ရောဂါပိုးမွှားတွေ လေယာဉ်တွေပေါ်မှာ ရွေ့လျားပုံနှင့် ၎င်းတို့ကို တားဆီးနိုင်ပုံ။
-
0:02 - 0:03လက်တွေထောင်ပြလို့ ရမလား..
-
0:03 - 0:07ဒီအခန်းထဲက ဘယ်နှစ်ယောက်လောက်
ဒီနှစ် လေယာဉ်စီးပြီးပြီးလဲဗျာ။ -
0:08 - 0:09ကောင်းလိုက်တာဗျာ။
-
0:09 - 0:12အင်း ဖြစ်သွားတာက ခင်ဗျားတို့ဟာ
နှစ်စဉ် ဒီအတွေ့အကြုံကို -
0:12 - 0:15လူသန်း သုံးထောင်ကျော်နဲ့ မျှဝေလိုက်တာပါ။
-
0:15 - 0:18ပြီးတော့ ကမ္ဘာတစ်လွှား ပျံသန်းတဲ့
ဒီသတ္ထုပြွန်တွေထဲကို -
0:18 - 0:20လူအများကြီး သွင်းလိုက်တဲ့အခါ
-
0:20 - 0:23တစ်ခါတစ်ခါမှာ ဒါမျိုးတွေဖြစ်တတ်ပြီး
-
0:23 - 0:25ကူးစက်ရောဂါ ရတတ်တာပါ။
-
0:25 - 0:27မနှစ်က Ebola ရောဂါဖြစ်ပွားတာ ကြားမိတော့
-
0:27 - 0:30ဒီအကြောင်းကို ပထမဆုံး စိတ်ဝင်စားမိတာပါ။
-
0:30 - 0:31ဒါနဲ့ ဖြစ်သွားတာက
-
0:31 - 0:34Ebola ဟာ ပိုကန့်သတ်အပိုင်းအခြားရှိတဲ့
အရည်စက်ကြောင်းတွေ -
0:34 - 0:35ကနေပြီး တစ်ဆင့်ကူးစက်ပေမဲ့
-
0:35 - 0:37လေယာဉ်ခန်းမှာ ကူးစက်နိုင်တဲ့
-
0:37 - 0:39အခြားရောဂါမျိုးတွေ ရှိပါတယ်။
-
0:39 - 0:43အဆိုးဆုံးအပိုင်းက ဒီကိန်းတွေကို
ကြည့်လိုက်တဲ့အခါ -
0:43 - 0:44တော်တော် လန့်စရာကြီးပါ။
-
0:44 - 0:46ဒါနဲ့ H1N1 ရှိတဲ့ လူတစ်ယောက်
-
0:46 - 0:48လေယာဉ်ပေါ်တက်လိုက်တော့
-
0:48 - 0:50လေယာဉ်တစ်စင်းမှာပဲ
-
0:50 - 0:52အခြားလူ ၁၇ ဦးကို ရောဂါကူးသွားတယ်။
-
0:52 - 0:54နောက်ပြီး SARS ရောဂါနဲ့လူ
-
0:55 - 0:57သုံးနာရီ ခရီးစဉ်ကို လိုက်ပါခဲ့တော့
-
0:57 - 0:59လူ ၂၂ ဦးရောဂါကူးခဲ့တယ်။
-
1:00 - 1:03ဒါက မဟာ အင်အားကြီးတစ်ခုရဲ့ ကျွန်တော့
စိတ်ကူး အတိအကျတော့ မဟုတ်ဘူး။ -
1:04 - 1:06ဒါကို ကြည့်လိုက်တော့ တွေ့လိုက်ရသေးတာက
-
1:06 - 1:09ဒီရောဂါတွေကို ကြိုတင် စကင်လုပ်ဖို့
အရမ်း ခက်ခဲတာကိုပါ။ -
1:10 - 1:12ဒီတော့ တစ်ယောက်ယောက် လေယာဉ်ပေါ်တက်တဲ့အခါ
-
1:12 - 1:13သူတို့တွေ ဖျားနိုင်ပြီး
-
1:13 - 1:15သူတို့တွေ တကယ်ပဲ ရောဂါရှိနိုင်ပေမဲ့
-
