1 00:00:04,383 --> 00:00:08,766 (လက်ခုပ်သံများ) 2 00:00:12,796 --> 00:00:13,958 ဟုတ်ကဲ့ အားလုံးပဲ 3 00:00:14,308 --> 00:00:15,636 မင်္ဂလာပါ။ 4 00:00:15,636 --> 00:00:16,798 (မင်္ဂလာပါ။) 5 00:00:17,108 --> 00:00:19,404 ခုမှပဲ စိတ်လှုပ်ရှားနေတာ ပြေသွားတော့တယ်။ 6 00:00:19,530 --> 00:00:22,256 ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာက 7 00:00:22,256 --> 00:00:24,415 “မျှော်လင့်ချက်က ဖိတ်ကြားနေတယ်” ဖြစ်ပါတယ်။ 8 00:00:24,415 --> 00:00:27,415 ကျွန်တော် အလယ်တန်းကျောင်းတုန်းက ကျွန်တော့်အမေ ပြောခဲ့တဲ့စကားပါ။ 9 00:00:27,415 --> 00:00:29,574 “ကိုယ်မျှော်လင့်ရင် တကယ်ဖြစ်လာမယ်“ အဓိပ္ပါယ်ပါ 10 00:00:29,574 --> 00:00:31,957 မျှော်လင့်ချက်ကို မဆုံးရှုံးမိရန် အရေးကြီးပါတယ်။ 11 00:00:32,189 --> 00:00:35,518 ဒီဟောပြောချက်ဖြင့် မိတ်ဆွေ ဖြစ်လာကြမယ်ဆိုရင် သိပ်ကောင်းမှာပါ့။ 12 00:00:35,972 --> 00:00:38,857 ကျွန်တော်တို့ မိတ်ဆွေတွေ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ 13 00:00:39,177 --> 00:00:42,519 လွန်ခဲ့တဲ့ ၄၇ နှစ်တုန်းက ကျွန်တော့်ကို မွေးဖွားခဲ့ပါတယ်။ 14 00:00:42,519 --> 00:00:44,343 ကျွန်တော့် နာမည်က Uematsu Tsutomu ပါ။ 15 00:00:44,343 --> 00:00:48,477 ကျွန်တော်ဟာ ဟော့ကိုင်းဒိုး အလယ်ပိုင်းရှိ အာကဘိရ မြို့မှာ 16 00:00:48,477 --> 00:00:51,356 ကျွန်တော့ တစ်သက်တာမှာ ပထမဦးဆုံး ကုမ္ပဏီကို လုပ်ကိုင်နေပါတယ်။ 17 00:00:51,356 --> 00:00:54,110 ကျွန်တော်တို့ဟာ စွန့်ပစ်ပစ္စည်း ပြန်ပြီးသုံးရန် 18 00:00:54,110 --> 00:00:57,149 လျှပ်စစ်သံလိုက်တွေကို ထုတ်လုပ်ကြပါတယ်။ 19 00:00:57,245 --> 00:01:00,230 အာကာသ ဒုံးပျံများကိုလည်း ထုတ်လုပ်နိုင်တယ်။ 20 00:01:00,340 --> 00:01:03,079 ကျွန်တော်တို့ဟာ ဒုံးပျံများကို အပြည့်အစုံ ဆောက်လုပ်လျက် 21 00:01:03,079 --> 00:01:05,744 ဂြိုလ်တုတွေကို ဖန်တီးပြီး အာကာသသို့ 22 00:01:05,964 --> 00:01:09,603 လွှတ်တင်နိုင်တဲ့ ကျွမ်းကျင်မှုတွေ ရှိပါတယ်။ 23 00:01:09,603 --> 00:01:13,449 ကျွန်တော်တို့ဆီမှာ ရှိတဲ့ စမ်းသပ်ရေး ကိရိယာ ဆိုရင် 24 00:01:13,449 --> 00:01:16,324 တကမ္ဘာလုံးမှာ လေးလုံးသာ ရှိတဲ့အထဲက ဂျပန်နိုင်ငံထဲက တစ်လုံးပါ။ 25 00:01:16,324 --> 00:01:19,715 ၎င်းဟာ ကမ္ဘာ့ဆွဲငင်အားကို သုညဖြစ်အောင် လုပ်နိုင်ရာ အာကာသထဲက အတိုင်းပါပဲ။ 26 00:01:19,715 --> 00:01:22,708 အဲဒါကို ဘယ်မှာမှ ဝယ်မရနိုင်ခဲ့လို့ ကိုယ့်ဘာသာ တီထွင်ခဲ့ကြရပါတယ်။ 27 00:01:22,708 --> 00:01:26,667 ဒါပေမဲ့ အာကာသ အင်ဂျင်နီယာ လုပ်ငန်းဟာ ကျွန်တော့ စိတ်ကူးမဟုတ်ခဲ့ပါဘူး။ 28 00:01:26,667 --> 00:01:30,434 ဒါတွေက ကျွန်တော့်အတွက် စိတ်ကူး အကောင်အထည်ဖော်ရေး နည်းလမ်းတွေပါ။ 29 00:01:31,299 --> 00:01:35,144 လွန်ခဲ့တဲ့ ၄၇ နှစ်တုန်းက ကျွန်တော့်ကို မွေးခဲ့ပါတယ်။ 30 00:01:35,144 --> 00:01:39,101 ငယ်ငယ်တုန်းက အဖွားက ကျွန်တော့်ကို အဖိုးတန် စကားကို ပြောခဲ့ပါတယ်။ 31 00:01:39,356 --> 00:01:42,778 ဟော့ကိုင်းဒိုးမြောက်ပိုင်းရှိ ဆာခါလင် ကျွန်းမှာ အဖွားဟာ 32 00:01:42,778 --> 00:01:44,965 ကားကုမ္ပဏီ တစ်ခုထောင်ထားပြီး 33 00:01:44,965 --> 00:01:48,046 ကြိုးစားလုပ်ခဲပြီး အတော်ကြာလာတော့ ငွေစုဆောင်းမိခဲ့ပါတယ်။ 34 00:01:48,046 --> 00:01:52,567 ဒါပေမဲ့ ၁၉၄၅ ခုနှစ်မှာ ဆိုဗီယက်တပ်တွေ ရုတ်တရက် ဆာခါလင်ကို တိုက်ခဲ့ကြတယ်။ 35 00:01:52,567 --> 00:01:54,328 လူအတော်များများ အသတ်ခံလိုက်ကြရတယ်။ 36 00:01:54,328 --> 00:01:56,448 အဖွားရဲ့ စုငွေတွေဟာလည်း 37 00:01:56,448 --> 00:01:59,260 စက္ကူစုတ်အဖြစ်ကို ရောက်သွားတာကို အဖွားက နားလည်လိုက်တယ်။ 38 00:01:59,260 --> 00:02:01,570 ဒါကြောင့် အဖွားက ငယ်သေးတဲ့ ကျွန်တော့် ပြောခဲ့တာက၊ 39 00:02:01,570 --> 00:02:03,987 “ငွေဆိုတာ အဓိပ္ပါယ်မရှိဘူး၊ တန်ဘိုးပြောင်းနိုင်တယ်။ 40 00:02:03,987 --> 00:02:05,899 ငွေရှိရင် မစုဘဲနဲ့ စာအုပ်တွေကို ဝယ်။ 41 00:02:05,906 --> 00:02:07,978 ကိုယ်ဖတ်ရသမျှကို မှတ်ထား။ 42 00:02:07,978 --> 00:02:09,860 အဲဒါကို ဘယ်သူကမှ မင်းထံမှ မယူနိုင်ဘူး။ 43 00:02:09,863 --> 00:02:12,447 ဒါက အသစ်တစ်ခု ဖြစ်ပေါ်လာမှာပါ။” ဆိုပြီး သင်ခဲ့တယ်။ 44 00:02:12,447 --> 00:02:15,049 အဲဒီလိုနည်းနဲ့ ကျွန်တော်ဟာ စာဖတ် ဝါသနာကြီးသူ ဖြစ်လာတယ်။ 45 00:02:15,049 --> 00:02:17,421 ကျွန်တော့ဆီမှာ သိပ်ချစ်တဲ့ အဖိုးလည်း ရှိခဲ့ပါတယ်။ 46 00:02:17,421 --> 00:02:19,716 ထောင်ထောင်မောင်းမောင်းနဲ့ ကြင်နာတတ်တဲ့အဖိုးပါ။ 47 00:02:19,716 --> 00:02:21,811 ကျွန်တော်နဲ့အဖိုးရဲ့ အမှတ်ရဆုံး ဖြစ်ရပ်ကတော့ 48 00:02:21,921 --> 00:02:23,876 အပိုလို အာကာသယာဉ် လပေါ် ဆင်းတာကို 49 00:02:23,956 --> 00:02:25,619 သူနဲ့အတူတူ တီဗွီကြည့်ခဲ့ရခြင်းပါပဲ။ 50 00:02:25,619 --> 00:02:28,279 မကြုံစဖူး ပုံစံမျိုးနဲ့ အဖိုးပျော်ရွှင်နေတာ မှတ်မိတယ်။ 51 00:02:28,279 --> 00:02:30,129 “ကြည့်စမ်း…ကြည့်စမ်းမြေး။ 52 00:02:30,139 --> 00:02:31,752 “ကြည့်စမ်း…ကြည့်စမ်းမြေး။ 53 00:02:31,752 --> 00:02:33,024 လူတွေ လပေါ်ကို ရောက်ပြီကွ။ 54 00:02:33,024 --> 00:02:34,715 မင်းလည်း အဲဒါကို လုပ်နိုင်တာပေါ့” 55 00:02:34,715 --> 00:02:36,846 ဆိုပြီး သိပ်ကို ပျော်နေခဲ့ပါတယ်။ 56 00:02:37,247 --> 00:02:39,599 သူအဲ့လောက် ပျော်တာကို တစ်ခါမှ မတွေ့ဖူးခဲ့တော့ 57 00:02:39,809 --> 00:02:41,875 သူ ပြုံးနေတာကို ထပ်ပြီး တွေ့ချင်မိခဲ့ပါတယ်။ 58 00:02:41,875 --> 00:02:43,991 အဲဒါနဲ့ ကျွန်တော် စာအုပ်ဆိုင်ကို 59 00:02:43,991 --> 00:02:46,896 သွားတိုင်းမှာ လေယာဉ်၊ ဒုံးပျံအကြောင်း စာအုပ်တွေကို ယူလာတတ်တယ်။ 60 00:02:46,896 --> 00:02:49,603 အဲ့လိုအချိန်မှာ အဖိုးက ကျွန်တော့်ခေါင်းကို အသာပွတ်ပေးပြီး 61 00:02:49,603 --> 00:02:50,585 ချီးမွမ်းတော့တယ်။ 62 