0:00:00.000,0:00:03.091 [ဒီဗီဒီယိုကို ၂၆ရက်၊ အောက်တိုဘာ၊ ၂၀၂၀မှာ[br]ရိုက်ကူးထားတာဖြစ်ပါတယ်။] 0:00:03.091,0:00:06.201 [ကိုဗစ်-၁၉ကာကွယ်ဆေးထုတ်လုပ်မှုနဲ့[br]လူသားအပေါ်စမ်းသပ်ချက်များအား 0:00:06.201,0:00:08.441 စစ်ဆေးခြင်းတို့ဟာ[br]အဆက်မပြတ်တိုးတက်လျက်ရှိပါတယ်။] 0:00:08.441,0:00:09.691 ဧပြီလ ၂၀၂၀မှာ 0:00:09.691,0:00:13.121 ကျွန်မ လူအများအန္တရာယ်များတယ်လို့ ယူဆကြတဲ့[br]အလုပ်တစ်ခု စလုပ်ခဲ့ပါတယ်။ 0:00:13.224,0:00:16.804 ကိုဗစ်-၁၉ ကူးစက်ခံပြီး ကာကွယ်ဆေးစမ်းသပ်မှု[br]အတွက် စေတနာ့ဝန်ထမ်းလုပ်ခဲ့တာပါ။ 0:00:17.082,0:00:21.202 ဒါကတော့ human challenge trial လို့ခေါ်တဲ့[br]ငယ်ရွယ်ကျန်းမာသူတွေကို 0:00:21.202,0:00:22.512 ကိုဗစ်-၁၉ ကူးစက်စေပြီးတော့ 0:00:22.562,0:00:27.162 ဖြေဆေးပေးပြီး ကာကွယ်ဆေးစမ်းသပ်ခြင်းရဲ့[br]အခန်းကဏ္ဍ တစ်ခုပါပဲ။ 0:00:27.354,0:00:30.184 ဒီလိုစမ်းသပ်ခြင်းက သုတေသီတွေကို[br]ကာကွယ်ဆေးအောင်မြင်မှုရှိမရှိ 0:00:30.184,0:00:32.904 ပိုပြီးလျင်လျင်မြန်မြန်ရှာဖွေနိုင်ဖို့[br]အထောက်အကူပေးပါတယ်။ 0:00:32.904,0:00:35.182 ဒီရှာဖွေလေ့လာမှုက [br]အရေးကြီးတယ်လို့ ကျွန်မထင်တယ်။ 0:00:35.182,0:00:38.492 ဘာဖြစ်လို့လဲဆိုတာတော့ ဒီနေ့ရှင်တို့ကို[br]ကျွန်မ ၆မိနစ် ရှင်းပြသွားမှာပါ။ 0:00:38.492,0:00:39.792 ဒီလိုရှင်းပြနေချိန်မှာပဲ... 0:00:39.792,0:00:44.422 ကိုဗစ်-၁၉အတည်ပြုလူနာ ၁၂၅၀ဦး[br]အကြမ်းဖျင်းတိုးလာမှာဖြစ်ပြီး 0:00:44.532,0:00:46.077 သေဆုံးလူနာ ၂၁ဦး ရှိမှာဖြစ်ပါတယ်။ 0:00:47.207,0:00:51.137 အဲဒီ စံနှုန်းအတိုင်း တစ်နာရီပြီးတစ်နာရီ[br]တစ်ရက်ပြီးတစ်ရက် မြင့်တက်နေမှာပါ။ 0:00:51.197,0:00:56.205 ကမ္ဘာ့ကပ်ရောဂါကူးစက်ခံရသူ သန်းရှစ်ထောင်ကို[br]ကာကွယ်ဆေး မထိုးပေးနိုင်မချင်း 0:00:57.138,0:00:58.778 သိပ္ပံပညာရှင်တွေလည်း နာရီနဲ့အမျှ 0:00:59.044,0:01:01.504 ကာကွယ်ဆေး အောင်မြင်ရေးအတွက်[br]အလုပ်လုပ်နေရပါတယ်။ 0:01:02.154,0:01:05.124 ကာကွယ်ဆေး