1:15 - 1:18ရောဂါလက္ခဏာ မပြတဲ့ ရောဂါအောင်းနေတဲ့
-
1:18 - 1:19ကာလထဲ ရောက်နေနိုင်ကာ
-
1:19 - 1:21သူတို့တွေကနေ ပြန်ပြီး
လေယာဉ်ထဲက အခြားလူများစွာ -
1:21 - 1:23ကို ရောဂါ ပျံ့နှံ့နိုင်ပါတယ်။
-
1:23 - 1:25ဒါက ဘယ်လို အလုပ်လုပ်လဲဆိုတော့ အခု
-
1:25 - 1:27ကျွန်တော်တို့မှာ လေယာဉ်ခန်း
ထိပ်က ဝင်လာတဲ့လေနဲ့ -
1:27 - 1:30ပုံမှာမြင်ရတဲ့ အပြာရောင်လို ဘေးက
ဝင်လာတဲ့လေရှိတယ်။ -
1:30 - 1:34နောက်ပြီး အထွက်ပိုက်တွေနားမှာ ရောဂါ
ပစ္စည်းတွေကို ၉၉.၉၇ % ရှင်းလင်းပေးတဲ့ -
1:34 - 1:39အရမ်း ထိရောက်မှုရှိတဲ့ အစစ်တွေလည်း
ရှိသေးတယ်။ -
1:39 - 1:41ဒါပေမဲ့ အခု ဖြစ်တာက
-
1:41 - 1:43ဒီရောနှောနေတဲ့ လေထုစီးဆင်းမှု
ပုံစံရှိတာပါ။ -
1:43 - 1:45ဒီတော့ တစ်ဦးဦးက နှာချေတော့မယ်ဆိုရင်
-
1:45 - 1:48အဲဒီလေက အစစ်ကနေ ထွက်ခွင့်မရခင်မှာတောင်
-
1:48 - 1:51အကြိမ်ပေါင်းများစွာ ပတ်ချာလှည့်နေလိမ်မယ်။
-
1:52 - 1:55ဒီတော့ တွေးမိတာက ဒါ အတော်ကို
အရေးကြီးတဲ့ ပြဿနာဆိုတာ အရှင်းကြီးပါ။ -
1:55 - 1:59လေယာဉ်တစ်စင်း သွားဝယ်ဖို့က
ပိုက်ဆံမရှိတော့ -
1:59 - 2:01ဒီအစား ကွန်ပြူတာ တည်ဆောက်ဖို့
ဆုံးဖြတ်ခဲ့တယ်။ -
2:01 - 2:04တကယ်တော့ ကွန်ပြူတာသုံး အငွေ့အရည်
ဆန်တဲ့ ဒိုင်နမစ်ပညာ ဖြစ်သွားတယ်။ -
2:04 - 2:07ဖန်တီးလို့ရတာက ဒီသရုပ်ပြချက်တွေဟာ
-
2:07 - 2:09လူကိုယ်တိုင် လေယာဉ်ထဲ ဝင်ပြီး
-
2:09 - 2:12တိုင်းတာတာတွေထက် ပိုပြီး ပြတ်သား
တဲ့ ပုံရိပ်တွေပေးတာပါ။ -
2:13 - 2:16ဒါနဲ့ အခြေခံအားဖြင့် ဒါဘယ်လို
အလုပ်လဲဆိုတာက -
2:16 - 2:18ဒီ 2D ပုံတွေနဲ့ စပါလိမ့်မယ်။
-
2:18 - 2:21ဒါတွေက အင်တာနက်တစ်ဝိုက်မှာ မျောလွင့်နေ
တဲ့ နည်းပညာ စာတမ်းတွေပါ။ -
2:21 - 2:24ဒါကိုယူပြီး အဲဒီအချိန်က ဒီ 3D ပုံ
တကယ် တည်ဆောက်တဲ့ -
2:24 - 2:253D ပုံစံထုတ် ဆော့ဖ်ဝဲ ထဲထည့်လိုက်တယ်။
-
2:25 - 2:30ဒီနောက်ဒီပုံစံကို ပိုင်းလိုက်ပြီး ဒီလို
အပိုင်းလေးတွေကို ဆောက်လိုက်တယ်၊ -
2:30 - 2:34အခြေခံကတော့ ဒါကို ကွန်ပြူတာက
ပိုနားလည်အောင် ချိတ်ဆက်တာပါ။ -
