< Return to Video

နောက် ရောဂါကပ်ဘေးကြီး အတွက် လား? ကျွန်တော်တို့ အသင့်မရှိကြသေးဘူး

  • 0:06 - 0:07
    ကျွန်ေတာ် ချာတိတ်ဘဝတုန်းက၊
  • 0:07 - 0:10
    ကျွန်တော်တို့ အစိုးရိမ်ဆုံး ကပ်ဘေးကြီးမှာ
    နျူကလီယား စစ်ကြီးပါပဲ။
  • 0:10 - 0:13
    အဲဒါကြောင့်မို့လို့ ကျွန်တော်တို့
    မြေအောက်ခန်းထဲမှာ
  • 0:13 - 0:15

    ဒီလိုစည်ပိုင်းကြီး ရှိနေခဲ့တာပါ၊
  • 0:15 - 0:18
    စားရန် စည်သွတ်ဘူးတွေနဲ့
    ရေတွေ အပြည့်ပဲ။
  • 0:18 - 0:20
    နျူကလီယား စစ်ဖြစ်လာခဲ့ရင်၊
  • 0:20 - 0:23
    ကျွန်တော်တို့ဟာ မြေအောက်ခန်းမှာ နေထိုင်ရင်း
  • 0:23 - 0:25

    စည်ပိုင်းထဲမှာ ရှိတာကို စားသုံးရန် ဖြစ်ခဲ့တယ်။
  • 0:26 - 0:30
    ဒီနေ့တွင် တကမ္ဘာလုံးအတွက် ကပ်ဘေးကြီးကို
  • 0:30 - 0:32
    အဲဒီလို မထင်ရတော့ပါ။
  • 0:32 - 0:36
    အဲဒီအစား ဒီလို မြင်လာရပါတယ်။
  • 0:36 - 0:39
    လာမည့် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ
  • 0:39 - 0:42

    လူ ၁၀ သန်းကျော်ကို သတ်နိုင်တာဆိုလို့၊
  • 0:42 - 0:45
    စစ်ကြီးမဟုတ်ဘဲ ကူးစက်လွယ်တဲ့
  • 0:45 - 0:48
    ဗိုင်းရပ်စ်တွေ ဖြစ်ဖို့များပါတယ်။
  • 0:48 - 0:52
    ဒုံးလက်နက်တွေ မဟုတ်ဘဲ ပိုးမွှားတွေပါ။
  • 0:52 - 0:54
    အဲဒီလို ဖြစ်လာရခြင်းရဲ့ အကြောင်း တစ်ခုက
  • 0:54 - 0:56
    နျူကလီယားကို ဟန့်တားရန် ကျွန်တော်တို့
  • 0:56 - 0:58

    အကြီးအကျယ် ငွေကြေးမြှုပ်နှံခဲ့ကြတယ်။
  • 0:58 - 1:01
    တချိန်တည်းမှာ ကပ်ဘေးကို ရပ်တန့်ပစ်ဖို့
  • 1:01 - 1:03

    ရင်းနှီးခဲ့ကြတာ သိပ်ကို နည်းခဲ့တယ်။
  • 1:04 - 1:07
    ကျွန်တော်တို့ဟာ လာမယ့် ရောဂါ
    ကပ်ဘေးအတွက် အသင့် မရှိကြသေးပါ။
  • 1:08 - 1:10
    အီဘိုလာကို ယူကြည့်ကြပါစို့။
  • 1:10 - 1:12
    ခင်ဗျားတို့ အားလုံးဟာ အဲဒီအကြောင်းကို
  • 1:12 - 1:14

