လေကောင်းလေသန့် ထုတ်လုပ်နည်း။
-
0:00 - 0:05လွန်ခဲ့တဲ့ (၁ရ)နှစ်ကပါ။ ကျွှန်တော်ဟာဒေလီမြို့တော်ရဲ့ လေထုနဲ့ ဓာတ်မတည့် ဖြစ်လာတယ်။
-
0:05 - 0:08ကျွန်တော့ဆရာဝန်တွေ ပြောတာကတော့ ကျွန်တော့ရဲ့ အဆုတ်အလုပ်လုပ်နိူင်စွမ်းဟာ
-
0:08 - 0:10(၇၀)ရာခိူင်နှုန်းလောက် ကျဆင်းနေတယ်တဲ့လေ။
-
0:10 - 0:11နောက်ပြီး ဒါက ကျွန်တော့ကို သတ်နေတာတဲ့ဗျာ။
-
0:11 - 0:14IIT၊ TERIတို့ရဲ့ အကူအညီရယ်၊
-
0:14 - 0:16နောက်ပြီးတော့ NASA ကနေ လေ့လာထားချက်တွေရယ်နဲ့
-
0:16 - 0:19ကျွန်တော်တို့တွေ အခြေခံကျတဲ့ စိမ်းလန်းစိုပြေတဲ့
-
0:19 - 0:21အပင်(၃)မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
-
0:21 - 0:23တွေ့မြင်နေကျ အပင်စိမ်းစိမ်းလေးတွေပါပဲ၊
-
0:23 - 0:24ဒါတွေနဲ့ ကျွန်တော်တို့ကို ကျန်းမာစေဖို့ အိမ်တွင်းမှာလိုအပ်တဲ့
-
0:24 - 0:27လေကောင်းလေသန့်အားလုံးကို ထုတ်လုပ်နိူင်တာပေါ့ဗျာ။
-
0:27 - 0:29နောက်ကျွန်တော်တို့ တွေရှိခဲ့သေးတာက
-
0:29 - 0:31လုပ်ငန်းသုံး လေထုအရည်အသွေး အဆင့်အတန်းကို ထိန်းသိမ်းရင်းနဲ့
-
0:31 - 0:33အဆောက်အဦထဲမှာ လိုအပ်တဲ့ လေကောင်းလေသန့်
-
0:33 - 0:36လိုအပ်ချက်ကို လျှော့ချပေးနိူင်တယ်ဆိုတာပါ။
-
0:36 - 0:38အပင်(၃)မျိုးကတော့ ကြိမ်အုန်းပင် ၊
-
0:38 - 0:42နဂါးစက်ဂမုန်းပင်နဲ့ ဆင်ကွမ်းပင်တို့ပါပဲ။
-
0:42 - 0:46ရုက္ခဗေဒဆိုင်ရာ အမည်တွေကတော့ သင်တို့ရဲ့ ရှေ့မှောက်မှာပဲပေါ့။
-
0:46 - 0:48ကြိမ်အုန်းပင်ကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို
-
0:48 - 0:52စုတ်ယူပြီး၊ အောက်စီဂျင်အဖြစ်ပြောင်းလဲပေးတဲ့အပင်ပါ။
-
0:52 - 0:56လူတစ်ယောက်အတွက်ဆို ပခုံးအမြင့်လောက်ရှိတဲ့ အပင်(၄)ပင်လိုအပ်ပါတယ်။
-
0:56 - 0:58နောက်ပြီး အပင်ကို ပြုစုဖို့ ပတ်သက်လို့ကတော့
-
0:58 - 0:59ဒေလီလိုမြို့မှာဆိုရင် အရွက်တွေကို နေ့တိုင်း
-
0:59 - 1:01ဖုန်ကို သန့်စင်ပေးရန် လိုပါတယ်။ နောက်ပြီး ပိုပြီး လေထုသန့်ရှင်းတဲ့ မြို့တွေမှာဆိုရင်တော့
-