2:34 - 2:37ဒီနောက် လေယာဉ်ခန်းရဲ့ ဘယ်မှာ လေအဝင်၊
အထွက်ရှိတာ ကွန်ပြူတာကိုညွှန်ကြားတယ်၊ -
2:37 - 2:39ရူပဗေဒအစုလိုက်နဲ့ ချိတ်ဆက်ပြီး
-
2:39 - 2:43အဓိကက အသွင်တူဖန်တီးတာကို ကွန်ပြူတာ
က တွက်မပြီးမချင်း အဲဒီမှာထိုင်စောင့်တာပါ။ -
2:44 - 2:48ဒီတော့ ဒီသမရိုးကျ လေယာဉ်ခန်းနဲ့
တကယ် ရလိုက်တာက -
2:48 - 2:50အလယ်ကလူ နှာချေနေတာကို မြင်နိုင်ပြီး
-
2:51 - 2:54"ဖျပ်"လို့လုပ်လိုက်တော့ ဒါက လူတွေရဲ့
မျက်နှာတွေထဲ ရောက်သွားတယ်။ -
2:55 - 2:57တော်တော် ရွံစရာကောင်းပါတယ်။
-
2:57 - 2:59အရှေ့ဘက်က ဒီခရီးသည်နှစ်ဦးကို
သတိထားမိမှာပါ။ -
2:59 - 3:01အလယ်ကောင်က ခရီးသည်ဘေးမှာ ထိုင်နေတယ်
-
3:01 - 3:03လုံးလုံး မပျော်နေပါဘူး။
-
3:03 - 3:05ဘေးဘက်ကနေ တစ်ချက်ကြည့်လိုက်ရင်
-
3:05 - 3:09လေယာဉ်ခန်း တစ်နံတစ်လျား ပျံနေတဲ့
ခရီးသည်တွေကို သိတထားမိပါမယ်။ -
3:10 - 3:12ပထမဆုံး ကျွန်တော်တွေးမိတာက
"ဒါက မကောင်းဘူး"။ -
3:12 - 3:16ဒါနဲ့ အသွင်တူဖန်တီးမှု
၃၂ ခုကျော်ကို လုပ်ခဲ့ပြီး -
3:16 - 3:19နောက်ဆုံးမှာ ဒီအဖြေကိုရပါတယ်။
-
3:19 - 3:23ဒါကို မှတ်ပုံတင် ဆိုင်းငံ့ထားတဲ့
Global Inlet Director လို့ခေါ်ထားတယ်။ -
3:23 - 3:25ဒါနဲ့ ရောဂါပစ္စည်း ထုတ်လွှင့်တာကို
၅၅% လောက် -
3:25 - 3:27လျှော့ချပေးနိုင်ပြီး
-
3:27 - 3:30လေကောင်းလေသန့် ရှူရှိက်မှုကို ၁၉၀ %
လောက်တိုးလာစေနိုင်ပါတယ်။ -
3:30 - 3:32ဒါက တကယ် ဘယ်လိုလုပ်လဲဆိုတော့
-
3:32 - 3:35ဒီဒြပ်ပေါင်း အပိုင်းကို လေယာဉ်ထဲက
-
3:35 - 3:38ရှိနှင့်ပြီးသား နေရာတွေထဲမှာ တပ်ဆင်မှာပါ။
-
3:38 - 3:40ဒီတော့ ဒါက တပ်ဆင်ဖို့ တွက်ချေကိုက်ပြီး
-
3:40 - 3:42ဒါကို ညတွင်းချင်းကို လုပ်လို့ရပါတယ်။
-
3:42 - 3:46ဝက်အူ တစ်ချောင်း၊ နှစ်ချောင်း
စုပ်ဖို့လိုတာ၊ ပြီးရင် ရပြီလေ။ -
3:46 - 3:49ပြီတော့ ရလာတဲ့ ရလဒ်တွေကတော့
လုံးဝ အံ့ဩစရာကြီးပါ။ -
3:49 - 3:52ဒီပြဿနာဖြစ်စေတဲ့ ဝေ့လည်နေတဲ့
လေထုစီးဆင်းတဲ့ ပုံစံတွေရမယ့်အစား -
3:52 - 3:54ခရီးသည်တွေကြား ဖြတ်ဝင်တဲ့
