WEBVTT 00:00:00.000 --> 00:00:05.000 လွန်ခဲ့တဲ့ (၁ရ)နှစ်ကပါ။ ကျွှန်တော်ဟာဒေလီမြို့တော်ရဲ့ လေထုနဲ့ ဓာတ်မတည့် ဖြစ်လာတယ်။ 00:00:05.000 --> 00:00:08.000 ကျွန်တော့ဆရာဝန်တွေ ပြောတာကတော့ ကျွန်တော့ရဲ့ အဆုတ်အလုပ်လုပ်နိူင်စွမ်းဟာ 00:00:08.000 --> 00:00:10.000 (၇၀)ရာခိူင်နှုန်းလောက် ကျဆင်းနေတယ်တဲ့လေ။ 00:00:10.000 --> 00:00:11.000 နောက်ပြီး ဒါက ကျွန်တော့ကို သတ်နေတာတဲ့ဗျာ။ 00:00:11.000 --> 00:00:14.000 IIT၊ TERIတို့ရဲ့ အကူအညီရယ်၊ 00:00:14.000 --> 00:00:16.000 နောက်ပြီးတော့ NASA ကနေ လေ့လာထားချက်တွေရယ်နဲ့ 00:00:16.000 --> 00:00:19.000 ကျွန်တော်တို့တွေ အခြေခံကျတဲ့ စိမ်းလန်းစိုပြေတဲ့ 00:00:19.000 --> 00:00:21.000 အပင်(၃)မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ 00:00:21.000 --> 00:00:23.000 တွေ့မြင်နေကျ အပင်စိမ်းစိမ်းလေးတွေပါပဲ၊ 00:00:23.000 --> 00:00:24.000 ဒါတွေနဲ့ ကျွန်တော်တို့ကို ကျန်းမာစေဖို့ အိမ်တွင်းမှာလိုအပ်တဲ့ 00:00:24.000 --> 00:00:27.000 လေကောင်းလေသန့်အားလုံးကို ထုတ်လုပ်နိူင်တာပေါ့ဗျာ။ 00:00:27.000 --> 00:00:29.000 နောက်ကျွန်တော်တို့ တွေရှိခဲ့သေးတာက 00:00:29.000 --> 00:00:31.000 လုပ်ငန်းသုံး လေထုအရည်အသွေး အဆင့်အတန်းကို ထိန်းသိမ်းရင်းနဲ့ 00:00:31.000 --> 00:00:33.000 အဆောက်အဦထဲမှာ လိုအပ်တဲ့ လေကောင်းလေသန့် 00:00:33.000 --> 00:00:36.000 လိုအပ်ချက်ကို လျှော့ချပေးနိူင်တယ်ဆိုတာပါ။ 00:00:36.000 --> 00:00:38.000 အပင်(၃)မျိုးကတော့ ကြိမ်အုန်းပင် ၊ 00:00:38.000 --> 00:00:42.000 နဂါးစက်ဂမုန်းပင်နဲ့ ဆင်ကွမ်းပင်တို့ပါပဲ။ 00:00:42.000 --> 00:00:46.000 ရုက္ခဗေဒဆိုင်ရာ အမည်တွေကတော့ သင်တို့ရဲ့ ရှေ့မှောက်မှာပဲပေါ့။ 00:00:46.000 --> 00:00:48.000 ကြိမ်အုန်းပင်ကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို 00:00:48.000 --> 00:00:52.000 စုတ်ယူပြီး၊ အောက်စီဂျင်အဖြစ်ပြောင်းလဲပေးတဲ့အပင်ပါ။ 00:00:52.000 --> 00:00:56.000 လူတစ်ယောက်အတွက်ဆို ပခုံးအမြင့်လောက်ရှိတဲ့ အပင်(၄)ပင်လိုအပ်ပါတယ်။ 00:00:56.000 --> 00:00:58.000 နောက်ပြီး အပင်ကို ပြုစုဖို့ ပတ်သက်လို့ကတော့ 00:00:58.000 --> 00:00:59.000 