1:01 - 1:03တစ်ပတ်တစ်ခါလောက် ဖုန်သုတ်ပေးရင် ရမှာပေါ့။
-
1:03 - 1:06ဒီအပင်တွေကို ဇီဝမြေဩဇာတွေထဲမှာ စိုက်ပျိုးခဲ့ရပါတယ်
-
1:06 - 1:09အဲဒါက ပိုးသတ်ထားတယ်လေ။ တနည်း မြေမဲ့ အာဟာရရည်ဖြင့် စိုက်ပျိုးတဲ့ နည်းပေါ့။
-
1:09 - 1:13နောက်ပြီး (၃)လ၊ (၄)လလောက်တစ်ခါ အပြင်ကို ထုတ်ပြီး ထားပေးရတာပေါ့ဗျာ။
-
1:13 - 1:16ဒုတိယအပင်ကတော့ နဂါးစက်ဂမုန်းပင်ပါ။
-
1:16 - 1:18ဒါကလည်း တော်တော်လေး တွေ့မြင်နေကျ အပင်ပါပဲ၊
-
1:18 - 1:20ဒါကို ကျွန်တော်တို့က အိပ်ခန်းဆောင်အပင်လို့ ခေါ်ကြပါတယ်။
-
1:20 - 1:23အကြောင်းကတော့ဗျာ ဒါက ညဘက်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို အောက်စီဂျင်အဖြစ်ပြောင်းလဲပေးလို့ပါ။
-
1:23 - 1:28လူတစ်ယောက်အတွက်ဆို ခါးအမြင့်လောက်ရှိတဲ့ အပင်(၆)ပင်ကနေ (၈)ပင်လောက်လိုတာပေါ့။
-
1:28 - 1:30တတိယမြောက် အပင်ကတော့ ဆင်ကွမ်းပင်ပါ၊
-
1:30 - 1:33ဒီပင်ကလည်း အတွေ့များတဲ့ အပင်ပါပဲဗျာ။
-
1:33 - 1:36ရေထဲမှာ စိုက်တာကို ပိုကြိုက်ပါတယ်။
-
1:36 - 1:39နောက်ပြီး ဒီထူးခြားတဲ့အပင်က ဖော်မယ်ဒီဟိုက် ဓာတ်ငွေနဲ့ အခြား အငွေ့ပျံလွယ်တဲ့
-
1:39 - 1:40ဓာတုပစ္စည်းတွေကို ဖယ်ရှားပေးပါတယ်။
-
1:40 - 1:42ဒီအပင်(၃)မျိုးနဲ့
-
1:42 - 1:44ခင်ဗျားတို့ လိုအပ်တဲ့ လေကောင်းလေသန့်အားလုံးကို ဖန်တီးယူလို့ရပါတယ်။
-
1:44 - 1:46တကယ်တမ်းကျတော့ ခင်ဗျားတို့အားလုံးဟာ ထိပ်ဘက်မှာ
-
1:46 - 1:50အဖုံးတစ်ခု တပ်ထားတဲ့ ပုလင်းတစ်လုံးထဲမှာ နေရင်တောင်၊ ခင်ဗျားတို့ လုံးဝကို မသေနိူင်ဘူး၊
-
1:50 - 1:53နောက်ထပ် လေကောင်း လေသန့်တွေလည်း လိုအပ်မှာ မဟုတ်ပါဘူး။
-
1:53 - 1:55ဒီအပင်တွေကို ဒေလီက ကျွန်တော်တို့ ကိုယ်ပိုင်အဆောက်အဦမှာ
-
1:55 - 1:58စမ်းသပ်ထားတာပါ။
-
1:58 - 2:01စတုရန်းပေ(၅)သောင်း အကျယ်ရှိပြီး၊ အဆောက်အဦသက်တမ်းက အနှစ်(၂၀)ရှိပါပြီ။
-
2:01 - 2:05ပြီးတော့ နေထိုင်ကြသူ (၃၀၀)အတွက် ဒီလိုအပင်မျိုး (၁၂၀၀) နီးနီးရှိပါတယ်။
-
2:05 - 2:07ကျွန်တော်တို့ လေ့လာမှုတွေမှာ တွေ့ရှိရတာက
