စိတ်တည်ငြိမ်မှုအတွက် စက္ကန့် ၃၀။ Phil Boissiere | TEDxNaperville
-
0:19 - 0:21စိတ်တည်ငြိမ်မှု
-
0:21 - 0:23မကြာသေးတဲ့ ကာလတွေမှာ
ရေပန်းစားတဲ့ စကားလုံးဖြစ်လာတယ်။ -
0:23 - 0:26စိတ်တည်ငြိမ်မှု အလေ့အကျင့်တွေကို
အသုံးပြုခဲ့တာနှစ်ထောင်ချီပါပြီ။ -
0:27 - 0:28အများစု သဘောတူကြတာက
-
0:28 - 0:30စိတ်တည်ငြိမ်မှု အကျင့်တွေဟာ
အပြုသဘောအရာဖြစ်ကာ -
0:30 - 0:32ဘဝကို ကောင်းကျိုး ပေးမယ်ဆိုတာပါ။
-
0:32 - 0:33စိတ်တည်ငြိမ်မှု အလေ့အထတွေက
-
0:33 - 0:36ဘဝအရည်အသွေးအပေါ် အပြုသဘော
သက်ရောက်မှုရှိတာကိုသရုပ်ဖော်တဲ့ -
0:36 - 0:41သုတေသန အပုံအပင်ရှိပါတယ်၊ အာရုံစိုက်မှု
တိုးတက်စေပြီး စိတ်ဖိစီးမှု လျော့ကျစေတာပါ။ -
0:42 - 0:45Fortune 500 ကုမ္ပဏီတွေနေ
မူလတန်းကျောင်းတွေအထိ -
0:45 - 0:47စိတ်တည်ငြိမ်မှု အလေ့အကျင့်တွေကို
လက်တွေ့ ကျင့်သုံးမှုနဲ့ -
0:47 - 0:51ထိန်းချုပ်ထာတဲ့ လေ့လာမှုတွေမှာ
အံ့ဖွယ် ရလဒ်တွေနဲ့အတူ -
0:51 - 0:53နေ့စဉ် သုံးနေကြတယ်။
-
0:53 - 0:55ဖြစ်ချင်တော့
-
0:55 - 0:58စိတ်တည်ငြိမ်မှု လေ့ကျင့်ဖို့ အနည်းငယ်သော
-
0:58 - 1:01အချိန်ပမာဏတစ်ခု(သို့) တိတ်ဆိတ်တဲ့
နေရာတစ်ခုကိုတောင် -
1:01 - 1:03ဇယ်ထားဖို့ တွေးတဲ့အခါ
-
1:03 - 1:05အများစုက ဘရိတ်ကို တော့နင်းတတ်ကြတယ်။
-
1:06 - 1:07သင့်ကိုယ်သင် တွေးမိလောက်တာက
-
1:07 - 1:09"တိတ်ဆိတ်တဲ့ နေရာတစ်ခုလား။
-
1:10 - 1:11ဆယ်မိနစ်လား။
-
1:11 - 1:12ဘာလဲဟ။
-
1:12 - 1:13သွားစမ်းပါ၊
-
1:13 - 1:14ငါ့မှာ အချိန်မရှိဘူး။"
-
1:15 - 1:17တဒင်္ဂထဲက လက်ကျန်အချိန်ထဲမှာ
-
1:17 - 1:19အဖိုးတန် အချိန်တွေကို ကုန်ဆုံးဖို့
-
1:19 - 1:21အော်နေတဲ့ ကလေးတွေ၊
-
1:21 - 1:23အလုပ်နဲ့ဆိုင်တဲ့ ဖိအားတွေ
-
1:23 - 1:25အထွေထွေ ဘဝ ဖိစီးမှု၊
နည်းပညာဆိုင်ရာ -
1:25 - 1:27အာရုံနောက်မှုတွေကို ခွင့်ပြုကြတယ်။
-
1:29 - 1:32စိတ်တည်ငြိမ်မှု အလေ့အကျင့်တွေကို
ဘေးဖယ်လိုက်ခြင်းရဲ့ ရလဒ်က -
1:32 - 1:33ပိုစိတ်ဖိစီးပြီး
-
1:33 - 1:35ကျဆင်းသွားတဲ့ ဘဝအရည်အသွေးတစ်ခုပါ။
