0:00:08.145,0:00:15.132 ညဉ့်နက် မှောင်မည်းချိန် မိမိဘာသာ မောင်းနေ[br]တဲ့ကား လမ်းကျဉ်းမှာ အရှိန်နဲ့ မောင်းနေတယ်။ 0:00:15.132,0:00:18.724 ရုတ်တရက် အန္တရာယ်သုံးခု[br]တစ်ချိန်တည်းမှာ ပေါ်လာကြတယ်။ 0:00:18.724,0:00:20.846 အဲဒီနောက် ဘယ်လို ဖြစ်လာမလဲ။ 0:00:20.846,0:00:24.043 အဲဒီလို အတားအဆီးတွေ ကျော်မောင်းနိုင်ဖို့ 0:00:24.043,0:00:26.083 ကားဟာ အဲဒါတွေကို စုံစမ်းကြည့်ဖို့ လိုမယ်— 0:00:26.083,0:00:29.986 ၎င်းတို့ရဲ့ အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ အနေ[br]အထားဆိုင်ရာ အချက်အလက်တွေကို ရယူခြင်းဖြင့် 0:00:29.986,0:00:34.208 ၎င်းရဲ့ ထိန်းချုပ်ရေး အယ်လဂိုရီသမ်တွေက ဘေး[br]အကင်းဆုံး လမ်းကြောင်းကို ချမှတ်ပေးမှာပါ။ 0:00:34.208,0:00:35.762 ကားကို မောင်းတဲ့ လူသား မရှိလို့ 0:00:35.762,0:00:40.547 ကားဟာ အဲဒီလို အသေးစိတ်တွေကို၊ ရာသီဥတု[br]မရွေး၊ ဘယ်လိုပဲ မှောင်မှောင်၊ 0:00:40.547,0:00:43.898 သိရှိရန် စမတ် မျက်လုံးတွေ၊[br]အာရုံခံကိရိယာတွေြဖင့် 0:00:43.898,0:00:45.920 စက္ကန့်ပိုင်းအတွင်းမှ[br]သိရှိရန် လိုအပ်ပါတယ်။ 0:00:45.920,0:00:50.159 အဲဒါက ခဲယဉ်းတဲ့ စနစ်ဖြစ်ပေမဲ့ အရာနှစ်ခုကို[br]အခြေခံပြီး ဖြေရှင်းပေးနိုင်တယ်- 0:00:50.159,0:00:53.849 LIDAR လို့ခေါ်တဲ့[br]လေဆာ အခြေခံ စူးစမ်းမှုနဲ့ 0:00:53.849,0:00:56.578 integrated photonics လို့ခေါ်တဲ့[br]အင်တာနက်ကို အသုံးပြုတဲ့ 0:00:56.578,0:01:00.936 ဆက်သွယ်ရေး နည်းစနစ် အသေးလေးပါ။ 0:01:00.936,0:01:06.006 LIDAR ကိုနားလည်ဖို့ ဆက်စပ်နေတဲ့ ရေဒါ[br]နည်းပညာကို နားလည်သင့်တယ်။ 0:01:06.006,0:01:07.165 လေကြောင်းပျံသန်းမှုမှာ 0:01:07.165,0:01:11.866 ရေဒါအင်တင်နာတွေက ရေဒီယို (သို့) မိုက်ခရို[br]ဝေ့ လှိုင်းတွေကို လေယာဉ်များဆီ စေလွှတ်ပြီး 0:01:11.866,0:01:15.750 ရောင်ချည်တန်း တန်ပြန် ရောက်လာတဲ့ အချိန်ကို[br]တိုင်းကြည့်ပြီး တည်နေရာကို တိုင်းယူတယ်။ 0:01:15.750,0:01:18.693 ရောင်ချည်တန်း အရွယ်အစား ကြီးတဲ့အတွက်[br]အသေးစိတ်တွေ မပေါ်လွင်လို့ 0:01:18.693,0:01:22.679 ကန့်သတ်ချက်ရှိတဲ့ ကြည့်ရှုနည်းပါ။ 