
6:54 - 6:56ဒါ့ကြောင့် ကျွန်တော် လက်မလျှော့ခဲ့ပါ။
-
6:56 - 6:58ကျွန်တော်ဟာ ကိုယ်ကြိုက်တာကို ပိုပို
နှစ်သက်လာလို့၊ -
6:58 - 7:00ကျွန်တော့ ကျွမ်းကျင်မှုတွေ တိုးလာခဲ့တယ်။
-
7:00 - 7:02ကျွန်တော်ဟာ စက္ကူပုံညှပ်တာ ကျွမ်းပါတယ်။
-
7:02 - 7:05ကျွမ်းကျင်မှု တိုးတက်အောင် ကြိုးစားရင်း
အရာတွေ အများကြီး လုပ်တတ်လာတယ်။ -
7:05 - 7:07ပစ္စည်းတွေ ထုတ်လုပ်လာနိုင်ပါတယ်။
-
7:07 - 7:11ပစ္စည်းတွေ ပြန်သုံးရန် လျှပ်စစ်သံလိုက်
ထုတ်မယ့် ကိုယ်ပိုင် ကုမ္ပဏီထောင်ခဲ့တယ်။ -
7:12 - 7:15အဲတော့၊ ကျွန်တော်ဟာ
ကုမ္ပဏီကို စီမံခန့်ခွဲရတော့တယ်။ -
7:15 - 7:19ကျွန်တော့်ဘဝမှာ ပထမဦးဆုံး အကြိမ်
လုပ်ခဲ့ပေမဲ့ အံ့ဖွယ် အောင်မြင်ခဲ့တယ်။ -
7:21 - 7:23(ရယ်မောသံများ)
-
7:23 - 7:27(လက်ခုပ်သံများ)
-
7:27 - 7:30ကျွန်တော်တို့ရဲ့ နှစ်စဉ် ရောင်းချမှုဟာ
ဆယ်ဆ တိုးလာခဲ့တယ်။ -
7:31 - 7:33ကျွန်တော်ဟာ ဘဝင်ကြီးလာခဲ့ရာ
ခွက်ခွက်လန်အောင် ရှုံးတော့တာပါပဲ။ -
7:33 - 7:34(ရယ်မောသံများ)
-
7:35 - 7:37ကျွန်တော် ယန်း သန်း၂၀၀
အကြွေး တင်သွားပါတယ်။ -
7:37 - 7:39အဲဒါ ကျွန်တော့်ရဲ့ အပြစ်လို့ ထင်တယ်။
-
7:39 - 7:42ကျွန်တော်ဟာ အရာရာတိုင်းကို
ကိုယ့်ဘာသာကိုယ် စီမံရန် ကြံခဲ့တယ်။ -
7:42 - 7:45စိုးရိမ်စရာတွေ တစ်ယောက်တည်း ဖြေရှင်းရင်း
ကိုယ့်ကို အပြစ်တင်မိတယ်။ -
7:45 - 7:48အဲဒီနောက်၊ ဂျပန် တစ်နိုင်ငံလုံးမှာ
ကိုယ်တိုင် လိုက်ရောင်းခဲ့ရာ -
7:48 - 7:49စိတ်ညစ်စရာကြီး ဖြစ်ခဲ့ပါတယ်။
-
7:49 - 7:51အဲဒါနဲ့ လေယာဉ်စီးတိုင်း
-
7:51 - 7:53လေယာဉ် ပျက်ကျပါစေလို့
ဆုတောင်းနေခဲ့တတ်တယ်။ -
7:53 - 7:55ဒါပေမယ့် လေယာဉ်ဟာ
ဘယ်တော့မှ ပျက်မကျခဲ့ပါဘူး။ -
7:55 - 7:57ဒီလိုနဲ့ ကျွန်တော်ဟာ ကြမ်းတမ်းသူ
ရက်စက်သူ ဖြစ်လာပါတယ်။ -
7:58 - 8:01ပြိုင်ဘက်တွေကို ညှာတာခြင်းမရှိဘဲ
ထိုးနှက်နိုင်သူ ဖြစ်လာတယ်။ -
8:01 - 8:05အဲဒီပြိုင်ဖက်တွေရဲ့ မိသားစုတွေ အကြောင်းကို
နည်းနည်းမှ မစဉ်းစားခဲ့တာ အမှန်ပဲ။ -
8:05 - 8:08ဝင်ငွေတွေ တိုးလာလို့ ဘဏ်ဝန်ထမ်းက
ကျွန်တော့်ကို ချီးမွမ်းခဲ့တယ်။ -
8:09 - 8:12ဒါပေမဲ့၊ ကျွန်တော့် တွေးထင်ပုံက
လုံးဝ ပုံမှန် မဟုတ်တော့ -
8:12 - 8:14ဘယ်သူ့ကိုမှ မယုံကြည်နိုင်ခဲ့ပါ။
-
8:14 - 8:15တစ်ယောက်တည်း လုပ်နေခဲ့ရတယ်။
-
8:15 - 8:19ကျွန်တော်ဟာ အရာအားလုံးကို
ယထာဘူတကျကျပဲ တွေးပါတော့တယ်။ -
8:19 - 8:20ကိုယ့်အတွက် အရေးကြီးဆုံးတွေ အားလုံးကို
-
8:20 - 8:23စွန့်ပစ်လိုက်တော့မယ်လို့တောင်
စဉ်းစားမိခဲ့တယ်။ -
8:23 - 8:25အဲ့ဒီအချိန်တုန်းက ကျွန်တော့်
ကုမ္ပဏီရဲ့ အခြေအနေက -
8:25 - 8:27သိပ်ကို မလွယ်ခဲ့ရာ၊ ဂျပန် တစ်နိုင်ငံလုံးမှ
-
8:27 - 8:30လူအမျိုးမျိုးတို့က ကျွန်တော့ကို
အကြံဉာဏ် ပေးလာကြတယ်။ -
8:30 - 8:32“Junior Chamber International
အသင်းကို ဝင်ကြည့်ပါလား။ -
8:32 - 8:34အမြတ်တွေ တိုးလာမယ်။” ဆိုခဲ့ကြတယ်။
-
8:34 - 8:36ကျွန်တော်လည်း မရိုးမသားစိတ်နဲ့
အသင်းဝင်ခဲ့ပါတယ်။ -
8:36 - 8:38(ရယ်မောသံများ)
-
8:38 - 8:40ဒါပေမဲ့ အမြတ်တော့ ထွက်မလာခဲ့ဘူး။
-
8:40 - 8:41(ရယ်မောသံများ)
-
8:41 - 8:44ဒါပေမဲ့၊ အဲ့ဒီမှာ ကျွန်တော် အံ့ဖွယ်
လူသစ်တွေနဲ့ တွေ့ကြုံခွင့် ရခဲ့တယ်။ -
8:47 - 8:49ကျွန်တော်ဟာ သူတို့နဲ့ မိတ်ဆွေဖွဲ့ခဲ့ပါတယ်။
-
8:49 - 8:52မိတ်ဆွေ တစ်ယောက်က ကျွန်တော့်ကို
ကလေးတွေ မွေးစားထားတဲ့ အိမ်မှာ -
8:52 - 8:55စေတနာ့ဝန်ထမ်း ကူပေးရန် အဆိုပြုလာတယ်။
