လွန်ခဲ့တဲ့နှစ် ၅၀ နီးနီးက စိတ်ရောဂါပညာရှင်တွေဖြစ်တဲ့ Richard Raheနဲ့ Thomas Holmes တိ့့ဟာ လူမှာအများဆုံး ခံစားရနိုင်တဲ့ စိတ်အလွန်မင်း ကျဆင်းမှုတွေ ဖြစ်ရတဲ့အကြောင်းရင်းတွေကို ဖော်ထုတ်ခဲ့တယ်။ စာရင်းရဲ့ ထိပ်ဆုံးမှာတော့ ကိုယ့်ခင်ပွန်း၊ ဇနီးသေဆုံးမှု ၂ က ကွာရှင်းပြတ်စဲမှု ၃၊ အိမ်ထောင်ရေးအကွဲအပြဲ အမြဲတမ်းတော့မဟုတ်ပေမဲ့ ယေဘုယျအားဖြင့် အပေါ်က ၃ခုအတွက် ဇယားအောက်ဆုံးမှာ ဘာလိုအပ်လာသလဲဆိုတော့ လက်ထပ်ခြင်းတဲ့ဗျ။ (ရယ်သံ) စတုတ္ထမြောက်က အလုပ်ထဲမှာ ခြေချုပ်မိတာ တချို့က ၇ ကို ဒီမှာ ၂ခါ ပြန်ထည့် ထားတယ်လို့ ပြောကြတယ်။ (ရယ်သံ) ကျွန်တော်ဒါကို မယုံပါဘူး။ ဘဝရဲ့စိတ်ဖိစီးမှုတွေစာရင်းထွက်လာတဲ့အခါမှာ အဲ့တုန်းကတော့ ကာလကြာရှည်တဲ့ရင်နှီးမှုဟာ အိမ်ထောင်တစ်ခု နဲ့တော်တော်လေး ညီလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ အခုတော့ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီဟောပြောပွဲ ရည်ရွယ်ချက်အရ ရှိရင်းစွဲ အချစ်ရေးနဲ့ သာမန်လက်ထပ်ခြင်း ကိစ္စ၊ လိင်တူလက်ထပ်ခြင်း၊ လိင်တူ အချစ်ရေးကနေ လိင်တူ အိမ်ထောင်ရေးအဆင့်အထိ ထည့်ပြောပေးသွားမှာပါ။ လိင်တူစုံတွဲတွေနဲ့ပတ်သတ်လို့သေချာ တာတခုက ကျွန်တော် ပြောမယ့် နည်းလမ်းတွေက သူတို့ အတွက်လည်း အတူတူပဲ ဆိုတာပါ။ ဘယ်အချစ်ရေးမဆို အကုန်လုံးအတူတူကြီးပါပဲ။ အခုခေတ်သစ် လူ့အဖွဲ့စည်းမှာ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတာကို သိထားပြီးသားပါ။ ပိုလီယို၊ဆုံဆို့နာ၊မေးခိုင်ပိုး၊ ကြက်ညှာ ချောင်းဆိုး၊ ဝက်သက်တို့ကို ကာကွယ်နိုင်ပြီ။ ဆီးချို၊ လေဖြတ်၊မှဲ့ကင်ဆာ တို့ကို လည်း တိုက်ဖျက်လာနိုင်ပြီ။ အရေးပါတဲ့တိုက်ဖျက်မှုတွေပါ။ တခုရှိတာက ဒါတွေက ကျွန်တော်တို့လူဦးရေ ၄၅% ထိတောင် မထိခိုက်စေပါဘူး အဲဒီ ၄၅% က ကျွန်တော်တို့လက်ရှိ ကွာရှင်းပြတ်ဆဲနှုန်းပါ။ ဘာဖြစ်လို့ကွာရှင်းမှုတိုက်ဖျက်ရေး လှုံ့ဆော်မှုတွေ မလုပ်ကြတာလဲ။ ထင်တာကတော့ မူဝါဒချမှတ်သူတွေက ဆွဲဆောင်မှုတွေ၊ အချစ်ရေးတွေနဲ့ သူတို့ ဘယ်လိုတည်ဆောက်ထားတယ် ဆိုတာကို ပြောင်းလဲလို့၊ ပညာပေးလို့ရတယ်ဆိုတာကို မယုံကြည်ကြလို့ပဲ။ ဘာလို့လဲ။ ဒီမူဝါဒချမှတ်သူတွေက X မျိုးးဆက်တွေဗျ။ အသက် ၃၀ နဲ့ ၅၀ ကြားမှာ ရှိနေကြပြီ။ ဒီအကြောင်းတွေ ကျွန်တော်ပြောပြ ကြည့်တဲ့အခါမှာ သူတို့ စိတ်မပါဘူးဆိုပါတာ သိလိုက်ရတယ်။ သူတို့တွေးနေတာက ဒါကို စိတ်ရောဂါပညာရှင်တွေ မသိကြတာလားပေါ့။ လူတစ်ယောက်ကတခြားတစ်ယောက်ကို ဆွဲဆောင်တဲ့ကိစ္စ၊ အချစ်ရေး တည်ဆောက်တာကို သွားထိန်းချုပ်လို့မရဘူး။ အခု နှစ်ထောင်စုသားတွေကိုရောပါပဲ ဒါဟာ သူတို့ရှေ့ အဆက်ဆက်အတိကျဆုံး ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ အချက်အလက်တွေနဲ့ စူးစမ်းပြီး လွယ်လွယ်မယုံကြည်တက်တဲ့ မျိုးဆက်တွေကြောင့်ပါ။ သူတို့နဲ့ စကားပြောကြည့်တောာ့ မတူညီတဲ့ တုံ့ပြန်မှုတွေရတယ်။ သူတို့လည်း ဒါကိုသိချင်နေကြတယ်။ ဒီအိမ်ထောင်ရေး ကို ဘယ်လိုကြာကြာထိန်း လို့ရတယ်ကို သိချင်ကြတယ် "ချစ်ခြင်းရဲ့ပန်းတိုင်"ခေတ်ကို ကျွန်တော် နဲ့အတူ ပုခုံးဖက်ကြိုဆိုမယ့် သူတွေကို ကွာရှင်းမှုတွေ ကာကွယ်နိုင်မယ့် နည်း ၃ နည်း ကျွန်တော် ပြောပြပါမယ်။ အခုကျွန်တော်တို့ ကွာရှင်းမှု ၂ ချက်ကို အတူတူကာကွယ်လို့ရတယ်။ နောက်ပိုင်း ဆက်ဆံရေးတွေမှာ အက်ကွဲကြောင်းလေး ထင်လာတာ၊ ဒါမှမဟုတ် ကလေးတွေမရခင်၊ လက်မထပ်ခင်ပေါ့ အဲ့နေရာကို ကျွန်တော်စပြောတော့မှာပါ။ ဒါပထမနည်းလမ်းပါ။ နှစ်ထောင်စုဖွားတွေက သူတို့်စက်ပစ္စည်း တွေပေါ်မှာ ၇ နာရီအထက် သုံးစွဲကြပါတယ်။ ဒါအမေရိကားက အချက်အလက်ပါ။ တချို့က ဒါ သေသေချာချာတော့ မဟုတ်ပေမယ့် သူတို့ရဲ့ပြင်ပက ဆက်ဆံရေးတွေကို ထိခိုက်နိုင်လိမ့်မယ်လို့ ပြောကြတယ်။ တကယ်တမ်းတော့ ထပ်ပြောရရင် အတူနေတဲ့ ယဉ်ကျေးမှု၊ ergo app တွေဖြစ်တဲ့ Tinder တွေနဲ့ အထူးဆန်းတော့လည်း မဟုတ်တော့ဘူး။ အလုပ်တူတူ လုပ်နေတဲ့တချို့ ၂၀ ကျော်တွေ သူတို့အတွက် တစ်ယောက်ယောက်နဲ့ တွေ့ကြတဲ့အခါ အကျိုးရှိရှိ စကားပြောဆိုတာထက် လိင်ကိစ္စဖြစ်ဖို့ကဘယ်လောက်တောင်လွယ်ကူတယ် ဆိုတာမျိုး ကျွန်တော်နဲ့ ပြောဖြစ်ကြတယ်။ တချို့က ဒါကို မကောင်းဘူးလို့ပြောကြပြန်တယ်။ ကျွန်တော်ကတော့ ဒါကိုတကယ်ကောင်းတယ်လို့ ပြောမယ်ဗျာ။ လက်ထပ်မှုဆိုတဲ့ပြင်ပမှာ လိင်မှုကိစ္စပြုတာ ဒါတော်တော်လေး