-
-
Torque (လှည့်အား) ဗီဒီယိုမှ ကြိုဆိုပါတယ်
-
center of gravity (ဒြပ်ထုဗဟိုချက်)
ဗီဒီယိုကိုကြည့်ပြီးရင်
-
torque အကြောင်းကို
-
နည်းနည်းလောက်သိပြီပေါ့
-
အခု အသေးစိတ်ရှင်းပြပါ့မယ်
-
center of gravity ဗီဒီယိုကနေ သင်ခဲ့ရတာက
-
ပေတံ ၁ ချောင်းရှိမယ်၊ ပေတံရဲ့
-
center of gravity ရှိမယ်
-
center of gravity ကို force (အား)
သက်ရောက်ရင်
-
forceရဲ့ဦးတည်ချက်တစ်လျှောက်ရွေ့လာမယ်
-
center of gravity တည့်တည့်ကို
force သက်ရောက်ရင်
-
ပေတံတစ်ချောင်းလုံးက အဲဒီ ဦးတည်ရာအတိုင်း
ရွေ့သွားမယ်
-
force ကို mass (ဒြပ်ထု) နဲ့စားပြီး
-
ဖြစ်ပေါ်လာမယ့် acceleration (အရှိန်)ကို တွက်ချက်လို့ရပါတယ်
-
center of mass ဗီဒီယို မှာပြောခဲ့သလို
-
center of gravity နဲ့၀ေးရာတစ်နေရာမှာ
force ကို သက်ရောက်ရင်
-
ဘာဖြစ်လာမလဲ
-
ကောင်းပြီ၊ ပေတံကို gravity (ဆွဲအား) မရှိတဲ့
အာကာသယာဥ်ပေါ်ကနေ
-
ရောက်နေတဲ့အရာ၀တ္ထုတစ်ခုလို့ယူဆရအောင်
-
ပေတံက center of gravity ကို
ဗဟိုထားပြီး လည်လိမ့်မယ်
-
center of gravity အမှတ်ကိုမသုံးပဲ အမှတ်တစ်နေရာမှာတွဲထားရင်လည်း
-
ဒီသေဘာတရားက မှန်ကန်ပါတယ်
-
ပေတံနောက်တစ်ချောင်းရှိတယ်ဆိုပါစို့
-
(သြော် ပုံဆွဲတာအရင်ဟာထက် ဗျက်သေးသွားတယ်)
-
center of gravity ကို မစဥ်းစားတော့ဘူး
-
အမှတ်တစ်နေရာမှာ တွဲကပ်ထားလိုက်မယ်
-
ပန်းရောင်အမှတ်မှာတွဲထားလိုက်မယ်
-
နာရီလက်တံတစ်ခုဆိုပါစို့
-
နာရီမျက်နှာပြင်မှာတွဲထားတယ်ပေ့ါ
-
ကျွန်တော်တို့လက်တံကိုလှည့်ရင်
-
အဲဒီအမှတ်မှာပဲ လည်လိမ့်မယ်
-
နာရီနဲ့တွဲထားတဲ့ ပင်လေးကိုဖယ်လိုက်ပြီး
-
အဲဒီအမှတ်မှာ force သက်ရောက်ရင်
-
စောစောကပေတံလိုပဲ ရွေ့သွားလိမ့်မယ်
-
ဒါပေမယ့်
-
မစမ်းကြည့်တော့ပါဘူး
-
အခြားအမှတ်တစ်နေရာမှာ force သက်ရောက်ရင်
-
ပေတံက pivot (လည်ချက်)မှာ လည်လိမ့်မယ်
-
pivot (သို့) လည်ချက်ဗဟို (သို့) center of mass
-
အကွာအ၀ေးတစ်ခုမှာ force သက်ရောက်ရင်
-
သက်ရောက်တဲ့အားကို
-
torque လို့ခေါ်ပါတယ်
-
torque ရဲ့သက်ေတက ဂရိစာလုံး tau (သောင်) နဲ့ ရေးတယ်
-
T ကွေးကွေးလေးပါ
-
torque ဟာ force နဲ့ distance (အကွာအ၀ေး) မြှောက်လဒ်ဖြစ်ပါတယ်
-
ဘယ်လို force နဲ့ distance တွေလဲဆိုတော့
-
force က အရာဝတ္ထုနဲ့ ထောင့်မှန်ကျတဲ့