0:01:22.679,0:01:26.127 အဲဒီလို မဟုတ်ဘဲ၊ မောင်းသူမဲ့[br]ကားရဲ့ LIDAR ခေါ် 0:01:26.127,0:01:28.634 Light Detection and Ranging စနစ်ကျတော့ 0:01:28.634,0:01:32.190 ကျဉ်းမြောင်းပြီး မြင်မရတဲ့ အနီအောက်[br]ရောင်ခြည်လေဆာကိုသုံးပါတယ်။ 0:01:32.190,0:01:36.660 အဲဒါက လမ်းတစ်ဖက်မှာ လမ်းလျှောက်နေသူ[br]ရှပ်အင်္ကျီပေါ် က ကြယ်သီးရဲ့ ပုံကိုတောင် 0:01:36.660,0:01:38.123 ဖေါ်ထုတ်နိုင်စွမ်း ရှိတယ်။ 0:01:38.123,0:01:42.483 ဒါပေမဲ့ အဲဒီလို အရာတွေရဲ့ ပုံသဏ္ဍန် (သို့)[br]နက်ရှိုင်းမှုကိုရော ဘယ်လို ဆုံးဖြတ်မလဲ။ 0:01:42.483,0:01:48.267 LIDAR က သိပ်တိုတဲ့ လေဆာရောင်ချည်နဲ့ ဆက်[br]တိုက်ပစ်ရင်း နက်ရှိုင်းမှုကို တိုင်းယူတယ်။ 0:01:48.267,0:01:50.746 ကျေးလက် ဒေသက လမ်းပေါ်မှာ[br]သွားနေတဲ့ နွားဆိုပါစို့။ 0:01:50.746,0:01:55.853 ကားကို မောင်းသွားနေစဉ် LIDAR ရဲ့ လှိုင်းက[br]နွားရဲ့ ခြေမြစ်ထံမှ တုံ့ပြန်လာတယ်၊ 0:01:55.853,0:02:00.721 နောက်တစ်ကြိမ်တွင် အလားတူပဲ ဦးချို[br]တစ်ခုထံမှ ပြန်လာနိုင်ပါတယ်။ 0:02:00.721,0:02:04.278 ထပ်ပြီး စေလွှတ်လိုက်တဲ့လှိုင်း ပြန်လာဖို့[br]ဘယ်လောက်ကြာတာကို တိုင်းကြည့်ရင် 0:02:04.278,0:02:06.882 ဦးချိုရဲ့ ပုံသဏ္ဍာကို သိလာရမှာပါ။ 0:02:06.882,0:02:13.192 အဲဒီလှိုင်းများကို ပို့ပေးလျက် LIDAR စနစ်က[br]ခဏတွင်း ပုံပမ်းအသေးစိတ် ဖေါ်ထုတ်နိုင်မယ်။ 0:02:13.192,0:02:18.557 လေဆာ လှိုင်းတို စေလွှတ်ဖို့ အထင်ရှားဆုံး[br]နည်းမှာ ခလုတ်ကို ဖွင့်ပိတ်ပေးဖို့ပါပဲ။ 0:02:18.557,0:02:23.428 ဒါပေမဲ့ အဲဒါက လေဆာကို မတည်မငြိမ် ဖြစ်စေကာ[br]လှိုင်းတိုအချိန်တိကျမှုကို သက်ရောက်လို့ 0:02:23.428,0:02:25.669 နက်ရှိုင်းမှုရဲ့ တိကျမှုကို ကန့်သတ်မှာပါ။ 0:02:25.669,0:02:27.044 ခလုတ်ကို ဖွင့်ထားပြီး 0:02:27.044,0:02:33.031 အလင်းရောင်ကို စိတ်ချ လျင်မြန်စွာ ပုံမှန်[br]ပိတ်ဆို့ဖို့ အခြားနည်းကို သုံးသင့်တယ်။ 0:02:33.031,0:02:35.987 အဲဒါကို integrated photonics က[br]ဝင်လုပ်ပေးနိုင်မှာပါ။ 0:02:35.987,0:02:37.829 အင်တာနက်ရဲ့ ဒီဂျီတယ် ဒေတာကို 0:02:37.829,0:02:41.051 picosecond တစ်ရာထိ တိကျစွာ ညှိထားတဲ့[br]အလင်း လှိုင်းတိုများဖြင့် 0:02:41.051,0:02:44.473 သယ်ဆောင်ပေးတာပါ။ 0:02:44.473,0:02:49.104 လှိုင်းတိုများကို ဖန်တီးပေးဖို့ တစ်နည်းက[br]Mach-Zehnder modulator ကို သုံဖို့ပါ။ 0:02:49.104,0:02:52.865 ဒီကိရိယာက လှိုင်းတစ်ခုဆီမှာ ရှိတတ်တဲ့[br]interference လို့ခေါ်တဲ့ 0:02:52.865,0:02:54.658 ထူးခြားချက်ကို အသုံးချတာပါ။ 0:02:54.658,0:02:57.613 ရေကန်ထဲကို ကျောက်စရစ်လုံးတွေ[br]ချပေးနေတာ စိတ်ကူးကြည့်ပါ၊ 0:02:57.613,0:03:01.550 ဂယက်တွေ ပေါ်လာကာ တစ်ခုနဲ့တစ်ခု ထပ်လိုက်[br]ခြင်းဖြင့် ပုံသဏ္ဍန်တွေ ပေါ်လာကြတယ်။ 0:03:01.550,0:03:05.464 တချို့နေရာမှာ လှိုင်းထိပ်တွေ ပေါင်းမိလို့[br]သိပ်အကို ကြီးမားလာနိုင်သလို၊ 0:03:05.464,0:03:08.450 တခြားနေရာတွေမှာ တစ်ခုကိုတစ်ခုက[br]လုံးဝ ချေဖျက်ပစ်ကြတယ်။ 0:03:08.450,0:03:11.517 Mach-Zehnder စက်ကလည်း[br]အလားတူ လုပ်ပေးတာပါ။ 0:03:11.517,0:03:16.722 ပြိုင်နေတဲ့ အလင်းလှိုင်း လိုင်းများအဖြစ်[br]ပိုင်းခြားပေးပြီးနောက် ပြန်ပေါင်းပေးတာပါ။ 0:03:16.722,0:03:20.624 လိုင်း တစ်ခုထဲက အလင်းကို နှေးလိုက်ပြီး[br]အချိန်ကို ဆွဲပေးလိုက်ရင်၊ ညှိယူမှုနောက်မှာ 0:03:20.784,0:03:25.703 လှိုင်းတွေ ပြန်ပေါင်းလိုက်ခြင်းဖြင့်[br]ဖျက်ခံရလို့ အလင်းကို ပိတ်လိုက်ကြတယ်။ 0:03:25.703,0:03:28.335 လိုင်းတစ်ခုရဲ့ ကြန့်ကြာမှုကို[br]ကစားပေးခြင်းဖြင့် 0:03:28.335,0:03:33.606 modulator က ဖွင့်ပိတ်ပေးတဲ့ ခလုတ်လို[br]အလင်းအချက်ပြမှုကို ထုတ်လွှတ်ပေးနိုင်တယ်။ 0:03:33.606,0:03:36.380 picosecond တရာကြာတဲ့ အလင်းစေလွှတ်မှုက 0:03:36.380,0:03:39.450 နက်ရှိုင်းမှုကို စင်တီမီဝာ အနည်းငယ်အထိ[br]တိကျစွာ တိုင်းနိုင်ပေမဲ့၊ 0:03:39.460,0:03:43.093 အနာဂတ် ကားတွေကျတော့ ဒီ့ထက်ကို ပိုပြီး[br]ကောင်းမွန်စွာ မြင်ဖို့ လိုအပ်လိမ့်မယ်။ 0:03:43.303,0:03:47.595 စူပါအာရုံခံနိုင်မယ့် အလင်းဖမ်းစက်နဲ့[br]modulator ကို တွဲသုံးမယ်ဆိုရင် 0:03:47.595,0:03:50.878 တိကျမှုကို မီလီမီတာ[br]အထိကို မြှင့်တင်ပေးနိုင်မှာပါ။ 0:03:50.878,0:03:52.781 အဲဒီတိကျမှုဟာဖြင့် 