Return to Video

ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေးတစ်ခု တည်ဆောက်ရန်နှင့် ကွာရှင်းမှုကို ရှောင်ကြဉ်နိုင်ရန် အချက် ၃ ချက်

  • 0:03 - 0:06
    လွန်ခဲ့တဲ့နှစ် ၅၀ နီးနီးက
  • 0:06 - 0:11
    စိတ်ရောဂါပညာရှင်တွေဖြစ်တဲ့ Richard Raheနဲ့
    Thomas Holmes တိ့့ဟာ လူမှာအများဆုံး
  • 0:11 - 0:16
    ခံစားရနိုင်တဲ့ စိတ်အလွန်မင်း ကျဆင်းမှုတွေ
    ဖြစ်ရတဲ့အကြောင်းရင်းတွေကို ဖော်ထုတ်ခဲ့တယ်။
  • 0:17 - 0:20
    စာရင်းရဲ့ ထိပ်ဆုံးမှာတော့
    ကိုယ့်ခင်ပွန်း၊ ဇနီးသေဆုံးမှု
  • 0:20 - 0:23
    ၂ က ကွာရှင်းပြတ်စဲမှု
    ၃၊ အိမ်ထောင်ရေးအကွဲအပြဲ
  • 0:24 - 0:27
    အမြဲတမ်းတော့မဟုတ်ပေမဲ့ ယေဘုယျအားဖြင့်
  • 0:27 - 0:31
    အပေါ်က ၃ခုအတွက် ဇယားအောက်ဆုံးမှာ
    ဘာလိုအပ်လာသလဲဆိုတော့
  • 0:31 - 0:32
    လက်ထပ်ခြင်းတဲ့ဗျ။
  • 0:32 - 0:34
    (ရယ်သံ)
  • 0:34 - 0:40
    စတုတ္ထမြောက်က အလုပ်ထဲမှာ ခြေချုပ်မိတာ
  • 0:40 - 0:43
    တချို့က ၇ ကို ဒီမှာ ၂ခါ ပြန်ထည့်
    ထားတယ်လို့ ပြောကြတယ်။
  • 0:43 - 0:45
    (ရယ်သံ)
  • 0:46 - 0:48
    ကျွန်တော်ဒါကို မယုံပါဘူး။
  • 0:49 - 0:52
    ဘဝရဲ့စိတ်ဖိစီးမှုတွေစာရင်းထွက်လာတဲ့အခါမှာ
    အဲ့တုန်းကတော့
  • 0:52 - 0:58
    ကာလကြာရှည်တဲ့ရင်နှီးမှုဟာ အိမ်ထောင်တစ်ခု
    နဲ့တော်တော်လေး ညီလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။
  • 0:58 - 1:00
    အခုတော့ မဟုတ်တော့ပါဘူး။
  • 1:00 - 1:03
    ဒါကြောင့် ဒီဟောပြောပွဲ ရည်ရွယ်ချက်အရ
    ရှိရင်းစွဲ အချစ်ရေးနဲ့
  • 1:04 - 1:06
    သာမန်လက်ထပ်ခြင်း ကိစ္စ၊
    လိင်တူလက်ထပ်ခြင်း၊
  • 1:06 - 1:09
    လိင်တူ အချစ်ရေးကနေ
  • 1:09 - 1:13
    လိင်တူ အိမ်ထောင်ရေးအဆင့်အထိ
    ထည့်ပြောပေးသွားမှာပါ။
  • 1:14 - 1:17
    လိင်တူစုံတွဲတွေနဲ့ပတ်သတ်လို့သေချာ
    တာတခုက ကျွန်တော်
  • 1:17 - 1:20
    ပြောမယ့် နည်းလမ်းတွေက သူတို့
    အတွက်လည်း အတူတူပဲ ဆိုတာပါ။
  • 1:20 - 1:23