    စိန်ခေါ်မှုတွေ တပုံကြီး ရှိနေတာကို၊
  • 1:14 - 1:15
    သတင်းစာတွေမှာ ဖတ်ခဲ့ကြတာ သေချာပါတယ်။
  • 1:15 - 1:19
    ကျွန်တော်ဟာ ပိုလီယိုအား ဟန့်တားမှုကို
    ဆန်းစစ်ရေး ကိရိယာတွေကို သုံးပြီး
  • 1:19 - 1:24
    အဲဒါကို အသေအချာ လေ့လာကြည့်ခဲ့တယ်။
  • 1:24 - 1:26
    ဖြစ်ပျက်လာခဲ့တာကို ခင်ဗျားတို့ မြင်ခဲ့ကြရသလိုပဲ၊
  • 1:26 - 1:30
    ပြဿနာက ကောင်းမွန်စွာ အလုပ်လုပ်တဲ့
    စနစ်တခု မရှိခဲ့ခြင်း မဟုတ်ဘဲ၊
  • 1:30 - 1:34
    ပြဿနာက ကျွန်တော်တို့ဆီမှာ စနစ်ဆိုလို့
    ဘာတခုမှ မရှိခဲ့ခြင်းပါ။
  • 1:35 - 1:39
    တကယ်ကျတော့၊ အဓိကကျတဲ့ အရာတချို့
    မရှိခဲ့ကြပါ။
  • 1:39 - 1:44
    အဲဒီရောဂါက ဘယ်လိုဟာလဲ၊
    ဘယ်လောက် ပျံ့နှံ့နေလဲ ဆိုတာကို
  • 1:44 - 1:48
    သွားပြီး လေ့လာနိုင်မယ့်
    ကူးစက်ရောဂါဆိုင်ရာ ပညာရှင်တွေ မရှိခဲ့ပါ။
  • 1:48 - 1:50
    အစီရင်ခံစာတွေကို စက္ကူပေါ်မှာသာ
    ရရှိခဲ့ကြပါတယ်။
  • 1:50 - 1:53
    အဲဒါတွေကို အွန်လိုင်း တင်ပေးတာ
    သိပ်ကို နောက်ကျခဲ့တယ်
  • 1:53 - 1:54
    ပြီးတော့ အလွန့်အလွန်ကို မတိကျခဲ့ကြဘူး။
  • 1:54 - 1:56
    သွားဖို့ အသင့်ရှိနေတဲ့ ကျန်းမာရေးအဖွဲ့လည်း
  • 1:56 - 1:58

    ကျွန်တော်တို့ဆီမှာ မရှိခဲ့ပါ။
  • 1:58 - 2:00
    လူတွေကို ပြင်ဆင်ပေးတဲ့ နည်းလမ်းပါ
    မရှိခဲ့ကြပါ။
  • 2:00 - 2:03
    အခုတော့ Médecins Sans Frontières အဖွဲ့ဟာ
  • 2:03 - 2:05
    စေတနာ့ဝန်ထမ်းများကို စည်းရုံးကြပ်မတ်
    ပေးနေပါပြီ။
  • 2:05 - 2:07
    ဒါတောင်မှ၊ အဲဒီနိုင်ငံတွေမှာ
    လုပ်သားတွေ ထောင်ချီ
  • 2:07 - 2:09

    ရှိအောင် လုပ်သင့်ပေမဲ့၊
  • 2:09 - 2:12
    ကျွန်တော်တို့ဟာ သိပ်ကို နောက်ကျနေကြတယ်။
  • 2:12 - 2:16
    တကယ်တော့ ကြီးမားတဲ့ ကပ်ဘေးဖြစ်လာရင်
  • 2:16 - 2:19

    လုပ်သားတွေ သိန်းချီ ရှိဖို့ လိုအပ်လာမယ်။
  • 2:19 - 2:22
    ကုသရေးဆိုင်ရာ ချဉ်းကပ်မှုများကို
  • 2:22 - 2:25

    စောင့်ကြည့်မယ့်သူ တယောက်မှ မရှိခဲ့ပါ။
  • 2:25 - 2:27
    ရောဂါစူးစမ်းဖေါ်ထုတ်မယ့်သူ
    တယောက်မှ မရှိခဲ့ပါ။
  • 2:27 - 2:29
    ဘယ်လို ကိရိယာတွေကို သုံးသင့်ကြောင်း
  • 2:29 - 2:30

