လက်တွေထောင်ပြလို့ ရမလား..
ဒီအခန်းထဲက ဘယ်နှစ်ယောက်လောက်
ဒီနှစ် လေယာဉ်စီးပြီးပြီးလဲဗျာ။
ကောင်းလိုက်တာဗျာ။
အင်း ဖြစ်သွားတာက ခင်ဗျားတို့ဟာ
နှစ်စဉ် ဒီအတွေ့အကြုံကို
လူသန်း သုံးထောင်ကျော်နဲ့ မျှဝေလိုက်တာပါ။
ပြီးတော့ ကမ္ဘာတစ်လွှား ပျံသန်းတဲ့
ဒီသတ္ထုပြွန်တွေထဲကို
လူအများကြီး သွင်းလိုက်တဲ့အခါ
တစ်ခါတစ်ခါမှာ ဒါမျိုးတွေဖြစ်တတ်ပြီး
ကူးစက်ရောဂါ ရတတ်တာပါ။
မနှစ်က Ebola ရောဂါဖြစ်ပွားတာ ကြားမိတော့
ဒီအကြောင်းကို ပထမဆုံး စိတ်ဝင်စားမိတာပါ။
ဒါနဲ့ ဖြစ်သွားတာက
Ebola ဟာ ပိုကန့်သတ်အပိုင်းအခြားရှိတဲ့
အရည်စက်ကြောင်းတွေ
ကနေပြီး တစ်ဆင့်ကူးစက်ပေမဲ့
လေယာဉ်ခန်းမှာ ကူးစက်နိုင်တဲ့
အခြားရောဂါမျိုးတွေ ရှိပါတယ်။
အဆိုးဆုံးအပိုင်းက ဒီကိန်းတွေကို
ကြည့်လိုက်တဲ့အခါ
တော်တော် လန့်စရာကြီးပါ။
ဒါနဲ့ H1N1 ရှိတဲ့ လူတစ်ယောက်
လေယာဉ်ပေါ်တက်လိုက်တော့
လေယာဉ်တစ်စင်းမှာပဲ
အခြားလူ ၁၇ ဦးကို ရောဂါကူးသွားတယ်။
နောက်ပြီး SARS ရောဂါနဲ့လူ
သုံးနာရီ ခရီးစဉ်ကို လိုက်ပါခဲ့တော့
လူ ၂၂ ဦးရောဂါကူးခဲ့တယ်။
ဒါက မဟာ အင်အားကြီးတစ်ခုရဲ့ ကျွန်တော့
စိတ်ကူး အတိအကျတော့ မဟုတ်ဘူး။
ဒါကို ကြည့်လိုက်တော့ တွေ့လိုက်ရသေးတာက
ဒီရောဂါတွေကို ကြိုတင် စကင်လုပ်ဖို့
အရမ်း ခက်ခဲတာကိုပါ။
ဒီတော့ တစ်ယောက်ယောက် လေယာဉ်ပေါ်တက်တဲ့အခါ
သူတို့တွေ ဖျားနိုင်ပြီး
သူတို့တွေ တကယ်ပဲ ရောဂါရှိနိုင်ပေမဲ့
ရောဂါလက္ခဏာ မပြတဲ့ ရောဂါအောင်းနေတဲ့
ကာလထဲ ရောက်နေနိုင်ကာ
သူတို့တွေကနေ ပြန်ပြီး
လေယာဉ်ထဲက အခြားလူများစွာ
ကို ရောဂါ ပျံ့နှံ့နိုင်ပါတယ်။
ဒါက ဘယ်လို အလုပ်လုပ်လဲဆိုတော့ အခု
ကျွန်တော်တို့မှာ လေယာဉ်ခန်း
ထိပ်က ဝင်လာတဲ့လေနဲ့
ပုံမှာမြင်ရတဲ့ အပြာရောင်လို ဘေးက
ဝင်လာတဲ့လေရှိတယ်။
နောက်ပြီး အထွက်ပိုက်တွေနားမှာ ရောဂါ
ပစ္စည်းတွေကို ၉၉.၉၇ % ရှင်းလင်းပေးတဲ့
အရမ်း ထိရောက်မှုရှိတဲ့ အစစ်တွေလည်း
ရှိသေးတယ်။
