အကျပ်အတည်းကာလအတွင်းမှာ ခေါင်းဆောင်နည်း။
-
0:00 - 0:02ကြီးကျယ်တဲ့ ခေါင်းဆောင်ကို
-
0:02 - 0:04စိန်ခေါ်မှု၊ ရှုပ်ထွေးမှုကနေ
ရှေ့ကို လမ်းညွှန်ပေးတဲ့ -
0:04 - 0:06မဆုတ်မနစ် မာလိန်မှူးအဖြစ်မှတ်ယူတယ်။
-
0:06 - 0:09အချက်အလက်၊
အတိတ်အတွေ့အကြုံနဲ့ အသင့်ပြင်ထားတဲ့ -
0:09 - 0:11ယုံကြည်စိတ်ရှိတဲ့၊ မဆုတ်မနစ်တဲ့
ခေါင်းဆောင်တွေကို -
0:11 - 0:15စီးပွားရေးနဲ့ နိုင်ငံရေးလိုတွေမှာ
ချီးကျူး ဂုဏ်ပြုခဲ့ကြတာ ကြာပါပြီ။ -
0:15 - 0:17ဒါပေပဲ့ တစ်ခါတစ်လေ၊ သေချာတာက အခုအချိန်က
-
0:17 - 0:20ကျွန်မတို့ သိခဲ့တယ်လို့ ထင်တာအားလုံးကို
ပြောင်းပြန်လှန်ပစ်အောင် -
0:20 - 0:23သစ်ပြီးအရေးတကြီးဖြစ်တာနဲ့
လာတဲ့ အကျပ်အတည်းတစ်ခုပါ -
0:23 - 0:25[TED: ကျွန်ုပ်တို အလုပ်လုပ်ပုံ]
-
0:25 - 0:27[Dropbox ၏ ပံ့ပိုးမှုနှင့်
ပြုလုပ်ဖြစ်သည်] -
0:27 - 0:29အသေအချာ သိတဲ့တစ်ခုက
-
0:29 - 0:30ကသောင်းကနင်းဖြစ်မှုတွေ ထပ်လာနေတယ်။
-
0:30 - 0:33လုံးဝ ဆက်သွယ်မှုရှိနေတဲ့ ကမ္ဘာတစ်ခုထဲမှာ
-
0:33 - 0:35တစ်ခုတည်းသော နိုင်ငံရေး အုံကြွမှုတစ်ခု၊
-
0:35 - 0:38ပျံ့လွယ်တဲ့ ဗီဒီယိုတစ်ခု၊
ကွာဝေးတဲ့ ဆူနာမီတစ်ခု -
0:38 - 0:42(သို့ ဗိုင်းရပ်စ်လေးတစ်ခုက ကမ္ဘာအနှံ့ကို
ထိတ်လန့်စရာ လှိုင်းတွေကိုပို့ပေးနိုင်တယ်။ -
0:42 - 0:44ကသောင်းကနင်းက ကြောက်စိတ်ကိုဖန်တီးပြီး
-
0:44 - 0:46၎င်းရဲ့အတွင်းမှာ လူတွေက
လုံခြုံမှုကို တောင့်တကြတယ်။ -
0:46 - 0:48ဒါက ခေါင်းဆောင်တွေကို အင်အား၊
-
0:48 - 0:53ယုံကြည်စိတ်၊ တသမတ်တည်းဖြစ်မှုရဲ့ပုံမှန်
ဥပစာတွေဆီကို တိမ်းညွှတ်စေနိုင်ပေမဲ့ -
0:53 - 0:54အလုပ်ဖြစ်မှာ မဟုတ်ပါ။
-
0:55 - 0:57ခေါင်းဆောင်မှု ကျမ်းကို လှန်ဖို့လိုတယ်။
-
0:57 - 0:59ပထမ ဒီခေါင်းဆောင်မှု အမျိုးအစားက
-
0:59 - 1:03ပွင့်လင်းမြင်သာမှုကို ကိုင်တွယ်ဆက်သွယ်မှု၊
မကြာခဏ ဆက်သွယ်မှု လိုအပ်တယ်။ -
1:03 - 1:06ဒီတော့ သေချာမှု၊ ရှင်းလင်းမှု
မရှိသလောက်နည်းတဲ့အခါ ခေါင်းဆောင်တွေ -
1:06 - 1:07ဘယ်လို ဦးဆောင်နိုင်လဲ။
-
1:07 - 1:11သင်ဟာ CEO ဖြစ်ဖြစ်၊ ဝန်ကြီးချုပ်၊
အလတ်တန်း မန်နေဂျာဖြစ်ဖြစ် -
1:11 - 1:13(သို့) ကျောင်းအုပ် ဖြစ်တာတောင်ပါ
-
1:13 - 1:16ကသောင်းကနင်းဖြစ်မှုကြောင့် သင်ဟာ
နှိမ့်ချမှုကို တိုးမြင့်ဖို့လိုတာပါ။ -
1:16 - 1:18သင်သိတာက ကန့်သတ်ချက်ရှိတဲ့အခါ
-
1:18 - 1:21သင့်မှာ အဖြေရှိတယ်လို့ ဟန်ဆောင်ခြင်းက