    ထောက်ပြမယ့်သူ တယောက်မှ မရှိခဲ့ပါ။
  • 2:30 - 2:32
    ဥပမာ တခုအနေနဲ့၊ ကျွန်တော်တို့ဟာ အသက်ရှင်
  • 2:32 - 2:34

    ကျန်ရစ်ခဲ့သူတို့ထံမှ သွေးနမူနာကို ယူလျက်၊
  • 2:34 - 2:37
    မွမ်းမံပြင်ဆင်ပြီး လူတွေကို ကာကွယ်ပေးရန်
  • 2:37 - 2:39

    သွေးရည်ကြည်ကို ထိုးပေးသင့်ခဲ့တယ်။
  • 2:39 - 2:42
    ဒါပေမဲ့ ဘယ်တော့မှာမှ မစမ်းဖြစ်ခဲ့ပါ။
  • 2:42 - 2:44
    ဒီတော့ အရာတော်တော်များများ
    မရှိခဲ့ကြဘဲ လိုအပ်နေခဲ့ပါတယ်။
  • 2:44 - 2:47
    ပြီးတော့ အဲဒီအရာတွေဟာ
    တကမ္ဘာလုံး အရေးနိမ့်မှုကြီးပါပဲ။
  • 2:47 - 2:50
    WHO အဖွဲ့ချုပ်က ကပ်ဘေးရောဂါတွေကို
  • 2:50 - 2:54
    စောင့်ကြပ်ပေးနိုင်ပေမဲ့ ခုနက
    အရာတွေကို မလုပ်နိုင်ပါ။
  • 2:55 - 2:58
    ရုပ်ရှင်ထဲမယ် မြင်ကြရတာကျတော့
    လုံးဝတခြားစီပါ။
  • 2:58 - 3:01
    စမတ်ကျတဲ့ ကူးစက်ရောဂါ ပညာရှင် တစု
    ရှိနေကာ သွားရန် အသင့်ပါပဲ၊
  • 3:01 - 3:05
    သူတို့ဟာ ချက်ချင်း ထွက်သွားကြကာ အခြေအနေကို
  • 3:05 - 3:08

    ကယ်တင်ပေးလိုက်တာ ရုပ်ရှင်ထဲမှာသာပါ။
  • 3:08 - 3:11
    ပြင်ဆင်ထားဖို့ ပျက်ကွက်ခဲ့ခြင်းကြောင့်
  • 3:11 - 3:14

    နောက်တကြိမ်ဖြစ်လာနိုင်တဲ့ ကပ်ဘေးကျရင်
  • 3:14 - 3:18
    အခြေအနေဟာ အီဘိုလာထက်ကို
    ကြောက်မက်ဖွယ် ဆိုးဝါးနိုင်ပါတယ်။
  • 3:19 - 3:24
    ဒီတနှစ်အတွက် အီဘိုလာရဲ့ တိုးတက်မှု
    အခြေအနေကို ကြည့်ကြရအောင်။
  • 3:24 - 3:27
    သေဆုံးခဲ့ရသူ ၁၀၀၀၀ ခန့်ရှိခဲ့ကြတယ်၊
  • 3:27 - 3:32
    သူတို့အားလုံးနီးနီးဟာ အာဖရိက အနောက်ပိုင်း
    သုံးနိုင်ငံထဲကပါ။
  • 3:32 - 3:34
    အဲဒီရောဂါ ဒီထက်ပိုပြီး ပျံ့နှံ့မလာခဲ့တာ
    အကြောင်းရင်း သုံးခုရှိပါတယ်။
  • 3:34 - 3:37
    ပထမဦးဆုံးက အဲဒီမှာ ကျန်းမာရေး လုပ်သားတွေ
    ရဲ့ဝံ့စွာ ကြိုးပမ်းခဲ့ကြတယ်။
  • 3:37 - 3:40
    သူတို့ဟာ ရောဂါသည်တွေကို ရှာယူလျက်
  • 3:40 - 3:42
    ရှေ့ဆက်ကူးစက် မလာအောင်
    ဟန့်တားနိုင်ခဲ့ကြတယ်။
  • 3:42 - 3:45
    ဒုတိယ အနေနဲ့ ဗိုင်းရပ်စ်ရဲ့ သဘာဝပါ။
  • 3:45 - 3:48
    အီဘိုလာဟာ လေထဲမှတဆင့် မပျံ့နှံ့နိုင်ပါ။
  • 3:48 - 3:49
    တယောက်ယောက်က ကူးစက်ပေးနိုင်ချိန်မှာ
  • 3:49 - 3:51
    လူအများစုတို့ဟာ သိပ်ကို ဖျားနေကြလို့
  • 3:51 - 3:53
    ခုတင်မှာ လှဲနေခဲ့ကြရပါတယ်။
  • 3:53 - 3:56
    တတိယ အနေနဲ့၊ အဲဒီရောဂါဟာ
  • 3:56 - 3:58