-
1:37 - 1:40သိမှတ်မှရဲ့ ကောင်းကျိုးတွေကို
စက္ကန့် ၃၀ လောက် အချိန်နည်းနည်းလေးမှာ -
1:40 - 1:44အခြေအနေတိုင်းနီးပါးမှာရယူနိုင်တယ်လို့
-
1:44 - 1:46ကျွန်တော် ပြောမယ်ဆိုရင်ရော။
-
1:46 - 1:49ကျွန်တော်ဟာ ဖြေဆေးရောင်းနေတာလို့
ထင်ကောင်းထင်မယ်။ -
1:49 - 1:51(သို့) အနည်းဆုံးမှာ
မှန်ဖို့က ကောင်းလွန်းနေတယ်။ -
1:52 - 1:53တကယ်ကတော့
-
1:53 - 1:55ဒါက အမှန်ဖြစ်ပြီး
-
1:55 - 1:56ကျွန်တော် မျှဝေတော့မယ့်
-
1:56 - 2:00နည်းလမ်းမှာကျွန်တော် လေ့ကျင့်ပေးထားတဲ့
လူတွေ ပုံမှန် လုပ်နေကြတာပါ။ -
2:00 - 2:04အကျော်အမော် အားကစားသမားတွေကနေ
ဆရာဝန်တွေ၊ မိဘတွေအထိပါ။ -
2:05 - 2:09ပထမဆုံး တီထွင်ခဲ့တဲ့ ဒီနည်းကို
"၃x၃ နည်း" လို့ ခေါ်လိုက်တယ်။ -
2:09 - 2:12ဒီတုန်းက ကျွန်တော့သမီးက အခါလည်လောက်ပါ။
-
2:13 - 2:16ကလေးတွေရှိတဲ့ သင်တို့အတွက် အုပ်ထိန်းမှုဟာ
ပျော်ရွှင်မှုကြီး ယူဆောင်လာပြီး -
2:16 - 2:19မယုံနိုင်လောက်တဲ့ ဖိစီးမှု ပမာဏရောပဲဆိုတာ
သိကြပါတယ်။ -
2:20 - 2:23တိုးလာနေတဲ့ ကြွက်သား တင်းမာမှု၊
ခေါင်းကိုက်တာတွေနဲ့ ပူပန်မှု -
2:23 - 2:25ကြုံရတာ ကိုယ်တိုင်တွေ့ရှိခဲ့ပြီး
-
2:25 - 2:30အလုပ်ကနေ အိမ်၊ အိမ်ကနေ ကစားကွင်း၊
အိမ်ကနေ အိပ်ရာ၊ -
2:30 - 2:33အလုပ်၊ အိမ်၊ ကစားကွင်းကို သုတ်ခြေတင်ပြီး
-
2:33 - 2:35ဆက်တိုက်လည်နေတော့
-
2:35 - 2:38အတော်ကြီးကို မသက်မသာဖြစ်လာတော့
-
2:38 - 2:40ဒါနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့ စလိုက်တယ်။
-
2:41 - 2:42အခု စိတ်ကုပညာရှင်အနေနဲ့
-
2:42 - 2:45Silicon Valley ရဲ့ ဖိအားမြင့်တဲ့
ပတ်ဝန်းကျင်မှာ အလုပ်လုပ်နေရင်း -
2:45 - 2:49စိတ်တည်ငြိမ်မှု အလေ့အကျင့်တွေအကြောင်း
ပင်ကိုအားဖြင့် ထက်သန်မိတယ်။ -
2:49 - 2:51ငါတော့ အပိုင်ပဲလို့ တွေးကာ
-
2:51 - 2:53စမ်းသပ်ကြည့်ဖို့ စလိုက်တယ်။
-
2:53 - 2:55ကံဆိုးချင်တော့
-
2:55 - 3:00"အမြန်၊အမြန်၊အမြန်၊ ငါ့မှာ အချိန်မရှိဘူး"
ဆိုတဲ့ ထောင်ချောက်ထဲ တည့်တည့် ကျသွားတယ်။ -
