ငြိမ်နေတဲ့ အရာတွေရဲ့ မမြင်နိုင်တဲ့ လှုပ်ရှားမှု - Ran Tivony
-
0:07 - 0:12ခင်ဗျားကို ဝိုင်းထားတဲ့ သက်မဲ့များစွာဟာ
လုံး၀ ငြိမ်နေကြောင်း ထင်ကောင်းထင်မှာပါ။ -
0:12 - 0:16ဒါပေမဲ့ ဒါတွေထဲက ဘယ်ဟာကို ဖြစ်ဖြစ်
အက်တမ် တည်ဆောက်ပုံထိ ဆင်းကြည့်ပါက -
0:16 - 0:18တရပ်စပ် လှုပ်ရှားပြောင်းလဲနေတဲ့
လောကကို မြင်ပါလိမ့်မယ်။ -
0:18 - 0:19ပြန့်ကားလိုက်
-
0:19 - 0:20ကျုံ့ဝင်လိုက်
-
0:20 - 0:21တွန့်လိမ်လိုက်
-
0:21 - 0:22ခါနေလိုက်ပေါ့။
-
0:22 - 0:25တလှုပ်လှုပ်သွားနေကြတဲ့
အက်တမ်တွေဟာ နေရာတိုင်းပါပဲ။ -
0:25 - 0:28ဒီလှုပ်ရှားမှုက ၀ရုန်းသုံးကားထင်ရပေမဲ့
ကျပန်းတော့မဟုတ်ပါ။ -
0:28 - 0:30အတူတကွ ဓာတ်စည်း နှောင်လျက်
-
0:30 - 0:32အရာတိုင်းလောက်နီးပါးကို ဖော်ပြတဲ့
အက်တမ်တွေဟာ -
0:32 - 0:35စည်းမျဉ်း စည်းကမ်းတွေအတိုင်း
လှုပ်ရှားကြပါတယ်။ -
0:35 - 0:40ဥပမာ၊ အက်တမ်တွေကို ဖက်စပ်စည်းနဲ့
စည်နှောင်တဲ့ မော်လီကျူးတစ်လုံးယူပါ။ -
0:40 - 0:42မော်လီကျူးတွေ လှုပ်ရှားတဲ့
အခြေခံနည်းလမ်း ၃ ခုရှိပါတယ် -
0:42 - 0:43လည်တာ၊
-
0:43 - 0:44သွားတာနဲ့
-
0:44 - 0:46တုန်ခါတာ တွေပါ။
-
0:46 - 0:49လည်ခြင်းနဲ့ အဖြောင့်သွားခြင်းက
မော်လီကျူးရဲ့အက်တမ်တွေချင်း -
0:49 - 0:52အကွာအဝေး မပြောင်းဘဲ
နေရာလွတ်မှာ ရွေ့ပါတယ်။ -
0:52 - 0:56တစ်ဘက်က တုန်ခါခြင်းကတော့
အဲဒီ အကွာအဝေး ပြောင်းလဲပါတယ်။ -
0:56 - 0:58တကယ်တော့ မော်လီကျူး
ပုံသဏ္ဌာန် တစ်လှည့်စီပြောင်းတာပါ။ -
0:58 - 1:03မော်လီကျူးမှန်ရင်၊ ၎င်း ရွေ့နိုင်တဲ့
နည်းကွဲအရေအတွက်ကို ရေတွက်နိုင်ပါတယ်။ -
1:03 - 1:05ဒါက ၎င်းရဲ့ လွတ်လပ်မှုအဆင့်တွေ
အတိုင်းဖြစ်ပါတယ် -
1:05 - 1:07ဒါကို မက္ကဲနစ်ဘာသာရပ်ထဲမှာတော့
-
1:07 - 1:10အဖွဲ့အစည်းတစ်ရပ်လုံးကို နားလည်သွားအောင်
ကျုပ်တို့ ထည့်တွက်ဖို့လိုတဲ့ -
1:10 - 1:13အပြောင်းအလဲ အရေအတွက်တွေလို့
အခြေခံအားဖြင့် ဆိုလိုပါတယ်။ -
1:13 - 1:18သုံးဘက်တိုင်း ဟင်းလင်ပြင်ကို
x, y, z ဝန်းရိုးတွေနဲ့ သတ်မှတ်ပါတယ်။ -
1:18 - 1:23အဖြောင့်သွားခြင်းက မော်လီကျူးကို ဝန်ရိုး
မရွေးဘဲ ဦးတည်သလို ရွေ့လျားခွင့်ပြုပါတယ်။ -
1:23 - 1:25ဒါဟာ လွတ်လပ်မှု အဆင့် ၃ ဆင့်ပါ။
-
1:25 - 1:29၎င်းက ဝန်းရိုးသုံးခုအနက် ဘယ်ဝန်ရိုးမဆို၌
လည်ပြီးလည်း နေနိုင်ပါတယ်။ -
