1 00:00:00,000 --> 00:00:05,000 လွန်ခဲ့တဲ့ (၁ရ)နှစ်ကပါ။ ကျွှန်တော်ဟာဒေလီမြို့တော်ရဲ့ လေထုနဲ့ ဓာတ်မတည့် ဖြစ်လာတယ်။ 2 00:00:05,000 --> 00:00:08,000 ကျွန်တော့ဆရာဝန်တွေ ပြောတာကတော့ ကျွန်တော့ရဲ့ အဆုတ်အလုပ်လုပ်နိူင်စွမ်းဟာ 3 00:00:08,000 --> 00:00:10,000 (၇၀)ရာခိူင်နှုန်းလောက် ကျဆင်းနေတယ်တဲ့လေ။ 4 00:00:10,000 --> 00:00:11,000 နောက်ပြီး ဒါက ကျွန်တော့ကို သတ်နေတာတဲ့ဗျာ။ 5 00:00:11,000 --> 00:00:14,000 IIT၊ TERIတို့ရဲ့ အကူအညီရယ်၊ 6 00:00:14,000 --> 00:00:16,000 နောက်ပြီးတော့ NASA ကနေ လေ့လာထားချက်တွေရယ်နဲ့ 7 00:00:16,000 --> 00:00:19,000 ကျွန်တော်တို့တွေ အခြေခံကျတဲ့ စိမ်းလန်းစိုပြေတဲ့ 8 00:00:19,000 --> 00:00:21,000 အပင်(၃)မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ 9 00:00:21,000 --> 00:00:23,000 တွေ့မြင်နေကျ အပင်စိမ်းစိမ်းလေးတွေပါပဲ၊ 10 00:00:23,000 --> 00:00:24,000 ဒါတွေနဲ့ ကျွန်တော်တို့ကို ကျန်းမာစေဖို့ အိမ်တွင်းမှာလိုအပ်တဲ့ 11 00:00:24,000 --> 00:00:27,000 လေကောင်းလေသန့်အားလုံးကို ထုတ်လုပ်နိူင်တာပေါ့ဗျာ။ 12 00:00:27,000 --> 00:00:29,000 နောက်ကျွန်တော်တို့ တွေရှိခဲ့သေးတာက 13 00:00:29,000 --> 00:00:31,000 လုပ်ငန်းသုံး လေထုအရည်အသွေး အဆင့်အတန်းကို ထိန်းသိမ်းရင်းနဲ့ 14 00:00:31,000 --> 00:00:33,000 အဆောက်အဦထဲမှာ လိုအပ်တဲ့ လေကောင်းလေသန့် 15 00:00:33,000 --> 00:00:36,000 လိုအပ်ချက်ကို လျှော့ချပေးနိူင်တယ်ဆိုတာပါ။ 16 00:00:36,000 --> 00:00:38,000 အပင်(၃)မျိုးကတော့ ကြိမ်အုန်းပင် ၊ 17 00:00:38,000 --> 00:00:42,000 နဂါးစက်ဂမုန်းပင်နဲ့ ဆင်ကွမ်းပင်တို့ပါပဲ။ 18 00:00:42,000 --> 00:00:46,000 ရုက္ခဗေဒဆိုင်ရာ အမည်တွေကတော့ သင်တို့ရဲ့ ရှေ့မှောက်မှာပဲပေါ့။ 19 00:00:46,000 --> 00:00:48,000 ကြိမ်အုန်းပင်ကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို 20 00:00:48,000 --> 00:00:52,000 စုတ်ယူပြီး၊ အောက်စီဂျင်အဖြစ်ပြောင်းလဲပေးတဲ့အပင်ပါ။ 21 00:00:52,000 --> 00:00:56,000 လူတစ်ယောက်အတွက်ဆို ပခုံးအမြင့်လောက်ရှိတဲ့ အပင်(၄)ပင်လိုအပ်ပါတယ်။ 22 00:00:56,000 --> 00:00:58,000 နောက်ပြီး အပင်ကို ပြုစုဖို့ ပတ်သက်လို့ကတော့ 23 00:00:58,000 --> 00:00:59,000 