WEBVTT 00:00:05.504 --> 00:00:07.398 ကျွန်ေတာ် ချာတိတ်ဘဝတုန်းက၊ 00:00:07.398 --> 00:00:09.960 ကျွန်တော်တို့ အစိုးရိမ်ဆုံး ကပ်ဘေးကြီးမှာ နျူကလီယား စစ်ကြီးပါပဲ။ 00:00:09.960 --> 00:00:12.522 အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ မြေအောက်ခန်းထဲမှာ 00:00:12.522 --> 00:00:15.085 ဒီလိုစည်ပိုင်းကြီး ရှိနေခဲ့တာပါ၊ 00:00:15.085 --> 00:00:17.656 စားရန် စည်သွတ်ဘူးတွေနဲ့ ရေတွေ အပြည့်ပဲ။ 00:00:18.256 --> 00:00:20.383 နျူကလီယား စစ်ဖြစ်လာခဲ့ရင်၊ 00:00:20.383 --> 00:00:22.510 ကျွန်တော်တို့ဟာ မြေအောက်ခန်းမှာ နေထိုင်ရင်း 00:00:22.510 --> 00:00:24.637 စည်ပိုင်းထဲမှာ ရှိတာကို စားသုံးရန် ဖြစ်ခဲ့တယ်။ 00:00:25.877 --> 00:00:29.597 ဒီနေ့တွင် တကမ္ဘာလုံးအတွက် ကပ်ဘေးကြီးကို 00:00:29.597 --> 00:00:32.457 အဲဒီလို မထင်ရတော့ပါ။ 00:00:32.457 --> 00:00:35.614 အဲဒီအစား ဒီလို မြင်လာရပါတယ်။ 00:00:35.614 --> 00:00:38.771 လာမည့် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ 00:00:38.771 --> 00:00:41.929 လူ ၁၀ သန်းကျော်ကို သတ်နိုင်တာဆိုလို့၊ 00:00:41.929 --> 00:00:45.314 စစ်ကြီးမဟုတ်ဘဲ ကူးစက်လွယ်တဲ့ 00:00:45.314 --> 00:00:47.792 ဗိုင်းရပ်စ်တွေ ဖြစ်ဖို့များပါတယ်။ 00:00:47.792 --> 00:00:51.679 ဒုံးလက်နက်တွေ မဟုတ်ဘဲ ပိုးမွှားတွေပါ။ 00:00:51.679 --> 00:00:53.813 အဲဒီလို ဖြစ်လာရခြင်းရဲ့ အကြောင်း တစ်ခုက 00:00:53.813 --> 00:00:55.947 နျူကလီယားကို ဟန့်တားရန် ကျွန်တော်တို့ 00:00:55.947 --> 00:00:58.357 အကြီးအကျယ် ငွေကြေးမြှုပ်နှံခဲ့ကြတယ်။ 00:00:58.357 --> 00:01:00.767 တချိန်တည်းမှာ ကပ်ဘေးကို ရပ်တန့်ပစ်ဖို့ 00:01:00.767 --> 00:01:03.179 ရင်းနှီးခဲ့ကြတာ သိပ်ကို နည်းခဲ့တယ်။ 00:01:04.129 --> 00:01:07.093 ကျွန်တော်တို့ဟာ လာမယ့် ရောဂါ ကပ်ဘေးအတွက် အသင့် မရှိကြသေးပါ။ 00:01:08.023 --> 00:01:09.887 အီဘိုလာကို ယူကြည့်ကြပါစို့။ 00:01:09.887 --> 00:01:11.751 ခင်ဗျားတို့ အားလုံးဟာ အဲဒီအကြောင်းကို 00:01:11.751 --> 00:01:13.615 စိန်ခေါ်မှုတွေ တပုံကြီး ရှိနေတာကို၊ 00:01:13.615 --> 00:01:15.221 သတင်းစာတွေမှာ ဖတ်ခဲ့ကြတာ သေချာပါတယ်။ 00:01:15.221 --> 00:01:18.876 ကျွန်တော်ဟာ ပိုလီယိုအား ဟန့်တားမှုကို ဆန်းစစ်ရေး ကိရိယာတွေကို သုံးပြီး 00:01:18.876 --> 00:01:23.721 အဲဒါကို အသေအချာ လေ့လာကြည့်ခဲ့တယ်။ 00:01:23.721 --> 00:01:25.573 ဖြစ်ပျက်လာခဲ့တာကို ခင်ဗျားတို့ မြင်ခဲ့ကြရသလိုပဲ၊ 00:01:25.573 --> 00:01:30.081 ပြဿနာက ကောင်းမွန်စွာ အလုပ်လုပ်တဲ့ စနစ်တခု မရှိခဲ့ခြင်း မဟုတ်ဘဲ၊ 00:01:30.081 --> 00:01:33.649 ပြဿနာက ကျွန်တော်တို့ဆီမှာ စနစ်ဆိုလို့ ဘာတခုမှ မရှိခဲ့ခြင်းပါ။ 00:01:34.589 --> 00:01:39.028 တကယ်ကျတော့၊ အဓိကကျတဲ့ အရာတချို့ မရှိခဲ့ကြပါ။ 00:01:39.028 --> 00:01:43.940 အဲဒီရောဂါက ဘယ်လိုဟာလဲ၊ ဘယ်လောက် ပျံ့နှံ့နေလဲ ဆိုတာကို 00:01:43.940 --> 00:01:47.696 သွားပြီး လေ့လာနိုင်မယ့် ကူးစက်ရောဂါဆိုင်ရာ ပညာရှင်တွေ မရှိခဲ့ပါ။ 00:01:47.696 --> 00:01:50.452 အစီရင်ခံစာတွေကို စက္ကူပေါ်မှာသာ ရရှိခဲ့ကြပါတယ်။ 00:01:50.452 --> 00:01:52.808 အဲဒါတွေကို အွန်လိုင်း တင်ပေးတာ သိပ်ကို နောက်ကျခဲ့တယ် 00:01:52.808 --> 00:01:54.491 ပြီးတော့ အလွန့်အလွန်ကို မတိကျခဲ့ကြဘူး။ 00:01:54.491 --> 00:01:56.174 သွားဖို့ အသင့်ရှိနေတဲ့ ကျန်းမာရေးအဖွဲ့လည်း 00:01:56.174 --> 00:01:57.858 ကျွန်တော်တို့ဆီမှာ မရှိခဲ့ပါ။ 00:01:57.858 --> 00:02:00.500 လူတွေကို ပြင်ဆင်ပေးတဲ့ နည်းလမ်းပါ မရှိခဲ့ကြပါ။ 00:02:00.500 --> 00:02:03.142 အခုတော့ Médecins Sans Frontières အဖွဲ့ဟာ 00:02:03.142 --> 00:02:05.054 စေတနာ့ဝန်ထမ်းများကို စည်းရုံးကြပ်မတ် ပေးနေပါပြီ။ 00:02:05.054 --> 00:02:06.966 ဒါတောင်မှ၊ အဲဒီနိုင်ငံတွေမှာ လုပ်သားတွေ ထောင်ချီ 00:02:06.966 --> 00:02:08.880 ရှိအောင် လုပ်သင့်ပေမဲ့၊ 00:02:08.880 --> 00:02:12.255 ကျွန်တော်တို့ဟာ သိပ်ကို နောက်ကျနေကြတယ်။ 00:02:12.255 --> 00:02:15.630 တကယ်တော့ ကြီးမားတဲ့ ကပ်ဘေးဖြစ်လာရင် 00:02:15.630 --> 00:02:18.805 လုပ်သားတွေ သိန်းချီ ရှိဖို့ လိုအပ်လာမယ်။ 00:02:18.805 --> 00:02:21.980 