< Return to Video

သင့် အရေးအသားကို ပိုပြီးရယ်ရွှင်ဖွင် ဖြစ်အ​ောင် ပြုလုပ်နည်း။ Cheri Steinkellner

  • 0:07 - 0:11
    "သင် သတိပြုမိပါသလား"နဲ့ စတဲ့ ပြက်လုံးတွေ
    ဘယ်နှခုလောက်ရှိတာသင် သတိပြုမိပါသလား။
  • 0:11 - 0:13
    ပြီးတော့ "ဘာဖြစ်တာလဲ" ဆိုတာက
    ဘာဖြစ်တာလဲ။
  • 0:13 - 0:15
    သင် နေ့စဉ် သာမန် သတိမပြုမိတဲ့
  • 0:15 - 0:18
    နေ့စဉ် အရာတွေကို သတိပြုမိခြင်းကကို
  • 0:18 - 0:21
    အတော်ကြီး ပျော်ရွှင်ဖွယ်ကောင်းတာ
    တွေ့ရှိရပါတယ်။
  • 0:21 - 0:23
    ဒီတော့ သင်ရေးနေတဲ့ ဇာတ်လမ်း (သို့)
  • 0:23 - 0:26
    မိန့််ခွန်း (သို့)ရုပ်ရှင်ဇာတ်ညွှန်းမှာ
    ဟာသလေးတစ်ခု ထည့်ချင်ရင်
  • 0:26 - 0:30
    ရယ်မောပျော်ရွှင်မှု တွေ့ရှိဖို့
    ဟောဒီမှာ အကြံဉာဏ်တွေနဲ့ ပရိယာယ်တွေပါ။
  • 0:30 - 0:33
    ဟာသ ရေးသားခြင်း အပါအဝင်
    ခမ်းနားတဲ့ ပုံပြောခြင်းတစ်ခုဟာ
  • 0:33 - 0:36
    လက်တစ်ဆုပ်စာအခြေခံကျတဲ့
    အကြောင်းတွေနဲ့ ဖွဲ့စည်းထားပါတယ်။
  • 0:36 - 0:37
    ဘယ်သူ၊
  • 0:37 - 0:38
    ဘာလဲ၊
  • 0:38 - 0:39
    ဘယ်အချိန်၊
  • 0:39 - 0:40
    ဘယ်နေရာ၊
  • 0:40 - 0:40
    ဘာကြောင့်နဲ့
  • 0:40 - 0:42
    ဘယ်လိုဆိုတာပါ။
  • 0:42 - 0:46
    စာရေးသူတွေဟာ အနည်းဆုံး လွန်ခဲ့တဲ့ ဘီစီ
    တစ်ရာစု ကတည်းက ဒီမေးခွန်းတွေ မေးနေပေမဲ့
  • 0:46 - 0:49
    တစ်ခုမျှ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာနဲ့
    ဖြေလို့မရနိုင်ဘူး။
  • 0:49 - 0:50
    အသေးစိတ်တွေ လိုအပ်ပြီး
  • 0:50 - 0:54
    အသေးစိတ်တွေက ပိုတိကျလေ၊
    ပိုရယ်စရာ ကောင်းလေပါ။
  • 0:54 - 0:58
    ဘယ်သူဆိုတဲ့ ရယ်စရာဇာတ်ကောင်နဲ့
    စလိုက်ရအောင်။
  • 0:58 - 1:02
    သင့်ကို ရယ်မောစေတဲ့ စာအုပ်တွေ၊
    တီဗီပြပွဲတွေနဲ့ ရုပ်ရှင်တွေကို တွေးပါ။
  • 1:02 - 1:05
    သူတို့ဟာ ရယ်စရာ အမျိုးအစား
    (သို့) ပုံပန်းတွေနဲ့ အမြဲလို ပြည့်နေတယ်။
  • 1:05 - 1:06
    အကုန်သိတဲ့လူ၊
  • 1:06 - 1:07
    ချစ်စရာ အရှုံးသမား၊
  • 1:07 - 1:08
    ဆိုးဝါးတဲ့ သူဌေး၊
  • 1:08 - 1:09
    ငကြောင်၊
  • 1:09 - 1:11
    ရူးမိုက်တဲ့လူတွေပါ။
  • 1:11 - 1:16
    တိုက်ဆိုင်တာက ဒါတွေဟာ Commedia Dell'Arte
    မှာ တွေ့ရတဲ့ လက်သုံး ဇာတ်ကောင်တွေပါ။
  • 1:16 - 1:19
    (သို့)ပြန်လည်ဆန်းသစ်ရေးခေတ် နှောင်းပိုင်း
    အီတလီရဲ့ ဟာသ အနုပညာရှင်တွေဖြစ်ပြီး
  • 1:19 - 1:21
    အိုဟောင်း မသွားသေးပါဘူး။
  • 1:21 - 1:26
    ဟာသ ဇာတ်ကောင်တွေ ဖန်တီးခြင်းအတွက်
    Commedia စည်းမျဉ်းက အပြစ်ကို ရှာပြီး
  • 1:26 - 1:28
    ဒါကို ပုံကြီးချဲ့လိုက်တာပါ။
  • 1:28 - 1:31
    (သို့) ဆန့်ကျင်ဘက်တွေတဲ့
    စမ်းကစားနိုင်တာပါ။
  • 1:31 - 1:33
    အခန်းထဲက အတော်ဆုံး အကောင်က
    အမိုက်မဲဆုံး အရာကိုလုပ်တဲ့အခါ
  • 1:33 - 1:36
    (သို့) ငတုံးကောင်က အင်မတန်တော်တဲ့ကောင်ကို