စောင့်မျှော်နေရသူတွေ[br]နေ့နဲ့အမျှ တိုးလာနေတဲ့အချိန်မှာ 0:01:05.124,0:01:07.204 ကျွန်မတို့ဘာလုပ်သင့်လဲ။ 0:01:07.204,0:01:10.044 ဒါကတော့ human challenge trial [br]စတင်ရတဲ့ အကြောင်းအရင်းပါပဲ။ 0:01:10.395,0:01:14.975 ဒါကအခု လူနာတွေကိုအာနိသင်သိပ်မရှိတဲ့[br]ဆေးပဲပေးနိုင်ပြီး ဆေးရုံပေးဆင်းရတဲ့ 0:01:14.975,0:01:19.135 သမားရိုးကျ ကာကွယ်ဆေးစမ်းသပ်မှု[br]အဆင့်-၃ နဲ့မတူပါဘူး။ 0:01:19.811,0:01:22.691 ဒီအဆင့်မှာ သုတေသီတွေက [br]အဖွဲ့တစ်ခုစီက ရောဂါကူးစက်ပြီးသူ 0:01:22.691,0:01:24.741 ဘယ်နှယောက်ရှိလဲဆိုတာသိတဲ့အထိ[br]စောင့်ရပါတယ်။ 0:01:24.861,0:01:27.151 ကူးစက်ခံရသူ လုံလုံလောက်လောက်မရှိသရွေ့[br]ကျွန်မတို့က 0:01:27.151,0:01:30.481 ကာကွယ်ဆေးအောင်မြင်မှုရှိမရှိသိရဖို့[br]လုံလောက်တဲ့အချက်အလက်ရမှာမဟုတ်ပါဘူး။ 0:01:30.481,0:01:32.720 ဒီနည်းလမ်းနဲ့ အာနိသင်ထိရောက်တဲ့ [br]ကာကွယ်ဆေးရှာတာက 0:01:32.720,0:01:34.829 လတွေ ၊တစ်ခါတစ်လေ နှစ်တွေ ချီပြီးကြာသလို 0:01:34.933,0:01:37.051 လူနာပေါင်းထောင်နဲ့ချီပြီးလိုအပ်တယ်။ 0:01:37.051,0:01:40.631 စေတနာ့ဝန်ထမ်းတွေကိုရောဂါကူးစေပြီး[br]ကာကွယ်ဆေးစမ်းသပ်တဲ့နည်းက ပိုပြီးမြန်ပါတယ်။ 0:01:40.631,0:01:43.151 ဘာလို့လဲဆိုတော့သာမန်ကူးစက်ခံရသူတွေကို[br]စောင့်တာနဲ့စာရင် 0:01:43.151,0:01:46.491 ဒီနည်းမှာက သုတေသီတွေက ရောဂါထိတွေ့မှုကို[br]ထိန်းချုပ်နိုင်တော့ တစ်နှစ်အစား 0:01:46.491,0:01:48.161 တစ်လလောက်အတွင်းနဲ့တင် 0:01:48.161,0:01:50.881 ကာကွယ်ဆေး အလုပ်ဖြစ်မဖြစ်သိရပါတယ် 0:01:51.116,0:01:52.726 လူနာထောင်ဂဏန်းအစား 0:01:52.828,0:01:56.068 challenge trial မှာတော့ စေတနာ့ဝန်ထမ်း[br]၅၀ ကနေ ၁၀၀ထိသာ လိုအပ်ပါတယ်။ 0:01:56.194,0:02:00.114 ဘာလို့လဲဆိုတော့ လူနာတွေရောဂါနဲ့ထိတွေ့ပြီး[br]ကူးစက်ခံရတဲ့အချိန်ကိုတိတိကျကျသိရလို့ပါပဲ။ 0:02:00.114,0:02:02.930 ပြီးတော့ ဒီစမ်းသပ်မှုကနေပြီး[br]ရောဂါကူးစက်မှုအစောပိုင်းအဆင့်၊ 