ကြီးကျယ်တဲ့ ခေါင်းဆောင်ကို
စိန်ခေါ်မှု၊ ရှုပ်ထွေးမှုကနေ
ရှေ့ကို လမ်းညွှန်ပေးတဲ့
မဆုတ်မနစ် မာလိန်မှူးအဖြစ်မှတ်ယူတယ်။
အချက်အလက်၊
အတိတ်အတွေ့အကြုံနဲ့ အသင့်ပြင်ထားတဲ့
ယုံကြည်စိတ်ရှိတဲ့၊ မဆုတ်မနစ်တဲ့
ခေါင်းဆောင်တွေကို
စီးပွားရေးနဲ့ နိုင်ငံရေးလိုတွေမှာ
ချီးကျူး ဂုဏ်ပြုခဲ့ကြတာ ကြာပါပြီ။
ဒါပေပဲ့ တစ်ခါတစ်လေ၊ သေချာတာက အခုအချိန်က
ကျွန်မတို့ သိခဲ့တယ်လို့ ထင်တာအားလုံးကို
ပြောင်းပြန်လှန်ပစ်အောင်
သစ်ပြီးအရေးတကြီးဖြစ်တာနဲ့
လာတဲ့ အကျပ်အတည်းတစ်ခုပါ
[TED: ကျွန်ုပ်တို အလုပ်လုပ်ပုံ]
[Dropbox ၏ ပံ့ပိုးမှုနှင့်
ပြုလုပ်ဖြစ်သည်]
အသေအချာ သိတဲ့တစ်ခုက
ကသောင်းကနင်းဖြစ်မှုတွေ ထပ်လာနေတယ်။
လုံးဝ ဆက်သွယ်မှုရှိနေတဲ့ ကမ္ဘာတစ်ခုထဲမှာ
တစ်ခုတည်းသော နိုင်ငံရေး အုံကြွမှုတစ်ခု၊
ပျံ့လွယ်တဲ့ ဗီဒီယိုတစ်ခု၊
ကွာဝေးတဲ့ ဆူနာမီတစ်ခု
(သို့ ဗိုင်းရပ်စ်လေးတစ်ခုက ကမ္ဘာအနှံ့ကို
ထိတ်လန့်စရာ လှိုင်းတွေကိုပို့ပေးနိုင်တယ်။
ကသောင်းကနင်းက ကြောက်စိတ်ကိုဖန်တီးပြီး
၎င်းရဲ့အတွင်းမှာ လူတွေက
လုံခြုံမှုကို တောင့်တကြတယ်။
ဒါက ခေါင်းဆောင်တွေကို အင်အား၊
ယုံကြည်စိတ်၊ တသမတ်တည်းဖြစ်မှုရဲ့ပုံမှန်
ဥပစာတွေဆီကို တိမ်းညွှတ်စေနိုင်ပေမဲ့
အလုပ်ဖြစ်မှာ မဟုတ်ပါ။
ခေါင်းဆောင်မှု ကျမ်းကို လှန်ဖို့လိုတယ်။
ပထမ ဒီခေါင်းဆောင်မှု အမျိုးအစားက
ပွင့်လင်းမြင်သာမှုကို ကိုင်တွယ်ဆက်သွယ်မှု၊
မကြာခဏ ဆက်သွယ်မှု လိုအပ်တယ်။
ဒီတော့ သေချာမှု၊ ရှင်းလင်းမှု
မရှိသလောက်နည်းတဲ့အခါ ခေါင်းဆောင်တွေ
ဘယ်လို ဦးဆောင်နိုင်လဲ။
သင်ဟာ CEO ဖြစ်ဖြစ်၊ ဝန်ကြီးချုပ်၊
အလတ်တန်း မန်နေဂျာဖြစ်ဖြစ်
(သို့) ကျောင်းအုပ် ဖြစ်တာတောင်ပါ
ကသောင်းကနင်းဖြစ်မှုကြောင့် သင်ဟာ
နှိမ့်ချမှုကို တိုးမြင့်ဖို့လိုတာပါ။
သင်သိတာက ကန့်သတ်ချက်ရှိတဲ့အခါ
သင့်မှာ အဖြေရှိတယ်လို့ ဟန်ဆောင်ခြင်းက
အထောက်အကူမဖြစ်ဘူး။
ကကောင်းနင်းဖြစ်မှုအလယ်မှာ
ခေါင်းဆောင်တွေဟာ သိတာကို မျှဝေပြီး
မသိတာကို ဝန်ခံရမှာပါ။
ဝိရောဓိဖြစ်စရာက ရိုးသားမှုဟာ လူတွေအတွက်
စိတ်ပိုင်း လုံခြုံမှုကို ပိုဖန်တီးပေးတယ်၊