-
8:55 - 8:59ရိုးရိုးသားသား ကြိုးစားပြင်ဆင်ပြီး
အဲဒီကို သွားခဲ့ရာ ကလေးတွေဟာ -
8:59 - 9:02မိဘတွေရဲ့ အလွဲသုံးစားမှုကို
ခံခဲ့ရဖူးသူတွေ ဖြစ်နေခဲ့ကြတယ်။ -
9:02 - 9:04အစပိုင်းတွင် တစ်ယောက်မှာမှ
ကျွန်တော်နားကို မလာခဲ့ကြပါဘူး။ -
9:04 - 9:07ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေနဲ့
ခင်မင်ရန် ကြိုးစားခဲ့လို့ -
9:07 - 9:09ပြန်မယ်လုပ်တော့
“မပြန်ပါနဲ့” လို့ဆိုလာကြတယ်။ -
9:09 - 9:11သူတို့ဟာ ကျွန်တော်တို့နဲ့
စကားပြောချင် လာကြတယ်။ -
9:11 - 9:13ကျွန်တော်က မိတ်ဆွေနဲ့ ပြန်တော့
-
9:13 - 9:14“ဒို့လုပ်လိုက်တာ ကောင်းမှု တစ်ခုပဲ။
-
9:14 - 9:16တစ်ခုခု သောက်ကြရအောင်” ပြောမိတယ်။
-
9:16 - 9:18ချာတိတ် တစ်ယောက်က
သူ့အိပ်မက်ကို ပြောပြခဲ့တယ်။ -
9:18 - 9:20အဲဒါက မိဘတွေနဲ့ အတူတူပြန်နေနိုင်ဖို့ပါ။
-
9:20 - 9:22ကျွန်တော် အဲဒါကို မယုံနိုင်ခဲ့ပါ။
-
9:23 - 9:27ကိုယ့်ကို ဒီလိုရက်စက်ခဲ့တဲ့ မိဘကို
ဘာလို့ ချစ်နေတုန်းလဲလို့ တွေးမိတယ်။ -
9:27 - 9:30ကျွန်တော်သာဆိုရင် ကောင်းတာကို
ဘယ်လိုမှ စဉ်းစားနိုင်ခဲ့မှာ မဟုတ်ဘူး။ -
9:30 - 9:32ကျွန်တော်က ငွေတွေလှူလှူ၊
-
9:32 - 9:34ဒီကလေးကို အိမ်ခေါ်ပြီး မွေးစားမွေးစား၊
-
9:34 - 9:36အဲဒါက ဘာကိုမှ ဖြေရှင်းမပေးနိုင်တော့ပါ။
-
9:36 - 9:38အကြောင်းရင်းက သူက သူ့မိဘတွေကို
ချစ်နေတုန်း မို့လို့ပါ။ -
9:38 - 9:41ဘာလို့ အဲဒီလို ဖြစ်နိုင်တာလဲ တွေးမိပါတယ်။
-
9:41 - 9:43နောက်ပြီး ကျွန်တော်ကရော ဘာဖြစ်လို့
-
9:43 - 9:47တဖက်သားကို ဖိနှိပ်ပြီး လုပ်ရတဲ့အထိ
ငွေရှာနေမိပါလိမ့်လို့ တွေးမိလာပါတယ်။ -
9:47 - 9:49အရာအားလုံးရှုပ်ထွေးပြီး
နားမလည် ဖြစ်မိလာပါတယ်။ -
9:49 - 9:50ခေါင်းထဲမယ် ချာချာလည်နေတယ်။
-
9:50 - 9:53အဲ့ဒီအချိန်မှာ မေ့နေခဲ့တဲ့ အကြောင်းအရာတွေ
ပြန်ပေါ်လာကြတယ်။ -
9:54 - 9:56ကျွန်တော် မူလတန်း တက်တဲ့အချိန်မှာ
-
9:56 - 9:59အတန်းပိုင်ဆရာက ကျွန်တော့်ကို
တော်တော်လေး မုန်းခဲ့ပါတယ်။ -
9:59 - 10:03ကျွန်တော် ယုံကြည်ခဲ့တာရော
အဖွားသင်ပေးခဲ့တဲ့စကားပါ၊ -
10:03 - 10:05အားလုံး ငြင်းပယ်တာ ခံခဲ့ရပါတယ်။
-
10:05 - 10:07“မင်းလိုကောင်မျိုး
ဘာလုပ်လုပ် မဖြစ်နိုင်ဘူး” -
10:07 - 10:08ကျွန်တော့် စိတ်ကူးအိပ်မက်ဟာ
-
10:08 - 10:10အကြိမ်ကြိမ် ပယ်ချခံခဲ့ရပါတယ်။
-
10:10 - 10:12အဖိုးက သပ်ပေးခဲ့တဲ့ ကျွန်တော့်ခေါင်းဟာ
-
10:12 - 10:15ဆရာရဲ့ ခေါက်တာကို အတော်လေးကို ခံခဲ့ရပါတယ်။
-
10:15 - 10:16ကျွန်တော် တော်တော်လေး ခံစားခဲ့ရပါတယ်။
-
10:16 - 10:20ဒါပေမဲ့ ကူညီပေးမယ့်
လူကြီးသူမရယ်လို့ မရှိခဲ့ပါဘူး။ -
10:20 - 10:24အဲ့ဒီဆရာ ပြောခဲ့တဲ့စကားကို
ကျွန်တော် မမေ့နိုင်ပါဘူး။ -
10:24 - 10:28ဆရာက “ဘာလုပ်လုပ် မဖြစ်နိုင်ဘူး”
ဆိုတဲ့စကားကို တော်တော် ပြောခဲ့ပါတယ်။ -
10:28 - 10:32အဲဒီစကားဟာ တော်တော်ကြောက်စရာ
ကောင်းပါလားလို့ တွေးမိပါတယ်။ -
10:32 - 10:37လူတွေရဲ့ယုံကြည်မှုနဲ့ ဖြစ်နိုင်စွမ်းကို
လုယူနိုင်တဲ့ အဆိုးဝါးဆုံးစကားပါပဲ။ -
10:37 - 10:40ပြောဖို့တော့ သိပ်ကိုလွယ်တဲ့ စကားပါပဲ။
-
10:40 - 10:43ပြောခံရတာနဲ့ ဘာမှ ဆက်လုပ်မရတော့တာမို့
-
10:43 - 10:46ပြောရလွယ်သလောက် ကြောက်ဖို့ကောင်းတဲ့
စကားလုံး ဖြစ်ပါတယ်။ -
10:47 - 10:50အဲ့ဒီလို အပြောခံရပြီး အနာဂါတ်ကို
လက်လျှော့ခိုင်းခံရသူများဟာ -
10:50 - 10:52ကိုယ့်ကိုယ်ကို ယုံကြည်မှု
ပျောက်ဆုံးသွားရပါတယ်။ -