    မြို့ပြဒေသကြီးတွေထဲကို မပျံ့နှံ့ခဲ့ခြင်းပါ။
  • 3:58 - 4:00
    အဲဒါဟာ ကံကောင်းထောက်မှု သက်သက်ပါ။
  • 4:00 - 4:02
    တကယ်လို့များ မြို့ပြဒေသ တော်တော်များများ
    ထဲကိုသာ ဝင်နိုင်ခဲ့မယ်ဆိုရင်၊
  • 4:02 - 4:06
    ဖြစ်မှုနှုန်းဟာ များစွာမှ မြင့်မားခဲ့မှာပါ။
  • 4:06 - 4:09
    နောက်တကြိမ်မှာ ကျွန်တော်တို့ဟာ
    အခုလို ကံကောင်းချင်မှ ကံကောင်းကြမှာပါ။
  • 4:09 - 4:12
    ရောဂါကို ကူးစက်ပေးနိုင်ချိန်မှာ လူတွေ အတော့်ကို
  • 4:12 - 4:15

    နေထိုင်ကောင်းနိုင်တဲ့ ဗိုင်းရပ်စ်တွေ ရှိပါတယ်၊
  • 4:15 - 4:18
    အဲဒီအချိန်မှာ သူတို့ဟာ လေယာဉ် စီးနိုင်ပါတယ်၊
    ဈေးဝယ်ဖို့ သွားနိုင်တယ်။
  • 4:18 - 4:21
    ဗိုင်းရပ်ရဲ့ ဇစ်မြစ်ဟာ အီဘိုလာလို
    သဘာဝ ကပ်ရောဂါ ဖြစ်နိုင်သလို
  • 4:21 - 4:23
    ဇီဝအကြမ်းဖက်ခံရမှု ဖြစ်နိုင်တယ်။
  • 4:23 - 4:25
    ဒီတော့ အခြေအနေတွေဟာ ထောင်နဲ့ချီကို
  • 4:25 - 4:28

    ဆိုးဝါးသွားနိုင်တာမျိုး ကြုံရနိုင်ပါတယ်။
  • 4:28 - 4:31
    လက်တွေ့အနေနဲ့၊ လေမှတဆင့် ပျံ့နှံ့နိုင်တဲ့
  • 4:31 - 4:33

    ရောဂါပုံစံကို လေ့လာကြည့်ကြရအောင်၊
  • 4:33 - 4:37
    ၁၉၁၈ ခုနှစ်တုန်းက စပိန် တုပ်ကွေးလိုဟာမျိုး။
  • 4:38 - 4:40
    အဲဒီလို ဆိုရင် ဖြစ်ပျက်လာမှာက ဒီလိုပါ-
  • 4:40 - 4:44
    အဲဒါဟာ တကမ္ဘာလုံး အနှံ့မှာ သိပ်ကို
    လျင်မြန်စွာ ကူးစက်လာပါမယ်။
  • 4:44 - 4:49
    အဲဒီ ကပ်ရောဂါကြောင့် လူတွေ သန်း ၃၀ ကျော်
    သေကြေမှာကို မြင်နိုင်ပါတယ်။
  • 4:49 - 4:50
    ဒီတော့ အဲဒါဟာ သိပ်ကို
    စိုးရိမ်ရတဲ့ ပြဿနာကြီးပါ။
  • 4:50 - 4:53
    ကျွန်တော်တို့ စဉ်းစားရန် လိုပါတယ်။
  • 4:53 - 4:55
    တကယ်တမ်းမှာ ကျွန်တော်တို့ဟာ ကောင်းမွန်စွာ
  • 4:55 - 4:57