ဒေလီလိုမြို့မှာဆိုရင် အရွက်တွေကို နေ့တိုင်း 00:00:59.000 --> 00:01:01.000 ဖုန်ကို သန့်စင်ပေးရန် လိုပါတယ်။ နောက်ပြီး ပိုပြီး လေထုသန့်ရှင်းတဲ့ မြို့တွေမှာဆိုရင်တော့ 00:01:01.000 --> 00:01:03.000 တစ်ပတ်တစ်ခါလောက် ဖုန်သုတ်ပေးရင် ရမှာပေါ့။ 00:01:03.000 --> 00:01:06.000 ဒီအပင်တွေကို ဇီဝမြေဩဇာတွေထဲမှာ စိုက်ပျိုးခဲ့ရပါတယ် 00:01:06.000 --> 00:01:09.000 အဲဒါက ပိုးသတ်ထားတယ်လေ။ တနည်း မြေမဲ့ အာဟာရရည်ဖြင့် စိုက်ပျိုးတဲ့ နည်းပေါ့။ 00:01:09.000 --> 00:01:13.000 နောက်ပြီး (၃)လ၊ (၄)လလောက်တစ်ခါ အပြင်ကို ထုတ်ပြီး ထားပေးရတာပေါ့ဗျာ။ 00:01:13.000 --> 00:01:16.000 ဒုတိယအပင်ကတော့ နဂါးစက်ဂမုန်းပင်ပါ။ 00:01:16.000 --> 00:01:18.000 ဒါကလည်း တော်တော်လေး တွေ့မြင်နေကျ အပင်ပါပဲ၊ 00:01:18.000 --> 00:01:20.000 ဒါကို ကျွန်တော်တို့က အိပ်ခန်းဆောင်အပင်လို့ ခေါ်ကြပါတယ်။ 00:01:20.000 --> 00:01:23.000 အကြောင်းကတော့ဗျာ ဒါက ညဘက်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို အောက်စီဂျင်အဖြစ်ပြောင်းလဲပေးလို့ပါ။ 00:01:23.000 --> 00:01:28.000 လူတစ်ယောက်အတွက်ဆို ခါးအမြင့်လောက်ရှိတဲ့ အပင်(၆)ပင်ကနေ (၈)ပင်လောက်လိုတာပေါ့။ 00:01:28.000 --> 00:01:30.000 တတိယမြောက် အပင်ကတော့ ဆင်ကွမ်းပင်ပါ၊ 00:01:30.000 --> 00:01:33.000 ဒီပင်ကလည်း အတွေ့များတဲ့ အပင်ပါပဲဗျာ။ 00:01:33.000 --> 00:01:36.000 ရေထဲမှာ စိုက်တာကို ပိုကြိုက်ပါတယ်။ 00:01:36.000 --> 00:01:39.000 နောက်ပြီး ဒီထူးခြားတဲ့အပင်က ဖော်မယ်ဒီဟိုက် ဓာတ်ငွေနဲ့ အခြား အငွေ့ပျံလွယ်တဲ့ 00:01:39.000 --> 00:01:40.000 ဓာတုပစ္စည်းတွေကို ဖယ်ရှားပေးပါတယ်။ 00:01:40.000 --> 00:01:42.000 ဒီအပင်(၃)မျိုးနဲ့ 00:01:42.000 --> 00:01:44.000 ခင်ဗျားတို့ လိုအပ်တဲ့ လေကောင်းလေသန့်အားလုံးကို ဖန်တီးယူလို့ရပါတယ်။ 00:01:44.000 --> 00:01:46.000 တကယ်တမ်းကျတော့ ခင်ဗျားတို့အားလုံးဟာ ထိပ်ဘက်မှာ 00:01:46.000 --> 00:01:50.000 အဖုံးတစ်ခု တပ်ထားတဲ့ ပုလင်းတစ်လုံးထဲမှာ နေရင်တောင်၊ ခင်ဗျားတို့ လုံးဝကို မသေနိူင်ဘူး၊ 00:01:50.000 --> 00:01:53.000 နောက်ထပ် လေကောင်း လေသန့်တွေလည်း လိုအပ်မှာ မဟုတ်ပါဘူး။ 00:01:53.000 --> 00:01:55.000 ဒီအပင်တွေကို ဒေလီက ကျွန်တော်တို့ ကိုယ်ပိုင်အဆောက်အဦမှာ 00:01:55.000 --> 00:01:58.000 စမ်းသပ်ထားတာပါ။ 00:01:58.000 --> 00:02:01.000 စတုရန်းပေ(၅)သောင်း အကျယ်ရှိပြီး၊ အဆောက်အဦသက်တမ်းက အနှစ်(၂၀)ရှိပါပြီ။ 00:02:01.000 --> 00:02:05.000 ပြီးတော့ နေထိုင်ကြသူ (၃၀၀)အတွက် ဒီလိုအပင်မျိုး (၁၂၀၀) နီးနီးရှိပါတယ်။ 00:02:05.000 --> 00:02:07.000 ကျွန်တော်တို့ လေ့လာမှုတွေမှာ တွေ့ရှိရတာက 00:02:07.000 --> 00:02:11.000 တစ်စုံတစ်ယောက်ဟာ ဒီအဆောက်အဦထဲမှာ (၁၀)နာရီလောက် နေမယ်ဆိုရင် 00:02:11.000 --> 00:02:13.000 ထိုသူရဲ့ သွေးထဲကအောက်စီဂျင်ဟာ တစ်ရာခိုင်နှုန်း တိုးလာနိုင်တဲ့ 00:02:13.000 --> 00:02:16.000 အလားအလာဟာ ၄၂ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရပါတယ်။ 00:02:16.000 --> 00:02:19.000 အိန္ဒိယနိူင်ငံရဲ့ အစိုးရကနေ ဒါဟာဆိုရင် နယူးဒေလီမှာ 00:02:19.000 --> 00:02:21.000 ကျန်းမာရေးနှင့် အကိုက်ညီဆုံး အဆောက်အဦဖြစ်ကြောင်း တွေ့ရှိခဲ့တာ ဒါမှမဟုတ် 00:02:21.000 --> 00:02:24.000 ထုတ်ြပန်ကြေညာခဲ့တာ ရှိပါတယ်။ 00:02:24.000 --> 00:02:27.000 ဒီလေ့လာမှုက ထောက်ပြထားတာက 00:02:27.000 --> 00:02:28.000 အခြားအဆောက်အဦတွေ့နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် 00:02:28.000 --> 00:02:30.000 မျက်စိကျိန်းစပ်မှု ဖြစ်ပွားခြင်းကို (၅၂)ရာခိုင်နှုန်း၊ 00:02:30.000 --> 00:02:32.000 အသက်ရှူလမ်းကြောင်းဆိုင်ရာ စနစ်ပြဿနာတွေကို (၃၄)ရာခိုင်နှုန်း၊ 00:02:32.000 --> 00:02:36.000 ခေါင်းကိုက်ခဲမှု (၂၄)ရာခိုင်နှုန်း၊ 00:02:36.000 --> 00:02:37.000 အဆုတ်ချို့ယွင်းမှု (၁၂)ရာခိုင်နှုန်း နဲ့ 00:02:37.000 --> 00:02:41.000 ပန်းနာရင်ကျပ် (၉)ရာခိုင်နှုန်း အသီးသီး ဖြစ်နှုန်းလျော့ကျလာခဲ့ပါတယ်။ 00:02:41.000 --> 00:02:45.000 ဒီလေ့လာမှုကို ၂၀၀၈ ခုနှစ် စက်တင်ဘာလ (၈)ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး 00:02:45.000 --> 00:02:48.000 အိန္ဒိယနိူင်ငံရဲ့ အစိုးရ ဝက်ဆိုဒ်မှာ တွေ့ရှိနိူင်ပါတယ်။ 00:02:48.000 --> 00:02:50.000 ကျွန်တော်တို့ အတွေ့အကြုံက ထောက်ပြတာကတော့ 00:02:50.000 --> 00:02:54.000 ဒီအပင်တွေကို