20/20 ကြည့်စက်ဖြင့် 0:03:52.781,0:03:57.337 လမ်းတစ်ဘက်ရှိ အရာများကို တိုင်းနိုင်တာထက်[br]အဆတစ်ရာ ပိုတိကျပါတယ်။ 0:03:57.337,0:04:02.925 မော်တော်ယာဉ်သုံး ပထမမျိုးဆက် LIDAR[br]စက်တွေဟာ ကားအမိုး ဒါမှမဟုတ် ဘောင်ပေါ်မှာ 0:04:02.925,0:04:05.407 တပ်ထားတဲ့ ရှုပ်ထွေးတဲ့[br]ကိရိယာတွေကို သုံးခဲ့ကြတယ်။ 0:04:05.407,0:04:07.784 photonic တွေ၊ modulator တွေနဲ့[br]အာရုံခံ စနစ်တွေကို 0:04:07.844,0:04:12.508 တစ်စုတစ်လုံးတည်း ပေါင်းလိုက်ကာ မီလီမီတာရဲ့[br]ဆယ်ပုံတစ်ပုံထိ သေးအောင် လုပ်နိုင်ပြီး 0:04:12.508,0:04:17.837 သေးငယ်တဲ့ ချစ်ပ်အဖြစ် ကားရဲ့[br]မီးလုံးအိမ်ထဲမှာ တပ်ပေးလာနိုင်မှာပါ။ 0:04:17.837,0:04:21.806 အဲဒီချစ်ပ်တွေထဲတွင် modulator ပေါ်မှာ[br]ပညာသား ပါတဲ့ ကိရိယာ ပါဦးမှာမို့လို့ 0:04:21.806,0:04:27.275 ရွေ့လျားအရာများကို ရှောင်နိုင်ရန်နဲ့ အမြန်[br]မောင်းနေချိန်မှာ စကန် ဖတ်ပေးနိုင်မှာပါ။ 0:04:27.275,0:04:31.097 modulator လိုင်းတစ်ခုထဲက အလင်းကို[br]နည်းနည်းလေး နှေးပေးခြင်းဖြင့်၊ 0:04:31.097,0:04:36.208 အဲဒီအပိုဆောင်းကိရိယာက ဖွင့်ပိတ် ခလုတ်ထက်[br]လင်းမှုကို ထိန်းချုပ်မှု ဖြစ်ပါလိမ့်မယ်။ 0:04:36.208,0:04:40.708 အဲဒီလို လိုင်းတွေ တသီကြီးရှိပြီး တစ်ခုစီ[br]ကြန့်ကြာအောင် ထိန်းချုပ်ပေးနိုင်ရင်၊ 0:04:40.708,0:04:44.326 လုံးဝ ဆန်းသစ်တဲ့ ပုံစံနဲ့[br]အသုံးချနိုင်အောင် ဒီဇိုင်းဆွဲနိုင်လို့ 0:04:44.326,0:04:46.802 လိုသလို လှည့်သုံးနိုင်မယ့်[br]လေဆာ အလင်းတန်း ဖြစ်လာမယ်။ 0:04:46.802,0:04:48.358 အဲဒီလို ဆန်းသစ်မယ့် ကိရိယာတွေဟာ 0:04:48.358,0:04:50.778 စမတ်မျက်လုံးတွေနဲ့ တူကြမှာမို့ 0:04:50.778,0:04:54.231 စိတ်ကူးလို့ ရနိုင်တဲ့ ဘယ်သဘာဝ အရာကို[br]မဆို အသေးစိတ် မြင်နိုင်မှာ ဖြစ်ပြီး 0:04:54.231,0:04:57.514 ဘယ်လောက်ပဲ များတဲ့ အတားအဆီးတွေကို[br]မဆို မြင်နိုင်ပြီး ရှောင်နိုင်မှာပါ။ 0:04:57.514,0:05:00.428 ပြီးတော့ လမ်းမှားသွားလို့ ရုတ်တရက်[br]ပေါ်လာနိုင်တဲ့ သမင်ကလွဲလို့ 0:05:00.453,0:05:04.343 ဘယ်သူမှာမှ ပင်ပင်ပန်းပန်း အားထုတ်[br]ကြိုးပမ်းရန် လိုမှာ မဟုတ်ပါဘူး။