    တုံ့ပြန်နိုင်မယ့် စနစ်ကို ထူထောင်နိုင်တယ်။
  • 4:57 - 5:02
    ကျွန်တော်တို့ အသုံးချနိုင်ကြမယ့် သိပ္ပံပညာ နဲ့
    နည်းပညာတွေ ရှိကြပါတယ်။
  • 5:02 - 5:03
    အများပြည်သူတို့ထံမှ
    အချက်အလက်တွေကို ရယူရန်
  • 5:03 - 5:05
    သူတို့ထံ ပြန်ပြီး အကြောင်းကြားပေးရန်
    ဆယ်လ်ဖုန်းတွေ ရှိနေပါပြီ။
  • 5:05 - 5:08
    ပြည်သူတွေ ဘယ်မှာ ရှိနေတယ်၊
    ဘယ်ကို သွားနေတယ်
  • 5:08 - 5:10

    ပြပေးတဲ့ ဂြိုဟ်တု မြေပုံတွေ ရှိနေပါပြီ။
  • 5:10 - 5:13
    ကျွန်တော်တို့ရဲ့ ဇီဝဗေဒကလည်း
    တိုးတက်လာခဲ့ရာ
  • 5:13 - 5:16
    ရောဂါပိုးကို စမ်းသပ်ကြည့်ဖို့ အချိန်ဟာ
    သိသိသာသာ မြန်လာပြီဖြစ်ကာ
  • 5:16 - 5:18
    အဲဒီရောဂါပိုးနဲ့ သင့်တော်မယ့် ဆေးဝါးများ နဲ့
  • 5:18 - 5:21

    ကာကွယ်ဆေးများကို ထုတ်လုပ်ပေးနိုင်လာပါပြီ။
  • 5:21 - 5:23
    ဒီတော့ ကျွန်တော်တို့ဆီမှာ ကိရိယာတွေ
    ရှိလာနိုင်ပါတယ်၊
  • 5:23 - 5:28
    ဒါပေမဲ့ အဲဒါတွေကို ကမ္ဘာ့ကျန်းမာရေး
    စနစ်ထဲ တပ်ဆင်ပေးဖို့ လိုပါမယ်။
  • 5:28 - 5:30
    ပြီးတော့ ကျွန်တော်တို့ဟာ
    အသင့်ဖြစ်နေဖို့ လိုပါတယ်။
  • 5:30 - 5:32
    အသင့်ဖြစ်နေဖို့အတွက် အကောင်းဆုံး
    သင်ခန်းစာတွေမှာ
  • 5:32 - 5:35
    စစ်အတွက် ကျွန်တော်တို့ လုပ်ကိုင်ကြသလိုပါပဲ။
  • 5:35 - 5:39
    စစ်သားတွေဆိုရင်၊ ထသွားဖို့ အချိန်ပြည့်
    စောင့်နေကြတဲ့သူတွေ ရှိပါတယ်။
  • 5:39 - 5:41
    ကျွန်တော်တို့ အရန်အင်အားတွေကို
    များစွာမှ တိုးချဲ့လို့ ရနိုင်ပါတယ်။
  • 5:41 - 5:44
    အရေးတကြီး လျင်မြန်စွာ ဖြန့်ကျက်နိုင်တဲ့
    ရွေ့ရှားလွယ်တဲ့
  • 5:44 - 5:46
    ယူနစ်တွေ NATO မှာ ရှိပါတယ်။
  • 5:46 - 5:48
    ပြီးတော့ လူတွေ လေ့ကျင့်ထားပုံကို စစ်ဆေးတဲ့
  • 5:48 - 5:49

