1 00:00:18,663 --> 00:00:20,654 စိတ်တည်ငြိမ်မှု 2 00:00:20,654 --> 00:00:23,314 မကြာသေးတဲ့ ကာလတွေမှာ ရေပန်းစားတဲ့ စကားလုံးဖြစ်လာတယ်။ 3 00:00:23,314 --> 00:00:26,371 စိတ်တည်ငြိမ်မှု အလေ့အကျင့်တွေကို အသုံးပြုခဲ့တာနှစ်ထောင်ချီပါပြီ။ 4 00:00:26,831 --> 00:00:27,944 အများစု သဘောတူကြတာက 5 00:00:27,944 --> 00:00:30,167 စိတ်တည်ငြိမ်မှု အကျင့်တွေဟာ အပြုသဘောအရာဖြစ်ကာ 6 00:00:30,167 --> 00:00:31,809 ဘဝကို ကောင်းကျိုး ပေးမယ်ဆိုတာပါ။ 7 00:00:31,809 --> 00:00:33,087 စိတ်တည်ငြိမ်မှု အလေ့အထတွေက 8 00:00:33,087 --> 00:00:36,085 ဘဝအရည်အသွေးအပေါ် အပြုသဘော သက်ရောက်မှုရှိတာကိုသရုပ်ဖော်တဲ့ 9 00:00:36,085 --> 00:00:41,264 သုတေသန အပုံအပင်ရှိပါတယ်၊ အာရုံစိုက်မှု တိုးတက်စေပြီး စိတ်ဖိစီးမှု လျော့ကျစေတာပါ။ 10 00:00:41,958 --> 00:00:44,613 Fortune 500 ကုမ္ပဏီတွေနေ မူလတန်းကျောင်းတွေအထိ 11 00:00:44,613 --> 00:00:47,340 စိတ်တည်ငြိမ်မှု အလေ့အကျင့်တွေကို လက်တွေ့ ကျင့်သုံးမှုနဲ့ 12 00:00:47,340 --> 00:00:50,722 ထိန်းချုပ်ထာတဲ့ လေ့လာမှုတွေမှာ အံ့ဖွယ် ရလဒ်တွေနဲ့အတူ 13 00:00:50,722 --> 00:00:52,583 နေ့စဉ် သုံးနေကြတယ်။ 14 00:00:53,283 --> 00:00:54,749 ဖြစ်ချင်တော့ 15 00:00:54,749 --> 00:00:57,955 စိတ်တည်ငြိမ်မှု လေ့ကျင့်ဖို့ အနည်းငယ်သော 16 00:00:57,955 --> 00:01:01,476 အချိန်ပမာဏတစ်ခု(သို့) တိတ်ဆိတ်တဲ့ နေရာတစ်ခုကိုတောင် 17 00:01:01,476 --> 00:01:03,254 ဇယ်ထားဖို့ တွေးတဲ့အခါ 18 00:01:03,254 --> 00:01:05,286 အများစုက ဘရိတ်ကို တော့နင်းတတ်ကြတယ်။ 19 00:01:05,646 --> 00:01:07,348 သင့်ကိုယ်သင် တွေးမိလောက်တာက 20 00:01:07,348 --> 00:01:09,225 "တိတ်ဆိတ်တဲ့ နေရာတစ်ခုလား။ 21 00:01:09,595 --> 00:01:10,728 ဆယ်မိနစ်လား။ 22 00:01:10,728 --> 00:01:11,908 ဘာလဲဟ။ 23 00:01:11,908 --> 00:01:12,908 သွားစမ်းပါ၊ 24 00:01:12,908 --> 00:01:14,233 ငါ့မှာ အချိန်မရှိဘူး။" 25 00:01:15,263 --> 00:01:17,274 တဒင်္ဂထဲက လက်ကျန်အချိန်ထဲမှာ 26 00:01:17,274 --> 00:01:19,191 အဖိုးတန် အချိန်တွေကို ကုန်ဆုံးဖို့ 27 00:01:19,191 --> 00:01:21,167 အော်နေတဲ့ ကလေးတွေ၊ 28 00:01:21,167 --> 00:01:23,242 အလုပ်နဲ့ဆိုင်တဲ့ ဖိအားတွေ 29 00:01:23,242 --> 00:01:24,899 အထွေထွေ ဘဝ ဖိစီးမှု၊ နည်းပညာဆိုင်ရာ 30 00:01:24,899 --> 00:01:27,417 