00:02:50,705 --> 00:02:53,101 အဖိုးပျော်တာကို တွေ့ချင်တာနဲ့ပဲ ကျွန်တော်ဟာ 63 00:02:53,101 --> 00:02:56,269 လေယာဉ်နဲ့ ဒုံးပျံတွေကို တက်မောင်းမယ်လို့ ထင်မိ ပါတယ်။ 64 00:02:56,269 --> 00:02:59,771 အဲ့ဒီနောက်မှာ စာအုပ်ကောင်းတွေ အမျိုးမျိုးကို ဖတ်ခဲ့ရပါတယ်။ 65 00:03:00,121 --> 00:03:04,121 အလယ်တန်းရောက်တော့ ကျွန်တော့် စိတ်ကူးအိပ်မက်က 66 00:03:04,121 --> 00:03:07,185 လေယာဉ်ပျံ၊ ဒုံးပျံနဲ့ဆိုင်တဲ့အလုပ်ကို လုပ်မယ်ဆိုတာပါ။ 67 00:03:07,185 --> 00:03:09,318 ကိုယ့်စိတ်ကူးနဲ့ ကြိုးပမ်း လေ့လာခဲ့ပါတယ်။ 68 00:03:09,908 --> 00:03:12,940 ဒါပေမဲ့ ဆရာက ကျွန်တော့ကို ပြောခဲ့တာက၊ 69 00:03:13,570 --> 00:03:17,785 “ဒီလို စိတ်ကူးယဉ်တွေ မပြောနဲ့၊ စာမေးပွဲဖြေနိုင်ဖို့ စာကျက်စမ်းပါ” 70 00:03:18,065 --> 00:03:20,032 ကျွန်တော်က လေယာဉ်၊ ဒုံးပျံအကြောင်းကို 71 00:03:20,032 --> 00:03:21,278 စိတ်ဝင်တစား လေ့လာခဲ့ပေမဲ့ 72 00:03:21,278 --> 00:03:23,796 ကျောင်းစာကို ပစ်ထားခဲ့ပြီး ဘာမှ မလုပ်ခဲ့တာ အမှန်ပါပဲ။ 73 00:03:24,156 --> 00:03:26,165 ဆရာက ထပ်ပြောပါသေးတယ်၊ 74 00:03:26,825 --> 00:03:30,129 “အာကာသနဲ့ ဆိုင်တာမျိုးကို စတင်ရန် 75 00:03:30,129 --> 00:03:32,599 ကိုယ်က သိပ်ကို တော်ရန် လိုတဲ့အပြင် အကုန်အကျ များတယ်။ 76 00:03:32,599 --> 00:03:34,174 ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စမျိုးပဲ။ 77 00:03:34,234 --> 00:03:36,904 မင်း လုပ်လို့ မရနိုင်ပါဘူး။” ပြောပါတယ်။ 78 00:03:37,394 --> 00:03:39,238 ကျွန်တော် တော်တော့်ကို ဝမ်းနည်းသွားတယ်။ 79 00:03:39,368 --> 00:03:41,173 အဲဒီ့နောက် ကိုယ့်ကိုကို မေးမိတယ်။ 80 00:03:41,719 --> 00:03:43,902 “အိပ်မက် ဆိုတာ ဘာပါလိမ့်။” 81 00:03:45,202 --> 00:03:47,749 ကိုယ်လုပ်နိုင်တာကိုပဲ ကျွန်တော်တို့ အိပ်မက်ရမှာလား။ 82 00:03:48,019 --> 00:03:50,586 ဒါပေမဲ့ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာကို အဆုံးအဖြတ် 83 00:03:50,626 --> 00:03:52,490 အဆုံးအဖြတ်ပေးနိုင်လဲ ဆိုပြီးတွေးမိတယ်။ 84 00:03:52,490 --> 00:03:54,453 စမ်းမကြည့်ဘဲ ဘယ်သူမှာ မသိနိုင်တဲ့ကိစ္စကို 85 00:03:54,453 --> 00:03:57,933 မလုပ်ဖူးသေးတဲ့ လူတွေက အဆုံးအဖြတ်ပေးတာ ထူးဆန်း မနေပေဘူးလား။ 86 00:03:58,750 --> 00:04:01,969 အခု ကိုယ်မလုပ်နိုင်တာကို စိတ်ကူးအနေနဲ့ လိုက်စားသင့်လား။ 87 00:04:01,969 --> 00:04:04,219 လိုက်စားသင့်တယ်လို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ 88 00:04:04,219 --> 00:04:05,973 ဒါပေမဲ့ သူတို့က သဘောတူကြပုံ မရဘူး။ 89 00:04:06,203 --> 00:04:09,228 လူကြီးတွေကို ကျွန်တော် ကြောက်လန့်မိပါတယ်။ 90 00:04:09,298 --> 00:04:12,339 “သိပ်မကြိုးစားဘူးဆိုရင်၊ ကျောင်း ကောင်းကို ဝင်နိုင်မှာ မဟုတ်ဘဲ 91 00:04:12,339 --> 00:04:15,330 အလုပ်ကောင်း ရမှာ မဟုတ်ဘူး။ မင်းတော်တော့ကို ခက်မယ်။” ဆိုတာမျိုး။ 92 00:04:15,330 --> 00:04:17,395 ကျွန်တော် ကျောင်းမှာ အမှတ်မကောင်းခဲ့ပါဘူး။ 93 00:04:17,395 --> 00:04:19,272 ဒီတော့ ကျွန်တော် စိတ်ပူပြီးမေးခဲ့ပါတယ်။ 94 00:04:19,272 --> 00:04:21,625 “အလုပ်လုပ်ဖို့ ကောင်းတဲ့ ကုမ္ပဏီဆိုတာ ဘယ်လိုဟာလဲ။” 95 00:04:21,625 --> 00:04:23,541 ဒီတော့ လူကြီးတွေက ပြန်ဖြေပါတယ်။ 96 00:04:23,541 --> 00:04:27,254 စိတ်ချရပြီး သက်သက်သာသာနဲ့ လုပ်ကိုင်ရင်း ငွေရှာရနိုင်တဲ့ကုမ္ပဏီ မျိုးပေါ့တဲ့။ 97 00:04:27,894 --> 00:04:30,268 ကျွန်တော် နားမလည်နိုင်ခဲ့ပါဘူး။ 98 00:04:30,268 --> 00:04:34,939 ကိုယ်က လေ့လာလေလေ ကိုယ့်စွမ်းရည်ဟာ မြင့်တက်လာလေ ဖြစ်တယ်။ 99 00:04:34,939 --> 00:04:38,389 ဒါပေမဲ့၊ ကျွန်တော် လေ့လာဖို့ လိုတာက စွမ်းရည်ကို ပြန်သုံးရန်အတွက် မဟုတ်ဘဲ 100 00:04:38,389 --> 00:04:41,239 သက်သက်သာသာ အလုပ်လုပ်ကိုင်ရန် အတွက် ဖြစ်နေတယ်။ 101 00:04:41,239 --> 00:04:44,151 ဒါနဲ့ စဉ်းစားမိတာက၊ “ကျွန်တော် စာကို သင်ဖို့ လိုသလား။” 102 00:04:45,672 --> 00:04:48,404 ဒါပေမဲ့ ကိုယ့်မှာ ငွေရှိရင် ကောင်းတဲ့ အရာတွေ ရယူနိုင်မယ်။ 103 00:04:48,530 --> 00:04:49,481 ဥပမာ ဆိုပါစို့... 104 00:04:49,821 --> 00:04:51,400 (ရယ်မောသံများ) 105 00:04:51,400 --> 00:04:52,455 ကား အကောင်းစားကြီး။ 106 00:04:52,712 --> 00:04:54,933 (လက်ခုပ်သံများ) 107 00:04:54,951 --> 00:04:56,451 အဲ့ဒါ ကျွန်တော့် ကားမဟုတ်ပါဘူး။ 108 00:04:56,664 --> 00:04:58,200 အခြားသူရဲ့ ကားပါ။ 109 00:04:58,220 --> 00:05:01,198 (ရယ်မောသံများ) 110 00:05:01,198 --> 00:05:05,380 ကိုယ်က သူဌေးမို့လို့ ဒီလိုကားမျိုး ဝယ်နိုင်လား။ 111 00:05:05,734 --> 00:05:07,758 လုံးဝ....မဟုတ်ဘူး မဟုတ်လား။ 112 00:05:07,758 --> 00:05:11,154 တစ်ယောက်ယောက်က ကြိုးစားအားထုတ်ပြီး ဖန်တီးပေးလိုက်တဲ့ အဲဒီကားကို 113 00:05:11,154 --> 00:05:14,563 ကျွန်တော်တို့ ငွေပေးချေပြီး ဝယ်နိုင်ပါတယ်။ 114 00:05:14,563 --> 00:05:15,990 ပိုကောင်းတဲ့ ပစ္စည်းတွေထုတ်ရန် 115 00:05:15,990 --> 00:05:18,897 အားသွန်ခွန်စိုက် သုတေသနတွေလုပ်ပြီး ကြိုးစားသူတွေ ရှိနေလို့ 116 00:05:18,897 --> 00:05:22,388 ကျွန်တော်တို့အား ရောင်းနိုင်လို့ ကျွန်တော်တို့ ဝယ်ယူနိုင်တာပါ။ 117 00:05:22,388 --> 00:05:24,979 တကယ်တော့ ငွေဟာ အရေးမကြီးပါ။ 118 00:05:24,979 --> 00:05:27,439 ငွေစိုက်ထုတ်ရန် လိုတဲ့ စိတ်ကူးအိပ်မက်၊ 119 00:05:27,439 --> 00:05:29,899 ငွေမရှိရင် ဖြစ်မလာနိုင်တဲ့ စိတ်ကူး အိပ်မက်ဆိုတာဟာ 120 00:05:29,899 --> 00:05:33,758 တကယ်တော့၊ တစ်ယောက်ယောက်က ကမ်းလှမ်းတဲ့ ဝန်ဆောင်မှုမျှသာပါ။ 121 00:05:34,229 --> 00:05:36,344 ကိုယ် အိပ်မက်လာခဲ့တာက အဲဒါပါပဲ။ 122 00:05:36,344 --> 00:05:40,562 ပြီးတော့၊ တစ်ခုခု ကိုယ်ဘာသာ မလုပ်နိုင်ရင် သူများ လုပ်ပေးမှာကို စောင့်ရတယ်။ 123 00:05:40,562 --> 