10:52 - 10:54ဘယ်လိုပဲဖြစ်ဖြစ် လူဟာ အသက်ရှင်နေသရွေ့
-
10:54 - 10:56ကိုယ့်ကိုယ်ကို ယုံကြည်ဖို့
သိပ်လိုအပ်ပါတယ်။ -
10:56 - 10:59ဒါကြောင့် ယုံကြည်မှုမဲ့သူတွေဟာ
-
10:59 - 11:01ငွေနဲ့ ယုံကြည်မှုကို ဝယ်ယူကြပါတယ်။
-
11:01 - 11:03မိမိကိုယ်မှာဆင်ကြပါတယ်၊
-
11:03 - 11:05ပြီးတော့ အဲ့ဒါနဲ့ပဲ မာန်တွေ တက်လာကြပြီး
-
11:05 - 11:08တပါးသူကို နှိမ့်ချဆက်ဆံတတ်လာကြတယ်။
-
11:08 - 11:10သူများက ကိုယ့်ထက်သာသွားမှာကို စိုးတော့
-
11:10 - 11:13သူများ ကြိုးစားနေတာကို
နှောင့်ယှက်တတ်ကြပါသေးတယ်။ -
11:13 - 11:14အဲ့ဒီလိုလူစားမျိုးတွေဟာ
-
11:14 - 11:16ကျွန်တော်တို့ အားလုံးရဲ့
အနီးအနားမှာ ရှိနေကြတတ်တယ်။ -
11:16 - 11:18ဒါပေမဲ့ အဲလိုလူမျိုးတွေဟာ
-
11:18 - 11:21ယုံကြည်ချက်မဲ့ သနားစရာ လူတွေဖြစ်ပါတယ်။
-
11:21 - 11:24ကိုယ့်ယုံကြည်မှုကို ကာကွယ်ဖို့အတွက်
-
11:24 - 11:28သူများရဲ့ ယုံကြည်ချက်တွေကို
လုယူကြတာ ဖြစ်ချင်ဖြစ်မယ်။ -
11:28 - 11:32နောက်ပြီး ကျွန်တော့်ကုမ္ပဏီကို အာဖရိကမှ
လူတွေ ရောက်လာခဲ့ကြတယ်။ -
11:32 - 11:36ကျွန်တော်ပြောတာကို နားထောင်ပြီးတဲ့
နောက်မှာ အခုလိုပြောပါတယ်။ -
11:36 - 11:37အခု အာဖရိကမှာ
-
11:37 - 11:40“ငါဟာ စာသင်လို့လည်း အလကားပဲ။
-
11:40 - 11:41ကြိုးစား လည်းအလကားပဲ” ဆိုပြီး
-
11:41 - 11:45ကိုယ့်အနာဂတ်ကို၊ ဖြစ်နိုင်စွမ်းကို
လက်လျှော့ပစ်ကြသူတွေဟာ -
11:45 - 11:48နောက်ဆုံးတော့ လူ့အသက်ကိုသတ်ပြီး
လုယူကြသူတွေ ဖြစ်ကုန်ကြတယ်။ -
11:48 - 11:50ဘာ့ကြောင့်လဲဆို မကြိုးစားနိုင်ကြ၊
-
11:50 - 11:52ကိုယ့်အစွမ်းအစကို မထုတ်နိုင်ကြတော့
-
11:52 - 11:54လုယူရုံအပြင် မလုပ်နိုင်ကြတော့လို့ပါ။
-
11:54 - 11:55အကြမ်းဖက်နည်းတွေနဲ့လည်း
ရယူကြပါသေးတယ်။ -
11:55 - 11:57အဲ့ဒီအပြင် လိမ်ပြောတာ၊
-
11:57 - 12:00မလုပ်တတ်ချင် ယောင်ဆောင်တာ၊ လှည့်ပတ်
ပြောတာတွေနဲ့လည်း ရယူကြပါသေးတယ်။ -
12:00 - 12:01အားလုံး ဒီလိုချည်းသာဆို
-
12:01 - 12:04ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းထဲမှာ
အမှန်တရားဆိုတာ ဘယ်ရှိနိုင်မလဲ။ -
12:04 - 12:09“မင်း ဘာလုပ်လုပ် မဖြစ်နိုင်ဘူး” စကားရဲ့
အန္တရာယ်ကို ကျွန်တော် သိခွင့်ရခဲ့ပါတယ်။ -
12:09 - 12:14ဒီစကားကို လူတွေက
အစကမသိ၊ နားမလည်ခဲ့ကြပါဘူး။ -
12:14 - 12:17ဘယ်အချိန်မှာ ဒီစကားကို မှတ်မိသိရှိသွားလဲ
ဆိုတာကို စဉ်းစားမိပါတယ်။ -
12:17 - 12:20အဲ့ဒီအခါ အာကာသကြောင့်များ
ဖြစ်နေမလားလို့ စဉ်းစားမိပါတယ်။ -
12:20 - 12:21အာကာသကြီးဟာ အင်မတန် လှပပါတယ်။
-
12:21 - 12:25ဒါ့ကြောင့် လူတိုင်းလိုလို ငယ်ရွယ်စဉ်မှာ
အံ့ဩနှစ်ခြိုက်ခဲ့မှာ အမှန်ပါပဲ။ -
12:25 - 12:29ဒါပေမဲ့၊ လူတိုင်း အာကာသနဲ့ပတ်သက်ပြီး
တီထွင်ဖန်တီးနိုင်မယ်လို့ တွေးဖူးကြပါသလား။ -
12:29 - 12:32အာကာသဆိုတာ တော်ရုံဉာဏ်ကောင်းရုံနဲ့မရ၊
-
12:32 - 12:34ငွေကလည်း သောက်သောက်လဲ
ကုန်မှာကို တွေးမိကြပါသလား။ -
12:34 - 12:36နိုင်ငံတော်က လုပ်ရမယ့် အလုပ်လို့
တွေးမိကြတယ် မဟုတ်လား။ -
12:36 - 12:38အဲ့ဒါကို ဘယ်သူတွေ ပြောပြလို့ သိလာရလဲ။
-
12:38 - 12:40ဒီအချက်ကို သင်ပေးကြသူတွေကတော့
-
12:41 - 12:43ကိုယ်တိုင် မလုပ်ဖူးတဲ့ သူတွေပဲဖြစ်ပါတယ်။
-
12:43 - 12:44မလုပ်ဖူးသေးသူတွေက
-
12:44 - 12:47မလုပ်ရခြင်းကို အကြောင်းပြချက်ရှာပြီး
လျှောက်ပြောရာက စခဲ့တာပါပဲ။ -
12:47 - 12:50ကျွန်တော်တို့ဟာ ဘာလုပ်ရမှန်း
မသိဖြစ်လာရပါတယ်။ -
