မိမိဘာသာမိမိ မောင်းတဲ့ ကားတွေ ဘယ်လို မြင်နိုင်ကြလဲ - Sajan Saini
-
0:08 - 0:15ညဉ့်နက် မှောင်မည်းချိန် မိမိဘာသာ မောင်းနေ
တဲ့ကား လမ်းကျဉ်းမှာ အရှိန်နဲ့ မောင်းနေတယ်။ -
0:15 - 0:19ရုတ်တရက် အန္တရာယ်သုံးခု
တစ်ချိန်တည်းမှာ ပေါ်လာကြတယ်။ -
0:19 - 0:21အဲဒီနောက် ဘယ်လို ဖြစ်လာမလဲ။
-
0:21 - 0:24အဲဒီလို အတားအဆီးတွေ ကျော်မောင်းနိုင်ဖို့
-
0:24 - 0:26ကားဟာ အဲဒါတွေကို စုံစမ်းကြည့်ဖို့ လိုမယ်—
-
0:26 - 0:30၎င်းတို့ရဲ့ အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ အနေ
အထားဆိုင်ရာ အချက်အလက်တွေကို ရယူခြင်းဖြင့် -
0:30 - 0:34၎င်းရဲ့ ထိန်းချုပ်ရေး အယ်လဂိုရီသမ်တွေက ဘေး
အကင်းဆုံး လမ်းကြောင်းကို ချမှတ်ပေးမှာပါ။ -
0:34 - 0:36ကားကို မောင်းတဲ့ လူသား မရှိလို့
-
0:36 - 0:41ကားဟာ အဲဒီလို အသေးစိတ်တွေကို၊ ရာသီဥတု
မရွေး၊ ဘယ်လိုပဲ မှောင်မှောင်၊ -
0:41 - 0:44သိရှိရန် စမတ် မျက်လုံးတွေ၊
အာရုံခံကိရိယာတွေြဖင့် -
0:44 - 0:46စက္ကန့်ပိုင်းအတွင်းမှ
သိရှိရန် လိုအပ်ပါတယ်။ -
0:46 - 0:50အဲဒါက ခဲယဉ်းတဲ့ စနစ်ဖြစ်ပေမဲ့ အရာနှစ်ခုကို
အခြေခံပြီး ဖြေရှင်းပေးနိုင်တယ်- -
0:50 - 0:54LIDAR လို့ခေါ်တဲ့
လေဆာ အခြေခံ စူးစမ်းမှုနဲ့ -
0:54 - 0:57integrated photonics လို့ခေါ်တဲ့
အင်တာနက်ကို အသုံးပြုတဲ့ -
0:57 - 1:01ဆက်သွယ်ရေး နည်းစနစ် အသေးလေးပါ။
-
1:01 - 1:06LIDAR ကိုနားလည်ဖို့ ဆက်စပ်နေတဲ့ ရေဒါ
နည်းပညာကို နားလည်သင့်တယ်။ -
1:06 - 1:07လေကြောင်းပျံသန်းမှုမှာ
-
1:07 - 1:12ရေဒါအင်တင်နာတွေက ရေဒီယို (သို့) မိုက်ခရို
ဝေ့ လှိုင်းတွေကို လေယာဉ်များဆီ စေလွှတ်ပြီး -
1:12 - 1:16ရောင်ချည်တန်း တန်ပြန် ရောက်လာတဲ့ အချိန်ကို
တိုင်းကြည့်ပြီး တည်နေရာကို တိုင်းယူတယ်။ -
1:16 - 1:19ရောင်ချည်တန်း အရွယ်အစား ကြီးတဲ့အတွက်
အသေးစိတ်တွေ မပေါ်လွင်လို့ -
1:19 - 1:23ကန့်သတ်ချက်ရှိတဲ့ ကြည့်ရှုနည်းပါ။
-
1:23 - 1:26အဲဒီလို မဟုတ်ဘဲ၊ မောင်းသူမဲ့
ကားရဲ့ LIDAR ခေါ် -
1:26 - 1:29Light Detection and Ranging စနစ်ကျတော့
-
1:29 - 1:32ကျဉ်းမြောင်းပြီး မြင်မရတဲ့ အနီအောက်
ရောင်ခြည်လေဆာကိုသုံးပါတယ်။ -
1:32 - 1:37အဲဒါက လမ်းတစ်ဖက်မှာ လမ်းလျှောက်နေသူ
ရှပ်အင်္ကျီပေါ် က ကြယ်သီးရဲ့ ပုံကိုတောင် -
1:37 - 1:38ဖေါ်ထုတ်နိုင်စွမ်း ရှိတယ်။