အထောက်အကူမဖြစ်ဘူး။ -
1:21 - 1:24ကကောင်းနင်းဖြစ်မှုအလယ်မှာ
ခေါင်းဆောင်တွေဟာ သိတာကို မျှဝေပြီး -
1:24 - 1:26မသိတာကို ဝန်ခံရမှာပါ။
-
1:26 - 1:30ဝိရောဓိဖြစ်စရာက ရိုးသားမှုဟာ လူတွေအတွက်
စိတ်ပိုင်း လုံခြုံမှုကို ပိုဖန်တီးပေးတယ်၊ -
1:30 - 1:32လျော့မသွားဘူး။
-
1:32 - 1:36ဥပမာ ကမ္ဘာ့ကပ်ရောဂါက လေကြောင်း
လုပ်ငန်းကို အကြီးအကျယ် ဖျက်ဆီးတဲ့အခါ -
1:36 - 1:37နေ့ချင်းညချင်းဆိုသလိုပါ
-
1:37 - 1:39Delta Airlines Ed Bastian ရဲ့ CEO ဟာ
-
1:39 - 1:41ရှေ့က လမ်းကြာင်းနဲ့ ပတ်သက်ပြီး
-
1:41 - 1:43ရှင်းလင်းမှုမရှိသလောက်၊ တကယ့်ကြောက်စရာ
-
1:43 - 1:47ရလဒ်တွေရင်ဆိုင်နေရပေမဲ့
ဝန်ထမ်း ဆက်သွယ်ရေးကိုတိုးမြှင့်ခဲ့တယ်။ -
1:47 - 1:48၂၀၂၀အတွင်းက တစ်ချိန်မှာ
-
1:48 - 1:51တစ်ရက်ကို ဒေါ်လာ
တစ်သန်းကျော် ဆုံးရှုံးနေရင်း -
1:51 - 1:53လုပ်ဆောင်ချက် မစခင် သတင်းအချက်အလက်ကို
-
1:53 - 1:56စောင့်တာက Bastian အတွက် အများကြီး
ပိုလွယ်မှာဖြစ်ပေမဲ့ -
1:56 - 1:58ကသောင်းကနင်းထဲမှာ ထိရောက်တဲ့
ခေါင်းဆောင်တွေဟာ -
1:58 - 2:00အရိပ်တွေထဲမှာ ပုန်းမနေခဲ့ကြဘူး။
-
2:00 - 2:02တကယ်တော့ Bastian လုပ်သလို
-
2:02 - 2:04သင့်မှာ အဖြေတွေရှိတာထက် မရှိတဲ့အခါ
-
2:04 - 2:07ဆက်သွယ်ဖို့က အများကြီး ပိုအရေးကြီးပါတယ်။
-
2:07 - 2:11ဒုတိယက သတင်းအချက်အလက် မပြည့်စုံပေမဲ့
အရေးတကြီး လုပ်ဆောင်ပါ။ -
2:11 - 2:13သင့်မှာ အဖြေတွေမရှိတာ ဝန်ခံတာက
-
2:13 - 2:15လုပ်ဆောင်မှုကို ရှောင်ဖယ်တာလို့ မဆိုလိုပါ။
-
2:15 - 2:18သတင်းအချက်အလက် ထပ်လိုချင်တာ
သဘာဝကျပေမဲ့ -
2:18 - 2:22လျင်မြန်တဲ့ လုပ်ဆောင်မှုက မကြာခဏ သတင်း
အချက်အလက်ထပ်ရဖို့တစ်ခုတည်းသော နည်းပါ။ -
2:22 - 2:25ပိုဆိုးတာက မလုပ်ဆောင်တာက လူတွေကို
ဆုံးရှုံးမှုနဲ့ မတည်ငြိမ်မှုကို ခံစားတယ်။ -
2:25 - 2:28နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern က
-
2:28 - 2:31အဆင့်လေးဆင့် သတိပေးမှုစနစ်တစ်ခုကို
COVID-19 ကပ်ဘေးထဲမှာ -
2:31 - 2:33အစောကြီးကတည်းက ချမှတ်တဲ့အခါ
-
2:33 - 2:36အဆင့် သတ်မှတ်ဖို့ သတင်းအချက်အလက်
ကင်းမဲ့နေခဲ့တယ်။ -
2:36 - 2:40အဖြေတွေ ကင်းမဲ့ပေမဲ့
နိုင်ငံနဲ့ဆိုင်တဲ့ ခြိမ်းခြောက်မှုအကြောင်း -
2:40 - 2:41ဆက်သွယ်ဖို့ သူ မစောင့်ခဲ့ဘူး။
-
2:41 - 2:43ပထမတော့ အဆင့်ကို နှစ်မှာ သတ်မှတ်တယ်၊
-
2:43 - 2:47ရောဂါတွေ တိုးလာတာကြောင့် နောက်နှစ်ရက်