12:50 - 12:52ဘာကိုလုပ်နိုင်တယ် ဆိုတာလည်း မသိခဲ့ကြပါ။
-
12:52 - 12:57အဲ့ဒါကြောင့်“မင်းဘာလုပ်လုပ် မဖြစ်နိုင်ဘူး”
ဆိုတာကို ချေပဖို့ တွေးမိခဲ့ပါတယ်။ -
12:57 - 13:00ဒီစကားသာမရှိရင် အနိုင်ကျင့် အကြမ်းဖက်မှု၊
စစ်ပွဲတွေ ပျောက်သွားကြမယ် ထင်တယ်။ -
13:00 - 13:03ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုတွေ
ပျောက်ကွယ်သွားမယ် ထင်ပါတယ်။ -
13:03 - 13:05ဒါကြောင့် ကျွန်တော်ဟာ
-
13:05 - 13:07လူတိုင်းက “မင်းဘာလုပ်လုပ် မဖြစ်နိုင်ဘူး”
လို့ ပြောခဲ့ကြတဲ့ -
13:07 - 13:10အာကာသနဲ့ဆိုင်တဲ့ တီထွင်မှုကို
လုပ်ကြည့်ဖို့ စဉ်းစားခဲ့တာပါ။ -
13:10 - 13:13ဒါပေမဲ့၊ ကျွန်တော်ဟာ
ဒုံးပျံဟာ အန္တရာယ်ရှိမှန်း သိလို့ -
13:13 - 13:14မထုတ်လုပ်ခဲ့ဘဲ လက်လျှော့ခဲ့ပါတယ်။
-
13:14 - 13:16ဒါပေမဲ့၊ ဘုရားသခင်က မနေပါဘူး။
-
13:16 - 13:19ဟော့ကိုင်းဒိုး တက္ကသိုလ်မှ ပါမောက္ခဆရာ
Nakataနဲ့ ဆုံတွေ့စေခဲ့ပါတယ်။ -
13:19 - 13:22ကံကောင်းချင်တော့ သူက အန္တရာယ်ကင်းတဲ့
ဒုံးပျံကို သုတေသနလုပ်နေပြီး -
13:22 - 13:26ပိုက်ဆံမရှိတော့လို့ သုတေသနအလုပ်ကို
လက်လျှော့တော့မလို ဖြစ်နေခဲ့တာပါ။ -
13:26 - 13:29ကျွန်တော့်မှာလည်း ပိုက်ဆံတော့မရှိခဲ့ပေမဲ့
ပစ္စည်းတွေကို တီထွင်နိုင်ပါတယ်။ -
13:29 - 13:31အဲ့ဒီလို လူနှစ်ယောက် ဆုံမိကြတာပါပဲ။
-
13:31 - 13:34အဲ့ဒီအချိန်ကစလို့ လူတွေ တွေ့ဆုံခြင်းဟာ
အဓိပ္ပါယ်ရှိတာ နားလည်လာတယ်။ -
13:34 - 13:36ဘုရားသခင်က ဒီလူနဲ့ဒီလူ တွေ့ဖြစ်အောင်
-
13:36 - 13:37စီမံဆောင်ရွက် ပေးလိုက်တာပါ။
-
13:37 - 13:39ဒီနေ့မှာ ခင်ဗျားတို့နဲ့ ဆုံတွေ့ရတာဟာလည်း
-
13:39 - 13:41ဘုရားသခင်မှ တွေ့ဆုံကြဖို့ အချိန်တန်ပြီ
-
13:41 - 13:42ဆိုပြီး တွေ့ဆုံစေခဲ့တာလို့ ထင်ပါတယ်။
-
13:42 - 13:45ကျွန်တော်နဲ့ ဆရာ Nakata တို့
အချင်းချင်း ကူညီခဲ့ကြပါတယ်။ -
13:45 - 13:48ဘာ့ကြောင့်လဲဆို နှစ်ယောက်စလုံးမှာ
လိုအပ်ချက်တွေ ရှိနေခဲ့လို့ပါပဲ။ -
13:48 - 13:51တကယ်တော့ လူတွေဟာ မပြည့်စုံကြလို့သာ
အပြန်အလှန် ဖေးမကူညီကြတာပါ။ -
13:51 - 13:53ပြည့်စုံနေရင် သူများဆီက အကူအညီ
လိုကြမှာ မဟုတ်ဘူးလေ။ -
13:53 - 13:56မပြည့်စုံကြလို့သာ အချင်းချင်း
ဖေးမကူညီ နိုင်ကြတာပါ။ -
13:56 - 13:58ဒါကြောင့်မို့ မပြည့်စုံမှုဟာ
အသုံးမကျဘူး မထင်ပါနဲ့။ -
13:58 - 14:00မပြည့်စုံမှုဟာ ရှက်စရာလည်း မဟုတ်ပါ။
-
14:00 - 14:02အရေးကြီးတာက
-
14:02 - 14:04“ငါ ဘာလုပ်လုပ် တဝက်တပျက်ပါလား”လို့
-
14:04 - 14:07ကိုယ့်ကိုယ်ကို အပြစ်မတင်ရန်ပါပဲ။
-
14:07 - 14:09တကယ်တော့ “တဝက်တပျက်” လုပ်တာဟာ
-
14:09 - 14:12ဘာမှမလုပ်တာ၊ မလုပ်နိုင်တာနဲ့စာရင်
တော်ပါသေးတယ်။ -
14:12 - 14:14နည်းနည်းလုပ်လို့ ရနေသေးတာကမှ
တော်ပါသေးတယ်။ -
14:14 - 14:16ဒီတော့ ကိုယ့်ကိုယ်ကို အပြစ်မတင်ဘဲ၊
-
14:16 - 14:18ကိုယ့်ကိုကိုယ် မကောင်းတဲ့
အနှုတ်လက္ခဏာ အဖြစ် မမြင်ဘဲ -
14:18 - 14:21ကိုယ်လုပ်နိုင်တာကို
အားသွန်ခွန်စိုက် လုပ်သင့်ပါတယ်။ -
14:21 - 14:24ဒီလိုနဲ့ပဲ ကျွန်တော်တို့နှစ်ယောက်
အချင်းချင်း ရိုင်းပင်းပြီး -
14:24 - 14:26အခုဆိုရင် အာကာသ
တီထွင်မှုကို လုပ်နိုင်ခဲ့ကြပါပြီ။ -
14:26 - 14:30သုတေသီများက သုတေသနတွေလုပ်ဖို့၊ လက်တွေ့
စမ်းသပ်ဖို့ ကျွန်တော့်ကုမ္ပဏီထံ လာကြတယ်။ -
14:30 - 14:33အခုဆို တစ်နှစ်မှာ ကလေး တစ်သောင်းကျော်
-
14:33 - 14:36လေ့လာရေးခရီးအဖြစ် ကျွန်တော့်ကုမ္ပဏီကို