ကုသရေးဆိုင်ရာ ချဉ်းကပ်မှုများကို 00:02:21.980 --> 00:02:25.155 စောင့်ကြည့်မယ့်သူ တယောက်မှ မရှိခဲ့ပါ။ 00:02:25.155 --> 00:02:26.851 ရောဂါစူးစမ်းဖေါ်ထုတ်မယ့်သူ တယောက်မှ မရှိခဲ့ပါ။ 00:02:26.851 --> 00:02:28.547 ဘယ်လို ကိရိယာတွေကို သုံးသင့်ကြောင်း 00:02:28.547 --> 00:02:30.272 ထောက်ပြမယ့်သူ တယောက်မှ မရှိခဲ့ပါ။ 00:02:30.272 --> 00:02:31.997 ဥပမာ တခုအနေနဲ့၊ ကျွန်တော်တို့ဟာ အသက်ရှင် 00:02:31.997 --> 00:02:34.384 ကျန်ရစ်ခဲ့သူတို့ထံမှ သွေးနမူနာကို ယူလျက်၊ 00:02:34.384 --> 00:02:36.771 မွမ်းမံပြင်ဆင်ပြီး လူတွေကို ကာကွယ်ပေးရန် 00:02:36.771 --> 00:02:39.158 သွေးရည်ကြည်ကို ထိုးပေးသင့်ခဲ့တယ်။ 00:02:39.158 --> 00:02:41.764 ဒါပေမဲ့ ဘယ်တော့မှာမှ မစမ်းဖြစ်ခဲ့ပါ။ 00:02:41.764 --> 00:02:43.520 ဒီတော့ အရာတော်တော်များများ မရှိခဲ့ကြဘဲ လိုအပ်နေခဲ့ပါတယ်။ 00:02:43.520 --> 00:02:46.971 ပြီးတော့ အဲဒီအရာတွေဟာ တကမ္ဘာလုံး အရေးနိမ့်မှုကြီးပါပဲ။ 00:02:46.971 --> 00:02:50.422 WHO အဖွဲ့ချုပ်က ကပ်ဘေးရောဂါတွေကို 00:02:50.422 --> 00:02:53.873 စောင့်ကြပ်ပေးနိုင်ပေမဲ့ ခုနက အရာတွေကို မလုပ်နိုင်ပါ။ 00:02:55.049 --> 00:02:57.842 ရုပ်ရှင်ထဲမယ် မြင်ကြရတာကျတော့ လုံးဝတခြားစီပါ။ 00:02:57.842 --> 00:03:01.376 စမတ်ကျတဲ့ ကူးစက်ရောဂါ ပညာရှင် တစု ရှိနေကာ သွားရန် အသင့်ပါပဲ၊ 00:03:01.376 --> 00:03:04.910 သူတို့ဟာ ချက်ချင်း ထွက်သွားကြကာ အခြေအနေကို 00:03:04.910 --> 00:03:07.902 ကယ်တင်ပေးလိုက်တာ ရုပ်ရှင်ထဲမှာသာပါ။ 00:03:07.902 --> 00:03:10.894 ပြင်ဆင်ထားဖို့ ပျက်ကွက်ခဲ့ခြင်းကြောင့် 00:03:10.894 --> 00:03:13.887 နောက်တကြိမ်ဖြစ်လာနိုင်တဲ့ ကပ်ဘေးကျရင် 00:03:13.887 --> 00:03:17.695 အခြေအနေဟာ အီဘိုလာထက်ကို ကြောက်မက်ဖွယ် ဆိုးဝါးနိုင်ပါတယ်။ 00:03:18.735 --> 00:03:23.531 ဒီတနှစ်အတွက် အီဘိုလာရဲ့ တိုးတက်မှု အခြေအနေကို ကြည့်ကြရအောင်။ 00:03:24.311 --> 00:03:27.149 သေဆုံးခဲ့ရသူ ၁၀၀၀၀ ခန့်ရှိခဲ့ကြတယ်၊ 00:03:27.149 --> 00:03:31.846 သူတို့အားလုံးနီးနီးဟာ အာဖရိက