    ဘယ်အချစ်ရေးမဆို အကုန်လုံးအတူတူကြီးပါပဲ။
  • 1:24 - 1:26
    အခုခေတ်သစ် လူ့အဖွဲ့စည်းမှာ
  • 1:26 - 1:30
    ကာကွယ်ခြင်းက ကုသခြင်းထက်
    ပိုကောင်းတာကို သိထားပြီးသားပါ။
  • 1:30 - 1:35
    ပိုလီယို၊ဆုံဆို့နာ၊မေးခိုင်ပိုး၊ ကြက်ညှာ
    ချောင်းဆိုး၊ ဝက်သက်တို့ကို ကာကွယ်နိုင်ပြီ။
  • 1:35 - 1:40
    ဆီးချို၊ လေဖြတ်၊မှဲ့ကင်ဆာ တို့ကို
    လည်း တိုက်ဖျက်လာနိုင်ပြီ။
  • 1:40 - 1:42
    အရေးပါတဲ့တိုက်ဖျက်မှုတွေပါ။
  • 1:43 - 1:46
    တခုရှိတာက ဒါတွေက ကျွန်တော်တို့လူဦးရေ
  • 1:47 - 1:50
    ၄၅% ထိတောင် မထိခိုက်စေပါဘူး
  • 1:51 - 1:54
    အဲဒီ ၄၅% က ကျွန်တော်တို့လက်ရှိ
    ကွာရှင်းပြတ်ဆဲနှုန်းပါ။
  • 1:55 - 1:58
    ဘာဖြစ်လို့ကွာရှင်းမှုတိုက်ဖျက်ရေး
    လှုံ့ဆော်မှုတွေ မလုပ်ကြတာလဲ။
  • 1:59 - 2:05
    ထင်တာကတော့ မူဝါဒချမှတ်သူတွေက
    ဆွဲဆောင်မှုတွေ၊ အချစ်ရေးတွေနဲ့
  • 2:05 - 2:10
    သူတို့ ဘယ်လိုတည်ဆောက်ထားတယ်
    ဆိုတာကို ပြောင်းလဲလို့၊
  • 2:10 - 2:12
    ပညာပေးလို့ရတယ်ဆိုတာကို မယုံကြည်ကြလို့ပဲ။
  • 2:13 - 2:15
    ဘာလို့လဲ။
  • 2:15 - 2:19
    ဒီမူဝါဒချမှတ်သူတွေက X မျိုးးဆက်တွေဗျ။
  • 2:20 - 2:22
    အသက် ၃၀ နဲ့ ၅၀ ကြားမှာ ရှိနေကြပြီ။
  • 2:23 - 2:26
    ဒီအကြောင်းတွေ ကျွန်တော်ပြောပြ
    ကြည့်တဲ့အခါမှာ
  • 2:27 - 2:29
    သူတို့ စိတ်မပါဘူးဆိုပါတာ သိလိုက်ရတယ်။
  • 2:29 - 2:31
    သူတို့တွေးနေတာက
  • 2:31 - 2:34
    ဒါကို စိတ်ရောဂါပညာရှင်တွေ မသိကြတာလားပေါ့။
  • 2:34 - 2:38
    လူတစ်ယောက်ကတခြားတစ်ယောက်ကို
    ဆွဲဆောင်တဲ့ကိစ္စ၊ အချစ်ရေး
  • 2:38 - 2:39
    တည်ဆောက်တာကို
    သွားထိန်းချုပ်လို့မရဘူး။
  • 2:40 - 2:43
    အခု နှစ်ထောင်စုသားတွေကိုရောပါပဲ
  • 2:44 - 2:49
    ဒါဟာ သူတို့ရှေ့ အဆက်ဆက်အတိကျဆုံး
    ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ အချက်အလက်တွေနဲ့
  • 2:50 - 2:54
    စူးစမ်းပြီး လွယ်လွယ်မယုံကြည်တက်တဲ့