လာလေ့လာခဲ့ကြတယ်။ -
14:36 - 14:39အရိုးသားဆုံးပြောရရင် ကုမ္ပဏီမှာ
ဝန်ထမ်း ၁၇ ယောက်ပဲ ရှိပါတယ်။ -
14:39 - 14:41(ရယ်မောသံများ)
-
14:41 - 14:43အဲဒါ နည်းနည်းလေး ပင်ပန်းပါတယ်။
-
14:43 - 14:45ဒါပေမဲ့ အတတ်နိုင်ဆုံး အများဆုံး ကလေးတွေ
-
14:45 - 14:49သူတို့ရဲ့ အခွင့်အလမ်းတွေ လုယူမခံရမှာကို
ကျွန်တော် မျှော်လင့်ပါတယ်။ -
14:49 - 14:50ကျွန်တော့ ယုံကြည်ချက်က
-
14:50 - 14:54“ဘာလုပ်လုပ် မဖြစ်နိုင်ဘူး” ဆိုတာဖျောက်ဖျက်
နိုင်ရင် လူ့အဖွဲ့အစည်း ပိုကောင်းလာမယ်။ -
14:54 - 14:57ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်း
လုပ်ရင် ကန့်သတ်ချက် ရှိနေလို့၊ -
14:57 - 14:59အတတ်နိုင်ဆုံး၊ မိတ်ဆွေတွေ လိုအပ်ပါတယ်။
-
14:59 - 15:02ဒီလို အိပ်မက်ကို ကျွန်တော် တသက်တာမှာ
ရုပ်လုံးဖေါ် ရချင်မှရမှာပါ။ -
15:02 - 15:04ဒါ့ကြောင့်လည်း အားလုံးရဲ့ အကူအညီကို
ရယူချင်ပါတယ်။ -
15:04 - 15:05အားလုံးက ဒီနေ့ကစပြီး
-
15:05 - 15:07“ဘာလုပ်လုပ် မဖြစ်နိုင်ဘူး” အပြောခံရရင်
-
15:08 - 15:10"ဒီလိုလေး လုပ်ကြည့်ပါလား"
ဆိုပြီး ပြောပေးဖို့ပါပဲ။ -
15:10 - 15:13အဲဒီလို ပြောပေးရုံနဲ့ပဲ “ဘာလုပ်လုပ်
မဖြစ်နိုင်ဘူး” စကားက ပျောက်သွားပြီး -
15:13 - 15:16အနိုင်ကျင့် အကြမ်းဖက်တာတွေ
ဒီလောကမှ ပျောက်ကွယ်သွားကြမှာပါ။ -
15:16 - 15:19အားလုံး ဝိုင်းကူညီပေးကြစေလိုပါတယ်။
-
15:19 - 15:21လက်ရှိ ပညာရေး စနစ်
အကြောင်းကို စဉ်းစားကြပါ။ -
15:21 - 15:24ကျွန်တော်တို့ဟာ ပညာကို
ကြိုးစားစည်းပူးကြတယ်။ -
15:24 - 15:27ပညာရေးဟာ အမှတ်တွေ ရယူပြီး အတန်းတွေ
တစ်ခုပြီးတစ်ခု အောင်ဖို့ အတွက်လား။ -
15:27 - 15:29အဲဒါဟာ လုံးဝမှားပါတယ်။
-
15:29 - 15:32ပညာရေး ဆိုတာကို လူသားတွေ ဖန်တီးခဲ့ကြတာက
-
15:32 - 15:34လူမှုရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက်ပါ။
-
15:34 - 15:36အသည်းအသန် အားထုတ်
တည်ဆောက်ခဲ့ကြတဲ့ အရာပါ။ -
15:36 - 15:38ဒါဆို ပညာရေးဆိုတာ ဘာများလဲ။
-
15:38 - 15:39ပညာရေးဆိုတာက
-
15:39 - 15:42အမှားတွေ ဒါမှမဟုတ် တာဝန်တွေကို
ရှောင်ရှားနိုင်အောင်၊ ပါးနပ်စွာ -
15:42 - 15:44နေတတ်ဖို့ နည်းလမ်းတွေ သင်ပေးဖို့ အတွက်လား။
-
15:44 - 15:46အဲဒါ လုံးဝမှားပါတယ်။
-
15:46 - 15:48ပညာရေးဆိုတာ အသက်အတွက် အန္တရာယ်
မရှိနိုင်တဲ့ -
15:48 - 15:51အမှားတွေကို လုံခြုံစွာ စမ်းသပ်လုပ်ကြည့်ရန်
ကလေးတွေကို ခွင့်ပြုခြင်းပါ။ -
15:51 - 15:54ဒါပေမဲ့ အခုတော့ လုံးဝကို
တလွဲတချော် ပုံစံမျိုး ဖြစ်လာတယ်။ -
15:54 - 15:55အဲဒီလို ဖြစ်လာခဲ့ရတာက
-
15:55 - 15:58အမှားဆိုတာ မကောင်းဘူးလို့
ယူဆကြတဲ့ လူကြီးတွေ အများကြီးရှိကြလို့ပါ။ -
15:58 - 16:02အဲ့ဒီသူတွေက ကျွန်တော်တို့ရဲ့ လုပ်နိုင်
စွမ်းတွေနဲ့ ယုံကြည်မှုကို လုယူခဲ့ကြလိုပါ။ -
16:02 - 16:04ဒါပေမဲ့ အားလုံး ပြန်ကောင်းလာမှာပါ။
-
16:04 - 16:07ဒီအချိန်ကစပြီး ဂျပန်နဲ့ တကမ္ဘာလုံးကို
ပိုကောင်းအောင် လုပ်ဖို့ဆိုရင်၊ -
16:07 - 16:10မလုပ်ဖူးသေးတာကို အားထုတ်ကြိုးပမ်း
လုပ်ကိုင်ချင်တဲ့လူတွေ၊ -
16:10 - 16:11လက်မလျှော့ဘဲ မိမိလိုချင်တာကို
-
16:11 - 16:14အခြားနည်းလမ်းဖြင့် ကြံဆနိုင်တဲ့
လူတွေများလာရင် ဖြစ်လာမှာပါ။ -
16:14 - 16:17“ဘာလိုလုပ်လုပ် မဖြစ်နိုင်ဘူး”ကို
အရှုံးမပေးတဲ့လူတွေ များလာဖို့ လိုပါတယ်။ -
16:17 - 16:19အဲလို့ဆိုရင် အဲဒီလိုလူတွေက ဘယ်သူတွေလဲ။
-
16:19 - 16:21ခင်ဗျားတို့ထဲက လူတိုင်းပါပဲ။