အာရုံနောက်မှုတွေကို ခွင့်ပြုကြတယ်။ 31 00:01:28,877 --> 00:01:31,670 စိတ်တည်ငြိမ်မှု အလေ့အကျင့်တွေကို ဘေးဖယ်လိုက်ခြင်းရဲ့ ရလဒ်က 32 00:01:31,670 --> 00:01:32,884 ပိုစိတ်ဖိစီးပြီး 33 00:01:32,884 --> 00:01:35,386 ကျဆင်းသွားတဲ့ ဘဝအရည်အသွေးတစ်ခုပါ။ 34 00:01:36,536 --> 00:01:39,759 သိမှတ်မှရဲ့ ကောင်းကျိုးတွေကို စက္ကန့် ၃၀ လောက် အချိန်နည်းနည်းလေးမှာ 35 00:01:39,759 --> 00:01:43,849 အခြေအနေတိုင်းနီးပါးမှာရယူနိုင်တယ်လို့ 36 00:01:43,849 --> 00:01:45,831 ကျွန်တော် ပြောမယ်ဆိုရင်ရော။ 37 00:01:46,461 --> 00:01:49,045 ကျွန်တော်ဟာ ဖြေဆေးရောင်းနေတာလို့ ထင်ကောင်းထင်မယ်။ 38 00:01:49,045 --> 00:01:51,495 (သို့) အနည်းဆုံးမှာ မှန်ဖို့က ကောင်းလွန်းနေတယ်။ 39 00:01:51,805 --> 00:01:53,130 တကယ်ကတော့ 40 00:01:53,130 --> 00:01:54,575 ဒါက အမှန်ဖြစ်ပြီး 41 00:01:54,575 --> 00:01:55,975 ကျွန်တော် မျှဝေတော့မယ့် 42 00:01:55,975 --> 00:01:59,690 နည်းလမ်းမှာကျွန်တော် လေ့ကျင့်ပေးထားတဲ့ လူတွေ ပုံမှန် လုပ်နေကြတာပါ။ 43 00:01:59,690 --> 00:02:04,105 အကျော်အမော် အားကစားသမားတွေကနေ ဆရာဝန်တွေ၊ မိဘတွေအထိပါ။ 44 00:02:05,445 --> 00:02:08,772 ပထမဆုံး တီထွင်ခဲ့တဲ့ ဒီနည်းကို "၃x၃ နည်း" လို့ ခေါ်လိုက်တယ်။ 45 00:02:08,772 --> 00:02:11,856 ဒီတုန်းက ကျွန်တော့သမီးက အခါလည်လောက်ပါ။ 46 00:02:12,836 --> 00:02:16,276 ကလေးတွေရှိတဲ့ သင်တို့အတွက် အုပ်ထိန်းမှုဟာ ပျော်ရွှင်မှုကြီး ယူဆောင်လာပြီး 47 00:02:16,276 --> 00:02:19,146 မယုံနိုင်လောက်တဲ့ ဖိစီးမှု ပမာဏရောပဲဆိုတာ သိကြပါတယ်။ 48 00:02:19,516 --> 00:02:23,243 တိုးလာနေတဲ့ ကြွက်သား တင်းမာမှု၊ ခေါင်းကိုက်တာတွေနဲ့ ပူပန်မှု 49 00:02:23,243 --> 00:02:24,994 ကြုံရတာ ကိုယ်တိုင်တွေ့ရှိခဲ့ပြီး 50 00:02:24,994 --> 00:02:29,808 အလုပ်ကနေ အိမ်၊ အိမ်ကနေ ကစားကွင်း၊ အိမ်ကနေ အိပ်ရာ၊ 51 00:02:30,048 --> 00:02:32,669 အလုပ်၊ အိမ်၊ ကစားကွင်းကို သုတ်ခြေတင်ပြီး 52 00:02:32,669 --> 00:02:35,436 ဆက်တိုက်လည်နေတော့ 53 00:02:35,436 --> 00:02:37,682 အတော်ကြီးကို မသက်မသာဖြစ်လာတော့ 54 00:02:37,682 --> 00:02:39,942 ဒါနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့ စလိုက်တယ်။ 55 00:02:40,692 --> 00:02:41,968 အခု စိတ်ကုပညာရှင်အနေနဲ့ 56 00:02:41,968 --> 00:02:45,120 Silicon Valley ရဲ့ ဖိအားမြင့်တဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်နေရင်း 57 00:02:45,120 --> 00:02:48,973 စိတ်တည်ငြိမ်မှု အလေ့အကျင့်တွေအကြောင်း ပင်ကိုအားဖြင့် ထက်သန်မိတယ်။ 58 00:02:48,973 --> 00:02:50,783 ငါတော့ အပိုင်ပဲလို့ တွေးကာ 59 00:02:51,063 --> 00:02:52,926 စမ်းသပ်ကြည့်ဖို့ စလိုက်တယ်။ 60 00:02:53,416 --> 00:02:54,884 ကံဆိုးချင်တော့ 61 00:02:54,884 --> 00:02:59,614 "အမြန်၊အမြန်၊အမြန်၊ ငါ့မှာ အချိန်မရှိဘူး" ဆိုတဲ့ ထောင်ချောက်ထဲ တည့်တည့် ကျသွားတယ်။ 62 00:02:59,969 --> 00:03:01,302 ဒါက ကျွန်တော့ကို ဘာဖြစ်စေလဲ။ 63 00:03:01,302 --> 00:03:04,945 ဖိစီးမှုပိုများ၊ခေါင်းကိုက်မှုတွေ ပိုများ၊ ပူပန်မှု ပိုများ၊ အကုန်လုံးပါ။ 64 00:03:05,995 --> 00:03:09,653 အပတ်တကုတ် ဆက်ကြိုးစားပေးမဲ့ အပြုသဘော ရလဒ်ကို အလွန်နည်းပါးတုန်းပါ။ 65 00:03:09,933 --> 00:03:12,620 ဒါနဲ့ ငါကြိုးစားမယ်၊ တုံ့ပြန်မှု ရနိုင်မယ်လို့ တွေးမိတယ်။ 66 00:03:12,620 --> 00:03:13,936 စမ်းနေတဲ့ နည်းလမ်းစုံအတွက် 67 00:03:13,936 --> 00:03:17,592 ရုပ်ပိုင်း တုံ့ပြန်မှုကို တိုင်းတာဖို့ နှလုံးခုန်နှုန်း ပြစက်ကို ဝတ်တယ်။ 68 00:03:19,112 --> 00:03:20,221 ဆက်ကြိုးစားပေမဲ့ 69 00:03:20,221 --> 00:03:23,646 အခြေခံအကျဆုံး အသက်ရှုတဲ့ နည်းစနစ်တစ်ခုကို 70 00:03:23,646 --> 00:03:28,268 အခြေခံအကျဆုံး စိတ်တည်ငြိမ်မှု နည်းစနစ်တစ်ခုနဲ့ မတွဲမိခင်အထိ 71 00:03:28,268 --> 00:03:32,123 ကျွန်တော် မျှော်လင့်ခဲ့တဲ့ ရလဒ် အမျိုးအစားက မရသေးဘူး။ 72 00:03:32,123 --> 00:03:33,220 ဒါက နားလည်သွားချိန်ပါ။ 73 00:03:33,220 --> 00:03:34,591 (လက်ဖျောက် တီးသံ) 74 00:03:34,691 --> 00:03:36,604 ဒါက အပြောင်းအလဲဖြစ်စေတာပါ။ 75 00:03:36,894 --> 00:03:39,812 ကျွန်တော့ နှလုံးခုန်နှုန်းက တစ်သမတ်တည်း စကျလာတယ်။ 76 00:03:40,052 --> 00:03:43,631 ပတ်ဝန်းကျင်အတွင်းက စိတ်ဖိစီးစေတာတွေကို စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေက 77 00:03:43,631 --> 00:03:46,105 သိသာစွာ ပြောင်းလဲသွားတယ်။ 78 00:03:46,455 --> 00:03:49,109 ဒီနည်းနဲ့ ၃x၃ နည်း ဖြစ်ပေါ်ခဲ့တယ်။ 79 00:03:51,803 --> 00:03:55,340 ၃x၃ နည်းက အင်မတန် ရိုးစင်းပါတယ်။ 80 00:03:56,230 --> 00:03:57,891 သင် လုပ်ရမယ့်ဟာဆိုလို့ 81 00:03:57,891 --> 00:04:01,410 ပတ်ဝန်းကျင်ထဲမှာ ရုပ်ဝတ္ထုတစ်ခုကို ရှာတာပါ၊ 82 