အနောက်ပိုင်း သုံးနိုင်ငံထဲကပါ။ 00:03:31.846 --> 00:03:34.433 အဲဒီရောဂါ ဒီထက်ပိုပြီး ပျံ့နှံ့မလာခဲ့တာ အကြောင်းရင်း သုံးခုရှိပါတယ်။ 00:03:34.433 --> 00:03:37.000 ပထမဦးဆုံးက အဲဒီမှာ ကျန်းမာရေး လုပ်သားတွေ ရဲ့ဝံ့စွာ ကြိုးပမ်းခဲ့ကြတယ်။ 00:03:37.000 --> 00:03:39.567 သူတို့ဟာ ရောဂါသည်တွေကို ရှာယူလျက် 00:03:39.567 --> 00:03:42.136 ရှေ့ဆက်ကူးစက် မလာအောင် ဟန့်တားနိုင်ခဲ့ကြတယ်။ 00:03:42.136 --> 00:03:44.621 ဒုတိယ အနေနဲ့ ဗိုင်းရပ်စ်ရဲ့ သဘာဝပါ။ 00:03:44.621 --> 00:03:47.697 အီဘိုလာဟာ လေထဲမှတဆင့် မပျံ့နှံ့နိုင်ပါ။ 00:03:47.697 --> 00:03:49.314 တယောက်ယောက်က ကူးစက်ပေးနိုင်ချိန်မှာ 00:03:49.314 --> 00:03:50.931 လူအများစုတို့ဟာ သိပ်ကို ဖျားနေကြလို့ 00:03:50.931 --> 00:03:53.424 ခုတင်မှာ လှဲနေခဲ့ကြရပါတယ်။ 00:03:53.424 --> 00:03:55.917 တတိယ အနေနဲ့၊ အဲဒီရောဂါဟာ 00:03:55.917 --> 00:03:58.411 မြို့ပြဒေသကြီးတွေထဲကို မပျံ့နှံ့ခဲ့ခြင်းပါ။ 00:03:58.411 --> 00:04:00.115 အဲဒါဟာ ကံကောင်းထောက်မှု သက်သက်ပါ။ 00:04:00.115 --> 00:04:02.355 တကယ်လို့များ မြို့ပြဒေသ တော်တော်များများ ထဲကိုသာ ဝင်နိုင်ခဲ့မယ်ဆိုရင်၊ 00:04:02.355 --> 00:04:05.877 ဖြစ်မှုနှုန်းဟာ များစွာမှ မြင့်မားခဲ့မှာပါ။ 00:04:05.877 --> 00:04:08.761 နောက်တကြိမ်မှာ ကျွန်တော်တို့ဟာ အခုလို ကံကောင်းချင်မှ ကံကောင်းကြမှာပါ။ 00:04:08.761 --> 00:04:11.645 ရောဂါကို ကူးစက်ပေးနိုင်ချိန်မှာ လူတွေ အတော့်ကို 00:04:11.645 --> 00:04:14.530 နေထိုင်ကောင်းနိုင်တဲ့ ဗိုင်းရပ်စ်တွေ ရှိပါတယ်၊ 00:04:14.530 --> 00:04:17.841 အဲဒီအချိန်မှာ သူတို့ဟာ လေယာဉ် စီးနိုင်ပါတယ်၊ ဈေးဝယ်ဖို့ သွားနိုင်တယ်။ 00:04:17.841 --> 00:04:20.846 ဗိုင်းရပ်ရဲ့ ဇစ်မြစ်ဟာ အီဘိုလာလို သဘာဝ ကပ်ရောဂါ ဖြစ်နိုင်သလို 00:04:20.846 --> 00:04:23.055 ဇီဝအကြမ်းဖက်ခံရမှု ဖြစ်နိုင်တယ်။ 00:04:23.055 --> 00:04:25.264 ဒီတော့ အခြေအနေတွေဟာ ထောင်နဲ့ချီကို 00:04:25.264 --> 00:04:28.001 ဆိုးဝါးသွားနိုင်တာမျိုး ကြုံရနိုင်ပါတယ်။ 00:04:28.001 --> 00:04:30.738 