    စမ်းသပ်မှုတွေ NATO ဆီမှာ အများကြီးပါ။
  • 5:49 - 5:52
    သူတို့ဟာ လောင်စာဆီ နဲ့ ရွှေ့ပြောင်းမှုကို
    နားလည်ကြရဲ့လား၊
  • 5:52 - 5:54
    ရေဒီယို ကြိမ်နှုန်းကော ကိုက်ညီမှု ရှိရဲ့လား?
  • 5:54 - 5:57
    ဒီတော့ သူတို့ဟာ သွားဖို့ လုံးဝကို အသင့်ပါ။
  • 5:57 - 5:59
    ကပ်ဘေး ရောဂါတခုခုကို ကိုင်တွယ်ဖြေရှင်း
  • 5:59 - 6:01

    တော့မယ်ဆိုရင် အဲဒီလို အရာတွေ လိုအပ်ပါမယ်။
  • 6:01 - 6:04
    အရေးကြီးဆုံး အပိုင်းတွေက ဘာတွေများလဲ?
  • 6:04 - 6:06
    ပထမအချက်၊ ဆင်းရဲတဲ့ နိုင်ငံတွေထဲမှာ
  • 6:06 - 6:09

    အားကောင်းတဲ့ ကျန်းမာရေး စနစ် လိုနေတယ်။
  • 6:09 - 6:12
    မိခင်တွေ လုံခြုံဘေးကင်းစွာ
    ကလေးမွေးပေးနိုင်ကြကာ၊
  • 6:12 - 6:14
    ကလေးငယ်တွေဟာ လိုအပ်တဲ့ ကာကွယ်ဆေးတွေ
    အားလုံး ရရှိဖို့ လိုပါတယ်။
  • 6:14 - 6:16
    တချိန်တည်းမှာ၊ ရောဂါ ဖြစ်ပွားမှုကို
  • 6:16 - 6:17

    စောလျင်စွာ သိနိုင်ဖို့ လိုပါသေးတယ်။
  • 6:17 - 6:19
    ကျွန်တော်တို့ဟာ အရန်အဖြစ် အသင့်ရှိမယ့်
  • 6:19 - 6:20

    ကျန်းမာရေး တပ်ရင်းတွေ ရှိရပါမယ်၊
  • 6:20 - 6:23
    သင်တန်း တက်ထားကြကာ
    လိုအပ်တဲ့ ကျွမ်းကျင်မှု ရှိကြပြီး
  • 6:23 - 6:25
    သွားရန် အသင့်ဖြစ်ကြမယ့်
    လူတွေ အများအပြား ရှိရပါမယ်။
  • 6:25 - 6:28
    ဒီနောက်မှာ အဲဒီလို ကျန်းမာရေး လုပ်သားတွေကို
  • 6:28 - 6:30

    စစ်တပ်နဲ့ ချိတ်ဆက်ပေးရန် လိုမယ်၊
  • 6:30 - 6:32
    သို့မှသာ လျင်မြန်စွာ ရွေ့လျားနိုင်ခြင်း၊
    ပို့ဆောင်ပေးနိုင်ခြင်း
  • 6:32 - 6:34
    နေရာတွေကို လုံခြုံအောင် စီစဉ်ပေးခြင်းလို
  • 6:34 - 6:36

    စစ်တပ်ရဲ့ သာလွန်ချက်တွေကို အသုံးချနိုင်မှာပါ။
  • 6:36 - 6:37
    ကျွန်တော်တို့ဟာ အသွင်တူ ကစားဖို့ လိုတာက
  • 6:37 - 6:39

    စစ်ပွဲတွေ မဟုတ်ဘဲ၊ ဟာကွက်တွေကို
  • 6:39 - 6:42
    ဖေါ်ထုတ်ပေးမယ့်၊ ရောဂါပိုးတွေရဲ့ ဂိမ်းတွေပါ။
  • 6:42 - 6:44
    အမေရိကန် ပြည်ထောင်စုမှာ
  • 6:44 - 6:46