    မျိုးဆက်တွေကြောင့်ပါ။
  • 2:55 - 2:58
    သူတို့နဲ့ စကားပြောကြည့်တောာ့
    မတူညီတဲ့ တုံ့ပြန်မှုတွေရတယ်။ သူတို့လည်း
  • 2:58 - 3:00
    ဒါကိုသိချင်နေကြတယ်။ ဒီအိမ်ထောင်ရေး
  • 3:00 - 3:03
    ကို ဘယ်လိုကြာကြာထိန်း
    လို့ရတယ်ကို သိချင်ကြတယ်
  • 3:06 - 3:11
    "ချစ်ခြင်းရဲ့ပန်းတိုင်"ခေတ်ကို ကျွန်တော်
    နဲ့အတူ ပုခုံးဖက်ကြိုဆိုမယ့်
  • 3:11 - 3:16
    သူတွေကို ကွာရှင်းမှုတွေ ကာကွယ်နိုင်မယ့်
    နည်း ၃ နည်း ကျွန်တော် ပြောပြပါမယ်။
  • 3:16 - 3:21
    အခုကျွန်တော်တို့ ကွာရှင်းမှု ၂ ချက်ကို
    အတူတူကာကွယ်လို့ရတယ်။ နောက်ပိုင်း
  • 3:21 - 3:25
    ဆက်ဆံရေးတွေမှာ အက်ကွဲကြောင်းလေး ထင်လာတာ၊
  • 3:25 - 3:30
    ဒါမှမဟုတ် ကလေးတွေမရခင်၊ လက်မထပ်ခင်ပေါ့
  • 3:30 - 3:33
    အဲ့နေရာကို ကျွန်တော်စပြောတော့မှာပါ။
  • 3:34 - 3:36
    ဒါပထမနည်းလမ်းပါ။
  • 3:37 - 3:42
    နှစ်ထောင်စုဖွားတွေက သူတို့်စက်ပစ္စည်း
    တွေပေါ်မှာ ၇ နာရီအထက် သုံးစွဲကြပါတယ်။
  • 3:42 - 3:43
    ဒါအမေရိကားက အချက်အလက်ပါ။
  • 3:44 - 3:46
    တချို့က ဒါ သေသေချာချာတော့ မဟုတ်ပေမယ့်
  • 3:46 - 3:51
    သူတို့ရဲ့ပြင်ပက ဆက်ဆံရေးတွေကို
    ထိခိုက်နိုင်လိမ့်မယ်လို့ ပြောကြတယ်။
  • 3:51 - 3:55
    တကယ်တမ်းတော့ ထပ်ပြောရရင်
    အတူနေတဲ့ ယဉ်ကျေးမှု၊ ergo app တွေဖြစ်တဲ့
  • 3:55 - 3:57
    Tinder တွေနဲ့ အထူးဆန်းတော့လည်း
  • 3:57 - 4:00
    မဟုတ်တော့ဘူး။ အလုပ်တူတူ
    လုပ်နေတဲ့တချို့ ၂၀ ကျော်တွေ သူတို့အတွက်
  • 4:00 - 4:04
    တစ်ယောက်ယောက်နဲ့ တွေ့ကြတဲ့အခါ
    အကျိုးရှိရှိ စကားပြောဆိုတာထက်
  • 4:04 - 4:07
    လိင်ကိစ္စဖြစ်ဖို့ကဘယ်လောက်တောင်လွယ်ကူတယ်
  • 4:07 - 4:09
    ဆိုတာမျိုး ကျွန်တော်နဲ့ ပြောဖြစ်ကြတယ်။
  • 4:10 - 4:12
    တချို့က ဒါကို မကောင်းဘူးလို့ပြောကြပြန်တယ်။
  • 4:13 - 4:16
    ကျွန်တော်ကတော့ ဒါကိုတကယ်ကောင်းတယ်လို့
    ပြောမယ်ဗျာ။
  • 4:17 - 4:19
    လက်ထပ်မှုဆိုတဲ့ပြင်ပမှာ လိင်မှုကိစ္စပြုတာ