ပမာဏကို ယူရပါတယ်
-
distance vector နည်းနဲ့တွက်လို့ရပါတယ်
-
အမြင်ကွဲပြားအောင်အရောင်ကွဲတွေကိုသုံးပြီး
-
distance vector နည်းနဲ့ ရှင်းပြပါ့မယ်
-
ခရမ်းရောင်မျဥ်းက distance vector (အကွာအ၀ေး) ဖြစ်ပါတယ်
-
distance vector နဲ့ ထောင့်မှန်ကျနေတဲ့ force နဲ့ မြှောက်လဒ်က
-
torque ဖြစ်ပါတယ်
-
torque ရဲ့ unit တွေက ဘာဖြစ်မလဲဆိုတော့
-
force က newton ၊ distance က meter
-
အဲဒီတော့ unit က newton meters ပါပဲ
-
တခုပြောစရာရှိတာက newton နဲ့ meter ၊ force နဲ့ distance မြှောက်တာ
-
work done (အလုပ်)နဲ့တူနေမှာပေါ့
-
ဒါပေမဲ့ အဲဒါဟာ work မဟုတ်ဘူးဆိုတာ သဘောပေါက်ဖို့ အရမ်းအရေးကြီးပါတယ်
-
ဒါကြောင့်လည်း Joules လို့မခေါ်တာပေါ့
-
work မှာတုန်းက ဘယ်လိုတွက်ခဲ့လဲ ကြည့်ရအောင်
-
ဒါဟာ အရာ၀တ္ထုတခုကိုပြောတာပါ
-
အရာဝတ္ထု ၁ ခု ပေါ်အားသက်ရောက်မယ်၊ work done ဟာ force နဲ့
-
force နဲ့လားရာတူ
-
distance မြှောက်လဒ်ဖြစ်ပါတယ်
-
အခုကိစ္စမှာ distance နဲ့ force က
-
ပြိင်နေကြတယ်
-
distance vector နဲ့ force vector က
-
ဦးတည်ရာတူတယ်လို့ပြောလို့ရတယ်
-
ဒါဟာ အဓိပ္ပာယ်ဖွင့်ပြနေတာပါ
-
အရာဝတ္ထုတစ်ခုလုံးကရွေ့နေတယ်
-
လည်နေတာမျိုး၊ တခုခုဖြစ်နေတာမျိုး မရှိဘူး
-
torque ရဲ့အခြေအနေမှာတော့ (အရောင်နဲ့ပြောပါ့မယ်)
-
အားသက်ရောက်လိုက်တဲ့
-
လည်ချက်အမှတ်ကနေ force သက်ရောက်တဲ့အမှတ်ထိ
-
အကွာအ၀ေးဖြစ်တဲ့ distance vector ပါ
-
အခုကိစ္စမှာ distance vector က သက်ရောက်တဲ့
-
force နဲ့ ထောင့်မှန်ကျနေပါတယ်
-
torque နဲ့ work ဟာ unit တူသလိုရှိပေမယ့်
-
သဘောတရားမတူဘူးဆိုတာ သိလောက်ပါပြီ
-
နောက်သိရမှာက
-
ဒီ distance ကို moment arm distance လို့ခေါ်ပါတယ်
-
ဒီစကားလုံးဘယ်ကလာတယ်တော့ မသိပါဘူး
-
ဘယ်ကလာတယ်ဆိုတာ ကျွန်တော့်ကို
-
msg ပို့ပြီးပြောပြနိုင်ပါတယ်
-
တစ်ချို့ရူပဗေဒသင်တန်းတွေမှာ
-
torque ကို monent(လည်ကိန်း) လို့ခေါ်ပါတယ်
-
ဒါပေမဲ့ Torque လို့ပဲ ခေါ်ပါ့မယ်
-
ဒါက ပိုပျော်စရာကောင်းပါတယ်
-
torque ကို နားလည်ရင် ကားတွေရဲ့ horsepower (အင်ဂျင်ပါ၀ါ) အကြောင်းကို နားလည်ပါလိမ့်မယ်
-
torque အကြောင်း ပိုနားလည်ရအောင်
-
ဥပမာတချို့နဲ့ ရှင်းပြပါ့မယ်
-
ပေတံတစ်ချောင်းရှိတယ်ဆိုပါစို့
-
သူ့ရဲ့ pivot အမှတ်က ဒီမှာ