လျော့မသွားဘူး။
ဥပမာ ကမ္ဘာ့ကပ်ရောဂါက လေကြောင်း
လုပ်ငန်းကို အကြီးအကျယ် ဖျက်ဆီးတဲ့အခါ
နေ့ချင်းညချင်းဆိုသလိုပါ
Delta Airlines Ed Bastian ရဲ့ CEO ဟာ
ရှေ့က လမ်းကြာင်းနဲ့ ပတ်သက်ပြီး
ရှင်းလင်းမှုမရှိသလောက်၊ တကယ့်ကြောက်စရာ
ရလဒ်တွေရင်ဆိုင်နေရပေမဲ့
ဝန်ထမ်း ဆက်သွယ်ရေးကိုတိုးမြှင့်ခဲ့တယ်။
၂၀၂၀အတွင်းက တစ်ချိန်မှာ
တစ်ရက်ကို ဒေါ်လာ
တစ်သန်းကျော် ဆုံးရှုံးနေရင်း
လုပ်ဆောင်ချက် မစခင် သတင်းအချက်အလက်ကို
စောင့်တာက Bastian အတွက် အများကြီး
ပိုလွယ်မှာဖြစ်ပေမဲ့
ကသောင်းကနင်းထဲမှာ ထိရောက်တဲ့
ခေါင်းဆောင်တွေဟာ
အရိပ်တွေထဲမှာ ပုန်းမနေခဲ့ကြဘူး။
တကယ်တော့ Bastian လုပ်သလို
သင့်မှာ အဖြေတွေရှိတာထက် မရှိတဲ့အခါ
ဆက်သွယ်ဖို့က အများကြီး ပိုအရေးကြီးပါတယ်။
ဒုတိယက သတင်းအချက်အလက် မပြည့်စုံပေမဲ့
အရေးတကြီး လုပ်ဆောင်ပါ။
သင့်မှာ အဖြေတွေမရှိတာ ဝန်ခံတာက
လုပ်ဆောင်မှုကို ရှောင်ဖယ်တာလို့ မဆိုလိုပါ။
သတင်းအချက်အလက် ထပ်လိုချင်တာ
သဘာဝကျပေမဲ့
လျင်မြန်တဲ့ လုပ်ဆောင်မှုက မကြာခဏ သတင်း
အချက်အလက်ထပ်ရဖို့တစ်ခုတည်းသော နည်းပါ။
ပိုဆိုးတာက မလုပ်ဆောင်တာက လူတွေကို
ဆုံးရှုံးမှုနဲ့ မတည်ငြိမ်မှုကို ခံစားတယ်။
နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern က
အဆင့်လေးဆင့် သတိပေးမှုစနစ်တစ်ခုကို
COVID-19 ကပ်ဘေးထဲမှာ
အစောကြီးကတည်းက ချမှတ်တဲ့အခါ
အဆင့် သတ်မှတ်ဖို့ သတင်းအချက်အလက်
ကင်းမဲ့နေခဲ့တယ်။
အဖြေတွေ ကင်းမဲ့ပေမဲ့
နိုင်ငံနဲ့ဆိုင်တဲ့ ခြိမ်းခြောက်မှုအကြောင်း
ဆက်သွယ်ဖို့ သူ မစောင့်ခဲ့ဘူး။
ပထမတော့ အဆင့်ကို နှစ်မှာ သတ်မှတ်တယ်၊
ရောဂါတွေ တိုးလာတာကြောင့် နောက်နှစ်ရက်
အကြာမှသာ လေးကို ပြောင်းဖို့ပါ။
ဒါက နိုင်ငံလုံးဆိုင်ရာ ပိတ်ချမှုတစ်ခုကို
အစပျိုးပေးတယ်။
ဒါက မရေတွက်နိုင်တဲ့ အသက်တွေကို
ကယ်တင်ခဲ့တာ ဖြစ်လောက်မယ်။
နောက်ပိုင်း ရောဂါတွေ ကွယ်ပျောက်သွားတဲ့အခါ
သတင်းအချက်အလက်သစ်တွေကို ဆင်ခြင်ရင်း
နောက်ဆက်တွဲ ဆုံးဖြတ်ချက်တွေ ချခဲ့တယ်။
တတိယ ခေါင်းဆောင်တွေက ရည်ရွယ်ချက်နဲ့
တန်ဖိုးတွေကိုမြဲမြဲ ဆုပ်ကိုင်ရမယ်