  • 4:19 - 4:23
    ဒါတော်တော်လေး ကောင်းပါတယ်။
  • 4:23 - 4:26
    အခု ကျွန်တော့်ကို လူ့ကျင့်ဝတ်ကိစ္စတွေ
    လာထောက်ပြတော့မယ်ဆိုရင်
  • 4:26 - 4:30
    အဲဒီမျိုးဆက် Xတွေရဲ့ ၉၁%သော အမျိုးသမီးတွေက
    ၃၀ မတိုင်ခင် လက်မထပ်ခင် လိင်ကိစ္စရှိဖူး
  • 4:30 - 4:34
    သူများပဲ ဖြစ်ပါတယ် ဆိုတဲ့ အမေရိက
  • 4:34 - 4:36
    ပြည်သူ့စစ်တမ်းကို သတိရလိုက်ပါ။
  • 4:36 - 4:38
    အမျိုးသမီး ၉၁% ပါ။
  • 4:39 - 4:44
    ဒီလိုမျိုးကနေ နောက်ပိုင်း အချစ်ရေးကိစ္စ
    မျိုးဖြစ်လာတာ ကောင်းပါတယ်။
  • 4:44 - 4:47
    ခု ၆၀နှစ် ဖွားတွေပဲကြည့်
  • 4:48 - 4:51
    သူတို့လက်ထပ်ခဲ့တဲ့အချိန်မှာ ပျမ်းမျှ
    အမျိုးသားတွေက ၂၃၊
  • 4:51 - 4:53
    အမျိုးသမီးတွေက ၂၀
  • 4:54 - 4:56
    ၂၀၁၅ သြစတေးလျမှာလား
  • 4:56 - 5:01
    အခုဆို အမျိုးသမီးတွေက ၃၀၊ အမျိုးသားတွေက ၃၂
  • 5:02 - 5:07
    ဒါကောင်းတယ်နော်။ ဘာလို့ဆိုတော့
    အသက်ကြီးမှ လက်ထပ်လေ
  • 5:07 - 5:09
    ကွာရှင်းမှုနှုန်း ကျလေပဲ။
  • 5:09 - 5:10
    ဘာလို့လဲ။
  • 5:10 - 5:13
    ဘာလို့ နောက်ကျမှလက်ထပ်တာက
    အထောာက်ကူပေးတာလဲ။
  • 5:13 - 5:14
    အကြောင်း ၃ ချက်ရှိပါတယ်။
  • 5:14 - 5:19
    ပထမက နောက်ကျမှ လက်ထပ်ခြင်းက
    အချက် ၂ချက်ကနေ ကွာရှင်းဖို့ ဖြစ်လာမှာကို
  • 5:19 - 5:20
    ကာကွယ်ပေးပါတယ်။
  • 5:20 - 5:22
    ဒါတွေက ပညာတတ်ခြင်းနဲ့
  • 5:23 - 5:26
    ဝင်ငွေကောင်းခြင်းပါ၊ ဒါကလည်း
    ပညာတတ်တာနဲ့ ဆက်စပ်လေ့ရှိတယ်။
  • 5:26 - 5:29
    ဒီတော့ ဒီ ၃ ချက်က တပေါင်းတစည်း
    တည်း ဖြစ်သွားပါတယ်။
  • 5:29 - 5:31
    ဒုတိယအချက်
  • 5:31 - 5:33
    ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ သုသေသနများအရ
  • 5:33 - 5:39
    လူ့ဦးနှောက်က အသက် ၂၅ နှစ်အထိ
    ဖွံ့ဖြိုးနေဆဲပါ။
  • 5:39 - 5:42
    ဒါက ခင်ဗျား ဘယ်လိုတွေးခေါ်တယ်၊ ဘာတွေ
    တွေးတယ်ဆိုတာ၂၅ နှစ်အထိ
  • 5:42 - 5:44
    ပြောင်းလဲနေတုန်းပါလို့ ပြောနေတာပါပဲ။