3:00 - 3:01ဒါက ကျွန်တော့ကို ဘာဖြစ်စေလဲ။
-
3:01 - 3:05ဖိစီးမှုပိုများ၊ခေါင်းကိုက်မှုတွေ ပိုများ၊
ပူပန်မှု ပိုများ၊ အကုန်လုံးပါ။ -
3:06 - 3:10အပတ်တကုတ် ဆက်ကြိုးစားပေးမဲ့
အပြုသဘော ရလဒ်ကို အလွန်နည်းပါးတုန်းပါ။ -
3:10 - 3:13ဒါနဲ့ ငါကြိုးစားမယ်၊ တုံ့ပြန်မှု
ရနိုင်မယ်လို့ တွေးမိတယ်။ -
3:13 - 3:14စမ်းနေတဲ့ နည်းလမ်းစုံအတွက်
-
3:14 - 3:18ရုပ်ပိုင်း တုံ့ပြန်မှုကို တိုင်းတာဖို့
နှလုံးခုန်နှုန်း ပြစက်ကို ဝတ်တယ်။ -
3:19 - 3:20ဆက်ကြိုးစားပေမဲ့
-
3:20 - 3:24အခြေခံအကျဆုံး အသက်ရှုတဲ့ နည်းစနစ်တစ်ခုကို
-
3:24 - 3:28အခြေခံအကျဆုံး စိတ်တည်ငြိမ်မှု
နည်းစနစ်တစ်ခုနဲ့ မတွဲမိခင်အထိ -
3:28 - 3:32ကျွန်တော် မျှော်လင့်ခဲ့တဲ့ ရလဒ်
အမျိုးအစားက မရသေးဘူး။ -
3:32 - 3:33ဒါက နားလည်သွားချိန်ပါ။
-
3:33 - 3:35(လက်ဖျောက် တီးသံ)
-
3:35 - 3:37ဒါက အပြောင်းအလဲဖြစ်စေတာပါ။
-
3:37 - 3:40ကျွန်တော့ နှလုံးခုန်နှုန်းက
တစ်သမတ်တည်း စကျလာတယ်။ -
3:40 - 3:44ပတ်ဝန်းကျင်အတွင်းက စိတ်ဖိစီးစေတာတွေကို
စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေက -
3:44 - 3:46သိသာစွာ ပြောင်းလဲသွားတယ်။
-
3:46 - 3:49ဒီနည်းနဲ့ ၃x၃ နည်း ဖြစ်ပေါ်ခဲ့တယ်။
-
3:52 - 3:55၃x၃ နည်းက အင်မတန် ရိုးစင်းပါတယ်။
-
3:56 - 3:58သင် လုပ်ရမယ့်ဟာဆိုလို့
-
3:58 - 4:01ပတ်ဝန်းကျင်ထဲမှာ
ရုပ်ဝတ္ထုတစ်ခုကို ရှာတာပါ၊ -
4:01 - 4:02ဒါကို အမည်တပ်ပြီး
-
4:02 - 4:04အသက်ပြင်းပြင်း တစ်ချက်ရှူ
-
4:04 - 4:06သုံးကြိမ် ထပ်လုပ်ပါ။
-
4:06 - 4:09အခု မှတ်ထားရမှာက ဒီပုံစံထဲမှာ ကျွန်တော်
လေ့ကျင့်ပေးခဲ့တဲ့သူ အများစုက -
4:09 - 4:11စမ်းမကြည့်ခင်အထိ ပေါက်ကရ
လေရှည်နေသလို -
4:11 - 4:13ကျွန်တော့ကို ကြည့်ကြတယ်။
-
4:13 - 4:15ဒီတော့ အလားတူ ခံစားမိရင်
သင်တို့ပဲ မဟုတ်ပါ -
4:15 - 4:18မပူပါနဲ့၊ ခဏကြာရင် ကျွန်တော်တို့
အတူတူ လုပ်ကြတော့မှာပါ၊ အဆင်ပြေတယ်နော်။ -
4:18 - 4:20အတူတူ လုပ်ချင်လား။
-
4:20 - 4:21ပရိသတ်။ လုပ်ချင်တယ်။