-
3:54 - 3:56ကိုယ်ပိုင် အသက်ရှူတဲ့ ဇုန်တွေဖန်တီးဖို့
-
3:56 - 3:58လေထုနံရံတွေကို ဖန်တီးနိုင်ပါတယ်။
-
3:58 - 4:01အလယ်က ခရီးသည်ဟာ နှာထပ်ချေနေတာကို
သတိထားမိကြပါလိမ့်မယ်။ -
4:01 - 4:04ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဒါကို
အောက်ဘက်က အစစ်တွေဆီ -
4:04 - 4:06ဖယ်ရှားဖို့ ကို ထိထိမိမိ
တွန်းထုတ်နိုင်ပါပြီ။ -
4:06 - 4:08ဘေးဘက်ကလည်း အလားတူပါ၊
-
4:08 - 4:11ရောဂါပစ္စည်းတွေကို အောက်ကို
တိုက်ရိုက် တွန်းထုတ်နိုင်တာ မြင်ရမှာပါ။ -
4:12 - 4:15ဒီတော့ ဒီတီထွင်မှု တပ်ဆင်ထားတဲ့
ဒီအခင်းအကျင်းကို -
4:15 - 4:17တစ်ချက်လောက် ထပ်ကြည့်လိုက်ရင်
-
4:17 - 4:19အလယ်က ခရီးသည်ဟာ နှာချေပေမဲ့
-
4:19 - 4:22ဒီတစ်ကြိမ်မှာတော့ အခြားသူတွေကို
ကူးစက်ဖို့ အခွင့်မရခင် -
4:22 - 4:26ဒါကို ထွက်ပေါက်ကို တန်းပြီး
တွန်းချနေတာ သတိပြုမိကြမှာပါ။ -
4:26 - 4:29အလယ်လူဘေးမှာ ကပ်ထိုင်နေတဲ့
ခရီသည်နှစ်ဦးဟာ ရောဂါပစ္စည်းတွေကို -
4:29 - 4:31မရှူမိသလောက် အသက်ရှူနေတာကို သတိထားမိမှာပါ။
-
4:31 - 4:34ဘေးဘက်ကနေလည်း ကြည့်လိုက်ပါဦး၊
-
4:34 - 4:35အရမ်းထိရောက်တဲ့ စနစ်တစ်ခုပါ။
-
4:35 - 4:38အတိုချုပ်က ဒီစနစ်နဲ့ပတ်သက်ရင်
ကျွန်တော်တို့ နိုင်တယ်။ -
4:39 - 4:42ဒီဆိုလိုချက်ကို ကြည့်လိုက်တဲ့အခါ
-
4:42 - 4:46တွေ့လိုက်ရတာက ဒါက အလယ်က
နှာချေတဲ့လူ အတွက်တင်မဟုတ်ပဲ -
4:46 - 4:48ပြတင်းပေါက်ထိုင်ခုံကလူ
ဒါမှမဟုတ် မင်းလမ်းမှာထိုင်တဲ့ -
4:48 - 4:51ခရီးသည် နှာချေတာအတွက်လည်း
အလုပ်လုပ်တာပါ။ -
4:51 - 4:54ဒီတော့ ဒီဖြေရှင်းမှုက ကမ္ဘာကြီးအတွက်
ဘာကိုဆိုလိုပါသလဲ။ -
4:54 - 4:58အင်း၊ ဒါကို လက်တွေ့ဘဝထဲကို
-
4:58 - 5:00ကွန်ပြူတာ သရုပ်ဖန်တီးခြင်းကနေ
တစ်ချက်ကြည့်လိုက်တော့ -
5:00 - 5:03ဟောဒီမှာ ဆောက်ထားတဲ့
3D ပုံစံနဲ့ ကြည့်လို့ရပါတယ်၊ -
5:03 - 5:05အဓိကကတော့ 3D ပုံနှိပ်ခြင်းကို
သုံးပြီးပေါ့၊ -
5:05 - 5:08ဒီအလားတူ လေထုစီးဆင်းမှု
ပုံစံတွေဟာ ခရီးသည်တွေဆီကို -