-
ဒီအမှတ်မှာ ပေတံလည်လိမ့်မယ်
-
နံရံ (သို့)တစ်နေရာမှာသံရိုက်ပြီးတွဲထားတယ်ဆိုပါစို့
-
distance တစ်နေရာမှာ force ၁ ခု
-
သက်ရောက်မယ်လို့ ပြောကြည့်ရအောင်
-
ဒီအကွာအ၀ေးကို အခြားအရောင်နဲ့
-
ခွဲခြားပြီးပြောပါ့မယ်
-
distance က ၁၀ မီတာ ဆိုပါစို့
-
ကျွန်တော်တို့ 5 newtons ရှိတဲ့ အားတစ်ခုကို
-
distance vector နဲ့အပြိုင်သက်ရောက်လိုက်မယ်
-
ဒါကိုတစ်ခြားပုံစံနဲ့ကြည့်လို့ရပါတယ်
-
torque ကို အလွယ်တကူ တွက်လို့ရပါတယ်
-
force 5 newtons နဲ့
-
distance 10 meters နဲ့ မြှောက်လိုက်မယ်
-
အဖြေက 50 newtons meters ပါ
-
ဒါဆို torque က အပေါင်းလား၊ အနှုတ်လား
-
ဘယ်လိုသိနိုင်မလဲ
-
အပါင်း၊ အနှုတ်သဘောတရားကို
-
ရူပဗေဒမှာ ယေဘူယျသတ်မှတ်ထားပါတယ်
-
ဒါကိုလည်း သိသင့်ပါတယ်
-
နာရီလက်တံအတိုင်းလှည့်ရင် torque က အနှုတ်ရပါတယ်
-
ဆန့်ကျင်ဘက်အနေနဲ့
-
နာရီလက်တံပြောင်းပြန်လှည့်မယ်ဆိုရင်
-
ဒီဥပမာလိုပဲ
-
နာရီလက်တံရွေ့တာနဲ့ ဆန့်ကျင်ဘက်လားရာဆိုရင်
-
torque က အပေါင်းလက္ခဏာပါ
-
နာရီလက်တံ ပြောင်းပြန်လှည့်ရင်
-
torque က အနှုတ်ဖြစ်မှာပါ
-
နာရီလက်တံအတိုင်းဆို + ၊ နာရီလက်တံ ပြောင်းပြန်ဆို -
-
အပေါင်း၊ အနှုတ်ဘယ်လိုရသလဲဆိုတဲ့
-
cross product နဲ့ linear algebra အကြောင်းကို
-
စာရှည်မှာစိုးလို့ ဒီမှာမရှင်းပြတော့ပါဘူး
-
ရှုပ်ထွေးတဲ့တွက်ချက်မှုတွေလိုပဲ ရူပဗေဒအပိုင်းရောက်မှ
-
ရှင်းပြတော့မယ်
-
ပြန်ဆက်ရအောင်
-
50 newton meters torque သက်ရောက်နေပါတယ်
-
အဲဒါက အရာ၀တ္ထုပေါ် သက်ရောက်နေတဲ့
-
torque အကုန်ပါပဲ
-
ပေတံက ဒီလားရာအတိုင်း လည်ပါလိမ့်မယ်
-
ကျွန်တော်တို့ဆီမှာ ပေတံဘယ်လောက်မြန်မြန်လည်မလဲ တွက်ဖို့
-
ကိရိယာမရှိသေးပါဘူး
-
လည်မှန်းတော့ သိပါတယ်
-
ဒါကနည်းနည်း အသုံး၀င်ယုံပဲ ရှိပါသေးတယ်
-
အရာ၀တ္ထုက မလည်ဘူးဆိုပါစို့
-
နောက် force တခုကို ဒီမှာ သက်ရောက်လိုက်မယ်
-
နောက်သက်ရောက်တဲ့ အားပမာဏကို မသိဘူး ဆိုပါစို့
-
အကွာအ၀ေးကတော့ pivot နဲ့ 5 meters အကွာမှာ
-
သက်ရောက်တယ် ဆိုပါစို့
-
ကျွန်တော် ဒီမှာရှင်းပြရမယ်ဆိုရင်
-
အရာ၀တ္ထုက မလည်ဘူးနော်
-
မလည်ဘူးဆိုတာက စုစုပေါင်း torque က
-
သုည ဖြစ်နေလို့ပါပေါ့
-
ရွေ့လျှားမှုနှုန်းက သုညဖြစ်နေလို့ပါ
-
ထပ်ရှင်းပြပါ့မယ်
-