-
16:21 - 16:23လူတိုင်းလူတိုင်းဟာ အဲလိုလူမျိုးပါပဲ။
-
16:23 - 16:26ကျွန်တော်တို့ လူသားတိုင်းဟာ
ကလေးဘဝကို သေချာပေါက် ဖြတ်သန်းခဲ့ရလို့ပါ။ -
16:26 - 16:28ခင်ဗျားတို့ရဲ့ ကလေးဘဝကို
ပြန်တွေးကြည့်ကြပါ။ -
16:28 - 16:29ငယ်ငယ်တုန်းက
-
16:29 - 16:30ခလုတ်မြင်ရင် နှိပ်ကြည့်ချင်တယ်။
-
16:30 - 16:32လက်ကိုင်မြင်ရင် လှည့်ကြည့်ချင်တယ်။
-
16:32 - 16:35“အဲဒါကို ရပ်ပစ်စမ်း” ဆိုပြီး
စိတ်အတို ခံခဲ့ရဖူးကြတာပဲ။ -
16:35 - 16:39အမှန်တော့ မွေးလာချိန်မှာ လက်လျှော့မှု
ဆိုတာကို ကျွန်တော်တို့ မသိခဲ့ကြပါ။ -
16:39 - 16:41ကျွန်တော်တို့ မွေးလာစဉ် လက်လျှော့ရမှု
ဆိုတာကို မသိခဲ့ကြပါ။ -
16:41 - 16:43အခုတော့ လက်လျှော့ရပုံကို
နည်းနည်းလေး -
16:43 - 16:45တတ်ချင်တတ်လာကြပါပြီ။
-
16:45 - 16:49ကျွန်တော်တို့ အားလုံ ကိုယ့်ယုံကြည်မှုကို
-
16:49 - 16:52ပြန်ရယူနိုင်ဖို့ သေချာတဲ့
-
16:52 - 16:54အရမ်းကိုကောင်းတဲ့
နည်းလမ်းတစ်နည်းပဲ ရှိပါတယ်။ -
16:54 - 16:57ကိုယ် မလုပ်ခဲ့ဖူးသေးတာကို
စမ်းလုပ်ကြည့်ဖို့ပဲ ဖြစ်ပါတယ်။ -
16:57 - 16:59ကိုယ် မလုပ်ခဲ့ဖူးတာကို
စမ်းလုပ်ကြည့်ခြင်းဖြင့် -
16:59 - 17:02ကိုယ့်ကိုယ်ကို ယုံကြည်မှု
အနည်းအကျဉ်း ပြန်ရစေမှာပါ။ -
17:02 - 17:05ဒီတော့၊ အဲဒါကို စမ်းလုပ်ကြည့်ကြရန်
တိုက်တွန်းချင်ပါတယ်။ -
17:05 - 17:07အသစ်အဆန်းကို လုပ်ရင်
အမှားဆိုတာကတော့ ရှိမှာပါပဲ။ -
17:07 - 17:10ကျွန်တော့် အတွေ့အကြုံ
လက်ရှိ ဒီဗွီဒီယိုကို ကြည့်ကြည့်ပါ။ -
17:10 - 17:11ဒုံးပျံက လှပစွာ တက်သွားပါတယ်။
-
17:11 - 17:13မဟုတ်ဘူး၊ ပျံတက်မသွားခဲ့ပါ။
-
17:13 - 17:14အောက်ကို ထိုးကျသွားခဲ့တာပါ။
-
17:14 - 17:15(ရယ်မောသံများ)
-
17:15 - 17:16ဘယ်လိုလုပ်ကြရင် ကောင်းမလဲ။
-
17:16 - 17:18Controller ကိုပစ်ချပြီး ထွက်ပြေးဖို့ပါပဲ။
-
17:18 - 17:20(ရယ်မောသံများ)
-
17:21 - 17:24ဒီခေတ်မှာ ဒီလိုပြေးနိုင်သူမျိုး
ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ -
17:26 - 17:30ဒီဗွီဒီယိုက ပြလိုက်တာက ကိုယ်ဟာ
အန္တရာယ်ရှိတာကို ခံစားရရင် -
17:30 - 17:32ထွက်ပြေးခြင်းဟာ အိုကေပဲ ဆိုတာကိုပါ။
-
17:32 - 17:33(ရယ်မောသံများ)
-
17:33 - 17:38(လက်ခုပ်သံများ)
-
17:39 - 17:41ကျွန်တော့် အတွေ့အကြုံအရ
-
17:41 - 17:45ရိုးသား၊ ကြင်နာ၊ တာဝန်ယူလိုစိတ် ရှိသူတွေ
မျှော်လင့်ရတာထက် စောသေကြတာများပါတယ်။ -
17:45 - 17:46သူတို့ကို မသေစေချင်ပါဘူး။
-
17:46 - 17:48လူတိုင်းကို အသက်ရှည်စေချင်ပါတယ်။
-
17:48 - 17:49ဒါ့ကြောင့် မဟန်ဘူးလို့ ထင်ရင်
-
17:49 - 17:51အန္တရာယ်ထံမှ ထွက်ပြေးတာဟာ
သိပ်ကို မှန်ပါတယ်။ -
17:51 - 17:53ဒါပေမဲ့ အဲ့ဒီလို မအောင်မြင်ခဲ့တဲ့ နောက်မှာ
-
17:53 - 17:55ထွက်ပြေးလက်လျှော့လိုက်တဲ့ နောက်မှာ
-
17:55 - 17:57ကိုယ့်ကိုယ်ကို အပြစ် မတင်ပါနဲ့။
-
17:57 - 17:58စိတ်ဓါတ်မကျပါနဲ့။
-
17:58 - 18:00အဲ့လိုလုပ်ဖို့ မလိုအပ်ပါဘူး။
-
18:00 - 18:02အဲဒီအခြေအနေမျိုးတွင် ကိုယ့်စိတ်ထဲမှာ
-
18:02 - 18:04နာကျင်တာ၊ စိတ်မကောင်းတာ၊
-
18:04 - 18:06ခံပြင်းတာ၊ ဝမ်းနည်းတာ၊
ရှက်တာမျိုး ခံစားရမှာပါ။ -
18:06 - 18:09ပေါ်ထွက်လာကြမဲ့ ခံစားမှုတွေ
ကြောက်စရာ ကောင်းနိုင်တယ်။ -
18:09 - 18:11အဲဒီလို ခံစားမှုမျိုးစုံကို
ခံစားနေရချိန်မှာ -
18:11 - 18:13"ဒါဟာ ငါ ရင့်ကျက်လာနေခြင်းပါပဲ"
-
18:13 - 18:14ဆိုပြီး ပြောလိုက်ပါ။