  • 1:36 - 1:40
    တစ်ပတ်ရိုက်တဲ့အခါ ရယ်မောတတ်ကြတာက
    ဒါဖြစ်လာမယ်ဆို မမြင်ကြလို့ပါ။
  • 1:40 - 1:43
    ရှေးဟောင်း ဂရိ လူပျော်ကြီး Aristotle
    ပြောခဲ့တယ်လို့ ဆိုကြတာက
  • 1:43 - 1:47
    "ဟာသရဲ့ လျှို့ဝှက်ချက်က အံ့သြမှုပါ။"
  • 1:47 - 1:51
    ဟာသရဲ့ ဒီအံ့သြမှု(သို့)
    မလိုက်ဖက်မှု သီအိုရီက ဆိုတာက
  • 1:51 - 1:54
    တလွဲဖြစ်နေပုံရတဲ့(သို့)မျှော်လင့်တာတွေနဲ့
  • 1:54 - 1:57
    အခက်ကြုံရတာတွေကို
    ကျွန်တော်တို့ ရယ်မောကြတယ်။
  • 1:57 - 1:59
    ဥပမာ ဝက်နဲ့ ချိန်းတွေ့တဲ့ ဖားတစ်ကောင်၊
  • 1:59 - 2:02
    (သို့) အာမခံရောင်းနေတဲ့ အိမ်မြှောင်၊
  • 2:02 - 2:04
    (သို့) ဒစ္စကို ကနေတဲ့ ကလေးငယ်၊
  • 2:04 - 2:06
    (သို့) ဒစ္စကို ကနေတဲ့ သီလရှင်၊
  • 2:06 - 2:08
    (သို့)ဒစ္စကိုကနေတဲ့ ကြောင်ပေါ့။
  • 2:08 - 2:12
    တကယ်ကတော့ ကလေးငယ်၊ သီလရှင်(သို့)
    ကြောင်တစ်ကောင်ဟာ ဘာမှ သိပ်မပတ်သက်တာပါ၊
  • 2:12 - 2:15
    အထူးသဖြင့် ဒစ္စကိုမှာ ဝင်ပါတာမျိုးပေါ့။
  • 2:15 - 2:19
    မလိုက်ဖက်မှုတွေရှာဖို့ ပျော်စရာနည်းတစ်ခုက
    ဆက်စပ်မှုတွေကို ဆွဲယူခြင်းပါ။
  • 2:19 - 2:23
    တကယ်က ဒါတွေကို စိတ်မြေပုံတစ်ခုနဲ့
    ဆွဲယူခြင်းပါ။
  • 2:23 - 2:24
    သေးသေးလေးကို စပါ။
  • 2:24 - 2:25
    စကားလုံးတစ်လုံး ကောက်
  • 2:25 - 2:27
    ချဉ်ဖတ် ကို ရွေးလိုက်တယ်။
  • 2:27 - 2:30
    ဒီနောက် အမြန်ရေးမှတ်ကာ
    ဆက်စပ်မှုတွေ စမ်းပြီး ဖန်တီးတယ်။
  • 2:30 - 2:31
    ချဉ်ဖတ်က ဘာကို တွေးမိစေလဲ။
  • 2:31 - 2:32
    ဘယ်သူ ချဉ်ဖတ်စားလဲ။
  • 2:32 - 2:35
    ကလေးဘဝကနေ အမြတ်တနိုးဖြစ်နေတဲ့
    ချဉ်ဖတ်နဲ့ အမှတ်တရတွေက ဘာတွေလဲ။
  • 2:35 - 2:38
    ဟာသ ကုန်ကြမ်းထုတ်လုပ်ဖို့
    နောက် နည်းလမ်းကောင်းတစ်ခုက
  • 2:38 - 2:42
    လေ့လာချက်ကနေ စိတ်ကူးဆီ ပြောင်းဖို့ပါ။
  • 2:42 - 2:45
    "ဘာလဲ"ဆိုတာကနေ "ဆိုရင်ရော"ကို
    စမ်းသွားကြည့်ပါ။
  • 2:45 - 2:49
    ဥပမာ၊ မြင်းတစ်ကောင်အစား
  • 2:49 - 2:51
    အုန်းသီးတစ်စုံပဲ ရှိတယ်ဆိုရင်ရော။
  • 2:51 - 2:54
    ကောင်းပြီ။ သမိုင်း၊ စာပေ
    (သို့) ရုပ်ရှင်ထဲကအခြား အမှတ်ရစရာ
  • 2:54 - 2:55
    ကာလတွေကို
  • 2:55 - 2:56
    တွေးကြည့်ရအောင်။
  • 2:56 - 2:58
    ကဲ ဒါတွေမှာ အုန်းသီးတွေကို အသားပေးရင်ရော။
  • 2:58 - 3:00
    လုပ်သာ လုပ်ချလိုက်စမ်းပါ၊
  • 3:00 - 3:03
    စိတ်ကူးတစ်ခုက ပိုလွန်းတယ်
  • 3:03 - 3:04
    (သို့) သိသာလွန်းတယ်
  • 3:04 - 3:05
    ရိုးရိုးတုံးတုံး ဆိုတာတောင်
  • 3:05 - 3:07
    ဒါကို ရေးသားရေးချလိုက်ပါ။
  • 3:07 - 3:11
    သင့်အတွက် သိသာတာက
    နောက်လူအတွက် ဟုတ်ချင်မှဟုတ်မှာပါ။
  • 3:11 - 3:16
    အတုံးဆုံး စိတ်ကူးတစ်ခုရဲ့ ဆန့်ကျင်ဘက်
    အတော်ဆုံး ဖြစ်သွားနိုင်တယ်။
  • 3:16 - 3:19
    လက်တွေ့ဘဝမှာ ဖြစ်ပျက်တဲ့
    ခပ်တုံးတုံး အရာအားလုံး ဆိုရင်ရော။