00:05:44,484 အဲဒါကြောင့်မို့ ကျွန်တော်တို့ဟာ နေထိုင်ဖို့ ငွေတွေ တိုးတိုး လိုတယ်။ 124 00:05:45,214 --> 00:05:47,712 ကောင်းပြီ၊ ကိုယ်က အဲဒါကို စီမံနိုင်ပြီ ဆိုပါစို့။ 125 00:05:47,712 --> 00:05:49,248 ကိုယ် လုပ်နိုင်တာ များလေလေ၊ 126 00:05:49,248 --> 00:05:51,126 သူများကို တိုးတိုး ကူညီပေးနိုင်လေပါ။ 127 00:05:51,126 --> 00:05:52,912 ကိုယ့်အလုပ်က အဲဒါ ဖြစ်နိုင်ပါတယ်။ 128 00:05:53,440 --> 00:05:56,501 ကျွန်တော်တို့ အသက်ရှင် နေရခြင်းအတွက် အရေးကြီးတဲ့ အချက်က 129 00:05:56,731 --> 00:06:00,311 အရင်တုန်းက မလုပ်နိုင်ခဲ့တာတွေကို နောက်ဆုံးမှာ လုပ်နိုင်ခြင်းပဲလို့ ထင်တယ်။ 130 00:06:00,314 --> 00:06:03,293 အဲဒါဟာ ကျွန်တော်တို့ အတွက် အံ့အားသင့်စရာ ဖြစ်နိုင်ပါတယ်။ 131 00:06:03,293 --> 00:06:05,801 “အခု မလုပ်နိုင်သေးတာကို လုပ်ဖို့ အားထုတ်မှု ကမှ 132 00:06:05,801 --> 00:06:08,271 စိတ်ကူးအိပ်မက် ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်တယ်။” 133 00:06:12,223 --> 00:06:15,422 ကိုယ် သိပ်မက်မောတဲ့ အရာတွေကို လိုက်လုပ်ရန် ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ 134 00:06:15,782 --> 00:06:18,794 ဒါပေမဲ့၊ ကျွန်တော့် ဝန်းကျင်က ဘယ်သူမှ သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ 135 00:06:18,794 --> 00:06:21,077 မိဘတွေတောင် ကျွန်တော့ကို နားမလည်ခဲ့ကြပါ။ 136 00:06:21,532 --> 00:06:23,514 “ဒါတွေလုပ်လို့ရမှာ မင်းသေချာရဲ့လား။” 137 00:06:23,574 --> 00:06:25,267 ”အဲဒါ အဓိပ္ပါယ် မရှိဘူး၊ မဟုတ်လား။” 138 00:06:25,267 --> 00:06:27,271 ”မင်းက ကြွားချင်တာလား။” အပြောခံခဲ့ရတယ်။ 139 00:06:27,271 --> 00:06:29,459 ကျွန်တော် အထီးကျန် ဖြစ်လာခဲ့ပါတယ်။ 140 00:06:29,459 --> 00:06:32,804 ကိုယ်ကြိုက်တဲ့အကြောင်းကို သူများကို ပြောမပြနိုင်ခဲ့ပါ။ 141 00:06:32,804 --> 00:06:36,250 ဒါပေမဲ့၊ ကျွန်တော့်ကို ကူညီပေးခဲ့သူတွေ ရှိခဲ့ကြပါတယ်။ 142 00:06:36,250 --> 00:06:39,250 စာအုပ်ထဲက ပုဂ္ဂိုလ်တွေပါ။ 143 00:06:39,250 --> 00:06:41,991 Wright ညီအကိုများ နဲ့ Edison တို့ပါ။ 144 00:06:43,528 --> 00:06:46,275 ကျွန်တော့လိုပဲ သူတို့ကိုလည်း ဘယ်သူမှ နားမလည်ခဲ့ကြပါ၊ 145 00:06:46,275 --> 00:06:48,314 သူတို့ကို ကူပေးခဲ့သူ ဘယ်သူမှာမှ မရှိခဲ့ပါ။ 146 00:06:48,314 --> 00:06:50,807 ဒါပေမဲ့၊ သူတို့ဟာ အစွမ်းကုန် ကြိုးစားနေခဲ့ကြပါတယ်။ 147 00:06:50,807 --> 00:06:53,626 အဲဒီလို ပုဂ္ဂိုလ်ကြီးတွေက ကျွန်တော့်ကို ကူညီပေးခဲ့ကြတယ်။ 148 00:06:53,626 --> 00:06:55,592 ဒါ့ကြောင့် ကျွန်တော် လက်မလျှော့ခဲ့ပါ။ 149 00:06:55,592 --> 00:06:58,218 ကျွန်တော်ဟာ ကိုယ်ကြိုက်တာကို ပိုပို နှစ်သက်လာလို့၊ 150 00:06:58,218 --> 00:07:00,210 ကျွန်တော့ ကျွမ်းကျင်မှုတွေ တိုးလာခဲ့တယ်။ 151 00:07:00,210 --> 00:07:02,118 ကျွန်တော်ဟာ စက္ကူပုံညှပ်တာ ကျွမ်းပါတယ်။ 152 00:07:02,118 --> 00:07:05,490 ကျွမ်းကျင်မှု တိုးတက်အောင် ကြိုးစားရင်း အရာတွေ အများကြီး လုပ်တတ်လာတယ်။ 153 00:07:05,490 --> 00:07:07,105 ပစ္စည်းတွေ ထုတ်လုပ်လာနိုင်ပါတယ်။ 154 00:07:07,105 --> 00:07:10,983 ပစ္စည်းတွေ ပြန်သုံးရန် လျှပ်စစ်သံလိုက် ထုတ်မယ့် ကိုယ်ပိုင် ကုမ္ပဏီထောင်ခဲ့တယ်။ 155 00:07:11,971 --> 00:07:14,724 အဲတော့၊ ကျွန်တော်ဟာ ကုမ္ပဏီကို စီမံခန့်ခွဲရတော့တယ်။ 156 00:07:14,881 --> 00:07:18,810 ကျွန်တော့်ဘဝမှာ ပထမဦးဆုံး အကြိမ် လုပ်ခဲ့ပေမဲ့ အံ့ဖွယ် အောင်မြင်ခဲ့တယ်။ 157 00:07:20,770 --> 00:07:22,973 (ရယ်မောသံများ) 158 00:07:23,233 --> 00:07:26,808 (လက်ခုပ်သံများ) 159 00:07:27,496 --> 00:07:30,316 ကျွန်တော်တို့ရဲ့ နှစ်စဉ် ရောင်းချမှုဟာ ဆယ်ဆ တိုးလာခဲ့တယ်။ 160 00:07:30,532 --> 00:07:33,468 ကျွန်တော်ဟာ ဘဝင်ကြီးလာခဲ့ရာ ခွက်ခွက်လန်အောင် ရှုံးတော့တာပါပဲ။ 161 00:07:33,468 --> 00:07:34,203 (ရယ်မောသံများ) 162 00:07:35,063 --> 00:07:37,365 ကျွန်တော် ယန်း သန်း၂၀၀ အကြွေး တင်သွားပါတယ်။ 163 00:07:37,365 --> 00:07:39,106 အဲဒါ ကျွန်တော့်ရဲ့ အပြစ်လို့ ထင်တယ်။ 164 00:07:39,106 --> 00:07:41,992 ကျွန်တော်ဟာ အရာရာတိုင်းကို ကိုယ့်ဘာသာကိုယ် စီမံရန် ကြံခဲ့တယ်။ 165 00:07:41,992 --> 00:07:45,063 စိုးရိမ်စရာတွေ တစ်ယောက်တည်း ဖြေရှင်းရင်း ကိုယ့်ကို အပြစ်တင်မိတယ်။ 166 00:07:45,063 --> 00:07:48,003 အဲဒီနောက်၊ ဂျပန် တစ်နိုင်ငံလုံးမှာ ကိုယ်တိုင် လိုက်ရောင်းခဲ့ရာ 167 00:07:48,003 --> 00:07:49,485 စိတ်ညစ်စရာကြီး ဖြစ်ခဲ့ပါတယ်။ 168 00:07:49,485 --> 00:07:50,622 အဲဒါနဲ့ လေယာဉ်စီးတိုင်း 169 00:07:50,622 --> 00:07:52,582 လေယာဉ် ပျက်ကျပါစေလို့ ဆုတောင်းနေခဲ့တတ်တယ်။ 170 00:07:52,582 --> 00:07:54,645 ဒါပေမယ့် လေယာဉ်ဟာ ဘယ်တော့မှ ပျက်မကျခဲ့ပါဘူး။ 171 00:07:54,645 --> 00:07:57,210 ဒီလိုနဲ့ ကျွန်တော်ဟာ ကြမ်းတမ်းသူ ရက်စက်သူ ဖြစ်လာပါတယ်။ 172 00:07:57,708 --> 00:08:00,670 ပြိုင်ဘက်တွေကို ညှာတာခြင်းမရှိဘဲ ထိုးနှက်နိုင်သူ ဖြစ်လာတယ်။ 173 00:08:01,315 --> 00:08:05,296 အဲဒီပြိုင်ဖက်တွေရဲ့ မိသားစုတွေ အကြောင်းကို နည်းနည်းမှ မစဉ်းစားခဲ့တာ အမှန်ပဲ။ 174 00:08:05,296 --> 00:08:08,440 ဝင်ငွေတွေ တိုးလာလို့ ဘဏ်ဝန်ထမ်းက ကျွန်တော့်ကို ချီးမွမ်းခဲ့တယ်။ 175 00:08:08,760 --> 00:08:11,541 ဒါပေမဲ့၊ ကျွန်တော့် တွေးထင်ပုံက လုံးဝ ပုံမှန် မဟုတ်တော့ 176 00:08:11,695 --> 00:08:13,680 ဘယ်သူ့ကိုမှ မယုံကြည်နိုင်ခဲ့ပါ။ 177 00:08:13,680 --> 00:08:15,126 တစ်ယောက်တည်း လုပ်နေခဲ့ရတယ်။ 178 00:08:15,126 --> 00:08:18,534 ကျွန်တော်ဟာ အရာအားလုံးကို ယထာဘူတကျကျပဲ တွေးပါတော့တယ်။ 179 00:08:18,534 --> 00:08:20,362 ကိုယ့်အတွက် အရေးကြီးဆုံးတွေ အားလုံးကို 180 00:08:20,362 --> 00:08:22,519 စွန့်ပစ်လိုက်တော့မယ်လို့တောင် စဉ်းစားမိခဲ့တယ်။ 181 