-
လူပြောအများဆုံးအကြောင်းရင်းတွေထဲက
-
ပထမကမ္ဘာစစ်ဖြစ်ပွားစေတဲ့ အကြောင်းရင်းတစ်ခုကတော့
-
ဥရောပတောင်ပိုင်းက ဒေသတွင်းပဋိပက္ခတစ်ရပ်ကနေ
-
မဟာမိတ်စုဖွဲ့မှုပဲဖြစ်ပါတယ်။
-
ဆယ်စုနှစ်များစွာစုဖွဲ့ခဲ့တဲ့ ဒီမဟာမိတ်စုဖွဲ့မှုကနေ ပထမကမ္ဘာစစ်ကိုဖြစ်ပွားစေခဲ့ပါတယ်။
-
ဒီအကြောင်းကိုနားလည်အောင် ပထမကမ္ဘာစစ်ဖြစ်စေခဲ့တဲ့ မဟာမိတ်အုပ်စုဝင်တွေကို ဖော်ပြချင်ပါတယ်။
-
ဒါကတော့ အကျဉ်းချုံးဖော်ပြချက်ပဲဖြစ်ပါတယ်။
-
အနည်းအကျဉ်း ပါဝင်ပတ်သက်တဲ့ တစ်ခြားနိုင်ငံတွေလည်း ရှိပါတယ်။
-
ဒါပေမဲ့ ဥရောပနိုင်ငံတွေအားလုံး
-
အချင်းချင်းစစ်ခင်းခဲ့ရတဲ့
-
၁၉၄၁ ခုနှစ် စစ်ပွဲမှာ တိုက်ရိုက်ပါဝင်ခဲ့တဲ့ နိုင်ငံတွေကိုပဲ
-
ဖော်ပြလိုက်ပါတယ်။
-
ဆိုတော့ အနောက်ကို ၇၅ နှစ် ပြန်သွားရအောင်။
-
ပထမကမ္ဘာစစ်က ၁၉၁၄ မှာဖြစ်ပွား ခဲ့ပါတယ်။
-
ဒီမတိုင်ခင် ၇၅ နှစ်တုန်းက ၁၈၃၇ ခုနှစ်မှာတော့
-
လန်ဒန်စာချုပ် ချုပ်ဆိုခဲ့တယ်။
-
အဲဒီ လန်ဒန်စာချုပ်ကြောင့် အဆင်ပြေသွားတာတွေက အများကြီးပါပဲ။ ဒါပေမဲ့ အဲဒီထဲက
-
ဗြိတိသျှက ကြားနေနိုင်ငံဖြစ်တဲ့ ဘေဂျီယန်နိုင်ငံကိုအကာအကွယ်ပေးဖို့ဖော်ပြထားတဲ့
-
အပိုဒ် ၇ က ပထမကမ္ဘာစစ်ဖြစ်ဖို့ အကြောင်းရင်းဖြစ်လာခဲ့တယ်။
-
တကယ်လို့များ သင့်အနေနဲ့ ဒီအပေါ်မှာ မယုံရင်တော့ “ဟေး…… ဒါက ၇၅ နှစ်စာချုပ်ပဲလေ။
-
ဘာလို့ရေးကြီးခွင်ကျယ်ပြောနေဖို့လိုသေးလဲ” လို့ပြောမှာပါ။ ဒါဟာ သိပ်ကောင်းတဲ့ မေးခွန်းပါ။
-
ဒီလိုမဟာမိတ်စုဖွဲ့မှုတွေဟာ တစ်ဖွဲ့ကိုတစ်ဖွဲ့စစ်ကြေညာစေခဲ့တဲ့
-
အကြောင်းရင်းတွေ တကယ်ဟုတ်၊ မဟုတ်
-
အငြင်းပွားစရာပါပဲ။
-
ဒါမှမဟုတ် ဒါတွေဟာ ဆင်ခြေတွေပဲလား။
-
“အိုး…ငါစစ်ကြေညာရမယ်” ဆိုပြီးအကြောင်းပြလို့ရတဲ့ တရားဝင် အကြောင်းပြချက်တွေ ပဲလား။ အမှန်တော့
-
ကိုယ့်အင်ပါယာကို ထိန်းသိမ်းနိုင်ဖို့နှင့်စစ်ဆေးနိုင်ဖို
-
့အကြောင်းရင်းများစွာနဲ့ သူတို့စစ်ကြေညာချင်ခဲ့တာပါ။ သူတို့ရဲ့ စစ်ရေး စွမ်းအင်ကိုပြဖို့လည်းပါတယ်