-
1:38 - 1:42ဒါပေမဲ့ အဲဒီလို အရာတွေရဲ့ ပုံသဏ္ဍန် (သို့)
နက်ရှိုင်းမှုကိုရော ဘယ်လို ဆုံးဖြတ်မလဲ။ -
1:42 - 1:48LIDAR က သိပ်တိုတဲ့ လေဆာရောင်ချည်နဲ့ ဆက်
တိုက်ပစ်ရင်း နက်ရှိုင်းမှုကို တိုင်းယူတယ်။ -
1:48 - 1:51ကျေးလက် ဒေသက လမ်းပေါ်မှာ
သွားနေတဲ့ နွားဆိုပါစို့။ -
1:51 - 1:56ကားကို မောင်းသွားနေစဉ် LIDAR ရဲ့ လှိုင်းက
နွားရဲ့ ခြေမြစ်ထံမှ တုံ့ပြန်လာတယ်၊ -
1:56 - 2:01နောက်တစ်ကြိမ်တွင် အလားတူပဲ ဦးချို
တစ်ခုထံမှ ပြန်လာနိုင်ပါတယ်။ -
2:01 - 2:04ထပ်ပြီး စေလွှတ်လိုက်တဲ့လှိုင်း ပြန်လာဖို့
ဘယ်လောက်ကြာတာကို တိုင်းကြည့်ရင် -
2:04 - 2:07ဦးချိုရဲ့ ပုံသဏ္ဍာကို သိလာရမှာပါ။
-
2:07 - 2:13အဲဒီလှိုင်းများကို ပို့ပေးလျက် LIDAR စနစ်က
ခဏတွင်း ပုံပမ်းအသေးစိတ် ဖေါ်ထုတ်နိုင်မယ်။ -
2:13 - 2:19လေဆာ လှိုင်းတို စေလွှတ်ဖို့ အထင်ရှားဆုံး
နည်းမှာ ခလုတ်ကို ဖွင့်ပိတ်ပေးဖို့ပါပဲ။ -
2:19 - 2:23ဒါပေမဲ့ အဲဒါက လေဆာကို မတည်မငြိမ် ဖြစ်စေကာ
လှိုင်းတိုအချိန်တိကျမှုကို သက်ရောက်လို့ -
2:23 - 2:26နက်ရှိုင်းမှုရဲ့ တိကျမှုကို ကန့်သတ်မှာပါ။
-
2:26 - 2:27ခလုတ်ကို ဖွင့်ထားပြီး
-
2:27 - 2:33အလင်းရောင်ကို စိတ်ချ လျင်မြန်စွာ ပုံမှန်
ပိတ်ဆို့ဖို့ အခြားနည်းကို သုံးသင့်တယ်။ -
2:33 - 2:36အဲဒါကို integrated photonics က
ဝင်လုပ်ပေးနိုင်မှာပါ။ -
2:36 - 2:38အင်တာနက်ရဲ့ ဒီဂျီတယ် ဒေတာကို
-
2:38 - 2:41picosecond တစ်ရာထိ တိကျစွာ ညှိထားတဲ့
အလင်း လှိုင်းတိုများဖြင့် -
2:41 - 2:44သယ်ဆောင်ပေးတာပါ။
-
2:44 - 2:49လှိုင်းတိုများကို ဖန်တီးပေးဖို့ တစ်နည်းက
Mach-Zehnder modulator ကို သုံဖို့ပါ။ -
2:49 - 2:53ဒီကိရိယာက လှိုင်းတစ်ခုဆီမှာ ရှိတတ်တဲ့
interference လို့ခေါ်တဲ့ -
2:53 - 2:55ထူးခြားချက်ကို အသုံးချတာပါ။
-
2:55 - 2:58ရေကန်ထဲကို ကျောက်စရစ်လုံးတွေ
ချပေးနေတာ စိတ်ကူးကြည့်ပါ၊ -
2:58 - 3:02ဂယက်တွေ ပေါ်လာကာ တစ်ခုနဲ့တစ်ခု ထပ်လိုက်
ခြင်းဖြင့် ပုံသဏ္ဍန်တွေ ပေါ်လာကြတယ်။ -
3:02 - 3:05တချို့နေရာမှာ လှိုင်းထိပ်တွေ ပေါင်းမိလို့
သိပ်အကို ကြီးမားလာနိုင်သလို၊ -
3:05 - 3:08တခြားနေရာတွေမှာ တစ်ခုကိုတစ်ခုက
လုံးဝ ချေဖျက်ပစ်ကြတယ်။ -
3:08 - 3:12Mach-Zehnder စက်ကလည်း
အလားတူ လုပ်ပေးတာပါ။ -
3:12 - 3:17ပြိုင်နေတဲ့ အလင်းလှိုင်း လိုင်းများအဖြစ်