  • 5:45 - 5:49
    တတိယနဲ့ ကျွန်တော့အတွက် အရေးကြီးဆုံး
    ကတော့ ကိုယ့်ရဲ့အပြုအမူပါပဲ။
  • 5:49 - 5:51
    ခင်ဗျားရဲ့ အသက် ၂၀ အပြုအမူက
  • 5:51 - 5:55
    အသက် ၅၀ အပြုအမူနဲ့ ဘာမှမဆက်စပ်ပါဘူး။
  • 5:55 - 5:58
    ဒါပေမဲ့ ခင်ဗျားရဲ့ အသက် ၃၀ အပြုအမူက
  • 5:58 - 6:01
    အသက် ၅၀ အပြုအမူနဲ့ ဆက်ကိုဆက်စပ်နေပါတယ်။
  • 6:01 - 6:04
    ဒါကြောင့် ငယ်ငယ်နဲ့အိမ်ထောင်ကျသူကိူ
    ဘာလို့ကွဲတာလဲလို့ မေးတော့
  • 6:04 - 6:06
    ကျွန်တော်တို့ သွေးအေးလာလို့တဲ့
  • 6:07 - 6:08
    သူတို့အံ့အားသင့်ဖွယ်မှန်တာ။
  • 6:08 - 6:13
    ဘာလို့ဆိုတော့ ၂၀ ခုနှစ်များက ပြောင်းလဲ
    ခြင်း၊ ရင့်ကျက်ခြင်းတို့ အမြန်ဆုံးဖြစ်ပျက်
  • 6:13 - 6:19
    နေလို့ပါပဲ။ ဒါကြောင့် ပထမဆုံးကတော့ အသက်လေး
    ရလာမှ အိမ်ထောင်ပြုသင့်တာပါပဲ။
  • 6:19 - 6:21
    (ရယ်သံ)
  • 6:22 - 6:23
    ဒုတိယအချက်
  • 6:24 - 6:28
    John Gottman စိတ်ပညာဗေဒပညာရှင်
    အချစ်ရေးဆိုင်ရာသုတေသီက ပျော်ရွှင်
  • 6:28 - 6:33
    အောင်မြင်တဲ့အိမ်ထောင်ရေးနဲ့ ပတ်သတ်
    နေတဲ့ အချက်များစွာကို ပြောပြနိုင်ပါတယ်။
  • 6:35 - 6:37
    ဒီထဲကမှ ကျွန်တော်ပြောချင်တဲ့
    တစ်ချက်က
  • 6:37 - 6:38
    တကယ့် အကြီးကြီးပါ။
  • 6:38 - 6:44
    ၈၁ % သော အိမ်ထောင်ရေးတွေက
    အချင်းချင်းမှာပြဿနာတွေဖြစ်၊
  • 6:44 - 6:47
    ဒါက ယနေ့တကယ်ပဲ ဖြစ်တာ။
    ဒါကြောင့်ဒုတိယအချက်ကို
  • 6:47 - 6:51
    ပြောဖို့လိုလာတာက ချိန်းတွေ့တဲ့အခါ
    အချင်းချင်း သုံးသပ်လို့ရတယ်။
  • 6:51 - 6:57
    Gottman တွေ့ခဲ့တာက အချင်းချင်း
    လုပ်ပိုင်ခွင့် မျှဝေလေ့ရှိတဲ့
  • 6:57 - 6:58
    ဇနီးမောင်နှံတွေက
  • 6:58 - 7:02
    အချိန်ကာလကြာကြာ ပိုတည်မြဲပြီး၊
    ပျော်ရွှင်ကြတယ် ဆိုတာပဲ။
  • 7:03 - 7:04
    သူတို့က လွှမ်းမိုးနိုင်တယ်၊
    ဥပမာ အိမ် ကား
  • 7:07 - 7:11
    ဝယ်တာ၊ နိုင်ငံခြားခရီးထွက်တာ၊
    ကလေးယူတာမျိုး ဆုံးဖြတ်ချက်
  • 7:11 - 7:13