0:02:02.930,0:02:06.653 ကိုယ်ခံအားစနစ်ရဲ့တုံ့ပြန်မှုနဲ့ပတ်သက်တဲ့[br]အချက်အလက်တွေကို လည်းစုဆောင်းနိုင်တယ်။ 0:02:06.653,0:02:09.913 ဒီလိုအချက်အလက်တွေကို တခြားနည်းလမ်းတွေနဲ့[br]စုဆောင်းဖို့မဖြစ်နိုင်ပါဘူး။ 0:02:09.913,0:02:13.450 အထူးသဖြင့်ကူးစက်ခံရပြီး[br]ရောဂါလက္ခဏာမပြသူတွေရှိနေတာကြောင့်ပေါ့။ 0:02:14.253,0:02:17.463 ဒီလိုသိလာတာက ကိုဗစ်-၁၉ ရောဂါကူးစက်မှု[br]ထိန်းချုပ်ရေးမူဝါဒ ချမှတ်ရာမှာ 0:02:17.463,0:02:19.263 အရေးကြီးပါတယ်။ 0:02:19.579,0:02:23.359 အချိန်ကုန်ပိုသက်သာတာကြောင့် ကျွန်မတို့[br]ဆေးထုတ်လုပ်ရာမှာလတွေနဲ့ချီပြီး 0:02:23.499,0:02:24.729 ရှေ့ရောက်စေပြီးတော့ 0:02:24.729,0:02:27.829 ကျွန်မတို့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို[br]ပိုပြီးတော့မြန်မြန်ရနိုင်မှာပါ။ 0:02:27.979,0:02:29.579 ဒီစမ်းသပ်မှုတွေက အသုံးလိုပါတယ်။ 0:02:29.579,0:02:32.059 ပြီးခဲ့တဲ့အဆင့်-၃ကရလဒ်တွေက[br]အားတက်စရာဆိုပေမည့်လို့ 0:02:32.845,0:02:36.655 ပထမဆုံးရမယ့်ကာကွယ်ဆေးကတော့[br]ကြီးမားတဲ့ခြေလှမ်းဖြစ်လာမယ်ဆိုပေမဲ့ 0:02:36.895,0:02:40.365 ဒါကကျွန်မတို့အားလုံးမျှော်လင့်ထားသလို[br]အကုန်ပြီးဆုံးသွားမှာတော့မဟုတ်ပါဘူး။ 0:02:40.785,0:02:43.235 ကျွန်မတို့ ကာကွယ်ဆေးအမျိုးမျိူးလိုဦးမှာပါ။ 0:02:43.235,0:02:46.405 ဘာလို့လဲဆိုတော့ တစ်ဂြိုဟ်လုံးပေါ်က[br]လူသန်း၈၀၀၀ကိုဆေးတစ်မျိုးထဲကိုပဲ 0:02:46.405,0:02:49.431 ထိုးပေးမယ်ဆို [br]အခြေခံပစ္စည်းမလောက်မှာဖြစ်လို့ပါ။ 0:02:49.892,0:02:52.682 ကာကွယ်ဆေးတစ်မျိုးခြင်းဆီမှာလည်း [br]ထုတ်လုပ်ပို့ဆောင်နိုင်ဖို့ 0:02:52.682,0:02:55.974 ကိုယ်ပိုင်ပါဝင်ပစ္စည်း၊[br]ထုတ်လုပ်မှုအဆင့်ဆင့်လိုအပ်မှာပါ။ 0:02:56.418,0:02:59.499 ကျွန်မတို့မှာအောင်မြင်တဲ့ ကိုဗစ်-၁၉[br]ကာကွယ်ဆေးတွေရှိလာခဲ့မယ်ဆိုရင် 0:02:59.499,0:03:02.798 တစ်ချိန်တည်းမှာ ပါဝင်ပစ္စည်းတွေကို[br]အသုံးပြုနိုင်မှာပါ။ 0:03:03.347,0:03:06.297 