ကိုဗစ်-၁၉ human challenge trials ဆိုတာဘာလဲ၊ ပြီးတော့ ကျွန်မဘာကြောင့် စေတနာ့ဝန်ထမ်းဝင်လုပ်ခဲ့တာလဲ။
-
0:00 - 0:03[ဒီဗီဒီယိုကို ၂၆ရက်၊ အောက်တိုဘာ၊ ၂၀၂၀မှာ
ရိုက်ကူးထားတာဖြစ်ပါတယ်။] -
0:03 - 0:06[ကိုဗစ်-၁၉ကာကွယ်ဆေးထုတ်လုပ်မှုနဲ့
လူသားအပေါ်စမ်းသပ်ချက်များအား -
0:06 - 0:08စစ်ဆေးခြင်းတို့ဟာ
အဆက်မပြတ်တိုးတက်လျက်ရှိပါတယ်။] -
0:08 - 0:10ဧပြီလ ၂၀၂၀မှာ
-
0:10 - 0:13ကျွန်မ လူအများအန္တရာယ်များတယ်လို့ ယူဆကြတဲ့
အလုပ်တစ်ခု စလုပ်ခဲ့ပါတယ်။ -
0:13 - 0:17ကိုဗစ်-၁၉ ကူးစက်ခံပြီး ကာကွယ်ဆေးစမ်းသပ်မှု
အတွက် စေတနာ့ဝန်ထမ်းလုပ်ခဲ့တာပါ။ -
0:17 - 0:21ဒါကတော့ human challenge trial လို့ခေါ်တဲ့
ငယ်ရွယ်ကျန်းမာသူတွေကို -
0:21 - 0:23ကိုဗစ်-၁၉ ကူးစက်စေပြီးတော့
-
0:23 - 0:27ဖြေဆေးပေးပြီး ကာကွယ်ဆေးစမ်းသပ်ခြင်းရဲ့
အခန်းကဏ္ဍ တစ်ခုပါပဲ။ -
0:27 - 0:30ဒီလိုစမ်းသပ်ခြင်းက သုတေသီတွေကို
ကာကွယ်ဆေးအောင်မြင်မှုရှိမရှိ -
0:30 - 0:33ပိုပြီးလျင်လျင်မြန်မြန်ရှာဖွေနိုင်ဖို့
အထောက်အကူပေးပါတယ်။ -
0:33 - 0:35ဒီရှာဖွေလေ့လာမှုက
အရေးကြီးတယ်လို့ ကျွန်မထင်တယ်။ -
0:35 - 0:38ဘာဖြစ်လို့လဲဆိုတာတော့ ဒီနေ့ရှင်တို့ကို
ကျွန်မ ၆မိနစ် ရှင်းပြသွားမှာပါ။ -
0:38 - 0:40ဒီလိုရှင်းပြနေချိန်မှာပဲ...