00:04:01,410 --> 00:04:02,413 ဒါကို အမည်တပ်ပြီး 83 00:04:02,413 --> 00:04:03,625 အသက်ပြင်းပြင်း တစ်ချက်ရှူ 84 00:04:03,625 --> 00:04:05,640 သုံးကြိမ် ထပ်လုပ်ပါ။ 85 00:04:06,006 --> 00:04:09,481 အခု မှတ်ထားရမှာက ဒီပုံစံထဲမှာ ကျွန်တော် လေ့ကျင့်ပေးခဲ့တဲ့သူ အများစုက 86 00:04:09,481 --> 00:04:11,432 စမ်းမကြည့်ခင်အထိ ပေါက်ကရ လေရှည်နေသလို 87 00:04:11,432 --> 00:04:13,016 ကျွန်တော့ကို ကြည့်ကြတယ်။ 88 00:04:13,016 --> 00:04:15,121 ဒီတော့ အလားတူ ခံစားမိရင် သင်တို့ပဲ မဟုတ်ပါ 89 00:04:15,121 --> 00:04:18,451 မပူပါနဲ့၊ ခဏကြာရင် ကျွန်တော်တို့ အတူတူ လုပ်ကြတော့မှာပါ၊ အဆင်ပြေတယ်နော်။ 90 00:04:18,451 --> 00:04:19,549 အတူတူ လုပ်ချင်လား။ 91 00:04:19,549 --> 00:04:20,551 ပရိသတ်။ လုပ်ချင်တယ်။ 92 00:04:20,551 --> 00:04:21,548 ကောင်းပါပြီ။ 93 00:04:22,978 --> 00:04:24,338 ဒီတော့ သင့်ပတ်ဝန်းကျင်ထဲက 94 00:04:24,338 --> 00:04:27,780 ရုပ်ဝတ္ထု သုံးခု ရှာစေချင်တယ်။ 95 00:04:27,780 --> 00:04:28,782 ဘာပဲဖြစ်ဖြစ်ရပါတယ်။ 96 00:04:28,782 --> 00:04:32,020 စားရေးခုံ သင့် ဘေးမှာ ထိုင်နေသူ တစ်ယောက်ယောက် 97 00:04:32,020 --> 00:04:33,770 ကွန်ပြူတာ စခရင်၊ မီးလုံးဆို ရပါတယ်၊ 98 00:04:33,770 --> 00:04:35,603 ပြောရရင် ဘာမဆိုပါ။ 99 00:04:35,603 --> 00:04:40,267 အရေးကြီးတာက ကျွန်တော်မြင်ဖူးတဲ့ လူအတော်များများ ကျရောက်သွားတဲ့ 100 00:04:40,267 --> 00:04:41,932 ထူးခြားတဲ့ လှည့်ကွက်ထဲ မကျဖို့ပါ 101 00:04:41,932 --> 00:04:46,035 ဒါက အရာဝတ္ထုမှာ ဘက်လိုက်တဲ့ သရုပ်ဖော်ချက်တွေ ထပ်ဖြည့်တာပါ၊ 102 00:04:46,035 --> 00:04:48,967 ဥပမာ ငါ့အကြိုက်ဆုံး ခွေးခြေ 103 00:04:48,967 --> 00:04:51,410 (သို့) Johnny ကို ငါတကယ် သဘောကျတာ။ 104 00:04:51,410 --> 00:04:54,722 ဒီဘက်လိုက်တဲ့ သရုပ်ဖော်ချက်တွေ၊ နာမဝသေန စတာတွေ ထပ်ဖြည့်လိုက်တဲ့အခါ 105 00:04:54,722 --> 00:04:58,200 ဖြစ်စဉ်ကို ကမောက်ကမလုပ်တဲ့ သိမ်မွေ့တဲ့ စိတ်ပိုင်းတုံ့ပြန်မှုတွေ ဖြစ်စေတယ်။ 106 00:04:58,200 --> 00:04:59,672 ဒီတော့ သင်ဟာ ဒါပဲပြောရမှာပါ၊ 107 00:04:59,672 --> 00:05:01,144 "ဒါက ခွေးခြေတစ်လုံး" 108 00:05:01,144 --> 00:05:02,710 ဒိပြင် ဘာမှမဟုတ်ဘူး။ 109 00:05:02,710 --> 00:05:05,562 အရာဝတ္ထုကို အမည်တပ်တဲ့အခါ အသံမထွက်ဘဲ သင့်စိတ်ထဲမှာ 110 00:05:05,562 --> 00:05:06,704 