  • 3:19 - 3:22
    ဟာသက ကျွန်ုပ်တို့ကို စိတ်တို၊စိတ်ပျက်
    အရှက်ရစေတာတွေ အနားမှာ
  • 3:22 - 3:26
    ဘယ်လောက် ဗဟိုပြုနေတာ
    သတိထားမိဖူးလား။
  • 3:26 - 3:31
    Will Rodgers ပြောတာက"အခြားသူတစ်ယောက်ကို
    တိုက်ဆိုင်နေ့သရွေ့ အရာတိုင်း ပျော်စရာပါ။"
  • 3:31 - 3:33
    ဒီတော့ စုတ်ပြတ်နေတဲ့
    မနက်ခင်းတစ်ခုရှိရင်
  • 3:33 - 3:36
    ရေးနေတဲ့ ဇာတ်ကောင်မှာ ဖြစ်ပျက်နေတယ်
    လို့ စိတ်ကူးကြည့်ပါ။
  • 3:36 - 3:41
    နေ့လယ်ခင်းမှာ သင်ဟာ အနည်းဆုံးတော့
    ဒါကနေ ပျော်စရာ ဇာတ်လမ်းတစ်ပုဒ် ရလောက်တယ်။
  • 3:41 - 3:43
    ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်း
    ရပြီဆိုတာနဲ့
  • 3:43 - 3:48
    ဒါတွေကို စွဲခိုက်စေဖို့ ဟောဒီမှာ သွက်လက်၊
    လွယ်ကူတဲ့ ဟာသရေးသားခြင်း ပရိယာယ်တွေပါ။
  • 3:48 - 3:49
    သုံးရဲ့ စည်းမျဉ်း
  • 3:49 - 3:51
    (သို့) အလိမ် အကောက်ပါ။
  • 3:51 - 3:54
    မျှော်လင့်ထားတဲ့ ပုံစံတစ်ခု
    တည်ဆောက်ဖို့ ကြိုးစားပါ။
  • 3:54 - 3:56
    အလိမ် အကောက်၊
    နောက် ဒါကိုလှန်ပါ၊ အကောက်။
  • 3:56 - 3:59
    ဂျူးဓမ္မဆရာတစ်ဦး ဘုန်းကြီးတစ်ပါးနဲ့
    အုန်းသီးတစ်လုံး ဘားတစ်ခုထဲ ဝင်လာတယ်။
  • 3:59 - 4:04
    ဟာသမြောက်တဲ့ စကားရပ် စည်းမျဉ်းက
    ဟာသကို စာကြောင်းရဲ့ အဆုံးမှာ ထည့်ပါ။
  • 4:04 - 4:08
    ဂျူးဓမ္မဆရာတစ်ဦး ဘုန်းကြီးတစ်ပါးနဲ့
    အုန်းသီးတစ်လုံး ဒစ္စကိုတစ်ခုထဲ ဝင်လာတယ်။
  • 4:08 - 4:10
    ဒါက K စည်းမျဉ်ကို တင်ပြတာပါ။
  • 4:10 - 4:14
    အကြောင်းတချို့အတွက်
    က-သံတစ်ခုနဲ့ စကားလုံးတွေဟာ နားစွဲစေပြီး
  • 4:14 - 4:16
    ရယ်စရာကောင်းတယ်လို့ ယူဆကြတယ်။
  • 4:16 - 4:17
    ကိုကိုးနတ်၊
  • 4:17 - 4:18
    ဒစ္စကို၊
  • 4:18 - 4:19
    ပစ်ကယ်စ်၊
  • 4:19 - 4:21
    ခရစ်ကက်စ်လား။
  • 4:21 - 4:24
    ကောင်းပါပြီ၊ ဒီတော့ ကျွန်ုပ်တို့ဟာ
    အမြဲတမ်း မရယ်ရပါဘူး။
  • 4:24 - 4:26
    ဟာသဟာ ဓမ္မဓိဋ္ဌာန်မကျဘူး။
  • 4:26 - 4:27
    ဟာသက စမ်းကြည့်ပြုပြင်နည်းပါ။
  • 4:27 - 4:29
    ရေးသားခြင်းက ပြန်ရေးခြင်းပါ။
  • 4:29 - 4:30
    ဆက်ပြီး ကြိုးစားပါ။
  • 4:30 - 4:31
    အပြစ်တွေကို ရှာပါ။
  • 4:31 - 4:33
    အသေးစိတ်တွေကို ရှာဖွေပါ။
  • 4:33 - 4:34
    မအပ်စပ်မှုတွေ ထည့်သွင်းပါ။
  • 4:34 - 4:35
    က- စကားလုံးတွေ ပေါင်းစပ်ပါ
  • 4:35 - 4:39
    ရယ်စရာ ရေးသားခြင်းရဲ့ အရေးကြီးဆုံး
    စည်းမျဉ်းကို သတိရပါ။
  • 4:39 - 4:41
    ပျော်ပါစေ။
  • 4:41 - 4:42
    Charles Dickens ပြောခဲ့သလို
  • 4:42 - 4:46
    "ရယ်မောခြင်းနဲ့ ဟာသ ကောင်းလို
    မထိန်းနိုင်မသိမ်းနိုင် ကူးစက်နိုင်တာ
  • 4:46 - 4:48
    လောကမှာ မရှိဘူး"တဲ့။
  • 4:48 - 4:51
    ပြီးတော့ ဒစ္စကိုပါ။
Title:
သင့် အရေးအသားကို ပိုပြီးရယ်ရွှင်ဖွင် ဖြစ်အ​ောင် ပြုလုပ်နည်း။ Cheri Steinkellner
Description:

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/how-to-make-your-writing-funnier-cheri-steinkellner တွင် ကြည့်ပါ။

"သင် သတိပြုမိပါသလား" ဆိုတာနဲ့ စတင်တဲ့ ပြက်လုံးတွေ ဘယ်နှခုလောက်ရှိလဲဆိုတာ သင် သတိပြုမိပါသလား။ ပြီးတော့ "အပေးအယူက ဘာလဲ"ဆိုတာ ဘာကို အပေးအယူလုပ်တာလဲ။ သင် နေ့စဉ် သာမန်အားဖြင့် သတိမပြုမိတဲ့ နေ့စဉ် အကြောင်းအရာတွေကို သတိပြုမိခြင်းကကို အတော်ကြီး ပျော်ရွှင်ဖွယ်ကောင်းတာကို တွေ့ရှိရပါတယ်။ Emmy Award ဆုရှင် ဟာသ ရေးသားသူ Cheri Steinkellner ကနေပြီး သင့် အရေးအသားမှာ ရယ်မောပျှော်ရွှင်စရာတွေ တွေ့ရှိဖို့အတွက် အကြံဉာဏ်များနဲ့ ပရိယာယ်များကို ပေးထားပါတယ်။

သင်ခန်းစာကို Cheri Steinkellner က ပြုစုပြီး Anton Bogaty က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:07

Burmese subtitles

Revisions