အခုရနိုင်ခြေများနေတဲ့ဆေးတွေထဲကတစ်ချို့ဟာ[br]လူနာတွေကိုမထိုးပေးခင် 0:03:06.297,0:03:08.177 ပြင်းပြင်းထန်ထန်အအေးပေးထားဖို့လိုပါတယ်။ 0:03:08.653,0:03:11.443 ဒါက အထူးသဖြင့်လျှပ်စစ်ကောင်းကောင်း[br]မရသေးတဲ့နိုင်ငံတွေ 0:03:11.443,0:03:14.861 လုံခြုံတဲ့သိုလှောင်မှုစနစ်မရှိသေးတဲ့[br]နိုင်ငံတွေအတွက်တကယ်ခက်ခဲနိုင်ပါတယ်။ 0:03:15.555,0:03:19.345 သိပ္ပံပညာရှင်တွေဟာ human challenge trial[br]နည်းလမ်းကိုနှစ်ရာချီသုံးလာခဲ့ကြပြီးတော့ 0:03:19.345,0:03:23.365 အူရောင်ငန်းဖျားနဲ့ကာလဝမ်းရောဂါကာကွယ်ဆေးကို[br]ဒီနည်းနဲ့အရှိန်မြှင့်ထုတ်လုပ်နိုင်ခဲ့တယ်။ 0:03:23.365,0:03:27.802 တုပ်ကွေး၊ငှက်ဖျားနဲ့သွေးလွန်တုပ်ကွေး[br]လိုရောဂါတွေအပေါ်ကိုယ်ခံအားရဲ့ခုခံပုံတွေကို 0:03:27.802,0:03:29.732 ဒီနည်းနဲ့ပဲကျွန်မတို့ ပိုနားလည်လာခဲ့တယ်။ 0:03:29.843,0:03:33.383 ပထမကိုရိုနာဗိုင်းရပ်အမျိုးအစားကိုတောင်[br]ကျွန်မတို့ ဒီနည်းနဲ့စမ်းသပ်ခဲ့ပါတယ်။ 0:03:34.011,0:03:35.794 လူသားအသုံးပြုပြီး ကာကွယ်ဆေးစမ်းသပ်တာက 0:03:35.794,0:03:39.164 စွန့်စားရာကျမှာစိုးတာကြောင့်လည်း[br]ဆွေးနွေးပွဲတွေ အများကြီး လုပ်ခဲ့ကြတယ်။ 0:03:39.164,0:03:42.524 ကျွန်မကတော့ စွန့်စားရတာတန်တယ်လို့ယူဆပါတယ်။ 0:03:42.524,0:03:45.364 စမ်းသပ်မှုတစ်ခုမှာ ငယ်ရွယ်ကျန်းမာတဲ့ 0:03:46.124,0:03:48.564 ကျွန်မအထင် အသက်၂၀က၂၉အတွင်း[br]အရွယ်တွေကိုပဲခေါ်တာပါ။ 0:03:49.997,0:03:53.287 အဲဒီအသက်ရွယ်ဝန်းကျင်စုစုပေါင်းရဲ့[br]၁ရာခိုင်နှုန်းထက်နည်းတဲ့ပမာဏလောက်ပဲ 0:03:53.287,0:03:55.737 ကိုဗစ်-၁၉ကူးစက်ပြီး[br]ဆေးရုံတင်ရတာမျိုးရှိပါတယ်။ 0:03:56.637,0:04:00.637 ဒါကြောင့်မလို့ သုသေတီတွေကအန္တရာယ်မရှိအောင်[br]စောင့်ကြည့်ပေးနေတဲ့challenge trial မှာဆို 0:04:00.637,0:04:03.797 ပိုပြီးတော့ရာခိုင်နှုန်းနည်းမှာ[br]အသေအချာပါပဲ။ 0:04:04.277,0:04:07.276 ငယ်ရွယ်ကျန်းမာသူတွေ [br]ကိုဗစ်-၁၉ရောဂါနဲ့သေဆုံးနိုင်ခြေဟာ 0:04:07.276,0:04:10.416 