ဒီအတိုင်း လုပ်နေတာပါ။ 111 00:05:06,704 --> 00:05:08,854 အလုပ်၊ဘတ်စ်(သို့) ရထားပေါ်မှာ ဒါကို သင်လုပ်ရင် 112 00:05:08,854 --> 00:05:10,967 သိတဲ့အတိုင်း လူတွေ စတွေးလောက်တာက 113 00:05:10,967 --> 00:05:12,869 ဒီနေ့ ဒီကောင် ပြဿနာ နည်းနည်းရှိနေတယ်။ 114 00:05:12,869 --> 00:05:14,091 အဆင်ပြေတယ်နော်။ 115 00:05:14,091 --> 00:05:15,685 သင် အသက်ရှူလိုက်တဲ့အခါ 116 00:05:15,685 --> 00:05:17,986 ဒါကို ပါးစပ်နဲ့ နှာခေါင်းကနေ ဒီလိုလုပ်မှာပါ။ 117 00:05:17,986 --> 00:05:20,007 သင့်အတွက် သက်သောင့်သက်သာ ဖြစ်တာမှန်သမျှပါ။ 118 00:05:21,287 --> 00:05:24,006 နောက်ဆုံး ဝတ္ထုတွေကို ကိုယ်တိုင် ရွေးရင်အကောင်းဆုံးပေမဲ့ 119 00:05:24,006 --> 00:05:26,714 ဒီဟောပြောချက်အတွက်၊ အတူလုပ်ဖို့ ကျွန်တော်တို့အတွက်နဲ့ 120 00:05:26,714 --> 00:05:28,157 အရာတွေ မြန်ဆန်ထိရောက်ဖို့ 121 00:05:28,157 --> 00:05:30,428 အရာဝတ္ထု သုံးခု ကျွန်တော် ရွေးထားတယ်။ 122 00:05:30,428 --> 00:05:35,067 ဒီညွှန်တံ၊ ဒီခွေးခြေနဲ့ ဒီစခရင်ပါ။ 123 00:05:35,812 --> 00:05:37,341 အတူတူ စမ်းကြည့်ဖို့ အသင့်ပဲလား။ 124 00:05:37,341 --> 00:05:39,023 ကောင်းပြီ၊ စလိုက်ကြစို့။ 125 00:05:39,913 --> 00:05:41,234 ဒါက ညွှန်တံတစ်ချောင်း၊ပါ။ 126 00:05:41,574 --> 00:05:42,587 အသက်ပြင်းပြင်း ရှူပါ။ 127 00:05:42,587 --> 00:05:43,806 (အသက်ရှူသွင်းသည်) 128 00:05:44,381 --> 00:05:45,661 (အသက်ရှူထုတ်သည်) 129 00:05:47,076 --> 00:05:48,584 ဒါက ခွေးခြေတစ်လုံး၊ 130 00:05:48,864 --> 00:05:49,920 အသက်ပြင်းပြင်း ရှူပါ။ 131 00:05:49,920 --> 00:05:51,194 (အသက်ရှူသွင်းသည်) 132 00:05:51,804 --> 00:05:53,054 (အသက်ရှူထုတ်သည်) 133 00:05:53,974 --> 00:05:55,415 ဒါက စခရင်တစ်ခု 134 00:05:55,735 --> 00:05:56,839 နောက်ထပ် ပြင်းပြင်းရှူ၊ 135 00:05:56,839 --> 00:05:58,217 (အသက်ရှူသွင်းသည်) 136 00:05:58,977 --> 00:06:00,277 (အသက်ရှူထုတ်သည်) 137 00:06:01,758 --> 00:06:04,059 ဒီတော့ ဘယ်လို ခံစားရလဲ။ 138 00:06:05,029 --> 00:06:06,685 ဖိစီးမှု နည်းနည်း လျော့သွားလား။ 139 00:06:07,285 --> 00:06:09,031 နည်းနည်း ပိုပြီး စိတ်အေးသွားလား။ 140 00:06:09,031 --> 00:06:10,227 ကောင်းတယ်မို့လား။ 141 00:06:10,227 --> 00:06:12,320 အလွန့်ကို ရိုးစင်းပါတယ်၊ 142 00:06:12,320 --> 00:06:14,038 