00:08:22,519 --> 00:08:24,793 အဲ့ဒီအချိန်တုန်းက ကျွန်တော့် ကုမ္ပဏီရဲ့ အခြေအနေက 182 00:08:24,793 --> 00:08:26,860 သိပ်ကို မလွယ်ခဲ့ရာ၊ ဂျပန် တစ်နိုင်ငံလုံးမှ 183 00:08:26,860 --> 00:08:29,541 လူအမျိုးမျိုးတို့က ကျွန်တော့ကို အကြံဉာဏ် ပေးလာကြတယ်။ 184 00:08:29,541 --> 00:08:32,032 “Junior Chamber International အသင်းကို ဝင်ကြည့်ပါလား။ 185 00:08:32,032 --> 00:08:33,765 အမြတ်တွေ တိုးလာမယ်။” ဆိုခဲ့ကြတယ်။ 186 00:08:33,765 --> 00:08:36,219 ကျွန်တော်လည်း မရိုးမသားစိတ်နဲ့ အသင်းဝင်ခဲ့ပါတယ်။ 187 00:08:36,236 --> 00:08:37,520 (ရယ်မောသံများ) 188 00:08:37,525 --> 00:08:39,596 ဒါပေမဲ့ အမြတ်တော့ ထွက်မလာခဲ့ဘူး။ 189 00:08:39,596 --> 00:08:40,957 (ရယ်မောသံများ) 190 00:08:40,957 --> 00:08:44,347 ဒါပေမဲ့၊ အဲ့ဒီမှာ ကျွန်တော် အံ့ဖွယ် လူသစ်တွေနဲ့ တွေ့ကြုံခွင့် ရခဲ့တယ်။ 191 00:08:46,528 --> 00:08:48,677 ကျွန်တော်ဟာ သူတို့နဲ့ မိတ်ဆွေဖွဲ့ခဲ့ပါတယ်။ 192 00:08:48,677 --> 00:08:51,594 မိတ်ဆွေ တစ်ယောက်က ကျွန်တော့်ကို ကလေးတွေ မွေးစားထားတဲ့ အိမ်မှာ 193 00:08:51,594 --> 00:08:55,200 စေတနာ့ဝန်ထမ်း ကူပေးရန် အဆိုပြုလာတယ်။ 194 00:08:55,200 --> 00:08:58,831 ရိုးရိုးသားသား ကြိုးစားပြင်ဆင်ပြီး အဲဒီကို သွားခဲ့ရာ ကလေးတွေဟာ 195 00:08:58,831 --> 00:09:01,593 မိဘတွေရဲ့ အလွဲသုံးစားမှုကို ခံခဲ့ရဖူးသူတွေ ဖြစ်နေခဲ့ကြတယ်။ 196 00:09:01,593 --> 00:09:04,310 အစပိုင်းတွင် တစ်ယောက်မှာမှ ကျွန်တော်နားကို မလာခဲ့ကြပါဘူး။ 197 00:09:04,310 --> 00:09:06,826 ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေနဲ့ ခင်မင်ရန် ကြိုးစားခဲ့လို့ 198 00:09:06,826 --> 00:09:08,891 ပြန်မယ်လုပ်တော့ “မပြန်ပါနဲ့” လို့ဆိုလာကြတယ်။ 199 00:09:08,891 --> 00:09:11,120 သူတို့ဟာ ကျွန်တော်တို့နဲ့ စကားပြောချင် လာကြတယ်။ 200 00:09:11,120 --> 00:09:12,564 ကျွန်တော်က မိတ်ဆွေနဲ့ ပြန်တော့ 201 00:09:12,564 --> 00:09:14,244 “ဒို့လုပ်လိုက်တာ ကောင်းမှု တစ်ခုပဲ။ 202 00:09:14,244 --> 00:09:15,826 တစ်ခုခု သောက်ကြရအောင်” ပြောမိတယ်။ 203 00:09:15,826 --> 00:09:17,929 ချာတိတ် တစ်ယောက်က သူ့အိပ်မက်ကို ပြောပြခဲ့တယ်။ 204 00:09:17,929 --> 00:09:19,785 အဲဒါက မိဘတွေနဲ့ အတူတူပြန်နေနိုင်ဖို့ပါ။ 205 00:09:19,785 --> 00:09:21,515 ကျွန်တော် အဲဒါကို မယုံနိုင်ခဲ့ပါ။ 206 00:09:23,184 --> 00:09:26,628 ကိုယ့်ကို ဒီလိုရက်စက်ခဲ့တဲ့ မိဘကို ဘာလို့ ချစ်နေတုန်းလဲလို့ တွေးမိတယ်။ 207 00:09:26,628 --> 00:09:29,778 ကျွန်တော်သာဆိုရင် ကောင်းတာကို ဘယ်လိုမှ စဉ်းစားနိုင်ခဲ့မှာ မဟုတ်ဘူး။ 208 00:09:29,778 --> 00:09:31,888 ကျွန်တော်က ငွေတွေလှူလှူ၊ 209 00:09:31,888 --> 00:09:33,809 ဒီကလေးကို အိမ်ခေါ်ပြီး မွေးစားမွေးစား၊ 210 00:09:33,809 --> 00:09:35,632 အဲဒါက ဘာကိုမှ ဖြေရှင်းမပေးနိုင်တော့ပါ။ 211 00:09:35,632 --> 00:09:38,201 အကြောင်းရင်းက သူက သူ့မိဘတွေကို ချစ်နေတုန်း မို့လို့ပါ။ 212 00:09:38,201 --> 00:09:41,282 ဘာလို့ အဲဒီလို ဖြစ်နိုင်တာလဲ တွေးမိပါတယ်။ 213 00:09:41,282 --> 00:09:43,150 နောက်ပြီး ကျွန်တော်ကရော ဘာဖြစ်လို့ 214 00:09:43,150 --> 00:09:46,505 တဖက်သားကို ဖိနှိပ်ပြီး လုပ်ရတဲ့အထိ ငွေရှာနေမိပါလိမ့်လို့ တွေးမိလာပါတယ်။ 215 00:09:46,505 --> 00:09:48,652 အရာအားလုံးရှုပ်ထွေးပြီး နားမလည် ဖြစ်မိလာပါတယ်။ 216 00:09:48,652 --> 00:09:49,962 ခေါင်းထဲမယ် ချာချာလည်နေတယ်။ 217 00:09:49,962 --> 00:09:53,340 အဲ့ဒီအချိန်မှာ မေ့နေခဲ့တဲ့ အကြောင်းအရာတွေ ပြန်ပေါ်လာကြတယ်။ 218 00:09:54,290 --> 00:09:56,158 ကျွန်တော် မူလတန်း တက်တဲ့အချိန်မှာ 219 00:09:56,158 --> 00:09:59,276 အတန်းပိုင်ဆရာက ကျွန်တော့်ကို တော်တော်လေး မုန်းခဲ့ပါတယ်။ 220 00:09:59,276 --> 00:10:02,795 ကျွန်တော် ယုံကြည်ခဲ့တာရော အဖွားသင်ပေးခဲ့တဲ့စကားပါ၊ 221 00:10:02,795 --> 00:10:04,837 အားလုံး ငြင်းပယ်တာ ခံခဲ့ရပါတယ်။ 222 00:10:04,837 --> 00:10:06,964 “မင်းလိုကောင်မျိုး ဘာလုပ်လုပ် မဖြစ်နိုင်ဘူး” 223 00:10:06,964 --> 00:10:08,418 ကျွန်တော့် စိတ်ကူးအိပ်မက်ဟာ 224 00:10:08,418 --> 00:10:10,416 အကြိမ်ကြိမ် ပယ်ချခံခဲ့ရပါတယ်။ 225 00:10:10,421 --> 00:10:12,275 အဖိုးက သပ်ပေးခဲ့တဲ့ ကျွန်တော့်ခေါင်းဟာ 226 00:10:12,275 --> 00:10:14,609 ဆရာရဲ့ ခေါက်တာကို အတော်လေးကို ခံခဲ့ရပါတယ်။ 227 00:10:14,609 --> 00:10:16,398 ကျွန်တော် တော်တော်လေး ခံစားခဲ့ရပါတယ်။ 228 00:10:16,398 --> 00:10:19,718 ဒါပေမဲ့ ကူညီပေးမယ့် လူကြီးသူမရယ်လို့ မရှိခဲ့ပါဘူး။ 229 00:10:19,718 --> 00:10:24,214 အဲ့ဒီဆရာ ပြောခဲ့တဲ့စကားကို ကျွန်တော် မမေ့နိုင်ပါဘူး။ 230 00:10:24,214 --> 00:10:28,178 ဆရာက “ဘာလုပ်လုပ် မဖြစ်နိုင်ဘူး” ဆိုတဲ့စကားကို တော်တော် ပြောခဲ့ပါတယ်။ 231 00:10:28,178 --> 00:10:31,529 အဲဒီစကားဟာ တော်တော်ကြောက်စရာ ကောင်းပါလားလို့ တွေးမိပါတယ်။ 232 00:10:31,529 --> 00:10:37,209 လူတွေရဲ့ယုံကြည်မှုနဲ့ ဖြစ်နိုင်စွမ်းကို လုယူနိုင်တဲ့ အဆိုးဝါးဆုံးစကားပါပဲ။ 233 00:10:37,209 --> 00:10:39,749 ပြောဖို့တော့ သိပ်ကိုလွယ်တဲ့ စကားပါပဲ။ 234 00:10:39,749 --> 00:10:42,554 ပြောခံရတာနဲ့ ဘာမှ ဆက်လုပ်မရတော့တာမို့ 235 00:10:42,554 --> 00:10:45,918 ပြောရလွယ်သလောက် ကြောက်ဖို့ကောင်းတဲ့ စကားလုံး ဖြစ်ပါတယ်။ 236 00:10:46,537 --> 00:10:50,050 အဲ့ဒီလို အပြောခံရပြီး အနာဂါတ်ကို လက်လျှော့ခိုင်းခံရသူများဟာ 237 00:10:50,050 --> 00:10:52,274 ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးသွားရပါတယ်။ 238 00:10:52,274 --> 00:10:54,167 ဘယ်လိုပဲဖြစ်ဖြစ် လူဟာ အသက်ရှင်နေသရွေ့ 239 00:10:54,167 --> 00:10:56,285 ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ သိပ်လိုအပ်ပါတယ်။ 240 00:10:56,285 --> 