-
4:21 - 4:22ကောင်းပါပြီ။
-
4:23 - 4:24ဒီတော့ သင့်ပတ်ဝန်းကျင်ထဲက
-
4:24 - 4:28ရုပ်ဝတ္ထု သုံးခု ရှာစေချင်တယ်။
-
4:28 - 4:29ဘာပဲဖြစ်ဖြစ်ရပါတယ်။
-
4:29 - 4:32စားရေးခုံ သင့် ဘေးမှာ
ထိုင်နေသူ တစ်ယောက်ယောက် -
4:32 - 4:34ကွန်ပြူတာ စခရင်၊ မီးလုံးဆို ရပါတယ်၊
-
4:34 - 4:36ပြောရရင် ဘာမဆိုပါ။
-
4:36 - 4:40အရေးကြီးတာက ကျွန်တော်မြင်ဖူးတဲ့
လူအတော်များများ ကျရောက်သွားတဲ့ -
4:40 - 4:42ထူးခြားတဲ့ လှည့်ကွက်ထဲ မကျဖို့ပါ
-
4:42 - 4:46ဒါက အရာဝတ္ထုမှာ ဘက်လိုက်တဲ့
သရုပ်ဖော်ချက်တွေ ထပ်ဖြည့်တာပါ၊ -
4:46 - 4:49ဥပမာ ငါ့အကြိုက်ဆုံး ခွေးခြေ
-
4:49 - 4:51(သို့) Johnny ကို ငါတကယ် သဘောကျတာ။
-
4:51 - 4:55ဒီဘက်လိုက်တဲ့ သရုပ်ဖော်ချက်တွေ၊ နာမဝသေန
စတာတွေ ထပ်ဖြည့်လိုက်တဲ့အခါ -
4:55 - 4:58ဖြစ်စဉ်ကို ကမောက်ကမလုပ်တဲ့ သိမ်မွေ့တဲ့
စိတ်ပိုင်းတုံ့ပြန်မှုတွေ ဖြစ်စေတယ်။ -
4:58 - 5:00ဒီတော့ သင်ဟာ ဒါပဲပြောရမှာပါ၊
-
5:00 - 5:01"ဒါက ခွေးခြေတစ်လုံး"
-
5:01 - 5:03ဒိပြင် ဘာမှမဟုတ်ဘူး။
-
5:03 - 5:06အရာဝတ္ထုကို အမည်တပ်တဲ့အခါ
အသံမထွက်ဘဲ သင့်စိတ်ထဲမှာ -
5:06 - 5:07ဒီအတိုင်း လုပ်နေတာပါ။
-
5:07 - 5:09အလုပ်၊ဘတ်စ်(သို့) ရထားပေါ်မှာ
ဒါကို သင်လုပ်ရင် -
5:09 - 5:11သိတဲ့အတိုင်း လူတွေ စတွေးလောက်တာက
-
5:11 - 5:13ဒီနေ့ ဒီကောင် ပြဿနာ နည်းနည်းရှိနေတယ်။
-
5:13 - 5:14အဆင်ပြေတယ်နော်။
-
5:14 - 5:16သင် အသက်ရှူလိုက်တဲ့အခါ
-
5:16 - 5:18ဒါကို ပါးစပ်နဲ့ နှာခေါင်းကနေ
ဒီလိုလုပ်မှာပါ။ -
5:18 - 5:20သင့်အတွက် သက်သောင့်သက်သာ
ဖြစ်တာမှန်သမျှပါ။ -
5:21 - 5:24နောက်ဆုံး ဝတ္ထုတွေကို
ကိုယ်တိုင် ရွေးရင်အကောင်းဆုံးပေမဲ့ -
5:24 - 5:27ဒီဟောပြောချက်အတွက်၊
အတူလုပ်ဖို့ ကျွန်တော်တို့အတွက်နဲ့ -
5:27 - 5:28အရာတွေ မြန်ဆန်ထိရောက်ဖို့
-
5:28 - 5:30အရာဝတ္ထု သုံးခု ကျွန်တော် ရွေးထားတယ်။
-
5:30 - 5:35ဒီညွှန်တံ၊ ဒီခွေးခြေနဲ့ ဒီစခရင်ပါ။
-
5:36 - 5:37အတူတူ စမ်းကြည့်ဖို့ အသင့်ပဲလား။
-