    အဲဒီလို ရောဂါပိုး ဂိမ်းကို နောက်ဆုံးအကြိမ်
  • 6:46 - 6:48
    ဆင်နွှဲခဲ့တာ ၂၀၀၁ ခုနှစ်မှာ ဖြစ်ခဲ့ပြီး
  • 6:48 - 6:51

    အတော်ကလေး အောင်မြင်ခဲ့ပါတယ်။
  • 6:51 - 6:53
    အခုထက်ထိ ဂိုးအရေအတွက်က
    ရောဂါပိုးတွေ
  • 6:53 - 6:56
    ၁ ဂိုး၊ လူတွေ ၀ ဂိုး ဖြစ်နေပါတယ်။
  • 6:56 - 6:59
    နောက်ဆုံးအနေနဲ့ ကာကွယ်ဆေး နဲ့
    ရောဂါစူးစမ်းရေး
  • 6:59 - 7:01

    အဆင့်မြင့် သုတေသနတွေ လိုပါတယ်။
  • 7:01 - 7:03
    ဒီနေရာမှာ Adeno နဲ့ ဆက်စပ်နေကြတဲ့
    ဗိုင်းရပ်လို
  • 7:03 - 7:05

    အောင်မြင်မှုကြီးတွေ ရှိကြရာ
  • 7:05 - 7:09
    သိပ်ကို မြန်ဆန်စွာ လုပ်ကိုင်နိုင်ကြပါတယ်။
  • 7:09 - 7:13
    အဲဒါ ဘယ်လောက် ကုန်ကျမှာကို
    ကျွန်တော် အတိအကျ မပြောနိုင်ပေမဲ့၊
  • 7:13 - 7:16
    ရှိလာနိုင်တဲ့ အန္တရာယ်နဲ့စာရင်
    သိသိသာသာ နည်းမှာ သေချာပါတယ်။
  • 7:16 - 7:19
    ကမ္ဘာ့ဘဏ်မှ ခန့်မှန်းခဲ့ထားတဲ့ အတိုင်း
  • 7:19 - 7:22

    တကမ္ဘာလုံး အဝှမ်း တုပ်ကွေး ဖြစ်လာခဲ့ရင်၊
  • 7:22 - 7:25
    ကမ္ဘာကြီးဟာ ဓနအင်အား သုံးတရီလီယံကျော်
    ဆုံးရှုံးခံရမှာဖြစ်ကာ၊
  • 7:25 - 7:28
    ပြည်သူတွေ သန်းပေါင်းများစွာ
    သေကြေကြရမှာပါ။
  • 7:28 - 7:30
    ဒီရင်းနှီးမှုတွေရဲ့ ကျေးဇူးကြောင့်
  • 7:30 - 7:32

    ကပ်ရောဂါအတွက် အသင့်ဖြစ်ရုံသာမက၊
  • 7:32 - 7:35
    အခြား အကျိုးစီးပွားတွေ
    အများအပြားကိုပါ ရရှိကြမှာပါ။
  • 7:35 - 7:36
    အခြေခံ ကျန်းမာရေးစနစ်၊ သုတေသနများ၊
  • 7:36 - 7:38
    ခုနက ပြောခဲ့တာတေွက ကမ္ဘာ့ကျန်းမာရေး
  • 7:38 - 7:40

    ကုန်ကျမှုတွေကို လျှော့ချပေးနိုင်ကာ
  • 7:40 - 7:42
    ကျွန်တော်တို့ ကမ္ဘာကြီးကို ပိုပြီး
    တရားမျှတစေလျက်
  • 7:42 - 7:43

    ပိုလုံခြုံလာစေမှာပါ။
  • 7:43 - 7:45
    အဲဒါကြောင့်မို့လို့ ဒါကို မလုပ်မနေရ
    ဦးစားပေးသင့်တယ်လို့
  • 7:45 - 7:47
    ကျွန်တော် ထင်ပါတယ်။
  • 7:48 - 7:49
    ပြီးတော့ စိတ်ချောက်ချားဖို့ မလိုပါဘူး။
  • 7:49 - 7:51
    ကျွန်တော်တို့ဟာ စည်သွတ်ဘူးတွေ စုပုံထားရန်
  • 7:51 - 7:53