    အကြီးစားတွေမှာလိုပေါ့။
  • 7:13 - 7:16
    ဒါပေမဲ့ Gottman အဲ့အချက်ကို
    အောက်ခြေထိ ချပြတဲ့အခါ
  • 7:16 - 7:21
    ဘာတွေ့လိုက်ရလဲဆိုတော့ အမျိုးသမီးတွေက
    တော်တော်လေး လွှမ်းမိုးနိုင်ကြပါတယ်။
  • 7:22 - 7:24
    ကဲ. ပြဿနာကဘာဖြစ်မလဲတွေးကြည့်။
  • 7:24 - 7:25
    (ရယ်သံ)
  • 7:25 - 7:27
    ဟုတ်တယ်။ အဲဒီမှာ လုပ်စရာ ၂ ချက်ပဲ
    ရှိတာ ဟုတ်တယ်နော်။
  • 7:27 - 7:29
    ယောကျ်ားတွေကို
    အပြစ်တင်မယ်။
  • 7:30 - 7:32
    နောက်တစ်ချက် Gottmanသွားတွေ့တာက
  • 7:32 - 7:36
    လွှမ်းမိုးနိုင်တဲ့ အမျိုးသားတွေက
  • 7:36 - 7:41
    ထက်မြက်တဲ့ဖခင်တွေ ဖြစ်လာကြတယ်။
  • 7:41 - 7:46
    ဒါကြောင့် အမျိုးသမီးတွေ.. ဘယ်လောက်များ
    ကိုယ့်အမျိုးသားက လွှမ်းမိုးနိုင်ကြသလဲ။
  • 7:47 - 7:48
    ကဲ အမျိုးသားတွေ
  • 7:51 - 7:53
    မင်းသူ့ကိုလေးစားလို့ သူမနဲ့အတူ ရှိနေတယ်။
  • 7:55 - 7:59
    အဲဒီလေးစားပါတယ်ဆိုတာကို ဆုံးဖြတ်ချက်တွေ
    ချတဲ့နေရာမှာလည်း ချသုံးသင့်ပါတယ်
  • 8:02 - 8:04
    တတိယအချက်
  • 8:07 - 8:11
    တခါတလေ ကျွန်တော် စိတ်တော့ဝင်စားမိတာက
    တချို့အိမ်ထောင်သည်တွေ လက်ထပ်ပြီး
  • 8:12 - 8:14
    နှစ် ၃ဝ ၄၀ လောက်မှ လာလာတွေ့ကြတာကိုပဲ။
  • 8:14 - 8:19
    အဲဒီချိန်က သူတို့ရဲ့သက်ကြီးပိုင်း နာမကျန်း
    မှုတွေ၊ ခံစားမှုတွေကို နီးကပ်လာနေတာ။
  • 8:19 - 8:24
    အဲ့ဒီအချိန်လေးက တစ်ယောက်ကိုတစ်ယောက်
    ဂရုတစိုက်၊ အရိပ်တကြည့်ကြည့် နေရတော့မယ်လေ။
  • 8:25 - 8:28
    သူတို့ဟာ အရင်ကမှားခဲ့သမျှတွေ
    ယုံကြည်မှု ပျက်ပြားတာတွေနဲ့
  • 8:28 - 8:32
    သစ္စာဖောက်တာတွေ
    အထိကို ခွင့်လွှတ်ဖို့ လုပ်လာပါတယ်။
  • 8:32 - 8:34
    ဘာလို့ဆို တစ်ယောက်နဲ့
    တစ်ယောက်ဂရုစိုက်ကြလို့ပါ။
  • 8:34 - 8:36
    ဒါဆိုဘာက သူတို့ကို ကွဲစေတာလဲ။
  • 8:36 - 8:38
    အဲ့အတွက်အကောင်းဆုံး
    အဖြေကတော့ အားကိုးရခြင်း
  • 8:38 - 8:40
    မရခြင်းပါ။
  • 8:41 - 8:42