-
0:40 - 0:44ကိုဗစ်-၁၉အတည်ပြုလူနာ ၁၂၅၀ဦး
အကြမ်းဖျင်းတိုးလာမှာဖြစ်ပြီး -
0:45 - 0:46သေဆုံးလူနာ ၂၁ဦး ရှိမှာဖြစ်ပါတယ်။
-
0:47 - 0:51အဲဒီ စံနှုန်းအတိုင်း တစ်နာရီပြီးတစ်နာရီ
တစ်ရက်ပြီးတစ်ရက် မြင့်တက်နေမှာပါ။ -
0:51 - 0:56ကမ္ဘာ့ကပ်ရောဂါကူးစက်ခံရသူ သန်းရှစ်ထောင်ကို
ကာကွယ်ဆေး မထိုးပေးနိုင်မချင်း -
0:57 - 0:59သိပ္ပံပညာရှင်တွေလည်း နာရီနဲ့အမျှ
-
0:59 - 1:02ကာကွယ်ဆေး အောင်မြင်ရေးအတွက်
အလုပ်လုပ်နေရပါတယ်။ -
1:02 - 1:05ကာကွယ်ဆေး စောင့်မျှော်နေရသူတွေ
နေ့နဲ့အမျှ တိုးလာနေတဲ့အချိန်မှာ -
1:05 - 1:07ကျွန်မတို့ဘာလုပ်သင့်လဲ။
-
1:07 - 1:10ဒါကတော့ human challenge trial
စတင်ရတဲ့ အကြောင်းအရင်းပါပဲ။ -
1:10 - 1:15ဒါကအခု လူနာတွေကိုအာနိသင်သိပ်မရှိတဲ့
ဆေးပဲပေးနိုင်ပြီး ဆေးရုံပေးဆင်းရတဲ့ -
1:15 - 1:19သမားရိုးကျ ကာကွယ်ဆေးစမ်းသပ်မှု
အဆင့်-၃ နဲ့မတူပါဘူး။ -
1:20 - 1:23ဒီအဆင့်မှာ သုတေသီတွေက
အဖွဲ့တစ်ခုစီက ရောဂါကူးစက်ပြီးသူ -
1:23 - 1:25ဘယ်နှယောက်ရှိလဲဆိုတာသိတဲ့အထိ
စောင့်ရပါတယ်။ -
1:25 - 1:27ကူးစက်ခံရသူ လုံလုံလောက်လောက်မရှိသရွေ့
ကျွန်မတို့က -
1:27 - 1:30ကာကွယ်ဆေးအောင်မြင်မှုရှိမရှိသိရဖို့
လုံလောက်တဲ့အချက်အလက်ရမှာမဟုတ်ပါဘူး။ -
1:30 - 1:33ဒီနည်းလမ်းနဲ့ အာနိသင်ထိရောက်တဲ့
ကာကွယ်ဆေးရှာတာက -
1:33 - 1:35လတွေ ၊တစ်ခါတစ်လေ နှစ်တွေ ချီပြီးကြာသလို
-
1:35 - 1:37လူနာပေါင်းထောင်နဲ့ချီပြီးလိုအပ်တယ်။
-
1:37 - 1:41စေတနာ့ဝန်ထမ်းတွေကိုရောဂါကူးစေပြီး
ကာကွယ်ဆေးစမ်းသပ်တဲ့နည်းက ပိုပြီးမြန်ပါတယ်။ -
1:41 - 1:43ဘာလို့လဲဆိုတော့သာမန်ကူးစက်ခံရသူတွေကို
စောင့်တာနဲ့စာရင် -
1:43 - 1:46ဒီနည်းမှာက သုတေသီတွေက ရောဂါထိတွေ့မှုကို
ထိန်းချုပ်နိုင်တော့ တစ်နှစ်အစား -
1:46 - 1:48တစ်လလောက်အတွင်းနဲ့တင်
-
1:48 - 1:51ကာကွယ်ဆေး အလုပ်ဖြစ်မဖြစ်သိရပါတယ်
-
1:51 - 1:53လူနာထောင်ဂဏန်းအစား
-
1:53 - 1:56challenge trial မှာတော့ စေတနာ့ဝန်ထမ်း
၅၀ ကနေ ၁၀၀ထိသာ လိုအပ်ပါတယ်။ -