5:37 - 5:39ကောင်းပြီ၊ စလိုက်ကြစို့။
-
5:40 - 5:41ဒါက ညွှန်တံတစ်ချောင်း၊ပါ။
-
5:42 - 5:43အသက်ပြင်းပြင်း ရှူပါ။
-
5:43 - 5:44(အသက်ရှူသွင်းသည်)
-
5:44 - 5:46(အသက်ရှူထုတ်သည်)
-
5:47 - 5:49ဒါက ခွေးခြေတစ်လုံး၊
-
5:49 - 5:50အသက်ပြင်းပြင်း ရှူပါ။
-
5:50 - 5:51(အသက်ရှူသွင်းသည်)
-
5:52 - 5:53(အသက်ရှူထုတ်သည်)
-
5:54 - 5:55ဒါက စခရင်တစ်ခု
-
5:56 - 5:57နောက်ထပ် ပြင်းပြင်းရှူ၊
-
5:57 - 5:58(အသက်ရှူသွင်းသည်)
-
5:59 - 6:00(အသက်ရှူထုတ်သည်)
-
6:02 - 6:04ဒီတော့ ဘယ်လို ခံစားရလဲ။
-
6:05 - 6:07ဖိစီးမှု နည်းနည်း လျော့သွားလား။
-
6:07 - 6:09နည်းနည်း ပိုပြီး စိတ်အေးသွားလား။
-
6:09 - 6:10ကောင်းတယ်မို့လား။
-
6:10 - 6:12အလွန့်ကို ရိုးစင်းပါတယ်၊
-
6:12 - 6:14ကျွန်တော် နိုးနေပြီး
ကလေးတွေ၊အလုပ် -
6:14 - 6:16(သို့)ဘာဖြစ်ဖြစ် ပူပန်ပြီ။
ပြန်အိပ်မရဘူးဆိုရင် -
6:16 - 6:18ဒါကို ညဘက်မှာတောင် အသုံးပြုတယ်။
-
6:18 - 6:19ဒီနေ့ ဒီကို ထွက်မလာခင်
-
6:19 - 6:22ကန့်လန့်ကာနောက်မှာဒါကို ကျွန်တော် သုံးနေ
တယိဆိုတာ ပိုယုံကြည်သင့်တယ်။ -
6:22 - 6:23အဆင်ပြေလား။
-
6:24 - 6:27စင်နောက်မှာ ကျွန်တော်ခေါ်တဲ့ ၉x၉
တစ်ခုတောင် လုပ်ခဲ့တယ်။ -
6:27 - 6:29လုပ်ငန်းစဉ်ကို တစ်ဆက်တည်း
သုံးကြိမ်လုပ်တာပါ။ -
6:29 - 6:32သင်ဟာ ကျဉ်းထဲကျပ်ထဲမှာ
(သို့) TEDx ဟောပြောချက်တစ်ခု -
6:32 - 6:34ပေးဖို့ ထွက်လာရင်
သင်လည်း လုပ်နိုင်တယ်လေ။ -
6:34 - 6:35(ရယ်သံများ)
-
6:35 - 6:39ဒီတော့ သင့်ဘဝမှာ ၃x၃ နည်းကို
ဘယ်အချိန် အသုံးပြုမှာလဲ။ -
6:39 - 6:43အားလုံးဟာ လက်ရှိ ကာလမှာ ဆက်ရှိ
နေနိုင်စွမ်းကို အလွန်အမင်း တောင်းဆိုတဲ့ -
6:43 - 6:47နေ့စဉ်ဘဝတွေမှာ အထပ်ထပ်ဖြစ်နေတဲ့
စိတ်ဖိစီးမှုပေးတာတွေကို ကြုံတွေ့ရတယ်။ -
6:47 - 6:49အာရုံစိုက်ပါ၊ ဖိစီးမှုကို ကိုင်တွယ်ပါ။
-
6:49 - 6:51ကြုံရတဲ့ အထပ်ထပ်ဖြစ်နေတဲ့
-
6:51 - 6:55စိတ်ဖိစီးစေတာတွေထဲက တစ်ခုကို
တွေးကြည့်ဖို့ အချိန်ခဏလောက် ယူစေချင်တယ်။ -
6:56 - 6:58ခက်ခဲလွန်းတာ မဖြစ်သင့်ပါဘူး။