-
18:14 - 18:17အဲဒီလိုဆိုရင် အချို့သော အရာများကို
နောက်မှာ ချန်ထားနိုင်ခဲ့ပါ။ -
18:17 - 18:19အတတ်နိုင်ဆုံး ခုနကလို
ပြောပေးဖို့ လိုပါတယ်။ -
18:19 - 18:21ကျွန်တော်တို့ဟာ တစ်သက်နဲ့တစ်ကိုယ်စီပါ။
-
18:21 - 18:24ဇာတ်တိုက်ခွင့်မရှိဘဲ ဘဝတစ်ခုကိုသာ
နေထိုင်ကြရပါတယ်။ -
18:24 - 18:26ဒီတော့ ကျွန်တော်တို့
မွေးလာတာက ဘာအတွက်ပါလိမ့်။ -
18:27 - 18:29အဲဒါကို အခုလို တွေးကြည့်ကြပါ။
-
18:29 - 18:32အမှားဆိုတာ အောင်မြင်မှုဆီ သွားဖို့
လိုအပ်တဲ့လှေခါးထစ် ဖြစ်ပါတယ်။ -
18:32 - 18:35ကျွန်တော်တို့ဟာ ပြင်ဆင်ရခြင်းမရှိဘဲ
လုပ်ကိုင်နေရတော့ အမှားဟာ ဓမ္မတာပါပဲ။ -
18:35 - 18:37အမှားတွေကို သင်ခန်းစာယူရန်
-
18:37 - 18:39အချက်အလက်များလို့ ခံယူပြီး
ကျော်လွှားရန် လိုပါတယ်။ -
18:39 - 18:41ပြီးတော့ အကူအညီရယူဖို့ ဒါမှမဟုတ်
-
18:41 - 18:43လက်လျှော့ဖို့ အတွက် မွေးလာကြတာ မဟုတ်ပါ။
-
18:43 - 18:45အဲလိုတွေလုပ်ဖို့ ကျွန်တော်တို့
မွေးလာကြတာမဟုတ်ပါ။ -
18:45 - 18:48ကျွန်တော်တို့ဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့
မွေးလာတာဖြစ်ပါတယ်။ -
18:48 - 18:50ကမ္ဘာကြီးကို ကယ်တင်ဖို့ဆိုတာ လွယ်ပါတယ်။
-
18:50 - 18:52ဒီကမ္ဘာထဲ ရှိနေကြတဲ့ လူတွေအားလုံးက
-
18:52 - 18:54ကိုယ့်ကိုကိုယ် အထင်သေးတဲ့
အတွေးမျိုးကို ရပ်လိုက်ရုံနဲ့ -
18:54 - 18:56ကမ္ဘာကြီးဟာ ကယ်တင်ခံလိုက်ရမှာပါ။
-
18:56 - 18:59ဒီနေ့ကို စတင်နိုင်တဲ့ ကမ္ဘာကြီးအား
ကယ်တင်နိုင်တဲ့ နည်းလမ်းက အဲဒီလိုရှိပါတယ်။ -
18:59 - 19:01ဒီတော့ ကမ္ဘာကြီးအား
ကယ်တင်မှုကို စတင်ကြပါ။ -
19:01 - 19:03“ငါဟာ အလကားပဲ…” လို့ မတွေးကြပါနဲ့။
-
19:03 - 19:06ဒီနေ့ကစလို့ ရှေ့ဆက်ပြီး
ကျွန်တော်တို့ ဆက်လုပ်သွားရမှာက -
19:06 - 19:08မလုပ်နိုင်တဲ့
အကြောင်းရင်းကို မရှာဖို့ပါပဲ။ -
19:08 - 19:11အဲဒါ့အစား လုပ်နိုင်မဲ့ အကြောင်းရင်းကို
ရှာကြံဖို့ပဲဖြစ်ပါတယ်။ -
19:11 - 19:14ဒီစည်းမျဉ်းကို လိုက်နာရုံနဲ့ ကမ္ဘာကြီးကို
ပိုကောင်းလာစေမှာပါ။ -
19:14 - 19:16ကျွန်တော့် ဟောပြောချက်ကို
နိဂုံးချုပ်ပါတော့မယ်။ -
19:16 - 19:19ကျွန်တော်ဟာ ကလေးဘဝကတည်းက လေယာဉ်နဲ့
ဒုံးပျံတွေကို ကြိုက်ခဲ့ပါတယ်။ -
19:19 - 19:23မလုပ်ဖူးတဲ့ လူတွေက “မင်းရဲ့ အိပ်မက် ဖြစ်မ
လာနိုင်ဘူး” လို့ အကြိမ်ကြိမ် ပြောခဲ့ကြတယ်။ -
19:23 - 19:26အမေက မျှော်လင့်ချက်က အိပ်မက်ကို
ဖိတ်ခေါ်တယ်လို့ ပြောခဲ့ပါတယ်။ -
19:26 - 19:29ကျွန်တော် တချိန်လုံး မျှော်လင့်နေခဲ့လို့
အိပ်မက်တွေ လက်တွေ့ ဖြစ်လာနိုင်ခဲ့တယ်။ -
19:29 - 19:31မျှော်လင့်ချက် အလျှော့မပေးရန်
အရေးကြီးပါတယ်။ -
19:31 - 19:35နောက်ဆုံးအနေနဲ့ အိပ်မက်တွေ လက်တွေ့
ဖြစ်လာစေမယ့် စကားကို ပါးပါရစေ။ -
19:35 - 19:37“အဲဒါ့အစား ဒီလိုလုပ်ကြည့်ရင် အိပ်မက်က
တကယ်ဖြစ်လာမယ်” -
19:37 - 19:38ဆိုတဲ့ စကားပါပဲ။
-
19:38 - 19:39ခင်ဗျားတို့ဟာ တစ်ဦးဦးနဲ့
-
19:39 - 19:41မိမိရဲ့အိပ်မက် အကြောင်း
ပြောပြနေတာ စဉ်းစားကြည့်ပါ။ -
19:41 - 19:43ထိုသူက “ဒါတော့ မဖြစ်နိုင်ဘူး…” ပြောလာရင်
-
19:43 - 19:45ကိုယ့်စိတ်မာန်တွေ လွင့်ပျောက်ကုန်ပါမယ်။
-
19:45 - 19:49ဒါပေမဲ့ “ဒီလိုလေး လုပ်လိုက်ရင်ရော၊
အသုံးဝင်မယ့် စာအုပ်ကို တွေ့မိတယ်” -
19:49 - 19:51“တီဗီမှာ မင်း အားကျမယ့်
အစီအစဉ် ပြခဲ့တယ်။” ပြောလာရင် -
19:51 - 19:53ခင်ဗျားတို့ စိတ်တက်ကြွလာမှာပါ။
-
19:53 - 19:54ပိုပြီး အားတက်စရာ ကောင်းမှာပါ။