ရာခိုင်နှုန်းတစ်ခုရဲ့[br]၅ထောင်ပုံတစ်ပုံခန့်ပဲရှိပါတယ်။ 0:04:10.977,0:04:14.477 ပြောရမယ်ဆိုနှစ်ပေါင်းတစ်သိန်းနေမှကိုဗစ်-၁၉[br]ကူးစက်ခံရသူ အသက်၂၀လူနာ 0:04:14.477,0:04:17.135 ၅ယောက်သာ သေနိုင်ခြေရှိတာဖြစ်ပါတယ်။ 0:04:18.548,0:04:20.818 ကျွန်မကUSမှာကလေးမွေးရမယ့်[br]ကိုယ်ဝန်သည်ဆိုရင်တောင် 0:04:20.818,0:04:22.775 သေနိုင်ချေကဒီထက်မျာသေးပါတယ်။ 0:04:24.200,0:04:26.486 ဒါမှမဟုတ်ဒီလိုတွေးကြည့်ပါ... 0:04:27.309,0:04:29.219 ကျွန်မညီမလေးသာကျောက်ကပ်လိုခဲ့မယ်ဆို 0:04:29.219,0:04:32.429 ကျွန်မရဲ့ကျောက်ကပ်ကိုပေးဖို့ တစ်ခဏ[br]လေးတောင်တုံ့ဆိုင်းနေမှာမဟုတ်ဘူး။ 0:04:33.011,0:04:35.901 ကျွန်မ ဂရုစိုက်တဲ့သူအတွက်[br]အခုလိုစွန့်စားလို့ရတယ်ဆိုရင် 0:04:36.382,0:04:41.342 လူတွေကိုသူတို့ဂရုစိုက်တဲ့သူတွေတင်မက[br]သူတို့ပတ်ဝန်းကျင်ကိုပါဘေးကင်းစေဖို့ 0:04:41.342,0:04:46.292 ဖြေဆေးထုတ်တဲ့နေရာမှာအရှိန်မြှင့်နိုင်ဖို့[br]ကူညီခွင့်ပေးတယ်ဆိုတာအဓိပ္ပါယ်ရှိပါတယ်။ 0:04:46.541,0:04:48.141 ကျွန်မတို့မသိတာတွေရှိနေပါသေးတယ်၊ 0:04:48.141,0:04:51.711 အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ခြင်းရဲ့[br]ရေရှည်ဆိုးကျိုးတွေနဲ့ပတ်သက်လို့ပေါ့နော်။ 0:04:51.711,0:04:54.482 ဒီလိုမရေရာမှုတွေရှိလျက်နဲ့ volunteer[br]ဝင်လုပ်ဖြစ်ခဲ့တာကတော့ 0:04:54.482,0:04:57.771 ရှင်တို့အများစု ခံစားနေရသလိုပဲ[br]လူတွေထောင်ရာချီ သေဆုံးနေရတာကို 0:04:57.771,0:04:59.263 မြင်‌နေရတာ စိတ်မချမ်းသာလို့ပါ။ 0:04:59.263,0:05:01.223 ဒါတောင် ရောဂါကူးစက်မှုကိုရပ်တန့်နိုင်ဖို့ 0:05:01.223,0:05:08.376 စိတ်ဖိစီး ကိုယ်ဖိစီးခံနေကြရတဲ့[br]လူသန်းပေါင်းများစွာကို ထည့်မတွက်ရသေးပါဘူး။ 0:05:08.651,0:05:11.501 ဖြစ်ချင်တော့ ကျွန်မတစ်ယောက်ပဲ [br]ဒီလိုတွေးပူနေရတာမဟုတ်ပါဘူး။ 0:05:12.042,0:05:15.742 မေ လထဲက ကမ္ဘာအနှံ့က[br]၃သောင်း၉ထောင်ကျော်တဲ့ 0:05:15.742,0:05:21.162 စေတနာ့ဈန်ထမ်းတွေက Human Challenge Trial [br]အတွက် ပရဟိတအသင်း1Day Sooner ကတဆင့် 0:05:21.162,0:05:22.556 ပါဝင်ခဲ့နေကြပါပြီ။ 0:05:23.168,0:05:25.588 Challenge Trial မှာပါဝင်နေသူတွေကိုရော 0:05:25.588,0:05:29.207 ပါဝင်ဖို့စဉ်းစားနေသူတွေရော[br]ကျွန်မတို့အားပေးကြိုဆိုနေပါတယ်။ 0:05:29.745,0:05:32.765 မေလ အစောပိုင်း ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် 0:05:32.765,0:05:35.565 Challenge Trial ကိုလုပ်သင့်၊မသင့်[br]ဆွေးနွေးနေချိန်လောက်ထဲက 0:05:36.085,0:05:39.365 ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO က[br]1Day Sooner ကို Challenge Trial လုပ်ဖို့ 0:05:39.365,0:05:43.001 သင့်တော်တဲ့ပုဂ္ဂလိကအသင်းအဖြစ်[br]သုံးသပ်ခဲ့ကြပါတယ်။ 0:05:43.211,0:05:44.391 အောက်တိုဘာလ အလယ်လောက်မှာ 0:05:44.391,0:05:47.101 အင်္ဂလန်အစိုးရက Challenge Trial ကို [br]၂၀၂၁ အစောပိုင်းမှာပဲ 0:05:47.101,0:05:50.521 ဦးစီးဦးရွက်ပြုသွားမယ်ဆိုပြီး [br]သူတို့ရည်ရွယ်ချက်ကိုအတိအလင်းကြေငြာခဲ့ပါတယ် 0:05:51.459,0:05:55.459 ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ[br]ကမ္ဘာ့အဆင့်ကပ်ရောဂါဆိုတာငြင်းစရာမရှိပါဘူး။ 0:05:55.706,0:05:58.225 ဒီရောဂါဟာ စံချိန်ချိုးသွားခဲ့တဲ့[br]ကပ်ရောဖြစ်သလို 0:05:58.225,0:06:01.905 ရှေ့တန်းကကျန်းမားရေးဝန်ထမ်းတွေရဲ့ [br]ကိုယ်ကျိုးစွန့်မှုတွေကိုလည်းထင်ဟပ်နေပါတယ်။ 0:06:01.905,0:06:04.369 ပေးရတဲ့တန်ဖိုးကလည်း ကြီးလွန်းပါတယ်။ 0:06:04.369,0:06:08.599 ထွက်ရှိလာမယ့်ကာကွယ်တစ်ခုတိုင်းက[br]ရောဂါကို ပြန်လည်ထိန်းချုပ်နိုင်စေမှာပါ။ 0:06:08.781,0:06:11.211 ဒါပေမဲ့လို့တစ်ကမ္ဘာလုံးရောဂါကင်းဖို့ကတော့ 0:06:11.211,0:06:15.071 နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့ လက်ထဲကို[br]ကာကွယ်ဆေးရောက်ဖို့ဆိုတဲ့အပေါ်မူတည်နေပါတယ်။ 0:06:15.071,0:06:17.551 ဒီအတွက်တော့ Challenge Trial က[br]ခြေလှမ်းတစ်လှမ်းပါပဲ။ 0:06:18.285,0:06:20.495 ကျေးဇူးတင်ပါတယ်။