ပိုင်းခြားပေးပြီးနောက် ပြန်ပေါင်းပေးတာပါ။ -
3:17 - 3:21လိုင်း တစ်ခုထဲက အလင်းကို နှေးလိုက်ပြီး
အချိန်ကို ဆွဲပေးလိုက်ရင်၊ ညှိယူမှုနောက်မှာ -
3:21 - 3:26လှိုင်းတွေ ပြန်ပေါင်းလိုက်ခြင်းဖြင့်
ဖျက်ခံရလို့ အလင်းကို ပိတ်လိုက်ကြတယ်။ -
3:26 - 3:28လိုင်းတစ်ခုရဲ့ ကြန့်ကြာမှုကို
ကစားပေးခြင်းဖြင့် -
3:28 - 3:34modulator က ဖွင့်ပိတ်ပေးတဲ့ ခလုတ်လို
အလင်းအချက်ပြမှုကို ထုတ်လွှတ်ပေးနိုင်တယ်။ -
3:34 - 3:36picosecond တရာကြာတဲ့ အလင်းစေလွှတ်မှုက
-
3:36 - 3:39နက်ရှိုင်းမှုကို စင်တီမီဝာ အနည်းငယ်အထိ
တိကျစွာ တိုင်းနိုင်ပေမဲ့၊ -
3:39 - 3:43အနာဂတ် ကားတွေကျတော့ ဒီ့ထက်ကို ပိုပြီး
ကောင်းမွန်စွာ မြင်ဖို့ လိုအပ်လိမ့်မယ်။ -
3:43 - 3:48စူပါအာရုံခံနိုင်မယ့် အလင်းဖမ်းစက်နဲ့
modulator ကို တွဲသုံးမယ်ဆိုရင် -
3:48 - 3:51တိကျမှုကို မီလီမီတာ
အထိကို မြှင့်တင်ပေးနိုင်မှာပါ။ -
3:51 - 3:53အဲဒီတိကျမှုဟာဖြင့် 20/20 ကြည့်စက်ဖြင့်
-
3:53 - 3:57လမ်းတစ်ဘက်ရှိ အရာများကို တိုင်းနိုင်တာထက်
အဆတစ်ရာ ပိုတိကျပါတယ်။ -
3:57 - 4:03မော်တော်ယာဉ်သုံး ပထမမျိုးဆက် LIDAR
စက်တွေဟာ ကားအမိုး ဒါမှမဟုတ် ဘောင်ပေါ်မှာ -
4:03 - 4:05တပ်ထားတဲ့ ရှုပ်ထွေးတဲ့
ကိရိယာတွေကို သုံးခဲ့ကြတယ်။ -
4:05 - 4:08photonic တွေ၊ modulator တွေနဲ့
အာရုံခံ စနစ်တွေကို -
4:08 - 4:13တစ်စုတစ်လုံးတည်း ပေါင်းလိုက်ကာ မီလီမီတာရဲ့
ဆယ်ပုံတစ်ပုံထိ သေးအောင် လုပ်နိုင်ပြီး -
4:13 - 4:18သေးငယ်တဲ့ ချစ်ပ်အဖြစ် ကားရဲ့
မီးလုံးအိမ်ထဲမှာ တပ်ပေးလာနိုင်မှာပါ။ -
4:18 - 4:22အဲဒီချစ်ပ်တွေထဲတွင် modulator ပေါ်မှာ
ပညာသား ပါတဲ့ ကိရိယာ ပါဦးမှာမို့လို့ -
4:22 - 4:27ရွေ့လျားအရာများကို ရှောင်နိုင်ရန်နဲ့ အမြန်
မောင်းနေချိန်မှာ စကန် ဖတ်ပေးနိုင်မှာပါ။ -
4:27 - 4:31modulator လိုင်းတစ်ခုထဲက အလင်းကို
နည်းနည်းလေး နှေးပေးခြင်းဖြင့်၊ -
4:31 - 4:36အဲဒီအပိုဆောင်းကိရိယာက ဖွင့်ပိတ် ခလုတ်ထက်
လင်းမှုကို ထိန်းချုပ်မှု ဖြစ်ပါလိမ့်မယ်။ -
4:36 - 4:41အဲဒီလို လိုင်းတွေ တသီကြီးရှိပြီး တစ်ခုစီ
ကြန့်ကြာအောင် ထိန်းချုပ်ပေးနိုင်ရင်၊ -
4:41 - 4:44လုံးဝ ဆန်းသစ်တဲ့ ပုံစံနဲ့
အသုံးချနိုင်အောင် ဒီဇိုင်းဆွဲနိုင်လို့ -
4:44 - 4:47လိုသလို လှည့်သုံးနိုင်မယ့်