ဒါပေမဲ့ အခု ဖြစ်တာက
ဒီရောနှောနေတဲ့ လေထုစီးဆင်းမှု
ပုံစံရှိတာပါ။
ဒီတော့ တစ်ဦးဦးက နှာချေတော့မယ်ဆိုရင်
အဲဒီလေက အစစ်ကနေ ထွက်ခွင့်မရခင်မှာတောင်
အကြိမ်ပေါင်းများစွာ ပတ်ချာလှည့်နေလိမ်မယ်။
ဒီတော့ တွေးမိတာက ဒါ အတော်ကို
အရေးကြီးတဲ့ ပြဿနာဆိုတာ အရှင်းကြီးပါ။
လေယာဉ်တစ်စင်း သွားဝယ်ဖို့က
ပိုက်ဆံမရှိတော့
ဒီအစား ကွန်ပြူတာ တည်ဆောက်ဖို့
ဆုံးဖြတ်ခဲ့တယ်။
တကယ်တော့ ကွန်ပြူတာသုံး အငွေ့အရည်
ဆန်တဲ့ ဒိုင်နမစ်ပညာ ဖြစ်သွားတယ်။
ဖန်တီးလို့ရတာက ဒီသရုပ်ပြချက်တွေဟာ
လူကိုယ်တိုင် လေယာဉ်ထဲ ဝင်ပြီး
တိုင်းတာတာတွေထက် ပိုပြီး ပြတ်သား
တဲ့ ပုံရိပ်တွေပေးတာပါ။
ဒါနဲ့ အခြေခံအားဖြင့် ဒါဘယ်လို
အလုပ်လဲဆိုတာက
ဒီ 2D ပုံတွေနဲ့ စပါလိမ့်မယ်။
ဒါတွေက အင်တာနက်တစ်ဝိုက်မှာ မျောလွင့်နေ
တဲ့ နည်းပညာ စာတမ်းတွေပါ။
ဒါကိုယူပြီး အဲဒီအချိန်က ဒီ 3D ပုံ
တကယ် တည်ဆောက်တဲ့
3D ပုံစံထုတ် ဆော့ဖ်ဝဲ ထဲထည့်လိုက်တယ်။
ဒီနောက်ဒီပုံစံကို ပိုင်းလိုက်ပြီး ဒီလို
အပိုင်းလေးတွေကို ဆောက်လိုက်တယ်၊
အခြေခံကတော့ ဒါကို ကွန်ပြူတာက
ပိုနားလည်အောင် ချိတ်ဆက်တာပါ။
ဒီနောက် လေယာဉ်ခန်းရဲ့ ဘယ်မှာ လေအဝင်၊
အထွက်ရှိတာ ကွန်ပြူတာကိုညွှန်ကြားတယ်၊
ရူပဗေဒအစုလိုက်နဲ့ ချိတ်ဆက်ပြီး
အဓိကက အသွင်တူဖန်တီးတာကို ကွန်ပြူတာ
က တွက်မပြီးမချင်း အဲဒီမှာထိုင်စောင့်တာပါ။
ဒီတော့ ဒီသမရိုးကျ လေယာဉ်ခန်းနဲ့
တကယ် ရလိုက်တာက
အလယ်ကလူ နှာချေနေတာကို မြင်နိုင်ပြီး
"ဖျပ်"လို့လုပ်လိုက်တော့ ဒါက လူတွေရဲ့
မျက်နှာတွေထဲ ရောက်သွားတယ်။
တော်တော် ရွံစရာကောင်းပါတယ်။
အရှေ့ဘက်က ဒီခရီးသည်နှစ်ဦးကို
သတိထားမိမှာပါ။
အလယ်ကောင်က ခရီးသည်ဘေးမှာ ထိုင်နေတယ်
လုံးလုံး မပျော်နေပါဘူး။
ဘေးဘက်ကနေ တစ်ချက်ကြည့်လိုက်ရင်
လေယာဉ်ခန်း တစ်နံတစ်လျား ပျံနေတဲ့
ခရီးသည်တွေကို သိတထားမိပါမယ်။
ပထမဆုံး ကျွန်တော်တွေးမိတာက
"ဒါက မကောင်းဘူး"။
ဒါနဲ့ အသွင်တူဖန်တီးမှု