    မင်းလက်တွဲဖော်က မင်းနောက်မှာ ရှိနေသလား။
  • 8:42 - 8:44
    နှစ်မျိုးတော့ရှိမယ်။
  • 8:44 - 8:50
    ပထမက မင်းလက်တွဲဖော်က သူ ဖြစ်ချင်တာတွေ
    ပြောပြတာတွေကို မင်းယုံကြည်ကိုးစားရလား။
  • 8:50 - 8:51
    ပြောတဲ့အတိုင်းလုပ်လား။
  • 8:52 - 8:53
    ဒုတိယက
  • 8:54 - 8:56
    အကယ်၍ပေါ့လေ
  • 8:56 - 8:59
    ခင်ဗျား ဘေးဖယ်ခံရ၊ တစ်ယောက်ယောက်ရဲ့
    စကားတွေနဲ့ တိုက်ခိုက်တာ
  • 8:59 - 9:04
    ခံရမယ်၊ ဒါမှမဟုတ် အိပ်ရာထဲ ဖုန်းဖုန်းလဲ
    သွားမယ်ဆိုရင် ခင်ဗျားအိမ်ထောာင်ဖက်က
  • 9:04 - 9:08
    ဘေးကနေ ခင်ဗျားအတွက် လိုအပ်တဲ့
  • 9:08 - 9:11
    ဂရုစိုက်မှုနဲ့ ကာကွယ်မှုတွေပေးနိုင်မှာလား။
  • 9:11 - 9:13
    ပြဿနာက
  • 9:13 - 9:15
    ခင်ဗျားက အသက်ကြီးလာချိန်
  • 9:15 - 9:18
    အိမ်ထောင်ဖက်က ခင်ဗျားအတွက်
    လုပ်နေတာ မဟုတ်တော့
  • 9:18 - 9:20
    တကယ်က ခင်ဗျားက သူတို့အတွက် လုပ်ပေးနေတော့
  • 9:21 - 9:24
    အိမ်ထောင်ရေးက စအက်ကွဲကြောင်း
    ဖြစ်လာတော့တာပါပဲ။
  • 9:24 - 9:29
    ခင်ဗျား ဒီအကွဲအပြဲထဲမှာ ရှိမနေတာက
    ပိုကောင်းမယ်လို့ ထင်သွားနိုင်တယ်။
  • 9:30 - 9:36
    ဒါကြောင့် ခင်ဗျားအိမ်ထောင်ဖက်က တကယ်
    အရေးကြုံတဲ့အခါ ခင်ဗျားဘေးမှာလား။
  • 9:37 - 9:40
    တချိန်လုံး မဟုတ်ပါဘူး။ ၈၀%လောက်ပါပဲ။
  • 9:40 - 9:42
    ခင်ဗျားအတွက် အရေးကြီးရင်တော့ အပြည့်ပေါ့။
  • 9:44 - 9:49
    ခင်ဗျားဘက်မှာက အိမ်ထောင်ဖက်အတွက်
    တခုခုဇောက်ချမလုပ်ခင် သေချာစဉ်းစားရမယ်။
  • 9:49 - 9:54
    ပါးစပ်လေးနဲ့ပဲ ကြားကောင်းအောင် ကတိပဲပေးရုံ
    သပ်သပ်နဲ့ တဖက်သားကို စိတ်ကုန်စေမှာထက်
  • 9:54 - 9:57
    ကတိပေးထားတဲ့အတိုင်း လုပ်နိုင်သမျှလုပ်
  • 9:57 - 9:58
    နိုင်ရင်တော့ ပိုကောင်းတာပေါ့။
  • 10:02 - 10:06
    အကယ်၍တခုခုက ခင်ဗျားအိမ်ထောင်ဖက်အတွက်
    အရေးကြီးနေရင်တော့ ကတိပေးပြီး
  • 10:06 - 10:09
    ငရဲပဲ ဖြတ်ရဖြတ်ရ၊ ပင်လယ်ပဲ ကူးရကူးရ
    တည်အောင်တော့ လုပ်ရတော့မှာပဲ။
  • 10:10 - 10:13