အား ၁ ခုကို ညာဘက်မှာ သက်ရောက်မယ်
-
ပေတံကမလည်ဘူးနော်၊ ဒါဆို စုစုပေါင်း torque က သုညပါ
-
ဘယ်ဘက်က force က ဘယ်လောက်လဲ
-
ကောင်းပြီ၊ ညာဖက်က အားကြောင့်ဖြစ်တဲ့ torque က ဘယ်လောက်လဲ
-
အဲဒီ torque က ရှာပြီးသားပါ
-
နာရီလက်တံပြောင်းပြန်လည်မယ်
-
၅ အမြှောက် ၁၀
-
torque က ၅၀
-
ညာဘက်က torque နဲ့ ဘယ်ဘက်က torque ပေါင်းခြင်းက
-
သုညနဲ့ ညီရမယ်
-
ဒါဆို ဘယ်ဘက်က torque က ဘယ်လောက်လဲ
-
F လို့ ခေါ်ကြစို့
-
ဒါဟာ အား ဖြစ်တယ်
-
ဒီအားက ဘယ်လားရာကို သက်ရောက်နေသလဲ
-
နာရီလက်တံအတိုင်းလား၊ ပြောင်းပြန်အတိုင်းလား
-
နာရီလက်တံအတိုင်း သက်ရောက်နေတာပါ
-
ဘယ်ဘက်က အားက ပေတံကို ဒီလားရာအတိုင်း လည်စေလိမ့်မယ်
-
ဒါဆို အနှုတ် torque ပေါ့
-
5 အမြှောက် 10 မှာ အနှုတ် F အမြှောက် 5 (moment arm distance) ကို
-
အနှုတ်လက္ခဏာထည့်ခြင်းက
-
သုညနဲ့ ညီရမယ်
-
အရာ၀တ္ထုရဲ့ လည်ပတ်နှုန်း မပြောင်းလဲတဲ့အခါ၊ ဒါမှမဟုတ်
-
စတင်မလည်ပတ်သေးဘူးဆိုရင်
-
အသားတင် လည်ပတ်နှုန်း (net torque) က
သုညဖြစ်မယ်
-
ရှင်းလိုက်တော့ 50 - 5F က သုညရတယ်
-
ဒါကြောင့် 50 သည် 5F နဲ့ တူတယ်
-
ဒါဖြင့် F က 10 ရတယ်
-
ညီမျှခြင်းမှာ unit တွေထည့်တွက်မယ်ဆိုရင်
-
F က 10 newtons နဲ့ ညီမယ်
-
စိတ်၀င်စားစရာ ၁ ချက်တွေ့ရပါတယ်
-
ကျွန်တော်တို့ အား ၂ ဆ ကို distance တဝက်မှာ သက်ရောက်လိုက်မယ်
-
အဲဒါဟာ မူလ torque ကို ကျေသွားစေတယ်
-
ဒီသဘောတရားဟာ mechanical advantage နဲ့
-
ဆက်သွယ်နေပါတယ်
-
နောက်တစ်မျိုး ကြည့်ရအောင်
-
စီးလျှော၁ခုမှာ ကေလး ၂ ယောက်စီးနေတယ်ဆိုပါစို့
-
ဘယ်ဘက်က ကလေးက 10 newtons သက်ရောက်တယ်
-
သူက ပိုဝတယ်
-
ညာဘက်က ကလေးထက် ၂ ဆ ဝတယ်
-
ဒါပေမယ့် ညာဘက်က ကလေးက pivot ကနေ ၂ ဆ ပို၀ေးတယ်
-
ဒါကြောင့် ဘယ်ဘက်က ကလေးက ပိုလေးပေမယ့် စီးဆောမလည်အောင် ထိန်းပေးနိုင်တယ်
-
ညာဘက်က ကလေးကို
-
mechanical advantage 2 ရှိတယ်လို့ပြောလို့ရတယ်
-
ရှုပ်သွားပြီဆိုရင်တော့
-
mechanical advantage ဗီဒီယိုကို ကြည့်လိုက်ပါဦး
-
torque ရဲ့ အသုံး၀င်ပုံက အဲဒီမှာပါပဲ
-
အရာ၀တ္ထု လည်တဲ့နှုန်း မပြောင်းဘူးဆိုရင်
-
စုစုပေါင်း torque က သုညဆိုတာ သိရပါမယ်
-
အဲဒီနေ force (သို့) distance ကို ရှာနိုင်ပါတယ်
-
ရှင်းပြတာလည်း ရှည်သွားပြီ
-
နောက်ဗီဒီယိုမှာ တွေ့ကြတာပေါ့