၃၂ ခုကျော်ကို လုပ်ခဲ့ပြီး
နောက်ဆုံးမှာ ဒီအဖြေကိုရပါတယ်။
ဒါကို မှတ်ပုံတင် ဆိုင်းငံ့ထားတဲ့
Global Inlet Director လို့ခေါ်ထားတယ်။
ဒါနဲ့ ရောဂါပစ္စည်း ထုတ်လွှင့်တာကို
၅၅% လောက်
လျှော့ချပေးနိုင်ပြီး
လေကောင်းလေသန့် ရှူရှိက်မှုကို ၁၉၀ %
လောက်တိုးလာစေနိုင်ပါတယ်။
ဒါက တကယ် ဘယ်လိုလုပ်လဲဆိုတော့
ဒီဒြပ်ပေါင်း အပိုင်းကို လေယာဉ်ထဲက
ရှိနှင့်ပြီးသား နေရာတွေထဲမှာ တပ်ဆင်မှာပါ။
ဒီတော့ ဒါက တပ်ဆင်ဖို့ တွက်ချေကိုက်ပြီး
ဒါကို ညတွင်းချင်းကို လုပ်လို့ရပါတယ်။
ဝက်အူ တစ်ချောင်း၊ နှစ်ချောင်း
စုပ်ဖို့လိုတာ၊ ပြီးရင် ရပြီလေ။
ပြီတော့ ရလာတဲ့ ရလဒ်တွေကတော့
လုံးဝ အံ့ဩစရာကြီးပါ။
ဒီပြဿနာဖြစ်စေတဲ့ ဝေ့လည်နေတဲ့
လေထုစီးဆင်းတဲ့ ပုံစံတွေရမယ့်အစား
ခရီးသည်တွေကြား ဖြတ်ဝင်တဲ့
ကိုယ်ပိုင် အသက်ရှူတဲ့ ဇုန်တွေဖန်တီးဖို့
လေထုနံရံတွေကို ဖန်တီးနိုင်ပါတယ်။
အလယ်က ခရီးသည်ဟာ နှာထပ်ချေနေတာကို
သတိထားမိကြပါလိမ့်မယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဒါကို
အောက်ဘက်က အစစ်တွေဆီ
ဖယ်ရှားဖို့ ကို ထိထိမိမိ
တွန်းထုတ်နိုင်ပါပြီ။
ဘေးဘက်ကလည်း အလားတူပါ၊
ရောဂါပစ္စည်းတွေကို အောက်ကို
တိုက်ရိုက် တွန်းထုတ်နိုင်တာ မြင်ရမှာပါ။
ဒီတော့ ဒီတီထွင်မှု တပ်ဆင်ထားတဲ့
ဒီအခင်းအကျင်းကို
တစ်ချက်လောက် ထပ်ကြည့်လိုက်ရင်
အလယ်က ခရီးသည်ဟာ နှာချေပေမဲ့
ဒီတစ်ကြိမ်မှာတော့ အခြားသူတွေကို
ကူးစက်ဖို့ အခွင့်မရခင်
ဒါကို ထွက်ပေါက်ကို တန်းပြီး
တွန်းချနေတာ သတိပြုမိကြမှာပါ။
အလယ်လူဘေးမှာ ကပ်ထိုင်နေတဲ့
ခရီသည်နှစ်ဦးဟာ ရောဂါပစ္စည်းတွေကို
မရှူမိသလောက် အသက်ရှူနေတာကို သတိထားမိမှာပါ။
ဘေးဘက်ကနေလည်း ကြည့်လိုက်ပါဦး၊
အရမ်းထိရောက်တဲ့ စနစ်တစ်ခုပါ။
အတိုချုပ်က ဒီစနစ်နဲ့ပတ်သက်ရင်
ကျွန်တော်တို့ နိုင်တယ်။
ဒီဆိုလိုချက်ကို ကြည့်လိုက်တဲ့အခါ
တွေ့လိုက်ရတာက ဒါက အလယ်က
နှာချေတဲ့လူ အတွက်တင်မဟုတ်ပဲ