1:56 - 2:00ဘာလို့လဲဆိုတော့ လူနာတွေရောဂါနဲ့ထိတွေ့ပြီး
ကူးစက်ခံရတဲ့အချိန်ကိုတိတိကျကျသိရလို့ပါပဲ။ -
2:00 - 2:03ပြီးတော့ ဒီစမ်းသပ်မှုကနေပြီး
ရောဂါကူးစက်မှုအစောပိုင်းအဆင့်၊ -
2:03 - 2:07ကိုယ်ခံအားစနစ်ရဲ့တုံ့ပြန်မှုနဲ့ပတ်သက်တဲ့
အချက်အလက်တွေကို လည်းစုဆောင်းနိုင်တယ်။ -
2:07 - 2:10ဒီလိုအချက်အလက်တွေကို တခြားနည်းလမ်းတွေနဲ့
စုဆောင်းဖို့မဖြစ်နိုင်ပါဘူး။ -
2:10 - 2:13အထူးသဖြင့်ကူးစက်ခံရပြီး
ရောဂါလက္ခဏာမပြသူတွေရှိနေတာကြောင့်ပေါ့။ -
2:14 - 2:17ဒီလိုသိလာတာက ကိုဗစ်-၁၉ ရောဂါကူးစက်မှု
ထိန်းချုပ်ရေးမူဝါဒ ချမှတ်ရာမှာ -
2:17 - 2:19အရေးကြီးပါတယ်။
-
2:20 - 2:23အချိန်ကုန်ပိုသက်သာတာကြောင့် ကျွန်မတို့
ဆေးထုတ်လုပ်ရာမှာလတွေနဲ့ချီပြီး -
2:23 - 2:25ရှေ့ရောက်စေပြီးတော့
-
2:25 - 2:28ကျွန်မတို့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို
ပိုပြီးတော့မြန်မြန်ရနိုင်မှာပါ။ -
2:28 - 2:30ဒီစမ်းသပ်မှုတွေက အသုံးလိုပါတယ်။
-
2:30 - 2:32ပြီးခဲ့တဲ့အဆင့်-၃ကရလဒ်တွေက
အားတက်စရာဆိုပေမည့်လို့ -
2:33 - 2:37ပထမဆုံးရမယ့်ကာကွယ်ဆေးကတော့
ကြီးမားတဲ့ခြေလှမ်းဖြစ်လာမယ်ဆိုပေမဲ့ -
2:37 - 2:40ဒါကကျွန်မတို့အားလုံးမျှော်လင့်ထားသလို
အကုန်ပြီးဆုံးသွားမှာတော့မဟုတ်ပါဘူး။ -
2:41 - 2:43ကျွန်မတို့ ကာကွယ်ဆေးအမျိုးမျိူးလိုဦးမှာပါ။
-
2:43 - 2:46ဘာလို့လဲဆိုတော့ တစ်ဂြိုဟ်လုံးပေါ်က
လူသန်း၈၀၀၀ကိုဆေးတစ်မျိုးထဲကိုပဲ -
2:46 - 2:49ထိုးပေးမယ်ဆို
အခြေခံပစ္စည်းမလောက်မှာဖြစ်လို့ပါ။ -
2:50 - 2:53ကာကွယ်ဆေးတစ်မျိုးခြင်းဆီမှာလည်း
ထုတ်လုပ်ပို့ဆောင်နိုင်ဖို့ -
2:53 - 2:56ကိုယ်ပိုင်ပါဝင်ပစ္စည်း၊
ထုတ်လုပ်မှုအဆင့်ဆင့်လိုအပ်မှာပါ။ -
2:56 - 2:59ကျွန်မတို့မှာအောင်မြင်တဲ့ ကိုဗစ်-၁၉
ကာကွယ်ဆေးတွေရှိလာခဲ့မယ်ဆိုရင် -
2:59 - 3:03တစ်ချိန်တည်းမှာ ပါဝင်ပစ္စည်းတွေကို
အသုံးပြုနိုင်မှာပါ။ -
3:03 - 3:06အခုရနိုင်ခြေများနေတဲ့ဆေးတွေထဲကတစ်ချို့ဟာ
လူနာတွေကိုမထိုးပေးခင် -
3:06 - 3:08ပြင်းပြင်းထန်ထန်အအေးပေးထားဖို့လိုပါတယ်။