လက်တွေ့အနေနဲ့၊ လေမှတဆင့် ပျံ့နှံ့နိုင်တဲ့ 00:04:30.738 --> 00:04:33.475 ရောဂါပုံစံကို လေ့လာကြည့်ကြရအောင်၊ 00:04:33.475 --> 00:04:37.070 ၁၉၁၈ ခုနှစ်တုန်းက စပိန် တုပ်ကွေးလိုဟာမျိုး။ 00:04:37.630 --> 00:04:39.560 အဲဒီလို ဆိုရင် ဖြစ်ပျက်လာမှာက ဒီလိုပါ- 00:04:39.560 --> 00:04:43.558 အဲဒါဟာ တကမ္ဘာလုံး အနှံ့မှာ သိပ်ကို လျင်မြန်စွာ ကူးစက်လာပါမယ်။ 00:04:43.558 --> 00:04:48.683 အဲဒီ ကပ်ရောဂါကြောင့် လူတွေ သန်း ၃၀ ကျော် သေကြေမှာကို မြင်နိုင်ပါတယ်။ 00:04:48.683 --> 00:04:50.496 ဒီတော့ အဲဒါဟာ သိပ်ကို စိုးရိမ်ရတဲ့ ပြဿနာကြီးပါ။ 00:04:50.496 --> 00:04:52.561 ကျွန်တော်တို့ စဉ်းစားရန် လိုပါတယ်။ 00:04:52.561 --> 00:04:54.626 တကယ်တမ်းမှာ ကျွန်တော်တို့ဟာ ကောင်းမွန်စွာ 00:04:54.626 --> 00:04:56.692 တုံ့ပြန်နိုင်မယ့် စနစ်ကို ထူထောင်နိုင်တယ်။ 00:04:56.692 --> 00:05:01.836 ကျွန်တော်တို့ အသုံးချနိုင်ကြမယ့် သိပ္ပံပညာ နဲ့ နည်းပညာတွေ ရှိကြပါတယ်။ 00:05:01.836 --> 00:05:02.883 အများပြည်သူတို့ထံမှ အချက်အလက်တွေကို ရယူရန် 00:05:02.883 --> 00:05:05.361 သူတို့ထံ ပြန်ပြီး အကြောင်းကြားပေးရန် ဆယ်လ်ဖုန်းတွေ ရှိနေပါပြီ။ 00:05:05.361 --> 00:05:07.839 ပြည်သူတွေ ဘယ်မှာ ရှိနေတယ်၊ ဘယ်ကို သွားနေတယ် 00:05:07.839 --> 00:05:10.319 ပြပေးတဲ့ ဂြိုဟ်တု မြေပုံတွေ ရှိနေပါပြီ။ 00:05:10.319 --> 00:05:12.627 ကျွန်တော်တို့ရဲ့ ဇီဝဗေဒကလည်း တိုးတက်လာခဲ့ရာ 00:05:12.627 --> 00:05:15.525 ရောဂါပိုးကို စမ်းသပ်ကြည့်ဖို့ အချိန်ဟာ သိသိသာသာ မြန်လာပြီဖြစ်ကာ 00:05:15.525 --> 00:05:18.423 အဲဒီရောဂါပိုးနဲ့ သင့်တော်မယ့် ဆေးဝါးများ နဲ့ 00:05:18.423 --> 00:05:21.322 ကာကွယ်ဆေးများကို ထုတ်လုပ်ပေးနိုင်လာပါပြီ။ 00:05:21.322 --> 00:05:22.888 ဒီတော့ ကျွန်တော်တို့ဆီမှာ ကိရိယာတွေ ရှိလာနိုင်ပါတယ်၊ 00:05:22.888 --> 00:05:27.500 ဒါပေမဲ့ အဲဒါတွေကို ကမ္ဘာ့ကျန်းမာရေး စနစ်ထဲ တပ်ဆင်ပေးဖို့ လိုပါမယ်။ 00:05:27.500 --> 00:05:29.793 ပြီးတော့ ကျွန်တော်တို့ဟာ အသင့်ဖြစ်နေဖို့ လိုပါတယ်။ 00:05:29.793 --> 00:05:32.257 အသင့်ဖြစ်နေဖို့အတွက် အကောင်းဆုံး သင်ခန်းစာတွေမှာ 00:05:32.257 --> 00:05:34.758 စစ်အတွက် ကျွန်တော်တို့ လုပ်ကိုင်ကြသလိုပါပဲ။ 00:05:34.758 --> 00:05:39.005 စစ်သားတွေဆိုရင်၊ ထသွားဖို့ အချိန်ပြည့် စောင့်နေကြတဲ့သူတွေ ရှိပါတယ်။ 00:05:39.005 --> 00:05:41.338 ကျွန်တော်တို့ အရန်အင်အားတွေကို များစွာမှ တိုးချဲ့လို့ ရနိုင်ပါတယ်။ 00:05:41.338 --> 00:05:43.671 အရေးတကြီး လျင်မြန်စွာ ဖြန့်ကျက်နိုင်တဲ့ ရွေ့ရှားလွယ်တဲ့ 00:05:43.671 --> 00:05:45.599 ယူနစ်တွေ NATO မှာ ရှိပါတယ်။ 00:05:45.599 --> 00:05:47.527 ပြီးတော့ လူတွေ လေ့ကျင့်ထားပုံကို စစ်ဆေးတဲ့ 00:05:47.527 --> 00:05:49.455 စမ်းသပ်မှုတွေ NATO ဆီမှာ အများကြီးပါ။ 00:05:49.455 --> 00:05:51.883 သူတို့ဟာ လောင်စာဆီ နဲ့ ရွှေ့ပြောင်းမှုကို နားလည်ကြရဲ့လား၊ 00:05:51.883 --> 00:05:54.241 ရေဒီယို ကြိမ်နှုန်းကော ကိုက်ညီမှု ရှိရဲ့လား? 00:05:54.241 --> 00:05:56.538 ဒီတော့ သူတို့ဟာ သွားဖို့ လုံးဝကို အသင့်ပါ။ 00:05:56.538 --> 00:05:58.835 ကပ်ဘေး ရောဂါတခုခုကို ကိုင်တွယ်ဖြေရှင်း 00:05:58.835 --> 00:06:01.134 တော့မယ်ဆိုရင် အဲဒီလို အရာတွေ လိုအပ်ပါမယ်။ 00:06:01.134 --> 00:06:03.619 အရေးကြီးဆုံး အပိုင်းတွေက ဘာတွေများလဲ? 00:06:03.619 --> 00:06:06.104 ပထမအချက်၊ ဆင်းရဲတဲ့ နိုင်ငံတွေထဲမှာ 00:06:06.104 --> 00:06:08.591 အားကောင်းတဲ့ ကျန်းမာရေး စနစ် လိုနေတယ်။ 00:06:08.591 --> 00:06:11.778 မိခင်တွေ လုံခြုံဘေးကင်းစွာ ကလေးမွေးပေးနိုင်ကြကာ၊ 00:06:11.778 --> 00:06:13.730 ကလေးငယ်တွေဟာ လိုအပ်တဲ့ ကာကွယ်ဆေးတွေ အားလုံး ရရှိဖို့ လိုပါတယ်။ 00:06:13.730 --> 00:06:15.682 တချိန်တည်းမှာ၊ ရောဂါ ဖြစ်ပွားမှုကို 00:06:15.682 --> 00:06:17.099 စောလျင်စွာ သိနိုင်ဖို့ လိုပါသေးတယ်။ 00:06:17.099 --> 00:06:18.516 ကျွန်တော်တို့ဟာ အရန်အဖြစ် အသင့်ရှိမယ့် 00:06:18.516 --> 00:06:19.935 ကျန်းမာရေး တပ်ရင်းတွေ ရှိရပါမယ်၊ 00:06:19.935 --> 00:06:22.501 သင်တန်း တက်ထားကြကာ လိုအပ်တဲ့ ကျွမ်းကျင်မှု ရှိကြပြီး 00:06:22.501 --> 00:06:25.089 သွားရန် အသင့်ဖြစ်ကြမယ့် လူတွေ အများအပြား ရှိရပါမယ်။ 00:06:25.089 --> 00:06:27.677 ဒီနောက်မှာ အဲဒီလို ကျန်းမာရေး လုပ်သားတွေကို 00:06:27.677 --> 00:06:30.266 စစ်တပ်နဲ့ ချိတ်ဆက်ပေးရန် လိုမယ်၊ 00:06:30.266 --> 00:06:32.250 သို့မှသာ လျင်မြန်စွာ ရွေ့လျားနိုင်ခြင်း၊ ပို့ဆောင်ပေးနိုင်ခြင်း 00:06:32.250 --> 00:06:34.234 နေရာတွေကို လုံခြုံအောင် စီစဉ်ပေးခြင်းလို 00:06:34.234 --> 00:06:35.865 စစ်တပ်ရဲ့ သာလွန်ချက်တွေကို အသုံးချနိုင်မှာပါ။ 00:06:35.865 --> 00:06:37.496 ကျွန်တော်တို့ဟာ အသွင်တူ ကစားဖို့ လိုတာက 00:06:37.496 --> 00:06:39.129 စစ်ပွဲတွေ မဟုတ်ဘဲ၊ ဟာကွက်တွေကို 00:06:39.129 --> 00:06:41.660 ဖေါ်ထုတ်ပေးမယ့်၊ ရောဂါပိုးတွေရဲ့ ဂိမ်းတွေပါ။ 00:06:41.660 --> 00:06:44.191 အမေရိကန် ပြည်ထောင်စုမှာ 00:06:44.191 --> 00:06:46.275 အဲဒီလို ရောဂါပိုး ဂိမ်းကို နောက်ဆုံးအကြိမ် 00:06:46.275 --> 00:06:48.359 ဆင်နွှဲခဲ့တာ ၂၀၀၁ ခုနှစ်မှာ ဖြစ်ခဲ့ပြီး 00:06:48.359 --> 00:06:50.736 အတော်ကလေး အောင်မြင်ခဲ့ပါတယ်။ 00:06:50.736 --> 00:06:53.113 အခုထက်ထိ ဂိုးအရေအတွက်က ရောဂါပိုးတွေ 00:06:53.113 --> 00:06:55.945 ၁ ဂိုး၊ လူတွေ ၀ ဂိုး ဖြစ်နေပါတယ်။ 00:06:55.945 --> 00:06:58.777 နောက်ဆုံးအနေနဲ့ ကာကွယ်ဆေး နဲ့ ရောဂါစူးစမ်းရေး 00:06:58.777 --> 00:07:00.933 အဆင့်မြင့် သုတေသနတွေ လိုပါတယ်။ 00:07:00.933 --> 00:07:03.089 ဒီနေရာမှာ Adeno နဲ့ ဆက်စပ်နေကြတဲ့ ဗိုင်းရပ်လို 00:07:03.089 --> 00:07:05.246 အောင်မြင်မှုကြီးတွေ ရှိကြရာ 00:07:05.246 --> 00:07:09.229 သိပ်ကို မြန်ဆန်စွာ လုပ်ကိုင်နိုင်ကြပါတယ်။ 00:07:09.229 --> 00:07:12.599 အဲဒါ ဘယ်လောက် ကုန်ကျမှာကို ကျွန်တော် အတိအကျ မပြောနိုင်ပေမဲ့၊ 00:07:12.599 --> 00:07:15.646 ရှိလာနိုင်တဲ့ အန္တရာယ်နဲ့စာရင် သိသိသာသာ နည်းမှာ သေချာပါတယ်။ 00:07:15.646 --> 00:07:18.693 ကမ္ဘာ့ဘဏ်မှ ခန့်မှန်းခဲ့ထားတဲ့ အတိုင်း 00:07:18.693 --> 00:07:21.740 တကမ္ဘာလုံး အဝှမ်း တုပ်ကွေး ဖြစ်လာခဲ့ရင်၊ 00:07:21.740 --> 