ကျွန်တော် နိုးနေပြီး ကလေးတွေ၊အလုပ် 143 00:06:14,038 --> 00:06:16,225 (သို့)ဘာဖြစ်ဖြစ် ပူပန်ပြီ။ ပြန်အိပ်မရဘူးဆိုရင် 144 00:06:16,225 --> 00:06:17,826 ဒါကို ညဘက်မှာတောင် အသုံးပြုတယ်။ 145 00:06:17,826 --> 00:06:18,976 ဒီနေ့ ဒီကို ထွက်မလာခင် 146 00:06:18,976 --> 00:06:22,211 ကန့်လန့်ကာနောက်မှာဒါကို ကျွန်တော် သုံးနေ တယိဆိုတာ ပိုယုံကြည်သင့်တယ်။ 147 00:06:22,211 --> 00:06:23,351 အဆင်ပြေလား။ 148 00:06:24,315 --> 00:06:26,983 စင်နောက်မှာ ကျွန်တော်ခေါ်တဲ့ ၉x၉ တစ်ခုတောင် လုပ်ခဲ့တယ်။ 149 00:06:26,983 --> 00:06:29,218 လုပ်ငန်းစဉ်ကို တစ်ဆက်တည်း သုံးကြိမ်လုပ်တာပါ။ 150 00:06:29,218 --> 00:06:31,741 သင်ဟာ ကျဉ်းထဲကျပ်ထဲမှာ (သို့) TEDx ဟောပြောချက်တစ်ခု 151 00:06:31,741 --> 00:06:33,864 ပေးဖို့ ထွက်လာရင် သင်လည်း လုပ်နိုင်တယ်လေ။ 152 00:06:33,864 --> 00:06:35,231 (ရယ်သံများ) 153 00:06:35,231 --> 00:06:38,686 ဒီတော့ သင့်ဘဝမှာ ၃x၃ နည်းကို ဘယ်အချိန် အသုံးပြုမှာလဲ။ 154 00:06:39,166 --> 00:06:43,452 အားလုံးဟာ လက်ရှိ ကာလမှာ ဆက်ရှိ နေနိုင်စွမ်းကို အလွန်အမင်း တောင်းဆိုတဲ့ 155 00:06:43,452 --> 00:06:46,835 နေ့စဉ်ဘဝတွေမှာ အထပ်ထပ်ဖြစ်နေတဲ့ စိတ်ဖိစီးမှုပေးတာတွေကို ကြုံတွေ့ရတယ်။ 156 00:06:46,835 --> 00:06:49,077 အာရုံစိုက်ပါ၊ ဖိစီးမှုကို ကိုင်တွယ်ပါ။ 157 00:06:49,367 --> 00:06:50,650 ကြုံရတဲ့ အထပ်ထပ်ဖြစ်နေတဲ့ 158 00:06:50,650 --> 00:06:54,850 စိတ်ဖိစီးစေတာတွေထဲက တစ်ခုကို တွေးကြည့်ဖို့ အချိန်ခဏလောက် ယူစေချင်တယ်။ 159 00:06:55,980 --> 00:06:58,047 ခက်ခဲလွန်းတာ မဖြစ်သင့်ပါဘူး။ 160 00:06:58,941 --> 00:07:00,549 လူတိုင်းမှာ တစ်ခုခုရှိတယ်မို့လား။ 161 00:07:00,969 --> 00:07:02,080 ကောင်းပြီ။ 162 00:07:02,080 --> 00:07:04,051 ဒီတော့ နောက်တစ်ခါ ဒီစိတ်ဖိစီးစေတာတွေထဲက 163 00:07:04,371 --> 00:07:07,600 တစ်ခုကို တွေ့ကြုံတဲ့အခါ ဒါကို ကြိုးစား၊ ကိုင်တွယ်ဖို့ 164 00:07:07,600 --> 00:07:11,428 ၃x၃ နည်းကို အသုံးပြုပါမယ်လို့ အချင်းချင်း ကတိပြုကြရအောင်။ 165 00:07:11,828 --> 00:07:12,831 သဘောတူတယ်နော်။ 166 00:07:12,831 --> 00:07:13,834 ပရိတ်သတ်။ သဘောတူတယ်။ 167 00:07:13,834 --> 00:07:14,854 ကောင်းလိုက်တာ။ 168 00:07:14,854 --> 00:07:18,708 ဒီတော့ ၃x၃ နည်းရဲ့ အနာဂတ်က ဘာလဲ။ 169 00:07:18,708 --> 00:07:22,824 ၃x၃ နည်းကို အသုံးပြုနေတဲ့ လူတွေဟာ ဒါကို သူတို့ အသုံးပြုနေတဲ့ 170 00:07:22,824 --> 00:07:28,225 မရေမတွက်နိုင်တဲ့ အခြေအနေတွေ၊ အလုပ်အကိုင်တွေနဲ့ဘဝ ဝန်းကျင်တွေမှာ 171 00:07:28,225 --> 00:07:29,730 ကျွန်တော့ကို ဆက်စေ့ဆော်ပေးတယ်။ 172 00:07:30,040 --> 00:07:34,877 သက်လုံ ထိန်းဖို့ တာဝေး ပြိုင်ပွဲတွေအတွင်း သုံးတဲ့ အဆင့်မြင့် အပြေးသမားတစ်ယောက်၊ 173 00:07:35,227 --> 00:07:41,126 တည်ငြိမ်ဖို့ ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်အတွင်း သုံဒတဲ့ ကျောရိုး ခွဲစိတ်ဆရာဝန်တစ်ယောက် 174 00:07:41,193 --> 00:07:45,294 ဆုံးဖြတ်ချက်ကြီးတွေ မချခင်အတွင်း ဒါကို အသုံးပြုတဲ့ CEO တစ်ယောက်တောင်ရှိတယ်။ 175 00:07:46,554 --> 00:07:49,614 တကယ်ပဲ အခြေအနေတိုင်းမှာ မည်သူမဆို ဒါကို သုံးနိုင်တယ်။ 176 00:07:49,856 --> 00:07:52,422 မိဘတွေကနေ လုပ်ငန်းရှင်တွေ ဆရာဝန်တွေ၊အားကစားသမားတွေအထိပါ 177 00:07:52,422 --> 00:07:53,689 ပြဿနာမရှိဘူး။ 178 00:07:55,040 --> 00:07:56,091 နောက်ဆုံးအနေနဲ့ 179 00:07:56,091 --> 00:07:58,301 ဒီဂျစ်တယ် ကိရိယာတွေ စစ်ကြည့်ဖို့ 180 00:07:58,301 --> 00:07:59,981 စေ့ဆော်မှုရဲ့ အမြဲ တိုးပွားနေတဲ့ 181 00:07:59,981 --> 00:08:03,271 စွဲစေတတ်တဲ့ သဘာဝကို 182 00:08:03,271 --> 00:08:07,251 ရှောင်ရှားတာ ကူညီဖို့ ၃x၃ နည်းကို အသုံးပြုနိုင်ပါတယ်။ 183 00:08:07,251 --> 00:08:08,465 (ရယ်သံများ) 184 00:08:09,566 --> 00:08:11,140 နောက်တစ်ခါ စတိုးဆိုင်က 185 00:08:11,140 --> 00:08:12,585 အတန်းထဲမှာ သင်ရောက်နေပြီး 186 00:08:12,585 --> 00:08:15,381 ဖုန်းကို ထုတ်ယူပြီး လူမှုမီဒီယာကို စစ်ကြည့်ဖို့ 187 00:08:15,381 --> 00:08:19,748 စာတို ပို့ဖို့၊ အီးမေလ်း ဖတ်ဖို့် ဆန္ဒပြင်းပြတဲ့အခါ 188 00:08:20,188 --> 00:08:21,312 မလုပ်ပါနဲ့။ 189 00:08:21,812 --> 00:08:24,411 လက်ရှိ တဒင်္ဂဆီ 190 00:08:24,411 --> 00:08:28,136 ကိုယ့်ကိုယ်ကိုယ် ပြန်ခေါ်ဖို့ ဒီအစား ၃x၃ နည်းကို သုံးပါ၊။ 191 00:08:29,443 --> 00:08:31,502 တဒင်္ဂတိုင်းမှာ အဓိပ္ပာယ်ရှိပါတယ်။ 192 00:08:32,242 --> 00:08:34,027 အချိန်က အဖိုးတန်ပါတယ်။ 193 00:08:34,923 --> 00:08:36,175 လွတ်မသွားစေနဲ့နော်။ 194 00:08:37,325 --> 00:08:40,759 ဒီအချိန်လေးကို ကျွန်တော်နဲ့ မျှဝေတဲ့အတွက် ကျေးဇူးပါ။ 195 00:08:41,039 --> 00:08:43,226 (လက်ခုပ်သံများ)