00:10:58,697 ဒါကြောင့် ယုံကြည်မှုမဲ့သူတွေဟာ 241 00:10:59,343 --> 00:11:01,244 ငွေနဲ့ ယုံကြည်မှုကို ဝယ်ယူကြပါတယ်။ 242 00:11:01,244 --> 00:11:02,693 မိမိကိုယ်မှာဆင်ကြပါတယ်၊ 243 00:11:02,693 --> 00:11:05,263 ပြီးတော့ အဲ့ဒါနဲ့ပဲ မာန်တွေ တက်လာကြပြီး 244 00:11:05,279 --> 00:11:08,392 တပါးသူကို နှိမ့်ချဆက်ဆံတတ်လာကြတယ်။ 245 00:11:08,392 --> 00:11:10,320 သူများက ကိုယ့်ထက်သာသွားမှာကို စိုးတော့ 246 00:11:10,320 --> 00:11:12,694 သူများ ကြိုးစားနေတာကို နှောင့်ယှက်တတ်ကြပါသေးတယ်။ 247 00:11:12,694 --> 00:11:13,945 အဲ့ဒီလိုလူစားမျိုးတွေဟာ 248 00:11:13,945 --> 00:11:16,329 ကျွန်တော်တို့ အားလုံးရဲ့ အနီးအနားမှာ ရှိနေကြတတ်တယ်။ 249 00:11:16,423 --> 00:11:18,320 ဒါပေမဲ့ အဲလိုလူမျိုးတွေဟာ 250 00:11:18,320 --> 00:11:21,149 ယုံကြည်ချက်မဲ့ သနားစရာ လူတွေဖြစ်ပါတယ်။ 251 00:11:21,149 --> 00:11:24,162 ကိုယ့်ယုံကြည်မှုကို ကာကွယ်ဖို့အတွက် 252 00:11:24,162 --> 00:11:27,504 သူများရဲ့ ယုံကြည်ချက်တွေကို လုယူကြတာ ဖြစ်ချင်ဖြစ်မယ်။ 253 00:11:27,779 --> 00:11:32,113 နောက်ပြီး ကျွန်တော့်ကုမ္ပဏီကို အာဖရိကမှ လူတွေ ရောက်လာခဲ့ကြတယ်။ 254 00:11:32,118 --> 00:11:35,507 ကျွန်တော်ပြောတာကို နားထောင်ပြီးတဲ့ နောက်မှာ အခုလိုပြောပါတယ်။ 255 00:11:35,574 --> 00:11:37,166 အခု အာဖရိကမှာ 256 00:11:37,166 --> 00:11:39,770 “ငါဟာ စာသင်လို့လည်း အလကားပဲ။ 257 00:11:39,770 --> 00:11:41,403 ကြိုးစား လည်းအလကားပဲ” ဆိုပြီး 258 00:11:41,403 --> 00:11:44,734 ကိုယ့်အနာဂတ်ကို၊ ဖြစ်နိုင်စွမ်းကို လက်လျှော့ပစ်ကြသူတွေဟာ 259 00:11:44,734 --> 00:11:48,155 နောက်ဆုံးတော့ လူ့အသက်ကိုသတ်ပြီး လုယူကြသူတွေ ဖြစ်ကုန်ကြတယ်။ 260 00:11:48,155 --> 00:11:50,172 ဘာ့ကြောင့်လဲဆို မကြိုးစားနိုင်ကြ၊ 261 00:11:50,172 --> 00:11:51,869 ကိုယ့်အစွမ်းအစကို မထုတ်နိုင်ကြတော့ 262 00:11:51,869 --> 00:11:53,602 လုယူရုံအပြင် မလုပ်နိုင်ကြတော့လို့ပါ။ 263 00:11:53,602 --> 00:11:55,392 အကြမ်းဖက်နည်းတွေနဲ့လည်း ရယူကြပါသေးတယ်။ 264 00:11:55,392 --> 00:11:56,861 အဲ့ဒီအပြင် လိမ်ပြောတာ၊ 265 00:11:56,871 --> 00:12:00,013 မလုပ်တတ်ချင် ယောင်ဆောင်တာ၊ လှည့်ပတ် ပြောတာတွေနဲ့လည်း ရယူကြပါသေးတယ်။ 266 00:12:00,013 --> 00:12:01,182 အားလုံး ဒီလိုချည်းသာဆို 267 00:12:01,182 --> 00:12:04,392 ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းထဲမှာ အမှန်တရားဆိုတာ ဘယ်ရှိနိုင်မလဲ။ 268 00:12:04,464 --> 00:12:08,797 “မင်း ဘာလုပ်လုပ် မဖြစ်နိုင်ဘူး” စကားရဲ့ အန္တရာယ်ကို ကျွန်တော် သိခွင့်ရခဲ့ပါတယ်။ 269 00:12:08,797 --> 00:12:13,505 ဒီစကားကို လူတွေက အစကမသိ၊ နားမလည်ခဲ့ကြပါဘူး။ 270 00:12:13,505 --> 00:12:16,802 ဘယ်အချိန်မှာ ဒီစကားကို မှတ်မိသိရှိသွားလဲ ဆိုတာကို စဉ်းစားမိပါတယ်။ 271 00:12:16,943 --> 00:12:19,716 အဲ့ဒီအခါ အာကာသကြောင့်များ ဖြစ်နေမလားလို့ စဉ်းစားမိပါတယ်။ 272 00:12:19,720 --> 00:12:21,360 အာကာသကြီးဟာ အင်မတန် လှပပါတယ်။ 273 00:12:21,360 --> 00:12:24,720 ဒါ့ကြောင့် လူတိုင်းလိုလို ငယ်ရွယ်စဉ်မှာ အံ့ဩနှစ်ခြိုက်ခဲ့မှာ အမှန်ပါပဲ။ 274 00:12:24,720 --> 00:12:28,695 ဒါပေမဲ့၊ လူတိုင်း အာကာသနဲ့ပတ်သက်ပြီး တီထွင်ဖန်တီးနိုင်မယ်လို့ တွေးဖူးကြပါသလား။ 275 00:12:28,695 --> 00:12:31,549 အာကာသဆိုတာ တော်ရုံဉာဏ်ကောင်းရုံနဲ့မရ၊ 276 00:12:31,549 --> 00:12:33,792 ငွေကလည်း သောက်သောက်လဲ ကုန်မှာကို တွေးမိကြပါသလား။ 277 00:12:33,792 --> 00:12:36,384 နိုင်ငံတော်က လုပ်ရမယ့် အလုပ်လို့ တွေးမိကြတယ် မဟုတ်လား။ 278 00:12:36,384 --> 00:12:38,380 အဲ့ဒါကို ဘယ်သူတွေ ပြောပြလို့ သိလာရလဲ။ 279 00:12:38,380 --> 00:12:40,406 ဒီအချက်ကို သင်ပေးကြသူတွေကတော့ 280 00:12:40,729 --> 00:12:42,888 ကိုယ်တိုင် မလုပ်ဖူးတဲ့ သူတွေပဲဖြစ်ပါတယ်။ 281 00:12:42,888 --> 00:12:44,193 မလုပ်ဖူးသေးသူတွေက 282 00:12:44,193 --> 00:12:47,177 မလုပ်ရခြင်းကို အကြောင်းပြချက်ရှာပြီး လျှောက်ပြောရာက စခဲ့တာပါပဲ။ 283 00:12:47,177 --> 00:12:49,723 ကျွန်တော်တို့ဟာ ဘာလုပ်ရမှန်း မသိဖြစ်လာရပါတယ်။ 284 00:12:49,723 --> 00:12:52,447 ဘာကိုလုပ်နိုင်တယ် ဆိုတာလည်း မသိခဲ့ကြပါ။ 285 00:12:52,447 --> 00:12:56,705 အဲ့ဒါကြောင့်“မင်းဘာလုပ်လုပ် မဖြစ်နိုင်ဘူး” ဆိုတာကို ချေပဖို့ တွေးမိခဲ့ပါတယ်။ 286 00:12:56,705 --> 00:13:00,455 ဒီစကားသာမရှိရင် အနိုင်ကျင့် အကြမ်းဖက်မှု၊ စစ်ပွဲတွေ ပျောက်သွားကြမယ် ထင်တယ်။ 287 00:13:00,455 --> 00:13:03,332 ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုတွေ ပျောက်ကွယ်သွားမယ် ထင်ပါတယ်။ 288 00:13:03,332 --> 00:13:04,581 ဒါကြောင့် ကျွန်တော်ဟာ 289 00:13:04,581 --> 00:13:07,341 လူတိုင်းက “မင်းဘာလုပ်လုပ် မဖြစ်နိုင်ဘူး” လို့ ပြောခဲ့ကြတဲ့ 290 00:13:07,341 --> 00:13:10,113 အာကာသနဲ့ဆိုင်တဲ့ တီထွင်မှုကို လုပ်ကြည့်ဖို့ စဉ်းစားခဲ့တာပါ။ 291 00:13:10,113 --> 00:13:12,649 ဒါပေမဲ့၊ ကျွန်တော်ဟာ ဒုံးပျံဟာ အန္တရာယ်ရှိမှန်း သိလို့ 292 00:13:12,649 --> 00:13:14,244 မထုတ်လုပ်ခဲ့ဘဲ လက်လျှော့ခဲ့ပါတယ်။ 293 00:13:14,244 --> 00:13:15,659 ဒါပေမဲ့၊ ဘုရားသခင်က မနေပါဘူး။ 294 00:13:15,659 --> 00:13:18,870 ဟော့ကိုင်းဒိုး တက္ကသိုလ်မှ ပါမောက္ခဆရာ Nakataနဲ့ ဆုံတွေ့စေခဲ့ပါတယ်။ 295 00:13:18,870 --> 00:13:22,355 ကံကောင်းချင်တော့ သူက အန္တရာယ်ကင်းတဲ့ ဒုံးပျံကို သုတေသနလုပ်နေပြီး 296 00:13:22,355 --> 00:13:25,518 ပိုက်ဆံမရှိတော့လို့ သုတေသနအလုပ်ကို လက်လျှော့တော့မလို ဖြစ်နေခဲ့တာပါ။ 297 00:13:25,518 --> 00:13:28,982 ကျွန်တော့်မှာလည်း ပိုက်ဆံတော့မရှိခဲ့ပေမဲ့ ပစ္စည်းတွေကို တီထွင်နိုင်ပါတယ်။ 298 00:13:28,982 --> 00:13:30,658 အဲ့ဒီလို လူနှစ်ယောက် ဆုံမိကြတာပါပဲ။ 299 00:13:30,658 --> 00:13:33,821 အဲ့ဒီအချိန်ကစလို့ လူတွေ တွေ့ဆုံခြင်းဟာ အဓိပ္ပါယ်ရှိတာ နားလည်လာတယ်။ 300 00:13:33,821 --> 00:13:35,583 ဘုရားသခင်က ဒီလူနဲ့ဒီလူ တွေ့ဖြစ်အောင် 301 00:13:35,583 --> 00:13:36,940 စီမံဆောင်ရွက် ပေးလိုက်တာပါ။ 302 00:13:36,940 --> 00:13:38,872 ဒီနေ့မှာ ခင်ဗျားတို့နဲ့ ဆုံတွေ့ရတာဟာလည်း 303 00:13:38,872 --> 00:13:40,715 ဘုရားသခင်မှ တွေ့ဆုံကြဖို့ အချိန်တန်ပြီ 304 00:13:40,715 --> 00:13:42,478 ဆိုပြီး တွေ့ဆုံစေခဲ့တာလို့ ထင်ပါတယ်။ 305 00:13:42,478 --> 00:13:45,122 ကျွန်တော်နဲ့ ဆရာ Nakata တို့ အချင်းချင်း ကူညီခဲ့ကြပါတယ်။ 306 00:13:45,122 --> 00:13:48,208 ဘာ့ကြောင့်လဲဆို နှစ်ယောက်စလုံးမှာ လိုအပ်ချက်တွေ ရှိနေခဲ့လို့ပါပဲ။ 307 00:13:48,208 --> 00:13:51,077 တကယ်တော့ လူတွေဟာ မပြည့်စုံကြလို့သာ အပြန်အလှန် ဖေးမကူညီကြတာပါ။ 308 00:13:51,077 --> 00:13:53,492 ပြည့်စုံနေရင် သူများဆီက အကူအညီ လိုကြမှာ မဟုတ်ဘူးလေ။ 309 00:13:53,492 --> 00:13:55,960 မပြည့်စုံကြလို့သာ အချင်းချင်း ဖေးမကူညီ နိုင်ကြတာပါ။ 310 00:13:55,960 --> 00:13:58,343 ဒါကြောင့်မို့ မပြည့်စုံမှုဟာ အသုံးမကျဘူး မထင်ပါနဲ့။ 311 00:13:58,343 --> 00:14:00,079 မပြည့်စုံမှုဟာ ရှက်စရာလည်း မဟုတ်ပါ။ 312 00:14:00,174 --> 00:14:01,746 အရေးကြီးတာက 313 00:14:01,746 --> 00:14:04,100 “ငါ ဘာလုပ်လုပ် တဝက်တပျက်ပါလား”လို့ 314 00:14:04,100 --> 00:14:06,877 ကိုယ့်ကိုယ်ကို အပြစ်မတင်ရန်ပါပဲ။ 315 00:14:06,877 --> 00:14:09,400 တကယ်တော့ “တဝက်တပျက်” လုပ်တာဟာ 316 00:14:09,233 --> 00:14:12,158 ဘာမှမလုပ်တာ၊ မလုပ်နိုင်တာနဲ့စာရင် တော်ပါသေးတယ်။ 317 00:14:12,158 --> 00:14:14,135 နည်းနည်းလုပ်လို့ ရနေသေးတာကမှ တော်ပါသေးတယ်။ 318 00:14:14,135 --> 00:14:15,902 ဒီတော့ ကိုယ့်ကိုယ်ကို အပြစ်မတင်ဘဲ၊ 319 00:14:15,902 --> 00:14:18,380 ကိုယ့်ကိုကိုယ် မကောင်းတဲ့ အနှုတ်လက္ခဏာ အဖြစ် မမြင်ဘဲ 320 00:14:18,380 --> 00:14:20,888 ကိုယ်လုပ်နိုင်တာကို အားသွန်ခွန်စိုက် လုပ်သင့်ပါတယ်။ 321 00:14:20,888 --> 00:14:23,733 ဒီလိုနဲ့ပဲ ကျွန်တော်တို့နှစ်ယောက် အချင်းချင်း ရိုင်းပင်းပြီး 322 00:14:23,733 --> 00:14:26,068 အခုဆိုရင် အာကာသ တီထွင်မှုကို လုပ်နိုင်ခဲ့ကြပါပြီ။ 323 00:14:26,068 --> 00:14:29,861 သုတေသီများက သုတေသနတွေလုပ်ဖို့၊ လက်တွေ့ စမ်းသပ်ဖို့ ကျွန်တော့်ကုမ္ပဏီထံ လာကြတယ်။ 324 00:14:29,861 --> 00:14:32,821 အခုဆို တစ်နှစ်မှာ ကလေး တစ်သောင်းကျော် 325 00:14:32,821 --> 00:14:36,316 လေ့လာရေးခရီးအဖြစ် ကျွန်တော့်ကုမ္ပဏီကို လာလေ့လာခဲ့ကြတယ်။ 326 00:14:36,370 --> 00:14:39,190 အရိုးသားဆုံးပြောရရင် ကုမ္ပဏီမှာ ဝန်ထမ်း ၁၇ ယောက်ပဲ ရှိပါတယ်။ 327 00:14:39,273 --> 00:14:40,574 (ရယ်မောသံများ) 328 00:14:40,574 --> 00:14:42,554 အဲဒါ နည်းနည်းလေး ပင်ပန်းပါတယ်။ 329 00:14:42,554 --> 00:14:45,280 ဒါပေမဲ့ အတတ်နိုင်ဆုံး အများဆုံး ကလေးတွေ 330 00:14:45,280 --> 00:14:48,755 သူတို့ရဲ့ အခွင့်အလမ်းတွေ လုယူမခံရမှာကို ကျွန်တော် မျှော်လင့်ပါတယ်။ 331 00:14:48,918 --> 00:14:50,317 ကျွန်တော့ ယုံကြည်ချက်က 332 00:14:50,317 --> 00:14:54,196 “ဘာလုပ်လုပ် မဖြစ်နိုင်ဘူး” ဆိုတာဖျောက်ဖျက် နိုင်ရင် လူ့အဖွဲ့အစည်း ပိုကောင်းလာမယ်။ 333 00:14:54,196 --> 00:14:57,090 ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်း လုပ်ရင် ကန့်သတ်ချက် ရှိနေလို့၊ 334 00:14:57,090 --> 00:14:58,932 အတတ်နိုင်ဆုံး၊ မိတ်ဆွေတွေ လိုအပ်ပါတယ်။ 335 00:14:58,932 --> 00:15:02,011 ဒီလို အိပ်မက်ကို ကျွန်တော် တသက်တာမှာ ရုပ်လုံးဖေါ် ရချင်မှရမှာပါ။ 336 00:15:02,011 --> 00:15:04,325 ဒါ့ကြောင့်လည်း အားလုံးရဲ့ အကူအညီကို ရယူချင်ပါတယ်။ 337 00:15:04,325 --> 00:15:05,344 အားလုံးက ဒီနေ့ကစပြီး 338 00:15:05,344 --> 00:15:07,467 “ဘာလုပ်လုပ် မဖြစ်နိုင်ဘူး” အပြောခံရရင် 339 00:15:07,637 --> 00:15:10,052 "ဒီလိုလေး လုပ်ကြည့်ပါလား" ဆိုပြီး ပြောပေးဖို့ပါပဲ။ 340 00:15:10,052 --> 00:15:13,400 အဲဒီလို ပြောပေးရုံနဲ့ပဲ “ဘာလုပ်လုပ် မဖြစ်နိုင်ဘူး” စကားက ပျောက်သွားပြီး 341 00:15:13,400 --> 00:15:16,154 အနိုင်ကျင့် အကြမ်းဖက်တာတွေ ဒီလောကမှ ပျောက်ကွယ်သွားကြမှာပါ။ 342 00:15:16,154 --> 00:15:18,929 အားလုံး ဝိုင်းကူညီပေးကြစေလိုပါတယ်။ 343 00:15:19,279 --> 00:15:21,328 လက်ရှိ ပညာရေး စနစ် အကြောင်းကို စဉ်းစားကြပါ။ 344 00:15:21,328 --> 00:15:23,758 ကျွန်တော်တို့ဟာ ပညာကို ကြိုးစားစည်းပူးကြတယ်။ 345 00:15:23,758 --> 00:15:27,190 ပညာရေးဟာ အမှတ်တွေ ရယူပြီး အတန်းတွေ တစ်ခုပြီးတစ်ခု အောင်ဖို့ အတွက်လား။ 346 00:15:27,190 --> 00:15:28,875 အဲဒါဟာ လုံးဝမှားပါတယ်။ 347 00:15:28,875 --> 00:15:31,850 ပညာရေး ဆိုတာကို လူသားတွေ ဖန်တီးခဲ့ကြတာက 348 00:15:31,850 --> 00:15:33,955 လူမှုရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက်ပါ။ 349 00:15:33,955 --> 00:15:36,201 အသည်းအသန် အားထုတ် တည်ဆောက်ခဲ့ကြတဲ့ အရာပါ။ 350 00:15:36,201 --> 00:15:38,183 ဒါဆို ပညာရေးဆိုတာ ဘာများလဲ။ 351 00:15:38,183 --> 00:15:39,252 ပညာရေးဆိုတာက 352 00:15:39,252 --> 00:15:42,225 အမှားတွေ ဒါမှမဟုတ် တာဝန်တွေကို ရှောင်ရှားနိုင်အောင်၊ ပါးနပ်စွာ 353 00:15:42,225 --> 00:15:44,257 နေတတ်ဖို့ နည်းလမ်းတွေ သင်ပေးဖို့ အတွက်လား။ 354 00:15:44,257 --> 00:15:45,823 အဲဒါ လုံးဝမှားပါတယ်။ 355 00:15:45,823 --> 00:15:47,963 ပညာရေးဆိုတာ အသက်အတွက် အန္တရာယ် မရှိနိုင်တဲ့ 356 00:15:47,963 --> 00:15:51,296 အမှားတွေကို လုံခြုံစွာ စမ်းသပ်လုပ်ကြည့်ရန် ကလေးတွေကို ခွင့်ပြုခြင်းပါ။ 357 00:15:51,296 --> 00:15:54,045 ဒါပေမဲ့ အခုတော့ လုံးဝကို တလွဲတချော် ပုံစံမျိုး ဖြစ်လာတယ်။ 358 00:15:54,045 --> 00:15:55,151 အဲဒီလို ဖြစ်လာခဲ့ရတာက 