-
။နောက်ပြီး သူတို့ရဲ့အင်ပါယာတွေကို ချဲ့ထွင်ဖို့ရောပေါ့။
-
ဘယ်သူမှတော့ တိတိကျကျမပြောနိုင်ပါဘူး။
-
ဒါပေမဲ့ ၁၈၃၉ စစ်ပွဲဟာ
-
ဗြိတိသျှအင်ပါယာက ဘယ်ဂျီယံကို
-
တရားဝင်
-
ကာကွယ်တာလို့တော့
-
ပြောလို့မရပါဘူး။
-
အခုတော့ အရှေ့ နှစ်ပေါင်း ၄၀ ကို ပြန်ကြည့်မယ်။ ၁၈၇၉ ခုနှစ်ပါ။
-
၁၈၇၁ ခုနှစ်က Franco Prussian စစ်ပွဲကြောင့်ပေါ်လာတဲ့
-
ဂျာမဏီအင်ပါယာသစ် ရှိလာပါပြီ။
-
အဲဒီ ဂျာမဏီအင်ပါယာသစ်ဟာ
-
အခြေခံအားဖြင့် ဂျမန်ဘုရင့်နိုင်ငံပါပဲ။ အမှန်တော့ Prussia ကို
-
ချဲ့ထွင်လိုက်တာပါပဲ။
-
ပြင်သစ်နဲ့စစ်တစ်ခါဖြစ်ပြီး ပြင်သစ်ဆီက အရေးပါတဲ့ နယ်မြေတစ်ချို့ကို သိမ်းပိုက်ခဲ့ပါတယ်။ြ
-
ပြင်သစ်ဟာသူတို့ကိုပြန်တိုက်မှာစိုးရိမ်နေပါတယ်။
-
သူတို့ဟာ ရရှားတွေအပေါ်မှာလည်း သံသယဖြစ်နေပါတယ်
-
နောက်ပြီး သူတို့က သြစတီးရီးယားတွေ ဒါမှမဟုတ် သြစတီးရီယား-ဟတ်ဂေရီနဲ့လည်း အဆက်အသွယ်ရှိပါတယ်။
-
ဒါ့အပြင် ၁၈၇၉ ခုနှစ်မှာ ဂျာမဏီနှင့် သြစတီးရီးယား-ဟန်ဂေရီတို့ဟာ
-
ရုရှားရဲ့ရန်ကနေ ကာကွယ်ဖို့အတွက် နှစ်ဦးမဟာမိတ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
-
သူတို့မှာ ဘုံရန်သူရှိပါတယ်။ ရှရှားပါပဲ။
-
ဟုတ်ပြီ သူတို့အနေနဲ့..........တစ်ခြားအရောင်လေး ချယ်လိုက်ဦးမယ်။
-
သူတို့က တစ်ဦးကိုတစ်ဦးကာကွယ်ကြမှာ။
-
ဒါမှ ဘယ်နိုင်ငံနဲ့ပဲစစ်ဖြစ်ဖြစ်
-
တကယ်လို့စစ်ဖြစ်လာခဲ့ရင် ဥရောပမှာ ဂျာမဏီအင်ပါယာအတွက်
-
စိတ်အေးရပြီပေါ့
-
။နောက်ပြီး ၁၈၉၂ မှာတော့
-
အန္တရာယ်ရှိတဲ့ အလုပ်ပဲလုပ်လုပ်၊
-
သံသမန်နည်းကျပဲလုပ်လုပ် ပထမကမ္ဘာစစ်မှာ ဘာဖြစ်ခဲ့သလဲဆိုတဲ့အပေါ်မှာပဲ
-
မူတည်ပါနေတာကို တွေ့ရပါမယ်။
-
သင့်ရဲ့ ရန်သူတွေဟာ သင့်ရဲ့မိတ်ဆွေဖြစ်လာတာကို မြင်ရရင်
-
သူတို့အနေနဲ့ သင့်အပေါ်မှာ စစ်ကြေညာတဲ့အခါမျိုးမှာ ပေါင်းလို့ရမယ့်
-
အခြားမိတ်ဆွေ၊ အခြားမဟာမိတ်တွေကို ရှာဖွေမှာပါ။
-