ကောင်းပါတယ်။ အခု ကျွန်တော့်ကို လူ့ကျင့်ဝတ်ကိစ္စတွေ လာထောက်ပြတော့မယ်ဆိုရင် အဲဒီမျိုးဆက် Xတွေရဲ့ ၉၁%သော အမျိုးသမီးတွေက ၃၀ မတိုင်ခင် လက်မထပ်ခင် လိင်ကိစ္စရှိဖူး သူများပဲ ဖြစ်ပါတယ် ဆိုတဲ့ အမေရိက ပြည်သူ့စစ်တမ်းကို သတိရလိုက်ပါ။ အမျိုးသမီး ၉၁% ပါ။ ဒီလိုမျိုးကနေ နောက်ပိုင်း အချစ်ရေးကိစ္စ မျိုးဖြစ်လာတာ ကောင်းပါတယ်။ ခု ၆၀နှစ် ဖွားတွေပဲကြည့် သူတို့လက်ထပ်ခဲ့တဲ့အချိန်မှာ ပျမ်းမျှ အမျိုးသားတွေက ၂၃၊ အမျိုးသမီးတွေက ၂၀ ၂၀၁၅ သြစတေးလျမှာလား အခုဆို အမျိုးသမီးတွေက ၃၀၊ အမျိုးသားတွေက ၃၂ ဒါကောင်းတယ်နော်။ ဘာလို့ဆိုတော့ အသက်ကြီးမှ လက်ထပ်လေ ကွာရှင်းမှုနှုန်း ကျလေပဲ။ ဘာလို့လဲ။ ဘာလို့ နောက်ကျမှလက်ထပ်တာက အထောာက်ကူပေးတာလဲ။ အကြောင်း ၃ ချက်ရှိပါတယ်။ ပထမက နောက်ကျမှ လက်ထပ်ခြင်းက အချက် ၂ချက်ကနေ ကွာရှင်းဖို့ ဖြစ်လာမှာကို ကာကွယ်ပေးပါတယ်။ ဒါတွေက ပညာတတ်ခြင်းနဲ့ ဝင်ငွေကောင်းခြင်းပါ၊ ဒါကလည်း ပညာတတ်တာနဲ့ ဆက်စပ်လေ့ရှိတယ်။ ဒီတော့ ဒီ ၃ ချက်က တပေါင်းတစည်း တည်း ဖြစ်သွားပါတယ်။ ဒုတိယအချက် ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ သုသေသနများအရ လူ့ဦးနှောက်က အသက် ၂၅ နှစ်အထိ ဖွံ့ဖြိုးနေဆဲပါ။ ဒါက ခင်ဗျား ဘယ်လိုတွေးခေါ်တယ်၊ ဘာတွေ တွေးတယ်ဆိုတာ၂၅ နှစ်အထိ ပြောင်းလဲနေတုန်းပါလို့ ပြောနေတာပါပဲ။ တတိယနဲ့ ကျွန်တော့အတွက် အရေးကြီးဆုံး ကတော့ ကိုယ့်ရဲ့အပြုအမူပါပဲ။ ခင်ဗျားရဲ့ အသက် ၂၀ အပြုအမူက အသက် ၅၀ အပြုအမူနဲ့ ဘာမှမဆက်စပ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ အသက် ၃၀ အပြုအမူက အသက် ၅၀ အပြုအမူနဲ့ ဆက်ကိုဆက်စပ်နေပါတယ်။ ဒါကြောင့် ငယ်ငယ်နဲ့အိမ်ထောင်ကျသူကိူ ဘာလို့ကွဲတာလဲလို့ မေးတော့ ကျွန်တော်တို့ သွေးအေးလာလို့တဲ့ သူတို့အံ့အားသင့်ဖွယ်မှန်တာ။ ဘာလို့ဆိုတော့ ၂၀ ခုနှစ်များက ပြောင်းလဲ ခြင်း၊ ရင့်ကျက်ခြင်းတို့ အမြန်ဆုံးဖြစ်ပျက် နေလို့ပါပဲ။ ဒါကြောင့် ပထမဆုံးကတော့ အသက်လေး ရလာမှ အိမ်ထောင်ပြုသင့်တာပါပဲ။ (ရယ်သံ) ဒုတိယအချက် John Gottman စိတ်ပညာဗေဒပညာရှင် အချစ်ရေးဆိုင်ရာသုတေသီက ပျော်ရွှင် အောင်မြင်တဲ့အိမ်ထောင်ရေးနဲ့ ပတ်သတ် နေတဲ့ အချက်များစွာကို ပြောပြနိုင်ပါတယ်။ ဒီထဲကမှ ကျွန်တော်ပြောချင်တဲ့ တစ်ချက်က တကယ့် အကြီးကြီးပါ။ ၈၁ % သော အိမ်ထောင်ရေးတွေက အချင်းချင်းမှာပြဿနာတွေဖြစ်၊ ဒါက ယနေ့တကယ်ပဲ ဖြစ်တာ။ ဒါကြောင့်ဒုတိယအချက်ကို ပြောဖို့လိုလာတာက ချိန်းတွေ့တဲ့အခါ အချင်းချင်း သုံးသပ်လို့ရတယ်။ Gottman တွေ့ခဲ့တာက အချင်းချင်း လုပ်ပိုင်ခွင့် မျှဝေလေ့ရှိတဲ့ ဇနီးမောင်နှံတွေက အချိန်ကာလကြာကြာ ပိုတည်မြဲပြီး၊ ပျော်ရွှင်ကြတယ် ဆိုတာပဲ။ သူတို့က လွှမ်းမိုးနိုင်တယ်၊ ဥပမာ အိမ် ကား ဝယ်တာ၊ နိုင်ငံခြားခရီးထွက်တာ၊ ကလေးယူတာမျိုး ဆုံးဖြတ်ချက် အကြီးစားတွေမှာလိုပေါ့။ ဒါပေမဲ့ Gottman အဲ့အချက်ကို အောက်ခြေထိ ချပြတဲ့အခါ ဘာတွေ့လိုက်ရလဲဆိုတော့ အမျိုးသမီးတွေက တော်တော်လေး လွှမ်းမိုးနိုင်ကြပါတယ်။ ကဲ. ပြဿနာကဘာဖြစ်မလဲတွေးကြည့်။ (ရယ်သံ) ဟုတ်တယ်။ အဲဒီမှာ လုပ်စရာ ၂ ချက်ပဲ ရှိတာ ဟုတ်တယ်နော်။ ယောကျ်ားတွေကို အပြစ်တင်မယ်။ နောက်တစ်ချက် Gottmanသွားတွေ့တာက လွှမ်းမိုးနိုင်တဲ့ အမျိုးသားတွေက ထက်မြက်တဲ့ဖခင်တွေ ဖြစ်လာကြတယ်။ ဒါကြောင့် အမျိုးသမီးတွေ.. ဘယ်လောက်များ ကိုယ့်အမျိုးသားက လွှမ်းမိုးနိုင်ကြသလဲ။ ကဲ အမျိုးသားတွေ မင်းသူ့ကိုလေးစားလို့ သူမနဲ့အတူ ရှိနေတယ်။ အဲဒီလေးစားပါတယ်ဆိုတာကို ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာလည်း ချသုံးသင့်ပါတယ် တတိယအချက် တခါတလေ ကျွန်တော် စိတ်တော့ဝင်စားမိတာက တချို့အိမ်ထောင်သည်တွေ လက်ထပ်ပြီး နှစ် ၃ဝ ၄၀ လောက်မှ လာလာတွေ့ကြတာကိုပဲ။ အဲဒီချိန်က သူတို့ရဲ့သက်ကြီးပိုင်း နာမကျန်း မှုတွေ၊ ခံစားမှုတွေကို နီးကပ်လာနေတာ။ အဲ့ဒီအချိန်လေးက တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက်၊ အရိပ်တကြည့်ကြည့် နေရတော့မယ်လေ။ သူတို့ဟာ အရင်ကမှားခဲ့သမျှတွေ ယုံကြည်မှု ပျက်ပြားတာတွေနဲ့ သစ္စာဖောက်တာတွေ အထိကို ခွင့်လွှတ်ဖို့ လုပ်လာပါတယ်။ ဘာလို့ဆို တစ်ယောက်နဲ့ တစ်ယောက်ဂရုစိုက်ကြလို့ပါ။ ဒါဆိုဘာက သူတို့ကို ကွဲစေတာလဲ။ အဲ့အတွက်အကောင်းဆုံး အဖြေကတော့ အားကိုးရခြင်း မရခြင်းပါ။ မင်းလက်တွဲဖော်က မင်းနောက်မှာ ရှိနေသလား။ နှစ်မျိုးတော့ရှိမယ်။ ပထမက မင်းလက်တွဲဖော်က သူ ဖြစ်ချင်တာတွေ ပြောပြတာတွေကို မင်းယုံကြည်ကိုးစားရလား။ ပြောတဲ့အတိုင်းလုပ်လား။ ဒုတိယက အကယ်၍ပေါ့လေ ခင်ဗျား ဘေးဖယ်ခံရ၊ တစ်ယောက်ယောက်ရဲ့ စကားတွေနဲ့ တိုက်ခိုက်တာ ခံရမယ်၊ ဒါမှမဟုတ် အိပ်ရာထဲ ဖုန်းဖုန်းလဲ သွားမယ်ဆိုရင် ခင်ဗျားအိမ်ထောာင်ဖက်က ဘေးကနေ ခင်ဗျားအတွက် လိုအပ်တဲ့ ဂရုစိုက်မှုနဲ့ ကာကွယ်မှုတွေပေးနိုင်မှာလား။ ပြဿနာက ခင်ဗျားက အသက်ကြီးလာချိန် အိမ်ထောင်ဖက်က ခင်ဗျားအတွက် လုပ်နေတာ မဟုတ်တော့ တကယ်က ခင်ဗျားက သူတို့အတွက် လုပ်ပေးနေတော့ အိမ်ထောင်ရေးက စအက်ကွဲကြောင်း ဖြစ်လာတော့တာပါပဲ။ ခင်ဗျား ဒီအကွဲအပြဲထဲမှာ ရှိမနေတာက ပိုကောင်းမယ်လို့ ထင်သွားနိုင်တယ်။ ဒါကြောင့် ခင်ဗျားအိမ်ထောင်ဖက်က တကယ် အရေးကြုံတဲ့အခါ ခင်ဗျားဘေးမှာလား။ တချိန်လုံး မဟုတ်ပါဘူး။ ၈၀%လောက်ပါပဲ။ ခင်ဗျားအတွက် အရေးကြီးရင်တော့ အပြည့်ပေါ့။ ခင်ဗျားဘက်မှာက အိမ်ထောင်ဖက်အတွက် တခုခုဇောက်ချမလုပ်ခင် သေချာစဉ်းစားရမယ်။ ပါးစပ်လေးနဲ့ပဲ ကြားကောင်းအောင် ကတိပဲပေးရုံ သပ်သပ်နဲ့ တဖက်သားကို စိတ်ကုန်စေမှာထက် ကတိပေးထားတဲ့အတိုင်း လုပ်နိုင်သမျှလုပ် နိုင်ရင်တော့ ပိုကောင်းတာပေါ့။ အကယ်၍တခုခုက ခင်ဗျားအိမ်ထောင်ဖက်အတွက် အရေးကြီးနေရင်တော့ ကတိပေးပြီး ငရဲပဲ ဖြတ်ရဖြတ်ရ၊ ပင်လယ်ပဲ ကူးရကူးရ တည်အောင်တော့ လုပ်ရတော့မှာပဲ။ ကဲ ဒါတွေက မင်းတို့ရှာဖွေရမယ့် ဟာတွေကို ပြောပြနေတာပါ။ မပူပါနဲ့။ ဒါတွေက ရှိရင်းစွဲ အိမ်ထောင်ရေးမှာလည်း တည်ဆောက်လို့လည်းရပါတယ်။ ကျွန်တော် ယုံကြည်ပါတယ်၊ အရေးပါဆုံး ဆုံးဖြတ်ချက်တွေကို ခင်ဗျားအိမ်ထောင်ဖက်ရွေးတဲ့အခါ၊ ခင်ဗျားရဲ့တခြားမိဘတွေလို ကိုယ့်ကလေးတွေကို ဖြစ်စေချင်တာမျိုးမှာ ချကြမှာပါ။ ပြီးတော့ တူနှစ်ကိုယ် ကြည်နူးမှုတွေလည်း ပါတာပေါ့။ ချစ်ကြည်နူးတယ်ဆိုတာ ခမ်းနားတယ်၊ လှပတယ်၊ ထူးလည်းထူးဆန်းတယ်။ ဒါပေမယ့် ဘဝအတွက် အရေးကြီးတာတွေကို ဆုံးဖြတ်ချက်ချတဲ့အခါ ဒီကြည်နူးမှုကို အတွေးအခေါ်တွေ၊ အသိတွေနဲ့ ထုံမွှန်းထားတဲ့ နှလုံးသားနဲ့ ထပ်ဝန်းရံဖို့ လိုပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်တီးသံ)