-
3:09 - 3:11ဒါက အထူးသဖြင့်လျှပ်စစ်ကောင်းကောင်း
မရသေးတဲ့နိုင်ငံတွေ -
3:11 - 3:15လုံခြုံတဲ့သိုလှောင်မှုစနစ်မရှိသေးတဲ့
နိုင်ငံတွေအတွက်တကယ်ခက်ခဲနိုင်ပါတယ်။ -
3:16 - 3:19သိပ္ပံပညာရှင်တွေဟာ human challenge trial
နည်းလမ်းကိုနှစ်ရာချီသုံးလာခဲ့ကြပြီးတော့ -
3:19 - 3:23အူရောင်ငန်းဖျားနဲ့ကာလဝမ်းရောဂါကာကွယ်ဆေးကို
ဒီနည်းနဲ့အရှိန်မြှင့်ထုတ်လုပ်နိုင်ခဲ့တယ်။ -
3:23 - 3:28တုပ်ကွေး၊ငှက်ဖျားနဲ့သွေးလွန်တုပ်ကွေး
လိုရောဂါတွေအပေါ်ကိုယ်ခံအားရဲ့ခုခံပုံတွေကို -
3:28 - 3:30ဒီနည်းနဲ့ပဲကျွန်မတို့ ပိုနားလည်လာခဲ့တယ်။
-
3:30 - 3:33ပထမကိုရိုနာဗိုင်းရပ်အမျိုးအစားကိုတောင်
ကျွန်မတို့ ဒီနည်းနဲ့စမ်းသပ်ခဲ့ပါတယ်။ -
3:34 - 3:36လူသားအသုံးပြုပြီး ကာကွယ်ဆေးစမ်းသပ်တာက
-
3:36 - 3:39စွန့်စားရာကျမှာစိုးတာကြောင့်လည်း
ဆွေးနွေးပွဲတွေ အများကြီး လုပ်ခဲ့ကြတယ်။ -
3:39 - 3:43ကျွန်မကတော့ စွန့်စားရတာတန်တယ်လို့ယူဆပါတယ်။
-
3:43 - 3:45စမ်းသပ်မှုတစ်ခုမှာ ငယ်ရွယ်ကျန်းမာတဲ့
-
3:46 - 3:49ကျွန်မအထင် အသက်၂၀က၂၉အတွင်း
အရွယ်တွေကိုပဲခေါ်တာပါ။ -
3:50 - 3:53အဲဒီအသက်ရွယ်ဝန်းကျင်စုစုပေါင်းရဲ့
၁ရာခိုင်နှုန်းထက်နည်းတဲ့ပမာဏလောက်ပဲ -
3:53 - 3:56ကိုဗစ်-၁၉ကူးစက်ပြီး
ဆေးရုံတင်ရတာမျိုးရှိပါတယ်။ -
3:57 - 4:01ဒါကြောင့်မလို့ သုသေတီတွေကအန္တရာယ်မရှိအောင်
စောင့်ကြည့်ပေးနေတဲ့challenge trial မှာဆို -
4:01 - 4:04ပိုပြီးတော့ရာခိုင်နှုန်းနည်းမှာ
အသေအချာပါပဲ။ -
4:04 - 4:07ငယ်ရွယ်ကျန်းမာသူတွေ
ကိုဗစ်-၁၉ရောဂါနဲ့သေဆုံးနိုင်ခြေဟာ -
4:07 - 4:10ရာခိုင်နှုန်းတစ်ခုရဲ့
၅ထောင်ပုံတစ်ပုံခန့်ပဲရှိပါတယ်။ -
4:11 - 4:14ပြောရမယ်ဆိုနှစ်ပေါင်းတစ်သိန်းနေမှကိုဗစ်-၁၉
ကူးစက်ခံရသူ အသက်၂၀လူနာ -
4:14 - 4:17၅ယောက်သာ သေနိုင်ခြေရှိတာဖြစ်ပါတယ်။
-
4:19 - 4:21ကျွန်မကUSမှာကလေးမွေးရမယ့်
ကိုယ်ဝန်သည်ဆိုရင်တောင် -
4:21 - 4:23သေနိုင်ချေကဒီထက်မျာသေးပါတယ်။
-
4:24 - 4:26ဒါမှမဟုတ်ဒီလိုတွေးကြည့်ပါ...