-
6:59 - 7:01လူတိုင်းမှာ တစ်ခုခုရှိတယ်မို့လား။
-
7:01 - 7:02ကောင်းပြီ။
-
7:02 - 7:04ဒီတော့ နောက်တစ်ခါ ဒီစိတ်ဖိစီးစေတာတွေထဲက
-
7:04 - 7:08တစ်ခုကို တွေ့ကြုံတဲ့အခါ
ဒါကို ကြိုးစား၊ ကိုင်တွယ်ဖို့ -
7:08 - 7:11၃x၃ နည်းကို အသုံးပြုပါမယ်လို့
အချင်းချင်း ကတိပြုကြရအောင်။ -
7:12 - 7:13သဘောတူတယ်နော်။
-
7:13 - 7:14ပရိတ်သတ်။ သဘောတူတယ်။
-
7:14 - 7:15ကောင်းလိုက်တာ။
-
7:15 - 7:19ဒီတော့ ၃x၃ နည်းရဲ့ အနာဂတ်က ဘာလဲ။
-
7:19 - 7:23၃x၃ နည်းကို အသုံးပြုနေတဲ့ လူတွေဟာ
ဒါကို သူတို့ အသုံးပြုနေတဲ့ -
7:23 - 7:28မရေမတွက်နိုင်တဲ့ အခြေအနေတွေ၊
အလုပ်အကိုင်တွေနဲ့ဘဝ ဝန်းကျင်တွေမှာ -
7:28 - 7:30ကျွန်တော့ကို ဆက်စေ့ဆော်ပေးတယ်။
-
7:30 - 7:35သက်လုံ ထိန်းဖို့ တာဝေး ပြိုင်ပွဲတွေအတွင်း
သုံးတဲ့ အဆင့်မြင့် အပြေးသမားတစ်ယောက်၊ -
7:35 - 7:41တည်ငြိမ်ဖို့ ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်အတွင်း
သုံဒတဲ့ ကျောရိုး ခွဲစိတ်ဆရာဝန်တစ်ယောက် -
7:41 - 7:45ဆုံးဖြတ်ချက်ကြီးတွေ မချခင်အတွင်း
ဒါကို အသုံးပြုတဲ့ CEO တစ်ယောက်တောင်ရှိတယ်။ -
7:47 - 7:50တကယ်ပဲ အခြေအနေတိုင်းမှာ
မည်သူမဆို ဒါကို သုံးနိုင်တယ်။ -
7:50 - 7:52မိဘတွေကနေ လုပ်ငန်းရှင်တွေ
ဆရာဝန်တွေ၊အားကစားသမားတွေအထိပါ -
7:52 - 7:54ပြဿနာမရှိဘူး။
-
7:55 - 7:56နောက်ဆုံးအနေနဲ့
-
7:56 - 7:58ဒီဂျစ်တယ် ကိရိယာတွေ စစ်ကြည့်ဖို့
-
7:58 - 8:00စေ့ဆော်မှုရဲ့ အမြဲ တိုးပွားနေတဲ့
-
8:00 - 8:03စွဲစေတတ်တဲ့ သဘာဝကို
-
8:03 - 8:07ရှောင်ရှားတာ ကူညီဖို့
၃x၃ နည်းကို အသုံးပြုနိုင်ပါတယ်။ -
8:07 - 8:08(ရယ်သံများ)
-
8:10 - 8:11နောက်တစ်ခါ စတိုးဆိုင်က
-
8:11 - 8:13အတန်းထဲမှာ သင်ရောက်နေပြီး
-
8:13 - 8:15ဖုန်းကို ထုတ်ယူပြီး လူမှုမီဒီယာကို
စစ်ကြည့်ဖို့ -
8:15 - 8:20စာတို ပို့ဖို့၊ အီးမေလ်း
ဖတ်ဖို့် ဆန္ဒပြင်းပြတဲ့အခါ -
8:20 - 8:21မလုပ်ပါနဲ့။
-
8:22 - 8:24လက်ရှိ တဒင်္ဂဆီ
-
8:24 - 8:28ကိုယ့်ကိုယ်ကိုယ် ပြန်ခေါ်ဖို့