ပန်းတိုင်းတွေနဲ့ အခြေအနေတွေ
ပြောင်းလဲသည့်တိုင်ပါ။
အခြားအရာတိုင်းက မပြီးမပြတ်ဖြစ်ချိန်
တန်ဖိုးတွေက သင့်လမ်းပြ အလင်းဖြစ်နိုင်တယ်။
ဖောက်သည် အတွေ့အကြုံကို သင်ဂရုစိုက်ရင်
ကသောင်းကနင်းအချိန်တွေမှာ
ဒါကို လွတ်မသွားပါစေနဲ့။
အဓိက တန်ဖိုးတစ်ခုက ကျန်းမာရေးနဲ့
လုံခြုံမှုဆိုရင်
ဒါကို သင် ဆုံးဖြတ်ချက်ချတာတိုင်းရဲ့
ဗဟိုမှာထားပါ။
အခု ဒါကို လုပ်တာက သင့်တန်ဖိုးတွေက
ဘာတွေလဲဆိုတာနဲ့ပတ်သက်ပြီး
အလွန် ပွင့်လင်းမြင်သာဖို့လိုပြီး
ဒီနည်းနဲ့ သင့်ရဲ့တည်ကြည်ခိုင်မာမှုက
သင့်အစီအစဉ်တွေမှာ မဟုတ်ဘဲ
တန်ဖိုးတွေထဲမှာ ပြသတာပါ။
ဝန်ကြီးချုပ် Ardern ရဲ့တစ်လျှောက်လုံး
ရှင်းလင်းတဲ့ ရည်ရွယ်ချက်က
လူ့အသက်ကို ကာကွယ်ခြင်းပါ။
လက်ငင်း ပန်းတိုင်က နာမကျန်းမှုကို
တားဆီးတာကနေ ကျန်းမာရေး စနစ်တွေကို
နောက်ဆုံး စီးပွားရေးကိုအားပေးတာကို
ပြောင်းခဲ့တာတောင်ပါ။
နောက်ဆုံးက စွမ်းအားကို စွန့်လွှတ်ပါ။
ကျွန်မတို့ ပင်ကိုစရိုက်တွေဟာ
ကသောင်းကနင်းအချိန်တွေမှာ
ထိန်းချုပ်ဖို့ ပိုတင်းကျပ်စွာ
ဆုပ်ကိုင်ပေမဲ့ ရလဒ်က ပြောင်းပြန်ပါ။
ခေါင်းဆောင်မှုကို ပြသဖို့
အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုက
ပင်ကိုစရိုက်နဲ့ ဆန့်ကျင်ရင်
စွမ်းအားကို သင့်ဝန်းကျငိက
လူတွေနဲ့ မျှဝေဖို့ပါ။
ဒါကို လုပ်တာက အကူအညီ တောင်းတာ လိုအပ်တယ်၊
သင်တစ်ဦးတည်း မလုပ်နိုင်တာ ရှင်းနေတာပါ။
ဒါက လူတချို့ကို အဓိပ္ပာယ်
သဘောတစ်ခုပေးရင်း
ဆန်းသစ်တီထွင်မှုကိုပါ လှုံ့ဆော်တယ်။
အကျပ်အတည်းအတွင်းမှာ အကူအညီပေးဖို့
လုပ်နိုင်တာ တစ်ခုမှမရှိလို့
ခံစားတာထက် ပိုဆိုးတာမရှိပါ။
ကသောင်းကနင်းတစ်လျေှာက် ဒီခေါင်းဆောင်
အမျိုးအစားသစ်နောက်ကို လိုက်ကြတာက
သူတို့ မြေပုံမှာ မဟုတ်ဘဲ ကွန်ပါထဲမှာ
ကျွန်မတို့ ယုံကြည်စိတ်ရှိတာကြောင့်ပါ။
လက်ရှိသတင်းအချက်အလက်နဲ့ ဒါကို ဆက်လက်
မွမ်းမံမယ်ဆိုတာကြောင့် သူတို့ဟာ
ဦးတည်ရာမှန်ကို ရွေးထားတာကို ယုံကြည်တယ်။
အများစုက ကျွန်မတို့က သူတို့ကို ယုံကြည်ပြီး
ရှေ့က လမ်းကြောင်းကို ရှာဖွေတာနဲ့
ပြန်ရှာဖွေရာမှာ
သူတို့ကို ကူညီချင်ပါတယ်။