-
4:27 - 4:29ကျွန်မညီမလေးသာကျောက်ကပ်လိုခဲ့မယ်ဆို
-
4:29 - 4:32ကျွန်မရဲ့ကျောက်ကပ်ကိုပေးဖို့ တစ်ခဏ
လေးတောင်တုံ့ဆိုင်းနေမှာမဟုတ်ဘူး။ -
4:33 - 4:36ကျွန်မ ဂရုစိုက်တဲ့သူအတွက်
အခုလိုစွန့်စားလို့ရတယ်ဆိုရင် -
4:36 - 4:41လူတွေကိုသူတို့ဂရုစိုက်တဲ့သူတွေတင်မက
သူတို့ပတ်ဝန်းကျင်ကိုပါဘေးကင်းစေဖို့ -
4:41 - 4:46ဖြေဆေးထုတ်တဲ့နေရာမှာအရှိန်မြှင့်နိုင်ဖို့
ကူညီခွင့်ပေးတယ်ဆိုတာအဓိပ္ပါယ်ရှိပါတယ်။ -
4:47 - 4:48ကျွန်မတို့မသိတာတွေရှိနေပါသေးတယ်၊
-
4:48 - 4:52အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ခြင်းရဲ့
ရေရှည်ဆိုးကျိုးတွေနဲ့ပတ်သက်လို့ပေါ့နော်။ -
4:52 - 4:54ဒီလိုမရေရာမှုတွေရှိလျက်နဲ့ volunteer
ဝင်လုပ်ဖြစ်ခဲ့တာကတော့ -
4:54 - 4:58ရှင်တို့အများစု ခံစားနေရသလိုပဲ
လူတွေထောင်ရာချီ သေဆုံးနေရတာကို -
4:58 - 4:59မြင်နေရတာ စိတ်မချမ်းသာလို့ပါ။
-
4:59 - 5:01ဒါတောင် ရောဂါကူးစက်မှုကိုရပ်တန့်နိုင်ဖို့
-
5:01 - 5:08စိတ်ဖိစီး ကိုယ်ဖိစီးခံနေကြရတဲ့
လူသန်းပေါင်းများစွာကို ထည့်မတွက်ရသေးပါဘူး။ -
5:09 - 5:12ဖြစ်ချင်တော့ ကျွန်မတစ်ယောက်ပဲ
ဒီလိုတွေးပူနေရတာမဟုတ်ပါဘူး။ -
5:12 - 5:16မေ လထဲက ကမ္ဘာအနှံ့က
၃သောင်း၉ထောင်ကျော်တဲ့ -
5:16 - 5:21စေတနာ့ဈန်ထမ်းတွေက Human Challenge Trial
အတွက် ပရဟိတအသင်း1Day Sooner ကတဆင့် -
5:21 - 5:23ပါဝင်ခဲ့နေကြပါပြီ။
-
5:23 - 5:26Challenge Trial မှာပါဝင်နေသူတွေကိုရော
-
5:26 - 5:29ပါဝင်ဖို့စဉ်းစားနေသူတွေရော
ကျွန်မတို့အားပေးကြိုဆိုနေပါတယ်။ -
5:30 - 5:33မေလ အစောပိုင်း ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက်
-
5:33 - 5:36Challenge Trial ကိုလုပ်သင့်၊မသင့်
ဆွေးနွေးနေချိန်လောက်ထဲက -
5:36 - 5:39ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO က
1Day Sooner ကို Challenge Trial လုပ်ဖို့ -
5:39 - 5:43သင့်တော်တဲ့ပုဂ္ဂလိကအသင်းအဖြစ်
သုံးသပ်ခဲ့ကြပါတယ်။ -
5:43 - 5:44အောက်တိုဘာလ အလယ်လောက်မှာ
-
5:44 - 5:47အင်္ဂလန်အစိုးရက Challenge Trial ကို
၂၀၂၁ အစောပိုင်းမှာပဲ -
5:47 - 5:51ဦးစီးဦးရွက်ပြုသွားမယ်ဆိုပြီး
သူတို့ရည်ရွယ်ချက်ကိုအတိအလင်းကြေငြာခဲ့ပါတယ် -
5:51 - 5:55ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ
ကမ္ဘာ့အဆင့်ကပ်ရောဂါဆိုတာငြင်းစရာမရှိပါဘူး။ -
5:56 - 5:58ဒီရောဂါဟာ စံချိန်ချိုးသွားခဲ့တဲ့
ကပ်ရောဖြစ်သလို -
5:58 - 6:02ရှေ့တန်းကကျန်းမားရေးဝန်ထမ်းတွေရဲ့
ကိုယ်ကျိုးစွန့်မှုတွေကိုလည်းထင်ဟပ်နေပါတယ်။ -
6:02 - 6:04ပေးရတဲ့တန်ဖိုးကလည်း ကြီးလွန်းပါတယ်။
