ခင်ဗျားကို ဝိုင်းထားတဲ့ သက်မဲ့များစွာဟာ
လုံး၀ ငြိမ်နေကြောင်း ထင်ကောင်းထင်မှာပါ။
ဒါပေမဲ့ ဒါတွေထဲက ဘယ်ဟာကို ဖြစ်ဖြစ်
အက်တမ် တည်ဆောက်ပုံထိ ဆင်းကြည့်ပါက
တရပ်စပ် လှုပ်ရှားပြောင်းလဲနေတဲ့
လောကကို မြင်ပါလိမ့်မယ်။
ပြန့်ကားလိုက်
ကျုံ့ဝင်လိုက်
တွန့်လိမ်လိုက်
ခါနေလိုက်ပေါ့။
တလှုပ်လှုပ်သွားနေကြတဲ့
အက်တမ်တွေဟာ နေရာတိုင်းပါပဲ။
ဒီလှုပ်ရှားမှုက ၀ရုန်းသုံးကားထင်ရပေမဲ့
ကျပန်းတော့မဟုတ်ပါ။
အတူတကွ ဓာတ်စည်း နှောင်လျက်
အရာတိုင်းလောက်နီးပါးကို ဖော်ပြတဲ့
အက်တမ်တွေဟာ
စည်းမျဉ်း စည်းကမ်းတွေအတိုင်း
လှုပ်ရှားကြပါတယ်။
ဥပမာ၊ အက်တမ်တွေကို ဖက်စပ်စည်းနဲ့
စည်နှောင်တဲ့ မော်လီကျူးတစ်လုံးယူပါ။
မော်လီကျူးတွေ လှုပ်ရှားတဲ့
အခြေခံနည်းလမ်း ၃ ခုရှိပါတယ်
လည်တာ၊
သွားတာနဲ့
တုန်ခါတာ တွေပါ။
လည်ခြင်းနဲ့ အဖြောင့်သွားခြင်းက
မော်လီကျူးရဲ့အက်တမ်တွေချင်း
အကွာအဝေး မပြောင်းဘဲ
နေရာလွတ်မှာ ရွေ့ပါတယ်။
တစ်ဘက်က တုန်ခါခြင်းကတော့
အဲဒီ အကွာအဝေး ပြောင်းလဲပါတယ်။
တကယ်တော့ မော်လီကျူး
ပုံသဏ္ဌာန် တစ်လှည့်စီပြောင်းတာပါ။
မော်လီကျူးမှန်ရင်၊ ၎င်း ရွေ့နိုင်တဲ့
နည်းကွဲအရေအတွက်ကို ရေတွက်နိုင်ပါတယ်။
ဒါက ၎င်းရဲ့ လွတ်လပ်မှုအဆင့်တွေ
အတိုင်းဖြစ်ပါတယ်
ဒါကို မက္ကဲနစ်ဘာသာရပ်ထဲမှာတော့
အဖွဲ့အစည်းတစ်ရပ်လုံးကို နားလည်သွားအောင်
ကျုပ်တို့ ထည့်တွက်ဖို့လိုတဲ့
အပြောင်းအလဲ အရေအတွက်တွေလို့
အခြေခံအားဖြင့် ဆိုလိုပါတယ်။
သုံးဘက်တိုင်း ဟင်းလင်ပြင်ကို
x, y, z ဝန်းရိုးတွေနဲ့ သတ်မှတ်ပါတယ်။
အဖြောင့်သွားခြင်းက မော်လီကျူးကို ဝန်ရိုး
မရွေးဘဲ ဦးတည်သလို ရွေ့လျားခွင့်ပြုပါတယ်။
ဒါဟာ လွတ်လပ်မှု အဆင့် ၃ ဆင့်ပါ။
၎င်းက ဝန်းရိုးသုံးခုအနက် ဘယ်ဝန်ရိုးမဆို၌
လည်ပြီးလည်း နေနိုင်ပါတယ်။
ဒါက နောက်ထပ် ၃ ဆင့်ပါ
ကာဗွန်ဒိုင်အောက်ဆိုင်လို linear
မော်လီကျူး မဟုတ်ရင်ပေါ့..။
ဒီမော်လီကျူးမှက ၎င်းရဲ့ဝန်ရိုးမှာ
မွှတ်လည်တဲ့ ပုံစံတွေထဲက တစ်ခုသာရှိပါသည်။
ဒါကိုတော့ ထည့်မတွက်တဲ့ အကြောင်းက
အက်တမ်တွေ တည်နေရာ မပြောင်းကြလို့ပါ။
တုန်ခါခြင်းက နည်းနည်း လှည့်ကွက်ရှိပါတယ်။
ဟိုက်ဒြိုဂျင်လို ရိုးရှင်းတဲ့
မော်လီကျူးဆို..