ဒေလီလိုမြို့မှာဆိုရင် အရွက်တွေကို နေ့တိုင်း 24 00:00:59,000 --> 00:01:01,000 ဖုန်ကို သန့်စင်ပေးရန် လိုပါတယ်။ နောက်ပြီး ပိုပြီး လေထုသန့်ရှင်းတဲ့ မြို့တွေမှာဆိုရင်တော့ 25 00:01:01,000 --> 00:01:03,000 တစ်ပတ်တစ်ခါလောက် ဖုန်သုတ်ပေးရင် ရမှာပေါ့။ 26 00:01:03,000 --> 00:01:06,000 ဒီအပင်တွေကို ဇီဝမြေဩဇာတွေထဲမှာ စိုက်ပျိုးခဲ့ရပါတယ် 27 00:01:06,000 --> 00:01:09,000 အဲဒါက ပိုးသတ်ထားတယ်လေ။ တနည်း မြေမဲ့ အာဟာရရည်ဖြင့် စိုက်ပျိုးတဲ့ နည်းပေါ့။ 28 00:01:09,000 --> 00:01:13,000 နောက်ပြီး (၃)လ၊ (၄)လလောက်တစ်ခါ အပြင်ကို ထုတ်ပြီး ထားပေးရတာပေါ့ဗျာ။ 29 00:01:13,000 --> 00:01:16,000 ဒုတိယအပင်ကတော့ နဂါးစက်ဂမုန်းပင်ပါ။ 30 00:01:16,000 --> 00:01:18,000 ဒါကလည်း တော်တော်လေး တွေ့မြင်နေကျ အပင်ပါပဲ၊ 31 00:01:18,000 --> 00:01:20,000 ဒါကို ကျွန်တော်တို့က အိပ်ခန်းဆောင်အပင်လို့ ခေါ်ကြပါတယ်။ 32 00:01:20,000 --> 00:01:23,000 အကြောင်းကတော့ဗျာ ဒါက ညဘက်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို အောက်စီဂျင်အဖြစ်ပြောင်းလဲပေးလို့ပါ။ 33 00:01:23,000 --> 00:01:28,000 လူတစ်ယောက်အတွက်ဆို ခါးအမြင့်လောက်ရှိတဲ့ အပင်(၆)ပင်ကနေ (၈)ပင်လောက်လိုတာပေါ့။ 34 00:01:28,000 --> 00:01:30,000 တတိယမြောက် အပင်ကတော့ ဆင်ကွမ်းပင်ပါ၊ 35 00:01:30,000 --> 00:01:33,000 ဒီပင်ကလည်း အတွေ့များတဲ့ အပင်ပါပဲဗျာ။ 36 00:01:33,000 --> 00:01:36,000 ရေထဲမှာ စိုက်တာကို ပိုကြိုက်ပါတယ်။ 37 00:01:36,000 --> 00:01:39,000 နောက်ပြီး ဒီထူးခြားတဲ့အပင်က ဖော်မယ်ဒီဟိုက် ဓာတ်ငွေနဲ့ အခြား အငွေ့ပျံလွယ်တဲ့ 38 00:01:39,000 --> 00:01:40,000 ဓာတုပစ္စည်းတွေကို ဖယ်ရှားပေးပါတယ်။ 39 00:01:40,000 --> 00:01:42,000 ဒီအပင်(၃)မျိုးနဲ့ 40 00:01:42,000 --> 00:01:44,000 ခင်ဗျားတို့ လိုအပ်တဲ့ လေကောင်းလေသန့်အားလုံးကို ဖန်တီးယူလို့ရပါတယ်။ 41 00:01:44,000 --> 00:01:46,000 တကယ်တမ်းကျတော့ ခင်ဗျားတို့အားလုံးဟာ ထိပ်ဘက်မှာ 42 00:01:46,000 --> 00:01:50,000 အဖုံးတစ်ခု တပ်ထားတဲ့ ပုလင်းတစ်လုံးထဲမှာ နေရင်တောင်၊ ခင်ဗျားတို့ လုံးဝကို မသေနိူင်ဘူး၊ 43 00:01:50,000 --> 00:01:53,000 နောက်ထပ် လေကောင်း လေသန့်တွေလည်း လိုအပ်မှာ မဟုတ်ပါဘူး။ 44 00:01:53,000 --> 