    ကဲ ဒါတွေက မင်းတို့ရှာဖွေရမယ့်
    ဟာတွေကို ပြောပြနေတာပါ။
  • 10:13 - 10:16
    မပူပါနဲ့။ ဒါတွေက ရှိရင်းစွဲ
    အိမ်ထောင်ရေးမှာလည်း
  • 10:16 - 10:17
    တည်ဆောက်လို့လည်းရပါတယ်။
  • 10:20 - 10:24
    ကျွန်တော် ယုံကြည်ပါတယ်၊ အရေးပါဆုံး
    ဆုံးဖြတ်ချက်တွေကို
  • 10:25 - 10:27
    ခင်ဗျားအိမ်ထောင်ဖက်ရွေးတဲ့အခါ၊
  • 10:27 - 10:30
    ခင်ဗျားရဲ့တခြားမိဘတွေလို ကိုယ့်ကလေးတွေကို
  • 10:31 - 10:34
    ဖြစ်စေချင်တာမျိုးမှာ ချကြမှာပါ။
    ပြီးတော့
  • 10:35 - 10:37
    တူနှစ်ကိုယ် ကြည်နူးမှုတွေလည်း ပါတာပေါ့။
  • 10:37 - 10:41
    ချစ်ကြည်နူးတယ်ဆိုတာ ခမ်းနားတယ်၊
    လှပတယ်၊ ထူးလည်းထူးဆန်းတယ်။
  • 10:42 - 10:47
    ဒါပေမယ့် ဘဝအတွက် အရေးကြီးတာတွေကို
    ဆုံးဖြတ်ချက်ချတဲ့အခါ
  • 10:47 - 10:52
    ဒီကြည်နူးမှုကို အတွေးအခေါ်တွေ၊
    အသိတွေနဲ့ ထုံမွှန်းထားတဲ့
  • 10:52 - 10:55
    နှလုံးသားနဲ့ ထပ်ဝန်းရံဖို့ လိုပါတယ်။
  • 10:55 - 10:56
    ကျေးဇူးတင်ပါတယ်။
  • 10:56 - 11:00
    (လက်ခုပ်တီးသံ)
Title:
ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေးတစ်ခု တည်ဆောက်ရန်နှင့် ကွာရှင်းမှုကို ရှောင်ကြဉ်နိုင်ရန် အချက် ၃ ချက်
Speaker:
George Blair-West
Description:

ဘဝမှာ အိမ်ထောင်ပြုဖို့ပြီး တစ်စုံတစ်ယောက်နဲ့တစ်အိုးတစ်အိမ် ထူထောင်ဖို့ဆိုတာ အရမ်းအရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ဒါပေမယ့် ကွာရှင်းတဲ့နှုန်းက တချို့နေရာတွေမှာ ၅၀ %လောက် မြင့်တက်လာတဲ့အခါမှာတော့ ကျွန်တော်တို့တွေ လက်တွဲဖော်ရွေးချယ်ဖို့ အကူညီလိုလာပါတော့တယ်။အမြင်လည်းကျယ်စေမယ့် လက်တွေ့လည်းကျတဲ့... George Blair-West ကတော့ အမြင်လည်းကျယ်စေမယ့် လက်တွေ့လည်းကျတဲ့၊ ကွာရှင်းပြတ်စဲတာကို ကာကွယ်ပေးသွားမယ့် အဓိက သော့ချက် (၃) ချက်ကို ပြောပြထားပြီး၊ နှစ်ဖက်တွဲနေစဉ်မှာ အလားလာရှိနိုင်တဲ့ ပြဿနာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
11:13

Burmese subtitles

Revisions