အက်တမ်နှစ်လုံးကို အတူတကွ စည်းနှောင်ထားတဲ့
ဓာတ်စည်းအလျားဟာ တရပ်စပ် ပြောင်းနေပါမယ်။
အက်တမ်တွေကို စပရင် တစ်ခုနဲ့
ချိတ်ဆက်ပေးလိုက်သလိုပါပဲ။
ဒီ အကွာအဝေးပြောင်းလဲမှုက ငယ်လွန်းပါတယ်။
၁ မီတာရဲ့ ၁ ဘီလျှံပုံ ၁ ပုံအောက် ငယ်တာပါ။
အက်တမ်ပိုများလေ မော်လီကျူးမှာ ဓာတ်စည်းတွေ
ပိုများလေ ဒီတော့ တုန်ခါပုံတွေ ပိုများလေပါ။
ဥပမာ၊ ရေ မော်လီကျူးတစ်လုံးမှာ
ရှိတဲ့ အက်တမ်သုံးလုံးဟာ
အောက်စီဂျင် တစ် ဟိုက်ဒြိုဂျင် နှစ်
ဖြစ်ပြီး ဓာတ်စည်း နှစ်ခုပါ။
ဒီဟာက တုန်ခါမှု ပုံစံ သုံးမျိုးဖြစ်ပါတယ်။
ခေါက်ချိုးညီ ဆန့်ကားခြင်း၊
ခေါက်ချိုး မညီ ဆန့်ကားခြင်းနဲ့
ကွေးကျုံ့ခြင်းပါ။
ပိုရှုပ်တဲ့ မော်လီကျူးတွေမှာ တုန်ခါပုံတွေက
ချစ်စရာလေးတွေတောင် ရှိသွားပါတယ်။
ယိမ်းသလို၊
ပျံသလိုနဲ့
တွန့်လိမ်သလို မျိုးတွေပါ။
မော်လီကျူးတစ်လုံးရှိ အက်တမ် အလုံးရေကို
သိရင် တုန်ခါပုံတွေကို ရေတွက်နိုင်ပါတယ်။
စစခြင်း မော်လီကျူးထဲက
အက်တမ် အရေအတွက်ရဲ့
သုံးဆဖြစ်တဲ့ အသားတင်
လွတ်လပ်မှု အဆင့်တွေနဲ့ စစို့။
ဒါက အက်တမ်တစ်လုံးစီဟာ ကွဲပြားတဲ့
ဦးတည်ဘက် သုံးမျိုးကို ရွေ့နိုင်လို့ပါ။
မော်လီကျူးရဲ့ အက်တမ်အားလုံး
ဦးတည်ဘက်တူ ရွေ့နေတဲ့အခါ
သုံးဆင့် စလုံးက
အဖြောင့်ရွေ့လျားခြင်းပါ။
linear molecule တွေအတွက်တော့
လည်ခြင်းအတွက် နှစ်ဆင့်၊ သုံးဆင့်ရှိပါတယ်။
နောက်ဆုံးကျန်တဲ့ တုန်ခါခြင်းဟာ
linear moleculeတွေအတွက်
3N-6 သို့မဟုတ် 3N-5 အဆင့်ရှိပါတယ်။
ဒီရွေ့လျားမှု အားလုံးက အရင်းခံက ဘာလဲ။
မော်လီကျူးတွေ ရွေ့လျားတာက ပတ်ဝန်းကျင်မှ
စွမ်းအင်ကို ၎င်းတို့က စုပ်ယူတာကြောင့်ပါ။
အဓိကတော့ အပူနဲ့ လျှပ်စစ်သံလိုက်ဆိုင်ရာ
ဖြာထွက်ခြင်း ပုံစံနဲ့ပါ။
ဒီစွမ်းအင်တွေက မော်လီကျူးတွေထံ
ကူပြောင်းလာတဲ့အခါ
တုန်ခါလိုက်ကြ၊
လှည့်ပတ်လိုက်ကြ၊
ပြီးတော့ ပိုမြန်မြန် အဖြောင့်သွားလိုက်နဲ့
ပိုမြန်ဆန်တဲ့ ရွေ့လျားခြင်းက မော်လီကျူးနဲ့
အက်တမ်တွေရဲ့အရွေ့စွမ်းအင် တိုးပါတယ်။
ဒါကို အပူချိန်နဲ့ အပူစွမ်းအင်
တိုးခြင်းလို့ သတ်မှတ်ကြပါတယ်။
ဒါက စားစရာကို မိုက်ခရိုဝေ့ မီးဖိုထဲထည့်
အပူပေးလေ့ရှိတဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။
မီးဖိုက မိုက်ခရိုဝေ့တွေကို ထုတ်မယ်
ဒါကို မော်လီကျူးတွေက စုပ်ယူပါတယ်။
အထူးအားဖြင့် ဒါမျိုးရေတွေ
ဒါတွေက ပိုမြန်သထက်
မြန်အောင် လည်မယ်
အချင်းချင်း တိုက်မိပြီး
စားစရာရဲ့ အပူချိန်နဲ့
အပူစွမ်းအင်ကို တိုးမြှင့်ပါတော့တယ်။
နောက်ထပ် ဥပမာ တစ်ခုဟာ
ဖန်လုံအိမ်အာနိသင်ပါ။
ကမ္ဘာမြေမျက်နှာပြင်ကို ရိုက်ခတ်တဲ့
နေရောင်အချို့ကို
လေထုထဲကို ပြန်ကန်ထုတ်ပါတယ်။
ရေငွေ့၊ ကာဗွန်ဒိုင်အောင်ဆိုဒ်လိုဖန်လုံအိမ်
ဓာတ်ငွေ့တွေက ဒီရောင်ခြည်ကို စုပ်ယူပြီး
အရှိန်တက်လာပါတယ်။
ပူပူ မြန်မြန်
ရွေ့နေတဲ့ ဒီလို မော်လီကျူးတွေက အနီအောက်
ရောင်ခြည်ကို ဘက်ပေါင်းစုံထုတ်လွှတ်တာ
ကမ္ဘာမြေထံ ပြန်ရောက်သွားတော့
ပူနွေးသွားစေတာပါ။
ဒီမော်လီကျူးတွေ လှုပ်ရှားတာ
ရပ်ဖူးပါလား..ဆို
အအေးဆုံး အပူချိန် ခေါ်
ပကတိ သုညအပူချိန်မှာ ရပ်မှာလို့
ခင်ဗျား အထင်ရောက်နိုင်ပါတယ်။
ဘာကိုဖြစ်ဖြစ် ဒီထက်ပိုအေးအောင်
စီမံခဲ့ဖူးတာ မရှိပါဘူး။
ဒါပေမဲ့ ကျုပ်တို့ တတ်နိုင်ခဲ့ရင်တောင်
မော်လီကျူးတွေက ဆက်ပြီး လှုပ်နေကြပါလိမ့်မယ်
သုညမှတ် စွမ်းအင်ခေါ်တဲ့
ကွမ်တမ် မက္ကဲနစ် နိယာမကြောင့်ပါ။
တနည်းဆိုပါက...
အရာရာတိုင်းဟာ စကြ၀ဠာ စတင်ချိန်ကတည်းက
လှုပ်ရှားလာခဲ့ကြပြီး
ကျုပ်တို့လွန်ပြီး နောင် အလွန်ရှည်ကြာတဲ့
ကာလတိုင် ဆက်လက် လှုပ်ရှားပါဦးမယ်။