-
2:07 - 2:11တစ်စုံတစ်ယောက်ဟာ ဒီအဆောက်အဦထဲမှာ (၁၀)နာရီလောက် နေမယ်ဆိုရင်
-
2:11 - 2:13ထိုသူရဲ့ သွေးထဲကအောက်စီဂျင်ဟာ တစ်ရာခိုင်နှုန်း တိုးလာနိုင်တဲ့
-
2:13 - 2:16အလားအလာဟာ ၄၂ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရပါတယ်။
-
2:16 - 2:19အိန္ဒိယနိူင်ငံရဲ့ အစိုးရကနေ ဒါဟာဆိုရင် နယူးဒေလီမှာ
-
2:19 - 2:21ကျန်းမာရေးနှင့် အကိုက်ညီဆုံး အဆောက်အဦဖြစ်ကြောင်း တွေ့ရှိခဲ့တာ ဒါမှမဟုတ်
-
2:21 - 2:24ထုတ်ြပန်ကြေညာခဲ့တာ ရှိပါတယ်။
-
2:24 - 2:27ဒီလေ့လာမှုက ထောက်ပြထားတာက
-
2:27 - 2:28အခြားအဆောက်အဦတွေ့နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
-
2:28 - 2:30မျက်စိကျိန်းစပ်မှု ဖြစ်ပွားခြင်းကို (၅၂)ရာခိုင်နှုန်း၊
-
2:30 - 2:32အသက်ရှူလမ်းကြောင်းဆိုင်ရာ စနစ်ပြဿနာတွေကို (၃၄)ရာခိုင်နှုန်း၊
-
2:32 - 2:36ခေါင်းကိုက်ခဲမှု (၂၄)ရာခိုင်နှုန်း၊
-
2:36 - 2:37အဆုတ်ချို့ယွင်းမှု (၁၂)ရာခိုင်နှုန်း နဲ့
-
2:37 - 2:41ပန်းနာရင်ကျပ် (၉)ရာခိုင်နှုန်း အသီးသီး ဖြစ်နှုန်းလျော့ကျလာခဲ့ပါတယ်။
-
2:41 - 2:45ဒီလေ့လာမှုကို ၂၀၀၈ ခုနှစ် စက်တင်ဘာလ (၈)ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး
-
2:45 - 2:48အိန္ဒိယနိူင်ငံရဲ့ အစိုးရ ဝက်ဆိုဒ်မှာ တွေ့ရှိနိူင်ပါတယ်။
-
2:48 - 2:50ကျွန်တော်တို့ အတွေ့အကြုံက ထောက်ပြတာကတော့
-
2:50 - 2:54ဒီအပင်တွေကို အသုံးပြုခြင်းအားဖြင့် လူသားဆိုင်ရာ ကုန်ထုတ်လုပ်မှုစွမ်းအား
-
2:54 - 2:57(၂၀)ရာခိုင်နှုန်းကျော်ကျော် အံ့မခန်း တိုးပွားလာတယ်ဆိုတာပါ။
-
2:57 - 3:01နောက်ပြီးတော့လည်း အဆောက်အဦတွေမှာ စွမ်းအင်လိုအပ်ချက်တွေ လျော့ကျမှုဟာ
-
3:01 - 3:07ထူးထူးခြားခြား (၁၅)ရာခိုင်နှုန်းရှိပါတယ်။ အကြောင်းကတော့ လေကောင်းလေသန့်လိုအပ်မှု လျော့ကျသွားလို့ပါ။
-
3:07 - 3:08အခုဆိုရင် ကျွန်တော်တို့ဟာ စတုရန်းပေ ၁ ဒဿမ ၇ သန်းရှိတဲ့
-
3:08 - 3:11အဆောက်အဦမှာ ဒါကို အစားထိုးနေပါတယ်၊.