359 00:15:55,151 --> 00:15:58,254 အမှားဆိုတာ မကောင်းဘူးလို့ ယူဆကြတဲ့ လူကြီးတွေ အများကြီးရှိကြလို့ပါ။ 360 00:15:58,254 --> 00:16:02,173 အဲ့ဒီသူတွေက ကျွန်တော်တို့ရဲ့ လုပ်နိုင် စွမ်းတွေနဲ့ ယုံကြည်မှုကို လုယူခဲ့ကြလိုပါ။ 361 00:16:02,283 --> 00:16:04,001 ဒါပေမဲ့ အားလုံး ပြန်ကောင်းလာမှာပါ။ 362 00:16:04,001 --> 00:16:07,269 ဒီအချိန်ကစပြီး ဂျပန်နဲ့ တကမ္ဘာလုံးကို ပိုကောင်းအောင် လုပ်ဖို့ဆိုရင်၊ 363 00:16:07,269 --> 00:16:09,908 မလုပ်ဖူးသေးတာကို အားထုတ်ကြိုးပမ်း လုပ်ကိုင်ချင်တဲ့လူတွေ၊ 364 00:16:09,908 --> 00:16:11,308 လက်မလျှော့ဘဲ မိမိလိုချင်တာကို 365 00:16:11,308 --> 00:16:14,070 အခြားနည်းလမ်းဖြင့် ကြံဆနိုင်တဲ့ လူတွေများလာရင် ဖြစ်လာမှာပါ။ 366 00:16:14,070 --> 00:16:17,470 “ဘာလိုလုပ်လုပ် မဖြစ်နိုင်ဘူး”ကို အရှုံးမပေးတဲ့လူတွေ များလာဖို့ လိုပါတယ်။ 367 00:16:17,470 --> 00:16:19,430 အဲလို့ဆိုရင် အဲဒီလိုလူတွေက ဘယ်သူတွေလဲ။ 368 00:16:19,430 --> 00:16:21,013 ခင်ဗျားတို့ထဲက လူတိုင်းပါပဲ။ 369 00:16:21,013 --> 00:16:22,778 လူတိုင်းလူတိုင်းဟာ အဲလိုလူမျိုးပါပဲ။ 370 00:16:22,778 --> 00:16:26,004 ကျွန်တော်တို့ လူသားတိုင်းဟာ ကလေးဘဝကို သေချာပေါက် ဖြတ်သန်းခဲ့ရလို့ပါ။ 371 00:16:26,004 --> 00:16:28,042 ခင်ဗျားတို့ရဲ့ ကလေးဘဝကို ပြန်တွေးကြည့်ကြပါ။ 372 00:16:28,042 --> 00:16:28,890 ငယ်ငယ်တုန်းက 373 00:16:28,890 --> 00:16:30,363 ခလုတ်မြင်ရင် နှိပ်ကြည့်ချင်တယ်။ 374 00:16:30,363 --> 00:16:32,037 လက်ကိုင်မြင်ရင် လှည့်ကြည့်ချင်တယ်။ 375 00:16:32,037 --> 00:16:35,147 “အဲဒါကို ရပ်ပစ်စမ်း” ဆိုပြီး စိတ်အတို ခံခဲ့ရဖူးကြတာပဲ။ 376 00:16:35,147 --> 00:16:38,669 အမှန်တော့ မွေးလာချိန်မှာ လက်လျှော့မှု ဆိုတာကို ကျွန်တော်တို့ မသိခဲ့ကြပါ။ 377 00:16:38,669 --> 00:16:41,474 ကျွန်တော်တို့ မွေးလာစဉ် လက်လျှော့ရမှု ဆိုတာကို မသိခဲ့ကြပါ။ 378 00:16:41,474 --> 00:16:43,283 အခုတော့ လက်လျှော့ရပုံကို နည်းနည်းလေး 379 00:16:43,283 --> 00:16:45,236 တတ်ချင်တတ်လာကြပါပြီ။ 380 00:16:45,236 --> 00:16:48,660 ကျွန်တော်တို့ အားလုံ ကိုယ့်ယုံကြည်မှုကို 381 00:16:48,908 --> 00:16:51,643 ပြန်ရယူနိုင်ဖို့ သေချာတဲ့ 382 00:16:51,643 --> 00:16:53,919 အရမ်းကိုကောင်းတဲ့ နည်းလမ်းတစ်နည်းပဲ ရှိပါတယ်။ 383 00:16:53,919 --> 00:16:56,767 ကိုယ် မလုပ်ခဲ့ဖူးသေးတာကို စမ်းလုပ်ကြည့်ဖို့ပဲ ဖြစ်ပါတယ်။ 384 00:16:56,767 --> 00:16:59,017 ကိုယ် မလုပ်ခဲ့ဖူးတာကို စမ်းလုပ်ကြည့်ခြင်းဖြင့် 385 00:16:59,017 --> 00:17:01,695 ကိုယ့်ကိုယ်ကို ယုံကြည်မှု အနည်းအကျဉ်း ပြန်ရစေမှာပါ။ 386 00:17:01,695 --> 00:17:04,531 ဒီတော့၊ အဲဒါကို စမ်းလုပ်ကြည့်ကြရန် တိုက်တွန်းချင်ပါတယ်။ 387 00:17:04,581 --> 00:17:07,062 အသစ်အဆန်းကို လုပ်ရင် အမှားဆိုတာကတော့ ရှိမှာပါပဲ။ 388 00:17:07,062 --> 00:17:09,868 ကျွန်တော့် အတွေ့အကြုံ လက်ရှိ ဒီဗွီဒီယိုကို ကြည့်ကြည့်ပါ။ 389 00:17:09,868 --> 00:17:11,265 ဒုံးပျံက လှပစွာ တက်သွားပါတယ်။ 390 00:17:11,265 --> 00:17:12,590 မဟုတ်ဘူး၊ ပျံတက်မသွားခဲ့ပါ။ 391 00:17:12,590 --> 00:17:13,910 အောက်ကို ထိုးကျသွားခဲ့တာပါ။ 392 00:17:13,910 --> 00:17:14,829 (ရယ်မောသံများ) 393 00:17:14,829 --> 00:17:16,089 ဘယ်လိုလုပ်ကြရင် ကောင်းမလဲ။ 394 00:17:16,089 --> 00:17:18,083 Controller ကိုပစ်ချပြီး ထွက်ပြေးဖို့ပါပဲ။ 395 00:17:18,348 --> 00:17:20,374 (ရယ်မောသံများ) 396 00:17:20,857 --> 00:17:23,986 ဒီခေတ်မှာ ဒီလိုပြေးနိုင်သူမျိုး ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ 397 00:17:26,394 --> 00:17:29,546 ဒီဗွီဒီယိုက ပြလိုက်တာက ကိုယ်ဟာ အန္တရာယ်ရှိတာကို ခံစားရရင် 398 00:17:29,546 --> 00:17:31,731 ထွက်ပြေးခြင်းဟာ အိုကေပဲ ဆိုတာကိုပါ။ 399 00:17:31,731 --> 00:17:32,897 (ရယ်မောသံများ) 400 00:17:32,897 --> 00:17:37,578 (လက်ခုပ်သံများ) 401 00:17:39,247 --> 00:17:41,439 ကျွန်တော့် အတွေ့အကြုံအရ 402 00:17:41,439 --> 00:17:45,170 ရိုးသား၊ ကြင်နာ၊ တာဝန်ယူလိုစိတ် ရှိသူတွေ မျှော်လင့်ရတာထက် စောသေကြတာများပါတယ်။ 403 00:17:45,170 --> 00:17:46,426 သူတို့ကို မသေစေချင်ပါဘူး။ 404 00:17:46,426 --> 00:17:47,983 လူတိုင်းကို အသက်ရှည်စေချင်ပါတယ်။ 405 00:17:47,983 --> 00:17:49,412 ဒါ့ကြောင့် မဟန်ဘူးလို့ ထင်ရင် 406 00:17:49,412 --> 00:17:51,467 အန္တရာယ်ထံမှ ထွက်ပြေးတာဟာ သိပ်ကို မှန်ပါတယ်။ 407 00:17:51,467 --> 00:17:53,464 ဒါပေမဲ့ အဲ့ဒီလို မအောင်မြင်ခဲ့တဲ့ နောက်မှာ 408 00:17:53,464 --> 00:17:55,112 ထွက်ပြေးလက်လျှော့လိုက်တဲ့ နောက်မှာ 409 00:17:55,112 --> 00:17:56,610 ကိုယ့်ကိုယ်ကို အပြစ် မတင်ပါနဲ့။ 410 00:17:56,692 --> 00:17:57,996 စိတ်ဓါတ်မကျပါနဲ့။ 411 00:17:57,996 --> 00:17:59,518 အဲ့လိုလုပ်ဖို့ မလိုအပ်ပါဘူး။ 412 00:17:59,518 --> 00:18:02,337 အဲဒီအခြေအနေမျိုးတွင် ကိုယ့်စိတ်ထဲမှာ 413 00:18:02,337 --> 00:18:04,010 နာကျင်တာ၊ စိတ်မကောင်းတာ၊ 414 00:18:04,010 --> 00:18:06,322 ခံပြင်းတာ၊ ဝမ်းနည်းတာ၊ ရှက်တာမျိုး ခံစားရမှာပါ။ 415 00:18:06,322 --> 00:18:08,828 ပေါ်ထွက်လာကြမဲ့ ခံစားမှုတွေ ကြောက်စရာ ကောင်းနိုင်တယ်။ 416 00:18:08,828 --> 00:18:11,163 အဲဒီလို ခံစားမှုမျိုးစုံကို ခံစားနေရချိန်မှာ 417 00:18:11,163 --> 00:18:12,754 "ဒါဟာ ငါ ရင့်ကျက်လာနေခြင်းပါပဲ" 418 00:18:12,754 --> 00:18:13,725 ဆိုပြီး ပြောလိုက်ပါ။ 419 00:18:13,725 --> 00:18:16,651 အဲဒီလိုဆိုရင် အချို့သော အရာများကို နောက်မှာ ချန်ထားနိုင်ခဲ့ပါ။ 420 00:18:16,651 --> 00:18:18,759 အတတ်နိုင်ဆုံး ခုနကလို ပြောပေးဖို့ လိုပါတယ်။ 421 00:18:18,759 --> 00:18:20,601 ကျွန်တော်တို့ဟာ တစ်သက်နဲ့တစ်ကိုယ်စီပါ။ 422 00:18:20,601 --> 