အကြာမှသာ လေးကို ပြောင်းဖို့ပါ။ -
2:48 - 2:50ဒါက နိုင်ငံလုံးဆိုင်ရာ ပိတ်ချမှုတစ်ခုကို
အစပျိုးပေးတယ်။ -
2:50 - 2:53ဒါက မရေတွက်နိုင်တဲ့ အသက်တွေကို
ကယ်တင်ခဲ့တာ ဖြစ်လောက်မယ်။ -
2:53 - 2:56နောက်ပိုင်း ရောဂါတွေ ကွယ်ပျောက်သွားတဲ့အခါ
-
2:56 - 2:58သတင်းအချက်အလက်သစ်တွေကို ဆင်ခြင်ရင်း
-
2:58 - 3:00နောက်ဆက်တွဲ ဆုံးဖြတ်ချက်တွေ ချခဲ့တယ်။
-
3:00 - 3:03တတိယ ခေါင်းဆောင်တွေက ရည်ရွယ်ချက်နဲ့
တန်ဖိုးတွေကိုမြဲမြဲ ဆုပ်ကိုင်ရမယ် -
3:03 - 3:06ပန်းတိုင်းတွေနဲ့ အခြေအနေတွေ
ပြောင်းလဲသည့်တိုင်ပါ။ -
3:06 - 3:07အခြားအရာတိုင်းက မပြီးမပြတ်ဖြစ်ချိန်
-
3:07 - 3:09တန်ဖိုးတွေက သင့်လမ်းပြ အလင်းဖြစ်နိုင်တယ်။
-
3:09 - 3:11ဖောက်သည် အတွေ့အကြုံကို သင်ဂရုစိုက်ရင်
-
3:11 - 3:14ကသောင်းကနင်းအချိန်တွေမှာ
ဒါကို လွတ်မသွားပါစေနဲ့။ -
3:14 - 3:16အဓိက တန်ဖိုးတစ်ခုက ကျန်းမာရေးနဲ့
လုံခြုံမှုဆိုရင် -
3:17 - 3:19ဒါကို သင် ဆုံးဖြတ်ချက်ချတာတိုင်းရဲ့
ဗဟိုမှာထားပါ။ -
3:19 - 3:22အခု ဒါကို လုပ်တာက သင့်တန်ဖိုးတွေက
ဘာတွေလဲဆိုတာနဲ့ပတ်သက်ပြီး -
3:22 - 3:24အလွန် ပွင့်လင်းမြင်သာဖို့လိုပြီး
-
3:24 - 3:27ဒီနည်းနဲ့ သင့်ရဲ့တည်ကြည်ခိုင်မာမှုက
သင့်အစီအစဉ်တွေမှာ မဟုတ်ဘဲ -
3:27 - 3:30တန်ဖိုးတွေထဲမှာ ပြသတာပါ။
-
3:30 - 3:33ဝန်ကြီးချုပ် Ardern ရဲ့တစ်လျှောက်လုံး
ရှင်းလင်းတဲ့ ရည်ရွယ်ချက်က -
3:33 - 3:34လူ့အသက်ကို ကာကွယ်ခြင်းပါ။
-
3:34 - 3:38လက်ငင်း ပန်းတိုင်က နာမကျန်းမှုကို
တားဆီးတာကနေ ကျန်းမာရေး စနစ်တွေကို -
3:38 - 3:40နောက်ဆုံး စီးပွားရေးကိုအားပေးတာကို
-
3:40 - 3:42ပြောင်းခဲ့တာတောင်ပါ။
-
3:42 - 3:45နောက်ဆုံးက စွမ်းအားကို စွန့်လွှတ်ပါ။
-
3:45 - 3:47ကျွန်မတို့ ပင်ကိုစရိုက်တွေဟာ
ကသောင်းကနင်းအချိန်တွေမှာ -
3:47 - 3:50ထိန်းချုပ်ဖို့ ပိုတင်းကျပ်စွာ
ဆုပ်ကိုင်ပေမဲ့ ရလဒ်က ပြောင်းပြန်ပါ။ -
3:50 - 3:53ခေါင်းဆောင်မှုကို ပြသဖို့
အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုက -
3:53 - 3:55ပင်ကိုစရိုက်နဲ့ ဆန့်ကျင်ရင်
-
3:55 - 3:57စွမ်းအားကို သင့်ဝန်းကျငိက
လူတွေနဲ့ မျှဝေဖို့ပါ။ -
3:57 - 4:00ဒါကို လုပ်တာက အကူအညီ တောင်းတာ လိုအပ်တယ်၊
-
4:00 - 4:02သင်တစ်ဦးတည်း မလုပ်နိုင်တာ ရှင်းနေတာပါ။
-
4:02 - 4:04ဒါက လူတချို့ကို အဓိပ္ပာယ်
သဘောတစ်ခုပေးရင်း -