1:29 - 1:30ဒါက နောက်ထပ် ၃ ဆင့်ပါ
-
1:30 - 1:33ကာဗွန်ဒိုင်အောက်ဆိုင်လို linear
မော်လီကျူး မဟုတ်ရင်ပေါ့..။ -
1:33 - 1:37ဒီမော်လီကျူးမှက ၎င်းရဲ့ဝန်ရိုးမှာ
မွှတ်လည်တဲ့ ပုံစံတွေထဲက တစ်ခုသာရှိပါသည်။ -
1:37 - 1:42ဒါကိုတော့ ထည့်မတွက်တဲ့ အကြောင်းက
အက်တမ်တွေ တည်နေရာ မပြောင်းကြလို့ပါ။ -
1:42 - 1:45တုန်ခါခြင်းက နည်းနည်း လှည့်ကွက်ရှိပါတယ်။
-
1:45 - 1:47ဟိုက်ဒြိုဂျင်လို ရိုးရှင်းတဲ့
မော်လီကျူးဆို.. -
1:47 - 1:52အက်တမ်နှစ်လုံးကို အတူတကွ စည်းနှောင်ထားတဲ့
ဓာတ်စည်းအလျားဟာ တရပ်စပ် ပြောင်းနေပါမယ်။ -
1:52 - 1:54အက်တမ်တွေကို စပရင် တစ်ခုနဲ့
ချိတ်ဆက်ပေးလိုက်သလိုပါပဲ။ -
1:54 - 1:59ဒီ အကွာအဝေးပြောင်းလဲမှုက ငယ်လွန်းပါတယ်။
၁ မီတာရဲ့ ၁ ဘီလျှံပုံ ၁ ပုံအောက် ငယ်တာပါ။ -
1:59 - 2:04အက်တမ်ပိုများလေ မော်လီကျူးမှာ ဓာတ်စည်းတွေ
ပိုများလေ ဒီတော့ တုန်ခါပုံတွေ ပိုများလေပါ။ -
2:04 - 2:07ဥပမာ၊ ရေ မော်လီကျူးတစ်လုံးမှာ
ရှိတဲ့ အက်တမ်သုံးလုံးဟာ -
2:07 - 2:10အောက်စီဂျင် တစ် ဟိုက်ဒြိုဂျင် နှစ်
ဖြစ်ပြီး ဓာတ်စည်း နှစ်ခုပါ။ -
2:10 - 2:12ဒီဟာက တုန်ခါမှု ပုံစံ သုံးမျိုးဖြစ်ပါတယ်။
-
2:12 - 2:14ခေါက်ချိုးညီ ဆန့်ကားခြင်း၊
-
2:14 - 2:15ခေါက်ချိုး မညီ ဆန့်ကားခြင်းနဲ့
-
2:15 - 2:17ကွေးကျုံ့ခြင်းပါ။
-
2:17 - 2:21ပိုရှုပ်တဲ့ မော်လီကျူးတွေမှာ တုန်ခါပုံတွေက
ချစ်စရာလေးတွေတောင် ရှိသွားပါတယ်။ -
2:21 - 2:22ယိမ်းသလို၊
-
2:22 - 2:24ပျံသလိုနဲ့
-
2:24 - 2:25တွန့်လိမ်သလို မျိုးတွေပါ။
-
2:25 - 2:30မော်လီကျူးတစ်လုံးရှိ အက်တမ် အလုံးရေကို
သိရင် တုန်ခါပုံတွေကို ရေတွက်နိုင်ပါတယ်။ -
2:30 - 2:32စစခြင်း မော်လီကျူးထဲက
အက်တမ် အရေအတွက်ရဲ့ -
2:32 - 2:35သုံးဆဖြစ်တဲ့ အသားတင်
လွတ်လပ်မှု အဆင့်တွေနဲ့ စစို့။ -
2:35 - 2:39ဒါက အက်တမ်တစ်လုံးစီဟာ ကွဲပြားတဲ့
ဦးတည်ဘက် သုံးမျိုးကို ရွေ့နိုင်လို့ပါ။ -
2:39 - 2:41မော်လီကျူးရဲ့ အက်တမ်အားလုံး
ဦးတည်ဘက်တူ ရွေ့နေတဲ့အခါ -
2:41 - 2:45သုံးဆင့် စလုံးက
အဖြောင့်ရွေ့လျားခြင်းပါ။ -
2:45 - 2:49linear molecule တွေအတွက်တော့
လည်ခြင်းအတွက် နှစ်ဆင့်၊ သုံးဆင့်ရှိပါတယ်။ -
2:49 - 2:54နောက်ဆုံးကျန်တဲ့ တုန်ခါခြင်းဟာ
linear moleculeတွေအတွက် -