00:01:55,000 ဒီအပင်တွေကို ဒေလီက ကျွန်တော်တို့ ကိုယ်ပိုင်အဆောက်အဦမှာ 45 00:01:55,000 --> 00:01:58,000 စမ်းသပ်ထားတာပါ။ 46 00:01:58,000 --> 00:02:01,000 စတုရန်းပေ(၅)သောင်း အကျယ်ရှိပြီး၊ အဆောက်အဦသက်တမ်းက အနှစ်(၂၀)ရှိပါပြီ။ 47 00:02:01,000 --> 00:02:05,000 ပြီးတော့ နေထိုင်ကြသူ (၃၀၀)အတွက် ဒီလိုအပင်မျိုး (၁၂၀၀) နီးနီးရှိပါတယ်။ 48 00:02:05,000 --> 00:02:07,000 ကျွန်တော်တို့ လေ့လာမှုတွေမှာ တွေ့ရှိရတာက 49 00:02:07,000 --> 00:02:11,000 တစ်စုံတစ်ယောက်ဟာ ဒီအဆောက်အဦထဲမှာ (၁၀)နာရီလောက် နေမယ်ဆိုရင် 50 00:02:11,000 --> 00:02:13,000 ထိုသူရဲ့ သွေးထဲကအောက်စီဂျင်ဟာ တစ်ရာခိုင်နှုန်း တိုးလာနိုင်တဲ့ 51 00:02:13,000 --> 00:02:16,000 အလားအလာဟာ ၄၂ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရပါတယ်။ 52 00:02:16,000 --> 00:02:19,000 အိန္ဒိယနိူင်ငံရဲ့ အစိုးရကနေ ဒါဟာဆိုရင် နယူးဒေလီမှာ 53 00:02:19,000 --> 00:02:21,000 ကျန်းမာရေးနှင့် အကိုက်ညီဆုံး အဆောက်အဦဖြစ်ကြောင်း တွေ့ရှိခဲ့တာ ဒါမှမဟုတ် 54 00:02:21,000 --> 00:02:24,000 ထုတ်ြပန်ကြေညာခဲ့တာ ရှိပါတယ်။ 55 00:02:24,000 --> 00:02:27,000 ဒီလေ့လာမှုက ထောက်ပြထားတာက 56 00:02:27,000 --> 00:02:28,000 အခြားအဆောက်အဦတွေ့နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် 57 00:02:28,000 --> 00:02:30,000 မျက်စိကျိန်းစပ်မှု ဖြစ်ပွားခြင်းကို (၅၂)ရာခိုင်နှုန်း၊ 58 00:02:30,000 --> 00:02:32,000 အသက်ရှူလမ်းကြောင်းဆိုင်ရာ စနစ်ပြဿနာတွေကို (၃၄)ရာခိုင်နှုန်း၊ 59 00:02:32,000 --> 00:02:36,000 ခေါင်းကိုက်ခဲမှု (၂၄)ရာခိုင်နှုန်း၊ 60 00:02:36,000 --> 00:02:37,000 အဆုတ်ချို့ယွင်းမှု (၁၂)ရာခိုင်နှုန်း နဲ့ 61 00:02:37,000 --> 00:02:41,000 ပန်းနာရင်ကျပ် (၉)ရာခိုင်နှုန်း အသီးသီး ဖြစ်နှုန်းလျော့ကျလာခဲ့ပါတယ်။ 62 00:02:41,000 --> 00:02:45,000 ဒီလေ့လာမှုကို ၂၀၀၈ ခုနှစ် စက်တင်ဘာလ (၈)ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး 63 00:02:45,000 --> 00:02:48,000 အိန္ဒိယနိူင်ငံရဲ့ အစိုးရ ဝက်ဆိုဒ်မှာ တွေ့ရှိနိူင်ပါတယ်။ 64 00:02:48,000 --> 00:02:50,000 ကျွန်တော်တို့ အတွေ့အကြုံက ထောက်ပြတာကတော့ 65 00:02:50,000 --> 00:02:54,000 ဒီအပင်တွေကို