5:08 - 5:10လာနေတာကို တွေ့နိုင်ပါတယ်။
-
5:11 - 5:14အတိတ်က SARS ကူးစက်ရောဂါဟာ ကမ္ဘာကြီး
ကို ဒေါ်လာ ဘီလီယံ ၄၀ လောက် -
5:14 - 5:16ကုန်ကျစေခဲ့ပါတယ်။
-
5:16 - 5:17အနာဂတ်မှာတော့
-
5:17 - 5:20ရောဂါကြီးတစ်ခု ဖြစ်ပွားမှုဟာ
ကမ္ဘာကြီးကို ဒေါ်လာ -
5:20 - 5:22သုံး ထရီလီယံထက်ပို ကုန်ကျနိုင်ပါတယ်။
-
5:22 - 5:25ဒါမတိုင်ခင်ကဆို လေယာဉ်ကို
တစ်လ၊နှစ်လလောက် အလုပ်ခွင်ကနေ -
5:25 - 5:27ထုတ်ပစ်ဖို့ လိုခဲ့သေးတယ်၊
-
5:27 - 5:31တစ်ခုခုပြောင်းလဲဖို့ လူတွေနဲ့ နာရီပေါင်း
သောင်းနဲ့ချီ၊ ဒေါ်လာသန်းပေါင်း -
5:31 - 5:32များစွာ အကုန်ခံရင်းလေ။
-
5:32 - 5:36ဒါပေမဲ့ အခုတော့ တစ်ခုခုဆို
ညတွင်းချင်း တပ်ဆင်နိုင်ပြီး -
5:36 - 5:38ရလဒ်တွေကို ချက်ချင်းကြည့်လို့ရပါတယ်။
-
5:38 - 5:41ဒီတော့ အခုအခါမှာ ဒါကို လေကြောင်းစမ်း
သပ်ချက် အထောက်အထားပြုဖို့နဲ့ -
5:41 - 5:42ဒီသဘောတူချက် လုပ်ငန်းစဉ်
-
5:42 - 5:45ထိန်းသိမ်းမှုတွေအားလုံးကို
အတည်ပြုပေးဖို့ အရေးကြီးတာပါ။ -
5:45 - 5:48ဒါပေမဲ့ ဒါက ပြတာက တစ်ခါတစ်လေ
အကောင်းဆုံး ဖြေရှင်းနည်းတွေဟာ -
5:48 - 5:50အရိုးရှင်းဆုံးတွေပဲ ဆိုတာပါ။
-
5:50 - 5:53လွန်ခဲ့တဲ့ နှစ်နှစ်က ဆိုရင်တောင်
-
5:53 - 5:55ဒီပရောဂျက် ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။
-
5:55 - 5:58အကြောင်းက အဲဒီတုန်းက နည်းပညာက
ဒါကို မထောက်ပံ့နိုင်လို့ပါ။ -
5:58 - 6:00အခုအခါမှာတော့ အဆင့်မြင့် ကျွန်ပြူတာစနစ်နဲ့
-
6:00 - 6:02တိုးမြှင့်လာခဲ့တဲ့ အင်တာနက်နဲ့အတူ
-
6:02 - 6:05တီထွင်မှုအတွက် တကယ့် ရွှေခေတ်ပါ။
-
6:05 - 6:08ဒီတော့ အားလုံးကို ဒီနေ့ မေးမယ့်မေးခွန်းက
ဘာလို့စောင့်နေတာလဲဗျာ၊ -
6:08 - 6:11အနာဂတ်ကို အတူတူ ဒီနေ့ တည်ဆောက်နိုင်ပါတယ်။
-
6:11 - 6:12ကျေးဇူးတင်ပါတယ်။
-
6:12 - 6:15(လက်ခုပ်သံများ)
- Title:
- ရောဂါပိုးမွှားတွေ လေယာဉ်တွေပေါ်မှာ ရွေ့လျားပုံနှင့် ၎င်းတို့ကို တားဆီးနိုင်ပုံ။
- Speaker:
- Raymond Wang
- Description:
-