-
19:54 - 19:57ဒီတော့၊ တစ်ဦးဦးနဲ့ ကိုယ့်အိပ်မက်
အကြောင်း ပြောဆိုရာတွင် -
19:57 - 19:59“ဒီလိုနည်းနဲ့ စမ်းလုပ်ကြည့်ပါလား”
အကြံပေးမယ်ဆိုရင် -
19:59 - 20:01လူတိုင်းရဲ့ အိပ်မက်တွေ
အကောင်အထည် ပေါ်လာမှာပါ။ -
20:01 - 20:03အားလုံး နာမည်ကြီးတွေ ဖြစ်လာကြလို့
-
20:03 - 20:04သိပ် ကောင်းမှာပဲနော်။
-
20:04 - 20:07ဒါ့ကြောင့် “ဒီလိုနည်းနဲ့
စမ်းလုပ်ကြည့်ပါလား” ဆိုတဲ့စကားကို -
20:07 - 20:08တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့စေချင်ပါတယ်။
-
20:08 - 20:11အဲ့ဒီလိုဆိုရင် “ဘာလုပ်လုပ် မဖြစ်နိုင်ဘူး”
ဆိုတာ ပျောက်သွားမှာမို့ -
20:11 - 20:13“ဒီလိုနည်းနဲ့ စမ်းလုပ်ကြည့်ပါလား” ကို
-
20:13 - 20:15သုံးစွဲကြဖို့ တိုက်တွန်းချင်ပါတယ်။
-
20:15 - 20:16အဲဒါဟာ ဒီနေ့ ဆုံတွေ့ပွဲရဲ့
-
20:16 - 20:18အဓိပ္ပါယ်ပဲ ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။
-
20:18 - 20:20အားလုံး အပြန်အလှန် ဖေးမကူညီရင်း
ရှေ့ဆက်သွားချင်ပါတယ်။ -
20:20 - 20:22ကျွန်တော်လည်း အတတ်နိုင်ဆုံး
ကြိုးစားပါ့မယ်။ -
20:22 - 20:25ခင်ဗျားတို့နဲ့ အချိန်ကို တန်ဖိုးရှိစွာ
မျှဝေသုံးခဲ့တာမို့လို့ -
20:25 - 20:28ကျွန်တော်တို့ရဲ့ ခင်မင်မှုဟာ
ကြာရှည်မယ်လို့ မျှော်လင့်ပါတယ်။ -
20:28 - 20:29ကျေးဇူးအများကြီးတင်ပါတယ်။
-
20:29 - 20:31(လက်ခုပ်သံများ)
-
20:31 - 20:34ကျေးဇူးတင်ပါတယ်။
- Title:
- “မျှော်လင့်ချက်က ဖိတ်ကြားနေတယ်” Tsutomu UEMATSU, TEDxSapporo
- Description:
-
ဟော့ကိုင်းဒိုးတွင် စက်ရုံတည်ထောင်လုပ်ကိုင်နေသည့် Mr. Tsutomu Uematsu က
လူတွေရဲ့ အိပ်မက်နဲ့ အခွင့်အလမ်းများကို လွယ်ကူစွာ ဆုံးရှုံးသွားစေနိုင်တဲ့ "အဲဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး" ဆိုတဲ့ စကားလုံးတွေကို လူတွေ ရပ်စဲပစ်လာကြမယ်လို့ မျှော်လင့်ပါတယ်။ သူ့ကလေးဘဝမှ နောက်ဆောင်ပုဒ် တစ်ခုဖြစ်တဲ့ “မျှော်လင့်ချက်က ဖိတ်ကြားနေတယ်” ဆိုတာကို ခံယူပြီး သူဟာ အာကာသ အင်ဂျင်နီယာ နယ်ပယ်ထဲ လုပ်ကိုင်ရေး မိမိရဲ့ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည့် အိပ်မက်ကို ပြန်ပြီး ဖေါ်ထုတ်နိုင်ခဲ့ပုံကို ပြောပြရင်း ကျွန်ုပ်တို့ အားလုံးက ကျွန်ုပ်တို့ရဲ့ အိပ်မက်တွေကို ရုပ်လုံးဖေါ် မရနိုင်ပါဘူးလို့ တစ်ဦးကို တစ်ဦးက နားချမှုကို ရပ်စဲလိုက်ကြပါက
ကမ္ဘာကြီးအား ကယ်တင်ရေးကို စတင်နိုင်ကြမှာပါလို့ ငြင်းခုံ တင်ပြထားပါတယ်။
တွေ့ဆုံမှုတစ်ခုမှ ကလေးဘဝအိပ်မက်ကို အထောင်အထည် ဖော်နိုင်တဲ့အထိ Mr. Tsutomu UEMATSU က ဟောပြောပါလိမ့်မယ်။ - Video Language:
- Japanese
- Team:
- closed TED
- Project:
- TEDxTalks
- Duration:
- 20:43
sann tint approved Burmese subtitles for 思うは招く | 植松 努 | TEDxSapporo | ||
sann tint edited Burmese subtitles for 思うは招く | 植松 努 | TEDxSapporo | ||
sann tint edited Burmese subtitles for 思うは招く | 植松 努 | TEDxSapporo | ||
sann tint edited Burmese subtitles for 思うは招く | 植松 努 | TEDxSapporo | ||
sann tint edited Burmese subtitles for 思うは招く | 植松 努 | TEDxSapporo | ||
Myo Aung accepted Burmese subtitles for 思うは招く | 植松 努 | TEDxSapporo | ||
Myo Aung edited Burmese subtitles for 思うは招く | 植松 努 | TEDxSapporo | ||
Myo Aung edited Burmese subtitles for 思うは招く | 植松 努 | TEDxSapporo |