အသုံးပြုခြင်းအားဖြင့် လူသားဆိုင်ရာ ကုန်ထုတ်လုပ်မှုစွမ်းအား 66 00:02:54,000 --> 00:02:57,000 (၂၀)ရာခိုင်နှုန်းကျော်ကျော် အံ့မခန်း တိုးပွားလာတယ်ဆိုတာပါ။ 67 00:02:57,000 --> 00:03:01,000 နောက်ပြီးတော့လည်း အဆောက်အဦတွေမှာ စွမ်းအင်လိုအပ်ချက်တွေ လျော့ကျမှုဟာ 68 00:03:01,000 --> 00:03:07,000 ထူးထူးခြားခြား (၁၅)ရာခိုင်နှုန်းရှိပါတယ်။ အကြောင်းကတော့ လေကောင်းလေသန့်လိုအပ်မှု လျော့ကျသွားလို့ပါ။ 69 00:03:07,000 --> 00:03:08,000 အခုဆိုရင် ကျွန်တော်တို့ဟာ စတုရန်းပေ ၁ ဒဿမ ၇ သန်းရှိတဲ့ 70 00:03:08,000 --> 00:03:11,000 အဆောက်အဦမှာ ဒါကို အစားထိုးနေပါတယ်၊. 71 00:03:11,000 --> 00:03:13,000 အဲဒီမှာ မိုးလုံလေလုံ အပင်ပေါင်း (၆)သောင်းရှိပါလိမ့်မယ်။ 72 00:03:13,000 --> 00:03:15,000 ဘာကြောင့် ဒါက အရေးကြီးတာပါလိမ့်။ 73 00:03:15,000 --> 00:03:17,000 ဒါဟာ ပတ်ဝန်းကျင်အတွက်လည်း အရေးပါပါတယ်။ 74 00:03:17,000 --> 00:03:18,000 ဘာဖြစ်လို့လဲဆိုတော့ နောက်လာမယ့် 75 00:03:18,000 --> 00:03:20,000 ဆယ်စုနှစ်မှာ ကမ္ဘာ့စွမ်းအင် လိုအပ်ချက်ဟာ (၃၀)ရာခိုင်နှုန်း 76 00:03:20,000 --> 00:03:22,000 တိုးလာမယ်လို့ ခန့်မှန်းရပါတယ်။ 77 00:03:22,000 --> 00:03:23,000 လောလောဆယ်မှာ ကမ္ဘာ့စွမ်းအင်ရဲ့ (၄၀)ရာခိုင်နှုန်းဟာ အဆောက်အဦတွေက ယူထားတာပါ။ 78 00:03:23,000 --> 00:03:25,000 နောင်လာမယ့် (၁၅)နှစ်တာကာလမှာ 79 00:03:25,000 --> 00:03:27,000 ကမ္ဘာ့လူဦးရေရဲ့ (၆၀)ရာခိုင်နှုန်းဟာ လူဦးရေ တစ်သန်းကျော်ရှိတဲ့ 80 00:03:27,000 --> 00:03:30,000 မြို့ကြီးတွေမှာရှိတဲ့ 81 00:03:30,000 --> 00:03:34,000 အဆောက်အဦတွေထဲမှာ နေထိုင်နေကြပါလိမ့်မယ်။ 82 00:03:34,000 --> 00:03:36,000 နောက်ပြီး လေအေးစက်တပ်ထားတဲ့ နေရာတွေမှာ နေထိုင်ပြီး အလုပ်လုပ်ရတာကို 83 00:03:36,000 --> 00:03:40,000 ပိုပြီးလိုလားသူတွေ တိုးပွားလာနေပါတယ်။ 84 00:03:40,000 --> 00:03:42,000 "ကမ္ဘာကြီးထဲမှာ ဖြစ်စေလိုတဲ့ အပြောင်းအလဲ ဖြစ်ပြပါ"လို့ 85 00:03:42,000 --> 00:03:43,000 မဟတ္တမဂန္ဒီက မိန့်ကြားခဲ့ဘူးပါတယ်။ 86 00:03:43,000 --> 00:03:44,000 နောက်ပြီး နားထောင်ခဲ့ကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ။ 87 00:03:44,000 --> 00:03:46,000 (လက်ခုပ်သံများ)