အသုံးပြုခြင်းအားဖြင့် လူသားဆိုင်ရာ ကုန်ထုတ်လုပ်မှုစွမ်းအား 00:02:54.000 --> 00:02:57.000 (၂၀)ရာခိုင်နှုန်းကျော်ကျော် အံ့မခန်း တိုးပွားလာတယ်ဆိုတာပါ။ 00:02:57.000 --> 00:03:01.000 နောက်ပြီးတော့လည်း အဆောက်အဦတွေမှာ စွမ်းအင်လိုအပ်ချက်တွေ လျော့ကျမှုဟာ 00:03:01.000 --> 00:03:07.000 ထူးထူးခြားခြား (၁၅)ရာခိုင်နှုန်းရှိပါတယ်။ အကြောင်းကတော့ လေကောင်းလေသန့်လိုအပ်မှု လျော့ကျသွားလို့ပါ။ 00:03:07.000 --> 00:03:08.000 အခုဆိုရင် ကျွန်တော်တို့ဟာ စတုရန်းပေ ၁ ဒဿမ ၇ သန်းရှိတဲ့ 00:03:08.000 --> 00:03:11.000 အဆောက်အဦမှာ ဒါကို အစားထိုးနေပါတယ်၊. 00:03:11.000 --> 00:03:13.000 အဲဒီမှာ မိုးလုံလေလုံ အပင်ပေါင်း (၆)သောင်းရှိပါလိမ့်မယ်။ 00:03:13.000 --> 00:03:15.000 ဘာကြောင့် ဒါက အရေးကြီးတာပါလိမ့်။ 00:03:15.000 --> 00:03:17.000 ဒါဟာ ပတ်ဝန်းကျင်အတွက်လည်း အရေးပါပါတယ်။ 00:03:17.000 --> 00:03:18.000 ဘာဖြစ်လို့လဲဆိုတော့ နောက်လာမယ့် 00:03:18.000 --> 00:03:20.000 ဆယ်စုနှစ်မှာ ကမ္ဘာ့စွမ်းအင် လိုအပ်ချက်ဟာ (၃၀)ရာခိုင်နှုန်း 00:03:20.000 --> 00:03:22.000 တိုးလာမယ်လို့ ခန့်မှန်းရပါတယ်။ 00:03:22.000 --> 00:03:23.000 လောလောဆယ်မှာ ကမ္ဘာ့စွမ်းအင်ရဲ့ (၄၀)ရာခိုင်နှုန်းဟာ အဆောက်အဦတွေက ယူထားတာပါ။ 00:03:23.000 --> 00:03:25.000 နောင်လာမယ့် (၁၅)နှစ်တာကာလမှာ 00:03:25.000 --> 00:03:27.000 ကမ္ဘာ့လူဦးရေရဲ့ (၆၀)ရာခိုင်နှုန်းဟာ လူဦးရေ တစ်သန်းကျော်ရှိတဲ့ 00:03:27.000 --> 00:03:30.000 မြို့ကြီးတွေမှာရှိတဲ့ 00:03:30.000 --> 00:03:34.000 အဆောက်အဦတွေထဲမှာ နေထိုင်နေကြပါလိမ့်မယ်။ 00:03:34.000 --> 00:03:36.000 နောက်ပြီး လေအေးစက်တပ်ထားတဲ့ နေရာတွေမှာ နေထိုင်ပြီး အလုပ်လုပ်ရတာကို 00:03:36.000 --> 00:03:40.000 ပိုပြီးလိုလားသူတွေ တိုးပွားလာနေပါတယ်။ 00:03:40.000 --> 00:03:42.000 "ကမ္ဘာကြီးထဲမှာ ဖြစ်စေလိုတဲ့ အပြောင်းအလဲ ဖြစ်ပြပါ"လို့ 00:03:42.000 --> 00:03:43.000 မဟတ္တမဂန္ဒီက မိန့်ကြားခဲ့ဘူးပါတယ်။ 00:03:43.000 --> 00:03:44.000 နောက်ပြီး နားထောင်ခဲ့ကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ။ 00:03:44.000 --> 00:03:46.000 (လက်ခုပ်သံများ)