4:04 - 4:06ဆန်းသစ်တီထွင်မှုကိုပါ လှုံ့ဆော်တယ်။
-
4:06 - 4:08အကျပ်အတည်းအတွင်းမှာ အကူအညီပေးဖို့
-
4:08 - 4:11လုပ်နိုင်တာ တစ်ခုမှမရှိလို့
ခံစားတာထက် ပိုဆိုးတာမရှိပါ။ -
4:11 - 4:14ကသောင်းကနင်းတစ်လျေှာက် ဒီခေါင်းဆောင်
အမျိုးအစားသစ်နောက်ကို လိုက်ကြတာက -
4:14 - 4:16သူတို့ မြေပုံမှာ မဟုတ်ဘဲ ကွန်ပါထဲမှာ
-
4:16 - 4:19ကျွန်မတို့ ယုံကြည်စိတ်ရှိတာကြောင့်ပါ။
-
4:19 - 4:22လက်ရှိသတင်းအချက်အလက်နဲ့ ဒါကို ဆက်လက်
-
4:22 - 4:24မွမ်းမံမယ်ဆိုတာကြောင့် သူတို့ဟာ
-
4:24 - 4:26ဦးတည်ရာမှန်ကို ရွေးထားတာကို ယုံကြည်တယ်။
-
4:26 - 4:28အများစုက ကျွန်မတို့က သူတို့ကို ယုံကြည်ပြီး
-
4:28 - 4:32ရှေ့က လမ်းကြောင်းကို ရှာဖွေတာနဲ့
ပြန်ရှာဖွေရာမှာ -
4:32 - 4:34သူတို့ကို ကူညီချင်ပါတယ်။
- Title:
- အကျပ်အတည်းကာလအတွင်းမှာ ခေါင်းဆောင်နည်း။
- Speaker:
- Amy C. Edmondson
- Description:
-
ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သင့်လမ်းကြောင်းမှာ ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို ဖြတ်ကျော်ရင်းကနေ အဖွဲ့အစည်းတစ်ခုကို အောင်မြင်စွာ တည့်မတ် ထိန်းကျောင်းပေးရာမှာ အခရာကျတာတွေကတော့ နှိမ့်ချခြင်း၊ ပွင့်လင်းမြင်သာမှုနဲ့ အရေးတကြီးဆောင်ရွက်မှုပါ။ ခေါင်းဆောင်မှု ကျွမ်းကျင်ပညာရှင် Amy C. Edmondson ကနေပြီး ပေါ်လာတဲ့ အရေးကို ပိုင်နိုင်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်တဲ့ ခေါင်းဆောင်တိုင်းကို ကူညီဖို့ ရှင်းလင်းတဲ့ အကြံဉာဏ်နဲ့ ဥပမာတွေကို ထောက်ပံ့ပေးထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 04:34
![]() |
sann tint approved Burmese subtitles for How to lead in a crisis | |
![]() |
Myo Aung accepted Burmese subtitles for How to lead in a crisis | |
![]() |
Myo Aung edited Burmese subtitles for How to lead in a crisis | |
![]() |
sann tint edited Burmese subtitles for How to lead in a crisis | |
![]() |
sann tint edited Burmese subtitles for How to lead in a crisis | |
![]() |
sann tint edited Burmese subtitles for How to lead in a crisis | |
![]() |
sann tint edited Burmese subtitles for How to lead in a crisis | |
![]() |
sann tint edited Burmese subtitles for How to lead in a crisis |