00:07:25.465 ကမ္ဘာကြီးဟာ ဓနအင်အား သုံးတရီလီယံကျော် ဆုံးရှုံးခံရမှာဖြစ်ကာ၊ 00:07:25.465 --> 00:07:27.749 ပြည်သူတွေ သန်းပေါင်းများစွာ သေကြေကြရမှာပါ။ 00:07:27.749 --> 00:07:30.033 ဒီရင်းနှီးမှုတွေရဲ့ ကျေးဇူးကြောင့် 00:07:30.033 --> 00:07:32.317 ကပ်ရောဂါအတွက် အသင့်ဖြစ်ရုံသာမက၊ 00:07:32.317 --> 00:07:34.518 အခြား အကျိုးစီးပွားတွေ အများအပြားကိုပါ ရရှိကြမှာပါ။ 00:07:34.518 --> 00:07:36.282 အခြေခံ ကျန်းမာရေးစနစ်၊ သုတေသနများ၊ 00:07:36.282 --> 00:07:38.046 ခုနက ပြောခဲ့တာတေွက ကမ္ဘာ့ကျန်းမာရေး 00:07:38.046 --> 00:07:39.864 ကုန်ကျမှုတွေကို လျှော့ချပေးနိုင်ကာ 00:07:39.864 --> 00:07:41.682 ကျွန်တော်တို့ ကမ္ဘာကြီးကို ပိုပြီး တရားမျှတစေလျက် 00:07:41.682 --> 00:07:43.409 ပိုလုံခြုံလာစေမှာပါ။ 00:07:43.409 --> 00:07:45.136 အဲဒါကြောင့်မို့လို့ ဒါကို မလုပ်မနေရ ဦးစားပေးသင့်တယ်လို့ 00:07:45.136 --> 00:07:46.864 ကျွန်တော် ထင်ပါတယ်။ 00:07:47.514 --> 00:07:49.499 ပြီးတော့ စိတ်ချောက်ချားဖို့ မလိုပါဘူး။ 00:07:49.499 --> 00:07:51.484 ကျွန်တော်တို့ဟာ စည်သွတ်ဘူးတွေ စုပုံထားရန် 00:07:51.484 --> 00:07:53.425 ဒါမှမဟုတ် မြေအောက်ခန်းမှာ နေရန် မလိုပါ။ 00:07:53.425 --> 00:07:55.366 ဒါပေမဲ့၊ အချိန်ဟာ ကျွန်တော်တို့ရဲ့ဘက်မှာ မဟုတ်လို့၊ 00:07:55.366 --> 00:07:58.085 ကျွန်တော်တို့ မရပ်မနေ လုပ်ကိုင်နေရန် လိုတယ်။ 00:07:58.085 --> 00:08:00.804 တကယ်တော့၊ အီဘိုလာ ကပ်ဘေးကြီး အထဲမှနေပြီး 00:08:00.804 --> 00:08:03.646 အပြုသဘောဆိုလို့ ကျွန်တော်တို့ ယူလို့ရနိုင်တာက၊ 00:08:03.646 --> 00:08:06.488 အဲဒါကို စောစီးစွာ သတိပေးမှု၊ နှိုးဆော်ရေး နဲ့ 00:08:06.488 --> 00:08:09.318 အသင့်ရှိနေရေး တပ်လှန့်မှုအဖြစ် အသုံးချရန်ပါပဲ။ 00:08:09.318 --> 00:08:12.148 ကျွန်တော်တို့ အခုနေ စတင်လုပ်ကြမယ်ဆိုရင်၊ လာမယ့် 00:08:12.148 --> 00:08:14.978 ရောဂါ ကပ်ဘေးကြီးအတွက် အသင့်ရှိနိုင်ကြမှာပါ။ 00:08:14.978 --> 00:08:16.574 ကျေးဇူးတင်ပါတယ်။ 00:08:16.574 --> 00:08:19.868 (လက်ခုပ်တီးသံများ)