00:18:23,679 ဇာတ်တိုက်ခွင့်မရှိဘဲ ဘဝတစ်ခုကိုသာ နေထိုင်ကြရပါတယ်။ 423 00:18:23,679 --> 00:18:26,167 ဒီတော့ ကျွန်တော်တို့ မွေးလာတာက ဘာအတွက်ပါလိမ့်။ 424 00:18:26,704 --> 00:18:28,852 အဲဒါကို အခုလို တွေးကြည့်ကြပါ။ 425 00:18:28,852 --> 00:18:31,887 အမှားဆိုတာ အောင်မြင်မှုဆီ သွားဖို့ လိုအပ်တဲ့လှေခါးထစ် ဖြစ်ပါတယ်။ 426 00:18:31,887 --> 00:18:35,483 ကျွန်တော်တို့ဟာ ပြင်ဆင်ရခြင်းမရှိဘဲ လုပ်ကိုင်နေရတော့ အမှားဟာ ဓမ္မတာပါပဲ။ 427 00:18:35,483 --> 00:18:36,787 အမှားတွေကို သင်ခန်းစာယူရန် 428 00:18:36,787 --> 00:18:39,215 အချက်အလက်များလို့ ခံယူပြီး ကျော်လွှားရန် လိုပါတယ်။ 429 00:18:39,215 --> 00:18:40,769 ပြီးတော့ အကူအညီရယူဖို့ ဒါမှမဟုတ် 430 00:18:40,769 --> 00:18:42,644 လက်လျှော့ဖို့ အတွက် မွေးလာကြတာ မဟုတ်ပါ။ 431 00:18:42,644 --> 00:18:45,032 အဲလိုတွေလုပ်ဖို့ ကျွန်တော်တို့ မွေးလာကြတာမဟုတ်ပါ။ 432 00:18:45,032 --> 00:18:47,708 ကျွန်တော်တို့ဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ မွေးလာတာဖြစ်ပါတယ်။ 433 00:18:47,708 --> 00:18:49,698 ကမ္ဘာကြီးကို ကယ်တင်ဖို့ဆိုတာ လွယ်ပါတယ်။ 434 00:18:49,698 --> 00:18:51,557 ဒီကမ္ဘာထဲ ရှိနေကြတဲ့ လူတွေအားလုံးက 435 00:18:51,557 --> 00:18:54,198 ကိုယ့်ကိုကိုယ် အထင်သေးတဲ့ အတွေးမျိုးကို ရပ်လိုက်ရုံနဲ့ 436 00:18:54,198 --> 00:18:55,761 ကမ္ဘာကြီးဟာ ကယ်တင်ခံလိုက်ရမှာပါ။ 437 00:18:55,761 --> 00:18:59,372 ဒီနေ့ကို စတင်နိုင်တဲ့ ကမ္ဘာကြီးအား ကယ်တင်နိုင်တဲ့ နည်းလမ်းက အဲဒီလိုရှိပါတယ်။ 438 00:18:59,372 --> 00:19:01,379 ဒီတော့ ကမ္ဘာကြီးအား ကယ်တင်မှုကို စတင်ကြပါ။ 439 00:19:01,379 --> 00:19:03,052 “ငါဟာ အလကားပဲ…” လို့ မတွေးကြပါနဲ့။ 440 00:19:03,052 --> 00:19:05,621 ဒီနေ့ကစလို့ ရှေ့ဆက်ပြီး ကျွန်တော်တို့ ဆက်လုပ်သွားရမှာက 441 00:19:05,621 --> 00:19:07,852 မလုပ်နိုင်တဲ့ အကြောင်းရင်းကို မရှာဖို့ပါပဲ။ 442 00:19:07,852 --> 00:19:10,717 အဲဒါ့အစား လုပ်နိုင်မဲ့ အကြောင်းရင်းကို ရှာကြံဖို့ပဲဖြစ်ပါတယ်။ 443 00:19:10,717 --> 00:19:13,595 ဒီစည်းမျဉ်းကို လိုက်နာရုံနဲ့ ကမ္ဘာကြီးကို ပိုကောင်းလာစေမှာပါ။ 444 00:19:13,595 --> 00:19:15,792 ကျွန်တော့် ဟောပြောချက်ကို နိဂုံးချုပ်ပါတော့မယ်။ 445 00:19:15,792 --> 00:19:18,807 ကျွန်တော်ဟာ ကလေးဘဝကတည်းက လေယာဉ်နဲ့ ဒုံးပျံတွေကို ကြိုက်ခဲ့ပါတယ်။ 446 00:19:18,807 --> 00:19:22,808 မလုပ်ဖူးတဲ့ လူတွေက “မင်းရဲ့ အိပ်မက် ဖြစ်မ လာနိုင်ဘူး” လို့ အကြိမ်ကြိမ် ပြောခဲ့ကြတယ်။ 447 00:19:22,808 --> 00:19:25,672 အမေက မျှော်လင့်ချက်က အိပ်မက်ကို ဖိတ်ခေါ်တယ်လို့ ပြောခဲ့ပါတယ်။ 448 00:19:25,672 --> 00:19:29,342 ကျွန်တော် တချိန်လုံး မျှော်လင့်နေခဲ့လို့ အိပ်မက်တွေ လက်တွေ့ ဖြစ်လာနိုင်ခဲ့တယ်။ 449 00:19:29,342 --> 00:19:31,408 မျှော်လင့်ချက် အလျှော့မပေးရန် အရေးကြီးပါတယ်။ 450 00:19:31,408 --> 00:19:34,507 နောက်ဆုံးအနေနဲ့ အိပ်မက်တွေ လက်တွေ့ ဖြစ်လာစေမယ့် စကားကို ပါးပါရစေ။ 451 00:19:34,507 --> 00:19:37,018 “အဲဒါ့အစား ဒီလိုလုပ်ကြည့်ရင် အိပ်မက်က တကယ်ဖြစ်လာမယ်” 452 00:19:37,018 --> 00:19:37,820 ဆိုတဲ့ စကားပါပဲ။ 453 00:19:37,820 --> 00:19:39,093 ခင်ဗျားတို့ဟာ တစ်ဦးဦးနဲ့ 454 00:19:39,093 --> 00:19:41,493 မိမိရဲ့အိပ်မက် အကြောင်း ပြောပြနေတာ စဉ်းစားကြည့်ပါ။ 455 00:19:41,493 --> 00:19:43,407 ထိုသူက “ဒါတော့ မဖြစ်နိုင်ဘူး…” ပြောလာရင် 456 00:19:43,407 --> 00:19:45,307 ကိုယ့်စိတ်မာန်တွေ လွင့်ပျောက်ကုန်ပါမယ်။ 457 00:19:45,307 --> 00:19:48,574 ဒါပေမဲ့ “ဒီလိုလေး လုပ်လိုက်ရင်ရော၊ အသုံးဝင်မယ့် စာအုပ်ကို တွေ့မိတယ်” 458 00:19:48,574 --> 00:19:51,087 “တီဗီမှာ မင်း အားကျမယ့် အစီအစဉ် ပြခဲ့တယ်။” ပြောလာရင် 459 00:19:51,087 --> 00:19:52,549 ခင်ဗျားတို့ စိတ်တက်ကြွလာမှာပါ။ 460 00:19:52,549 --> 00:19:54,012 ပိုပြီး အားတက်စရာ ကောင်းမှာပါ။ 461 00:19:54,012 --> 00:19:56,607 ဒီတော့၊ တစ်ဦးဦးနဲ့ ကိုယ့်အိပ်မက် အကြောင်း ပြောဆိုရာတွင် 462 00:19:56,607 --> 00:19:59,106 “ဒီလိုနည်းနဲ့ စမ်းလုပ်ကြည့်ပါလား” အကြံပေးမယ်ဆိုရင် 463 00:19:59,106 --> 00:20:01,301 လူတိုင်းရဲ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာမှာပါ။ 464 00:20:01,301 --> 00:20:02,880 အားလုံး နာမည်ကြီးတွေ ဖြစ်လာကြလို့ 465 00:20:02,880 --> 00:20:03,889 သိပ် ကောင်းမှာပဲနော်။ 466 00:20:03,889 --> 00:20:06,669 ဒါ့ကြောင့် “ဒီလိုနည်းနဲ့ စမ်းလုပ်ကြည့်ပါလား” ဆိုတဲ့စကားကို 467 00:20:06,669 --> 00:20:08,404 တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့စေချင်ပါတယ်။ 468 00:20:08,404 --> 00:20:11,462 အဲ့ဒီလိုဆိုရင် “ဘာလုပ်လုပ် မဖြစ်နိုင်ဘူး” ဆိုတာ ပျောက်သွားမှာမို့ 469 00:20:11,462 --> 00:20:13,222 “ဒီလိုနည်းနဲ့ စမ်းလုပ်ကြည့်ပါလား” ကို 470 00:20:13,222 --> 00:20:14,847 သုံးစွဲကြဖို့ တိုက်တွန်းချင်ပါတယ်။ 471 00:20:14,847 --> 00:20:16,101 အဲဒါဟာ ဒီနေ့ ဆုံတွေ့ပွဲရဲ့ 472 00:20:16,101 --> 00:20:17,855 အဓိပ္ပါယ်ပဲ ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ 473 00:20:17,855 --> 00:20:20,341 အားလုံး အပြန်အလှန် ဖေးမကူညီရင်း ရှေ့ဆက်သွားချင်ပါတယ်။ 474 00:20:20,341 --> 00:20:22,386 ကျွန်တော်လည်း အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။ 475 00:20:22,386 --> 00:20:25,289 ခင်ဗျားတို့နဲ့ အချိန်ကို တန်ဖိုးရှိစွာ မျှဝေသုံးခဲ့တာမို့လို့ 476 00:20:25,289 --> 00:20:28,118 ကျွန်တော်တို့ရဲ့ ခင်မင်မှုဟာ ကြာရှည်မယ်လို့ မျှော်လင့်ပါတယ်။ 477 00:20:28,118 --> 00:20:29,342 ကျေးဇူးအများကြီးတင်ပါတယ်။ 478 00:20:29,342 --> 00:20:30,839 (လက်ခုပ်သံများ) 479 00:20:30,839 --> 00:20:33,885 ကျေးဇူးတင်ပါတယ်။