    ဒါမှမဟုတ် မြေအောက်ခန်းမှာ နေရန် မလိုပါ။
  • 7:53 - 7:55
    ဒါပေမဲ့၊ အချိန်ဟာ ကျွန်တော်တို့ရဲ့ဘက်မှာ မဟုတ်လို့၊
  • 7:55 - 7:58

    ကျွန်တော်တို့ မရပ်မနေ လုပ်ကိုင်နေရန် လိုတယ်။
  • 7:58 - 8:01
    တကယ်တော့၊ အီဘိုလာ ကပ်ဘေးကြီး အထဲမှနေပြီး
  • 8:01 - 8:04

    အပြုသဘောဆိုလို့ ကျွန်တော်တို့ ယူလို့ရနိုင်တာက၊
  • 8:04 - 8:06
    အဲဒါကို စောစီးစွာ သတိပေးမှု၊ နှိုးဆော်ရေး နဲ့
  • 8:06 - 8:09
    အသင့်ရှိနေရေး တပ်လှန့်မှုအဖြစ်
    အသုံးချရန်ပါပဲ။
  • 8:09 - 8:12
    ကျွန်တော်တို့ အခုနေ စတင်လုပ်ကြမယ်ဆိုရင်၊
    လာမယ့်
  • 8:12 - 8:15

    ရောဂါ ကပ်ဘေးကြီးအတွက် အသင့်ရှိနိုင်ကြမှာပါ။
  • 8:15 - 8:17
    ကျေးဇူးတင်ပါတယ်။
  • 8:17 - 8:20
    (လက်ခုပ်တီးသံများ)
Title:
နောက် ရောဂါကပ်ဘေးကြီး အတွက် လား? ကျွန်တော်တို့ အသင့်မရှိကြသေးဘူး
Speaker:
Bill Gates
Description:

၂၀၁၄ ခုနှစ်မှာ ကမ္ဘာကြီးဟာ၊ ကိုယ်ကျိုးမဲ့ ကြိုးပမ်းခဲ့ကြတဲ့ ကျန်းမာရေး လုပ်သား သောင်းချီရဲ့ ကျေးဇူးကြောင့် နဲ့၊ ပွင့်ပွင့်လင်းလင်း ပြောရပါက၊ ကံကောင်းထောက်မမှုကြောင့် အီဘိုလာ ရောဂါ ကြောက်မက်ဖွယ် ပေါက်ထွက်လာခဲ့မှာကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ အဲဒါတွေ ပြီးဆုံးသွားပြီးတဲ့ နောက်မှာတော့ ကျွန်တော်တို့ဟာ ဒီထက်ပိုကောင်းမွန်စွာ လုပ်ကိုင်သင့်ခဲ့တာကို နားလည်ကြပါတယ်။ဒါကြောင့်မို့လို့ Bill Gates ရဲ့ အကြံပေးချက် အတိုင်းဆိုရင်၊ ကျွန်တော်တို့ဟာ ကာကွယ်ဆေးတွေကို သုနေသနပြု ထုတ်လုပ်ရေး ဇာန်ညွှန်းမှအစ ကျန်းမာရေး လုပ်သားများအား သင်တန်းပေးရေးအဆုံး စဉ်းစားစီမံလျက် လက်တွေ့လုပ်ကိုင်ဖို့အတွက် အခုအချိန်ဟာ အကောင်းဆုံး အချိန်ပါ။ "ကျွန်တော်တို့ဟာ စိတ်ချောက်ချားရန် မလိုပေမဲ့၊ တချိန်လုံး ရှေ့ကိုသွားနေရန် လိုပါတယ်" လို့ သူက အကြံပေးပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
08:32

Burmese subtitles

Revisions Compare revisions