ပြတင်းပေါက်ထိုင်ခုံကလူ
ဒါမှမဟုတ် မင်းလမ်းမှာထိုင်တဲ့
ခရီးသည် နှာချေတာအတွက်လည်း
အလုပ်လုပ်တာပါ။
ဒီတော့ ဒီဖြေရှင်းမှုက ကမ္ဘာကြီးအတွက်
ဘာကိုဆိုလိုပါသလဲ။
အင်း၊ ဒါကို လက်တွေ့ဘဝထဲကို
ကွန်ပြူတာ သရုပ်ဖန်တီးခြင်းကနေ
တစ်ချက်ကြည့်လိုက်တော့
ဟောဒီမှာ ဆောက်ထားတဲ့
3D ပုံစံနဲ့ ကြည့်လို့ရပါတယ်၊
အဓိကကတော့ 3D ပုံနှိပ်ခြင်းကို
သုံးပြီးပေါ့၊
ဒီအလားတူ လေထုစီးဆင်းမှု
ပုံစံတွေဟာ ခရီးသည်တွေဆီကို
လာနေတာကို တွေ့နိုင်ပါတယ်။
အတိတ်က SARS ကူးစက်ရောဂါဟာ ကမ္ဘာကြီး
ကို ဒေါ်လာ ဘီလီယံ ၄၀ လောက်
ကုန်ကျစေခဲ့ပါတယ်။
အနာဂတ်မှာတော့
ရောဂါကြီးတစ်ခု ဖြစ်ပွားမှုဟာ
ကမ္ဘာကြီးကို ဒေါ်လာ
သုံး ထရီလီယံထက်ပို ကုန်ကျနိုင်ပါတယ်။
ဒါမတိုင်ခင်ကဆို လေယာဉ်ကို
တစ်လ၊နှစ်လလောက် အလုပ်ခွင်ကနေ
ထုတ်ပစ်ဖို့ လိုခဲ့သေးတယ်၊
တစ်ခုခုပြောင်းလဲဖို့ လူတွေနဲ့ နာရီပေါင်း
သောင်းနဲ့ချီ၊ ဒေါ်လာသန်းပေါင်း
များစွာ အကုန်ခံရင်းလေ။
ဒါပေမဲ့ အခုတော့ တစ်ခုခုဆို
ညတွင်းချင်း တပ်ဆင်နိုင်ပြီး
ရလဒ်တွေကို ချက်ချင်းကြည့်လို့ရပါတယ်။
ဒီတော့ အခုအခါမှာ ဒါကို လေကြောင်းစမ်း
သပ်ချက် အထောက်အထားပြုဖို့နဲ့
ဒီသဘောတူချက် လုပ်ငန်းစဉ်
ထိန်းသိမ်းမှုတွေအားလုံးကို
အတည်ပြုပေးဖို့ အရေးကြီးတာပါ။
ဒါပေမဲ့ ဒါက ပြတာက တစ်ခါတစ်လေ
အကောင်းဆုံး ဖြေရှင်းနည်းတွေဟာ
အရိုးရှင်းဆုံးတွေပဲ ဆိုတာပါ။
လွန်ခဲ့တဲ့ နှစ်နှစ်က ဆိုရင်တောင်
ဒီပရောဂျက် ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။
အကြောင်းက အဲဒီတုန်းက နည်းပညာက
ဒါကို မထောက်ပံ့နိုင်လို့ပါ။
အခုအခါမှာတော့ အဆင့်မြင့် ကျွန်ပြူတာစနစ်နဲ့
တိုးမြှင့်လာခဲ့တဲ့ အင်တာနက်နဲ့အတူ
တီထွင်မှုအတွက် တကယ့် ရွှေခေတ်ပါ။
ဒီတော့ အားလုံးကို ဒီနေ့ မေးမယ့်မေးခွန်းက
ဘာလို့စောင့်နေတာလဲဗျာ၊
အနာဂတ်ကို အတူတူ ဒီနေ့ တည်ဆောက်နိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)