2:54 - 2:563N-6 သို့မဟုတ် 3N-5 အဆင့်ရှိပါတယ်။
-
2:56 - 2:58ဒီရွေ့လျားမှု အားလုံးက အရင်းခံက ဘာလဲ။
-
2:58 - 3:02မော်လီကျူးတွေ ရွေ့လျားတာက ပတ်ဝန်းကျင်မှ
စွမ်းအင်ကို ၎င်းတို့က စုပ်ယူတာကြောင့်ပါ။ -
3:02 - 3:06အဓိကတော့ အပူနဲ့ လျှပ်စစ်သံလိုက်ဆိုင်ရာ
ဖြာထွက်ခြင်း ပုံစံနဲ့ပါ။ -
3:06 - 3:08ဒီစွမ်းအင်တွေက မော်လီကျူးတွေထံ
ကူပြောင်းလာတဲ့အခါ -
3:08 - 3:09တုန်ခါလိုက်ကြ၊
-
3:09 - 3:10လှည့်ပတ်လိုက်ကြ၊
-
3:10 - 3:13ပြီးတော့ ပိုမြန်မြန် အဖြောင့်သွားလိုက်နဲ့
-
3:13 - 3:17ပိုမြန်ဆန်တဲ့ ရွေ့လျားခြင်းက မော်လီကျူးနဲ့
အက်တမ်တွေရဲ့အရွေ့စွမ်းအင် တိုးပါတယ်။ -
3:17 - 3:21ဒါကို အပူချိန်နဲ့ အပူစွမ်းအင်
တိုးခြင်းလို့ သတ်မှတ်ကြပါတယ်။ -
3:21 - 3:25ဒါက စားစရာကို မိုက်ခရိုဝေ့ မီးဖိုထဲထည့်
အပူပေးလေ့ရှိတဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ -
3:25 - 3:29မီးဖိုက မိုက်ခရိုဝေ့တွေကို ထုတ်မယ်
ဒါကို မော်လီကျူးတွေက စုပ်ယူပါတယ်။ -
3:29 - 3:32အထူးအားဖြင့် ဒါမျိုးရေတွေ
ဒါတွေက ပိုမြန်သထက် -
3:32 - 3:34မြန်အောင် လည်မယ်
အချင်းချင်း တိုက်မိပြီး -
3:34 - 3:38စားစရာရဲ့ အပူချိန်နဲ့
အပူစွမ်းအင်ကို တိုးမြှင့်ပါတော့တယ်။ -
3:38 - 3:41နောက်ထပ် ဥပမာ တစ်ခုဟာ
ဖန်လုံအိမ်အာနိသင်ပါ။ -
3:41 - 3:43ကမ္ဘာမြေမျက်နှာပြင်ကို ရိုက်ခတ်တဲ့
နေရောင်အချို့ကို -
3:43 - 3:46လေထုထဲကို ပြန်ကန်ထုတ်ပါတယ်။
-
3:46 - 3:51ရေငွေ့၊ ကာဗွန်ဒိုင်အောင်ဆိုဒ်လိုဖန်လုံအိမ်
ဓာတ်ငွေ့တွေက ဒီရောင်ခြည်ကို စုပ်ယူပြီး -
3:51 - 3:52အရှိန်တက်လာပါတယ်။
ပူပူ မြန်မြန် -
3:52 - 3:58ရွေ့နေတဲ့ ဒီလို မော်လီကျူးတွေက အနီအောက်
ရောင်ခြည်ကို ဘက်ပေါင်းစုံထုတ်လွှတ်တာ -
3:58 - 4:00ကမ္ဘာမြေထံ ပြန်ရောက်သွားတော့
ပူနွေးသွားစေတာပါ။ -
4:00 - 4:03ဒီမော်လီကျူးတွေ လှုပ်ရှားတာ
ရပ်ဖူးပါလား..ဆို -
4:03 - 4:06အအေးဆုံး အပူချိန် ခေါ်
ပကတိ သုညအပူချိန်မှာ ရပ်မှာလို့ -
4:06 - 4:08ခင်ဗျား အထင်ရောက်နိုင်ပါတယ်။
-
4:08 - 4:11ဘာကိုဖြစ်ဖြစ် ဒီထက်ပိုအေးအောင်
စီမံခဲ့ဖူးတာ မရှိပါဘူး။ -
4:11 - 4:12ဒါပေမဲ့ ကျုပ်တို့ တတ်နိုင်ခဲ့ရင်တောင်
-
4:12 - 4:16မော်လီကျူးတွေက ဆက်ပြီး လှုပ်နေကြပါလိမ့်မယ်
သုညမှတ် စွမ်းအင်ခေါ်တဲ့ -
4:16 - 4:19ကွမ်တမ် မက္ကဲနစ် နိယာမကြောင့်ပါ။