-
3:11 - 3:13အဲဒီမှာ မိုးလုံလေလုံ အပင်ပေါင်း (၆)သောင်းရှိပါလိမ့်မယ်။
-
3:13 - 3:15ဘာကြောင့် ဒါက အရေးကြီးတာပါလိမ့်။
-
3:15 - 3:17ဒါဟာ ပတ်ဝန်းကျင်အတွက်လည်း အရေးပါပါတယ်။
-
3:17 - 3:18ဘာဖြစ်လို့လဲဆိုတော့ နောက်လာမယ့်
-
3:18 - 3:20ဆယ်စုနှစ်မှာ ကမ္ဘာ့စွမ်းအင် လိုအပ်ချက်ဟာ (၃၀)ရာခိုင်နှုန်း
-
3:20 - 3:22တိုးလာမယ်လို့ ခန့်မှန်းရပါတယ်။
-
3:22 - 3:23လောလောဆယ်မှာ ကမ္ဘာ့စွမ်းအင်ရဲ့ (၄၀)ရာခိုင်နှုန်းဟာ အဆောက်အဦတွေက ယူထားတာပါ။
-
3:23 - 3:25နောင်လာမယ့် (၁၅)နှစ်တာကာလမှာ
-
3:25 - 3:27ကမ္ဘာ့လူဦးရေရဲ့ (၆၀)ရာခိုင်နှုန်းဟာ လူဦးရေ တစ်သန်းကျော်ရှိတဲ့
-
3:27 - 3:30မြို့ကြီးတွေမှာရှိတဲ့
-
3:30 - 3:34အဆောက်အဦတွေထဲမှာ နေထိုင်နေကြပါလိမ့်မယ်။
-
3:34 - 3:36နောက်ပြီး လေအေးစက်တပ်ထားတဲ့ နေရာတွေမှာ နေထိုင်ပြီး အလုပ်လုပ်ရတာကို
-
3:36 - 3:40ပိုပြီးလိုလားသူတွေ တိုးပွားလာနေပါတယ်။
-
3:40 - 3:42"ကမ္ဘာကြီးထဲမှာ ဖြစ်စေလိုတဲ့ အပြောင်းအလဲ ဖြစ်ပြပါ"လို့
-
3:42 - 3:43မဟတ္တမဂန္ဒီက မိန့်ကြားခဲ့ဘူးပါတယ်။
-
3:43 - 3:44နောက်ပြီး နားထောင်ခဲ့ကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ။
-
3:44 - 3:46(လက်ခုပ်သံများ)
- Title:
- လေကောင်းလေသန့် ထုတ်လုပ်နည်း။
- Speaker:
- ကာမယ်(လ်) မီရက်တယ် (Kamal Meattle)
- Description:
-
သုတေသီ ကာမယ်(လ်) မီရက်တယ်က နေအိမ်တွေမှာ ထားလို့ရနိုင်တဲ့ သာမန် အပင်သုံးမျိုးကို အိမ်မှာ ဒါမှမဟုတ် ရုံးအဆောက်အဦထဲမှာ အထူး တလည် စီမံထားပေးလိုက်မယ်ဆိုရင်၊ အဆောက်အဦတွေထဲက လေကို သိသိသာသာကြီး သန့်စင်လာအောင် လုပ်နိုင်တာကို ရှင်းလင်း ပြောပြထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 03:46
Myo Aung approved Burmese subtitles for How to grow fresh air | ||
Myo Aung commented on Burmese subtitles for How to grow fresh air | ||
Myo Aung accepted Burmese subtitles for How to grow fresh air | ||
Myo Aung edited Burmese subtitles for How to grow fresh air | ||
Myo Aung edited Burmese subtitles for How to grow fresh air | ||
Myo Aung edited Burmese subtitles for How to grow fresh air | ||
Myo Aung commented on Burmese subtitles for How to grow fresh air | ||
Myo Aung edited Burmese subtitles for How to grow fresh air |
Myo Aung
It is done!
Myo Aung
It is approved!