-
6:04 - 6:09ထွက်ရှိလာမယ့်ကာကွယ်တစ်ခုတိုင်းက
ရောဂါကို ပြန်လည်ထိန်းချုပ်နိုင်စေမှာပါ။ -
6:09 - 6:11ဒါပေမဲ့လို့တစ်ကမ္ဘာလုံးရောဂါကင်းဖို့ကတော့
-
6:11 - 6:15နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့ လက်ထဲကို
ကာကွယ်ဆေးရောက်ဖို့ဆိုတဲ့အပေါ်မူတည်နေပါတယ်။ -
6:15 - 6:18ဒီအတွက်တော့ Challenge Trial က
ခြေလှမ်းတစ်လှမ်းပါပဲ။ -
6:18 - 6:20ကျေးဇူးတင်ပါတယ်။
- Title:
- ကိုဗစ်-၁၉ human challenge trials ဆိုတာဘာလဲ၊ ပြီးတော့ ကျွန်မဘာကြောင့် စေတနာ့ဝန်ထမ်းဝင်လုပ်ခဲ့တာလဲ။
- Speaker:
- Sophie Rose
- Description:
-
ဧပြီလ ၂၀၂၀မှာတော့၊ ကူးစက်ရောဂါကာကွယ်ရေးအလုပ်သင် Sophie Rose က ကိုဗစ်-၁၉ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ စေတနာဝန်ထမ်းအဖြစ်ပါဝင်ခဲ့ပါတယ်။သူမဟာငယ်ရွယ်ကျန်းမာသူတစ်ယောက်အနေနဲ့ SARS-CoV-2 ခေါ် ကိုဗစ်-၁၉ ကူးစက်ခံကာ ၊ကာကွယ်ဆေးစမ်းသပ်ဖို့နဲ့ရောဂါသဘောသဘာဝလေ့လာစုဆောင်းတဲ့ human challenge trial တစ်ခုမှာပါဝင်ခဲ့ပါတယ်။Challenge Trial က ကာကွယ်ဆေးထုတ်လုပ်ရာမှာထိရောက်စွာအရှိန်မြှင့်တင်ပေးနိုင်ကြောင်းရှင်းပြထားပြီး၊ သူမစေတနာဝန်ထမ်းအဖြစ်ပါဝင်ခဲ့တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ကြောင်း Rose ကမျှဝေထားတာဖြစ်ပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 06:14
![]() |
sann tint approved Burmese subtitles for How COVID-19 human challenge trials work -- and why I volunteered | |
![]() |
sann tint edited Burmese subtitles for How COVID-19 human challenge trials work -- and why I volunteered | |
![]() |
sann tint accepted Burmese subtitles for How COVID-19 human challenge trials work -- and why I volunteered | |
![]() |
sann tint edited Burmese subtitles for How COVID-19 human challenge trials work -- and why I volunteered | |
![]() |
sann tint edited Burmese subtitles for How COVID-19 human challenge trials work -- and why I volunteered | |
![]() |
sann tint edited Burmese subtitles for How COVID-19 human challenge trials work -- and why I volunteered | |
![]() |
sann tint edited Burmese subtitles for How COVID-19 human challenge trials work -- and why I volunteered | |
![]() |
sann tint edited Burmese subtitles for How COVID-19 human challenge trials work -- and why I volunteered |