တနည်းဆိုပါက... -
4:19 - 4:23အရာရာတိုင်းဟာ စကြ၀ဠာ စတင်ချိန်ကတည်းက
လှုပ်ရှားလာခဲ့ကြပြီး -
4:23 - 4:26ကျုပ်တို့လွန်ပြီး နောင် အလွန်ရှည်ကြာတဲ့
ကာလတိုင် ဆက်လက် လှုပ်ရှားပါဦးမယ်။
- Title:
- ငြိမ်နေတဲ့ အရာတွေရဲ့ မမြင်နိုင်တဲ့ လှုပ်ရှားမှု - Ran Tivony
- Description:
-
သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/the-invisible-motion-of-still-objects-ran-tivony။
ခင်ဗျားကို ဝိုင်းရံထားတဲ့ သက်မဲ့အရာတွေဟာ လုံး၀ငြိမ်သက်နေကြောင်း အထင်ရောက်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေထဲက ဘယ်ဟာကို ဖြစ်ဖြစ် အက်တမ် တည်ဆောက်ပုံအဆင့်အထိ လက်ကုန်နှိုက်ကြည့်ပါ။ ဒါဆို ဆန့်ကားနေ၊ ကျုံ့ဝင်နေ၊ တွန်လိမ်နေ၊ ရုန်းခါနေ ပြီးတော့ တရွေ့ရွေ့သွားနေခြင်းကြောင့် တရပ်စပ် လှုပ်ရှားပြောင်းလဲနေတဲ့ လောကကို ခင်ဗျား တွေ့ပါလိမ့်မယ်။ Ray Tivony က ဘယ်လို ဘာကြောင့် မော်လီကျူးတွေရဲ့ လှုပ်ရှားမှု ဖြစ်သလဲဆိုတာနဲ့ ၎င်းတို့ဟာ ရပ်တန့် ဖူးသလားဆိုတာကို စူးစမ်းဖြေရှာ ဖော်ပြထားပါတယ်။
သင်ခန်းစာတင်ဆက်သူ- Ran Tivony၊ ရုပ်သံလှုပ်ရှားမှု ပုံရိမ်- Zedem Media။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 04:44
![]() |
sann tint approved Burmese subtitles for The invisible motion of still objects - Ran Tivony | |
![]() |
sann tint accepted Burmese subtitles for The invisible motion of still objects - Ran Tivony | |
![]() |
Tun Lin Aung + 1 edited Burmese subtitles for The invisible motion of still objects - Ran Tivony | |
![]() |
sann tint declined Burmese subtitles for The invisible motion of still objects - Ran Tivony | |
![]() |
sann tint edited Burmese subtitles for The invisible motion of still objects - Ran Tivony | |
![]() |
sann tint edited Burmese subtitles for The invisible motion of still objects - Ran Tivony | |
![]() |
sann tint edited Burmese subtitles for The invisible motion of still objects - Ran Tivony | |
![]() |
sann tint edited Burmese subtitles for The invisible motion of still objects - Ran Tivony |