ဒီအစား ၃x၃ နည်းကို သုံးပါ၊။ -
8:29 - 8:32တဒင်္ဂတိုင်းမှာ အဓိပ္ပာယ်ရှိပါတယ်။
-
8:32 - 8:34အချိန်က အဖိုးတန်ပါတယ်။
-
8:35 - 8:36လွတ်မသွားစေနဲ့နော်။
-
8:37 - 8:41ဒီအချိန်လေးကို ကျွန်တော်နဲ့
မျှဝေတဲ့အတွက် ကျေးဇူးပါ။ -
8:41 - 8:43(လက်ခုပ်သံများ)
- Title:
- စိတ်တည်ငြိမ်မှုအတွက် စက္ကန့် ၃၀။ Phil Boissiere | TEDxNaperville
- Description:
-
သင်ဟာ စက္ကန့် ၃၀ အတွင်းမှာ စိတ်ဖိစီးမှု ခံစားနေရမှုကနေ ငြိမ်သက်မှုဆီ သွားနိုင်လား။ Phil Boissiere ကနေပြီး သင့်ရဲ့ မအားမလပ်ဖြစ်နေတဲ့ ဘဝထဲမှာ အချိန်မရွေး၊ နေရာမရွေး သိမှတ်မှု ဖြစ်လာစေဖို့ သူ့ရဲ့ ရိုးစင်းတဲ့ နည်းစနစ်ကို မျှဝေထားပါတယ်။
ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx တွင် ပိုလေ့လာနိုင်ပါတယ်။ - Video Language:
- English
- Team:
closed TED
- Project:
- TEDxTalks
- Duration:
- 08:48
![]() |
sann tint approved Burmese subtitles for 30 seconds to mindfulness | Phil Boissiere | TEDxNaperville | |
![]() |
sann tint edited Burmese subtitles for 30 seconds to mindfulness | Phil Boissiere | TEDxNaperville | |
![]() |
Myo Aung accepted Burmese subtitles for 30 seconds to mindfulness | Phil Boissiere | TEDxNaperville | |
![]() |
Myo Aung edited Burmese subtitles for 30 seconds to mindfulness | Phil Boissiere | TEDxNaperville | |
![]() |
sann tint edited Burmese subtitles for 30 seconds to mindfulness | Phil Boissiere | TEDxNaperville | |
![]() |
sann tint edited Burmese subtitles for 30 seconds to mindfulness | Phil Boissiere | TEDxNaperville | |
![]() |
sann tint edited Burmese subtitles for 30 seconds to mindfulness | Phil Boissiere | TEDxNaperville | |
![]() |
sann tint edited Burmese subtitles for 30 seconds to mindfulness | Phil Boissiere | TEDxNaperville |