Raymond Wang ဟာ အသက် ၁၇ နှစ်သာရှိပေမဲ့ ပိုပြီးကျန်းမာတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ဖို့ ကူညီပေးနှင့်နေပါပြီ။ အငွေ့အရည်ဆန်တဲ့ ဒိုင်နမစ်ပညာကိုသုံးပြီး လေယာဉ်တွေပေါ်မှာ လေထုရွေ့လျားပုံရဲ့ ကွန်ပြူတာသုံး သရုပ်သကန်ကို ဖန်တီးခဲ့ပါတယ်။ သူတွေ့ရှိလိုက်တဲ့ စိတ်ပူစရာက လေယာဉ်တစ်စင်းပေါ်မှာ တစ်ယောက်ယောက်က နှာချေတဲ့အခါ လေထုစီးဆင်းမှုက ရောဂါဖြစ်စေတဲ့ ပစ္စည်းတွေကို အခြားခရီးသည်တွေဆီကို ကူးစက်ဖို့ တကယ်ကို အထောက်အပံ့ပြုတာပါ။
Wang က လေယာဉ် ခရီးသည်ခန်း အတွင်းဘက်မှာ နှာချေတာ ရွေ့လျားသွားပုံရဲ့ မမေ့နိုင်လောက်တဲ့ လှုပ်ရှားသက်ဝင်တဲ့ (အန်နီမေးရှင်း) တစ်ခုနဲ့အတူ သူ့ရဲ့ ဆုရ ဖြေရှင်းချက်ကိုပါ မျှဝေထားပါတယ်၊ လေယာဉ်တွေထဲက လတ်ဆတ်တဲ့ လေထုစီးဆင်းမှု တိုးမြှင့်ပေးပြီး ရောဂါဖြစ်စေတဲ့ ပစ္စည်းတွေ ပြွတ်သိပ်နေတဲ့လေ ပျံ့နှံ့ရောက်ရှိခြင်းကို လမ်းကြောင်းလွှဲပေးတဲ့ ရေယက်ပုံ ကိရိယာလေးတစ်ခုပါ။ - Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 06:28
Myo Aung approved Burmese subtitles for How germs travel on planes -- and how we can stop them | ||
Myo Aung edited Burmese subtitles for How germs travel on planes -- and how we can stop them | ||
Myo Aung edited Burmese subtitles for How germs travel on planes -- and how we can stop them | ||
Myo Aung edited Burmese subtitles for How germs travel on planes -- and how we can stop them | ||
Myo Aung accepted Burmese subtitles for How germs travel on planes -- and how we can stop them | ||
Myo Aung edited Burmese subtitles for How germs travel on planes -- and how we can stop them | ||
Myo Aung edited Burmese subtitles for How germs travel on planes -- and how we can stop them | ||
sann tint edited Burmese subtitles for How germs travel on planes -- and how we can stop them |