ဒါကြောင့်မှု ၁၈၉၂ မှာ ပြင်သစ်နှင့်ရုရှားတို့ဟာ
-
ပြင်သစ်-ရုရှားစစ်ရေးသဘောတူစာချုပ် ချုပ်ဆိုပြီး မဟာမိတ်ဖွဲ့ခဲ့ကြတာပါ။
-
ဒါကို ခရမ်းရင့်ရောင် ပြန်ဆွဲလိုက်မယ်။
-
အခုပြင်သစ်နှင့်
-
ရုရှားကြားမှာ
-
မဟာမိတ်ဖွဲ့ထားပြီ။
-
နောက်ပြီး ၁၉၀၀ ခုနှစ်အစောပိုင်းလောက်က
-
၁၉၀၄ ကနေ ၁၉၀၇ ထိမှာ
-
အပြန်အလှန် ဆက်ဆံရေးကောင်းဖို့
-
ဗြိတိသျှအင်ပါယာနှင့်ပြင်သစ်ကြား၊ ဗြိတိသျှအင်ပါယာနှင့်ရုရျားတို့ကြား
-
သဘောတူစာချုပ်
-
အမြောက်အများ ရေးထိုးခဲ့ကြပါတယ်။ ဒီစာချုပ်တွေဟာ
-
" ဟေး......တကယ်လို့ တစ်ယောက်ယောက်က သင့်ကိုတိုက်ခိုက်လာရင် ငါက သူတို့ကိုပြန်တိုက်ပေးမယ်" ဆိုတဲ့ စည်းနှောင်မှုတော့ မဟုတ်ပါဘူး။
-
ဒါပေမဲ့ ဒီစာချုုပ်တွေကြောင့်ပဲ တစ်ခြားအင်ပါယာကို သိမ်းပိုက်တဲ့နေရာက
-
ကိစ္စအတော်များများကို ဖြေရှင်းနိုင်ခဲ့ပါတယ်။
-
သူတို့က သုံးဦးသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။
-
ဗြိတိန်နှင့်
-
ဗြိတိသျှအင်ပါယာကြား၊
-
ဒီ ဗြိတိသျှဘုရင့်နိုင်ငံ၊ ပြင်သစ်နှင့်ရုရျားကို
-
ဝိုင်းလိုက်ပါတယ်။
-
နောက်ပြီး တစ်ခြားဘက်မှာတော့ ဒီမှာ ဂျာမဏီ၊
-
ဒီမှာ သြစတီရီးယား-ဟန်ဂေရီနှင့် အီတလီ ဆိုပြီး သုံးနိုင်ငံမဟာမိတ်အဖွဲ့ ရှိပါတယ်။
-
အီတလီနိုင်ငံဟာ သုံးနိုင်ငံမဟာမိတ်အဖွဲ့ဝင်ဖြစ်လာပြီး ပထမကမ္ဘာစစ်ကို
-
ဝင်လာရတဲ့အကြောင်းရင်းကတော့ တစ်ချိန်က အီတလီနဲ့ဂျာမဏီကြား
-
သုံးနိုင်ငံမဟာမိတ်အဖွဲ့ဝင်တွေဖြစ်ဖို့ သဘောတူစာချုပ်ရှိခဲ့လို့ပါပဲ။
-
ကျနော်မပြောထားတဲ့အကြောင်းကတော့ စစ်စဖြစ်တဲ့အချိန်မှာ
-
အီတလီနိုင်ငံဟာ ဂျာမဏီနှင့်သြစတီးရီးယား-ဟန်ဂေရီတို့နဲ့ မပါခဲ့ပါဘူး။
-
သုံးနိုင်ငံသဘောတူစာချုပ်ကြောင့်သာ အဲဒီမဟာမိတ်ဘက်ကို ပါသွားတာဖြစ်ပါတယ်။
-
ဒါပေမဲ့ ဒါက ဥရောပတောင်ပိုင်းပဋိပက္ခကနေ
-
ဥရောပတစ်ဝန်းစစ်၊ နောက်ဆုံးတော့ ကမ္ဘာစစ်အဖြစ်
-
ဘာကြောင့် ပြောင်းသွားရသလဲဆိုတာသိရမှာပေါ့။