လေဆာ အလင်းတန်း ဖြစ်လာမယ်။ -
4:47 - 4:48အဲဒီလို ဆန်းသစ်မယ့် ကိရိယာတွေဟာ
-
4:48 - 4:51စမတ်မျက်လုံးတွေနဲ့ တူကြမှာမို့
-
4:51 - 4:54စိတ်ကူးလို့ ရနိုင်တဲ့ ဘယ်သဘာဝ အရာကို
မဆို အသေးစိတ် မြင်နိုင်မှာ ဖြစ်ပြီး -
4:54 - 4:58ဘယ်လောက်ပဲ များတဲ့ အတားအဆီးတွေကို
မဆို မြင်နိုင်ပြီး ရှောင်နိုင်မှာပါ။ -
4:58 - 5:00ပြီးတော့ လမ်းမှားသွားလို့ ရုတ်တရက်
ပေါ်လာနိုင်တဲ့ သမင်ကလွဲလို့ -
5:00 - 5:04ဘယ်သူမှာမှ ပင်ပင်ပန်းပန်း အားထုတ်
ကြိုးပမ်းရန် လိုမှာ မဟုတ်ပါဘူး။
- Title:
- မိမိဘာသာမိမိ မောင်းတဲ့ ကားတွေ ဘယ်လို မြင်နိုင်ကြလဲ - Sajan Saini
- Speaker:
- Sajan Saini
- Description:
-
သင်ခန်းစာ အပြည့်ကို ကြည့်ရန် - https://ed.ted.com/lessons/how-do-self-driving-cars-see-sajan-saini
ညဉ့်နက်ချိန်ဖြစ်လို့၊ မှောင်မည်းနေချိန်မှာ မောင်းသူမဲ့ ကားတစ်စီး လမ်းကျဉ်းမှာ အရှိန်နဲ့ မောင်းနေတယ်။ ရုတ်တရက် အန္တရာယ်သုံးခု တစ်ချိန်တည်းမှာ ပေါ်လာကြတယ်။ ကားကို မောင်းနေသူ မရှိတဲ့အတွက် ကားဟာ စမတ်မျက်လုံးတွေ၊ အာရုံခံစနစ်ကို သုံးပြီး စက္ကန့်ပိုင်း အတွင်းမှာကို အသေးစိတ် ပုံတွေကို ခံစားနိုင်မှာပါ။ အဲဒါကို ဘယ်လိုများ လုပ်နိုင်တာလဲ။ Sajan Saini ကနေပြီး LIDAR နဲ့ ထည့်ပေါင်းထားတဲ့ photonic နည်းပညာက ကားကို လူမပါဘဲ လက်တွေ့ မောင်းနိုင်အောင် လုပ်ပေးနိုင်ပုံကို ရှင်းပြထားပါတယ်။
Sajan Saini ရဲ့ သင်ခန်းစာကို Artrake Studio မှ ရိုက်ကူးတင်ဆက်ထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 05:04
Myo Aung approved Burmese subtitles for How do self-driving cars "see"? | ||
Myo Aung edited Burmese subtitles for How do self-driving cars "see"? | ||
Myo Aung accepted Burmese subtitles for How do self-driving cars "see"? | ||
Myo Aung edited Burmese subtitles for How do self-driving cars "see"? | ||
Sanda Aung edited Burmese subtitles for How do self-driving cars "see"? | ||
Sanda Aung edited Burmese subtitles for How do self-driving cars "see"? | ||
Sanda Aung edited Burmese subtitles for How do self-driving cars "see"? | ||
Sanda Aung edited Burmese subtitles for How do self-driving cars "see"? |